ဘုရင့်နောင်အမှတ် (၂) တံတား ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်၌
နေ့စားအလုပ်သမားနှစ်ဦး ဘိလပ်မြေဖျော် စက်အတွင်း ချိုးခွာနေစဉ်
စက်မောင်းခဲ့သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေ
သကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် ဘုရင့်နောင် အမှတ် (၂) တံတားဆောက် လုပ်ရေး စီမံကိန်း လှိုင်သာယာဘက်ခြမ်း လုပ်ငန်းခွင်၌ နေ့စားအလုပ်သမားများဖြစ်သူ ခင်ဇော် (၁၇နှစ်) နှင့် ဘိုဘို (၁၉) နှစ် နှစ်ဦးတို့သည် ဘိလပ်မြေဖျော်စက်အတွင်း ချိုး ခွာနေ ခဲ့ကြသည်။ထိုအချိန်တွင် ဘိလပ်မြေဖျော်စက်မောင်းသူ ကိုအောင်သူရ (၂၃နှစ်) သည် ဘိ လပ်မြေေ ဖျာ် စက် အား ခလုတ် ဖွင့်လိုက်စဉ် စက်အတွင်း ချိုးခွာနေကြသော ခင်ဇော်နှင့် ဘိုဘို တို့ နှစ်ဦးမှာ စက် အတွင်းညှပ်မိပြီး ခင်ဇော်မှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားပြီး ဘိုဘိုမှာ ရန်ကုန်ေ ဆး ရုံ ကြီး သို့ တင်ပို့ကုသစဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။