Pages

Thursday, February 7, 2013

ကျန်ရှိ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတော့မည်

ကျန်ရှိ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတော့မည်

အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ စိစစ်လွှတ်ပေးဖို့အတွက် လက်ကျန်နိုင်ရေးအကျဉ်းသား စိစစ်ရေးကော်မတီကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဌအဖြစ် တာဝန်ယူ ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။

အဲဒီကော်မတီမှာ ဘယ်အဖွဲ့အစည်းတွေ ပါဝင်တယ်ဆိုတာကိုတော့ အသေးစိတ်မဖော်ပြထားပေမယ့် အစိုးရ၀န်ကြီးဌာနက ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း ဖော်ပြထားတယ်။

အစိုးရဖက်က နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကွာခြားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ၀န်းကျင် ကျန်ရှိနေသေးတယ်လို့  နိုင်ငံရေး အကျဉ်းသားများ ကူညီဆောင်ရွက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုဘိုကြည်က အခုလို ပြောပါတယ်။

“ကျနော်တို့ စာရင်းတွေ ပြုစုတဲ့အခါမှာ ၃၈၀ လောက်ရှိမယ်၊ ၂၃၉ ယောက်က ထောင်ကျပြီးသားတွေဖြစ်တယ်၊ ကျန်တာတွေလည်း အမှုရင်ဆိုင်နေရသူတွေ ဖြစ်ပါတယ်၊ အမှုရင်ဆိုင်နေရသူတွေဆိုတာ  ကချင်ပြည်နယ်မှာ အဖမ်းခံရတဲ့သူတွေရှိတယ်၊ နောက်မြို့ပေါ်မှာ ပုဒ်မ ၁၈ တို့၊ ၅၀၅(ခ) တို့၊ အများစုကတော့ ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင် နေရသူတွေရှိပါတယ်၊ ဒီဟာတွေအကုန်လုံးကို ပေါင်းစုထားတာဖြစ်ပါတယ်”

အဲဒီစိစစ်ရေးကော်မတီအနေနဲ့ နိုင်ငံရေးအကျဉ်းသားအပေါ် အဓိပ္ပါယ်ဖွင့်ဆိုတာ၊ လွှတ်ခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက်တွေ ညှိနှိုင်းရေးဆွဲတာ၊ လက်ရှိအကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်လွှတ်ပေးတာဖို့အတွက် ရည်ရွယ်ဖွဲ့စည်းတာလို့ ဖော်ပြထားပါတယ်။

အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ စိစစ်လွှတ်ပေးဖို့အတွက် လက်ကျန်နိုင်ရေးအကျဉ်းသား စိစစ်ရေးကော်မတီကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဌအဖြစ် တာဝန်ယူ ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နိုင်ငံ ပိုင်သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။အဲဒီကော်မတီမှာ ဘယ်အဖွဲ့အစည်းတွေ ပါဝင်တယ် ဆိုတာကိုေ တာ့ အသေးစိတ်မဖော်ပြထားပေမယ့် အစိုးရ၀န်ကြီးဌာနက ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဆောင်ရွက်သွား မယ်လို့ နိုင်ငံတော် သမ္မတ က ညွှန်ကြားထားကြောင်း ဖော်ပြထားတယ်။

စီမံကိန်းနယ်မြေ ကျူးကျော်ရပ်ကွက်အတွင်း ၀ါးနှင့် အိမ်ဆောက်ပစ္စည်းများ ရောင်းအားကောင်း

လှိုင်သာယာမြို့နယ် အမှတ် (၅)ရပ်ကွက်၊ ပီမိုးနင်းလမ်းရှိ စီမံကိန်းနယ်မြေအတွင်း ရောင်းချနေသော ၀ါး၊ အမိုးအကာ များနှင့်  အခြားအိမ်ဆောက်ပစ္စည်းများ အရောင်းအ၀ယ်ကောင်းလျက်ရှိနေကြောင်း သိရသည် ။ အ ဆိုပါ စီမံကိန်းနယ်မြေအတွင်း ကျူးကျော်နေထိုင်သူများသည် ၎င်းဝါးနှင့် အခြားဆက်စပ် ပစ္စည်းများ ဝယ် ယူကာ အိမ်ဆောက်လုပ်နေသဖြင့် ရောင်းအားကောင်းလျက်ရှိနေခြင်းဖြစ်သည်။

NDF ပါတီ ခေါင်းဆောင်များကို ဂျာမန် ဖောင်ဒေးရှင်း တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

ဂျာမဏီနိုင်ငံအခြေစိုက်KONRAL ADENAUER STIFTUNG မှ အာရှတိုက်ဆိုင် ရာ ဒါရိုက်တာMS.Dr Beatrice Georawantsehy နှင့် အဖွဲ့ဝင် သုံးဦးပါ ကိုယ်စားလှယ်အဖွဲ့ သည် ၆-၂-၂၀၁၃ ရက် နေ့လယ် ၁ နာရီတွင် အမျိုးသား ဒီမိုကရေ စီအင်အားစုပါတီဌာနချုပ်သို့ လာ ရောက်၍ မြန်မာနိုင်ငံအခြေ အနေများကို ဆွေးနွေးမေးမြန်းခဲ့ ကြသည်။

အင်ဒိုနီးရှား တွင် ကိုဒိုမိုနဂါး တိုက်ခိုက်မှုကြောင့် လူ ၂ ဦးဒဏ်ရာရ

အင်ဒိုနီးရှားတွင် ကိုဒိုမိုနဂါးတိုက်ခိုက်မှုကြောင့် လူ ၂ ဦးဒဏ်ရာရ

Thursday, February 07, 2013

အင်ဒိုနီးရှား နိုင်ငံတွင် ပုတ်သင် အကြီးစားကြီး တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် လူ(၂)ဦး ဒဏ်ရာများ ရရှိသွားကြောင်း သိရှိရသည်။ ကိုမိုဒိုနဂါးဟု ခေါ်ဝေါ်လေ့ရှိသည့် တွားသွား သတ္တဝါကြီးသည် နိုင်ငံ အရှေ့ပိုင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥယျာဉ်တစ်ခုထဲတွင် လူ(၂)ဦးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက် ခံရသူများမှာ ဥယျာဉ်အတွင်းမှ တောခေါင်းတစ်ဦးနှင့်

၎င်း၏ လုပ်ဖော်ကိုင်ဖက်တို့ ဖြစ်သည်။ (၇)ပေရှည်သော ပုတ်သင်ကြီးက တောခေါင်း၏ ရုံးခန်းထဲထိ ဝင်ရောက် ရန်ပြုခဲ့ပြီး ကူညီရန် ရောက်လာသည့် လုပ်ဖောက်ကိုင်ဖက်ကိုပါ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

အင်ဒိုနီးရှား နိုင်ငံတွင် ပုတ်သင် အကြီးစားကြီး တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် လူ(၂)ဦး ဒဏ်ရာများ ရရှိသွားကြောင်း သိရှိရသည်။ ကိုမိုဒိုနဂါးဟု ခေါ်ဝေါ်လေ့ရှိသည့် တွားသွား သတ္တဝါကြီးသည် နိုင်ငံ အရှေ့ ပိုင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥယျာဉ်တစ်ခုထဲတွင် လူ(၂)ဦးကို တိုက်ခိုက် ခဲ့ခြင်း ဖြစ် သည်။တိုက်ခိုက် ခံရသူများမှာ ဥယျာဉ်အတွင်းမှ တောခေါင်းတစ်ဦးနှင့် ၎င်း၏ လုပ်ဖော်ကိုင် ဖက် တို့ ဖြစ်သည်။ (၇)ပေရှည်သော ပုတ်သင်ကြီးက တောခေါင်း၏ ရုံးခန်းထဲထိ ဝင်ရောက် ရန်ပြုခဲ့ပြီး ကူညီရန် ရောက်လာသည့် လုပ်ဖောက်ကိုင်ဖက်ကိုပါ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ထိုင်းတွင် ပိတ်သိမ်းခဲ့သော စက်ရုံများ ထားဝယ် စီးပွားရေးဇုန်သို့ အဝင်ခံမည် မဟုတ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၎

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စီးပွားရေးဇုန်တွင် စက်ရုံအဟောင်းများ တည်ဆောက်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ေ ထာင်စုဝန် ကြီး ဦးဝင်းထွန်းက ပြောသည်။

ကေအိုင်အေ တို့ငြိမ်းချမ်းရေးကို ခွေးမှီးကောက် ကျည်တောက်မစွပ်ဖို့ လို

နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ KIO/ KIA ကိုယ်စားလှယ်အဖွဲ့တွေဟာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ငြိမ်းချမ်းရေး အလွတ် သဘောဆွေးနွေး ပွဲ ပြု လုပ် ခဲ့ပြီး အချက် (၅) ချက်ပါ ပူးတွဲသဘောထား ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ကြောင်းသိရလို့ KIA လက်အောက် ခံ တပ်ဖွဲ့ဝင်ရော ကချင်ပြည်နယ် တွင်း မြို့/ရွာ အသီးသီးမှာရှိတဲ့ ပြည်သူအများ ၀မ်း သာပျော်ရွှင် နေကြကြောင်း ၊ စစ်တပ်ရော KIA ဘက်ကပါ ပစ်တာ ခတ်တာတွေ မလုပ်ကြတော့ လို့ သေနတ် သံတွေမကြားရ တော့ဘဲ ဒီတစ်ခါတော့ ငြိမ်းချမ်းရေးတကယ်ရတော့မှာပါလို့ ဗန်းမော်မြို့ခံ တစ်ဦး က ပြောပြပါသည်။

ကေအိုင်အို အနေဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ဖို့ အဆင်မပြေဟုဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းကော်မီတီဗဟိုအဖွဲ့က နေပြည်တော် တွင်ကျင်း ပ ပြုလုပ်မည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲကို တက်ရောက်ဖို့ ကချင်လွတ်မြောက်ရေး အဖွဲ့ ကေ အိုင်အို အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် ကေ အိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဘက်မှ ကေအိုင်အိုပြောခွင့်ရ ဦးလနန်းက “လက်ရှိ နိုင်ငံရေး ၊စစ်ရေး အခြေအနေအရ နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ဖို့ အဆင် မပြေသေးဘူး”လို့ ဖေဖော်ဝါရီလ ၆ရက်(မနေ့က) အကြောင်းပြန်ခဲ့ပါတယ်။

မြစ်ကြီးနား မြို့ပေါ်ရှိ ပြောင်းရွှေ့ မိသားစုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

မြစ်ကြီးနား ၊ ၇-၂-၂၀၁၃
နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ဦးဆောင်၍ တာဝန်ရှိ သူများ လိုက်ပါကာ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အတွင်း နယ်မြေ လုံခြုံရေး အရ ခေတ္တ ပြောင်းရွှေ့ ရောက်ရှိ နေထိုင် သူများအား သွားရောက် တွေ့ဆုံကာ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခြင်း နှင့် မိသားစု များအား တွေ့ဆုံကာ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

Eleven Media Group ရဲ့ ရန်သူတော် Myanmar Express ၏ထူးခြားချက်

အမေရိကန်မှာနေထိုင်တဲ့ လင်မယားနှစ်ယောက်က တည်ထောင်ထားတဲ့ စစ်တပ်အားပေး သတင်းမီဒီယာ တစ်ခုဖြစ်တဲ့ Myanmar Express မှာ ထူးခြားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို သတိပြုမိပါတယ်။ အဲ့ဒီထူးခြားမှုကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှု သတင်းေ တွ ထူးထူးခြားခြားမတွေ့ရတော့တာဖြစ်ပါတယ်။ ဒီလို စစ်တပ်ကပါဝင်ပက်သက် တယ် လို့ ယူဆရတဲ့ သတင်းဆိုဒ်တစ်ခုကနေ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားပြောင်းလဲ လာတာတွေ ကို ပြည် တွင်းမီဒီယာများနဲ့ NLD အသိုင်းအ၀ိုင်းက သတိပြုမိနေကြပြီး Social Network များ မှာ လူပြော များနေတာကို တွေ့ရှိရပါတယ်။

စစ်တက္ကသိုလ် ကိုစော်ကားတဲ့ ကိုမင်းကိုနိုင်သို.

တပ်ကို ရန်သူလို.သတ်မှတ်နေတာလား။ တပ်ကို စစ်မျက်နှာလာဖွင့်မယ်ဆိုရင် အမှားကြီးမှားသွား ပါလိမ့် မယ်။ ။ မြန်မာ့တပ်မတော်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တာဖြစ်တယ်။ အဲသည် အတွက် ကျုပ်တို.ကတော့ ၀န်းရံပေးရမှာပဲ။ တပ်ကို ရန်သူလိုလာသဘောမထားနဲ.။ တပ်ကို ရန်သူလို သဘောထားရင် စစ်မျက်နှာကျယ်သွားလိမ့်မယ်။ ထွက်လာမယ့်အဖြေက ခင်ဗျားပဲ ကျဆုံးခြင်းကို ဦးတည်ပါလိမ့်မယ်။ Power is right ဆိုတာ သတိရပါ။ မြန်မာ့တပ်မတော်ဆိုတာ ပြည်သူကို ကိုယ်စားပြုတဲ့တပ်မတော်… တိုင်းရင်းသာပေါင်းစုံနဲ. ဖွဲ.စည်းထားတဲ့ တပ်မတော်ဖြစ်တယ်။ တိုင်းပြည်ကို မျက်နှာလွဲခဲပစ်လုပ်လို.မရတဲ့ အခြေအနေကြောင်းအမျိုးမျိုးကြောင့် ပြည်သူတွေအထင်အမြင်လွဲစေမယ့် အလုပ်မျိုးတွေအတွက် တပ်မတော်မှာ တာဝန်ခဲ့ရှိတာမှန်ပါတယ်။ ဒါပေမယ့် သိထားရမှာက အဲချိန်တုန်းက တာဝန်ရှိတဲ့လူတွေက ခုလက်ရှိတပ်မတော်ထဲမှာ မရှိတော့ဘူးဆိုတာသိထားပါ။ လက်ရှိအချိန်မှာ တပ်မတော် က အရပ်ဘက်နိုင်ငံရေးကိစ္စတွေမှာဝင်မပါဘူးဆိုတာနဲ. မစော်ကားပါနဲ.။

UNFC ခေါင်းဆောင်များအား တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့ လက်မခံ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော (UNFC- United Nationalities Federal Council ) ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့တွင်ပါဝင်သော ခေါင်းဆောင် များ အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်းများမှ အယုံအကြည်မရှိကြောင်း သိရှိရပါသည်။
“ UNFC က နိုင်ငံရေး သမားတွေနဲ့ ဖွဲ့စည်းထားတာများပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ရဲ့ ခေါင်းေ ဆာင်ေ တွ မပါပါဘူး။ ဥပမာ- UNFC ဒုဥက္ကဋ္ဌဖြစ်တဲ့ KNU က ဒေးဗစ်တာကပေါဆိုရင် KNU အဖွဲ့ မှာ ဘာရာထူးမှ မရှိပါဘူး။ UNFC မှာ ခေါင်းဆောင်လုပ်နေတဲ့လူတွေက နိုင်ငံရေးဘက်က လူတွေများ တယ်။ နိုင်ငံရေးသမားဆိုတာက သူတို့ ဖြတ်သန်းရတဲ့ ဘ၀တစ်လျှောက် ဘာအခက်အခဲမှမရှိဘဲ ကမ္ဘာ ပတ်ပြီး ရန်ပုံငွေ ရှာနေတဲ့ ပညာတတ်အသိုင်း အ၀ိုင်းတွေ များပါတယ်။ ဒါကြောင့် တကယ်တော ထဲမှာ သေေ သေ ကြကြေ လုပ်ခဲ့ရပြီး မသေလို့ရာထူးရလာကြတဲ့ စစ်ဖက်ဆိုင် ရာ ခေါင်းဆောင်ေ တွနဲ့ေ တာ့ မတူပါ ဘူး။ တောထဲက စစ်ရေးဆိုင်ရာ ခေါင်းဆောင်တွေက စစ်ရေးအတွေ့အကြုံ သာရှိပြီး နိုင်ငံတကာနဲ့ ဆက် ဆံရေး မှာ အားနည်းတယ်။ နိုင်ငံရေးသမား အများစုကတော့ ပညာ တတ်ပြီး နိုင်ငံတကာ ဆက် ဆံရေး ပညာ ကျွမ်းကျင်ကြတယ်” လို့ ရွှေလီသို့ ရောက်ရှိနေသည့် တိုင်းရင်း သားေ ခါင်းဆောင်တစ်ဦးမှ ပြောကြား ခဲ့ပါတယ်။

နိုဘယ်ဆုရှင် လွှတ်တော်အမတ်အား အပြိုင်အဆိုင် ချီးကျူးကြခြင်း

(ဒီပို့ စ်က ဒေါ်အောင်ဆန်းစုကြည်အကြောင်း အရေးကြီးသော အကြောင်းမို့ လို့  အနယ်နယ်အရပ်ရပ်က ပ ညာ ရှင်တွေကို tag လုပ်ပြီး ဖိတ်ခေါ်လိုက်ပါတယ်။ အနှောင့် အယှက်ဖြစ်ရင်တော့ ခွင့်လွှတ်ပါ။ စိတ်ရှည် ရှည်ထား ဖတ်ပြီး ပွင့်ပွင့်လင်းလင်းဝေဖန်နိုင်ပါတယ်ခင်ဗျာ။)

ဒီမူရင်းစာစုက ရက်စွဲအရကြာပါပြီ။ အေးချမ်းမွန်မှာ မနေ့ ကမှ တွေ့ လို့  ကျွန်တော် တန်ပြန်ရေး လိုက်တာ ပါ။ ဘယ်သူ့ ကိုမှ ပုဂ္ဂိုလ်ရေး မထိခိုက်စေချင်သော်လည်း ဒေါ်စုဟာ အရေးပါတဲ့ လူတစ်ယောက်မို့ လို့  အား လုံး အကျိုးအတွက် ပွင့်ပွင့်လင်း ကျွန်တော်ဝေဖန်လိုက်တာပါ။ သည်းခံဖတ်၇ှုသူများလဲ တည်ငြိမ် မျှတ တဲ့ စိတ်ထားနဲ့  သေချာဝေဖန်တွေးတောစေချင်ပါတယ်။ ကျွန်တော်ပြောတာ အမှားပါရင်လဲ အားမ နာ တမ်း ပြောနိုင်ပါတယ်။ ဆဲတဲ့လူတွေကတော့ သူ့ အဆင့်သူပြတာလို့ ပဲ မှတ်ပါမယ်။--------။

ယခင် တပ်မတော် အရာရှိကြီးများကို ကမ္ဘာ့ ၁၉၉ နိုင်ငံမှ တရားသူကြီးချုပ်များထံ ပေးပို့တရားစွဲမည့် ဗကသ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့် နှင့် အပေါင်း အပါ ၅၀ကျော်ကို ICC/ ICJ ကမ္ဘာ့ ၁၉၉ နိုင်ငံမှ တရားသူကြီးချု ပ်အားလုံး သို့ပေးပို့ကာ တရားဆွဲဆို သွားမည်ဖြစ်ကြောင်း “မြန်မာနိုင် ငံေ ကျာင်းသား လှုပ်ရှားမှု သမိုင်း”(၁၉၀၃-၁၉၆၂)ရှားမှု စာအုပ်အားစာအုပ်ကိုရေးသားခဲ့သည့် ကိုအောင် ထွန်း ကဆိုသည်။
ဧရာဝတီ

တက္ကသိုလ်ကျောင်းသားများ အခြေခံ စစ်ပညာ သင်ကြပြီ

၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် တက္ကသိုလ် တပ်ဖွဲ့ဝင် ကျောင်းသားများ အခြေခံ စစ်ပညာ သင်တန်း ဖွင့်ပွဲ အခမ်းအနား

ပြည်သူ့စစ်နှင့် နယ်ခြား တပ်များ ညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက် အမှတ်(၂) တက္ကသိုလ် လေ့ ကျင့်ေ ရး တပ်တွင် ဖွင့်လှစ်သော ပညာရေး ဝန်ကြီး ဌာန အဆင့်မြင့်ပညာ ဦးစီးဌာန (အထက် မြန်မာပြည်) ၂ဝ၁၂ -၂ဝ၁၃ ပညာသင်နှစ် တက္ကသိုလ် တပ်ဖွဲ့ဝင် ကျောင်းသားများ အခြေခံ စစ်ပညာ သင်တန်း ဖွင့်ပွဲ အ ခမ်း အနားကို ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီက မန္တလေး တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမ၌ ကျင်း ပ ပြုလုပ်ရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြအေးနှင့် ပြည်သူ့စစ်နှင့် နယ်ခြား တပ်များ ညွှန်ကြား ရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်းတို့ တက်ရောက်၍ အဖွင့် အမှာ စကား ပြောကြားသည်။

မလေးရှားနှင့်မြန်မာ သိပ္ပံနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုး

မလေးရှားနှင့် မြန်မာတို့သည် နှစ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည် မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။အဆိုပါ စာချုပ် ကို မလေးရှား သိပ္ပံနှ င့် နည်း ပညာဝန်ကြီး ဒါတွတ် ဆီရီ မက်ဆီးမတ် ဂျွန်နီတီ အောင်ကီလီနှင့် မြန်မာ့ သိပ္ပံနှင့် နည်းပညာ ဝန် ကြီး ဒေါက်တာကိုကိုတို့ သဘောတူ လက်မှတ်ရေးဖိုးခဲ့ခြင်းဖြစ်သည်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကချင်နှင့် ရခိုင်ပြည်နယ်ကိုသွားမည်

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး  အထူးသံကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနား ဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ ကချင်နဲ့ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး သတင်း အချက်အလက်တွေ ရယူဖို့ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၆ ရက်နေ့အ ထိ မြန်မာ နိုင်ငံကို လာရောက် မှာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ဒီခရီးစဉ်ဟာ ကင်တားနားရဲ့ ၇ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ကချင်နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခွင့်ရဖို့အတွက် အာဏာပိုင်တွေ ကို တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။

သောမတ်စ်အိုဟေးကင် တာနား

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ မစ္စတာ ကင်တားနားက “ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ပိုအဆင်မြင့်လာတာက တကယ့်ကို စိုးရိမ်စရာပါ။  ကျနော့်ရဲ့ ခရီးစဉ်က အဲဒီနေရာ အခြေအနေနဲ့ ရွာသားတွေကို ထိခိုက်မှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲဖို့နဲ့ လူနည်းစု ကိစ္စတွေမှာ တိုးတက်အောင်လုပ်ဖို့ လိုတယ်” လို့ တိုက်တွန်းထားပါတယ်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ (၆)ခု အတွက် ဆရာဝန် ကောင်းများ ပေါ်ထွန်းလာရေး သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီ သူများကို အဆင့်ဆင့် ရွေးချယ်ခဲ့

နေပြည်တော် ဖေဖော်ဝါရီ ၆

ယနေ့တွင် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး (၁၅) ရက် မြောက်နေ့ကို အစီအစဉ် (၁၃)ခုဖြင့် ကျင်းပပြီး မေးခွန်း(၅)ခု မေးမြန်း ဖြေကြားခြင်း၊ ဥပဒေ ကြမ်း (၂)ခု တင်သွင်းခြင်းနှင့် အဆို(၁) ခု ဆွေးနွေးခြင်း တို့ကို ဆောင်ရွက် ခဲ့ကြသည်။

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးဟာရှိန်းဘွေ တင်သွင်းထားသည့် ဝေးလံ ခေါင်သီပြီး သွားလာရေး ခက်ခဲသည့် မြို့နယ်များမှ ဆေးကျောင်းသားများ ရွေးချယ်ရာတွင် အောက်ခြေ လက်တွေ့ ဘဝနှင့် ကိုက်ညီမှု မရှိသည့် (၈)တန်း၊ (၉)တန်း၊ (၁ဝ) တန်းကို မိမိ ဒေသမှ အောင်မြင်သူ ဖြစ်ရန် ဆိုသည့် မူစည်းမျဉ်းကို ပြန်လည်ပြင်ဆင် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင် ရေးကို ရှေးရှု၍ လည်းကောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ(၆)ခု ဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ''ဝ''နှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့် ရှိသည့် သွားလာရေးနှင့် လူမှုရေး ခက်ခဲသော ဒေသများ၏ ဘက်စုံ ဖွံ့ဖြိုး တိုးတက် ရေးကို ရှေးရှု၍ လည်းကောင်း ဆေးပညာကို အမှန်တကယ် ဝါသနာ ပါပြီး မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တာဝန်ပြန်လည် ထမ်းဆောင်နိုင်မည့် အရည်အသွေး ပြည့် ဝသော ဆေးပညာရှင် ဆရာဝန် ကောင်းများ ပေါ်ထွန်း လာစေရေး တို့ကို ရည်ရွယ်၍ အဆိုပါ ဒေသများ မှ တက္ကသိုလ် ဝင်တန်း စာမေးပွဲ အောင်မြင်ပြီး လျှောက်ထားသူများ အနက်မှ သတ်မှတ် အရည်အချင်း များနှင့် ကိုက်ညီ သူများကို အဆင့်ဆင့် ရွေးချယ်ခဲ့ပြီး ဆေးတက္က သိုလ် (မကွေး) တွင် တက်ရောက် ခွင့်ပြုပြီး ဖြစ်ပါကြောင်း၊ ခက်ခဲ ဒေသများနှင့်  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ တွင် နေထို င် ကြ သော်လည်း တက္ကသိုလ်ဝင် စာမေးပွဲအား အခြား ဒေသများမှ ဖြေဆိုအောင်မြင် ခဲ့သူများကို ခက်ခဲေ ဒ သ များ ၌သာ နေထိုင် ကျောင်းတက်ခဲ့ ရပြီး ထိုဒေသများမှ ကြိုးကြိုးစားစားဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ ဆင်းရဲ နွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တန်းတူယှဉ်ပြိုင် ၍ ဆေးတက္ကသိုလ် ဝင်ခွင့် ရွေးချယ်မည် ဆိုပါက မျှတမှု မရှိသည့် အပြင် ခက်ခဲဒေသ များ၌ နေထိုင် အောင်မြင် ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် အခွင့်အလမ်း များ လျော့နည်းသွားနိုင်မည် ဖြစ်ပါ ကြောင်း၊ သို့ဖြစ်၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများနှင့် သွားလာရေး၊ လူမှုရေး ခက်ခဲသော ဒေသများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန် ထမ်းဆောင် နိုင်မည့် ဆေးပညာရှင် ဆရာဝန် ကောင်းများ ပေါ်ထွန်း လာစေရေးနှင့် ယင်းဒေသနေ ကျောင်းသား၊ ကျောင်းသူများမှ ဆေးပညာသင်ကြားရန် အခွင့်အလမ်းများ ပိုမိုရရှိ စေရေးအတွက် သတ်မှတ် ဆောင်ရွက်ခြင်း ဖြစ်ပါသဖြင့် ယခုအဆိုအား မှတ်တမ်းတင် သင့်ပါ ကြောင်းနှင့် နောင်ပြောင်းလဲ တိုးတက်လာမည့် ပညာရေး စနစ်နှင့် လိုက်လျော ညီထွေမှု ရှိအောင် စိစစ်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

အစိုးရနှင့် KIA ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် အစည်းအဝေး ထပ်မံပြုလုပ်မည်

အစိုးရနှင့် KIA ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် အစည်းအဝေး ထပ်မံပြုလုပ်မည်

Thursday, February 07, 2013

ဖေဖော်ဝါရီလ (၅) ရက်နေ့ နေ့လည်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် ကိစ္စများနှင့် ပတ်သက်၍ လိုင်ဇာမြို့တွင် KIO ဥက္ကဌ ဦးဇောင်းဟရားဦးဆောင်ပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သော အစည်းအဝေး တွင် KIO ဥက္ကဌ ဦးဇောင်းဟရားနှင့် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ဗဟိုကော်မတီဝင်များ KIA မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းအစည်းအဝေးတွင် KIO ဥက္ကဌ ဦးဇောင်းဟရားမှ ( ၄ ) ရက်နေ့တွင် ရွှေလီတွင် ကျင်းပခဲ့သည့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ပြီး နောက်တစ်ကြိမ်အစည်းအဝေးကို ယခုလ (၂၀) ရက်နေ့တွင် ကျင်းပရန် လျာထားကြောင်း ပြောကြားခဲ့သည်။

( ၄ ) ရက်နေ့တွင် အစိုးရနှင့် KIA တို့ ရွှေလီမြို့တွင် အလွတ်သဘော ဆွေးနွေးပြီးနောက်ပိုင်းတွင် လိုင်ဇာပတ်ဝန်းကျင်တွင် အခြေအနေငြိမ်သက်လျှက်ရှိကြောင်းနှင့် လိုင်ဇာမြို့တွင်းတွင်လည်း အခြေအနေပုံမှန် နီးပါးဖြစ်လာနေပြီဖြစ်ကြောင်း သိရှိရပါသည်။

အမေ့အိမ်

ဖေဖော်ဝါရီလ (၅) ရက်နေ့ နေ့လည်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် ကိစ္စများနှင့်ပ တ် သက်၍ လိုင်ဇာမြို့တွင် KIO ဥက္ကဌ ဦးဇောင်းဟရားဦးဆောင်ပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။ လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သော အစည်းအဝေး တွင် KIO ဥက္ကဌ ဦးဇောင်းဟရားနှင့် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ဗဟိုကော်မတီဝင်များ KIA မှ အရာရှိကြီး များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရ၀မ် လုမျိုးလည်း ကချင် လူမျိုးစုပါဘဲ ( ရ၀မ် အမျိုးသား တစ်ဦးရဲ့ ရင်ဖွင့်သံ )

ကျွန်တော်တို့ကချင်ပြည်နယ်မှာ ဂျိန်းဖော၊ လီဆူး၊ ရ၀မ်၊ လချိတ်၊ လဝော်နှင့် ဇိုင်ဝါးဆိုပြီး ကချင်လူမျိုးကြီး ၆ မျိုး စုစည်းနေထိုင်ကြပါတယ်။ ဒီလိုနေထိုင်ကြပေမယ့် လူမျိုး ၆ မျိုးထဲမှာ ဂျိန်းဖော လူမျိုးကတော့ အင်အားအကြီးဆုံးပါပဲ။ အင်အားကြီးရတဲ့အကြောင်းရင်းကလည်း KIA အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ အားလုံးက ဂျိန်းဖောတွေချည်း ဖြစ်နေလို့ပါပဲ။ KIA အဖွဲ့မှာ ကချင် တိုင်းရင်းသား ပေါင်းစုံပါဝင်ပေမယ့် ဂျိန်းဖောတွေပဲ နေရာကောင်းမှာ ခန့်အပ်ထားပါတယ်။ KIA က ကချင်ပြည်နယ်အတွက် ဆိုပေမယ့် တကယ်တန်းကျတော့ ကချင်လူမျိုးကောင်းစားရေး မဟုတ်ပါဘူး။

အောင်ပန်း ရိုးမဘဏ် ဖောက်ထွင်းခံရမှုနှင့်ပက်သက်ပြီးသတင်းအပြည့်စုံ

ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ ရိုးမဘဏ်အတွင်း ဖောက်ထွင်းဝင်ရောက်ပြီး ရုပ်ရှင်ကြည့်ရင်း အိပ်ပျော်နေသော ဘဏ်လုံခြုံရေးအား ဓားဖြင့်ထောက်၍ဘဏ်သော့တောင်းခဲ့သည့် ၁၉ နှစ်အရွယ် ဆယ်ကျော်သက် တဦးအား ဖမ်းဆီးတရားဆွဲဆိုထားကြောင်း သိရသည်။အောင်ပန်းမြို့နယ်ရဲစခန်းမှူး ဦးအောင်မင်းဦး ၏ ပြောကြားချက်အရ တရားခံသည် အေးသာယာ နည်း ပညာ တက္ကသိုလ်မှ ကိုဇာနည်ဦးဆိုသည့် ကျောင်းသားတဦးဖြစ်ကြောင်း၊ ရိုးမဘဏ်ကနေ တရားလိုပြု လုပ်ပြီး ပုဒ်မ ၃၉၂ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

လိုင်ဇာထိ လမ်းလျှောက်သော ငြိမ်းချမ်းရေးအဖွဲ့များ၏ ကား၊ဆိုင်ကယ်များဖြင့် လမ်းလျှောက်ပုံများ

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ရန်ကုန်မှသည် လိုင်ဇာဆီသို့ လမ်းလျှောက်သူများ ဒီကနေ့ မိတ္ထီ လာမြို့သို့ရောက်ရှိပြီး လိုင်ဇာမြို့သို့ ဆက်လက် ချီတက် လမ်းလျှောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ မုံရွာ မှ လိုင်ဇာမြို့သို့ လမ်းလျှောက်ချီတက် မည့်အဖွဲ့သည်လည်း ဒီကနေ့ မန္တလေးမြို့သို့ရောက်ရှိပြီး မိထ္တီ လာ သို့ ကားများဖြင့်ချီတက်ကာ ရန်ကုန်မှ လမ်းလျှောက်လာသော အဖွဲ့များဖြင့်ပူးပေါင်းပြီး ကချင်ပြည် နယ် လိုင် ဇာမြို့သို့ ဆက်လက်ချီတက်မည်ဖြစ်သည်။ မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလိုလားသူများကလည်း ၇- ၂-၂၀၁၃ ရက်နေ့တွင် မြင်းခြံမြို့မှစတင်ထွက်ခွာပြီး လိုင်ဇာမြို့အထိချီတက်မည်ဖြစ်ကြောင်း။ ဆက် လက်ပြီး ရန် ကုန်မြို့နှင့် မုံရွာမြို့တို့မှစတင် လမ်းလျှောက် ထွက်ခွာလာသော ငြိမ်းချမ်းရေး လိုလား သူများနှ င့် ပူးေ ပါင်း သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆီးရီးယား ပဋိပက္ခနှင့် စပ်လျဉ်း၍ ကိုင်ရိုမြို့တွင် အာမက် ဒီနီဂျက် မော်စီနှင့် တွေ့ဆုံ ဆွေးနွေး

ကိုင်ရို ဖေဖော်ဝါရီ  ၆

အီရန် သမ္မတ မာမွတ်အာမက် ဒီနီဂျက်သည် ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စပ်လျဉ်း၍ အီဂျစ် သမ္မတ မိုဟာမက် မော်စီနှင့် အတူ အီဂျစ် နိုင်ငံ ကိုင်ရို မြို့တွင် ဖေဖော်ဝါရီ ၅ ရက်က  တွေ့ဆုံ ဆွေးနွေး ခဲ့သည်။ ထိုကဲ့သို့ အီရန် သမ္မတ အီဂျစ် နိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်သည် ဆယ်စု နှစ်များ အတွင်း ပထမ အကြိမ် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။ သမ္မတ မော်စီသည် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ညီလာခံသို့ တက်ရောက် ရန် ရောက်ရှိလာ သော အာမက် ဒီနီဂျက်အား ကိုင်ရိုမြို့ လေဆိပ်တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြော င်း နို င် ငံပိုင် ရုပ်သံ သတင်း ဌာနက ထုတ်လွှင့်ခဲ့သည်။

အစိုးရဝန်ထမ်း အရေးယူမှုများ ပြုလုပ်ခဲ့

ပြီးခဲ့တဲ့နှစ် ဧပြီလက စပြီး ဒီဇင်ဘာလကုန်အထိ ၉ လအတွင်းမှာ ဝန်ထမ်းပေါင်း ၁သော င်း၇ေ ထာင် နီး ပါး ကို အရေးယူခဲ့တဲ့အကြောင်း အစိုးရအဖွဲ့က အကြောင်းကြားစာကို အမျိုးသား လွှတ်ေ တာ် ပြ ည် သူများရဲ့ တိုင်ကြားစာနဲ့အသနားခံစာကော်မတီကိုပေးပို့ ခဲ့တာကို အမျိုးသားလွှတ်တော်မှာ (၄၊ ၂၊ ၂ဝ၁၃) ရက်နေ့က ကော်မတီဥက္ကဌဦးအောင်ငြိမ်းက ဖတ်ကြားခဲ့ပါတယ်လို့ မကွေးတိုင်း အမျိုးသား လွတ်တော် အမတ် ဦးလှဆွေက ဘီဘီစီကို ပြောပါတယ်၊ ငွေအလွဲသုံးစားလုပ်မှုအပါအဝင် ဝန်ထမ်းစည်းမျဉ်း စည်း ကမ်းေ တွကို ကျိုးဖေါက်သူတွေဖြစ်တယ်လို့ အစိုးရရဲ့ပေးစာထဲမှာဖေါ်ပြထားပါတယ်။

ပြည်တွင်း လုပ်သားများအား တစ်ရက်လျှင် လေးဒေါ်လာ အနိမ့်ဆုံးပေးရန် တောင်းဆိုမည်

ပြည်တွင်းရှိ လုပ်သားများအား အသစ်ထပ်ဝင်လာမည့် ပြည်ပရင်းနှီးမြှုပ်နှံသူတို့က တစ်နေ့အနိမ့်ဆုံးလုပ်ခ တစ်ရက်လျှင် ၄ ဒေါ်လာအထိပေးရန် တောင်းဆိုသွား မည်ဟု ရင်းနှီးမြှုပ်နှံမှုကော် မရှင် ဥက္ကဋ္ဌ က ပြောသည်။ကျွမ်းကျင်မှုအလိုက် လုပ်အားခကို ၄ ဒေါ်လာ သတ် မှတ် ပေးရန် ပြောဆိုမည်ဖြစ်ပြီး အမှန် တကယ်ပေးရန်လည်း တွန်းအား ပေးသွားမည်ဟု ၄င်းက ဆို သည်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် စစ်မှန်တဲ့ လမ်းလျှောက်မှု ဖြစ်ဖို့လို

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ရန်ကုန်မှသည် လိုင်ဇာဆီသို့ လမ်းလျှောက်သူများ ဒီကနေ့ မိတ္ထီလာမြို့ သို့ရောက် ရှိပြီး လိုင်ဇာမြို့သို့ ဆက်လက်ချီတက်လမ်းလျှောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ မုံရွာမှ လိုင်ဇာမြို့သို့ လမ်းလျှောက်ချီတက် မည့်အဖွဲ့သည်လည်း ဒီကနေ့ မန္တလေးမြို့သို့ရောက်ရှိပြီး မိထ္တီလာသို့ ကားများဖြင့်ချီတက်ကာ ရန်ကုန်မှ လမ်းလျှောက်လာသော အဖွဲ့များဖြင့်ပူးပေါင်းပြီး ကချင်ပြည်နယ် လိုင်ဇာမြို့ သို့ ဆက်လက်ချီတက်မည်ဖြစ်သည်။ မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလိုလားသူများကလည်း ၇-၂-၂၀၁၃ ရက်နေ့တွင် မြင်းခြံမြို့မှစတင်ထွက်ခွာပြီး လိုင်ဇာမြို့အထိချီတက်မည်ဖြစ်ကြောင်း။ ဆက် လက်ပြီး ရန်ကုန်မြို့နှင့် မုံရွာမြို့တို့မှစတင် လမ်းလျှောက် ထွက်ခွာလာေ သာ ငြိမ်း ချမ်းရေး လိုလား သူ များနှ င့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဒီမိုကရေစီ အလွဲသုံးစားကြသူများ

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကမ္ဘာကျော်ေ အာင်  နိုင်ငံရေးေ ခါင်းဆောင် များက ဆောင်ရွက်နိုင်ခဲ့ ကြပေသည်။ ဒီမိုကရေစီစနစ်သည် ကမ္ဘာ့နိုင်ငံ အများစုက ကျင့်သုံးနေကြပြီဖြစ်ပြီး ဖွံ့ဖြိုးအောင်မြင်မှုများ လက်တွေ့ ရရှိနေ ကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၈၈ အထွေထွေ သပိတ်နှင့်အတူ ဒီမိုကရေစီဆိုသည့် စကားလုံး ပြည်သူများ အကြား တွင်တွင်ကြီး ပြော ဆိုသုံးနှုန်း လာခဲ့ကြသည်။

Eleven Media Group မှ သတင်းမီဒီယာကောင်စီကို ထိန်းချုပ်ထားပြီလား

The Voice အတိုက်ခံရသည်ဟု ကြေငြာပြီးသည့်နောက် အချိန်ကိုက်ပင် Eleven မှ သတင်းမီဒီ ယာကောင် စီ သို့ စာပို့ခဲ့သည်။ ထိုစာ ကိုလည်း  အင်တာနက်တွင် ဖြန့်ဝေခဲ့သည်။ထိုစာသည် သတင်း မီဒီယာကောင်စီသို့ လိပ်မူသော်လည်း မိတ္တူများအဖြစ် နိုင်ငံ အကြီးအကဲများ၊ ဌာန ဆိုင် ရာ အကြီးအ ကဲများနှင့် နိုင်ငံတကာသို့ အမေကျော်ဒွေးတော်လွမ်း ပေးထားသည်ကို တွေ့ရသည်။

အင်နီရှာတို့နှင့် မြန်မာ Hacker တို့၏ တိုက်ပွဲ အခြေအနေ

အင်နီရှားရှိ ဟက်ကာ များ၏ မြန်မာ နိုင်ငံ၏ ဆိုဒ်များကို တိုတ်ခိုက် မည်ဟုကြော်ငြာချက် ထုတ်ပြန်ပြီး စိန်ခေါ် ချက်များ ကို မြန်မာ ဟက်ကာ (အဖွဲ့ ပေါင်းစုံ)များမှ ညီညွတ်စွာ ပြန်လည် တုန့်ပြန် ရာတွင် ယခုအချိန် ထိ မြန်မာဟက်ကာများမှ အသာစီအနိုင်ရလျှက်ရှိနေပါသည်။

အီရန် သမ္မတ ကိုင်ရို မှာ ဖိနပ် စာ မိ

large

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့  ကို သွားရောက် လည်ပတ် တဲ့ အီရန် သမ္မတ အာမာဒီနီဂျက် ဟာ သူ့  ကို ထောက်ခံ တဲ့ သူ တွေ ကို နှုတ်ဆက်နေစဉ် မှာ ဖိနပ်နဲ့  အပေါက် ခံရတယ် လို့  အီဂျစ် သတင်း တွေ မှာ ဖော်ပြထား ပါတယ်။အီရန် သမ္မတ တစ်ဦး အဖြစ် အီဂျစ် နိုင်ငံ ကို နှစ် ၃၀ အတွင်း ပထမ ဦးဆုံး သွားေ ရာက် လည်ပတ် ခဲ့ တာ ဖြစ်ပါတယ်။အာမာဒီနီဂျက် ကို ဖိနပ် နဲ့  ပေါက်တာ Salafis  မွတ်ဆ လင်ေ တွ ဖြစ်ပြီးသူ တို့  က အီရန် ရဲ့  ရှီအိုက် မွတ်ဆလင် တွေ ကို ထောက်ပံ့ ပေး မှု အတွက်မုန်းတီး နေ ခဲ့ တာ ဖြစ်ပါတယ်။

KIO နယ်မြေသို့ တိုးလာနေဆဲ ဒုက္ခသည်များအတွက် နိုင်ငံတကာ အကူအညီလိုအပ်

ကချင်ပြည်နယ်အတွင်း ၁ နှစ်ကျော်ကြာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ် နယ်မြေများတွင် ဒုက္ခသည်များ ပိုတိုးလာနေဆဲဖြစ်ပြီး နိုင်ငံတကာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အကူအညီ လိုအပ်နေကြောင်းသိရသည်။နိုင်ငံတကာနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းမှ ကချင်ဒေသရှိ စစ်ပြေးဒုက္ခသည်များကို ကူညီပေးရေးကိစ္စ မြန်မာအစိုးရမှ တားမြစ်ထားခြင်းကြောင့် အထူးသဖြင့် KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များအတွက် အကူအညီ ပို၍လိုအပ်လာခြင်း ဖြစ်ကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာဒွဲပီဆာ (Salang Kaba Doi Pyi Sa) က KNG ကချင်သတင်းဌာနသို့ပြောသည်။

KIA မှ ထုတ်လွှင့်နေသော လိုင်ဇာ FM တွင် တာဝန် ထမ်းဆောင်နေသော ရ၀မ်လူမျိုး (၃) ဦး အစိုးရ သတင်းပေးဟု စွပ်စွဲ သတ်ဖြတ် ခံရ

ဗဟိုမှ ညွန်ကြားချက်ဟု ဆိုကာ KIA ဗိုလ်သင်တန်းကျောင်းအနီးမှာ အသံလွှင့်လျှက်ရှိတဲ့ လိုင်ဇာ(FM) မှ ရ၀မ်လူမျိုး (၃) ဦးကို အစိုးရ သတင်းပေးဟု စွပ်စွဲ သတ်ဖြတ်ခဲ့ကြောင်းအဆိုပါ သတ်ဖြတ်ခတ်ခံခဲ့ရသော ရ၀မ် လူမျိုး (၃) ဦး၏ ဆွေးမျိုးများက ပြောသည်။KIA အနေဖြင့် ယခုလို စည်းမဲ့ ကမ်းမဲ့ ၊ အရိုင်းခေတ်ကလို မလုပ်သင့်ကြောင်း၊ ယခုလို သေချာ စီစစ်ခြင်း မပြုပဲ ရက်စက်စွာ သတ်ဖြတ်ခြင်းသည် KIA အတွင်း၇ှိ ၇၀မ်လူမျိုး များကို မလုံမခြုံ ခံစားနေ၇ကြောင်း၊ ကချင်ပြည်နယ်တအွင်းတွင် တိုင်း၇င်းသားပေါင်းစုံ နေထိုင်လျှက်ရှိရာ ယခုလုပ်ရပ်သည် တိုင်းရင်းသား အချင်းချင်း ခင်မင်ရင်နှီးမှု့ ကို ထ်ခိုက်ကြောင်း၊ စစ်ရာဇ၀တ်မှု့ ကျူးလွန်ခြင်း ဖြစ်ကြောင်း ရ၀မ်လူမျိုးများက ပြောပါသည်။KIA အရာရှိ အချို့က ABSDF အဖွဲ့ အတွင်းတွင် လည်း အစိုးရ သတင်းပေးများရှိနေသည်ဟု စွပ်စွဲခဲ့ပြီးယခုအခါ ABSDF အဖွဲ့ဝင်များကို မသိမသာ စောင့်ကြည့်နေကြောင်း ABFDF နှင့် နီးစပ်သူများက ပြောသည်။

www.MyanmarExpress.net

လူ ၂၀၀ ကျော်သတ်သော သူနာပြု လေးဦး သို့မဟုတ် Angels of Death

စုစုပေါင်း လူနာ ၂၀၀ ကျော်ကို သတ်ခဲ့တဲ့ သူနာပြုလေးဦးရဲ့  ရာဇဝတ်မှု ကြီး သမိုင်းမှာ တကယ်ဖြစ်ခဲ့ပါ တယ်။ သိပ်မကြာသေးပါဘူး။ သြစတီးယားနိုင်ငံမှာ ဖြစ်ပြီး ၁၉၈၃ ခုနှစ်က စလို့ ၁၉ ရာစုတစ်ခုလုံး Angels of Death လုပ်ခဲ့သူများ ဖြစ်ပါတယ်။ပုံမှာတော့ သုံးဦးပဲ မြင်တွေ့ရပါတယ်။ Maria Gruber, Irene Leidolf, Stephanija Meyer, and Waltraud Wagner တို့ ဖြစ်ပြီး ခေါင်းဆောင် ကတော့ မျက်မှန်တပ်ထားတဲ့ ညာဘက်ထောင့်က Wagner အမည် ရ အမျိုးသမီး ဖြစ်ပါတယ်။ သြစတီးယား နိုင်ငံ ရဲ့  မြို့ တော် Vienna မှ Lainz General Hospital အမည် ရ ဆေးရုံမှာ ဖြစ်ပြီး သူတို့ကို Lainz မရဏ နတ်သမီး လို့တောင် အမွမ်းတင်ခေါ်ဆိုပါတယ်။

NDF အမတ် အား ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း ဒုဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေး

၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆွယ်နေတဲ့ NDF ပါတီ အမတ်လောင်း ဒေါက်တာ တင်ရွှေ

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်ရွှေ ကို ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဒုဝန်ကြီးအဖြစ် သမ္မတက ခန့်အပ်လိုက်ပါ တယ်။ဒေါက်တာ တင်ရွှေဟာ အရင်က ဘာသာရေးလုပ်ငန်းတွေမှာ သာပါဝ င်ဆောင် ရွက်ခဲ့ ဖူးပြီး ပါ တီနို င် ငံ ရေးေ လာ ကမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကာလမှာ အန်ဒီအက်ဖ်ပါတီကို ၀င်ေ ရာက် ကာ လွှတ်ေ တာ် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့တာပါ။

Eleven Media မှ နည်းပညာပိုင်း ဆိုင်ရာ လိမ်လည် လုပ်ဆောင်မှု များဖြင့် ရန်တိုက် ပေးနေပြီလား

ယနေ့ ညနေပိုင်းတွင် Eleven မီဒီယာ Facebook စာမျက်နှာ အတိုက်ခံရသည်ဟု သိလိုက်ရသော်လည်း မအား သဖြင့် ၀င်မကြည့်နိုင်ခဲ့ပါ။ ၀င်ကြည့်လိုက်တော့ Eleven Media Group Facebook အား နည်းပညာ အသုံးပြု တိုက်ခိုက်ခဲ့ သော် လည်း မိနစ်ပိုင်းအတွင်း ပြန်လည်ထိန်းနိုင်ခဲ့ ဆိုသည့် သတင်းဖြင့် ဖော်ပြ ထားသည်ကို တွေ့လိုက် ရသည်။ ဘယ်လို တိုက်ခိုက်ခံရတာလဲဆိုတာ facebook ထဲမှာ လိုက်ရှာတော့ ပုံလေး တစ်ပုံမှာ MMCF စာ သားဖြင့် Eleven၏ Facebook Cover Photo အား ပြောင်းထား သည်ကို တွေ့ လိုက် ရသည်။ အလွန်အံ့သြသင့် ဖွယ် တိုက်ခိုက်မှုနှင့် အလွန်ကျွမ်းကျင်ပြောင်မြောက်သော နည်းပ ညာ များ ဟုပင် ချီးကျူးမည်ဟု ကြံသော်လည်း ကျွမ်းကျင်သူများကို မေးမြန်းသည့်အခါတွင်တော့ သံသယ ၀င်စရာများ တွေ့လာရပေသည်။

KIA တပ်ရင်း (၆) ပြောတဲ့ ၄င်းတို့၏ လက်ရှိ အခြေအနေ

ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂)၊ တပ်ရင်း (၆) နယ်မြေဖြစ်သော ကချင်ပြည်နယ် ဖား ကန့်ဒေ သသို့ အစိုးရတပ်ဖွဲ့အင်အားများ ထပ်မံတိုးချဲ့ ချထားခဲ့ကြောင်း တပ်ရင်း(၆)မှူး ဒုတိယ ဗိုလ် မှုးကြီး အင်ခွန်ဇော်တွဲကဆိုပါသည်။“ဒီနေ့ ညနေပိုင်းမှာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ရှိတဲ့ အစိုးရတပ်ဖွဲ့တွေက ကျနော်တို့ တပ်ရင်း (၆) အနီးမှာ ရှိတဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို လာရောက်အင်အားဖြည့်ထားတယ်လို့ သိရပါတယ်။ ဒီ ၃/၄ ရက် အတွင်းမှာ သူတို့ရဲ့ စစ်ရေး လှုပ်ရှား မှုတွေကို ကြည့်မယ်ဆိုရင် ဖါးကန့်ဒေသအတွက် အစိုးရဘက်က ချမှ တ် ထားတဲ့ စစ်ဆင်ရေး စီမံချက်တွေ စတင်အကောင် အထည် ဖော်နေပြီးဆိုတာ ထင်ရှားစေပါတယ်။” ဟု ဆိုပါသည်။

အာဇာနည်ဗိမာန်မှာ နိုင်ငံခြား အထိမ်းအမှတ်တခုခု မဆောက်သင့်

The Voice ဂျာနယ်ဟောင်းတစောင်ကို ၂၀၁၃ ဇန်န၀ါရီ ၃၀ မှာ ဖတ်ရပါတယ်။ ဂျာနယ်ရက်စွဲက ဇန်န၀ါရီ ၂၁ ရက် တနလာင်္နေ့ ထုတ်တာဖြစ်ပါတယ်။ ဒီတော့ သိပ်နောက်မကျလှသေးဘူးလို့ ယူဆပါ တယ်။ဂျာနယ်မျက်နှာဖုံးမှာ “အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယားအထိမ်းအမှတ် အဆောက်အ အုံဆောက် မည်” ဆိုတဲ့ ခေါင်းစီးစာတန်းနဲ့တကွ အာဇာနည်ဗိမာန် တပိုင်း တစပုံ ကို ဖော်ပြထား တာ တွေ့ရပါတယ်။ သံခမောက်ဆောင်း စစ်သားကြီးတယောက်က သေနတ်ကြီး အသင့်ချိန် ထား တဲ့ ပုံလည်း ပါရှိပါတယ်။ အာဇာ နည် ဗိမာန်ဆိုတာ ဗမာလူမျိုးတွေအတွက် ဘုရားကျောင်းကန်ပြီးရင် ဒုတိယ အလေးထားရ မယ့်နေ ရာမျိုးပါ။ ဂါရ၀ပြုရမယ့်နေရာမှာ လက်နက်ကိုင်တွေ အစောင့်ချထားတာ လည်း ကြည့်မကောင်းလှပါဘူး။ ဒါလဲ တောင်ကိုရီးယားဧည့်သည်ကို မြောက်ကိုရီးယားက လုပ်ကြံဖို့ ကြိုးစားရာက ဖြစ်လာတဲ့ ပြဿနာလို့ပဲ မှတ်သား မိပါတယ်။

ဆက်သွားချင်သေးတယ် ဆိုရင်