Pages

Tuesday, February 12, 2013

နိုင်ငံ တစ်နိုင်ငံ တည်ဆောက် ရာတွင် ပညာရေး ဖြင့်သာ တည်ဆောက်နိုင်၊ ဒီမိုကရေစီ စနစ် သည် ပြည်သူက အုပ်ချုပ်သည့် စနစ်ဖြစ်၍ ပြည်သူတိုင်း ပါဝင်ခွင့် ရှိရေး ပညာ တတ်ရန်လို

ပြည်ထောင်စု လွှတ်တော် နာယက  အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သည်  မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ် သီလဝ ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ရမည်းသင်း မြို့နယ် ဆင်းရဲနွမ်းပါး  ပညာသင်ဆု ငွေပဒေသာပင် စိုက်ထူ လှူဒါန်းခြင်း အခမ်းအနားသို့  တက်ရောက် အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် ဖိတ် ကြားထားသူများ တက်ရောက်ကြသည်။

ပိတောက်ပင် ရေနံလုပ်ငန်းအတွင်း လုပ်ငန်းရှင်နှင့် လုပ်ကွက်ရှင်များ ပဋိပက္ခဖြစ်ပွား

မကွေးတိုင်း သရက်မြို့နယ် ပိတောက်ပင်ကျေးရွာရှိ ရေနံလုပ်ငန်းအတွင်း လုပ်ငန်းပိုင်ရှင်နှင့် လုပ်ကွက် အဌားပိုင်ရှင်တို့ကြား ပဋိပက္ခများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံနှင့် ရေနံမြေ အလုပ်သမားများမှ ပြော သည်။ အဆိုပါ ပဋိပက္ခများမှာ ရေနံထုတ်လုပ်သည့် လုပ်ငန်းပိုင်ရှင် ရွှေရာသီ ကုမ္မဏီမှ ရေနံဈေး သတ်မှတ်မှု နည်းခြင်း၊ မီးလောင်မှုဖြစ်ပွားခဲ့သည့် လုပ်ကွက်များအား လုပ်ကွက်အဌားပိုင်ရှင်များမှသာ တာဝန် ခံရခြင်းတို့ အတွက်ကြောင့်ဖြစ်သည်ဟု လုပ်ကွက် အဌားပိုင်ရှင်များက ပြောသည်။ “ ရေနံကျတော့ ကုမ္မဏီက ဈေးနိမ့်ပေးတယ်။ မီးလောင်မှု ဖြစ်တိုင်း ဖြစ်တိုင်း ကျွန်တော် တို့ကပဲ ခေါင်းခံရတယ်” ဟု ရေ နံမှော် လုပ်ကွက်အဌား ပိုင်ရှင် ကိုစိုးကပြောသည်။

( ၆၆) နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြု ဘားကပ်- ရသေ့ပျံ- ကော့ဂွန်း ကျေးရွာ ချင်းဆက် ကတ္တရာ လမ်းသစ်ဖွင့်

(၆၆)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် ကရင်ပြည်နယ် ဘားအံ မြို့၌ ဘားကပ်- ရသေ့ပျံ- ကော့ဂွန်း ကျေးရွာချင်းဆက် ကတ္တရာ လမ်းသစ်ဖွင့်ပွဲ အခမ်း အနားကို ဖေဖော်ဝါရီ ၉ ရက်က ကျင်းပရာ အခမ်း အနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောအောင်ကျော်မင်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများ၊ ဝန်ထမ်းများ၊ လူမှုရေး အသင်း အဖွဲ့ဝင် များနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက် ကြသည်။

ပထမ ပင်လုံကိုဘဲ ဆက်လက် စွဲကိုင်သွားမည်ဟု RCSS ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ် ပြော

 
သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်
 
ဒုတိယပင်လုံညီလာခံကို စိတ်ဝင်စားမှုသိပ်မရှိ ပထမပင်လုံကိုသာ ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောသည်။ “၁၉၄၇ ပထမ ပင်လုံညီလာခံကြောင့် သျှမ်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ရပိုင်ခွင့်တချို့ ဆုံးရှုံးရတယ် ဆိုပေမယ့် ကျနော် ကတော့  ပထမပင်လုံကိုဘဲ ဆက်လက်စွဲကိုင်ပြီးကြိုးစား သွားမယ်။ ဒုတိယပင်လုံ ညီလာခံဆိုတာ အခန့်မသင့်ရင် ကျန်တဲ့ ရပိုင်ခွင့်တွေတောင် ထပ်မံဆုံးရှုံး သွားနိုင်ပါတယ်” ဟုမကြာသေး ခင်က ကျင်းပသော အစည်းအဝေး တခု၌ပြောကြားကြောင်း ဆိုသည်။

ပန်းတနော်တွင် အစိုးရနှင့် KNU ငြိမ်းချမ်းရေး တည်ဆောက်မှု ကြိုဆို ထောက်ခံပွဲ ပြုလုပ်

 
 ပန်းတနော်မြို့တွင် ယနေ့ ပြုလုပ်သည့် ထာဝရငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲ

မြန်မာအစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့၏ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုကို ကြိုဆို ထောက်ခံပွဲ အခမ်းအ နားတခုကို ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ရာ လူထုပရိဿတ် ၈ ထောင်နီးပါး တက်ရောက် အားပေးခဲ့ကြသည်။ ယင်းကြိုဆိုေ ထာက် ခံပွဲကို အဆိုပါမြို့ရှိ တိုးချဲ့ရပ်ကွက်နေရာတွင် နံနက် ၈ နာရီမှ စတင်ကျင်းပခဲ့ပြီး အခမ်းအ နား သဘာပတိ အဖြစ် ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ မန်းသိန်းလှက မိန့်ခွန်းပြောကြားသလို KNU ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို တို့ကလည်း မိန့်ခွန်းပြောကြားခဲ့သည်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း မှ စကော့တလန် မခွဲထွက်ရန် တောင်းဆို

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် စကော့တလန်အား သီးခြား နိုင်ငံ တစ်ခုအဖြစ် ခွဲထွက်စေမည့် ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကို မပြုလုပ်ရန် တောင်းဆို ခဲ့ကြောင်း သိရှိရ ပါသည်။

ဗြိတိန် နိုင်ငံသည် နှစ်ပေါင်း ၃ဝ၆ နှစ်တိုင် ပေါင်းစည်း ခဲ့သည့် အနေ အထားမှ စကော့တလန်၏ ခွဲထွက်ရေး ဆောင်ရွက်မှုအား စွန့်လွှတ်ရေး အတွက် နောက်ဆုံး ကြိုးပမ်းမှု တစ်ခု အနေဖြင့် အဆိုပါ ကဲ့သို့ တောင်းဆို ခဲ့ခြင်း ဖြစ်ကြောင်း ဒေးဗစ် ကင်မရွန်းက ပြောကြား ခဲ့ပါသည်။ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ လတွင် ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲတွင် စကော့တလန် သားများမှ ထောက်ခံမဲ ပေးခဲ့ပါက ၂ဝ၁၆ ခုနှစ် မတ်လတွင် စကော့ တလန် နိုင်ငံအား သီးခြား လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာနိုင်မှာ ဖြစ်ကြောင်း စကော့ အမျိုးသား ပါတီ (SNP) က ပြောကြား ခဲ့ပါသည်။ UK နိုင်ငံမှ ခွဲထွက်ရေး အတွက် လိုအပ်သော အသေးစိတ် လုပ်ငန်း လမ်းညွှန်ချက် များကို ပထမ ဒုတိယ ဝန်ကြီး နီကိုလာ စတာဂျီယွန်မှ ထုတ်ပြန် ခဲ့ကြောင်း သိရှိ ရပါသည်။

မြ၀တီ

ချင်းအမျိုးသားနေ့ကို CNF နဲ့ ချင်းပြည်နယ်အစိုးရ ဦးဆောင် ကျင်းပမည်

 
၂၀၁၃ ခုနှစ် ၆၅ ကြိမ်မြောက် ချင်းအမျိုး သားနေ့ကို ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ကျင်းပရန်ရှိပြီး ချင်းအမျိုးသားတပ်ဦး CNF နှင့် ချင်းပြည်နယ်အစိုးရတို့က ဦးဆောင် သွားကြမည်ဟု သိရသည်။ ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေး အကြိုဆွေးနွေးပွဲအား ယခုလ ၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ငွေကျပ် သိန်း ၁၃၀ ခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားပြီး ယင်းကုန်ကျငွေအား နှစ်ဖက် တ၀က်စီ ကျခံရန် ညှိနှိုင်းထားကြကြောင်း သိရသည်။

လွှတ်တော် ဥက္ကဋ္ဌ ကချင် ခရီးစဉ်၌ ငြိမ်းချမ်းရေး ကိစ္စ အဓိကဖြေရှင်းရန် ဒေသခံများ တောင်းဆို

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖေဖော်ဝါရီလ ၉ ရက်နေ့ ကချင်ခရီးစဉ်တွင်ငြိမ်းချမ်းရေးကိစ္စ အမြန်ဆုံး ဖြေရှင်းပေးရန် ဒေသခံ ပြည်သူများက တောင်းဆိုခဲ့ကြသည်။ လွှတ်တော် ဥက္ကဋ္ဌ သွားရောက် ခဲ့သည့် ခရီးစဉ်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး မြစ်ကြီးနား၊ ပူတာအိုနှင့် မိုးညှင်းမြို့များသို့ သွားရောက် ခဲ့ခြင်းဖြစ်သည်။ သူရဦးရွှေမန်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီ ညွတ် မှု လုပ်ငန်းများ ဆောင်ရွက်ရန် ကချင်ပြည်နယ်သို့ သွားရောက်၍ ပြည်သူ့အသံ နားထောင်ခြင်း ဖြစ် သည်ဟု မြစ်ကြီးနား မြို့တော်ခန်းမတွင် လူထုနှင့် တွေ့ဆုံစဉ် ပြောေ ကြာင်း မြစ် ကြီးနားဒေသ ခံ ဒေါ် ဂျာဆိုင်းခွန်က မဇ္ဈိမကို ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မြန်မာ နိုင်ငံသားများမှ ပိုက်လိုင်း ဖျက်သိမ်းပေးဖို့ ဆန္ဒပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းမယ့် ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ရပ်ဆိုင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ တရုတ်သံရုံးရှေ့ မှာ မြန်မာနိုင်ငံသား ၃ဝ ခန့် က ဖေဖေါ်ဝါရီလ ၁၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ဒေသခံတွေရဲ့ တံငါလုပ်ငန်း ထိခိုက်ခံရမှု၊ လယ်မြေ သိမ်းခံရမှုတွေအပြင် ဒေသခံတွေရဲ့ ဆန္ဒမပါဘဲ တည်ဆောက်ခဲ့တာကြောင့် စီမံကိန်းကို ချက်ချင်း ရပ် တန့် ပေးဖို့အတွက် တောင်းဆိုတာဖြစ်တယ်လို့ ဒီကနေ့ ဆန္ဒပြပွဲကို ခေါင်းဆောင်သူတဦးဖြစ် တဲ့ ပြည် ပ ရောက် ရခိုင်အလုပ်သမားများအဖွဲ့ ဥက္ကဋ္ဌ ဦးဖိုးလှ က အခုလို ပြောပြပါတယ်။
 

ရန်ကုန်မြို့တွင်း ဘတ်စ်ကား စီး ခရီးသည်များ ကျေနပ်မှုမရှိပါက မထသ သို့ ဝက်ဘ်ဆိုက်မှ တဆင့် တိုင်ကြားနိုင်

 
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ဘတ်စ်ကား စီးနင်းမှုတွင် ခရီးသည်များဘက်မှ ကျေနပ်မှု မရှိပါ က မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ (မ.ထ.သ) သို့ ဝက်ဘ်ဆိုက်မှ တဆင့် တိုင်ကြားနိုင်ကြောင်းသိရသည်။ယခင်က ဖုန်းဖြင့်သာ တိုင်ကြားနိုင်သော်လည်း ယခု kyawthiha.john@mhtcentral.org.mm သို့ တိုင်ကြားနိုင်ခြင်းဖြစ်ပြီး ၊ ဖြေရှင်းမှုများအား www.mhtcentral.org.mm ဝက်ဘ်ဆိုက်မှ တဆင့် လွှင့်တင်ပေးမည်ဖြစ်သည်။

“ဘတ်စ်ကားနဲ့ ပတ်သတ်တဲ့ ကိစ္စမှန်သမျှ အကုန်တိုင်လို့ရတယ် ” ဟု မ.ထ.သ အတွင်းရေးမှူး ဦးဘမြင့် ကပြောသည်။မ.ထ.သ လက်အောက်ရှိ ပြေးဆွဲ လျက်ရှိသော ဘတ်စ်ကားအများစုမှာ မှတ်တိုင်ေ ကျာ် ရပ်ခြင်း၊ သတ်မှတ်ကျသင့်ငွေထက် ပိုမိုကောက်ခံခြင်း၊ လူပိုတင်ခြင်းအစရှိသည့် ကိစ္စရပ်များနှင့် ပတ်သက် ၍ ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်ခြင်းဖြစ်သည်။

အိန္ဒိယ နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ တင့်ဖျက်ဒုံးများ ၀ယ်ယူသွားရန် ဆွေးနွေးလျက်ရှိ

 
Javelin Anti-Tank Missile

အိန္ဒိယ နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှီ Javelin တင့်ဖျက် ပဲ့ထိန်းဒုံးပျံ စနစ်များ ၀ယ်ယူရေး အမေရိကန် နှင့် ဆွေးနွေးလျက် ရှိကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ Newsnow သတင်း တစ်ပုဒ်အရ သိရသည်။
အိန္ဒိယ ကြည်းတပ်သည် တာဝေး ၂.၅ ကီလိုမီတာ အကွာရှိ ရန်သူ့ တင့်ကားများကို တိုက်ခိုက် ဖျက်ဆီး နိုင်စေရန် Javelin တင့်ဖျက် ပဲ့ထိန်း ဒုံးပျံ ၈၃၅၆ စင်း နှင့် ဒုံးပစ်စင် ၃၂၁ ခုကို တပ်ဖြန့် ချထားရန် စီစဉ်လျက် ရှိသည်။ အဆိုပါ ဒုံးပျံစနစ် ကို ဖလော်ရီဒါ ပြည်နယ်ရှိ Eglin လေတပ် အခြေစိုက် စခန်းတွင် စမ်းသပ်မှု ပြုလုပ် ခဲ့စဉ်က ၄င်း ဒုံးပျံသည် အိန္ဒိယ ကြည်းတပ်မှ လိုအပ်လျက် ရှိသည့် တာဝေး ထိရောက်မှုထက် ၂ ဆနီးပါး ရှိသော ၄.၇၅ ကီလိုမီတာ အကွာရှိ ပစ်မှတ် များကို ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။ 
 

အတိုအပြတ် ၀တ်သော မြန်မာ မလေးများအား ဗီဒီယို လိုက်ခိုးရိုက်ကာ အွန်လိုင်းပေါ် တင်လျှက်ရှိ

Shopping centre(City Mart,Sein Gay Har,Ocean, အများပြည်သူ သုံးနေရာများတွင် သြားလာေ နၾကေ သာ ကောင်မလေးများ၏ အတွင်းခံဘောင်းဘီမပေါ် ပေါ်အောင် ဗီဒီယိုချောင်း ရိုက်ပြီး တင်နေ ပါသည်။
မပေါ်ပေါ်အောင် ၀တ်သော သူများလည်း ၀တ်နေလျှက်ရှိပြီး ဗီဒီယိုရိုက်သူများလည်း ရှိနေပါသည်။ ဂျပန် နိုင်ငံတွင်မူ  အဆိုပါ မိန်းကလေးများအား ဆွဲချွတ်ခြင်းများ ပြုလုပ်သော ဗီဒီယိုဖိုင်များ ပျံ့နှံခဲ့ဖူးပါ သည်။
 

ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးရဲထွဋ်လည်း State Sponsored attacked သတိပေးစာ ရရှိခဲ့

 
ပြည်သူများ အထင်အမြင် လွဲမှားစေခဲ့သည့် Eleven ၏ သတင်းဖော်ပြချက်နှင့် ကွန်မန့်များ
Eleven မီဒီယာမှ ၄င်းတို့အား Google ကနေ State Sponsored attacked သတိပေးစာများ ပေးပို့ ခဲ့ကြောင်း၊ အစိုးရမှ ထောက်ပံ့ပေးသယောင် ရေးသားခဲ့သည်။ အဆိုပါ Eleven ၏ ရေးသားချက်ကြောင့် Myanmar Express မှလည်း ၄င်းတို့လည်း ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
 

ရခိုင် ပြည်တွင်း အကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပေါ်လာခြင်းအား RWU သဘောထား ထုတ်ပြန်


ရခိုင်ပြည်တွင် ၂၀၁၃ ခုနှစ်အတွင်း ဒေသခံရခိုင်များအား ဘင်္ဂလီကုလားများ အုပ်စုလိုက် အကြမ်းဖက် မှုများ ထပ်မံဖြစ်ပေါ်ရခြင်းအပေါ် ရခိုင်အမျိုးသမီးများအစည်းအရုံးက ပြင်းထန်စွာ ရှုတ်ချကြော င်း ဖေဖော် ၀ါရီလ၊ ၁၀ ရက်နေ့က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ဒေသခံရခိုင်များ မတရားသတ်ဖြတ်ခံနေရခြင်းနှင့် မောင်တောဒေသတွင် ဤသို့မကြာခဏ ဖြစ်ပေါ်နေေ သာ ရာဇ၀တ်မှု ပေါင်းများစွာကို ကမ္ဘာတလွှားတွင်ရှိသော ရခိုင်၊ ဗမာ၊ ရှင်း၊ ကချင်၊ ကရင်၊ မွန် စတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှများနှင့် ကမ္ဘာ့လူထုနဲ့ အစိုးရတွေကို သိစေချင်သည့် ရည်ရွယ်ချက်ဖြင့် ဤကြေငြာချက်ကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

မင်းပြား မြို့နယ်တွင် ပျောက်ဆုံး ရခိုင် မိန်းကလေး၏ အလောင်းကို မြစ်ကမ်းပါးမှ ပြန်လည် ရရှိ



ပြီးခဲ့သော ဇွန်န၀ါရီလ (၃၁) ရက်နေ့ မှ စတင်ပျောက် ဆုံးသွားသော မင်းပြားမြို့နယ် ကြမ်း တိုက်ကျေး ရွာမှ ရခိုင် အမျိုး သမီးငယ်၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မနက် ကိုးနာရီခန့်က ယင်းေ ကျး ရွာ အုပ်စု ပတ်ဝန်းကျင် ချောင်းကမ်းပါးတစ်နေရာ ကြိုးတံတားတစ်ခုအောက်၌ ရှာဖွေတွေ့ ရှိခဲ့ပြီးနောက်၊ ယခုအခါ မင်းပြားမြို့ ဆေးရုံသို့ ရောက်ရှိနေပြီဖြစ်သည်။

စမ္ပလေ ကျေးရွာအုပ်စု ကြမ်းတိုက်ကျေးရွာသူ မဌေးဌေးမြင့်(အသက် ၁၈-နှစ်)၏ မိသားစုဝင်များက ယခု အမ်း သားကျေး ရွာအနီး ကမ်းစပ်တွင်တွေ့ရသော ရုပ်အလောင်းမှာ မဌေးဌေးမြင့်၏ ရုပ်အလောင်းဖြစ် သည် ဟု အတည်ပြုကြပြီး၊ အလောင်းရှိအ၀တ်အစားများမှာ မဌေးဌေးမြင့် ပျောက်ဆုံးသွားစဉ်က အ၀တ် အစား များ ပင်ဖြစ်သည် ဟု အတည်ပြုကြသည်။ 
 

၁၅ သိန်းတန် GSM ဖုန်းများ ပြန်လည်အပ်နှံရန် အဖွဲ့တစ်ဖွဲ့စီစဉ် လက်မခံပါက MPT ကို တရားစွဲမည် ဟုဆို


၁၅ သိန်းတန် GSM ဖုန်းများ ပြန်လည်အပ်နှံရန် စီစဉ်နေကြာင်း၊ စတင်ငှားရမ်းစဉ်ကတည်းက ငှားရမ်း သည် ဟုသာ သဘောတူ စာချုပ်ချုပ်ထားကြောင်း၊  လက်မခံပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား တရားဥပဒေ အရ တရားစွဲမည် ဖြစ်ကြောင်း လှုပ်ရှား သည့် အဖွဲ့ခေါင်းဆောင်မှ ပြောခဲ့သည် ဟု သတင်း များ ပျံ့နှံ့လျှက်ရှိသည်။


ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား မန္တလေးမှ ကချင် လူငယ်များ ကြိုဆို

ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေသော လူငယ်များအဖွဲ့အား မန္တလေးမြို့မှ ကချင်လူမှု အဖွဲ့အစည်းများနှင့် ကချင်ငြိမ်းချမ်းရေး ကွန်ယက်တို့မှ ကချင်တိုင်းရင်းသား ၅၀ ဦးတို့က ကချင် ရိုးရာ ဓလေ့ထုံးတန်းအရ ကြိုဆိုပွဲကို ယနေ့တွင် ပြုလုပ်ခဲ့သည်။ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက် ချီတက် လာသူ များအား ယနေ့ နံနက် ၁၁ နာရီကျော်တွင် သံဃာ ၁၇ ပါးနှင့် လူ ၄၂ ဦးတို့က မန္တလေး ဘုရားကြီး အရှေ့ မုတ်တွင် ကြိုဆိုခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ တာဝန်ခံ ကိုဂျော်ဂွန်းက ပြောသည်။

“ကျနော်တို့ ကချင်ရိုးရားယဉ်ကျေးမှု ပလိုင်း၊ ပန်းစည်းတွေနဲ့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ငြိမ်း ချမ်းရေး ရချင်တဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကပါ ဒီလို အသိ စိတ်ဓါတ်ရှိရှိ၊ နိုင်ငံသား တယောက် တာ ဝန် အရ လုပ်ဆောင်တဲ့အပေါ်မှာ ကျနော်တို့ ကချင်လူမျိုးတွေက ဝမ်းပန်းတသာ ကြိုဆိုတဲ့အနေနဲ့ ကြို ဆိုခြင်း ဖြစ်ပါတယ်”ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ကိုဂျော်ဂွန်းက ပြောသည်။

ဆက်သွားချင်သေးတယ် ဆိုရင်