Pages

Tuesday, January 29, 2013

ငြိမ်းချမ်းရေး အတွက် တဲ့ ပူတာအို မှာ ဆန္ဒပြ ပြန်ပြီ


ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်ပွဲတစ်ခုကို ဒေသခံတိုင်းရင်းသား ရပ်မိရပ်ဖအဖွဲ့များက ဦးဆောင်၍ ပူတာအိုမြို့တွင် ယနေ့ (ဇန်န၀ါရီ ၂၉) နံနက် ၁၀ နာရီမှ စတင်ပြုလုပ်နေကြောင်း သတင်း ရရှိ သည်။

အင်အား ၃၂၀ ခန့်ပါဝင်သော ဆန္ဒဖော်ထုတ်သူများသည် စစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရရှိ လိုကြောင်း ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဟိုခိုရပ်ကွက်မှ မြို့မဈေးလမ်းဆုံအထိ တစ် မိုင် ခွဲခန့် လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်ဟု သတင်းရရှိသည်။

"တရားဝင်ခွင့်ပြုချက် တစ်နာရီရထားပါတယ်။ အဓိကက ကချင်ပြည်နယ်ငြိမ်းချမ်းဖို့ပါ။ တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ ၂၅ ရက်က မြစ်ကြီးနားက ထွက်တဲ့ ယာဉ်တန်းက အခုမှ ဒီရောက်တယ်။ ကုန်စည် စီးဆင်း မှုမဖြစ်တော့ ဒီမှာအရမ်းအခက်တွေ့နေပါတယ်" ဟု ပူတာအိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတာဝန်ခံ ဦးဖုန်ရိမင်က ပြောသည်။

7DayNewsJournal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်