လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အားနည်းချက်များ
ပြုပြင်၍ နိုင်ငံနှင့်ဒေသခံများ ပိုမိုအကျိုးဖြစ်ထွန်းစေရန်
ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ် အသစ်ချုပ်ဆိုကာ ဆက်လက် ဆောင်ရွက်သွားရန်
အကြံပြုကြောင်းစုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ကြေးနီစီမံကိန်းနယ်မြေတွင် ပါဝင်သော ဒုံးတောနှင့်ကံကုန်းကျေးရွာ
ဒေသခံများကို တွေ့ဆုံရာတွင် ပြောကြားသည်။
တရုတ်ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီ တစ်ခုတို့ သဘောတူညီထား သည့် စီမံကိန်းဖြစ်သည့် အတွက် တစ်ဖက်သတ် ဖျက်သိမ်းခဲ့ပါက စီပွားရေး အရ ယုံကြည်ရမှု မရရှိနိုင်တော့သည့် အတွက် တိုင်းပြည်၏ အနာဂတ်စီးပွားရေး အလားအလားများ ထိခိုက်နိုင်ကြောင်း ဆက်လက်ပြောကြားသည်။
တရုတ်ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီ တစ်ခုတို့ သဘောတူညီထား သည့် စီမံကိန်းဖြစ်သည့် အတွက် တစ်ဖက်သတ် ဖျက်သိမ်းခဲ့ပါက စီပွားရေး အရ ယုံကြည်ရမှု မရရှိနိုင်တော့သည့် အတွက် တိုင်းပြည်၏ အနာဂတ်စီးပွားရေး အလားအလားများ ထိခိုက်နိုင်ကြောင်း ဆက်လက်ပြောကြားသည်။
ကြေးနီစီမံကိန်းကို နိုင်ငံတကာ စံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သော်လည်း သိမ်းယူခဲ့သော လယ်ယာမြေများကို ကာလတန်ကြေးနှင့် လျော်ကြေးပေးရန် ဒေသခံ များ၏ အလုပ်အကိုင်ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက် ပေးသွားမည်ဟု မြန်မာစီးပွားရေးဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ဘောင်ကုမ္ပဏီ တို့က ကတိပေးထားကြောင်း ၄င်းက ဆိုသည်။
ကြေးနီစီမံကိန်း အတွက် လယ်ယာမြေများကို ကာလတန်ကြေးနှင့် အညီ လျော်ကြေးပေးရာတွင် ယခုဆောင်ရွက်မည့် လက်ပံတောင်းတောင်စီမံကိန်း ကိုသာမက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရ လက်ထက်ကတည်းကပင် ဆောင်ရွက်ခဲ့သော စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းများအတွက် သိမ်းယူခဲ့သောလယ်မြေများကိုပင် ပြန်လည် လျော်ကြေးပေးမည် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ကံကုန်းကျေးရွာတွင် ဒေသခံ များကို အသိပေးခဲ့သည်။