Pages

Tuesday, March 26, 2013

နေ့စဉ် သတင်းစာ ၈ စောင် ထပ်မံခွင့်ပြု၊ ယှဉ်ပြိုင်မှုနှင့် စိန်ခေါ်မှု များမည်

ပုဂ္ဂလိက နေ့စဉ် သတင်းစာ ထုတ်ဝေရန် လျှောက်ထား သူများ အနက်မှ ဒုတိယ အသုတ်အဖြစ် နောက်ထပ် ၈ စောင်ကို ထပ်မံခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့၏ မတ်လ ၂၅ ရက်နေ့က စိစစ်ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်း စုကြည် လျှောက်ထားသော ဒီလှိုင်း သတင်းစာအပြင် အခြား ၇ စောင်ကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ယာယီ ထုတ်ဝေခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ ထိုအထဲတွင် The Daily Eleven ၊ စံတော်ချိန်၊ ခေတ်သစ်နေ့စဉ်၊ ရန်ကုန်တိုင်း(မ်) ၊ မြန်မာဓိက ၊ ပြည်ထောင်စုအသံနှင့် ၇ ရက် နေ့ စဉ် သတင်းစာတို့ ပါဝင်သည်။

“သတင်းစာထုတ်မယ်ဆိုပြီး လူတွေကအိပ်မက်မက်ပြီး ဂျာနယ်တွေ ထွက်ကြတယ်။ ခု တကယ် ထုတ်ဝေ ခွင့်ရပြီဆိုတော့ ကျနော်တို့က ပြင်ဆင်ရတော့မှာ။ ယှဉ်ပြိုင်မှုလည်း အရမ်းများမယ့် အနေ အထားမှာ ရှိတယ်။ တဖက်မှာလည်း ဈေးကွက် ကြီးကြီးမားမား ကျယ်ပြန့်လာမယ့် အနေအထား မရှိဘူး။ အဲဒီတော့ စိန်ခေါ်မှုတွေ အများကြီး ဖြတ်သန်းရမှာတော့ ရှိတယ်” ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ၏ ထုတ်ဝေသူ ဦးကိုကို(စက်မှု)က ပြောသည်။ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ ထုတ်ဝေရေး ပြင်ဆင်ရန်အတွက် အချိန်အနည်းငယ် ယူရမည်ဖြစ်ပြီး ဇွန်လတွင် စတင်ထုတ်ဝေနိုင်မည် ဟု ၎င်းက မဇ္စျိမကို ပြောသည်။

သမိုင်းမှာ တိုင်းပြည်ပျက်ဖို့ကြုံခဲ့ တိုင်း သစ္စာမဖောက်ရေးကိုဦးထိပ် ပန်ဆင်ပြီး တိုင်းပြည်မျက်နှာထောက် ခဲ့တဲ့တပ်မတော်ကဘယ်သူ့ကိုညာ ရမှာလည်း

 
 
ဗိုလ်မှူးချုပ်အုန်းမြင့် (ငြိမ်း)
တပ်မမှူး (ငြိမ်း)၊ မွန်ပြည်နယ်ဝန် ကြီးချုပ်

“သမိုင်းမှာ တိုင်းပြည်ပျက်ဖို့ကြုံခဲ့ တိုင်း သစ္စာမဖောက်ရေးကိုဦးထိပ် ပန်ဆင်ပြီး တိုင်းပြည်မျက်နှာထောက် ခဲ့တဲ့တပ်မတော်ကဘယ်သူ့ကိုညာ ရမှာလည်း”

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင် တဲ့ တပ်မတော်ကြီးဟာ မြန်မာ နိုင်ငံရဲ့လွတ်လပ်ရေးကိုရအောင်  ယူပေးနိုင်ခဲ့တယ်။ လွတ်လပ်ရေး  ရပြီးတော့ရော တပ်မတော်နဲ့ အခန်းကဏ္ဍာကပြီးဆုံးသွားသလား  ဆိုတော့ မပြီးဆုံးသွားဘူး။ အဲဒီ မှာခွဲထွက်မယ်ဆိုတာတွေ ရောင်စုံသူပုန်ထတာတွေ ဖြစ်လာ တယ်။ ပြောရရင်တိုင်းပြည်ပြိုကွဲ  တော့မယ့်အထိ ရန်ကုန်အစိုးရ  တစ်ခုပဲကျန်တော့တဲ့အထိဖြစ်ခဲ့ တယ်။ အဲဒီမှာ တိုင်းပြည်မျက်နှာ   တစ်ခုထဲကိုကြည့်ပြီး ရပ်တည်ခဲ့ တာတပ်မတော်ပဲ ခေတ်တွေပြောင်း  လာတယ်။ နောက် န.၀.တ လက်ထက်မှာလည်း တိုင်းပြည် ပျက်မှာစိုးလို့ အဲဒီ န.၀.တ ကို ရော အစိုးရကိုရောဖျက်သိမ်းလိုက်  တယ်။ မဖျက်သိမ်းရင်တိုင်းပြည် ပျက်တော့မယ်လေ။ ပြောရရင် တပ်မတော်က ဘယ်သူ့ကိုညာရ မှာလည် သမိုင်းမှာရောတပ်မတော်  က ညာခဲ့တာမျိုးရှိသလား။ ကျွန်တော်မေးမယ်။ သမိုင်းတစ် လျှောက်တိုင်းပြည်မျက်နှာထောက် ပြီး သစ်္စာမဖောက်ရေး၊ တိုင်းပြည်  သစ္စာဖောက်ဖျက်ပြီးပုန်ကန်တာ ကလွဲပြီး မဖြုတ်ကြေးဆိုတာကို ဦးထိပ်ပန်ဆင်ခဲ့တာ တပ်မတော်  ပဲလေ။ ၆၆/၆၇မှာလည်း ဆန်ကိစ္စ  ကြောင့် မော်စီတုန်းအရေးခင်းဆို တာဖြစ်ခဲ့တယ်။ န.၀.တ လက်ထက်တုန်းကလည်း ခေါင်းဖြတ် ဘာဖြတ်နဲ့ တိုင်းပြည်မှာ မရိုမရဲ ဖြစ်နေတာ ဒီလိုအခြေအနေတွေ ကိုမှာသာ တပ်မတော်က တိုင်း ပြည်မျက်နှာမကြည့်ပဲ။ မျက်နှာ  လွဲနေခဲ့မယ်ဆိုရင် တိုင်းပြည်ဘာ ဖြစ်သွားမလဲ။ ဟုတ်တယ်မှတ် လား ကျွန်တော်တို့နိုင်ငံမှာ တိုင်းပြည်ပျက်ဖို့ခဏခဏကြုံခဲ့ တယ်။ အဲသလိုကြုံခဲ့တဲ့အချိန် တိုင်းမှာလည်း တပ်မတော်က တိုင်းပြည်မျက်နှာထောက်ပြီး ပါဝင်ရပ်တည်ခဲ့ရတာ ဒီဟာတွေ ကို နောက်လူတွေကဘာမှမသိခဲ့  တာမဟုတ်ဘူး။ ပြောရရင်တပ်မတော်  ဟာ တိုင်းပြည်ကို ဘယ်တော့မှ မညာဘူး။ အမြဲအနစ်နာခံပြီး ရပ်တည်ပေးဆပ်ခဲ့တာပဲရှိတယ်။

Hot News

မြန်မာတွေ မှန်ကင်းအစစ်ဖြစ်လျက် ထင်းအဖြစ်နေခဲ့ရတဲ့ အပြစ်က လွတ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းဦး ဆောင်တဲ့ လူငယ်မျိုးချစ်တွေဟာ ရင်မြေကတုတ်ပြုပြီး ပေးဆပ်တိုက် ပွဲဝင်ခဲ့ကြတယ်

 
ဗိုလ်မှူးချုပ်တင့်ဆွေ (ငြိမ်း)
အမျိုးသားစာပေဆုရှင် ဆရာကြီး တင့်ဆွေ (ငြိမ်း)

“မြန်မာတွေမှန်ကင်းအစစ်ဖြစ်လျက် ထင်းအဖြစ်နေခဲ့ရတဲ့ အပြစ်က လွတ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းဦး ဆောင်တဲ့ လူငယ်မျိုးချစ်တွေဟာ ရင်မြေကတုတ်ပြုပြီး ပေးဆပ်တိုက် ပွဲဝင်ခဲ့ကြတယ်”

မြန်မာတွေက မှန်ကင်းအစစ်  ဖြစ်ပါလျက် ထင်းအဖြစ်နဲ့ နေ့ခဲ့ ရတယ်။ ဒီလိုဘ၀မျိုးကို မြန်မာ  တစ်မျိုးသားလုံးကလည်းမလိုလား။ ကျွန်တော်ကိုယ်တိုင်လည်းမလို လားဘူး။ မြန်မာနိုင်ငံကို သူ့ကျွန် ဘ၀ကလွတ်မြောက်စေချင်တာ  မြန်မာတစ်မျိုးသားလုံးရဲ့ ဆန္ဒ၊ အဲဒီခေတ်တုန်းက လူငယ်တွေရဲ့ ဆန္ဒပါပြောရရင် လွတ်လပ်ရေး ဆိုတာကို ဘယ်လောက်လိုချင် တက်မက်သလဲ၊ လူငယ်တွေ လွတ်လပ်ရေးမာန်ဘယ်လောက် ပြင်းထန်ကြသလဲဆိုရင် ဗိုလ်ချုပ် အောင်ဆန်းအပါအ၀င်လူငယ်လေး   တွေဟာ မိဘကိုဖယ်ခွာ၊ ဇာတိရပ် ရွာကိုကျောခိုင်း၊ ချစ်သူကိုစွန့်ပြီး လွတ်လပ်ရေးရအောင်ယူမယ်ဆို တဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့ တပ်မတော်  ကြီးထဲကိုဝင်ခဲ့ရတယ်။ ပြောရရင်  တပ်မတော်ထဲဝင်ခဲ့တဲ့ လူငယ်တွေ ဟာ လွတ်လပ်ရေးရမှ မုတ်ဆိတ် ရိတ်မယ်၊ လွတ်လပ်ရေးရမှ မိမိ ထောင်ပြုမယ်ဆိုတဲ့ သံဓိဋ္ဌာန်နဲ့ လွတ်လပ်ရေးကိုအရယူခဲ့တာလွတ် လပ်ရေးရတော့ တစ်မျိုးသားလုံး ကပျော်ရွှင်ကြဗျောက်အိုးဖောက် သံ၊ မီးပန်းမီးရှုးလွှတ်သံတွေနဲ့ အတူပျော်ကြပေါ့ဗျာ။ အဲသလို   မီးပန်းဖောက်သံတွေနဲ့အတူ ရောင်စုံသူပုန်တွေနဲ့ သေနတ်သံ တွေ၊ မိုင်းခွဲသံတွေ၊ ဆူပူသံတွေ ကြောင့် ပြည်သူတွေခမျာလွတ်လပ်  ရေးအရသာအပြည့်အ၀မခံစားရ ရှာပဲ။ သောကဝေခဲ့ပြန်ရော သောင်းကျန်းမှုမချုပ်ငြိမ်းရင်တိုင်း ပြန်လည်းမတိုးတက်ဘူး။ ဒီအချိန် မှာ လွတ်လပ်ရေးရပြီးပါက နိုင်ငံ  ထူထောင်ရေးကိုဘယ်လိုလုပ်ကြ  မလဲဆိုတဲ့ အတွေးတွေလည်းေ၀၀ါးသွားခဲ့တယ်။ အဲဒီမှာပဲ။ လူငယ်တွေက သူတို့ဘက်တားတဲ့   စစ်ပညာနဲ့ သောင်းကျန်းသူတွေ ကို နိမ့်နင်းခဲ့ရတယ်။ တရုတ်ဖြူ  ကျူးကျော်မှုကလည်းတစ်မှောင်   တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်ဖြစ်နေတဲ့ အခြေအနေ မှာ ပေးအပ်တဲ့တာဝန်ကိုကျေပွန်   စွာနဲ့ ကံကြမ္မာများ ဗုံးသံ၊ အမြှောက်သံ၊ သေနတ်သံတွေကြား  မှာ ကိုယ်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက်  ရင်မြေကတုတ်ပြုပြီး အသက်ပေး  ရပ်တည်ခဲ့တာတပ်မတော်ကြီးပဲ။

Hot News

တပ်မတော်ကိုတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဟာတပ်မတော် ကြီးရဲ့ ဖခင်ကြီးဖြစ်သလိုတပ်မတော် သားတွေရဲ့ ခေါင်းဆောင်ကြီးလည်း ဖြစ်ပါတယ်

 
ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ (ငြိမ်း) စစ်ဒေသမှူးနှင့် ၀န်ကြီး (ငြိမ်း)

“တပ်မတော်ကိုတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာတပ်မတော်   ကြီးရဲ့ ဖခင်ကြီးဖြစ်သလိုတပ်မတော် သားတွေရဲ့ ခေါင်းဆောင်ကြီးလည်း ဖြစ်ပါတယ်”

တပ်မတော်စဖွဲ့စည်းတဲ့နေ့ ဒီဇင်ဘာလ (၂၇) ရက်နေ့ကာ တော်လှန်ရေးနေ့မဟုတ်နိုင်သ လို နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်နေတဲ့ မတ်လ (၂၇) ရက်နေ့ကိုလည်း တပ်မတော်နေ့လို့ခေါ် ဆိုခြင်းမပြု နိုင်ချေဆိုပြီး။ The Future   မဂ္ဂဇင်း မှာ ဗိုလ်မှူးချုပ်အောင်ရွှေ (ငြိမ်း) က ဆောင်းပါးရေးထားတယ်။ ပြောရရင်ဒါက ၀ိဒါဒကွဲလွဲနေကြ တာပါ။ အယူအဆကွဲလွဲနေကြ တယ်။ ဒါကကွဲလွဲရမှာမဟုတ်ဘူး။  ယူဆချင်သလိုယူဆလို့ရတာပဲလေ  တပ်မတော်ကိုတည်ဆောက်ခဲ့တဲ့  ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်   ကြီးလို့ပြောလို့ရသလို တပ်မတော်   ကြီးကိုတည်ထောင်တဲ့ ဖခင်ကြီး ပဲလေ။ ဘန်ကောက်မှာ တပ်မတော်    စဖွဲ့စည်းတုန်းကလည်း ဗိုလ်ချုပ် အောင်ဆန်းပါဝင်ခဲ့တာပဲပြီးတော့  မတ်လ (၂၇) ရက်နေ့ ဖက်ဆစ် ကိုတော်လှန်ဖို့တပ် ထွက်မိန့်ခွန်း ပြောတုန်းကလည်း ဗိုလ်ချုပ် အောင်ဆန်းပါခဲ့တာပဲလေ။ ဒီနေ့  နှစ်နေ့နဲ့ ပတ်သက်ပြီး ဒီကနေ့ အယူအဆတွေကွဲနေကြတယ်။ မတ်လ (၂၇) ရက်နေ့ကလည်း ဂျပန်ကိုတော်လှန်တော့မယ်ဆိုပြီး အဲဒီမှာ သတင်းတွေပေါက်ကြား တယ်ဆိုတာမျိုးတောင်ဖြစ်ပြီးရက် တောင်ရွေ့လိုက်ရသေးတယ်။ အဲဒီက ရုတ်တရက်လုပ်လိုက်ရတဲ့  အတွက် ရက်ကိုရွေ့လိုက်ရတယ်။  ဗိုလ်ချုပ်အောင်ရွှေပြောတာက တော့ သူ့အမြင်နဲ့သူပြောတာပါ။  ဒီလိုဖြစ်ရတာကလည်း တပ်မတော်   ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်  ဆန်းကိုအကြောင်းပြုပြီးဖြစ်ရတာ လေ။ ဒီကိစ္စအယူအဆကွဲနေစရာ တော့မလိုဘူးထင်တယ်။

Hot News

တိုင်းပြည်က ရဲဘော်အတွက် မဟုတ်ဘူး ရဲဘော်ဟာ တိုင်းပြည် အတွက်ဖြစ်ရမယ်



ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွှန့် (ငြိမ်း)
တိုင်းမှူး၊ သာသနာရေးဝန်ကြီး (ငြိမ်း)

“တိုင်းပြည်က ရဲဘော်အတွက် မဟုတ်ဘူး။ ရဲဘော်ဟာ တိုင်းပြည် အတွက်ဖြစ်ရမယ်”

တပ်မတော်စဖွဲ့ကထဲကိုက တိုင်းပြည်လွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတာကို ဦးထိပ်ပန်ဆင် ပြီးစတည်ထောင်ခဲ့တာပဲလေ။ ဗိုလ်ချုပ်အောင်ဆန်းဟာကျောင်း သားဘ၀နိုင်ငံရေးလုပ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၃၉ လောက်ကစပြီး ၉ နှစ်ဆိုတဲ့ ကာလအတွင်းမှာ ဖက်ဆစ်ကိုလည်းရအောင် တိုက်နိုင်ခဲ့တယ်။ လွတ်လပ်ရေးကို  လည်းရအောင်ယူနိုင်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အပြော လျှော့ပြီးအလုပ်များများလုပ်သွား လို့လွတ်လပ်ရေးရခဲ့တာ လွတ်လပ်  ရေးကြိုးပမ်းမှုကာလမှာ အဖွဲ့ အစည်းတွေက သူတို့ပဲတိုင်းပြည်  ချစ်တယ်ဆိုပြီးလုပ်နေကြ၊ ပြော နေကြချိန်မှာ အဲဒီမှာပဲ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဦးဆောင်မှုနဲ့ မတူ တာတွေဘေးဖယ်ပြီးတူတာတွေ ပူးပေါင်းလုပ်မယ်ဆိုပြီး လုပ်ခဲ့လို့  ရဲဘော်သုံးကျိပ်ဆိုတာဖြစ်လာတယ်။ အဲဒါကြောင့် လွတ်လပ်ရေးကြိုး ပမ်းမှုမှာ ရဲဘော်သုံးကျိပ်ဟာ အရေးပါလာခဲ့တာ ပြောရရင် အပြောနဲ့မဟုတ်ဘဲ ၉ နှစ်အတွင်း  လွတ်လပ်ရေးရအောင်ဗိုလ်ချုပ် အောင်ဆန်းကယူပေးခဲ့တယ်။ ၉ နှစ်အတွင်းနဲ့ ရအောင်ယူပေးနိုင်  ခဲ့တာ ရပြီးတော့ အဲဒီလွတ်လပ် ရေးတည်မြဲဖို့ဆိုတာကလည်း တိုင်းရင်းသားတွေကြားမှာ စည်းလုံးမှုရှိမှရမှာလေ မြန်မာ ပြည်လွတ်လပ်ရေးရရင် တိုင်းရင်း သားတွေလည်း လွတ်လပ်ရေးရ မယ်ဆိုတဲ့ မွန်မြတ်တဲ့စိတ်ဓာတ်နဲ့  ဗိုလ်ချုပ်အောင်ဆန်းကလုပ်ခဲ့တာ   ဘဘပြောချင်တာက ဂျန်အက်ဖ်  ကနေဒီပြောခဲ့တဲ့စကားလေးရှိ တယ်။ တိုင်းပြည်ကသင့်အတွက်   ဘာလုပ်ပေးနိုင်သလဲမမေးပါနဲ့တဲ့  သင်ကတိုင်းပြည်အတွက်ဘာလုပ် ပေးနိုင်သလဲဆိုတာကို ပဲပြောပါ  တဲ့ ဒီစကားကအရမ်းတန်ဖိုးရှိပါ တယ်။ အဲဒီအတိုင်းပဲ ဘဘတို့  တပ်မတော်မှာလည်း ဆောင်ပုဒ်  ရှိတယ်။ တိုင်းပြည်သည်ရဲဘော်  အတွက်မဖြစ်ရဘူး။ ရဲဘော်သည်   တိုင်းပြည်အတွက်ပဲဖြစ်ရမယ်ဆို တာရှိတာပဲ။ တပ်မတော်ကြီးဟာ လည်း လွတ်လပ်ရေးကြိုးပမ်းမှု ကာလကစပြီး အဲဒီဆောင်ပုဒ်ကို စွဲကိုင်ပြီး တိုင်းပြည်အတွက်ရပ်တည်  လာခဲ့တာပဲလေ။ ဒီတော့ တိုင်း ပြည်လွတ်လပ်ရေးကို ဦးထိပ်ပန်ဆင်  ခဲ့တဲ့ဘဘတို့တပ်မတော်ကြီးဟာ   တိုင်းပြည်ကိုညာခဲ့တာမျိုးရှိလို့လား။

Hot News

တိုင်းပြည်ပြိုကွဲမယ့် အခြေအနေ တိုင်းမှာ လက်ပိုက်ကြည့်မနေပဲ အသက်ပေး ရပ်တည်လာတာ တပ်မတော်ပဲ

 
ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ
ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း)

“တိုင်းပြည်ပြိုကွဲမယ့်အခြေအနေ    တိုင်းမှာ လက်ပိုက်ကြည့်မနေပဲ   အသက်ပေးရပ်တည်လာတာ  တပ်မတော်ပဲ”

“ဘဘတို့တပ်မတော်တင်မဟုတ် ပါဘူး။ ကမ္ဘာမှာရှိနေတဲ့ တပ်မတော်  တွေမှာလည်း ဥပမာယိုးဒယားတို့ မှာဆိုလည်း တပ်မတော်ကြီးနဲ့ ဆက်စပ်တဲ့ နေ့သင့်လျော်တဲ့နေ့  တပ်မတော်နဲ့ အကျုံးဝင်တဲ့နေ့ကို တပ်မတော်နေ့အဖြစ်သတ်မှတ် ကြတာပဲလေ။ တို့တပ်မတော်စဖွဲ့  တာကတော့ ဒီဇင်ဘာ (၂၇) ရက်  နေ့ ဘန်ကောက်မှာ စဖွဲ့တဲ့နေ့ ပေါ့နော်။ ဒါပေမဲ့လည်း ဗိုလ်ချုပ် အောင်ဆန်းက တော်လှန်ရေးပန်း ခြံကနေ တပ်ထွက်မိန့်ခွန့်ပြောတဲ့ နေ့ ဒါပေမဲ့လည်း တော်လှန်ရေး နေ့ကတစ်ခြားတပ်မတော်နေ့က  တစ်ခြားဒီနှစ်ခုလုံးကလည်း တပ်မတော်ကြီးကို ကိုယ်စားပြု ထားတဲ့ တပ်မတော်နဲ့ ဆိုင်တဲ့နေ့ တွေပါပဲ။ အထိမ်းအမှတ်အနေနဲ့  လုပ်တဲ့ နေ့ဖြစ်တဲ့အတွက် ဒါက လည်း အမှတ်အသားအထိမ်း အမှတ်တစ်ခုပါပဲ။ အဲဒါကြောင့်  အဲဒီတုန်းက တပ်မတော်ခေါင်း ဆောင်တွေဟာ စည်းဝေးပြီး ဆုံးဖြတ်ခဲ့တာပါ။ ဒါနဲ့ ပတ်သက်  ပြီး တပ်မတော်အနေနဲ့ ဘာမသိပ်   မဖြစ်ဘူးလို့ထင်ပါတယ်။ ပြီးတော့  တပ်မတော်ကြီးဆိုတာကလည်း ပင်လုံကြောင့် တိုင်းရင်းသားတွေ ခွဲထွက်မယ်ဆိုတဲ့အချိန်၊ ရောင်စုံ သူပုန်တွေသောင်းကျန်းလို့တိုင်း ပြည်မှာ ဖရိုဖရဲဖြစ်နေတဲ့အချိန် နောက်ပြီးတော့ တိုင်းပြည်ဖြိုကွဲ ဖို့ဖြစ်လာစေနိုင်တဲ့ အရေးတွေ  တိုင်းမှာ အသက်တွေပေးဆပ်ပြီး  ရပ်တည်ခဲ့တာပဲလေ။ ခွဲထွက်ဖို့ တိုင်းရင်းသားတွေလုပ်မယ်ဆိုက  ထဲက တိုက်ပွဲတွေဖြစ်မယ်။ ဒါဆို တိုင်းပြည်ဖွံ့ဖြိုးမှုထိခိုက်မယ်။ ဥပမာပြောရရင် ရှမ်းပြည်လို ဒေသကြီးဟာ ပထ၀ီနိုင်ငံရေးအရ ရောတိုင်းပြည်ကိုထိခိုက်နိုင်တယ် လေ။ တိုင်းပြည်ပြိုကွဲမယ့်အဖြစ် ကိုသိနေရဲ့သားနဲ့ လက်ပိုက်ကြည့်  မနေနိုင်လို့တပ်မတော်က ပါဝင် ခဲ့တယ်။ ပြောရရင်တိုင်းပြည်ရဲ့ အခင်းကြီးငယ်ကိစ္စတွေကို တပ်မ တော်ကလုံးဝလှစ်လျူမရှုခဲ့ပါဘူး။

Hot News

ကောလဟာလများ ထွက်ခဲ့သည့် ယနေ့ မဂ်လာတောင်ညွန့်မြို့နယ် မြင်ကွင်းများ



မိတ္ထီလာမြို့ အရေး သမ္မတကြီးဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ဒေါ်စု တို့တွေ့ဆုံ

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပက်သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သုံးဦး မနေ့ကတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ သဘောတူညီချက် ၆ ချက် ရရှိခဲ့တယ်လို့သိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဝဏ္ဏရွှေက RFA ကိုပြောပါတယ်။

"ဦးသိန်းစိန်ရယ်၊ ဒေါ်အောင်ဆန်းစုကြည် ရယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းရယ် သဘောတူထားတဲ့ဟာကို တင်ပြတယ်၊ အဓိက နံပါတ် ၁ အချက်က တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုတဲ့ကိစ္စ ဒီအဖြစ်မျိုးကို နောက်နောင်မဖြစ်အောင် ထိန်းသိမ်းကာကွယ်သွားမယ်ဆိုတဲ့ကိစ္စ"ဒါ့အပြင် ဒုက္ခသည်တွေ အမိုးအကာအောက်ရောက်ရှိစေဖို့နဲ့ အမြန်ဆုံး သူတို့အိမ်သူတို့ ပြန်နိုင်အောင်စီစဉ်ပေးဖို့၊ အစိုးရ၊ ကုလသမဂ္ဂ၊ ဘာသာရေးနဲ့ လူမှုရေး အဖွဲ့အစည်းတွေ ညှိနှိုင်းပြီး ဒုက္ခသည်တွေကို ထောက်ပံ့ဆောင်ရွက်ဖို့နဲ့ လူမှုအဖွဲ့အစည်းနှစ်ခု အကြား ယုံကြည်မှုပြန်လည်ဖြစ်ပေါ်လာအောင် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက် ကြဖို့စသဖြင့် သဘော တူညီခဲ့ကြတယ်လို့ဆိုပါတယ်။
 

ဆူပူမှုများ ဖြစ်စေရန် သွေးထိုးပေးနေသာ Freedom News Group မည်သူ ဆိုသည်ကို ဖော်ထုတ်လိုက်ပြီ

 
အိုင်တီပညာရှင်များ ပါဝင်သော အထူးအဖွဲ့မှ မြန်မာနိုင်ငံတွင် ဆူပူ အကြမ်းဖက်မှုများ လှုံ့ဆော်ဆောင်ရွက်နေသော Freedom News Group အမည်ရှိ facebook page တစ်ခုအား လိုက်လံထောက်လှမ်းရှာဖွေလျက် ရှိရာ ယနေ့ အတိအကျ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်.....

ဂိတ်ဝေး တွင် စိစစ်ချက်အရ FNG ဟူသော ဆူပူအကြမ်းဖက်မှုများ လှုံ့ဆော် လျက်ရှိသည့် အကောင့်မှာ အမေ၇ိကန်အခြေစိုက် သတင်းထောက်တစ်ဦး ပုံစံ ဟန်ဆောင်ထားသော Page တစ်ခု ဖြစ်သော်လည်း ၄င်းမှာ ပြည်တွင်းမှ M3Wi ပိုင်ရှင် မေဇင်အေး-ခွန်ဒီးယမ်-ဒီမိုဖက်တီးဖြစ်ကြောင်း သိရှိရသည်....

၎င်းအပြင် Myanmar World Distribution မှ ခင်အေးဝင်း၊ ခင်စန်းဝင်း ညီအစ်မ(၂)ယောက်သည်လည်း မေဇင်အေးနှင့်အတူ ချိတ်ဆက်ကာ လူပေါင်းများစွာ အသုံးပြုနေသယောင် လှုံ့ဆော်နေကြောင်း၊ ၄င်းနှင့်အတူ အပါတ်စဉ်(၄၈)မှ အရာရှိငယ်တစ်ဦးအား ဖျားယောင်းသွေးဆောင်ကာ ဒီမိုကရေစီအမည်ခံထားသော ခင်ကလျာစိုးသည်လည်း အွန်လိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် အုပ်စုဖွဲ့ တိုက်ခိုက်မှုများ ဖြစ်လာစေရန် အကောင့် အမည် အမျိုးမျိုးဖြင့် သွေးထိုးပေးလျက် ရှိကြောင်း သိရှိရသည်..
 

ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ အချို့အား ဖော်ထုတ်ဖမ်းဆီး အရေးယူထား

မိတ္ထီလာမြို့၊ လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာ၊ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာနှင့် ရွှေဒါးသာ စည် ကျေးရွာ တို့၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူအချို့အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားရှိကြောင်း သိရှိရသည်။ 

မိတ္ထီလာမြို့၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ သန်းဝင်း (၁၈) နှစ်၊ သန်းထွန်းအောင် (၃၀) နှစ်၊ သန်းထိုက်စိုး (၃၈) နှစ်၊ ကျော်စွာလှိုင် (၃၂)နှစ်၊ အောင်မျိုး (၂၅) နှစ်၊ ညီညီကျော် (၂၇) နှစ်၊ မောင်ညို (၅၀) နှစ်၊ အောင်နိုင်ဝင်း (၁၈) နှစ်၊ စိုးသူအောင် (၁၈) နှစ်၊ တင်အောင် (၃၂) နှစ်၊ ဝင်းဇော် (၃၆) နှစ် ၊ လှထွန်းမြင့် (၂၉) နှစ်၊ စံလင်း (၂၀) နှစ်တို့ (၁၃) ဦးအား မိတ္ထီလာမြို့နယ် မြို့မရဲစခန်း၌ မတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ တုတ်၊ ဓားလက်နက် ကိုင်ဆောင်သွားလာခဲ့သူ အခြား (၅၂) ဦးအား ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

Google ဝက်ဘ်ဆိုက်ကို မြန်မာဒိုမိန်းဖြင့် အသုံးပြုလာနိုင်ပြီး Google Play လည်း စတင်အသုံးပြုနိုင်

Google ဝက်ဘ်ဆိုက်မှာ www.google.com.mm ဟူသော မြန်မာဒိုမိန်းဖြင့် စတင်အသုံးပြုလာနိုင်ကြောင်း သိရသည်။ ထို့ပြင် Android ဆော့ဝဲလ်နှင့် ဂိမ်းများကို Download ဆွဲရယူနိုင်မည့် Google Play ကိုလည်း မတ်လ ၂၂ ရက်နေ့တွင် စတင်အသုံးပြုလာနိုင်ကြောင်း သိရသည်။ ယခင်က Google Play ကို အသုံးပြုနိုင်ရန် အတွက် Proxy ကျော်ရခြင်းများရှိပြီး Android Apps များ စုစည်းပေးထားသော ကြားခံဝက်ဘ်ဆိုက်များကို အသုံးပြု၍လည်း Download ဆွဲကြရကြောင်း သိရသည်။ Google Play ကို အသုံးပြုလာနိုင်ခြင်းကြောင့် Android အသုံးပြုသူများ၊ Developer များအတွက် အခွင့်အလမ်းကောင်းများ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ပြောကြား





မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က မတ်လ ၂၄ ရက်နေ့နံနက် ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက် နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်များနှင့် လုံးဝမတူဘဲ ပြသာနာကြီးထွားအောင် ဖန်တီးပြုလုပ်ခဲ့သည်ဟု ထင်မြင်ယူဆချက်များ ရှိနေမှုကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့အား အမြန်ဆုံးဖွဲ့စည်းပြီး စစ်ဆေးရခြင်း ဖြစ်ကြောင်း သိရှိရသည်။
 

မိတ္ထီလာမြို့တွင် တပ်မတော်မှ ပြည်သူလူထု အေးချမ်း သာယာစေရေး ဆောင်ရွက်နေသော မှတ်တမ်း ဓါတ်ပုံများ


သတင်း ထုတ်ပြန်ချက် ( ၇ / ၂၀၁၃ )

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်(၇/၂၀၁၃)

၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်

၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက်

၁။ အစိုးရအဖွဲ့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမည်။

၂။ အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှုနှင့် အဓိကရုဏ်းများကြောင့် အိုအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူ လူထု၏ အရေးပေါ် စာဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အ၀ ကူညီဆောင်ရွက်သွားမည်။

၃။ လုံခြုံရေးအခြေအနေ တည်ငြိမ်လာသည်နှင့်အမျှ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်။

၎။ လိုအပ်သော လူသားချင်းစာနာသည့် အကူအညီများကို ပေးနိုင်ရန်အတွက် လူထုအခြေပြု လူ့အဖွဲ့အစည်း များ၊ ပုဂ္ဂလိကများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲ ဆောက်ရွက်သွားမည်။

၅။ ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရသည့် လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင် မည့် ဆွေးနွေးမှုများနှင့် စိတ်ခံစားချက်များကို ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

၆။ ယခုအခါ နိုင်ငံတော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်၍ လုပ်ဆောင်နေသည် ဖြစ်ရာ ယင်းလုပ်ငန်းများကို ထိခိုက်မည့် အကြမ်းဖက်မှုများ၊ ဘာသာရေး အစွန်းရောက်မှုများကို ရှောင်ရှားကြပါရန် ပြည်သူများကို တိုက်တွန်းအပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

ဆက်သွားချင်သေးတယ် ဆိုရင်