Pages

Sunday, January 27, 2013

မောင်တောဒေသမှာ လုံခြုံရေးတပ်တွေ တိုးမြှင့်ချထား


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က အစိုးရ GE စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ပိုင် ကားတစ်စီးကို ဘင်္ဂလားဒေရှ့် အခြေစိုက် လက်နက်ကိုင် တစ်ချို့က မီးရှို့ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအစိုး ရဖက်က ဘင်္ဂလားဒေ ရှ့်-မြန်မာ နယ်စပ် တစ်လျှောက် မှာ လုံခြုံရေးတပ်တွေကို တိုးမြှင့်ချထားလိုက်တယ်လို့ RFA က စုံစမ်းသိရ ပါတယ်။ နယ်စပ်ဒေသမှာ တရား ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်အတိုင်း လုံခြုံရေး တပ်တွေ ကို တိုးမြှင့်ချထား ရတာလို့ မောင်တောအခြေစိုက် နယ်စပ်ဒေသလူဝင်မှု စစ်ဆေးကွပ်ကဲရေးဌာနချုပ် ဒုတိယကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးထူးလှိုင်က RFA ကို ပြောပါတယ်။

ဇန်နဝါရီလ- ၂၄ ရက်နေ့က မောင်တောနယ်စပ် ဗန္ဓုလ နစကနယ်မြေအပိုင် နယ်ခြားမှတ်တိုင် အမှတ်-၄၉ နဲ့ ၅၀ အကြား လုပ်ငန်းခွင်ထဲမှာရှိနေတဲ့ အစိုးရ GE ဆောက်လုပ်ရေးတပ်ဖွဲ့ပိုင် ကားတစ်စီးနဲ့ လုပ်ငန်းခွင်သုံး စက်ပစ္စည်းတွေကို အကြမ်းဖက်သမား ၁၅ ယောက်လောက်က ဝင်ရောက် ဖျက်ဆီးခဲ့ ပါတယ်။

ဆောက်လုပ်ရေး တပ်သား တွေကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် တစ်စုံတစ်ရာ ထိခိုက် မှုမရှိခဲ့ပါဖူး။မော်တော်ကားကို မီးရှို့ခဲ့သူတွေဟာ နယ်စပ်မှာ ပြောက်ကျားလှုပ်ရှားနေတဲ့ အကြမ်းဖက် လက်နက် ကိုင်တွေဖြစ်တယ်လို့ မောင်တောခရိုင် အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

RFA Burmese

အမေ့အိမ်အဖွဲ့

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်