Pages

Monday, February 18, 2013

ကင်တာနား၏ တပ်မတော်သား ၂၅ ရာခိုင်နှုန်း အားလွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက် ကို ပြင်ဆင် သင့်ကြောင်း ပြောကြားခဲ့ မှု့ကို ပြည်သူများ နှင့် လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

 
တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင် သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် သောမတ်စ် အိုဟေး ကင်တာနားက မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖော်ဝါရီ လ ၁၆ ရက် နေ့က ပြောကြားခဲ့မှု့နှင့် ပတ်သက်၍ ပြည်သူများနှင့်  လွှတ်တော် ကိုယ်းစားလှယ်များ မှ  ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။ “ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ဆိုတာက တိုင်းရင်းသား အချင်း ချင်း ဖြေ ရှင်း ရမယ့် ပြဿနာပါ။ သူ့ကို ပေးအပ်ထားတဲ့ တာဝန် အသေးစိတ် ဘောင်ကို မသိဘူး။ တာဝန် ထဲ မှာ မ ပါရင်တော့ ဘောင်ကျော် ပြီးတော့ ခုလို မပြောသင့်ဘူး” ဟု သင်္ဃန်းကျွန်း မြို့နယ်မှ ပြည်သူ့ လွှတ်ေ တာ် ကိုယ်စားလှယ် ဦးသိန်းညွန့် က ဆိုသည်။
 

ကချင်ဘင်လာဒင် ဆိုသူမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံ ခြိမ်းခြောက်စာပေးပို့

ကချင်အရေးနှင့်ပတ်သက်၍ လွှတ်တော်အတွင်း ပြင်းပြင်းထန်ထန်ဆွေးနွေးခဲ့သူ တစ်ဦးဖြစ်သည့် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံသို့ ခြိမ်းခြောက်စာတစ်စောင် ရောက်ရှိ လာခဲ့ သဖြင့် ပြည်ေ ထာင် စု လွှတ်တော်နာယကထံသို့ တင်ပြထားကြောင်း သိရသည်။ အဆိုပါ ခြိမ်းခြော က် စာကို ဖေေ ဖာ် ၀ါရီလ 11 ရက်နေ့စွဲဖြင့် မြစ်ကြီးနားစာ တိုက်မှ ပေးပို့ခဲံခြင်းဖြစ်ပြီး စာပေးပို့သူ အမည် နာမည် ကို ကချင် ဘင်လာဒင် ဟု ရေးသားထားသည်။ အဆိုပါ ခြိမ်းခြောက်စာထဲတွင် “ခင်ဗျားနဲ့ ခင်ဗျားရဲ့ သားစဉ်မြေးဆက် မျိုး ဆက်အားလုံးကို ကျုပ်ကချင်အမျိုးသားတစ်ဦးအနေနဲ့ ရာသက်ပန်ရန်သူ အဖြစ် သ တ် မှတ်လိုက်ပြီ။ တွေ့ရာသင်္ချိင်းဓားမဆိုင်းဘဲ ကျုပ်ရဲ့ သားစဉ် မြေး ဆက်အတိုင်းဆက်လက်ပြီး ရန်သူ အဖြစ် သတ် မှတ်ထား လိုက်တယ်။” ဟု ပါရှိကြောင်းလည်း သိရသည်။

Messanger News Journal

ပါကစ္စတန် အနောက်တောင်ပိုင်းတွင် ဗုံးပေါက်ကွဲ၊ ၇၉ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ လူစည်ကားရာ ဈေးတစ်ဈေးတွင် ဗုံးပေါက်ကွဲကြောင်း၊ ရှီးယိုက်များအား ပစ်မှတ်ထား၍ ဖောက်ခွဲခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများ၊ ကလေးများ အပါအဝင် လူ ၇၉ ဦးသေဆုံးပြီး ၁၈ဝ ခန့် ဒဏ်ရာရရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားသည်။ ဗုံးပေါက်ကွဲမှု ပြင်းထန်သဖြင့် ကွတ်တာမြို့ဆင်ခြေဖုံးရှိ ရှီးယိုက်များ လွှမ်းမိုးချုပ် ကိုင်ထားသော ဟာဇာရာ ဈေးအနီးရှိ ရေသယ်ကားကြီး ပျက်စီးသွားကြောင်း၊ ကွတ်တာမြို့သည် ရေနံနှင့် သဘာ ဝ ဓာတ်ငွေ့ကြွယ်ဝသော ဘလူချီစတန်ပြည်နယ်၏ မြို့တော်ဖြ စ်ပြီး ဖေဖော်ဝါရီ ၁၆ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်က အဆိုပါဗုံး ပေါက် ကွဲခြ င်းဖြစ်ကြောင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်။ ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အဆောက်အ အုံအောက်တွင် ပိတ်မိနေသော အလောင်းများအား ရှာဖွေ၍ ဆွဲထုတ်နေရ သဖြင့် သေဆုံးသူဦးရေ ထပ်မံတိုး လာနိုင်ကြောင်း ကွတ်တာမြို့ရှိ ရဲတပ်ဖွဲ့အကြီးအကဲက အေအက်ဖ်ပီ သတင်းဌာန သို့ ပြောကြားသည်။ အဆိုပါ ရေသယ်ကားအတွင်း ပေါင် ၁၇၅ဝ အလေးချိန်ရှိသော ဖော က်ခွဲရေးပစ္စည်းများကို ထည့် ကာ ဖောက်ခွဲ လိုက်ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲ မှုကြောင့် နှစ်ထပ်အေ ဆာက် အအုံ တစ်လုံး ပြိုကျပျက်စီးသွားရာ ယင်းအဆောက်အအုံအတွင်း ပိတ်မိနေသူများရှိသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေရကြောင်း ဂိုဏ်းဂဏဆိုင်ရာ တိုက်ခိုက်မှုဖြစ်ပြီး ရှီးယိုက်များကိုပင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက ပြောကြားသည်။ 

(အင်တာနက်)

ရုရှား ယူရယ်တောင်တန်း ကယ်ဆယ်ရေး၊ သန့်ရှင်းရေး လုပ်ကြမည်

အလုပ်သမား ၉ဝဝဝ ကျော် ပါဝင်သော ကယ်ဆယ်ရေးနှင့် သန့်ရှင်းရေး အဖွဲ့ကြီးသည် သောကြာနေ့က ဥက္ကာပျံ ကျရောက်ခဲ့သော ယူရယ်တောင်တန်းများဆီသို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း ရုရှားအရေးပေါ် ဝန်ကြီးဌာနက စနေနေ့တွင် ကြေညာသည်။ မှန်ကွဲများကြောင့် ကလေး ၂ဝဝ အပါအဝင် ဒဏ်ရာရရှိသူ ၁၂ဝဝ ကျော်ကို အကူအညီပေးရန် သမ္မတ ဗလာဒီမာပူတင်က အမိန့်ထုတ်ခဲ့သည်။ ဥက္ကာပျံ ပေါက် ကွဲ မှုကြောင့် ဖြစ်ပေါ်လာသော ဂယက်လှိုင်းများက ခန့်မှန်းခြေ တံခါးပေါက်ဧရိယာ မီတာ၂ဝဝဝဝဝ ပျက် စီး စေခဲ့သည်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးသည် ဒေါ်လာ ၃၃ သန်းခန့် ရှိမည်ဟု ရုရှား တာဝန်ရှိသူများက တွက် ဆသည်။ 

(ဘီဘီစီ)

အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များ၏ ညအချိန် စီးနင်းမှု များကို အာဖဂန် နစ္စတန်တွင် ကန့်ကွက် ဆန့်ကျင်မှု ဖြစ်ပွား

အာဖဂန်နစ္စတန် နိုင်ငံတွင် အမေရိကန် ဦးဆောင်တပ်ဖွဲ့ဝင်များ၏ ညအမှောင် စီးနင်းမှု တစ်ရပ်တွင် ကျောင်းသားတစ်ဦး သေဆုံးခဲ့မှုကြောင့် ဝါဒက်ပြည်နယ်၌ ဆန္ဒပြမှုဖြစ်ပွားကြောင်း ပရက်စ်တီဗွီ တင်းဌာနက ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖော်ပြသည်။ ဆန္ဒပြသူများက မြို့တော် ကဘူးလ်နှင့် ကန်ဒါဟာမြို့တို့ကို ဆက်သွယ်ထားသော မီဒန်းရှားမြို့အတွင်းရှိ မိန်းလမ်းမကြီးကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ပိတ်ဆို့လိုက်သည်။ သေဆုံးသူ တက္ကသိုလ်ကျောင်းသား၏ ရုပ်အလောင်းကို သယ်ဆောင်၍ ပြည်နယ် အတွင်း လုံခြုံစိတ်ချစွာ နေထိုင်ရမှုကို အစိုးရက အာမခံချက်ပေးနိုင်မည့် ဆောင်ရွက်ချက် တစ်စုံတစ်ရာ မလုပ်ဆောင်မချင်း ကျောင်းသား၏ အလောင်းအား သင်္ဂြိုဟ်ခြင်း ပြုမည်မဟုတ်ဟု ဆန္ဒပြသူများ က ကြွေးကြော်ထားသည်။ ဝါဒက်ပြည်နယ် အီဘရာဟယ်ခါလီးရွာအတွင်း ဖေဖော်ဝါရီ ၁၅ ရက် ညအချိန် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ဝင်များ စီးနင်းဝင်ရောက်ပြီး အဆိုပါကျောင်းသားကို ဖမ်းဆီးသွားကာ သတ်ပစ်ခဲ့သည်ဟု ဒေသတွင်းသတင်း အရင်းအမြစ်များက ဖော်ပြ သည်။ ကျောင်း သားေ သ ဆုံးမှုကို အာဖဂန် တာဝန်ရှိသူများကလည်း အတည်ပြုချက်ပေးပြီး အခင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု စတင်နေပြီဟု သတင်းတွင် ဖော်ပြသည်။ 

(ပရက်စ်တီဗွီ)

၉ မိုင်ဂေါက်ကွင်း ဥက္ကဌ အား ပလေးဘွိုင်း သန်းနိုင် ဆဲရေးမှု အမှုကိစ္စ သတင်း စာရှင်းလင်းပွဲ ပြုလုပ်


၉မိုင်ဂေါက်ကွင်း ဥက္ကဌဦးစိုးဝင်း အပေါ် ဆဲရေး မိခဲ့မှုကို အဆိုတော် ပလေးဘွိုင်းသန်းနိုင်မှ ပြန်လည်တောင်းပန်မည့်ပွဲကို ယနေ့ နေ့လည် ၃နာရီတွင် ၉မိုင်ဂေါက်ကွင်း စည်းဝေးခန်းမ၌ ပြုလုပ် မည်ဖြစ်ေ ကြာင်းသိရသည်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ညတွင် ပြုလုပ်ခဲ့သော ၉မိုင်ဂေါက် ကွင်း ပျော်ပွဲ ရွှင်ပွဲညတွင် အဆိုတော် ပလေးဘွိုင်းသန်းနိုင် မှ ဥက္ကဌ ဦးစိုးဝင်းအား မိုက်ကရိုဖုန်းဖြင့် ဆဲရေးခဲ့မှုလို့ ဦးစိုးဝင်း မှ မရမ်းကုန်းရဲစခန်းတွင် ရဲအရေးပိုင်မှုဖွင့် အမှုဖွင့်ထားခဲ့ပြီး ဂီတအစည်းအရုံးကိုလဲ စာပို့ထား ရှိကြောင်း သိရသည်။ “တောင်းပန်ရင်တော့ အမှုကိုပြန်ပိတ်ပေးပါမယ်”ဟု ဦးစိုးဝင်းကပြောသည်။ ယင်းတောင်းပန်ပွဲ ကို မီဒီယာများ အား ဖိတ်ကြားထားကြောင်း သိရသည်။

Popular Myanmar News Journal

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် လျှောက်ထားမှု ပြည်တွင်း၊ ပြည်ပမှ အဖွဲ့ ၉၁ ခုထိရှိ

နိုင်ငံတစ်ဝန်းလုံး ဆက်သွယ်ရေး ဝန်ဆောင်မှု ရရှိစေမည့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင် စင် နှစ်ခုအား တင်ဒါခေါ်ယူခဲ့ရာ ၉၁ ဖွဲ့ လာရောက် လျှောက်ထားခဲ့ကြောင်း Telecommunication Operator တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ကြေညာသည်။ အဆိုပါတင်ဒါ စိတ်ဝင်စားမှု လျှောက်လွှာ များ ကို ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ခေါ်ယူလျှောက်ထားစေခဲ့ရာမှ ၉၁ ဖွဲ့ လာရောက် လျှောက် ထား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group မှ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် တရားဝင် လျှောက်ထား

Eleven Media Group သည် Daily Eleven အမည်ဖြင့် နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြန်ကြားရေး ဝန်ကြီးဌာနသို့ တရားဝင် လျှောက်ထားခဲ့ပြီး ဖြစ်ပါသည်။ လက်ရှိတွင် ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် လျှောက်ထားမှုမှာ Eleven Media Group အပါအဝင် သတင်းစာ ရှစ်စောင် ရှိပြီဖြစ်ကြောင်း သိရသည်။ ၄င်းတို့မှာ အင်ပါယာ နေ့စဉ်သတင်း စာ၊ ခေတ် မိုး နေ့စဉ်သတင်းစာ၊ ရွှေနိုင်ငံ နေ့စဉ် သတင်းစာ၊ နေရှင်နယ် တိုင်းမ် နေ့စဉ် သတင်း စာ၊ မြန်မာ န ယူးဝိခ် နေ့စဉ်သတင်းစာ၊ မဇ္ဈိမ(မြန်မာ) နေ့စဉ်သတင်းစာနှင့် ကမ္ဘာ နေ့စဉ် သတင်းစာတို့ ဖြစ်ကြောင်း သိရသည်။ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုမ  ည် ဖြစ်ေ ကြာင်း ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ‘ဒီဇင်ဘာလ ၂၈ ရက်နေ့က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့မှစ၍ သတင်းစာ ထုတ်ဝေခွင့်များ တင်ပြလျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထုတ်ဝေခွင့်ပြုသည့် ပုဂ္ဂလိက နေ့စဉ်သတင်းစာများ အနေဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ထုတ်ဝေနိုင်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပြည်ထောင်စု အစိုးရနှင့် တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက်ခွင့် တိုင်းရင်းသား ရေးရာ ဝန်ကြီးများအား နိုင်ငံတော် သမ္မတ ပေးအပ်

နိုင်ငံတော်သမ္မတက တိုင်းရင်းသားရေးရာ ၀န်ကြီးများအနေဖြင့် ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ခွင့်ကို ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ် ပေးအပ်ခဲ့ကြောင်း တိုင်းရင်းသားရေးရာ ၀န်ကြီးများက ပြောသည်။ "ကျွန်တော်တို့ကို သမ္မတကြီးက အချိန်မပေးနိုင်တဲ့အတွက် ဆွေးနွေးခွင့်တော့ မရခဲ့ဘူး။ ဒါပေမယ့် သမ္မတရုံး ၀န်ကြီး ဦးလှထွန်းရဲ့ ဖုန်းနံပါတ်ကိုပေးပြီး ကျွန်တော်တို့ တင်ပြချင်တာတွေကို သူကတစ်ဆင့် တင်ပြနိုင်တယ်လို့ ပြောတယ်" ဟု မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဆလိုင်း ဦးလှ ထွန်း က ပြောသည်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်မှာ တိုင်းနှင့် ပြည်နယ်အားလုံး တိုးတက်မှု ရှိရန်နှင့် တိုင်း ရင်း သား တိုင်း တန်းတူညီမျှ အခွင့်အရေး ရရှိမှသာ ဖြစ်နိုင်သောကြောင့် ယခုကဲ့သို့ ဗဟို အစိုးရနှင့် တိုက် ရိုက် ချိတ်ဆက် ဆောင်ရွက်ခွင့်ပြုခြင်းကို ကြိုဆိုကြောင်းလည်း ၀န်ကြီးများ က ပြော ကြား သည်။ 

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ မတ်လ ကုန်တွင် ထွက်ရှိမည်

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ၂ဝ၁၃ ခုနှစ် မတ်လကုန်တွင် ထွက်ရှိမည် ဖြစ်ကြောင်း၊ ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားသည်။ ''အခုလောလောဆယ် ကြားဖြတ် အစီရင်ခံစာ တင်ပြီးသွားပြီ။ အပြီးသတ် အစီအရင်ခံစာကိုတော့ မတ်လ နောက်ဆုံးပတ်လောက်မှာ ထွက်ရှိနိုင်အောင် ကြိုးပမ်းနေပါတယ်'' ဟု ဦးကိုကိုကြီးက ပြောကြားသည်။ ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂ဝ၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က အဖွဲ့ဝင် ၂၇ ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က ကော်မရှင်၏ အစီရင်ခံစာကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် နောက်ဆုံးထား၍ နိုင်ငံတော်သမ္မတထံသို့ အပြီးသတ် တင်သွင်းရမည် ဖြစ်သော် လည်း နိုဝင်ဘာလ နောက်ဆုံးပတ်တွင် သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်သွင်းနိုင်ခဲ့ပြီး အပြီးသတ် အစီအရင်ခံစာ တင်ရမည့် ရက်ကို ၂ဝ၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ တိုးမြှင့်တောင်းဆိုခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေနိုင်သော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြားထိခိုက်မှုများ၊ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်မှုများ၊ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနိုင်မှု၊ ပဋိပက္ခချုပ်ငြိမ်းရေး အတွက် ရေတိုရေရှည် ဆောင်ရွက်သင့်သည့် အချက်များ၊ ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများ၊ တရားဥပဒေစိုးမိုးရေး အကြံပြုချက်များ၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်များကို သုံးသပ်ချက်နှင့်တကွ ပါဝင်မည်ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

ဘိုကလေးချောင်း တာတမံနှင့် ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက် ခွင့်ရရန် နိုင်ငံတော် သမ္မတ ထံတောင်းဆို



ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ ဘိုကလေးကျေးရွာတွင် ဆောင်ရွက် အကောင်အ ထည်ဖော်မည့်  ဘိုကေလေးချောင်းတာတမံနှင့် ရေးအားလျှပ်စစ် စီမံကိန်းတည်ဆောက် ခွင့်ရ ရန် နိုင် ငံတော် သမ္မတထံသို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တောင်းဆိုစာပေးပို့ခဲ့ကြောင်း သိရသည်။

"  ဘိုကလေးချာင်း တာတမံနှင့် ရေးအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ခွင့်ပြုရန်၊ ဒေသခံပြည်သူတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် စက်ရုံဆယ်ရုံ တည်ဆောက်သွား မယ်၊ ဒေသဖွံ့ဖြိုးေ ရးတွေလု ပ် သွားမယ်ဆိုပြီး ဒေသခံပြည်သူတွေ၊ ရဟန်းသံဃာတွေ လက်မှတ် (၃၀၀)နှင့်အတူ ဖေဖော်ဝါရီ ဆယ်ရက်နေ့ က သမ္မတဆီကို ဘိုကလေးဆရာတော်ကိုယ်တိုင် သွားရောက်စာတင်ခဲ့တယ်။ " ဟု သဇင်ရွှေရိုး မ ဒေသဖွံ့ဖြိုးရေး ကုမ္မဏီလီမီတက်၏ ဒါရိုက်တာ ဦးတင်ဦးမှ ပြောသည်။

ပြည်သူက ယုံကြည် ကိုးစားသော တပ်မတော်အဖြစ် ဆောင်ရွက်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် တပ်မတော် မိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြား


ပြည်သူက ယုံကြည်ကိုးစားသော တပ်မတော်အဖြစ် ဆောင်ရွက်ရန်နှင့် တပ်မတော်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို မှန်မှန်ကန်ကန် အသိတရားရှိရှိဖြင့် လိုက်နာကြရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။          ဖေဖော်ဝါရီ  ၁၃ ရက် က နေပြ  ည်ေ တာ် ရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ကျောင်းခန်းမ၌ ပြုလုပ်သော နိုင် ငံေ တာ် ကာကွယ်ေ ရး တက္က သိုလ်မှ သင်တန်းသားအရာရှိကြီးများနှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ် နယ်မြေရှိ တပ် နယ်ခြောက်ခုမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် တွေ့ဆုံစဉ် တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။  
      

ကောင်းမွန်သော အစိုးရ တရပ် ဖြစ်စေရေး အတွက် ပြယုပ် တစ်ခု

နတ်တလင်းမြို့၊ ရန်ကုန် ပြည်လမ်းရှိ သစ်တော ဦးစီးဌာနရုံးမှ သစ်တော ဦးစီးအရာရှိ ဦးခင်မောင်ကျော် သည် 14.2.2013 ရက်နေ့ 0930 အချိန် သစ်တောရုံး၍ ရုံးလုပ်ငန်း ဆောင်ရွက်နေစဉ် ကိုခင်ဝင်း (၆၁) နှစ် (ဘ) ဦးမောင်ဦး၊ အရောင်းအ၀ယ် လုပ်၊ ကမ္မမြို့နေသူမှ ခွင့်ပြုချက် တောင်းခံခြင်းမရှိပဲ ရုံးအတွင်း ၀င်ရောက်လာပြီး ညောင်လေးပင် ကျေးရွာတွင် ဖြစ်ပွားခဲ့သော တရားမ၀င် သစ်ဖမ်းဆီး ခဲ့မှုအပေါ် လာရောက် ညှိနှိုင်းပေးခြင်း ဖြစ်ကြောင်း၊ ၀န်ထမ်း တစ်ဦးအား စိတ် အနှောက် အယှက် ဖြစ်စေရန် လည်းကောင်း၊ ၀န်ထမ်းအား အဂတိ လိုက်စားရန် မြူဆွယ်သော စကားဖြင့် လည်းေ ကာင်း ၊ နှောက်ယှက် ပြောဆိုခဲ့သဖြင့် ကိုခင်ဝင်းအား မြို့နယ် သစ်တောဦးစီးဌာနရုံးမှ ဖေ ၁၄ ရက်ရက်စွဲပါ တိုင်စာ ပေးပို့ တိုင်ကြားသဖြင့် 1430 အချိန် နတ်တလင်း ရဲစခန်း (ပ) ၅၄/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၅၃ ဖြင့် အမှု ဖွင့်လှစ်ထားရှိပြီး ဒုရဲအုပ်ကျော်မိုးမှ စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည် .....

သာကေတတွင် ဖြစ်ပွါးနေသော အာရဗီကျောင်း အား ပြည်သူများမှ ဝိုင်းဝန်း ဖြိုဖျက် နေခြင်းသည် အဆိုပါကျောင်းမှာ ဗလီအဆင့် သို့ တိုးချဲ့နေခြင်းကြောင့် စည်ပင်သာယာမှ ဖျက်သိမ်း အရေးယူဖို့ သတိပေးခြင်း ခံထားရသော ကျောင်း ဖြစ်သည့် အတွက် တရားဥပေဒနဲ့ ညီညွှတ်

သာကေတမြို့နယ်တွင် မြို့နယ်လူထုမှ ဝိုင်းဝန်းဖြိုဖျက်နေသော အာရဗီကျောင်းဆောင်သည် ယခင် ကတည်းက အမိုးပြင်ဆင်ရန်ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်သာယာ အား လျှောက် ထားခဲ့ေ သာ် လည်း စည်ပင်သာယာစည်းကမ်းနဲ့မညီညွှတ်ပဲ ဗင်္လီအဆင့်မြင့်နေသောကြောင့် စည်ပင်သာ ယာ ၏ အင် ဂျင်နီယာဌာနမှ ဖျက်သိမ်းရန် သတိပေးပြီး မလိုက်နာပါက အရေးယူမည်ဟု အမိန့်စာ ထုတ်ပြန် ထား ရသော အာရဗီကျောင်းဖြစ်ပါသည် ။ယခုအခါ စည်ပင်သာယာမှ အမိန့်စာထုတ်ထား သည့်တိုင် ဗလီ အဆင့်သို့မြင့်တင် ဆောက်လုပ်နေ သည့်အတွ က်  မြို့ နယ် လူထုမှ သည်းမခံနိုင်ေ သာေ ကြာင့်ဖြို ဖျက် လိုက်ခြင်းဖြစ်ရာ စည်ပင်သာယာအတွက် အမှုတ စ် ခု ထပ်မတိုး ပဲ ပြည်သူ လူထု အကူအ ညီကြော င့် ပြဿ နာတစ်ခု ပြေငြိမ်းနိုင်ပြီး ဘာသာရေးအတွက် တားဆီး ရာရောက်ပါသည် ။
 

ယနေ့ လောင်ကျွမ်းခဲ့သော မောင်တောမီး ဒဏ်ရာရသူများရှိ


ရခိုင်ပြည်နယ် မောင်တောမြို့တွင် ယနေ့ နံနက်ပိုင်းက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ  ဒဏ်ရာ ရသူ တချို့ရှိကြောင်း သတင်း ရရှိသည်။ မီးလောင်မှုမှာ မောင်တောမြို့ အောင်မြေဗောဓိရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီခန့် ဖြစ် ပွားခဲ့သည်။“ အိမ်တစ်ဆောင် မီးထဲပါသွားပါတယ်။ ဘယ်သူ့အိမ် ဆိုတာတော့ ကျွန်တော်မသိဘူး။ အခုမီးလောင် တဲ့နေရာက ကျွန်တော်တို့ နဲ့ဝေးပါတယ်။  ကျွန်ေ တာ်ေ ရာက် သွားတဲ့ အခါတော့ အဲဒီအိမ်က လင်မ ယား ၂ ယောက်လုံး ကို ဆေးရုံယူ သွား ပြီ လို့သိရပါတယ်။ မိန်း မဖြစ်သူက ဒဏ်ရ ပြင်းထန်တဲ့ အတွက် မောင်တော ဆေးရုံကလက်မခံလို့ ဘူးသီးေ တာင်ေ ဆးရုံးကို ယူ သွားတယ်လို့ အဲဒီနားက လူတွေပြော ပါတယ်” ဟု မီးလောင်သည့်နေရာကို သွားရော က် ကြည့်ရှုခဲ့သည့် မောင်တောမြို့ခံ တစ်ဦးက ပြော သည်။

ဖက်ဒရယ် မရရင် တိုင်းရင်းသားများ လက်နက်စွန့်မည် မဟုတ်


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြှောက် ပြည်ထောင်စုနေ့ကို ဖေဖေါ် ၀ါရီ လ ၁၆ ရက်နေ့ကမှ ညီနောင် တိုင်းရင်းသားပါတီများ ဖယ်ဒရယ်ရှင်း အဖွဲ့ဝင် တိုင်းရင်းသား ပါတီတွေ က ရန်ကုန်မြို့ တော်ဝင်နှင်းဇီမှာ ကျင်းပခဲ့ကြပါတယ်။ တိုင်ရင်းသားတွေ ဘာကြောင့် ပြည်ထောင်စုနေ့ ကို ဖေဖေါ် ၀ါရီလ ၁၂ ရက်နေ့မှာ မကျင်းပဘဲ ၁၆ ရက်နေ့မှာ ကျင်းပရတာပါလဲလို့ အဖွဲ့ဝင် ပါတီ တစ်ခု ဖြစ် တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကို နိရဉ္စရာ က ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။
ဦးလှစော- ဟုတ်ပါတယ်။ အဲဒီနေ့က ရန်ကုန်မှာ အခမ်းအနားတွေ များနေတဲ့အတွက် ကျွန်တော်တို့ အတွက် သင့်တော်တဲ့ နေရာ တစ်ခုကိုရဖို့ အခက်အခဲရှိပါတယ်။ နောက်တစ်ခုကလည်း ကျွန်ေ တာ် တို့ ခေါင်းေ ဆာင် တချို့က နေပြည်တော်မှာ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်နေ ကြ တယ်ဆိုတော့ အး လုံး ခေါင်းဆောင်တွေ ပါဝင် တက်ရောက်နိုင်အောင် ကျွန်တော်တို့ က နောက် ဆုတ် လိုက်တာပါ။ အဓိ က အကြောင်းတွေကတော့ ဒါတွေကြောင့်ပါဘဲ။ တခြားနိုင်ငံေ ရး ပြဿ နာ အေ ထွ အထူးမရှိပါ။
 

မတော်မလျော် အဆိုမတင်သွင်းကြစေလို

ကျွန်မသည် မြန်မာလူမျိုးဖြစ်သည်။ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သည်နှင့်အညီ ကိုယ့်နိုင်ငံ၏ အရေးကိစ္စ မှန်သမျှ မျက် ခြည် မပြတ် စေရန် အစဉ်အမြဲကြိုးစားသူ တစ်ယောက်ဖြစ်ပါသည်။  လွှတ်တော် အစည်းအဝေးများကို လည်း စိတ်ဝင်စားသည်။ မည်သည့် အဆိုတင်သွင်းသည်၊ မည်သည့်ဥပဒေ ကြမ်းတင်သွင်းသည်။ မည်သည့်ဥပဒေ ပြင်ဆင်သည်။ ဥပဒေ ဟောင်းများ ထဲမှ ခေတ်နှင့်မလျော်ညီသော ဥပဒေများကို ပယ်ဖျက်မဖျက်၊ ဒါက ကျွန်မအတွက် အာရုံစိုက် ရမည့် ကိစ္စများသာ ဖြစ်နေပါ တော့သည်။

ဤသို့ အာရုံစူးစိုက်မှုများမှသည် မတော်မလျော် အဆိုတင်သွင်းမည့်ကိစ်္စ တစ်ခုကိုကျွန်မအတော်ပင် တုန်လှုပ်မိပါသည်။ “အမျိုးသမီး လိင်အလုပ်သမားများအ တွက် ဥပဒေသစ်ပေါ် ထွက်စေေ ရး ထောက်ခံပေးမည်”ဟူသော သတင်းတစ် ပုဒ်ကို ထိတ်လန့်တကြား ဖတ်လိုက်ရ ပါသည်။ တစ်ဆက် တည်း ၎င်းသတင်းထဲ ၌ပင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ် သည့်ပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီအဖွဲ့ဝင်တစ် ယောက် လည်းဖြစ်သော ဒေါ်လဲ့လဲ့ဝင်း ဆွေကထိုဥပဒေကို လွှတ်တော်တွင် အဆိုတင်သွင်းလာပါက ကန့်ကွက်သွား မည်ဟု သိရှိရပြန်တော့ အနည်းငယ် ရင်အေးရသလိုခံစားသွား ရပြန်ပါ သည်။ ဒေါ်လဲ့လဲ့ဝင်းဆွေသာမက လွှတ်တော် ကိုယ်စားလှယ်များအားလုံး အမျိုးသား ရေးတစ် ရပ် အေ နဖြင့်ေ သ်ာလည်းကောင်း မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက်္ခာနှင့် ကိုယ့်ကျင့်တရားကို ထိန်းသိမ်းသည့် အနေဖြင့်သော်လည်းကောင်း၊ ယင်း ဥပဒေသစ် လုံးဝပေါ်ပေါက် မလာစေရန် အထူးတလည် ကာကွယ်ကြရမည် သာ ဖြစ်ပါသည်။ မြန်မာ မိန်းကလေး တစ်ဦး၏ ခြေ တစ်လှမ်းသည် ကုဋေ တစ်သန်း ပင်တန် သည်ဟု တင်စားဖွဲ့ဆို ခဲ့ကြသည်မဟုတ်ပါလား။ ယခုတလော ရန်ကုန်မြို့ လူစည်ကားရာအရပ်များနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပွဲတော်များမှာ ပင် မြန်မာအမျိုးသမီးငယ်များ၏ မလုံမခြုံ ၀တ်စားဆင်ယင်မှုများကို တွေ့မြင်နေရ သဖြင့် ရင်မောရသည့် အထဲ Sex Worker ဆိုပြီး ကိုယ့်မြန်မာနိုင်ငံမှာ တရားဝင် ဟိုဟာလုပ်ကိုင်ခွင့်တောင်းဆိုကြဦးမည် ဆိုသည်ကတော့ လားလားမျှမ သင့်ေ တာ် ကျွန်မတို့ဗိုလ်ချုပ်ပြောသလို ဟိုနိုင်ငံဖြစ် ဖို့ကြိုးစားနေ ကြပြီ လားဟု မေးလိုက်ချင် ပါသည်။

မြန်မာသဘောင်္ ဖီလစ်ပိုင် တွင် နစ်မြုပ်၊ တစ်ဦးသေ ၁၄ ဦး ပျောက်ဆုံး

ဖိလစ်ပိုင် နိုင်ငံ ပန်ဂီစီနန် ဒေသ အနီးတွင် ယနေ့ နံနက် ၉ နာရီခန့်၌ မြန်မာ သင်္ဘော တစ်စီး နစ်မြုပ်သဖြင့် သင်္ဘောသား တစ်ဦး သေဆုံးကာ ၁၄ ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ဖိလစ်ပိုင် အခြေစိုက် GMA သ တင်းတွင် ဖော်ပြထားသည်။ အရီတာ ဘော့စိုက် အမည်ရှိ အဆိုပါ သင်္ဘောသည် ဖီလစ်ပိုင် နိုင်ငံ ပန် ဂစီ နန် ဒေသရှိ ဘိုလီနောဝ် မြို့ အနီးတွင် စက်အင်ဂျင် ချို့ယွင်း သွားခဲ့ပြီး ပြင်းထန်သော လှိုင်းလုံး များေ ကြာ င့် လုံးဝ ပျက်စီးကာ နစ်မြုပ် သွားခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် ဆိပ်ကမ်း ရဲ တပ်ဖွဲ့ က ပြော ကြားေ ကြာင်း ယင်း မီဒီယာ တွင် ဖော်ပြ ထားသည်။ သင်္ဘော နစ်မြုပ်သည့် သတင်း ရလျှင်ရချင်း ဘို လီနောဝ် အစိုး ရ အ ဖွဲ့မှာ စက်လှေများ စေလွှတ်၍ ကယ်ဆယ်ရေးနှင့် ရှာဖွေ ရေး လုပ်ငန်းများ စတင် ခဲ့ သည်ဟု ဆိပ်ကမ်း ရဲ များက ဆိုကြောင်း ယင်းသတင်း ဌာန တွင် ဖော်ပြထားသည်။ လက်ရှိ အခြေ အနေ တွင် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာ ရကာ ၁၄ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ယင်း သတင်း အရ သိရသည်။

www.MyanmarExpress.net

ဆက်သွားချင်သေးတယ် ဆိုရင်