Pages

Thursday, January 31, 2013

ဖေဖော်ဝါရီ ၁ ရက်နေ့တွင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုလိုင်းများမှ မိန့်ခွန်းပြောကြားမည်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရပုဂိုလ် ဦးရဲထွဋ်၏ ကိုယ်ပိုင် facebook စာမျက်နှာ တွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်ငံတော်သမ္မတ၏ပြောရေး ဆိုခွင့်ရပုဂိုလ် ဦးရဲထွဋ် ၏ facebook စာမျက်နှာတွင် " ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ နိုင်ငံတော်သမ္မတက မိဘပြည်သူများကို ပြောကြား တဲ့ရေဒီယိုမိန့်ခွန်းအား မြန်မာ့အသံနဲ့ အက်ဖ်အမ်အသံလွှင့်ဌာန များက ထုတ်လွှင့်ပေးပါ့မယ်။ ထုတ်လွှင့်ချိန်များက မနက် ၀၇၀၀ နာရီ၊ ၁၁၀၀ နာရီသတင်းအပြီး၊ ညနေ ၆ နာရီသတင်းအပြီးနဲ့ ၈ နာရီသတင်း အပြီးချိန်များဖြစ်ပါတယ်။" ဟုရေးသားဖော်ပြထားသည်။
Yangon Media Group
 

တနိုင်းဒေသမှ ကေအိုင်အေ နှင့် ABSDF တို့ ကြီးကြီးကျယ်ကျယ် ပြောသည့် ၃၀.၁.၂၀၁၃ တိုက်ပွဲ



သတင်းအစတွင်တော့ စခန်းများ ကျဆုံးသော်လည်း အောင်ပွဲတွေ ရသည်ဟု ကိုယ့်ကိုကိုယ် ချီးမွမ်းတတ် သည့် ကေအိုင်အေ တို့ ထုံးစံအတိုင်း တပ်မတော်က နောက် ဆုတ်ပေးခဲ့ရ သည် ဟု ဖော်ပြ ထား သည် ကို တွေ့ ရပြီး သတင်း အဆုံးမှာတော့ ၀ တပ်ဖွဲ့နှင့် တပ်မတော် တို့အကြား တိုက်ပွဲ များ ဖြစ် ပွားစေ ရန်၊ ကေအိုင်အေ တို့အား ၀ တပ်ဖွဲ့မှ ကူညီရန်အတွက်  သွေးထိုးလှုံ့ဆော်မှု ကို တွေ့ ရမှာ ဖြစ်ပါသည်။

ကေအိုင်အေကို ကချင်ပြည်နယ်သားတို့ ရွံ့မုန်းနေကြလေပြီ


မြစ်ကြီးနား  ဇန်န၀ါရီ  ၃၁
 
 ကချင်ပြည်နယ်မိုးညှင်းမြို့နယ်အတွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံကတော့ တပ်မတော်နဲ့ KIA လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးလုပ်ဆောင်စေချင်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏အမိန့်အတိုင်းထိုးစစ်များရပ်ဆိုင်းစေချင်သည်။ တပ်မတော်၏ ထိုးစစ်များကြောင့်ဟူသော အကြောင်းပြချက်များဖြင့် ကချင်လက်နက်ကိုင်များ မိုးညှင်းမြို့နယ်အတွင်း သွားလာလှုပ်ရှားလျက်ရှိနေသည်။ မိုးညှင်းမြို့နယ်အတွင်းKIA တပ်ဖွဲ့များ သွားလာရာ တွင်  အရပ်သား အသွင်မျိုးဖြင့်သွားလာနေသည့်အတွက် အရပ် သားနှင့်ကေအိုင်အေခွဲခြားမရဖြစ်နေသည်။ 
 

သန်းထွဋ်အောင် နှင့် ကျော်မင်းဆွေ တို့အနေဖြင့် ဦးရဲထွဋ် ကို စံနမူနာထား အတုယူသင့် ဟု ဆို

သန်းထွဋ်အောင် နှင့် ကျော်မင်းဆွေ တို့အနေဖြင့် ဦးရဲထွဋ် ကို စံနမူနာထား အတုယူသင့် ကြောင်း နည်စည်းမခြား မြန်မာသတင်းထောက်များ အဖွဲ့မှ ဝါရင့်သတင်းစာ ဆရာ တစ်ဦးမှ ပြောဆိုလိုက်သည်။

ဇန်န၀ါရီလ ၂၈ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် သတင်းမှန်ကို ဓာတ်ပုံမှားယွင်းဖော်ပြခဲ့ဖြင်း အ တွက် ဇန်န၀ါရီလ ၃၀ ရက်နေ့ ညပိုင်းတွင် ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်မှ facebook စာမျက်နှာ တွင် ချက်ချင်း သိက္ခာရှိရှိတောင်းပန်ခဲ့ ပြီး ယနေ့ထုတ်သတင်းစာများတွင်လည်း အကျယ်တဝင့် ရှင်းလင်းေ ဖ်ာပြ ခဲ့သည်။

ABSDF ဘာကြောင့် သောင်းကျန်းသူ ကေအိုင်အေ နဲ့ပေါင်းသလဲ


၁။ တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့ နာမည်သေကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်း လူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးသွန်သံများဆိုတဲ့ ဖွင့်ဖောက်ချမှု ကနေ ပြည်သူတွေသိခွင့်ရခဲ့ကြတယ်။

Eleven ဂျာနယ်က တိုက်ခိုက်လိုက်ပြီ ဖြစ်တဲ့ မေဇင်အေး (ခေါ်) ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်


Eleven ဂျာနယ်တွင်ရေးသားထားသည့်အကြောင်းကို ဖော်ပြရမည်ဆိုလျှင်-

ဒီမိုဖက်တီးရဲ့ အကောင့်ခွဲေ တွကိုလည်း သိရှိထားပါကြောင်း၊ မိမိတို့ ဂျာနယ်နှင့်လည်း ကြော်ငြာေ ငွပေး သွ င်းသည့် ကိစ္စနှင့်ပတ်သက်၍ ခွန်းကြီးခွန်းငယ် စကားများကာ တရားရုံးအထိ ရောက်ခဲ့ ဖူးကြောင်း၊ ထို့ေ ကြာင့် မေဇင်အေးသည် ဒီမိုဖက်တီး၊ ခွန်ဒီးယမ် နှင့်အခြား အကောင့်ခွဲများမှ မိမိတို့ မီဒီယာကို တိုက်ခိုက်မှု များ ပြု လုပ်ခဲ့ကြောင်း၊ ဤ သည်မှာ လက်ရှိအခြေအနေတွင် မလုပ်သင့်ကြောင်း၊

သမ္မတဦးသိန်းစိန်သည် လည်း လက်ရှိအပြောင်းအလဲများကို အဓိက ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ဒီမို ဖက် တီးအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တည်ဆဲအစိုးရကို တိုက်ခိုက်စော်ကားမှုများ အပြင်း အ ထန် ပြု လုပ် လာခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ခိုက်မှုများ ထွက်ပေါ်လာသည် ကို လေ့ လာေ တွ့ ရှိရကြောင်း၊

ဒေသခံများကို ကာကွယ်ရန် ဆောလော်တွင် ပြည်သူ့စစ်များအား လက်နက်များ ပေးအပ်


ပန်ဝါ၊ ဇန်န၀ါရီလ(၃၁)
   ပန်ဝါမြို့ ဆော့လော်ရွာတွင် ယမန်နေ့ ညနေ(၂)နာရီခွဲခန့်တွင် ကချင်လူမျိုးများကို ကာကွယ်နိုင်ရန် အတွက် ဒေသခံပြည်သူ့စစ်များအား လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။ KIA အဖွဲ့မှ ဒေသခံ များအား လူသစ်စုဆောင်းခြင်း၊ အခွန်ငွေများ မကြာခဏကောက်ခံခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများကို ကာကွယ်ပေး နိုင်ရန် ပြည်သူ့စစ်အဖွဲ့များအား လေ့ကျင့်ပေးကာ လက်နက်များ တပ်ဆင်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတကာနှင့် ယှဉ်၍ မြန်မာမီဒီယာတို့ သိက္ခာရှိဖို့သာ လိုပါသည်


ပြည်တွင်း မီဒီယာများအနေဖြင့် ကေအိုင်အေနှင့် တိုက်ပွဲများ စတင်သည့်အခါ တပ်မတော်ထံမှ သတင်း မ ရရှိ ဟု အကြောင်းပြကာ ကေအိုင်အေတို့နှင့် ဆက်သွယ်၍ သတင်းများ ဝေေ၀ဆာဆာ ဖော်ပြခဲ့ကြသည်။ တိုက် ပွဲများ ဖြစ်ပွားစဉ်အတွင်း ကေအိုင်အေတို့၏ ခံစစ်စခန်းများ အပေါ်သို့ အထိ သွားရောက်ကာ သ တင်း ယူ ခဲ့ကြသည်။ ထိုသို့ သတင်းယူခဲ့စဉ်တစ်လျှောက် မြန်မာ့တပ်မတော်၏ အပင်ပန်းခံ စွန့်လွှတ်ပေး ဆပ်မှု များကိုမူ ဖော်ပြရန် ပျက်ကွက်ခဲ့ကြသည်။
 

လိုင်ဇာ FM နဲ့ သဇင် FM တို့ရဲ့ လေလှိုင်းကြားက တိုက်ပွဲများ



သဇင်FM ရဲ့ ထုတ်လွှင့်ချိန်တွေ တိုးမယ့် အကြောင်း တီဗွီမှာ ကြည့်လိုက်တော့ ဒီလောက် အောင်မြင်လိမ့် မယ်လို့ မထင်ခဲ့မိပါဘူး။ အခုတော့ အွန်လိုင်း ကေအိုင်အေများမှ ဒီအကြောင်း ရေးသားလာပြီ ဖြစ်တဲ့ အတွက် ဒါဟာလည်း အောင်မြင်မှု တစ်မျိုး ဖြစ်ကြောင်း သိသာလာပါပြီ။ ပြည်တွင်း အစိုးရ FM လိုင်းများ အနေဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ အစီအစဉ်များကိုသာ ထုတ်လွှင့်တာ ရှိပါတယ်။ ကျွန်တော် နားထောင် ခဲ့သမျှ မှာလည်း စော်ကားတဲ့ အသုံးများထက် ညီနောင်အရင်းလို ဖိတ်ခေါ်တာတွေပဲ ရှိပါတယ်။ 

KIA စစ်ရှုံးခဲ့တာ ဘာကြောင့်လဲ


စစ်တို့ရဲ့သဘောမှာ သတင်းလုံခြုံမှု၊ သတင်းလက်ဦးမှု အရေးကြီးပါတယ်။

(၁) ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ဂွမ်မော်-ဂွမ်ရှောင်တို့ဟာ တိုက်ပွဲသတင်းတွေ ဟုတ်တာရော မဟုတ် တာရော ရောကြိတ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ သတင်းတွေမှာ မြန်မာစစ်တပ် က သေ တာတွေရော KIA ဘက်က သေတာတွေရော ပါပါတယ်။ စစ်တပ်ကို ပုံကြီးချဲ့လိုဇောနဲ့ အမောင်း သင်လေ ယာ ဉ် ကို တစ် ကယ့် အမေရိကန်လေတပ်က မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးတွေလို အမွှမ်း တ င် ချဲ့ ကား ခဲ့ပါတယ်။ ဓါတုလက်နက်တွေ ဘာတွေ ဆိုပြီး နာမည်ပျက် အောက် ဖျက်ခဲ့ပါတယ်။

KIA နဲ့ ပူးပေါင်းထားတဲ့ ABFDF အဖွဲ့ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ဖားကန့် ရှိ ကေအိုင်အေ အရာရှိအချို့ သံသယရှိနေ


လိုင်ဇာမှာ ရောက်ရှိနေတဲ့ ABFDF တပ်ဖွဲ့ဝင်တွေနှင့် သတင်းထောက်တွေ ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ကေအိုင်အေ အရာရှိ အချို့ကသံသယရှိနေကြပါတယ်။ ဖားကန့်ဒေသရှိ KIA တပ်ရင်း(၆) က အရာရှိတစ်ဦးမှ "စစ်တပ်က ကျွန်တော်တို့ နေရာယူထားပုံ ၊ လူအရေအတွက် နှင့် လက်နက်အမျိုးအစားတွေ ကို ကြိုသိထားသလိုပဲဗျာ၊ သူတို့ ကျွန်တော်တို့ စခန်းကို လာတိုက်တဲ့ စစ်ဗျူဟာ ကို သုံးသပ်ကြည့်ရင် ကျွန်တော်တို့ရဲ့ လူတွေ မရှိတဲ့ ဘက်ကနေ ၀င် ၀င် တိုက်တာ တွေ့ရတယ်၊ အဲဒီ စခန်းတွေကို ABFDF က ကောင်တွေ ၀င်လိုက် ထွက်လိုက် လုပ်နေတာလေ" ဟု ကချင် ဘာသာ စကားဖြင့် ရှင်းပြသည်။ '"ကျွန်တော် ကတော့သတင်းထောက်တိုင်းကို မယုံဘူးဗျ၊ အစိုးရ သတင်းပေးတွေ ဖြစ်နိုငတယ်လေ။ သူတို့က ရန်ကုန်မှာေ နလာကြတာလေ။ကျွန်တော် တို့ ခေါင်းဆောင်တွေ ကတော့ ဘယ်လို စိတ်ကူးနေလဲ မသိပါဘူ" ဟု တရုတ်ခေါက်ဆွဲခြောက်စားရင်း ထပ်မံ ရှင်းပြသည်။

နတ်တလင်းမြို့ တွင် လေပြင်း တိုက်ခတ် မိုးသည်းထန်စွာ ရွာသွန်း သဖြင့် ပျက်ဆီးမှုများ ဖြစ်ပေါ်


နတ်တလင်းမြို့တွင် ဇန် 30 ရက်နေ့ 1430 မှ 1715 အချိတ်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နတ်တလင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ တာပွန်အုပ်စု ၊ ချောင်း သုံးခွအုပ်စု၊ သခွတ်တန်းအုပ်စု၊ ကျွဲသေအုပ်စုရှိ မူလတန်းလွန်ကျောင်းတစ်ကျောင်းနဲ့ အိမ်ခြေ(၆၄)လုံး ပြိုလဲခြင်း၊ အမိုးလန်ခြင်း၊ ယိုင်နဲ့ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရပြီး ဒေ သ အာ ဏာပိုင်များမှ ကူညီထောက် ပံ့ကယ် ဆယ်နိုင်ရေး စီစဉ်ဆောင် ရွက် လျှက်ရှိကြောင်း သိရပါတယ် ...

မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား၊ မောင်ဝံသ


သည်ဆောင်းပါးရဲ့ အရင်းခံ
 
သမ္မတကြီးဦးသိန်းစိန်နဲ့ အင်တာဗျူးလုပ်ခွင့်ရခဲ့တဲ့ ဘေဂျင်းအခြေစိုက်  အရှေတောင်အာရှသတင်းထောက် Hannah Beech ကို Times မဂ္ဂဇင်းက ပြန်လည်အင်တာဗျူး လုပ်ထားတဲ့ဆောင်းပါး ဇန်န၀ါရီလထဲမှာ ဖတ်လိုက်ရပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ သုံးသပ်ချက်တွေ အများကြီးပါဝင်တဲ့ အင်တာဗျူးမို့လို့ နိုင်ငံရေး စိတ်ဝင်စားသူတွေ မလွတ်တမ်း ရှာဖွေဖတ်ရှုသင့်ပါတယ်။ ဂျာနယ်တချို့မှာလဲ မြန်မာပြန် ဖော်ပြခဲ့ကြပြီးပါပြီ။
ယခု ကျွန်တော့်ဆောင်းပါးဟာ ဟန်နားဘိခ်ျရဲ့ အဖြေထဲက တစ်ပိုဒ်ကို ဖတ်မိရာက အတွေးနယ်ချဲ့မိတာ ဖြစ်ပါတယ်။ သူက ဘယ်လိုပြောထားလဲဆိုရင် “တကယ်လို့  NLD သာ  အစိုးရအဖွဲ့ထဲ ရောက်သွားပြီဆိုရင် သူတို့မှာ အဲဒီအစိုးရအလုပ်ကို လုပ်နိုင်မယ့် လူအင်အားရှိမှာလား၊ ကျွန်မတော့ သိပ်မထင်မိပါဘူး” တဲ့ဗျာ။ အသေးစိတ်ကိုတော့ ရှာဖွေဖတ်ကြည့်ကြပါတော့။
 

Wednesday, January 30, 2013

မြန်မာ့မီဒီယာ လွတ်လပ်ခွင့် အဆင့် ၁၈ ဆင့် တိုးတက်


နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ၂၀၁၂ ခုနှစ်အတွက် သတ်မှတ်ထုတ်ပြန်လိုက်သော ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းတွင် မြန်မာနိုင်ငံက ယခင်ထက် အဆင့် ၁၈ ဆင့် တိုးတက်လာပြီး ၁၇၉ နိုင်ငံတွင် အဆင့် ၁၅၁ အဆင့် ချိတ်ခဲ့သည်။

၂၀၁၁ ခုနှစ်အတွက် အဆင့်ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ၁၇၉ နိုင်ငံတွင် အဆင့် ၁၆၉ ရှိခဲ့သောကြောင့် ၂၀၁၂ ခုနှစ်မှာ ယခင်နှစ်ကထက် ၁၈ ဆင့် တိုးလာခြင်းဖြစ်သည်။

ဦးဆန်းဆင့်၊ ဦးမြင့်လှိုင်၊ ဦးစိုးသိန်း၊ မောင်ဝံသ၊ ဒေါက်တာဆိတ်ဖွား


ဦးဆန်းဆင့်
 

လက်ရှိ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ သိပြီးတဲ့လူတွေများပေမယ့် မသိသေးတဲ့ သူတွေအတွက် အနည်းငယ် မိတ်ဆက်ပြီး စကားခင်းပါရစေ။ ဦးဆန်းဆင့်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ်နဲ့ လူသိများတဲ့နေရာမှာ ပုံစံ ၂ မျိုးနဲ့ ကျော်ကြားသူလို့ ကျွန်တော်က သတ်မှတ်ချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတာ ဆက်ရှင်းပြပါမယ့်မယ်။ ပထမတစ်မျိုးက လွှတ်တော်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျော်ကြားမှုပါ။ ဒုတိယတစ်မျိုးကတော့ အုပ်ချုပ်ရေးပိုင်းကို ထိန်းကျောင်းခြင်းနဲ့ ပတ်သက်တဲ့ ကျော်ကြားမှုပါ။ အဲဒီ ကဏ္ဍ ၂ ခုလုံးမှာ ဦးဆန်းဆင့်ဟာ ပြောစရာတွေ အတော်များများဖြစ်ပြီး ကျန်ရစ်ခဲ့အောင် စွမ်းဆောင်နိုင်သူပါ။

မီဒီယာ သမားတွေ ကြောင့် KIA စစ်ရှုံး ခဲ့သလော


ပြည်ထောင်စု တပ်မတော် နဲ့  ကေအိုင်အေ တို့  တိုက်ပွဲတွေ ဖြစ်ပွားနေစဉ် မှာ ကေအိုင်အေ အဖွဲ့တွေက မီဒီယာ သမားတွေ ကို လိုင်ဇာ နဲ့ ရှေ့တန်း စစ်ပြေပြင် ကို  ခေါ်ယူပြီး သူတို့ စစ်တိုက်တာ မှန်သယောင် ခေါ်ပြခဲ့ကြပါတယ်။  အထူးသဖြင့် ယခင် အစိုးရ လက်ထက်က တပ်မတော် ကို အစဉ်အမြဲ ဆန့်ကျင်ဘက် အမြင်နဲ့ ရေးခဲ့တဲ့ ဧရာဝတီ သတင်းထောက်တွေ ကိုပါ။  (အခုလဲ  သတင်းထောက် ကျင့်ဝတ်နဲ့ မညီ နိုင်ငံတော် နဲ့ တပ်မတော် ရဲ့ နိုင်ငံတော် လုံခြုံရေး  စီမံကိန်း အချို့ကို  ထုတ်လွှင့် ရေးသားနေတုန်းပါ။)

KIA မှ ဆက်လက် ရပ်တည်နိုင်ရေးအတွက် တရုတ်-မြန်မာနယ်စမပ်ကို ခွပြီးနေရာ တပ်စခန်းချနေ

KIA ရဲ့စခန်းဖြစ်တဲ့ Hka Ya Bum တိုက်ပွဲမှာ KIA ရဲ့ ထိခိုက် ကျဆုံးမှု အနေနဲ့ အရာရှိနှစ်ဦး အပါအဝင် စစ်သည် ၃၀ ကျော် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။ ကျန် KIA စစ်သည်များမှာလဲ ကစဉ်ကလျား ထွက်ပြေးခဲ့ရကြောင်း သိရှိခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ KIA ဘက်က စစ်သည်များဟာ အတင်းအဓမ္မစုဆောင်းထားသော စစ်သည်များဖြစ်သောကြောင့် တိုက်ရည်ခိုက်ရည် မရှိကြောင်း၊ စခန်းကို ဆုပ်ခွာပါက သေဒဏ်ပေးမည်ဟု အမိန်ပေးထားသော်လည်း မရကြောင်းသိရသည်။ သိုသော် KIA ခေါ်င်းဆောင်များက အခွင့်သာပါက လူအင်အားပြန်လည်စုစည်းကာ ၄င်းတို့၏ သိက္ခာပြန်ဆယ် ရန်အတွက် တန်ပြန် တိုက်စစ်နှင့် လည်ကောင်း၊ ပျောက်ကြား စစ်နည်းဗျူဟာကို အသုံးပြုပြီး အမှဲ့ချွှေစ နစ်ဖြင့် တိုက်ခိုက်မည် ဖြစ်ကြောင့် ကချင်ပြည်သူလူထုအားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

စက်ယန္တရား ယာဉ်များ ထုတ်လုပ်သည့် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံမှ Komatsu ကုမ္ပဏီ မြန်မာသို့ လာရောက်၊ အင်္ဂလန် အခြေစိုက် ယန္တရား ထုတ်လုပ်သည့် ကုမ္ပဏီမှ လည်း ရင်းနှီးမြှုပ်နှံမှု အတွက် ဆွေးနွေး

စက်ယန္တရားယာဉ်များ ထုတ်လုပ်သည့် ကမ္ဘာ့ဒုတိယ အကြီးဆုံး ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံမှ Komatsu ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးခဲ့ပြီး အင်္ဂလန် အခြေစိုက် ယန္တရားယာဉ်များ ထုတ်လုပ်သည့် ကုမ္ပဏီမှလည်း မြန်မာနိုင်ငံတွင် မြှုပ်နှံရန် အတွက် ဆွေးနွေး မှု ပြုလု ပ် ခဲ့ သည်ဟု သိရသည်။

ABSDF မြောက်ပိုင်းဌာနချုပ်အား မြန်မာစစ်တပ်သိမ်းပိုက်

From :Yan Naing Aung

 
 ABSDF မြောက်ပိုင်းကမင်းဌေးတို့ ဌာနချုပ်ဖွင့်ခဲ့တဲ့နေရာ။

KIA မှ မြို့ကြီးများတွင် အသေခံဗုံးခွဲရန် စေလွှတ်

ကချင်ဒေသအတွင်းသို့ ဆက်သွယ်ထားသော လမ်း/ တံတားများနှင့် ရထားလမ်းများကို KIAမှ အစိုးရ တပ်အသုံးပြုသည်ဟု အကြောင်းပြ ချက်ဖြင့် အကြိမ်ကြိမ်မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း များ ပြုလုပ်ခဲ့ သည်။ သို့သော် KIA သောင်းကျန်းသူ၏ အခြေအနေမှာ တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့သည်။ ကချင်ဒေသ ခံနှင့် နိုင်ငံ တစ်ဝှမ်းရှိ တိုင်းရင်းသားများကလည်း KIA အား ရွံ့ရှာစက်ဆုပ်လာကြသည်။

KIO/KIA တို့၏ အပစ်မရပ်ရေး လမ်းစဉ်နှင့် လုပ်ရပ်များ


ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြာရှည်လာတာနဲ့အမျှ ဒေသခံပြည်သူတွေ ဒုက္ခမျိုးစုံ   တွေ့ ကြုံ နေ လျက်ရှိပြီး ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ အဖွဲ့အစည်းပေါင်းစုံကနေ ကချင်ပြည်နယ်ကြီးမှာ စစ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ဆောင်ကြဖို့ တောင်းဆိုနေကြလျက်ရှိသည်။ ရန်ကုန်ကနေလိုင်ဇာ အထိ လမ်းလျှောက်ပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြသလို ဒေသခံပြည်သူတွေကိုယ်နှိုက်ကလဲ စာတမ်းတွေ ကိုင်ဆောင်ကာ ဆန္ဒပြပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြောင်းသိရှိရသည်။ အမျိုးသား လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကလဲ ငြိမ်းချမ်းရေး လုပ်ဆောင်ကြဖို့တောင်းဆိုနေ ဒါကြောင့် လဲ နိုင်ငံတော် သမ္မတက တပ်မတော်အနေနဲ့ ထိုးစစ်တွေ ရပ်ဆိုင်းထားဖို့အမိန့်ထုတ်ပြန်လိုက်ပါသည်။

သစ်လုံးတင် ယာဉ်များအား KIA တပ်ဖွဲ့ဝင်များ ပစ်ခတ်နှောင့်ယှက်


  ကချင်ပြည်နယ် မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာတစ်ဝိုက်မှာ တရုတ်နိုင်ငံမှ ကုန်သည်အချို့နဲ့ KIA အဖွဲ့ တို့ သဘောတူညီမှုဖြင့် သစ်ကွက်ထုတ်လုပ်ရောင်းချနေတဲ့ကုမ္ပဏီတွေ ဖွင့်လှစ်ထားလျက်ရှိပါသည်။ အဲဒီကုမ္ပဏီေ တွ အနေနဲ့ KIA အဖွဲ့နဲ့စာချုပ်ချုပ်ထားရာမှာ တရားဝင်သတ်မှတ်   ငွေကြေးပေးရတဲ့ အပြ င်ေ မ်ာတော်ယာဉ်မောင်းသူ တွေအနေနဲ့ KIA တပ်ဖွဲ့တွေကို သီးခြားငွေကြေးပေးပြီး   ဖြတ်သန်း သွား လာ နေ ကြရ ပါသည်။ တိုက်ပွဲတွေမရှိခင် တုန်းကတော့ ပိုက်ဆံပေးပြီးသွားလာလို့ လွယ်ကူပေမယ့် အခုခါ မှာေ တာ့ ကားတွေ သွားလာမှုကို KIA ဘက်က ပိတ်ထားလိုက်ကြောင်းသိရှိရသည်။
 



အိမ်ပြန်ချိန်


စစ်ပွဲကြီးပြီးရင် အိမ်ပြန်ချင်တယ်...။

ဦးခေါင်းထက်မှာ ကျည်ဆံတွေက နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း မြေလွှာအောက်ကမိုင်းဗုံး
ဝုန်း ကနဲ ပေါက်ကွဲတယ်…။

ငါ့အနာဂတ်မျှော်လင့်ချက်ဟာ ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။

သေမင်းဟာ..
လက်ပိုက်ကို ဖြုတ်ပြီး....
ငါ့ဆီကို တစ်လှမ်းချင်းလာနေတယ်...။

သေနတ်သံ၊ ဗုံးသံတွေ ပျောက်ဆုံးပြီးးးးးးးးးး
ငါ့အတွေးထဲမှာ ငါ့သား နဲ့ ငါမယားရဲ့ ငိုညီးသံတွေက ကြီးစိုးလို့နေတယ်...။

ငါသိလိုက်တယ် ငါ့မျက်ရည်တွေ နဲ့ ဒဏ်ရာဗရဘွ နဲ ငါ့အလောင်းပေါ်က အမှန်တရားကို ဘယ်သူမှ သိမှာမဟုတ်ဖူးးးးးးးးး ။ ဒါပေမယ့် ငါကြိုးစားပြီး ပြုံးနေတယ်...။

ငါ့ရဲ့ စစ်ယူနီဖောင်း နဲ့ ငါ့ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ စစ်မှုထမ်းသက်တံဆိပ် ကလေးက ငါ့ကို တာ့တာပြနေတယ်...။

ငါ့ရဲ့ အသက်ရှုသံတွေက အိမ်ကိုပြန်ဖို့အတွက် အမှတ်စဉ်ရေတွက် နေသယောင်ယောင်...။

ငါ့ရဲ့ ခန္တကိုယ် အစိတ်အပိုင်းတွေအားလုံး ကောက်ပဲသီးနှံတောင် မစိုက်တဲ့ အမြှောက်ဆံတွေပေါက်ကွဲ သေနတ်သံတွေ ဆူညံနေတဲ့ စစ်မြေပြင်မှာ ဖြစ်သလို မြေမြုတ်ခဲ့ရတော့မယ်...။

ငါ့သားလေးကို ကျောင်းစာလေးတွေ ငါတတ်သလောက် မှတ်သလောက်ကလေး ရှင်းပြရဦးမယ်..။ ကျောက်သင်ပုန်းမှာ ၀လုံးဝိုင်းဝိုင်းလေးတွေ ဆွဲပြရဦးမယ်..။

ဟင်းးးးးးးးးးးးးးးးးးး ခုတော့ စစ်ပွဲကြီး မပြီးသေးပဲ အိမ်ပြန်ရတော့မှာပါလား........။


မင်းခန့် ဦး

အမှားက အမှန်ဖြစ်ပြီး အမှန်ကအမှား ဖြစ်နေ ပါတယ် သမ္မတကြီး ခင်ဗျား


ဝန်ထမ်း မှာ မှ အစိုးရ ၀န်ထမ်း ၊အစိုးရ၀န်ထမ်းမှာမှ အောက်ခြေ၀န်ထမ်း များ ၏ ဒုက္ခ များ ဖြစ်ပါသည်။ ၀န်ထမ်းများလဘ် စားပါက လဘ်စား သဖြင့် အရေးယူ ပါသည်။ အမှန် မှာ ၀န်ထမ်းများလဘ်စားအောင် တိုက်တွန်း သူများမှာ မိမိ၏အထက်လူကြီးများသာလျှင် ဖြစ်သည်မှာ သွယ်ဝိုက်သောအားဖြင့် မှန်ကန် ပါသည်။

အဘယ့်ကြောင့်ဆိုသော် …

အငြိမ်းစားလစာများ တစ်လုံး တစ်ခဲတည်း တွက်ချက် ထုတ်ပေး ရန် အစီအစဉ်မရှိ

နိုင်ငံဝန်ထမ်း အငြိမ်းစားများအား အငြိမ်းစားလစာ တစ်လုံးတစ်ခဲတည်း တွက်ချက်ထုတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလင်းအောင်က ပြောသည်။
အသက်အရွယ်နှင့် ကျန်းမာရေးကြောင့် အိုမင်းမစွမ်း အငြိမ်းစားဝန်ထမ်းများအတွက် ကိုယ်တိုင်ထုတ်ယူရန် မလိုဘဲ ကိုယ်စားလှယ်ဖြင့် ပင်စင်လစာထုတ်ယူရရှိအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစားဝန် ထမ်းများ ၏ စားဝတ်နေရေးအတွက် အခက်အခဲမတွေ့စေရန် ပင်စင်လစာကို မြို့ပြ၀န်ထမ်းစည်းမျဉ်းဥပဒေ ၄၇၁ နှင့် အညီ လစဉ်တွက်ချက်ခံစားခွင့်များကို ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ဒုဝန်ကြီး က ပြောသည်။
 

ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်


ရခိုင်ကမ်းလွန်မှ ဂက်စ်နှင့် ရေနံစိမ်းများကို မေလ ၁ ရက်နေ့တွင် တရုတ်ပြည်သို့ စတင်လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေ သည့်အပေါ် မြန်မာ- တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ မှ ဂက်စ် ပိုက်လိုင်းဖြတ် သန်းသည့် မြို့ရွာမှ ဒေသခံများထံမှ စစ်တမ်းကောက်ယူကာ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင် ကန့်ကွက် မည်ဟု ဆိုသည်။
 

ဆိုးရွှား စုတ်ပြတ်စွာ အဆင့်အတန်း ကျဆင်းနေသော မြန်မာ့ မီဒီယာများ အတွက် ထိုင်းနိုင်ငံတွင် သတင်း ရေးသားနည်း သင်တန်း ပေးမည်


မြန်မာသတင်းစာဆရာများအတွက် “ မြန်မာနိုင်ငံနှင့်ဒေသ တွင်း ရေးရာ များ သတင်းရေးသားနည်း (Covering Myanmar and Regional Issues)” သတင်းစာပညာသင်တန်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၅ ဖေဖေါ်ဝါရီ ၂၀၁၃ မှ ၈ မတ် ၂၀၁၃ ထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။



ထိုးစစ်တွေ ရပ်စဲဖို့ ဆန္ဒရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန က ကြေညာ


ကချင်ပြည်နယ်မှာ တစ်နှစ်ခွဲကျော်ကြာ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ ကေအိုင်အေ တပ်တွေအကြား ထိုးစစ်တွေရပ်စဲဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်သွားဖို့အတွက် အထူးလိုလားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါဟာ ကချင်ပဋိပက္ခနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပထမဦးဆုံးအကြိမ် ထုတ်ပြန်လိုက် တာပါ။

ဦးဆန်းဆင့် သာသနာရေး ၀န်ကြီး ရာထူးလက်ခံရန် မသေချာ



သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ရာထူးအား လက်ခံရန်ကိစ္စကို ပြည်သူများ၏ ဆန္ဒသဘော ထားအ တိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၀န် ကြီးခန့်အပ်ရန် အဆိုတင်သွင်းခံ ရသူ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကပြောသည်။

ဆက်သွယ်ရေးနှင့် သက်ဆိုင်သော ကြားမိသမျှ



ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး Sim Card များကို ရောင်းချပေးသည့် မြန်မာနိုင်ငံတွင် နှစ်သိန်းတန် ဖုန်းကတ်များ ထွက်လာသည့် အခါ တန်ဖိုးနည်းဖုန်းများအား တောရောမြို့ပါ မကျန်သုံးနိုင်ကြပြီ ဆိုသည့် ကြော်ငြာ များ၊ ဂုဏ်ပြု ချီးမွမ်းခန်းများ မီဒီယာစာမျက်နှာများတွင် တွေ့ခဲ့ရသည်။ ထိုအချိန်တွင် ရွှေပြည် တံခွန်၏ ငါးထောင်တန် ဖုန်း စီမံကိန်းသည်လည်း ပြည်သူများအကြား စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သည်။
 

အခက်အခဲ အမျိုးမျိုးကြောင့် KIA ငယ်သားများ လက်နက်ကို စွန့်လွှတ် ထွက်ပြေးနေ


ဖားကန့်နယ်တစ်ဝိုက်မှာ KIA နဲ့စစ်တပ် တိုက်ပွဲဖြစ်နေပါပြီး တိုက်ပွဲတွေပြင်းထန်လာတာနဲ့ အမျှKIA ဘက်က သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေများပြားလျက်ရှိလာပါသည်။ KIA တပ်ဖွဲ့ဝင်အများစု ဟာ ရွာတွေကနေ အတင်းခေါ်ထားတဲ့သူများ ဖြစ်ပြီး   သေသေချာချာလေ့ကျင့် ပေးထားတာ မရှိသည့် သူများဖြစ်ပြီး တစ်ပွဲထိုး တိုက်ဖို့လောက်သာသင်ထားပြီး အဓိကမိုင်းထောင်တတ်အောင်သာ သင်ကြားပေး ထားသူများသာ ဖြစ်ပါသည်။ ဒီလို မျိုး အစိုးရတပ်နဲ့ အကြာကြီးတိုက်ပွဲဖြစ်လာသည့်အခါ ကျတော့ KIA တပ်သားများ အတုန်းအရုံးကျလျက် ရှိလာပါသည်။ 


ကေအိုင်အေ တို့၏ ခံစစ်စခန်းများကို မြန်မာ့တပ်မတော် ဘယ်လို တိုက်ခဲ့သလဲ



မြန်မာ့ တပ်မတော်သားများ အဖို့ စခန်းသိမ်းတိုက်ပွဲဆိုသည်နှင့် အရင်ဆုံး ပြန်လည် မြင်ယောင်ကြသည်မှာ ထိုင်း-မြန်မာ နယ်စပ်တွင် အိုမီဂါပုံ ၊ သို့မဟုတ် ပုလင်းခွံ တစ်လုံးပုံကဲ့သို့ အ၀င် တစ်ပေါက်သာ ရှိသည့် စခန်းများကို သိမ်းယူနိုင်ခဲ့သည့် တိုက်ပွဲများ ပင်ဖြစ်သည်။ အဆိုပါ စခန်းများသည် နိုင်ငံခြားသားများ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီးဘယ်တော့မှ မဆုံးရှုံးနိုင်ဟု ယုံကြည်ခဲ့သည့် ခံစစ် စခန်းများ ဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ပြင်းထန်စွာ ကန့်ကွက်မှုကြောင့် လက်နက်ကြီးကျည် တစ်ချက် ကျရောက်ခွင့် မရှိ။ ဘေးဘယ်ညာမှ ပစ်မည် ဆိုရင်လည်း ထိုင်းနယ်နိမိတ်ကို ကျော်ပြီး ပစ်ရမည် ဖြစ်သည့် အတွက် မဖြစ်နိုင်။ ထိုမျှ ခက်ခဲသော ခံစစ်စခန်းအား မြန်မာ့တပ်မတော်မှ သိမ်းယူကာ ကရင်ပြည်နယ် အတွင်း ငြိမ်းချမ်းမှုကို တည် ဆောက် နိုင်ခဲ့သည်။

'ဝ' တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား


 ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့ တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက် ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြောသည်။

Tuesday, January 29, 2013

ငြိမ်းချမ်းရေး အတွက် လိုင်ဇာမြေ ပေါ်တွင် အသက်ပေး၍ လမ်းလျှောက်ကြသူများ


သူတို့တွေ လမ်းလျှောက်နေကြပါတယ်။ ကျောတစ်ပိုးစာ ရိက္ခာ၊ ကျောတစ်ခင်းစာ အိပ်ယာနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ရဖို့ သေနတ်ကို လွယ်ပြီး လမ်းလျှောက်နေ ကြတဲ့ မြန်မာ့ တပ်မတော်ရဲ့ စစ်သားတွေပါ။ ဒီအပင်ပန်းဆင်းရဲ ခံမှုတွေ အဆုံး မှာတော့ သူတို့ဟာ သူတို့ တပ်ရင်းတွေဆီပြန် သွားကြမှာ ဖြစ်ပြီး သူတို့လျှောက်ခဲ့တဲ့ လမ်းပေါ်က ကချင် ပညာ တတ် ကလေးတွေ ၊ ကချင်စီးပွားရေး သမားတွေ၊ ကချင်ပြည်သူလူထုတွေ ဖြတ်သန်းသွားလာ နေတာကို အဝေးကနေ ကျေနပ် ပေးနေကြမှာပါ။

သူတို့ ဒီလမ်းကို ဘယ်နေ့မှာ စလျှောက်မယ် ဆိုပြီး မကြေငြာခဲ့ပါဘူး။ သူတို့ ဒီနေရာကို ရောက်နေမှန်း လူတွေ သိကြပေမယ့် သူတို့ကို မြင်တောင် မမြင်ဖူးကြပါဘူး။ ဒါပေမယ့် သူတို့ ဒီနေရာထိ ရောက်လာတဲ့ လမ်းမှာ သူတို့နဲ့အတူ ပါလာတဲ့ ရဲဘော်ရဲဘက်တွေရဲ့ အသက်ခနာတွေ အများကြီး ပေးဆပ်ခဲ့ရပြီးပါပြီ။ သူတို့ကို ရေသန့် တစ်ဗူး ကမ်းမယ့်သူ၊ ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး အင်တာနက်ပေါ် တင်ပေးမယ့်သူလည်း မရှိပါဘူး။

မြန်မာ့ သမိုင်း မသင်ခဲ့ရသော ဒေါ်စု အတွက်


မြန်မာဟူသောအသုံးအနှုန်းကို ပုဂံခေတ် ကျန်စစ်သားမင်း(အေဒီ ၁၀၈၄-၁၁၁၃)လက်ထက် ခရစ်နှစ် ၁၁၀၂ ခုနှစ်တွင် ရေးထိုးခဲ့သော “ကျန်စစ်သားမင်း၏ နန်းတည်ကျောက်စာ” တွင် “မိရ်မာ” ဟူသောေ ၀ါ ဟာ ရသည် မြန်မာကို ရည်ညွှန်းခြင်းဖြစ်ကာ မည်(မွန်)နှင့် တိရ်စုလ်(ပျူ)ဝေါဟာရတို့နှင့်တွဲ၍ ပထမဆုံး အကြိမ် အဖြစ်တွေ့ရခြင်းဖြစ်သည်။

မနောဖြူလူလှ ဒီမိုကရေစီဘုရင်မ ၏ ပါတီ အကွဲအပြဲများ စုစည်းမှု



NLD ပါတီ သည် လက်ရှိအချိန်တွင်  အာဏာရှင် စနစ် ကျင့် သုံးနေ ခြင်း ၊ ဒီမိုကရေစီ ပါတီ အမည်ခံ ထားသော်လည်း ဒီမိုကရေစီ နည်းလမ်းမကျ သော ရွေးကောက် တင်မြောက်မှုများ ရှိနေ ခြင်း ၊ ပါတီ ခေါင်းဆောင် ၏ နည်းလမ်း မကျသော အပြောအဆိုနှင့် ထိန်းသိမ်း ကွပ်ကဲနိုင်မှု စွမ်းရည် ( အုပ်ချု့ပ်မှု စွမ်းရည် ) ညံ့ဖျင်း ခြင်း ၊ ဘာသာရေး ခုတုံးလုပ်အသုံးချနေခြင်း ၊အမှန်တကယ် နှစ်ရှည်လများ ပါတီ အတွက် ဆိုးတူ ကောင်းဘက် ကိုယ်ကျိုးစွန့်လုပ်ကိုင် လာသော သူများထက် အသက် အရွယ် ငယ်ရွယ် သူ  များ သာ ပိုမိုနေရာ ရရှိလာခြင်း ၊ ပြည်သူ့ အတွက် ဟု အကြိမ်ကြိမ် ပြောဆို နေသော်လည်း လက်တွေ့ တွင် မိမိ တိုင်းရင်းသား ပြည်သူများ ဘက်မှ အမှန် တကယ် ရပ်တည်မှု မရှိကြော င်း တွေ့ရှိသိ မြင်လာကြခြင်း ၊ ငြိမ်းချမ်းရေး စကား အမြဲပြောသော်လည်း လက်ေ တွ့ ငြိမ်း ချမ်းရေး ဆောင်ရွက်နိုင်မှု မရှိသေး ကြောင်း ပါတီ ၀င်များ မှ သိမြင်လာကြခြင်း တို့ကြောင့် ပါတီ တွင်း အကွဲ အပြဲများ ၊ ဆန္ဒ ထုတ်ဖော်မှုများ ၊ ဆိုင်းဘတ် ဖြုတ်ချပွဲများ ဖြစ်ပေါ် လျက်ရှိနေေ ကြာင်း တွေ့ ရှိရ သဖြင့် တွေးတော ဆင်ခြင်နိုင်ရန် အလို့ငှာ စုစည်း တင်ပြ လိုက်ရပါသည်  .....

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှုအတွက် ဂျပန်က ဒေါ်လာ သန်း ၅၀၀ ချေးမည်

နှစ် ၃၀ ကြာ အဆင့်ဆင့်ပြုလုပ်သွားမည့် မဟာရန် ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးမည်ဟု ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြ စီမံကိန်းဌာနမှ ဒုတိယ ဌာနမှူး ဦးတိုးအောင် က ပြောသည်။ ထိုစီမံကိန်းကို ဂျပန်နိုင်ငံရှိ JICA အဖွဲ့အစည်းနှင့် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း လုပ်ဆောင်ကြမည်ဖြစ်ပြီး ပထမ ငါးနှစ်တာကာလ (၂၀၁၃ မှ ၂၀၁၈ ခုနှစ်အထိ)တွင်ပင် ကနဦး ခန့်မှန်းတွက်ချက်မှုအရဒေါ်လာ ၂,၂၄၅ သန်း ကုန်ကျမည် ဖြစ်သည်။ ယင်းအတွက် ဂျပန်နိုင်ငံကဒေါ်လာသန်း ၂၀၀ ကူညီမည် ဖြစ်ပြီး ဒေါ်လာ သန်း ၅၀၀ကိုလည်း အတိုးနှုန်းနည်းဖြင့် ချေးသွားမည် ဖြစ်သည်။

မိုဘိုင်းဖုန်းဈေး အဆများစွာ လျော့ချပေးမည်


မိုဘိုင်းဖုန်းများကို လက်ရှိ ဈေးနှုန်းထက် များစွာ သက်သာသာ ဈေးနှုန်း များဖြင့် ရောင်း ချ ပေးသွား မ ည် ဖြ စ်ကြောင်း ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ယနေ့ ကျင်းပသော အမျိုး သား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေး (န၀မနေ့)တွင် ဖြေကြားခဲ့သည်။ 

ငြိမ်းချမ်းရေး အတွက် တဲ့ ပူတာအို မှာ ဆန္ဒပြ ပြန်ပြီ


ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်ပွဲတစ်ခုကို ဒေသခံတိုင်းရင်းသား ရပ်မိရပ်ဖအဖွဲ့များက ဦးဆောင်၍ ပူတာအိုမြို့တွင် ယနေ့ (ဇန်န၀ါရီ ၂၉) နံနက် ၁၀ နာရီမှ စတင်ပြုလုပ်နေကြောင်း သတင်း ရရှိ သည်။

တာဝန်ကျေပွန်ပြီး စစ်ရေးစွမ်းရည် ထူးချွန်မှုများကြောင့် စစ်မြေပြင်တွင် အဆင့်တိုးမြှင့်ကြသူများ


ကချင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်သည့် အချိန်မှ စ၍ အကန့်အသတ်ဖြင့် ဆင်နွှဲခဲ့ရသော စစ်ပွဲ အတွင်း တာဝန်ကျေပွန်ပြီး စစ်ရေးစွမ်းရည် ထူးချွန်သည့် အရာရှိ၊ စစ်သည်များအား တစ်ဆင့်မြင့်ရာထူး (Jump promotion) စစ်မြေပြင် အဆင့်တိုးပေးခဲ့သည်ဟု သိရသည်။

စစ်မြေပြင် အဆင့်တိုးမြှင့်ခြင်း ခံရသည့် အရာရှိ၊ စစ်သည်မှာ ဆုံးဖြတ်ချက် မှန်ကန်ခြင်း၊ ရဲရင့်မှု ရှိခြင်း၊ ကာကွယ်မှုနှင့် လုံခြုံမှု ရှိခြင်း၊ တာဝန်ကျေ ပွန်ခြင်း ၊ စစ်ရေးစွမ်းရည် ထက်မြက်ခြင်း စသည့် အချက်များ အပေါ် မူတည်၍ အထူးကိစ္စ တစ်ရပ်အနေဖြင့် ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။


ငြိမ်းချမ်းရေး အလှမ်းမဝေးပါ


ကျွန်တော့စားပွဲပေါ်က အယ်လ်ဘမ်အဟောင်းလေးထဲမှာ ဓာတ်ပုံတစ်ပုံရှိသည်။ ဓာတ်ပုံက အခမ်း အနားေ တွ အပြီးမှာ ရိုက် လေ့ရှိသည့် စုပေါင်းဓာတ်ပုံ Group Photo ဖြစ်သည်။ ပုံထဲမှာ စစ်ဝတ်စုံဝတ်ထားသူတွေ ပါသ လို အရပ်ဝတ် အရပ်စား နဲ့သူတွေလည်းပါသည်။တစ်ချို့ကထိုင်၍တစ်ချို့က ရပ် လျှက် ။ နှစ်နှစ်ဆယ်နီးပါးကြာခဲ့ပြီဖြစ်သည့်အတွက် ဓာတ်ပုံ က အရောင် ပျက်ချင်ချင်၊ အရွယ် အစား ကလ ည်း ဟိုတုံးကအသုံးများသည့်ပို့စ်စကဒ်ဆိုက်ဆိုတော့မျက်နှာတွေကမထင်ရှား။ တကယ် လို့ ပုံကြီးချဲ့ ကြည့် လိုက် မယ်ဆိုရင်တော့ ပုံထဲကလူတွေအားလုံးရဲ့ မျက်ဝန်းတွေထဲမှာ ကြီးမားသည့် လုပ်ငန်း တာဝန် တစ် ခုကို  အောင်မြင်အောင် ဆောင်ရွက်နိုင်သူတွေဆီမှာ တွေ့ရမြဲဖြစ်သည့် ကျေနပ်ခြင်း၊ ဂုဏ်ယူခြင်း အရိပ် လက္ခ ဏာတွေကို တွေ့ရမည်မှာ သေချာပါသည်။


၁၉၉၄ ခုနှစ်  ဖေဖော်ဝါရီလ ၂၂  ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အမှတ်တရ ဓါတ်ပုံ

KIA အဖွဲ့ ရတနာတောင်တန်း ကုမ္ပဏီအား မိးရှို့ဖျက်ဆီး



ကိုယ်ပိုင်မီဒီယာကို ကိုယ်ကျိုးစီးပွားအတွက်အသုံးချနေသော 11 MEDIA GROUP



နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များအဖြစ် လက်ရှိအစိုးရလက်ထက်တွင် သတင်းမီဒီယာများကို အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာရေးသားထုတ်ဝေမှုများ ခွင့်ပြုခဲ့သော်လည်း အချို့မီဒီယာများအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် ကိုယ်ပိုင်သတင်းဌာနများကို အသုံးချနေကြောင်း လေ့လာသူများက ဝေဖန်လိုက်သည်။ သတင်းစာနယ်ဇင်းကျင့်ဝတ်တွင် သတင်းဌာနများ ဂျာနယ်များအနေဖြင့် အများပြည်သူ အကျိုးစီးပွား ဗဟုသုတရရှိစေရန် ပွင့်လင်းလွတ်လပ်စွာ ဝေဖန်အကြံပေး ရေးသားနိုင်ခွင့်ရှိသော်လည်း အချို့မီဒီယာများအနေဖြင့် မိမိတို့၏ ညီနောင်စီးပွားရေးလုပ်ငန်းများအတွက် မီဒီယာလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်းအသုံးချလျက်ရှိကြောင်း၊ စတုတ္ထမဏ္ဍိုင်အဖြစ်ရပ်တည်နေသည့် သတင်းမီဒီယာများအနေဖြင့် ထိုသို့သောရေးသားဖော်ပြမှုများကြောင့် ပြည်သူလူထု၏ ရေရှည်ယုံကြည်ကိုးစားမှုများ လျော့ပါးလာနိုင်ကြောင်း မီဒီယာလောကတွင် တီးတိုးပြောကြားလျက်ရှိသည်။ 


ကာကွယ်ရေး ဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကာကွယ်ရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်
 
 
 
၁။ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းအချို့ သံဃာအချို့နှင့် စာနယ်ဇင်းအချို့တို့မှ မမှန်မကန်သတင်း များနှင့် အစိုးရနှင့်တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေမည့် သတင်းနှင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ပါသည်။

Monday, January 28, 2013

ကေအိုင်အေ နှင့် တိုက်ပွဲ ဆင်နွှဲနေသော တပ်မတော် သားများအား စစ်မြေပြင် အဆင့်တိုး (Jump Promotion) များ ချီးမြှင့် ဂုဏ်ပြု


မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် ကေအိုင်အေနှင့် တိုက်ပွဲဆင်နွှဲနေ သည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအား အပင်ပန်း အဆင်းရဲ ခံပြီး တာဝန်ကျေပွန်မှုများကြောင့် စစ်မြေပြင် အဆင့်တိုး( Jump Promotion) ပေးအပ် ချီးမြှင့်သွား မည် ဖြစ်ကြောင်း သိရသည်။ 

တိုင်းပြည် ငြိမ်းချမ်းရေးအတွက် ပေးအပ်သည့် တာဝန်ကို အသက်စွန့်ထမ်းဆောင်သည့် အတွက် အဆိုပါ တိုက်ပွဲ ၀င် တပ်မတော်သားများအား လေးစား ဂုဏ်ယူစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။ 
 

အစိုးရ နှင့် KIO အပစ်ခတ် ရပ်စဲရေး ဆွေးနွေးပွဲကို ၀ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA က ကြားဝင် ဆောင်ရွက် ပေးမည်ဟု ဖိတ်ခေါ်



အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ၀ပြည်သွေးစည်း ညီ ညွတ်ေ ရး အဖွဲ့ UWSA က ကြားဝင်ဆောင်ရွက်ပေးမယ် လို့ ဖိတ်ခေါ်ထားကြောင်း ၀ပြည်သွေးစည်း ညီ ညွှတ်ေ ရး အဖွဲ့ UWSA က ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။

နှစ်ဖက် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး အပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် UWSA ဌာနချုပ် ပန်ဆန်းမှာ ဆွေးနွေး ဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
 

တရုတ် - အမေရိကန် နိုင်ငံခြားရေး ပေါ်လစီ ကစားပွဲ ကြားက မြန်မာ နိုင်ငံသစ်


ပြီးခဲ့တဲ့ ၂၀၁၁ မှာ အာဏာရရှိလာပြီးကတည်းက သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာအစိုးရဟာ ၎င်းရဲ့စွမ်းအား တွေကို ပြည်တွင်းရေး ကိစ္စတွေအပေါ်ကို အထူးအာရုံစိုက် လာခဲ့တာ   တွေ့ နေရ ပါ တယ်။ မြန်မာ အစိုးရဟာ စီးပွားရေးကို ပြန်လည်အသက်ဝင်အောင်လုပ်ဆောင်တာ ၊ နိုင်ငံရေး ကိုဖြေ   လျှော့ပေး တာ၊ တိုင်းပြည်ရဲ့ အစွန်အဖျားမှာ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ ဆယ်စုနှစ်များစွာ တည်ရှိ လာတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ပဋိပက္ခကို အဆုံးသတ်သွား ဖို့ ကြိုးစားလာ တာ တွေ ကို တွေ့  ရပါ တယ်။ ဒါက အစိုးရသစ်ရဲ့ လုပ်ဆောင်မှုစာရင်း အာဂျင်ဒါ agen da ပါ။ ဒါပေမယ့် ဒီလိုမျိုး ပြုပြင်ပြောင်း လဲ မှု တွေကို စီတန်းလုပ်ဆောင်ခဲ့ပေမယ့် နေပြည်တော်အစိုးရဟာ ၎င်းရဲ့နိုင်ငံခြား ဆက်ဆံရေးတွေ ကို လည်း ပြန်လည်ချိန်ညှိဖို့ နည်းလမ်းသစ်တွေ ရှာဖွေလာခဲ့တာလည်းတွေ့ ရပါတယ်။

ဒီမိုကရေစီ နိုင်ငံလည်း ခရိုနီ ဆိုတာ ရှိဦးမှာပဲ ဟု ဦးတင်ဦး ပြော



လက်ရှိနိုင်ငံတော်သမ္မတ အနေဖြင့်ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းနေသော်လည်း ဒီမိုကရေစီကို အခွင့်ကောင်းယူ ကာ အစိုးရနှင့်ပူးပေါင်း၍ ကိုယ်ကျိုးစီးပွားအတွက် စီးပွားရှာနေ မည့် ခရိုနီများလည်း ဆက်ရှိနေ မည်ဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ နာယက ဦးတင်ဦးက ဇန်န၀ါရီလ ၂၂ရက် တွင် Hot News Journal သို့ပြောသည်။

ကျောင်းသားဘ၀မှ မတက်သည့် ကျောင်းသားအိုများသို့



ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ မြန်မာနိုင်ငံလုံး ဆိုင် ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး၊ အထက် ဗမာပြည် ကျောင်းသား၊ အောက် ဗမာပြ ည် ကျောင်း သား၊ မြောက်ပိုင်း ကျောင်းသား၊ တောင်ပိုင်းကျောင်းသား များပြားလိုက် တဲ့ မြန် မာ ကျောင်း သား အ ဖွဲ့များ ပါပေ။ သို့ သော် ထိုကျောင်းသား အားလုံးသည် စာအုပ်နှင့် ဘောပင်ကို ကိုင်ပြီး စာ ကြည့် တိုက် တွင် ကိုယ့် ဘ ၀ တိုးတက် ရေး ကြိုးစားကြသည့် ကျောင်းသားများတော့ မဟုတ် ကြ။
 

ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်


ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား လစ်လပ်လျက်ရှိသော သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ (ဇန်န၀ါရီ ၂၈ ရက်) တွင် ဇန်န၀ါရီ ၂၂ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သတင်းရ ရှိသည်။
 

ကချင်ဒေသတွင်း ခံစစ်စခန်းများ ဆုံးရှုံး ခဲ့သော်လည်း လက်နက် သစ်များ ထပ်မံ ရရှိနေသော ကေအိုင်အေနှင့် နောက် ကွယ်မှ အထောက် အပံ့များ





၂၀၁၃ ဇန်န၀ါရီလ ၂၆ ရက်နေ့၌ ကေအိုင်အေတို့၏ ကချင်ဒေသ အတွင်း နောက်ဆုံး ခံစစ်စခန်းဟု ဆိုနိုင် သည့် ခယာဘွမ် တောင်ကုန်းအား သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လ ည်း ကေအိုင်အေ အဖွဲ့များ သို့ ချပ် ၀တ် ကျည်ကာ ၀တ်စုံများ၊ ပေါက်ကွဲအား ပြင်းထန် သော လက်နက်များ၊ လေယာဉ်ပစ် ဒုံးလက် နက် သစ် များ ထပ်မံ ရောက်ရှိနေကြောင်း စုံစမ်းသိရှိခဲ့ရသည်။ ယခင်က ABSDF မြောက်ပိုင်း အဖွဲ့များ သာ ၀တ် ဆင် ခဲ့သည့် ကျည်ကာ ၀တ်စုံနှင့် ကျည်ကာ ဦးထုပ် များကို ယခု ကေအိုင်အေ အဖွဲ့များတွင်ပါ တွေ့မြင် လာရသည့် အပြင် လက်နက်သစ် များကိုလည်း ရွှေ့ပြောင်း မှုများ ပြုလုပ်နေသည့် သတင်းများ ရရှိေ နကြောင်းလည်း သတင်းများ အရ သိရှိရပါသည်။
 

ဗိုလ်ကြီး" ဟောင်း " နေမျိုးဇင်မှ အုပ်ချုပ်ရေး အဖွဲ့ အား စော်ကားလိုက်ပြီ



 
၁ ။ ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်ပြီး နာမည် တွင်ဖို့ ကြိုးစားနေသလော ။ မြို့ နယ်အုပ်ချုပ်ရေး အဖွဲ့ နှင့် မြို့ ခံ များအား ၊ ရန်တိုက်ပေးပြီး ။ ပြဿနာများ ဖြစ်ပွါးအောင် ငြိမ်းချမ်းရေးဆိုတဲ့ ပန်း ကို ခေါင်းမှာပန်ပြိး ဆူပူ မှုဖြစ်အောင် ဖန်တီးနေသည် ။

မြန်မာနိုင်ငံပေးရမယ့် ကန်ဒေါ်လာ သန်း ၆ ထောင်ကို မြီရှင်နိုင်ငံတွေ လျှော်ပေး တော့မည်


မြန်မာနိုင်ငံက တခြားနိုင်ငံတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ပေးဖို့ရှိနေတဲ့ ကြွေးမြီအားလုံးရဲ့ ၆ဝ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ သန်း ၆ ထောင်နီးပါးကို အထူးအစီအစဉ်တရပ် အဖြစ် ကြွေးမြီရှင်နိုင်ငံေ တွ က လျှော်ပေး တော့မယ့်အကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကျန်တဲ့အကြွေးတွေကိုလည်း ဆိုင်းငံ့ကာလ ၇ နှစ် အပါအဝင် ၁၅ နှစ်အတွင်း ပြန်ဆပ်ဖို့ ကြွေးရှင် “ပါရီ က လပ်အဖွဲ့” နဲ့ သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။

ကေအိုင်အေ ၏ အမြင့်ဆုံးတောင်ကို အစိုးရတပ် သိမ်းပိုက်


ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အတွက် မဟာဗျူဟာကျတဲ့ ခါရာ တောင်ကုန်းကို အစိုးရ စစ်တပ်တွေက လက်နက် လူအင်အားသုံးပြု တိုက်ခိုက်ပြီး ဒီလ ၂၅ ရက်နေ့ သိမ်းပိုက် ထား လိုက်ပြီ   ဖြစ် ပါ တယ်။

ပွိုင့် ၁၀၁၂ လို့ခေါ်တဲ့ ခါရာတောင်ဟာ လိုင်ဇာဌာနချုပ် အနီး KIA အတွက် ဗျူဟာအရ အရေးပါတဲ့ အမြင့်ဆုံးတောင် ဖြစ်ပြီး ဒီလ ၂၄ ရက်နေ့မှာ အစိုးရ စစ်တပ်က ၁၂၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ လက်နက်ကြီး အလုံးပေါင်း ထောင်ချီပစ်ခတ်ခဲ့ကာ မြေပြင်ထိုးစစ်တွေနဲ့ အင်အားသုံး စစ်ဆင်ပြီး သိမ်းပိုက်ခဲ့ တာ ဖြစ်ကြောင်း   KIA ဘက်က ပြောပါတယ်။

ကေအိုင်အေ တို့ ထောင်ထားသည့် မိုင်းနင်းမိ၍ တစ်ဦးသေဆုံး


၂၈ ၂၇-၁-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ရေမဆေးကျောက်ရှာဖွေသူများဖြစ်သည့် ဖားကန်မြို့နယ်၊ လုံးခင်းရွာ၊ ခွန်ဆာကုန်းရပ်ကွက်နေ စိုးနိုင်(ခ)ကံကြီးမောင်(၃၀)နှစ်နှင့် ဖားကန့်မြို့၊ မမုံကျေး ရွာနေ   မောင်ဝဏ္ဏ(၂၁)နှစ်တို့ ၂ ဦးသည် ဖားကန့်မြို့မှ ၅ မိုင်ခန့်အကွာရှိ ဆိုင်းဂျာ ဘွမ်ကျေးရွာ တွင် ရေ မဆေးကျောက် များရှာဖွေပြီး ဖားကန့်ဘက်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ဆိုင်းဂျာဘွမ်ကျေး ရွာအထွက် ၌ ကေအိုင်အေတို့ထောင်ထားသည့်မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။

AGD Bank နှင့် Air Bagan မှ ကေအိုင်အေ နှင့် ဖြစ်ပွားသော စစ်ပွဲမှ တပ်မတော်သား များ အတွက် ဂုဏ်ပြု အလှူငွေ သိန်း ၇၀၀ လှူဒါန်း


မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ ရှေ့တန်းရောက် တပ်မတော်သား များအား ဂုဏ်ပြုအလှူငွေပေး အပ်ခြင်း အခမ်း အနားကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၂၇)ရက်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဘုရင့်နောင် ရိပ်သာတွင် ပြုလုပ်ကျင်းပခဲ့ရာ AGD Bank နှင့် Air Bagan မှ အလှူငွေ ကျပ်သိန်း ၇၀၀ ကိုပေးအပ် လှူဒါန်းခဲ့ပါသည်။
 
By AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)

အမဲသား စား၍ ဆေးရုံရောက်သူ နှစ်ဦး အဆိပ်မိခြင်း ဟုတ်မဟုတ် စစ်တွေတွင် စမ်းသပ်နေ


ယမန်နေ့က စစ်တွေမြို့ ရူပမြောက်ရပ်ကွက် ငပိန်လမ်း၊ မူလတန်းကျောင်းရှေ့ရှိ အိမ်တစ်အိမ်မှ လူ ၂ ဦးအား အမဲသား ချက်စားရာမှ ဆေးရုံ တင်ပို့ခဲ့ရသဖြင့် သူတို့မှာ အဆိပ်မိခြင်း ဟုတ်မဟုတ်ကို စစ်ေ တွ ဆေးရုံကြီးတွင် စမ်းသပ် နေသည်ဟု သိရသည်။လူနှစ်ယောက်အား အမဲသားစား၍ ဆေးရုံ တင် ပို့ ခဲ့ ရပြီး အမဲသား မကျက်တကျက် ကို ကျွေး သည့်   ခွေးနှစ်ကောင် အနက် တစ်ကောင်မှာ အဆိပ် မိ သေ ဆုံး သွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ဖိလစ်ပိုင်ကို ဆရာတင်တဲ့ မင်းကိုနိုင် တို့ အုပ်စု မသိသေးတဲ့ ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဆိုတဲ့ နောက်ကွယ်က ဖြစ်ရပ်ဆိုးတွေ


88 တွေ ကတော့ ကြီးကြီးကျယ်ကျယ်တွေပြောလာပြန်ပြီ၊ဖိလစ်ပိုင်ပြည်တွင်းစစ်က မြန်မာပြည်ေ လာက် မ ကြာေ သးသလို မြန်မာပြည်လို ၁၁ဖွဲ့ လောက်ရှိတာမဟုတ်ဘူး၊ MILF မွတ်စလိမ်တွေက ဘာသာရေးကို အခြေခံတဲ့ ခွဲထွက်အဖွဲ့ ၊ဒီက အဖွဲ့ တွေ က နိုင်ငံရေး နဲ့ လူမျိုးရေးကို အခြေခံ တဲ့ ခွဲထွက် အ ဖွဲ့ ဘာ မှမပတ်သက်ဘူး၊အဲဒီတစ်ဖွဲ့ တည်းရှိတဲ့ အဖွဲ့ ကိုတောင်ဖိလစ်ပိုင်အစိုးရဘယ်လို အကြီးအကျယ် ထိုး စစ် ဆင်ခဲ့ သလဲ၊သူပုန်တွေက ပြည်သူတွေကို ဘယ်လို အကြမ်းဖက်သတ်ဖြစ်ခဲ့သလဲဆိုတာ သိရဲ့ လား၊


 

မြစ်ကြီးနား- ပူတာအို ကားလမ်းပေါ်တွင် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ မိုင်းဆွဲ တိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ အရပ်သား တစ်ဦး သေဆုံး


၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက် ၁ဝ နာရီ ၃ဝ မိနစ်ခန့်တွင် ကချင် ပြည်နယ် မြစ်ကြီးနားမှ ပူတာအိုသို့ ထွ က် ခွာ လာသည့် ဆိုင်ကယ် သုံးစီးအား ဇနန်ကျေးရွာ မိုင်တိုင် ၁၁ဝ အနီးတွင် အကြောင်းမဲ့ မိုင်းဆွဲ တို က် ခိုက် မှုကြောင့် မြစ်ကြီးနား မြို့ အောင်မြင်သာ ကျေးရွာ နေသူ ကိုကျော်စိုး (၂၅) နှစ် (ရှမ်း/ ဗုဒ္ဓ)ေ သ ဆုံး ခဲ့ကြောင်း သိရှိရသည်။

(မြ၀တီ)

ပေါင်းတည်မြို့နယ် NLD ပါတီ ဥက္ကဌ ပါတီတွင်း သူခိုးဓါးရိုးကမ်း လုပ်ရပ် အတွက် တကိုယ်တော် ဆန္ဒ ထုတ်ဖော် ဟောပြော မည်


ပေါင်းတည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ၊ ဦးအေးလွင်(အထက်တန်း ရှေ့နေ)၊ အုတ်ဖို(၂)ရပ်ကွက်၊ မှတ်တိုင်လမ်း နေသူက မြို့နယ်(NLD အဖွဲ့) ရွေးချယ်ရာ၌ ဗဟို ဦးစီးစနစ် ကျင့် သုံးမှုကို မကျေနပ်သဖြင့် ဆန္ဒပြခြင်းအား 3.2.2013 ရက်နေ့ နံနက် 9 နာရီမှ 10 နာရီအချိန် ထိ ပေါ င်းတည်မြို့၊ ဈေး(၂)ရပ်ကွက်၊ ဘုရားကြီးလမ်းတွင် ဗဟိုဦးစီးစနစ် အကြောင်းနှင့် မဓမ္မ၀ါဒီ အေ ကြာင်း တ ကိုယ်တော် ဟောပြော ဆန္ဒပြမယ်လို့ သိရပါတယ် .... ၄င်းအနေနဲ့

ခွေးလောက်မှ သောက်သုံး မကျတဲ့သူတွေ ဖတ်ဖို့ ခွေးထက်ပိုပြီး သောက်သုံး ကျတဲ့ တစ်ဦးတည်းသော ခရိုနီ ပါတီ ခေါင်းဆောင်ကြီး ရဲ့ သမိုင်းဝင် စကား


ကျမ ခွေးလေးလောက် လူတွေ ရိုးသားဖြောင့်မှတ်ကြရင် ၊ ကျမတို့တတွေ (ကမ္ဘာကြီး) ငြိမ်းချမ်းရေးရတာ ကြာခဲ့ပါပြီ ။

"My dog is honest. If only people could be more clear about their intentions like my dog we could get to peace sooner." Aung San Suu Kyi (Honolulu, East-West Center)

ဒေါ်အောင်ဆန်းစုကြည်

တရုတ် သံရုံးမှ တိုင်းရင်းသား လက်နက်ကိုင်များသို့ လက်နက် ရောင်းချခြင်း မရှိကြောင်း သတင်းထုတ်ပြန်


အနောက်နိုင်ငံ defence Think-tank တစ်ခု၏ အစီရင်ခံစာ တစ်စောင်ကို အခြေခံပြီး အချို့မီဒီယာများမှ တရု တ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သို့ လက်နက်ရောင်းချသည်ဟု ရေးသားမှုသည် အခြေ အမြစ် မရှိကြောင်း၊ အတော် မကျေမနပ် ဖြစ်ကြောင်း တရုတ်သံရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

အတိုက်အခံများ အမြင်မှန်ရဖို့ အချိန်ရောက်ပြီ


၁။ လက်ရှိအစိုးရ စတက်လာကတည်းက ပြည်တွင်းပြည်ပ အ မနာပ မျိုးစုံကြားမှ ကြိုးစားပမ်းစား ယနေ့ တိုင် အားထုတ် နေဆဲဆိုတာ အသိအမှတ်ပြုရပါမည်။

၂။ သူတို့ဖြတ်သန်းနေရသည်မှာ အသစ်အသစ်တွေနဲ့ရှေ့တက်ဖို့ အဟောင်းမကောင်း တွေကို သူတို့ ကိုယ်တိုင်ရော ယန္တယား တစ်ခုလုံးကိုပြုပြင်နေကြတာလည်း အမှန် မြင်တွေ့နေရတာလည်းမငြင်းနိုင်ပါ။

မြန်မာ မြောက်ပိုင်း တိုက်ပွဲ ပြင်းထန်နေချိန် ဒေါ်စု ငြိမ်းချမ်းရေးဆု ရရှိ


Myanmar Headline News


 
မြန်မာနိုင်ငံအနောက်ပိုင်း မငြိမ်းချမ်းချိန်မှာ နိုဘယ်ဆုသွားယူပါတယ်။
 

NLD ပါတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား တာဝန်မှ ရပ်စဲနိုင်ရေး တံတားဦး မြို့ နယ် NLD ပါတီဝင်များ လူထု မျက်နှာ စုံညီ အစည်းအဝေး ကျင်းပ ပြုလုပ်


၂၀၁၃ ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တံတားဦးမြို့ နယ်အမှတ် (၂ )ရပ်ကွ က်ေ ရ လည်ရပ်တာဘောင်လမ်းရှိ NLD ပါတီရုံးခန်း၌ တံတားဦး NLD ပါတီဝင်များ ဦးစီး၍ ပြည်သူ့  လွှ တ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာအားတာဝန်မှရပ်ဆဲနိုင်ရေး အတွက် လူထုမျက်နှာစုံညီအစည်း အေ ဝး တစ်ခုကျင်းပခဲ့ကြောင်း သိရှိရ သည်။

ကိုလိုနီ လုပ်သွားတဲ့ သူတွေက ပေးတဲ့ အမည်မို့ ပြောင်းရမယ် ဆိုတဲ့ အမြင်က သိပ်ကျဉ်းလွန်းတယ် ဆိုတဲ့ ဒေါ်စု ဘားမား လို့ပဲ ခေါ်မယ်



လိုင်ဇာမြို့ အ၀င်ဝ စခန်းကုန်းထိပ်မှ ဓာတ်ပုံများ


ယခုတော့ ဒီလိုင်ဇာမြို့ အ၀ထိ မြန်မာ ပြည်တွင်း နေထိုင်တဲ့ ကချင်၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း မည်သည့် တိုင်းရင်းသားမဆို၊ မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ထားရင် တံခါးမရှိ၊ ဓားမရှိ လုံခြုံစိတ် ချစွာ သွားလာနိုင်ပါပြီ။ မြန်မာပြည် နယ်စပ် လိုင်ဇာမြို့ကို မြ၀တီမြို့ကဲ့သို့ လူတိုင်းသွားလာနိုင်ရန် အတွက် ကတော့ မကြာမီ လာမည်ပေါ့။ ဓာတ်ပုံ- Yan Naing Aung
 

Sunday, January 27, 2013

နိုင်ငံရေး သမားများနှင့် စာနယ်ဇင်း သမားများ အနေဖြင့် တည်ဆဲ ဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်း ရှိခြင်းနှင့် တိုင်ကြားခြင်း များကြောင့် စောင့်ကြည့် စစ်ဆေး ထောက်လှမ်းမှုများ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြောကြား


နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့် တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ်လျှင် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Eleven Media ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအား စောင့်ကြည့်ထောက်လှမ်းနေသည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ၌ ၎င်းက ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မောင်တောဒေသမှာ လုံခြုံရေးတပ်တွေ တိုးမြှင့်ချထား


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က အစိုးရ GE စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ပိုင် ကားတစ်စီးကို ဘင်္ဂလားဒေရှ့် အခြေစိုက် လက်နက်ကိုင် တစ်ချို့က မီးရှို့ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအစိုး ရဖက်က ဘင်္ဂလားဒေ ရှ့်-မြန်မာ နယ်စပ် တစ်လျှောက် မှာ လုံခြုံရေးတပ်တွေကို တိုးမြှင့်ချထားလိုက်တယ်လို့ RFA က စုံစမ်းသိရ ပါတယ်။ နယ်စပ်ဒေသမှာ တရား ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်အတိုင်း လုံခြုံရေး တပ်တွေ ကို တိုးမြှင့်ချထား ရတာလို့ မောင်တောအခြေစိုက် နယ်စပ်ဒေသလူဝင်မှု စစ်ဆေးကွပ်ကဲရေးဌာနချုပ် ဒုတိယကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးထူးလှိုင်က RFA ကို ပြောပါတယ်။

ခိုးမှုဖြင့် ပြစ်ဒဏ် ချမှတ်ခြင်း ခံရသူ တစ်ဦးအား လက်ဖြတ်စက် အသုံးပြု၍ အပြစ်ပေး နေပုံကို အီရန် သတင်းဌာန တစ်ခုမှ ဖော်ပြခဲ့ (ဓါတ်ပုံ)


ဒုံး လက်နက်များက စကားပြော လာမည်

မြန်မာ့တပ်မတော် (ရေ)၏ ရေယာဉ်များဖြည့်တင်းမှု၊တပ်ဆင်လာနိုင်မှုနှင့် စွမ်းရည်ထက်မြက်လြာ ခင်း စ သ ည့် အကြောင်းများကြောင့် မိမိတို့ အိမ်နီးချင်းနိုင်ငံများ အနေဖြင့် လည်း ရေယာဉ် များ အပြိုင် အ ဆိုင် တပ်ဆင်လာကြသည်ကို လေ့လာသိရှိ ရပါသည်..။

ထို့အပြင် အခုတလောတွေ့ရသည့် ဘင်္ဂလားဆိုက်မှ လုပ်ယူထားသည့် ဗီဒီယိုဖိုင်ထဲတွင် တပ်မတော် (ရေ)အား နှိမ်ကာ တင်ပြထားသည်ကိုတွေ့ရပြီး သူတို့ရေတပ်၏ မရှိ သည့် ရေ ငုပ်သင်္ဘောများ၊ ဖရီးဂိတ် များအား ဖော်ပြကာနှိုင်းယှဉ်ခြင်းများပြုလုပ်ကာ မီဒီယာဘက်မှ ယှဉ်ပြို င် လာသည်ကိုတွေ့ရပါသည်....။

ကေအိုင်အေ တပ်ဖွဲ့ဝင်များ နေထိုင်သည့် ၀န်းကျင်တွင် ရွာသားများ သွား လာခြင်း မပြုရန် အမိန့်ထုတ်



KIAတပ်ဖွဲ့ဝင်များနေထိုင်သည့်ဝန်းကျင်တွင် ရွာသားများသွားလာခြင်းမပြုရန် အမိန့်ထုတ် KIA တပ်ဖွဲ့ ၀င်များ အနေနဲ့ အစိုးရတပ်တွေရဲ့တိုက်ခိုက်မှုတွေ ကြောင့် ကျေးရွာတွေမှာရွာသားတွေလို သွားရောက်နေ ထိုင်နေကြရပါတယ်။ ရွာသားတွေလို ပုံစံမျိုးရုပ်ဖျက် နေထိုင်ကြပေမယ့် သူတို့တွေမှာ ကိုယ်ပိုင် လက် နက်တွေ ရှိနေတာကြောင့် ရွာသားတွေအပေါ်မှာ နိုင့်ထက်စီးနင်းဆက်ဆံနေကြပါတယ်။

အကောက်ခွန် ဦးစီး ဌာနမှ ဝန်ထမ်း ၃၃ ဦးအား အရေးယူ မှုပြုလုပ်ခဲ့



အကောက်ခွန်ဦးစီး ဌာနက ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် လာဘ်ပေးလာဘ်ယူမှု အပါအဝင် မသမာ မှု ပြုလုပ်ခဲ့သော ဝန်ထမ်း ၃၃ ဦးအား ရာထူးမှ ရပ်နားခြင်း နှင့် ရာထူးလျော့ချခြင်းများကို ပြုလုပ်ခဲ့ကြောင်း ထုတ် ကုန်သွင်းကုန် ကြီးကြပ်ရေး ဌာနမှ ညွန်ကြားရေးမှုး ဦးသိန်းဆွေက ပြောသည်။ အရေးယူခံခဲ့ရသော ၃၃ ဦးထဲမှ ညွန်ကြားရေးမှုး နှစ်ဦးကို ရာထူးမှ ရပ်နားစေပြီး ကျန်ဝန်ထမ်း ၃၁ ဦးကို ရာထူးတစ်ဆင့်ချကာ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းက ပြောသည်။

7Day 

ဟင်းသီး ဟင်းရွက်များ၌ အဆိပ်ပါ သည်ဟု ရခိုင်၌ သတင်းများ ပြန်လည် ထွက်ပေါ်



စစ်တွေမြို့နယ်အတွင်းမှ ဟင်းသီးဟင်းရွက်များတွင် အဆိပ်များပါဝင်နေသည်ဟု ထွက်ပေါ်ခဲ့သည့် သတင်းများမှာ ကောလဟာလ သာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သော်လည်း အဆိုပါ အဆိပ်သတင်းမှာ ထပ်မံထွက်ပေါ်နေကြောင်း သိရသည်။

ဒေါ်စု လုပ်နေတာနဲ့ မြန်မာ နှင့် ဗမာ အခေါ်အဝေါ် အရေး လွှတ်တော်မှာ အဖြေရှာ သင့်နေပြီလား

၁၉၄၇ဖွဲ့စည်းပုံမှာ ကစပြီး မြန်မာနိုင်ငံလို့ သတ်မှတ် ခဲ့ပါတယ်။ ဆူးလေ ဘုရားနားက လွတ်လပ်ရေးေ ကျာက်တိုင် ကမ္ပည်းမှာ သွားကြည့်လို့ ရပါတယ်။(ဗမာ နိုင်ငံတော်) ဆိုတဲ့ အသုံးက ဂျပန်ခေတ်မှာ ဗိုလ်ချုပ် တို့ ကိုယ်တိုင် သုံးခဲ့တယ်လို့ မှတ်မိ နေပါတယ်။ ဒါပေမယ့် လွတ်လပ်ရေး ရကထဲက မြန်မာနိုင်ငံလို့ပဲ သတ်မှတ်ခဲ့ ပါတယ်။၁၉၇၄ ဥပဒေရော ၂၀၀၈ ဥပဒေ မှာပါ (မြန်မာ နိုင်ငံ)လို့ပဲ သတ်မှတ် ခဲ့ပါတယ်။
နဝတ လက်ထက်မှာ သတ်မှတ်ခဲ့တာက (မြန်မာ) ကို အင်္ဂလိပ်လို အသံလှယ်တဲ့အခါ Burma အစား Myanmar ဆိုတာပါပဲ။ ဒီတော့  (နိုင်ငံ) အမည်ကို (မြန်မာ)- (လူမျိုး) အ မည်ကို (ဗမာ) ဆိုတာဟာ မှားေ န တယ်ဆိုရင် လွှတ်တော်မှာ (နောင်အရှည်ကို မျှော်ကိုးပြီး) အဆိုတင်သွင်းလို့ စာပေပညာရှင်များ သမိုင်း ပညာရှင်များနဲ့ ဆွေးနွေးညှိနှိုင်း သတ်မှတ်သင့်ပါတယ်။ ဒါက (မြန်မာ )/ (ဗမာ) ပြဿနာ ပါ။ နော က် ထပ်ပြီး (Burma/Myanmar) ပြဿနာ ရှိပါသေးတယ်။

ပိဋိကတ်သုံးပုံ အတွက် ကြေး ပိဋိကတ် တစ်ချပ်လျှင် ၃၀၀၀၀ိ/- ဖြင့် လှူဒါန်းနိုင်


ဘုရားရှင် ဟောကြား ခဲ့သည့် ပိဋိကတ်သုံးပုံ တို့ကို မပျောက်ပျက် အောင် ဘုရားသားတော် ရဟန်း သံဃာများ သည် အာဂုဏ်ဆောင်ခြင်း ၊ ပေရွက်ဖြင့် မှတ်တမ်းတင်ခြင်း ၊ စာရွက်ဖြင့် မှတ်တမ်း တင် ခြင်းများကို ဆောင်ရွက်၍ ဗုဒ္ဓဆုံးမ သြ၀ါဒများနှင့် ၀ိနည်းတို့ကို မပျောက် ပျက်အောင် နှစ်ပေါင်း ထောင်ချီ၍ လက်ဆင့်ကမ်း ကာကွယ်ခဲ့ ပါသည်။
 

မြန်မာအမျိုး သမီးများ ဘာသာခြားကို ဘာကြောင့် မယူသင့်သလဲ




စစ်မြေပြင်မှာ မြန်မာ-ဗုဒ္ဓဘာသာ သားကောင်း (၅၀၀) ကျဆုံးခဲ့ပါလျှင် ၀မ်းနည်းဖို့ ကောင်းပေမယ့် မြန်မာ မိခင်(၅၀၀) ကထပ်ပြီး သားကောင်း (၅၀၀) ကိုပြန်လည်မွေးနိုင်ပါသေးသည်။ ဒါပေမယ့် မြန်မာအမျိုးသမီး (၅၀၀) လင် ယူမှားလျှင်တော့ နောင်လာမည့် မဝေးတဲ့ အနာဂတ်မှာ တိုင်းပြည်အတွက် ရင်မောစရာဖြစ်မှာ အမှန်ပါ။ ယနေ့ မျိုးချစ်စိတ်ရှိသူတိုင်းဟာ မည်သည့် ဆုလာဘ်ကိုမှ မမျှော်ကိုးဘဲ မိမိတို့ ရင်သွေး များဖြစ်ကြ တဲ့ သားစဉ်မြေးဆက်အတွက်လက်လှမ်းမီသမျှ ကာကွယ်ထိန်းသိမ်းကြရမှာဖြစ်ပါသည်။ ကျွန်တော်    တို့  အကျိုးကို တစ်ခုပဲ မျှော်ပါသည်။ အဲဒါကတော့ မြန်မာပြည်ကြီး မွတ်ဆ လင် နိုင်ငံမဖြစ် ဖို့ ဆို တဲ့ အကျိုးကိုပဲ မျှော်ပါသည်။ ဒီလို ကိုယ့်အမျိုး အချင်းချင်း အသိပေး စည်းရုံးတာကို အတွေးချော်ပြီးတော့    ဘာသာခြားအပေါ် ကျယ်ရာ ကျမလားလို့ မတွေးစေလိုပါဘူး။

မကွေး ပရိယတ္တိ စာသင်တိုက် ကျောင်းထိုင် ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ မှ လူဝတ် လဲခိုင်း



မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာ နာယက အဖွဲ့မှ လူဝတ်လဲခိုင်းလိုက်ပြီဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ ၂၇ ရက်၊ တနဂ်နွေနေ့လည် ၂ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မကွေးပရိယတ္တိစာသင်တိုက်တွင်ဆရာတော်မှ ပြုလုပ် မည်ဖြစ်ကြောင်း အင်တာနတ်သတင်းစဉ်မှ သတင်းရရှိသည်။

လိုင်ဇာကို ပိတ်ဆို့ ထားခြင်း သေနင်္ဂကို တစ်ကယ် စဉ်းစားကြည့် စေချင်ပါသည်


(၁)မြန်မာစစ်တပ်အင်အားနှင့် ကချင်စစ်တပ်အင်အားကို လက်တွေ့ကျကျ နှိုင်းယှဉ်ကြည့်စေချင်သည်။

(၂)မြန်မာစစ်တပ် ကေအိုင်အေ စခန်းကို တစ်ကယ်တက်သိမ်းလို့မရတာလား၊ တက်မသိမ်းသေးတာ လား ကို လဲ ဆင်ခြင်ကြည့်စေချင်သည်။

ရခိုင်ပြည်နယ်မှ နာဖျားနေတဲ့ လမ်းမကြီးများ


တောင်ကုတ်မှာ ကားမှောက်လို့တဲ့ ခရီးသည် ၁၄ဦး သေဆုံးပြီး အများအပြား ဒါဏ်ရာရရှိသွားတယ်တဲ့။ မိသားစုများနဲ့ထပ်တူ ၀မ်းနည်းမိပါတယ်။ အန္တရယ်ရှိမှန်းသိသိကြီးနဲ့ကို ခရီးသည်တွေဟာ တခြားရွေးချယ်စရာမရှိ ဒီတော၊ ဒီတောင်၊ ဒီကားတွေနဲ့ ဒီလမ်းမ၊ ဒီယာဉ်မောင်းတွေနဲ့ပဲ နေ့ညမဟူ သွားလာနေကြရပါတယ်။ ဒီသတင်းဖတ်ရတဲ့ အသိမိတ်ဆွေတယောက်က ရခိုင်ပြည်နယ်ကို တခါမှမရောက်ဖူးကြောင်းနဲ့ ဒေသရဲ့ လက်ရှိလမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကို မေးလာ တဲ့အတွက် ကိုယ် သိသလောက်ပြောပြဖြစ်ခဲ့ပါတယ်။ တလက်စတည်း မရောက်ဖူး မကြုံဖူးတဲ့သူတွေ သိရှိနိုင်စေရန်အတွက် ဒီစာကိုရေးလိုက်ရပါတယ်။

ခေတ်ပြိုင် နိုင်ငံရေး မြင်ကွင်းထဲက ဒုတိယ ပင်လုံ


ကလေးမြို့ကြေညာစာတမ်းအရ ဒုတိယပင်လုံညီလာခံကြီးကို ကျင်းပဖို့ စိုင်းပြင်းနေကြသည်။ တိုင်းရင်းသားလူမူမျိုးစုများနှင့် ညီညွတ်ရေးအတွက် ဆွေးနွေးရမည့် အခင်းအကျင်းကို ပြင်ဆင်ြခင်း တစ်ရပ်ဟု အဆိုပြုသူတွေက တင်သည်။ သို့သော်လည်း မြန်မာ့နိုင်ငံရေးတွင် ပင်လုံပုံရိပ်သည် အကောင်းထက် အဆိုး၊ ယုံကြည်မှုထက် သံသယကိုသာ ပွားစေနိုင်သည်ကို တွေ့ရသည်။ ပင်လုံကို စတင်ခ်ခဲ့သ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် ပင်လုံနှင့်ပတ်သက်သည့် အငြင်းပွားစရာများကို ချန်ထားရစ်ခဲ့သည်။ ပင်လ်လုံကြောင့် ၁၉၄၇ ဖွဲ့ စည်းပုံ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာသောအခါ ပြည်ထောင်စြုကီး ခွဲထွက်လိုလျှင် ခွဲထွက်ပိုင်ခွင့်ကို ပေးအပ်လိုက်ရသည်။ ယခု ဒုတိယပင်လုံကိုနားလည်ဖို့ ပထမပင်လုံကို အရင်စောကြောကြည့်ရန်လိုသည်။

ငြိမ်းချမ်းရေး အတွက် အရပ်ဖက် အဖွဲ့အစည်းများနှင့် သီးသန့် ထပ်မံ တွေ့ဆုံ ဆွေးနွေးမည်





ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းအပါအ၀င် ကော် မတီဝင် ပြည်ထောင်စုဝန်ကြီး အချို့နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်နေသော အရပ်ဖက်အဖွဲ့အစည်းများ ဇန်န၀ါရီ ၂၇ ရက်တွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ စားပွဲဝိုင်းထိုင် တွေ့ ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးလှမောင်ရွှေ က ပြော သည်။

ခါယာတောင်ကုန်း ကျဆုံးခြင်းနဲ့ ကေအိုင်အေ တို့၏ အနာဂတ်




၂၀၁၃ ခုနှစ်ရဲ့ ပထမလ အဆုံးမှာ မြန်မာနိုင်ငံအစိုးရကို လက်နက်ကိုင် တော်လှန်တဲ့ ကေအိုင်အေတို့၏ ကချင်ပြည်နယ်အတွင်း နောက်ဆုံးခံစစ်ကုန်း ဖြစ်တဲ့ ခါယာတောင်ကုန်း ကျဆုံးခဲ့ပါပြီ။ တရားသော စစ် ဆင်နွှဲ ခဲ့ခြင်းရဲ့ နောက်ကွယ်မှာ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အသက်တွေ၊ကိုယ်လက် အင်္ဂါတွေ ပေး ဆပ်ခဲ့ရ တာတွေလည်း ရှိခဲ့ပါတယ်။ လူသားတစ်ဦးရဲ့ ခံစားချက်နဲ့ စဉ်းစားမယ် ဆိုရင်တော့ ဒါဟာ မတန် ဘူးလို့ ပြောနိုင်ပေမယ့် တိုင်းပြည်နဲ့လူမျိုးအတွက် ကာကွယ်တဲ့ တပ်မတော်ရဲ့ တာဝန်ဝတ္တရား လို့ ခေါင်း စဉ် တပ် မယ်ဆိုရင်တော့ ဒါဟာ အမြင့်မြတ်ဆုံးသော အလုပ်ပဲ ဖြစ်ပါတယ်။
 

Saturday, January 26, 2013

ညီနေမင်းအကြောင်း + အသံဖိုင် + ငွေလွဲစာ + ခြိမ်းခြောက်စာ


မသိတာတွေကိုမတင်ဘူး သိတာကိုပဲတင်တယ်။ မတိကျရင်မတင်ဘူး တိကျမှ အထောက်အထား အချက်အလက် ပြည့်စုံမှ တင်တယ်။ သက်သေတွေ မရှိရင်မတင်ဘူး သက်သေအနေနဲ့ blogger ၄ယောက် ရှိတယ်။အသံဖိုင်ရှိတယ်.. ခြိမ်းခြောက်စာ ရှိတယ်. ငွေလွှဲထားတဲ့ စာတွေ ရှိတယ် နောက် chat list တွေရှိတယ်..

အမေရိကန် သံရုံး၏ သတင်း ထုတ်ပြန်ချက် အပေါ် နိုင်ငံခြားရေး ၀န်ကြီးဌာန ၏ သဘောထား ထုတ်ပြန်ချက်



ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့၏ နောက်ဆုံး ခံတပ်ဟု ပြော၍ ရသော ခါယာဘွမ် တောင်ကုန်း ကျပြီ



ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့၏ နောက်ဆုံး ခံတပ်ဟု ပြော၍ ရသော ခါယာဘွမ် တောင်ကုန်းကို တပ်မတော်က ယနေ့ နံနက်၁၁နာရီ တွင်သိမ်းယူလိုက်ပြီ ဖြစ်ကြောင်း ကနဦး သတင်းရရှိပါတယ်။ ဇန်နဝါရီ လ ၂၃ ရက်နေ့ကတည်းက တပ်မတော်က ၈၁ မမ ၊ ၁၀၅ မမ၊ ၁၂၀မမ များ နှင့် အဆက်မပြတ် ပစ်ခတ် ခဲ့ပြီး တိုက်ပွဲများ ပြင်ထန်းခဲ့တယ်လို့လည်း သိရပါတယ်။ တပ်မတော်က တစ်နာရီအတွင်းမှာ လက်နက်ကြီး ကျည်း ၁၂၈၀ ပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အေဘက်က ပြောဆိုပါတယ်။

လဂျားယန် တပ်စခန်းအား ကယ်တင်ခြင်း



မြို့တော် မြစ်ကြီးနားနှင့် တောင်ဘက်ရှိ ဗန်းမော်မြို့ကိုဆက်သွယ် ထားသော အရှည် ၁၁၄ မိုင် ရှိ ပြည်ထောင် စု လမ်းမကြီးသည် ကချင်ပြည်နယ်၏ အသက်သွေးကြော သဖွယ် အရေးပါ လှပါ သည်။ ဒေသနေ ပြည်သူ အများစုမှာ ဤလမ်းမကြီးကို အမှီသဟဲပြု နေ့ညဖြတ်သန်း သွားလာနိုင် ပြီး မြစ်ကြီးနားမှ ဗန်းမော်မြို့ထိခရီးသည် ၆ နာရီ ခရီးသာ ကွာဝေးပါသည်။ ယင်းခရီး တစ်ဝက်ခန့်တွင် လဂျားယန်ရွာရှိပြီး လဂျားယန်သည် လိုင်ဇာမြို့၏ ဝင်ထွက် ပေါက်လည်း ဖြစ်ပါသည်။

ကျွန်မနှင့် ဒီမိုကရေစီ ဖြစ်စဉ်များ



ကျွန်မ ငါးနှစ်သမီး အရွယ်မှာ ၈၈ လူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီကတည်းက ဒီမိုကရေစီနှင့် ဒို့အရေး ဆိုတာတွေက မကြားချင်အဆုံး ကြားနေရတာတွေပါ။ ဒါပေမဲ့လည်း ဘာမှ မသိ နားမလည်ခဲ့ပါဘူး။ အဲဒီကတည်းက ကြားလိုက်ရတဲ့ ဒီမိုကရေစီဟာ တက္ကသိုလ်ကျောင်းသူ ဘဝမှာ ကျွက်ကျွက်ညံလာပါတယ်။ ဒီမိုကရေစီအတွက် လမ်းမပေါ်ထွက်ပြီး ဆန္ဒပြစေချင်ကြတယ်။ ၈၈ လို လူထုအုံကြွမှုကြီး ပြန်ဆင်နွှဲ လိုကြ တယ်။ ဒီလို သိမ်းသွင်းသူတွေရဲ့ အာဘော်မမိအောင် ကျွန်မ သူငယ်ချင်းတွေကို တားဆီးပေးနိုင်ခဲ့ပါတယ်။ ဘာဖြစ်လို့ လူအများ ယုံကြည်သလို ဒီမိုကရေစီသမားတွေရဲ့ အာဘော်ကို မယုံကြည် နိုင်ရတာလဲ ... ဆိုရင် အဖြေက သုံးချက်လောက် ရှိပါတယ်။
 

အမေရိကန် သံရုံး၏ သတင်း ထုတ်ပြန်ချက် အား နိုင်ငံတော် အစိုးရမှ ပြင်းထန်စွာ ကန့်ကွက် ပယ်ချပြီး အသုံး အနှုံးများ အတွက် သတိပေး


အမေရိကန် သံရုံးမှ ကေအိုင်အေ၏ အကြမ်းဖက် လုပ်ရပ်များကို ဖော်ပြခြင်း မရှိသည့် သတင်းဖော်ပြချက် များ အတွက် နိုင်ငံတကာမှ အထင်အမြင်လွဲမှားမှုများ ဖြစ်စေနိုင်သဖြင့် ထိုရေးသားဖော်ပြမှုများကို ပြင်း ထန် စွာ ကန့်ကွက် ပယ်ချလိုက်သည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

UNFC ၏ကြေငြာချက်များအား KNU သဘောမတူ



UNFC နှစ်ပတ်လည်ညီလာခံတွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်ခဲ့သောကြေငြာချက်အပါအ၀င် UNFC ၏ကြေငြာချက်များအား KNU အဖွဲ့မှ လက်မခံ၊ သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။

၎င်း UNFC ကြေငြာချက်တွင် အခုအချိန်မှစပြီး လာမယ့် အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး ရန်နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိစ္စများအား UNFC တစ်ဖွဲ့ထဲကနေ ဦးဆောင် သွားမည်ဆိုသော အ ချက် ကို သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။ KNU အဖွဲ့မှ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ဆက်လက်လုပ်ဆောင်ရန် တစ်ဖွဲ့ခြင်းအနေဖြင့် အစိုးရ အား ဆက်လက်တွေ့ဆုံရန် သဘောထားရှိပြီး ၎င်းအတိုင်းပင် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း ၎င်းမှ ပြောကြားသွားသည်။

ဆက်သွားချင်သေးတယ် ဆိုရင်