Pages

Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Friday, January 17, 2014

ပြည်တွင်း ပြဿနာ ကြောင့် အာစီယံ ဥက္ကဋ္ဌ တာဝန် မထိခိုက်နိုင်

 
 
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အဆင့် အစည်း အဝေး အပေါ် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် (ယာ) အား ဗွီအိုအေ မြန်မာပိုင်း မှ ကိုသားညွန့်ဦး က တွေ့ဆုံမေးမြန်းစဉ်။ (ဇန်နဝါရီ ၁၆၊ ၂၀၁၄)

မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ ကို ဦးဆောင်နေတဲ့အချိန်မှာ နိုင်ငံတွင်း ပြဿနာရပ်အချို့ရှိနေပေမယ့်လို့ တိုင်းရင်းသားပြည်သူလူထုရဲ့ စုစည်းမှုအားနဲ့ ပြဿနာရပ်တွေကို ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း မြန် မာနို င်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ တချိန်တည်း မှာလည်းပဲ တရုတ် - အမေရိကန် နိုင်ငံကြီးတွေနဲ့ အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် မျှမျှတတ ရင်းနှီးစွာဆက်ဆံ သွားမယ်လို့ လည်း ပြောသွားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ တွေ့ဆုံမေးမြန်း ထား တာတွေ ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

Saturday, April 20, 2013

အိုင်ယာလန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အတုယူဖို့ ဝန်ကြီးဦးဝင်းထွန်းပြော



ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဘယ်လ်ဖတ်စ်မြို့မှာ အိုင်ယာလန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကြာသပတေးနေ့ မနေ့ညက လန်ဒန်မြို့ကို ပြန်လည်ထွက်ခွာသွားပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းက အိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူတွေအားလုံး ရိုးသားမှုကိုအခြေ ခံပြီး တွေ့ဆုံဆွေးနွေး လို့ အောင်မြင်ခဲ့ကြတာဟာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အတုယူစရာဖြစ် တယ်လို့ ဘဲလ်ဖတ်စ်မြို့လေဆိပ်ကနေ RFA ကို ပြောဆိုခဲ့ပါတယ်။

"နိုင်ငံရေးခံယူချက်တွေကို အသီးသီးရှိကြပေမယ့် တစ်ယောက်ကိုတစ်ယောက် ဖြူဖြူစင်စင်၊ တစ်ယောက်ကိုတစ်ယောက် မလှည့်ပတ်ကြစတမ်းပေါ့လေ၊ တစ်ယောက်ကိုတစ်ယောက် ရိုးရိုးသားသား ဖြူဖြူစင်စင်နဲ့ တိုင်းပြည်ကောင်းဖို့ကို ရိုးရိုးသားသား လုပ်ကြမယ်ဆိုရင် မအောင်မြင်စရာ မရှိဘူးဆိုတဲ့အချက်ကို တွေ့ရှိရပါတယ်" တဆက်တည်းမှာ ဝန်ကြီးဦးဝင်းထွန်းက ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အနောက်နိုင်ငံတွေ ပါဝင်တက်ရောက်ရေးကို မိမိတို့ကငြင်းပယ်ခဲ့တာမဟုတ်ပဲ တရုတ်အစိုးရဖက်က ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

"တရုတ်ဘက်ကတော့ ကုလသမဂ္ဂရယ်၊ အမေရိကားရယ်၊ ဗြိတိန်က ကိုယ်စားလှယ်တွေကို ဖိတ်တာတော့ သူတို့လိုလားဟန်မပြဘူး၊ မပြဘူးဆိုတာက ကျွန်တော်တို့ကို မပြတာမဟုတ်ဘူး၊ ကချင်ဘက်ကိုမပြတာ၊ ဖိတ်တာ က ကချင်ဘက်ကဆိုတော့ ကချင်ဘက်ကို ကန့်ကွက်တယ်၊ ကျွန်တော်တို့ဘက်ကတော့ အေ နာ က်နိုင် ငံ ကို ကိုယ်စားပြုတဲ့ နိုင်ငံကြီးတွေကိုလည်း လက်ခံတယ်၊ ပြည်တွင်းမှာရှိတဲ့ သတင်းအဖွဲ့ အစည်းေ တွကော၊ လူမှုရေးအဖွဲ့အစည်းတွေကိုပါ၊ ကျွန်တော်တို့ဘက်က ပွင့်ပွင့်လင်းလင်း လက်ခံတယ်" ဒါ့အပြင် မြန်မာပြည်နဲ့ တရုတ်နယ်ခြားကနေ သစ်တောနဲ့ သယံဇာတတွေ ခိုးထုတ်နေတာကို လုံခြုံေ ရးကြောင့် ထိရောက်စွာ တားဆီးနိုင်စွမ်း မရှိသေးဖူးလို့လည်း သူကပြောပါတယ်။

"လုံခြုံရေး အပြည့်အဝမရှိသေးဘူး၊ အစိုးရရဲ့ သြဇာအာဏာ သက်ရောက်မှုနည်းနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တစ်လျှောက်ကတော့ အင်မတန်မှ စိတ်မကောင်းစရာ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်တွေကို ခိုးယူခံနေရပါတယ်၊ သိသိကြီးနဲ့ခံနေရတာပါ၊ ကျွန်တော်တို့ဘာမှ အရေးယူဆောင်ရွက်နိုင်တဲ့ အနေအထားမရှိပါဘူး" ဒါပေမယ့် အခြေအနေအားလုံးကို ခြုံငုံကြည့်မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ မကြာခင်အလျင်အမြန် တိုးတက်လာမှာ ဧကန်ဖြစ်ပါတယ်လို့ ဝန်ကြီး ဦးဝင်းထွန်းက ပြောပါတယ်။

RFA

Friday, April 19, 2013

ဤရှင်းလင်း ပွဲ၏ ရလဒ် အား မြန်မာ တစ် နိုင်ငံလုံးမှ အတည်ပြု လက်ခံ ရန် အလွန်အရေးကြီးသည်

ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင် လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်
 
ဤရှင်းလင်း ပွဲ၏ ရလဒ် အား မြန်မာ တစ် နိုင်ငံလုံးမှ အတည်ပြု လက်ခံ ရန် အလွန်အရေးကြီးသည်။ လက်ခံသော သူမည် မျှ ရှိသည် ကို Like & Share ဖြင့် ဆုံးဖြတ် မည် ဆို လျှင် ရခိုင်လူမျိုးများ နှင့် မြန်မာ တနိုင်ငံလုံးရှိ တိုင်းရင်းသာများ မည်သို့ လုပ်ဆောင်ကြမည်နည်း။ ဤကဲ့သို့ Like & Share ကို သော်မှ လုပ်ရန်ဝန်လေး ကြလျှင် သင် သည် မည်သို့သော မျိုးချစ် ပုဂ္ဂနည်း ဆိုသည်ကို အဖြေ ထုတ်နိုင်ပေပြီ ..

ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင်လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရခိုင်သမိုင်းကြောင်းများ၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိသည်တို့နှင့် စပ်လျဉ်းသော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ရိုဟင်ဂျာလူမျိုးဆိုသည်မှာ သမိုင်းတွင် မရှိကြောင်း၊ သမိုင်းဆရာဆိုသည်မှာ မျိုးချစ်စိတ်အစွဲဖြင့် မှတ်ယူ၍ မရသလို မဟုတ်တာကိုလည်း ပြောလို့မရကြောင်း၊ အထောက်အထားမရှိဘဲ မည်သည့်အရာကို မှ ပြော လို့မရကြောင်း၊ ယခုသမိုင်းများကို ရေးသည့်အခါတွင် မျိုးချစ်စိတ်ကို ဖယ်ထားကာ အမှန်တရားကို တင်ပြနိုင် ရန် ကြိုးစားပါကြောင်း၊ လူမျိုးဖက်ကို လိုက်ပြီး ပြောခြင်းကို ဘယ်တော့မှ မလုပ်ကြောင်း စသည်ဖြင့်ေ ဒါက် တာအေးချမ်းက ပြောသည်။

ဒေါက်တာအေးချမ်းက "ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအတိုင်း ကျွန်တော်အမြဲကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လူ့အခွင့်အရေးကို မလေးစားတဲ့သူ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို မလေးစားတဲ့ စကားလည်း တစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော့်မှာ အထောက်အထား ခိုင်လုံစွာ ရှိပါတယ်" ဟု ပြောသည်။

ယခု အဖြစ်အပျက်များသည် ဗြိတိသျှ ကိုလိုနီဘ၀တွင် အနှစ်တစ်ရာကျော် နေခဲ့ရသည့်စနစ်၏ ဆိုးမွေတစ် ခုဖြစ်ကြောင်း၊ ဗြိတိသျှလက်ထက်တွင် ချောင်ဒရီစနစ်ဟုခေါ်သည့် လယ်ယာမြေကို တောများကို ခုတ်ထွင် ရှင်း လင်းပြီး လယ်ယာမြေလုပ်ခွင့်ပေးကာ ၁၀ နှစ်တိတိ အခွန်မဆောင်ရသည့် စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ယင်း အတွက်ကြောင့် ကိုလိုနီလက်အောက်ခံ ဆန်စပါးကုမ္ပဏီများသည် စစ်တကောင်းသားများကို ရခိုင်ကို သွားခိုင်းကြောင်း၊ အကျိုးအမြတ်များစွာ ရရှိသည့်အတွက် စစ်တကောင်းသားများစွာ ရခိုင်ပြည်နယ် သို့ ရောက် ရှိလာကြောင်း စသည်ဖြင့်လည်း ၎င်းက ပြောသည်။

"ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ရုတ်တရက်ထပြီး ပေါက်ကွဲခဲ့တာ မဟုတ်ပါဘူး။ တစ်ငွေ့ငွေ့လောင်နေတဲ့ မီးပါ။ ဒီလို တစ်ငွေ့ငွေ့လောင်တဲ့ မီးဟာ အနှစ် ၇၀ ကျော်လာပါပြီ။ ဒါကို ကျွန်တော်တို့က သတိမရဘဲ မေ့မေ့လျော့လျော့ နေခဲ့ကြတယ်။ တစ်ချိန်မှာ ဖြစ်လာမယ်ဆိုတာကို မတွေးမိခဲ့ကြဘူး။ အခု ထပေါက်ကွဲလာတော့မှ အလွန် စိတ်မချမ်းသာစရာ အဖြစ်မျိုးလို့ ဆိုရမယ်။ ဒီကာလမှာ ဒီလိုချိန်ကိုက်ဗုံးမျိုး ပေါက်ကွဲလာမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး" ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဌာနေရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများ အတူယှဉ်တွဲ နေထိုင်ရန် ပြောဆိုမှုများနှင့် ပတ်သက်၍ "ဘာသာရေးစစ်ပွဲ (ဂျီဟတ်စ်) ဆင်နွှဲဖို့ ပိုက်ဆံတွေ လှူကြပါ။ ဘာသာရေး စစ်ပွဲအတွက်ဆိုပြီး ဒီလက်ကမ်းစာစောင်တွေကို အစ္စလာမ်မစ်နိုင်ငံတွေမှာ ဝေပါတယ်။ ပိုက်ဆံထည့်ဖို့အတွက် ဘဏ်အကောင့်တွေ ပေးထားတယ်။ စစ်တကောင်းနဲ့ ဒါရ်ကာမှာရှိတဲ့ ဘဏ်တွေက ဘဏ်အကောင့်တွေပါ။ အဲဒီတော့ ဒီလိုအကြံအစည်မျိုးရှိတဲ့ လူတွေက ကျွန်တော်တို့ ရခိုင်လူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်ချင်ပါတယ်၊ ညီအစ်ကိုလို နေချင်ပါတယ်လို့ဆိုရင် ဒီမှာ ယုံတဲ့သူ ပါသလား" ဟု တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား မေးခွန်းထုတ်ခဲ့သည်။

 

ရိုဟင်ဂျာ စကားလုံးနှင့် ပတ်သက်၍လည်း ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဆိုသည့် စကားသည် ၁၉၅၁ ခုနှစ်တွင် ဘူး သီးေ တာင်မြို့နယ် လူမျိုးစု လွှတ်တော်ကိုယ်စားလှယ် မစ္စတာ အဘူဂဖားက ဂါးဒီးယန်းသ တင်း စာ၌ ဆောင်းပါးတစ်ပုဒ်ရေးရာတွင် ဘူးသီးတောင်၊ မောင်းတောတွင်ရှိသော မွတ်စလင်များသည် တစ်ဖက်နိုင် ငံမှ ခိုးဝင်လာသော သူများမဟုတ်ဘဲ ဟိုးရှေးပဝေသဏီ ရှေးရာစုကတည်းက အာရပ်လူမျိုးများ သင်္ဘော ပျက်ကာ ရခိုင်ကမ်းခြေတွင် တင်ကျန်ပြီး အခြေစိုက် ဆင်းသက်လာသည်ဟု ရေးခဲ့ကြောင်း၊ ပိုနာ သည့် နောက်တစ်ချက်မှာ ၎င်းတို့သည် ဒေသခံ ရခိုင်အမျိုးသမီးများနှင့် အိမ်ထောင်ကျပြီးမှ ရိုဟင်ဂျာဆိုပြီး ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ ဖြစ်နိုင်ပါ့မလားဆိုသည်ကို စဉ်းစားကြစေချင်ကြောင်းလည်း ဒေါက်တာေ အး ချမ်း က ဆက်ပြောပါသည်။

"ဒါကို ကျွန်တော်နဲ့ ပြင်သစ်သမိုင်းပညာရှင် ဂျက်လိုင်ဒါတို့က ပြန်လည်ချေပဖူးပါတယ်။ အာရပ်သင်္ဘော ပျက်တယ်ဆိုတာဟာ ခိုင်မာတဲ့ အထောက်အထား မဟုတ်ပါဘူး။ ကျွန်တော်တို့ သမိုင်းပညာရှင်တွေဆိုတာ Primary Sources လို့ခေါ်တဲ့ မူရင်းအထောက်အထားကိုပဲ ကိုင်ပြီးပြောပါတယ်။ Secondary Sources ဆိုတာ အလွန်သံသယဖြစ်ဖို့ ကောင်းပါတယ်။ နောက်ထပ်က လုပ်ကြံတာလဲ ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ဆက်ရှင်းပြခဲ့သည်။

ပွဲအပြီးတွင် ဒေါက်တာအေးချမ်းက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ရာတွင် "ဒီလိုမျိုးပွဲ မျိုး များများလုပ်ပေးမှ သမိုင်းအမှန်ကို ကိုယ့်ရခိုင်လူမျိုးတွေလည်း သိမယ်။ ကျန်တဲ့ တိုင်းရင်း သားေ တွလည်း သိမယ်။ ကျွန်တော့်ကို မေးပါတယ်။ ဒီလိုပွဲမျိုး လုပ်တာဟာ ရခိုင်ပဋိပက္ခကို ပိုကြီးစေ ချင်လို့လားတဲ့။ မဟုတ်ပါဘူး။ ဒီလိုပွဲမျိုး လုပ်တဲ့အတွက် ပဋိပက္ခတွေက ပိုပြီးတော့တောင် ငြိမ်သွားပါဦးမယ်။ ကျွန်တော် မွတ်စလင် လူငယ်တစ်ယောက်နဲ့ တွေ့ပါတယ်။ ရခိုင်ပြည်ကပါပဲ။ သူက ရခိုင်ပြည်ဟာ သူ့မြေ၊ သူ့ဒေသလို့ ထင်နေတယ်။ သူတို့တွေဟာ ရခိုင်ပြည်ရဲ့ မြေရှင်တွေလို့ ထင်နေတယ်။ သူ့အသက်က ၂၀ ကျော်လောက်ပဲ ရှိမယ်။ တကယ်ကို ထင်နေတာ။ အဲဒီမှာ ကျွန်တော်က ကျွန်တော့်မှာရှိတဲ့ သမိုင်းအထောက်အထားတွေ ပြလိုက်တယ်။ မင်းတို့က ဧည့်သည်တွေ၊ ငါတို့က အိမ်ရှင်တွေ။ မင်းတို့က ဧည့်သည်လိုနေရင် ငါတို့က အိမ်ရှင်လို မနေနိုင်စရာ အကြောင်းမရှိဘူး။ မင်းတို့က မှားနေတာ။ အဲတော့ ဒီလိုနားလည်မှုကို သူတို့ကိုလည်း ပေးရမယ်။ အဲဒါမှ သူတို့က အမှန်တရားကိုသိပြီး ပိုပြီးတော့ ငြိမ်သွားမယ်လို့ ယူဆပါတယ်" ဟု ထည့်သွင်း ပြောကြားသွားသည်။


ပွဲအပြီး မေးမြန်းခဲ့သော မေးခွန်းနှင့် အဖြေအချို့

မေး - ကျောက်စာဟာ Primary Source လား။ Secondary Source လား။

ဖြေ - Primary Source ပါ။

မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ရခိုင်စကားလား၊ ဗမာစကားလား။

ဖြေ - ရခိုင်စကားလည်း မဟုတ်ပါဘူး။ ဗမာစကားလည်း မဟုတ်ပါဘူး။ သက္ကတ ဘာသာစကား ဖြစ်ပါတယ်။

မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ယနေ့ ရိုဟင်ဂျာများ ပြောဆိုနေသော စကားနှင့် အများဆုံး တူညီနေသည်ကို သိပါသလား။

ဖြေ - အာနန္ဒာ့ဆန္ဒ ကျောက်စာကို သက္ကတ ဘာသာစကားနဲ့ ရေးထိုးထားပါတယ်။ ဘင်္ဂါလီ စကားဟာလည်း ဘာသာစကား ပညာရှင်တွေ ဘာသာစကားတွေကို အုပ်စုခွဲလိုက်တဲ့အခါမှာ သက္ကတဘာသာစကား၊ ပါဠိဘာသာစကား၊ ဟိန္ဒူ၊ ဘင်္ဂါလီအားလုံးဟာ အင်ဒိုအာရိယ ဘာသာစကား အုပ်စုထဲမှာ ပါပါတယ်။ အဲတော့ သက္ကတဘာသာစကားနဲ့ ဘင်္ဂါလီစကား ဝေါဟာရတွေ တူတယ်ဆိုတာ ဘာမှ မထူးဆန်းပါဘူး။

မေး - မြန်မာဘုရင် ဘိုးတော်ဘုရားလက်ထက်တွင် ပြုစုထားသည့် စကားစု ပုရပိုဒ်သည် ဝေသာလီခေတ်သုံး စကားသည် ယနေ့ ရိုဟင်ဂျာများ ပြောသောစကားနှင့် အများဆုံး တူညီနေတာ သိပါသလား။

ဖြေ - ကျွန်တော်တို့ ပုရပိုဒ်နဲ့ ပေစာဆိုတာ ဟိုအရင်တုန်းက ပြောနေတဲ့ ပုရပိုဒ်ဆိုတာ အနှစ်ငါးဆယ်ထက် ပိုမခံဘူး။ ပေစာဆိုတာ အနှစ်တစ်ရာထက် ပိုမခံဘူး။ အဲဒါတောင် ရေနံသုတ်ထားမှ။ အဲဒါဟာ ဝေသာလီခေတ်ကဟာကို ပုရပိုဒ်ပေါ်မှာ တင်ထားတာကို ယုံကြည်လို့ရလား။ မရဘူးလား။ (မရဘူးတဲ့)။ ကျွန်တော့်ဆရာ ဒေါက်တာမျိုးမြင့်က ဖြေပါတယ်။

မေး - ၁၇၉၉ ခုနှစ်တွင် အင်းဝနေပြည်တော်ရောက် ဗြိတိသျှသံမှူး ဖရန်စစ်ဘူချနန်၏ စာတမ်းတွင် ရိုဟင်ဂျာလူမျိုးနွယ်စုရှိပြီး ၎င်းတို့မှာ အစ္စလာမ်ဘာသာဝင်များဖြစ်၍ အာရကန်ရခိုင်ဒေသ...။
ဖြေ - အဲဒီမေးခွန်းဟာ နိမိတ်ပြမေးခွန်းလို့ ခေါ်တယ်။ ဒါပေမဲ့ မေးပုံက မှားနေတယ်။ တင်ပြပုံက မှားတယ်။ ဒီမေးခွန်းကို ကျွန်တော် ဘယ်လိုဖြေမလဲ။ ဒါပေမဲ့ ကျွန်တော်ဖြေပါမယ်။ ဖရန်စစ်ဘူချနန်ရေးတဲ့ စာအုပ်က ကျွန်တော့်မှာ ကော်ပီဆွဲထားတာချည်း လေးအုပ်လောက်ရှိတယ်။ ခုနက ကျွန်တော်ပြောတဲ့ထဲမှာလည်း ပါတယ်။ ရခိုင်ပြည်က ပြေးလာတဲ့သူတွေကို ရခိုင်ဂျာ၊ ရခိုင်ဆိုတာကို ဘင်္ဂါလီတွေက ရိုရှန်၊ ရိုဟန်လို့ခေါ်တဲ့အတွက် အဲဒီက ပြေးလာတဲ့ရခိုင်တွေကို ရိုရှန်ဂျာ၊ ရိုဟန်ဂျာလို့ ခေါ်တယ်လို့ဆိုတာ ဘူချနန်ရေးထားတယ်။ ဒီလူတွေ မွတ်စလင်ဖြစ်တယ်ဆိုတာ ဘယ်စာမျက်နှာမှာ ပါလဲ။ ပြောနိုင်တဲ့သူ အခုထပြောပါ။ ပြနိုင်တဲ့သူရှိရင်လည်း လာခဲ့ပါ။

မေး - ဖရန်စစ်ဘူချနန်သည် ရိုဟင်ဂျာဘာသာစကား သီးခြားရှိပြီး ဘင်္ဂါလီ ဘာသာစကားနှင့် မတူကြောင်း စစ်တမ်းပြုစု မှတ်တမ်းတင်ထားသည်ကို သိပါသလား။

ဖြေ - ရိုဟင်ဂျာဆိုတဲ့ စကားဟာ ရခိုင်ဂျာ၊ ရဟန်ဂါ။ ရခိုင်စကားနဲ့ ဘင်္ဂါလီစကား ဘယ်လိုလုပ် တူမှာလဲ။ ဒါမှန်တယ်။ ဒီနေ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဆိုပြီး ခေါ်တဲ့သူတွေဟာ ဘင်္ဂါလီတွေ။ ဘင်္ဂါလီစကားမှာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်မှာ နေဖူးတဲ့သူတွေ ပါကောင်းပါမယ်။ ကျွန်တော် နှစ်ကြိမ်တိုင်တိုင် ကွင်းဆင်း လေ့လာ ထားတယ်။ ကျွန်တော် ဘူးသီးတောင် မောင်းတောမှာ ပြောတဲ့စကားကို အခု ကျွန်တော်နဲ့ လာပြောပါ။ အဲဒီစကားကို ကျွန်တော် ပြောတတ်တယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အခါမှာ အာလဗန်ဆိုတဲ့ ဒေသကို ကျွန်တော်ရောက်တယ်။ ရောက်တဲ့အခါမှာ ကျွန်တော် ဆိတ်သားစားချင်တော့ စစ်တကောင်းစကား နဲ့ ပြောတယ်။ သူတို့ နားမလည်ဘူး။ အဲတော့ ဒီလို ဒေသစကား မတူတာတော့ ရှိတာပေါ့။ ကျွန်တော် ရခိုင်လိုပြောရင် တချို့ဗမာတွေ နားလည်ချင်မှ နားလည်မှာပေါ့။ အဲလို ကွဲပြားတာတော့ ရှိတာပေါ့။ ဒါကို သီးခြား ရိုဟင်ဂျာ ဘာသာစကားရယ်လို့ ဘယ်အမှတ်အသားမှာမှ မရှိဘူး။ လာပြီး မလိမ်ကြပါနဲ့။ ကျွန်တော် လူရှေ့မှာ မလိမ်ဘူး။ အမှန်တရား အပေါ်မှာပဲ သစ္စာရှိတယ်။

မေး - ၁၉၂၆ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး အာရကန်အုပ်ချုပ်ရေးမှူးက အာရကန်မွတ်စလင် သုံးသောင်း၊ ဗမာလူမျိုး တစ်သောင်းဟု ဖော်ပြထားသည်ကို သိပါသလား။

ဖြေ - သိတာပေါ့။ ဟုတ်ပါတယ်။ အဲဒါ မှန်တယ်။ ဒါပေမဲ့ အဲဒီဟာက ရိုဟင်ဂျာလို့ မရေးပါဘူး။ ဂျက်လိုင်ဒါက ဒါကို ယူတယ်။ ရခိုင်လူမျိုး တစ်သိန်းကျော် ဆိုတာကို ယူတယ်။ ဒါက ရိုဟင်ဂျာ ရှိတယ်၊ မရှိဘူး ဆိုတာနဲ့ မဆိုင်ပါဘူး။

မေး - နိုင်ငံတကာမှာ Over Stay ရှိပါတယ်။ သူတို့ကရော Over Stay တွေလား။

ဖြေ - သူတို့က တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်တယ်။ Over Stay မဟုတ်ဘူး။

မေး - နိုင်ငံတကာတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်မရသူဆိုတာ ရှိပါသလား။ ရှိလျှင် ယင်းနိုင်ငံသား အမျိုးမျိုး၏ အခွင့်အရေးကို ဘယ်လို ပိုင်းခြားထားပါသလဲ။

ဖြေ - ဧည့်နိုင်ငံသား ဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကလွဲပြီး တခြားနိုင်ငံတွေမှာ ရှိတယ်လို့ ကျွန်တော်မကြားဖူးဘူး။ အမေရိကမှာ ကျွန်တော် အလုပ်လုပ်တယ်။ ကျွန်တော် တက္ကသိုလ် ဆရာအဖြစ်နဲ့ လေးနှစ် နေထိုင်ပြီးတဲ့အခါမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရတယ်။ ကျွန်တော့်ဇနီးကော၊ ကျွန်တော့် သမီးကောရတယ်။ ဒါက ဘယ်လိုလဲဆိုရင် အမြဲတမ်းနေထိုင်ခွင့် Permanent Residence သာဖြစ်တယ်။ ဒါပေမဲ့ သမ္မတရွေးကောက်ပွဲမှာ ကျွန်တော့်မှာ မဲပေးပိုင်ခွင့်မရှိဘူး။ ကျွန်တော် နိုင်ငံသားမှ မဟုတ်တဲ့ဟာ။ ဒါပေမဲ့ သူတို့ တရားဝင်ခွင့်ပြုထားတဲ့ အမြဲနေထိုင်ခွင့် ရရှိထားတဲ့ အေးချမ်းသည် မဲပေးပိုင်ခွင့် မရဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မောင်ဦးလား၊ ဘာလားမသိဘူး။ သူထုတ်ပေးထားတဲ့ အဖြူရောက်ကဒ် ကိုင်ထားတဲ့သူတွေက မဲပေးပိုင်ခွင့်ရတယ်။ အဲဒီ အဖြူရောင်ကဒ် ဆိုတာကဘာလဲ။ အမြဲနေထိုင်ခွင့်လား။ ရေးထားတာက ယာယီ မှတ်ပုံတင်ကတ်ပြား။ အမြဲ နေထိုင်ခွင့်ရတဲ့ သူတောင် မဟုတ်ဘူး။ ဘာလို့ မဲပေးခွင့်ရလဲ။ တစ်ချိန်က ဂျပန်တွေက ကိုရီးယားကို ကိုလိုနီလုပ်ပြီး ကိုရီးယားလူမျိုးတွေကို ကျွန်ပြုဖို့ ခေါ်ထားတယ်။ ဂျပန်လူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်တွေကို ခိုင်းတယ်။ အဲဒီလူတွေက အခု တတိယမျိုးဆက်ကို ရောက်လာပြီ။ အမြဲတမ်း နေထိုင်ခွင့်ပဲ ရှိတယ်။ မဲပေးလို့မရဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲဒီ အဖြူရောင်ကဒ် ကိုင်ထားတဲ့သူတွေ အကုန်လုံး မဲပေးခွင့်ရတယ်။ ကျွန်တော်တို့ တိုင်းပြည်လောက် လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံ ရှိဦးမလား။

မေး - အခုလို ရန်ကုန်ကို လာဟောပြောတာဟာ ဘာသာရေးစစ်ပွဲ မဖြစ်ဖြစ်အောင် လှုံ့ဆော်နေတာလား။

ဖြေ - ကျွန်တော် ကြောက်တတ်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော် စစ်ကိုရှောင်ချင်တယ်။ ဒီမေးခွန်း မေးတဲ့သူကို ကျွန်တော် မေးချင်တယ်။ ခင်ဗျားအိမ်မှာ ကျွန်တော် တစ်ရက်နေမယ်။ နောက်တစ်ခါ နောက်တစ်ရက် နေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်ပတ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက် ကျွန်တော်က ခင်ဗျားကို ကန်ထုတ်ပစ်မယ်ဆိုရင် ခင်ဗျားလက်ခံနိုင်ပါ့မလား။ အဲဒါကိုပဲ ဖြေကြည့်လိုက်ပါ။


Sunday, March 31, 2013

နောက်ကွယ်က လူတွေကို စုံစမ်းစစ်ဆေးနေပြီ ပြောပေမယ့် မဖေါ်ထုတ်ဘူးဆိုရင် နောက်ထပ် အရေးအခင်းတွေကို ဖိတ်ခေါ်သလို ဖြစ်သွားမှာပေါ့ ဆိုသည့် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် နှင့်တွေ့ဆုံခြင်း

လတ်တလော ဖြစ်ပွားနေသော ဘာသာရေး လူမျိုးရေး အကြောင်းပြ၍ ပဋိပက္ခများ အဓိကရုဏ်း များ ဖြစ်ပေါ်နေခြင်းများနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် အား တွေ့ ဆုံမေးမြန်း မှုများအား ဖေါ်ပြလိုက်ပါသည်။

မေး။ ။အခု အဓိကရုဏ်းတွေ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အဘ ဘယ်လိုမြင်မိလဲ

ပဋိပက္ခက မိတ္ထီလာ ရွှေဆိုင်တစ်ဆိုင်ကနေ စတယ်။ အဲ့ဒီမှာ ခံရတဲ့ဘက်က ဗုဒ္ဒဘာသာတွေက ရပ်တယ် အဲ့ဒီအပြင် သံဃာတစ်ပါးနဲ့ ပတ်သက်ပြီး တစ်ဖက်က ကိုင်တွယ်မှုအပေါ်မှာ ကိုင်တယ်မှုအပေါ်မှာ ခံပြင်းရာကနေ သာမန် ခိုက်ရန်ဖြစ်ပွားမှုက စပြီး ဘာသရေးအဓိကရုဏ်း ဘာသာရေးအုပ်စု မတူခြားတဲ့ အသွင်း အဓိကရုဏ်းဖြစ်ပြီး ခု အပြစ်မဲ့တဲ့သူတွေပါ သေရတာပေါ့ မီးလောင်ပြီးတော့ အိုးအိမ်တွေ ဆုံးရှုံးရတာပေါ့။ ဒါတွေက မလိုလားအပ်တဲ့ ဖြစ်ရပ်တွေပါ။ ဒီဖြစ်ရပ်တွေကို ကြည့်တဲ့အခါမှာ အခုလက်ငင်းပေါ်ပေါက်တဲ့အကြောင်းတွေ ကြည့်လို့မရဘူး အရင်းအခံအကြောင်းကို ကြည့်ရမယ်။ အရင်းခံအကြောင်းတွေထဲမှာ ဘာလဲ ဆိုတော့ ဧည့်နိုင်ငံသားလို့ နိုင်ငံသားပြုခွင့်ရတဲ့သူတွေ၊ ဧည့်သည်တွေက အိမ်ရှင်ကိုလေးစားရမယ်။ အိမ်ရှင်ကလည်း ဧည့်သည်ရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရမယ်။ အဲ့ဒါက နှစ်ရှည်လများ ဧည့်သည်က အိမ်ရှင်အပေါ်မှာ စီးပွားရေး မညီမျှမှုတွေ ၊ လူမှုရေး မမျှတမှုတွေ လုပ်လာတဲ့ အခါကြတော့ လူ့အဖွဲ့အစည်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ခံပြင်းတဲ့ နာကျည်းမှုတွေရှိလာတာပေါ့။ ခုလို ပုဂ္ဂိုလ်ရေးဆိုင်ရာ ပေါ်ပေါက်လာတဲ့ အရေးအခင်းတွေက စပြီးတော့ ဆိုးရွားတဲ့ အခြေအနေတွေဖြစ်လာတာ။ ဒါကတော့ သာမန်လူထုဟာပေါ့ နောက်တစ်ခုက နိုင်ငံအရေးရ စဉ်းစားရမှာက ခေတ်ဟောင်းမှာ အခွင့်အရေးရပြီးတော့ အဏာကိုအကြောင်းပြပြီး စည်းစိမ်းဥစ္စာကို ရှာနိုင်ခဲ့တဲ့ အင်အားစုပေါ့ ဒီအင်အားစု တွေကလည်း သူတို့ရဲအခွင့်အဏာတွေဟာ ပြောင်းလဲရေးလုပ်လာရင် လျော့နည်းတော့မှာကိုး၊ ဆုံးရှုံးတော့မှာကိုး၊ အဲ့တော့ သူတို့မှာ ရှိတဲ့ ငွေကြေးနဲ့ သူတို့သြဇာကို သုံးပြီးတော့ သူတို့ အားကောင်းတဲ့ နေရာတွေမှာ မိတ္တီလာတို့လို မြင်းခြံတို့လို နေရာတွေမှာ အားစမ်းတာ မျိုး လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုကတော့ နှစ်ပေါင်း၂၀ လုံးမှာ သပိတ်စုံ သူပုန်ထ လာခဲ့ပြီးတော့ လမ်းပေါ်ထွက် လမ်းပေါ်က နိုင်ငံရေးကိုပဲ လုပ်တတ်ကိုင်တတ်တဲ့ သူတွေကလည်း ခုလို အခွင့်အရေးအခါအခွင့်ပေါ်လာတဲ့ အခါမှာ နဂိုအခံနဲ့ ၀င်လုပ်တာလည်း ရှိတာပေါ့ ဒါတွေနဲ့တ်စက်ပြီး ကော်မရှင်က သတိပေးတာ ရှိတယ် နိုင်ငံရေးပါတီတွေ မပါဝင်ဖို့၊ ။ ဇီးကုန်းဘက်သတင်းကို ကြားရတဲ့အခါ နိုင်ငံရေးပါတီအချို့ က မေးမြန်းစုံစမ်းခံရမယ်ဆိုတဲ့အဆင့်ရောက်နေတဲ့ သတင်းတွေကြားရတယ်။ အဲ့တော့ အခုအရေးအခင်းက ရိုးရိုးပြောလိုက်ရင် တိုင်းပြည်ရဲ့ မတည်ငြိမ်မှုကို ဖန်းတီးပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု နှေးကွေးအောင်လုပ်ချင်တဲ့အင်အားစုနဲ့ မိမိရဲ့ ပုဂ္ဂိုလ်ရေးအဏာ အတွက် တိုင်ပြည်မတည်ငြိမ်မှ အလုပ်ဖြစ်မယ်ထင်တဲ့ နိုင်ငံရေးအတွေးအခေါ်မျိုးနဲ့ ၀င်ရောက်လုပ်နေတဲ့ အင်အားစုတွေပေါ့ အားလုံး လာပြီး ပေါင်းစပ် မိတယ်လို့ ပြောရမယ်။ တိုင်းပြည်က လူမျိုးရေး စစ်ပွဲ၊ ဘာသာရေး ဂိုဏ်းဂဏ စစ်ပွဲတွေကြောင့် ခေတ်နောက်ကျခဲ့ပြီ အဲ့ဒီအခြေအနေဆိုး တွေကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာ အခု ဘာသာရေး အဓိကရုဏ်းဖြစ်တာ မလိုလားဘူး။ အဲ့တော့ တရားဥပဒေစိုးမိုးရေးကို တို့ပါတီအနေနဲ့ အဏာပိုင်တွေက ဖိတ်ခေါ်ရင် တို့ပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေလုပ်ပေးမယ်။ မဖိတ်ခေါ်ရင်လည်း လူထုအသိပေးတဲ့ စည်းရုံးလှုံဆော်တဲ့ နည်းနဲ့ လုပ်သွားမှာပဲ။

Saturday, March 30, 2013

မွတ်ဒေါင်း တရားဖြင့် နာမည်ကြီးလာသော ဆရာတော် ဦးဝီရသူနှင့် အင်တာဗျူး




မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် မန္တလေး၊ မစိုးရိမ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး မတ်လတွင် အကျဉ်းကျနိုင်ငံရေး ဘုန်းတော်ကြီးများ လွတ်မြောက်ရေး ဆန္ဒပြပွဲ၊ အောက်တိုဘာလတွင် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်မှုအသင်း ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများနှင့် စပ်လျဉ်းပြီး ဧရာဝတီ အထူး အကြီးတန်း သတင်းထောက် သာလွန်ဇောင်းထက် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။   ။ မိတ္ထီလာပဋိပက္ခမှာ သေဆုံးမှုက ၄၂ ဦးထိရှိလာပြီလို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်တယ်။ အရှင်ဘုရားကလည်း မိတ္ထီလာကို သွားရောက်ပြီး တားမြစ်ခဲ့တာတွေလုပ်ခဲ့တော့ ဘာကြောင့် ဒီလောက်အထိ အသေအပျောက်တွေ များလာရတယ်လို့ ထင်ပါသလဲ။

ဖြေ။   ။အသေအဆုံးများတာက ဒုတိယနေ့(မတ် ၂၁) ပိတ်မိနေတဲ့ မွတ်စလင်တွေ၊ အဲဒီအကြောင်းပြောရရင်တော့ ဖြစ်ပြီးလို့ မီးတွေဘာတွေရှို့ကြတဲ့အခါမှာ ရှောင်တိမ်းနေတဲ့ မွတ်စလင်တွေ၊ အဲဒီမွတ်စလင်တွေက ကျောင်းသားတွေများတယ်။ အာရဗီစာသင်ကျောင်းက ကျောင်းသားတွေများတယ်။ အရပ်သားတွေလည်း ပါတယ်။ သူတို့တတွေကို ရယက ဖွက်ပေးထားတယ်။ လုံခြုံရေးလည်း ချပေးထားတယ်။ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။ ၀ိုင်းတဲ့အချိန်မှာ သူတို့က ဘေးပတ်လည်လည်မှာဆိုရင် ဒီဘက်ဘေးမှာဆိုရင် ဗလီရှိတယ်။ ညာဘက်မှာဆိုရင် မီးလောင်ပြင်ရှိတယ်။ သူတို့ရဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာဆိုရင် ကုန်းမြင့်ကြီးရှိတယ်။ သူတို့က မပြေးသာတော့ဘူး။ အဲဒီမှာ ၀ိုင်းတဲ့အချိန်မှာ မွတ်စလင်ထဲက တယောက်က လေးခွနဲ့ သံဃာတပါးကို ပစ်တယ်။ အဲဒီမှာ ဗမာလူအုပ်က သွေးကြွလာတယ်။ ဗမာလူအုပ် နီးသထက်နီးလာတဲ့အချိန်မှာ အက်ဆစ်ထုပ်တွေ ဘာတွေပစ်တယ်။ အဲဒီအချိန်အထိ တိုက်ခိုက်မရှိတာဘူး။ ဗမာလူအုပ်ကလည်း ရပ်ကြည့်နေတယ်။ သူတို့တွေကလည်း ထွက်မလာဘဲ ဟိုဟာနဲ့ ဒီဟာနဲ့ ပစ်တယ် ဒါပါပဲ။ အဲဒီနေ့ မိတ္ထီလာကို ဦးဇင်းရောက်နေတာ။ ဦးဇင်းက ၂၀ ရက်နေ့ ညကတည်းက ရောက်နေတာ။ အဲဒီအချိန်မှာ ဦးဇင်းရော၊ ရွှေည၀ါရော၊ မင်းကိုနိုင်တို့တောင်ရောက်နေပြီ။ အဲလိုဖြစ်နေတဲ့ အချိန်မှာ အယောက် ၂၀ လောက်က ဗမာလူအုပ်ကြီးကို အသေခံပြီးထွက်တိုက်တယ်။ အဲဒီမှာ ကျဆုံးကြတယ်။ တနေရာတည်းကို ၉ လောင်း၊ ၁၀ လောင်း၊ ၁၁ လောင်းလောက်ကျတယ်။ အဲဒီလို တိုက်ခိုက်နေတဲ့အချိန်မှာ လုံခြုံရေးတွေက ကျန်တဲ့သူတွေကို ဖော်ထုတ်ကယ်တင်သွားတယ်။ အဲဒါ အကျအဆုံး အများဆုံးပဲ။ တနေရာတည်းမှာ။ ကျန်တာတွေကတော့ အပြန်အလှန်မီးရှို့ကျတယ်။ ဟိုနေရာ တယောက်ကျ၊ ဒီနေရာ တယောက်ကျ။ အစုလိုက်အပြုံလိုက်ကတော့ အဲဒီနေရာမှာပဲကျတာ။

Tuesday, March 26, 2013

သမိုင်းမှာ တိုင်းပြည်ပျက်ဖို့ကြုံခဲ့ တိုင်း သစ္စာမဖောက်ရေးကိုဦးထိပ် ပန်ဆင်ပြီး တိုင်းပြည်မျက်နှာထောက် ခဲ့တဲ့တပ်မတော်ကဘယ်သူ့ကိုညာ ရမှာလည်း

 
 
ဗိုလ်မှူးချုပ်အုန်းမြင့် (ငြိမ်း)
တပ်မမှူး (ငြိမ်း)၊ မွန်ပြည်နယ်ဝန် ကြီးချုပ်

“သမိုင်းမှာ တိုင်းပြည်ပျက်ဖို့ကြုံခဲ့ တိုင်း သစ္စာမဖောက်ရေးကိုဦးထိပ် ပန်ဆင်ပြီး တိုင်းပြည်မျက်နှာထောက် ခဲ့တဲ့တပ်မတော်ကဘယ်သူ့ကိုညာ ရမှာလည်း”

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင် တဲ့ တပ်မတော်ကြီးဟာ မြန်မာ နိုင်ငံရဲ့လွတ်လပ်ရေးကိုရအောင်  ယူပေးနိုင်ခဲ့တယ်။ လွတ်လပ်ရေး  ရပြီးတော့ရော တပ်မတော်နဲ့ အခန်းကဏ္ဍာကပြီးဆုံးသွားသလား  ဆိုတော့ မပြီးဆုံးသွားဘူး။ အဲဒီ မှာခွဲထွက်မယ်ဆိုတာတွေ ရောင်စုံသူပုန်ထတာတွေ ဖြစ်လာ တယ်။ ပြောရရင်တိုင်းပြည်ပြိုကွဲ  တော့မယ့်အထိ ရန်ကုန်အစိုးရ  တစ်ခုပဲကျန်တော့တဲ့အထိဖြစ်ခဲ့ တယ်။ အဲဒီမှာ တိုင်းပြည်မျက်နှာ   တစ်ခုထဲကိုကြည့်ပြီး ရပ်တည်ခဲ့ တာတပ်မတော်ပဲ ခေတ်တွေပြောင်း  လာတယ်။ နောက် န.၀.တ လက်ထက်မှာလည်း တိုင်းပြည် ပျက်မှာစိုးလို့ အဲဒီ န.၀.တ ကို ရော အစိုးရကိုရောဖျက်သိမ်းလိုက်  တယ်။ မဖျက်သိမ်းရင်တိုင်းပြည် ပျက်တော့မယ်လေ။ ပြောရရင် တပ်မတော်က ဘယ်သူ့ကိုညာရ မှာလည် သမိုင်းမှာရောတပ်မတော်  က ညာခဲ့တာမျိုးရှိသလား။ ကျွန်တော်မေးမယ်။ သမိုင်းတစ် လျှောက်တိုင်းပြည်မျက်နှာထောက် ပြီး သစ်္စာမဖောက်ရေး၊ တိုင်းပြည်  သစ္စာဖောက်ဖျက်ပြီးပုန်ကန်တာ ကလွဲပြီး မဖြုတ်ကြေးဆိုတာကို ဦးထိပ်ပန်ဆင်ခဲ့တာ တပ်မတော်  ပဲလေ။ ၆၆/၆၇မှာလည်း ဆန်ကိစ္စ  ကြောင့် မော်စီတုန်းအရေးခင်းဆို တာဖြစ်ခဲ့တယ်။ န.၀.တ လက်ထက်တုန်းကလည်း ခေါင်းဖြတ် ဘာဖြတ်နဲ့ တိုင်းပြည်မှာ မရိုမရဲ ဖြစ်နေတာ ဒီလိုအခြေအနေတွေ ကိုမှာသာ တပ်မတော်က တိုင်း ပြည်မျက်နှာမကြည့်ပဲ။ မျက်နှာ  လွဲနေခဲ့မယ်ဆိုရင် တိုင်းပြည်ဘာ ဖြစ်သွားမလဲ။ ဟုတ်တယ်မှတ် လား ကျွန်တော်တို့နိုင်ငံမှာ တိုင်းပြည်ပျက်ဖို့ခဏခဏကြုံခဲ့ တယ်။ အဲသလိုကြုံခဲ့တဲ့အချိန် တိုင်းမှာလည်း တပ်မတော်က တိုင်းပြည်မျက်နှာထောက်ပြီး ပါဝင်ရပ်တည်ခဲ့ရတာ ဒီဟာတွေ ကို နောက်လူတွေကဘာမှမသိခဲ့  တာမဟုတ်ဘူး။ ပြောရရင်တပ်မတော်  ဟာ တိုင်းပြည်ကို ဘယ်တော့မှ မညာဘူး။ အမြဲအနစ်နာခံပြီး ရပ်တည်ပေးဆပ်ခဲ့တာပဲရှိတယ်။

Hot News

မြန်မာတွေ မှန်ကင်းအစစ်ဖြစ်လျက် ထင်းအဖြစ်နေခဲ့ရတဲ့ အပြစ်က လွတ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းဦး ဆောင်တဲ့ လူငယ်မျိုးချစ်တွေဟာ ရင်မြေကတုတ်ပြုပြီး ပေးဆပ်တိုက် ပွဲဝင်ခဲ့ကြတယ်

 
ဗိုလ်မှူးချုပ်တင့်ဆွေ (ငြိမ်း)
အမျိုးသားစာပေဆုရှင် ဆရာကြီး တင့်ဆွေ (ငြိမ်း)

“မြန်မာတွေမှန်ကင်းအစစ်ဖြစ်လျက် ထင်းအဖြစ်နေခဲ့ရတဲ့ အပြစ်က လွတ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းဦး ဆောင်တဲ့ လူငယ်မျိုးချစ်တွေဟာ ရင်မြေကတုတ်ပြုပြီး ပေးဆပ်တိုက် ပွဲဝင်ခဲ့ကြတယ်”

မြန်မာတွေက မှန်ကင်းအစစ်  ဖြစ်ပါလျက် ထင်းအဖြစ်နဲ့ နေ့ခဲ့ ရတယ်။ ဒီလိုဘ၀မျိုးကို မြန်မာ  တစ်မျိုးသားလုံးကလည်းမလိုလား။ ကျွန်တော်ကိုယ်တိုင်လည်းမလို လားဘူး။ မြန်မာနိုင်ငံကို သူ့ကျွန် ဘ၀ကလွတ်မြောက်စေချင်တာ  မြန်မာတစ်မျိုးသားလုံးရဲ့ ဆန္ဒ၊ အဲဒီခေတ်တုန်းက လူငယ်တွေရဲ့ ဆန္ဒပါပြောရရင် လွတ်လပ်ရေး ဆိုတာကို ဘယ်လောက်လိုချင် တက်မက်သလဲ၊ လူငယ်တွေ လွတ်လပ်ရေးမာန်ဘယ်လောက် ပြင်းထန်ကြသလဲဆိုရင် ဗိုလ်ချုပ် အောင်ဆန်းအပါအ၀င်လူငယ်လေး   တွေဟာ မိဘကိုဖယ်ခွာ၊ ဇာတိရပ် ရွာကိုကျောခိုင်း၊ ချစ်သူကိုစွန့်ပြီး လွတ်လပ်ရေးရအောင်ယူမယ်ဆို တဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့ တပ်မတော်  ကြီးထဲကိုဝင်ခဲ့ရတယ်။ ပြောရရင်  တပ်မတော်ထဲဝင်ခဲ့တဲ့ လူငယ်တွေ ဟာ လွတ်လပ်ရေးရမှ မုတ်ဆိတ် ရိတ်မယ်၊ လွတ်လပ်ရေးရမှ မိမိ ထောင်ပြုမယ်ဆိုတဲ့ သံဓိဋ္ဌာန်နဲ့ လွတ်လပ်ရေးကိုအရယူခဲ့တာလွတ် လပ်ရေးရတော့ တစ်မျိုးသားလုံး ကပျော်ရွှင်ကြဗျောက်အိုးဖောက် သံ၊ မီးပန်းမီးရှုးလွှတ်သံတွေနဲ့ အတူပျော်ကြပေါ့ဗျာ။ အဲသလို   မီးပန်းဖောက်သံတွေနဲ့အတူ ရောင်စုံသူပုန်တွေနဲ့ သေနတ်သံ တွေ၊ မိုင်းခွဲသံတွေ၊ ဆူပူသံတွေ ကြောင့် ပြည်သူတွေခမျာလွတ်လပ်  ရေးအရသာအပြည့်အ၀မခံစားရ ရှာပဲ။ သောကဝေခဲ့ပြန်ရော သောင်းကျန်းမှုမချုပ်ငြိမ်းရင်တိုင်း ပြန်လည်းမတိုးတက်ဘူး။ ဒီအချိန် မှာ လွတ်လပ်ရေးရပြီးပါက နိုင်ငံ  ထူထောင်ရေးကိုဘယ်လိုလုပ်ကြ  မလဲဆိုတဲ့ အတွေးတွေလည်းေ၀၀ါးသွားခဲ့တယ်။ အဲဒီမှာပဲ။ လူငယ်တွေက သူတို့ဘက်တားတဲ့   စစ်ပညာနဲ့ သောင်းကျန်းသူတွေ ကို နိမ့်နင်းခဲ့ရတယ်။ တရုတ်ဖြူ  ကျူးကျော်မှုကလည်းတစ်မှောင်   တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်ဖြစ်နေတဲ့ အခြေအနေ မှာ ပေးအပ်တဲ့တာဝန်ကိုကျေပွန်   စွာနဲ့ ကံကြမ္မာများ ဗုံးသံ၊ အမြှောက်သံ၊ သေနတ်သံတွေကြား  မှာ ကိုယ်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက်  ရင်မြေကတုတ်ပြုပြီး အသက်ပေး  ရပ်တည်ခဲ့တာတပ်မတော်ကြီးပဲ။

Hot News

တပ်မတော်ကိုတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဟာတပ်မတော် ကြီးရဲ့ ဖခင်ကြီးဖြစ်သလိုတပ်မတော် သားတွေရဲ့ ခေါင်းဆောင်ကြီးလည်း ဖြစ်ပါတယ်

 
ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ (ငြိမ်း) စစ်ဒေသမှူးနှင့် ၀န်ကြီး (ငြိမ်း)

“တပ်မတော်ကိုတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာတပ်မတော်   ကြီးရဲ့ ဖခင်ကြီးဖြစ်သလိုတပ်မတော် သားတွေရဲ့ ခေါင်းဆောင်ကြီးလည်း ဖြစ်ပါတယ်”

တပ်မတော်စဖွဲ့စည်းတဲ့နေ့ ဒီဇင်ဘာလ (၂၇) ရက်နေ့ကာ တော်လှန်ရေးနေ့မဟုတ်နိုင်သ လို နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်နေတဲ့ မတ်လ (၂၇) ရက်နေ့ကိုလည်း တပ်မတော်နေ့လို့ခေါ် ဆိုခြင်းမပြု နိုင်ချေဆိုပြီး။ The Future   မဂ္ဂဇင်း မှာ ဗိုလ်မှူးချုပ်အောင်ရွှေ (ငြိမ်း) က ဆောင်းပါးရေးထားတယ်။ ပြောရရင်ဒါက ၀ိဒါဒကွဲလွဲနေကြ တာပါ။ အယူအဆကွဲလွဲနေကြ တယ်။ ဒါကကွဲလွဲရမှာမဟုတ်ဘူး။  ယူဆချင်သလိုယူဆလို့ရတာပဲလေ  တပ်မတော်ကိုတည်ဆောက်ခဲ့တဲ့  ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်   ကြီးလို့ပြောလို့ရသလို တပ်မတော်   ကြီးကိုတည်ထောင်တဲ့ ဖခင်ကြီး ပဲလေ။ ဘန်ကောက်မှာ တပ်မတော်    စဖွဲ့စည်းတုန်းကလည်း ဗိုလ်ချုပ် အောင်ဆန်းပါဝင်ခဲ့တာပဲပြီးတော့  မတ်လ (၂၇) ရက်နေ့ ဖက်ဆစ် ကိုတော်လှန်ဖို့တပ် ထွက်မိန့်ခွန်း ပြောတုန်းကလည်း ဗိုလ်ချုပ် အောင်ဆန်းပါခဲ့တာပဲလေ။ ဒီနေ့  နှစ်နေ့နဲ့ ပတ်သက်ပြီး ဒီကနေ့ အယူအဆတွေကွဲနေကြတယ်။ မတ်လ (၂၇) ရက်နေ့ကလည်း ဂျပန်ကိုတော်လှန်တော့မယ်ဆိုပြီး အဲဒီမှာ သတင်းတွေပေါက်ကြား တယ်ဆိုတာမျိုးတောင်ဖြစ်ပြီးရက် တောင်ရွေ့လိုက်ရသေးတယ်။ အဲဒီက ရုတ်တရက်လုပ်လိုက်ရတဲ့  အတွက် ရက်ကိုရွေ့လိုက်ရတယ်။  ဗိုလ်ချုပ်အောင်ရွှေပြောတာက တော့ သူ့အမြင်နဲ့သူပြောတာပါ။  ဒီလိုဖြစ်ရတာကလည်း တပ်မတော်   ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်  ဆန်းကိုအကြောင်းပြုပြီးဖြစ်ရတာ လေ။ ဒီကိစ္စအယူအဆကွဲနေစရာ တော့မလိုဘူးထင်တယ်။

Hot News

တိုင်းပြည်က ရဲဘော်အတွက် မဟုတ်ဘူး ရဲဘော်ဟာ တိုင်းပြည် အတွက်ဖြစ်ရမယ်



ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွှန့် (ငြိမ်း)
တိုင်းမှူး၊ သာသနာရေးဝန်ကြီး (ငြိမ်း)

“တိုင်းပြည်က ရဲဘော်အတွက် မဟုတ်ဘူး။ ရဲဘော်ဟာ တိုင်းပြည် အတွက်ဖြစ်ရမယ်”

တပ်မတော်စဖွဲ့ကထဲကိုက တိုင်းပြည်လွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတာကို ဦးထိပ်ပန်ဆင် ပြီးစတည်ထောင်ခဲ့တာပဲလေ။ ဗိုလ်ချုပ်အောင်ဆန်းဟာကျောင်း သားဘ၀နိုင်ငံရေးလုပ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၃၉ လောက်ကစပြီး ၉ နှစ်ဆိုတဲ့ ကာလအတွင်းမှာ ဖက်ဆစ်ကိုလည်းရအောင် တိုက်နိုင်ခဲ့တယ်။ လွတ်လပ်ရေးကို  လည်းရအောင်ယူနိုင်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အပြော လျှော့ပြီးအလုပ်များများလုပ်သွား လို့လွတ်လပ်ရေးရခဲ့တာ လွတ်လပ်  ရေးကြိုးပမ်းမှုကာလမှာ အဖွဲ့ အစည်းတွေက သူတို့ပဲတိုင်းပြည်  ချစ်တယ်ဆိုပြီးလုပ်နေကြ၊ ပြော နေကြချိန်မှာ အဲဒီမှာပဲ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဦးဆောင်မှုနဲ့ မတူ တာတွေဘေးဖယ်ပြီးတူတာတွေ ပူးပေါင်းလုပ်မယ်ဆိုပြီး လုပ်ခဲ့လို့  ရဲဘော်သုံးကျိပ်ဆိုတာဖြစ်လာတယ်။ အဲဒါကြောင့် လွတ်လပ်ရေးကြိုး ပမ်းမှုမှာ ရဲဘော်သုံးကျိပ်ဟာ အရေးပါလာခဲ့တာ ပြောရရင် အပြောနဲ့မဟုတ်ဘဲ ၉ နှစ်အတွင်း  လွတ်လပ်ရေးရအောင်ဗိုလ်ချုပ် အောင်ဆန်းကယူပေးခဲ့တယ်။ ၉ နှစ်အတွင်းနဲ့ ရအောင်ယူပေးနိုင်  ခဲ့တာ ရပြီးတော့ အဲဒီလွတ်လပ် ရေးတည်မြဲဖို့ဆိုတာကလည်း တိုင်းရင်းသားတွေကြားမှာ စည်းလုံးမှုရှိမှရမှာလေ မြန်မာ ပြည်လွတ်လပ်ရေးရရင် တိုင်းရင်း သားတွေလည်း လွတ်လပ်ရေးရ မယ်ဆိုတဲ့ မွန်မြတ်တဲ့စိတ်ဓာတ်နဲ့  ဗိုလ်ချုပ်အောင်ဆန်းကလုပ်ခဲ့တာ   ဘဘပြောချင်တာက ဂျန်အက်ဖ်  ကနေဒီပြောခဲ့တဲ့စကားလေးရှိ တယ်။ တိုင်းပြည်ကသင့်အတွက်   ဘာလုပ်ပေးနိုင်သလဲမမေးပါနဲ့တဲ့  သင်ကတိုင်းပြည်အတွက်ဘာလုပ် ပေးနိုင်သလဲဆိုတာကို ပဲပြောပါ  တဲ့ ဒီစကားကအရမ်းတန်ဖိုးရှိပါ တယ်။ အဲဒီအတိုင်းပဲ ဘဘတို့  တပ်မတော်မှာလည်း ဆောင်ပုဒ်  ရှိတယ်။ တိုင်းပြည်သည်ရဲဘော်  အတွက်မဖြစ်ရဘူး။ ရဲဘော်သည်   တိုင်းပြည်အတွက်ပဲဖြစ်ရမယ်ဆို တာရှိတာပဲ။ တပ်မတော်ကြီးဟာ လည်း လွတ်လပ်ရေးကြိုးပမ်းမှု ကာလကစပြီး အဲဒီဆောင်ပုဒ်ကို စွဲကိုင်ပြီး တိုင်းပြည်အတွက်ရပ်တည်  လာခဲ့တာပဲလေ။ ဒီတော့ တိုင်း ပြည်လွတ်လပ်ရေးကို ဦးထိပ်ပန်ဆင်  ခဲ့တဲ့ဘဘတို့တပ်မတော်ကြီးဟာ   တိုင်းပြည်ကိုညာခဲ့တာမျိုးရှိလို့လား။

Hot News

တိုင်းပြည်ပြိုကွဲမယ့် အခြေအနေ တိုင်းမှာ လက်ပိုက်ကြည့်မနေပဲ အသက်ပေး ရပ်တည်လာတာ တပ်မတော်ပဲ

 
ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ
ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း)

“တိုင်းပြည်ပြိုကွဲမယ့်အခြေအနေ    တိုင်းမှာ လက်ပိုက်ကြည့်မနေပဲ   အသက်ပေးရပ်တည်လာတာ  တပ်မတော်ပဲ”

“ဘဘတို့တပ်မတော်တင်မဟုတ် ပါဘူး။ ကမ္ဘာမှာရှိနေတဲ့ တပ်မတော်  တွေမှာလည်း ဥပမာယိုးဒယားတို့ မှာဆိုလည်း တပ်မတော်ကြီးနဲ့ ဆက်စပ်တဲ့ နေ့သင့်လျော်တဲ့နေ့  တပ်မတော်နဲ့ အကျုံးဝင်တဲ့နေ့ကို တပ်မတော်နေ့အဖြစ်သတ်မှတ် ကြတာပဲလေ။ တို့တပ်မတော်စဖွဲ့  တာကတော့ ဒီဇင်ဘာ (၂၇) ရက်  နေ့ ဘန်ကောက်မှာ စဖွဲ့တဲ့နေ့ ပေါ့နော်။ ဒါပေမဲ့လည်း ဗိုလ်ချုပ် အောင်ဆန်းက တော်လှန်ရေးပန်း ခြံကနေ တပ်ထွက်မိန့်ခွန့်ပြောတဲ့ နေ့ ဒါပေမဲ့လည်း တော်လှန်ရေး နေ့ကတစ်ခြားတပ်မတော်နေ့က  တစ်ခြားဒီနှစ်ခုလုံးကလည်း တပ်မတော်ကြီးကို ကိုယ်စားပြု ထားတဲ့ တပ်မတော်နဲ့ ဆိုင်တဲ့နေ့ တွေပါပဲ။ အထိမ်းအမှတ်အနေနဲ့  လုပ်တဲ့ နေ့ဖြစ်တဲ့အတွက် ဒါက လည်း အမှတ်အသားအထိမ်း အမှတ်တစ်ခုပါပဲ။ အဲဒါကြောင့်  အဲဒီတုန်းက တပ်မတော်ခေါင်း ဆောင်တွေဟာ စည်းဝေးပြီး ဆုံးဖြတ်ခဲ့တာပါ။ ဒါနဲ့ ပတ်သက်  ပြီး တပ်မတော်အနေနဲ့ ဘာမသိပ်   မဖြစ်ဘူးလို့ထင်ပါတယ်။ ပြီးတော့  တပ်မတော်ကြီးဆိုတာကလည်း ပင်လုံကြောင့် တိုင်းရင်းသားတွေ ခွဲထွက်မယ်ဆိုတဲ့အချိန်၊ ရောင်စုံ သူပုန်တွေသောင်းကျန်းလို့တိုင်း ပြည်မှာ ဖရိုဖရဲဖြစ်နေတဲ့အချိန် နောက်ပြီးတော့ တိုင်းပြည်ဖြိုကွဲ ဖို့ဖြစ်လာစေနိုင်တဲ့ အရေးတွေ  တိုင်းမှာ အသက်တွေပေးဆပ်ပြီး  ရပ်တည်ခဲ့တာပဲလေ။ ခွဲထွက်ဖို့ တိုင်းရင်းသားတွေလုပ်မယ်ဆိုက  ထဲက တိုက်ပွဲတွေဖြစ်မယ်။ ဒါဆို တိုင်းပြည်ဖွံ့ဖြိုးမှုထိခိုက်မယ်။ ဥပမာပြောရရင် ရှမ်းပြည်လို ဒေသကြီးဟာ ပထ၀ီနိုင်ငံရေးအရ ရောတိုင်းပြည်ကိုထိခိုက်နိုင်တယ် လေ။ တိုင်းပြည်ပြိုကွဲမယ့်အဖြစ် ကိုသိနေရဲ့သားနဲ့ လက်ပိုက်ကြည့်  မနေနိုင်လို့တပ်မတော်က ပါဝင် ခဲ့တယ်။ ပြောရရင်တိုင်းပြည်ရဲ့ အခင်းကြီးငယ်ကိစ္စတွေကို တပ်မ တော်ကလုံးဝလှစ်လျူမရှုခဲ့ပါဘူး။

Hot News

Tuesday, March 19, 2013

စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ နှင့် ပတ်သတ်၍ ဟန်ဝင်းအောင် နှင့် Messenger အင်တာဗျူး


ပထဦးဆုံးအနေနဲ့ ကိုဟန်ဝင်းအောင်အနေနဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဖတ်ပြီးပြီလား၊ ဘာပြောချင်သလဲ။

အဓိက က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ နောက် ဆုံးမှတ်ချက်က စီမံကိန်းဆက်လုပ်ရေးဆိုတဲ့ဟာပေါ့။ အဲ့ဒီအတွက်အစီရင်ခံစာမှာ ရွေးချယ်ခွင့် သုံးခုပေါ့။ စီမံ ကိန်းကို ဒီအတိုင်း ဆက်လုပ်မလား၊ ပြုပြင်ပြီးဆက်လုပ် မလား လုံးဝရပ်ဆိုင်းမလားဆိုတာပေါ့။ ဆက်လုပ် မလား၊ လုံးဝ ရပ်ဆိုင်းမလားဆိုတာပေါ့။ အဲဒီမှာ ပြုပြင်ပြီး ဆက်လုပ်ရမယ့်သဘောကို ပြထားတယ်။ နောက်စီမံ ကိန်း ဆက်လုပ်ရေးဆိုတဲ့ဟာကို အကြံပြုချက် တွေနဲ့ ဖြည့်စွက်တင်ပြထားတယ်။ အဲ့ဒီတော့ ခြုံပြီးပြောရရင် အရင်က အခြေအနေထက်ပိုပြီး တိုးတက်လာတဲ့တင် ပြချက်တွေ ဖြစ်လာတဲ့အတွက် တစ်စုံတစ်ရာ လက်ခံနိုင် စရာရှိပါတယ်။

Sunday, March 17, 2013

ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်လူမှု အဖွဲ့အစည်းများ ရန်ကုန်မြို့၌ တွေ့ဆုံ၊ ရိုဟင်ဂျာသည် တိုင်းရင်းသား မဟုတ်သည်မှာ သမိုင်းအထောက်အထား ခိုင်လုံစွာရှိဟု ဒေါက်တာအေးချမ်း ပြောကြား

 
 
ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမော က္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ် ကိုယ် စားပြု ရခိုင်လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ MICT Park (လှိုင် တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်။ အဆို ပါ တွေ့ဆုံဆွေးနွေးပွဲတွင် သမိုင်းပါမော က္ခ ဒေါက် တာအေးချမ်းက ရခိုင်သမိုင်းကြောင်းများ၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိ သည် တို့ နှင့် စပ်လျဉ်းသော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။ ရိုဟင်ဂျာလူမျိုးဆိုသည်မှာ သမိုင်းတွင် မရှိကြောင်း၊ သမိုင်းဆရာဆိုသည်မှာ မျိုးချစ်စိတ်အစွဲဖြင့် မှတ်ယူ ၍ မရသလို မဟုတ်တာကို လည်း ပြောလို့မ ရကြောင်း၊အထောက်အထားမရှိဘဲ မည်သည့်အရာကိုမှ ပြောလို့ မရကြောင်း၊ ယခုသမိုင်းများ ကို ရေး သည့်အခါတွင် မျိုးချစ်စိတ်ကို ဖယ်ထားကာ အမှန်တရားကို တင်ပြနိုင်ရန် ကြိုးစားပါကြောင်း၊ လူမျိုးဖက်ကို လိုက်ပြီး ပြောခြင်းကို ဘယ်တော့မှ မလုပ်ကြောင်း စသည်ဖြင့်ဒေါက်တာအေးချမ်းက ပြောသည်။


ဒေါက်တာအေးချမ်းက "ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအတိုင်း ကျွန်တော်အမြဲကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လူ့အခွင့်အရေးကို မလေးစားတဲ့သူ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို မလေးစားတဲ့ စကားလည်း တစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော့်မှာ အထောက်အထား ခိုင်လုံစွာ ရှိပါတယ်" ဟု ပြောသည်။

Sunday, March 10, 2013

တစ်ပင်လုံး အသုံးဝင်သော သစ်မွှေး


ကျွန်တော် မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်း (Myanmar Agarwood Entrepreneurs Association) ညီလာခံကို ယခုနှစ် ဇန်နဝါရီလ ၂ဝ၊ ၂၁ ရက် UMFCCI  ခန်းမတွင် တက်ရောက် လေ့လာခွင့် ရခဲ့ပါသည်။ အဲဒီမှာ သစ်မွှေး စိုက်ပျိုးသူများ၊ စီးပွားရေး ပညာရှင်များ၊ စိုက်ပျိုးလေ့လာ လိုသူများက သစ်မွှေးပင်ရဲ့ အသုံးဝင်ပုံ၊ စိုက်ပျိုးပြီး ဆေးသွင်း မှုနည်းစနစ်နဲ့  ကုန်ကျစရိတ် တန်ဖိုး၊ သစ်မွှေး အဆီကို ဘယ်လိုမျိုး ထုတ်လုပ် ရောင်းချမလဲ သို့မဟုတ် သစ်မွှေး အဆီကို ဘယ်လိုစနစ်နဲ့ ရောင်းချမလဲ၊တစ်ပင်ကို ဆေးထိုးပြီး အဆီ ဘယ်လောက် ထွက်မလဲ၊ ထွက်ပြီးသား သစ်မွှေး အဆီကို ဝယ်လက် အနေဖြင့် ဘယ်လို ရှာဖွေမလဲ ဆိုတဲ့ မေးခွန်းလေးတွေ တွေ့ရပါတယ်။ ကျွန်တော်လေ့လာ မိသလောက် အသိ ပညာနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ကီနမ်(စ်) ကုမ္ပဏီမှ သစ်မွှေး အဆီနှင့် ဆေးထိုး ပညာရှင်  ကိုသန်းထွန်းနှင့် ယခုလို ဒုတိယ တစ်ဖန်ထပ်မံ တွေ့ဆုံမေးမြန်း ခဲ့ပါသည်။ 

Sunday, February 24, 2013

ရေနွေးပူလောင်းခံရသသည့် ကရင်မိန်းကလေးနဲ့ အင်တာဗျူး

ကရင်မိန်းကလေး တယောက် ထိုင်းနိုင်ငံ မြောက်ပိုင်း ကန်ဖယ်ဖက်မြို့နယ်မှာ သူ့အလုပ်ရှင် ထိုင်းလင်မ ယား ရဲ့ လူမဆန်တဲ့ နည်းတွေနဲ့ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပါတယ်။
 
(ဓာတ်ပုံများ - ဘန်ကောက်ပို့စ် သတင်းစာ - www.bangkokpost.com)
ထိုင်းအလုပ်ရှင်တွေဆီမှာ အသက် ၇ နှစ်အရွယ်ကနေ အလုပ်လုပ်ပေးခဲ့တာ အခု အသက် ၁၂ နှစ်အထိ ပါပဲ တဲ့။ 
ကတ်ကျေးနဲ့ကိုက်၊ ရေနွေးပူနဲ့လောင်းခံရတဲ့ ဒီကလေးကို ကန်ဖယ်ဖက်မြို့နယ်မှာရှိတဲ့ မိခင်နဲ့ ကလေး စောင့်ေ ရှာက်ရေး ဂေဟာမှာ ထိုင်းအာဏာပိုင်တွေ စောင့်ရှောက်ထားပါတယ်။ 
သူရဲ့ ဒဏ်ရာတွေကိုတော့ ထိုင်းအစိုးရက အကုန်ကျခံ ကုသပေးမှာပါ တဲ့။
သူ့ကို နှိပ်စက်တယ် ဆိုတဲ့ အလုပ်ရှင်လင်မယားကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ပြီး ဖမ်းခဲ့ ပါသေး တယ်၊ 
ကလေးငယ်ကို ညှဉ်းပန်း နှိပ်စက်မှုတွေ အပါအ၀င် အမှု ၇ မှုနဲ့ တရားစွဲထားပါတယ်။ 
သူတို့ က နှိပ်စက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ပါတယ်။
နောက် ပိုင်းမှာ သူတို့ကို ဘတ်ငွေ ၇ သိန်း အာမခံနဲ့ ထိုင်း အာဏာပိုင်တွေက လွှတ်ပေးခဲ့ပါတယ်။
 

Monday, February 18, 2013

ဖက်ဒရယ် မရရင် တိုင်းရင်းသားများ လက်နက်စွန့်မည် မဟုတ်


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြှောက် ပြည်ထောင်စုနေ့ကို ဖေဖေါ် ၀ါရီ လ ၁၆ ရက်နေ့ကမှ ညီနောင် တိုင်းရင်းသားပါတီများ ဖယ်ဒရယ်ရှင်း အဖွဲ့ဝင် တိုင်းရင်းသား ပါတီတွေ က ရန်ကုန်မြို့ တော်ဝင်နှင်းဇီမှာ ကျင်းပခဲ့ကြပါတယ်။ တိုင်ရင်းသားတွေ ဘာကြောင့် ပြည်ထောင်စုနေ့ ကို ဖေဖေါ် ၀ါရီလ ၁၂ ရက်နေ့မှာ မကျင်းပဘဲ ၁၆ ရက်နေ့မှာ ကျင်းပရတာပါလဲလို့ အဖွဲ့ဝင် ပါတီ တစ်ခု ဖြစ် တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကို နိရဉ္စရာ က ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။
ဦးလှစော- ဟုတ်ပါတယ်။ အဲဒီနေ့က ရန်ကုန်မှာ အခမ်းအနားတွေ များနေတဲ့အတွက် ကျွန်တော်တို့ အတွက် သင့်တော်တဲ့ နေရာ တစ်ခုကိုရဖို့ အခက်အခဲရှိပါတယ်။ နောက်တစ်ခုကလည်း ကျွန်ေ တာ် တို့ ခေါင်းေ ဆာင် တချို့က နေပြည်တော်မှာ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်နေ ကြ တယ်ဆိုတော့ အး လုံး ခေါင်းဆောင်တွေ ပါဝင် တက်ရောက်နိုင်အောင် ကျွန်တော်တို့ က နောက် ဆုတ် လိုက်တာပါ။ အဓိ က အကြောင်းတွေကတော့ ဒါတွေကြောင့်ပါဘဲ။ တခြားနိုင်ငံေ ရး ပြဿ နာ အေ ထွ အထူးမရှိပါ။
 

Wednesday, February 13, 2013

ဖက်ဒရယ်ဆိုပြီး ကိုယ်ပိုင် စစ်တပ် ထူထောင်မယ် ဆိုတာကိုတော့ လက်မခံဘူး ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဌ ဦးဌေးဦး ပြော

 
လက်ရှိဖြစ်ပွားလျက်ရှိနေသော ကချင်ပြည်နယ်အတွင်းရှိ KIA နှင့် အစိုးရတပ်မတော်ကြား ဖြစ်ပွား လျက်ရှိနေသော တိုင်းပွဲများအရေး၊ ယင်းတို့နှင့်ပတ်သက်၍ ပါတီများ၊ အဖွဲ့အစည်းများမှ သဘောထား ကြေညာချက်များအသီးသီး ထုတ်ပြန်နေကြခြင်းများ၊ တိုင်းရင်းသားအဖွဲ့များတောင်းဆိုသော ဖက်ဒရယ်နှင့် ယင်းသို့သော ကချင်အရေးကိစ်္စများအပေါ် ပြည်ခိုင်ဖြိုးတာဝန်ရှိသူတစ်ဦးဖြစ်သော်လည်း လွှတ်တော်နိုင်ငံသား အခွင့်အရေးနှင့် ဒီမိုကရေစီရေးကော်မတီဥက်္ကဋ္ဌ ဦးဌေးဦးအား Hot News  သတင်းထောက်မှ ဆက်သွယ်၍ သဘောထားချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

မေး- လတ်တလောဖြစ်နေတဲ့ ကချင်အရေးကိစ္စတွေနဲ့ပတ်သက် ပြီး နိုင်ငံရေးအဖွဲ့အစည်းတွေ ကေ ကြ ညာချက်တွေ၊ သဘောထား ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတဲ့ အပေါ်မှာရော ဘယ်လိုသုံးသပ် ပါ သ လဲ။

Saturday, February 9, 2013

နယ်စည်းမခြား ဆရာဝန် အဖွဲ့ MSF ကို ရခိုင်တွေ ဘာကြောင့် ဆန့်ကျင်သလဲ



ရခိုင်ပြည်နယ် အတွင်း ဇွန်လနဲ့ သြဂတ်စ်လ အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ မတည်ငြိမ်မူအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် မိသားစုတွေကို MSF လို့ခေါ်တဲ့ နယ်စည်းမခြား ဆရာဝန်အဖွဲ့က အကူ အညီတွေ ပေးနေတဲ့ နေရာမှာ ရခိုင်ပြည်နယ် အတွင်းမှာ နှောင့်ယှက် ခြိမ်းခြောက်မူတွေ ရှိနေတယ်ဆိုပြီး အဲဒီအဖွဲ့က တာဝန်ရှိသူ မြန်မာနိုင်ငံရုံး အကြီးအကဲ Peter Paul de Groote ကနေ ဒီလ ၇ ရက်နေ့က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး MSF လို့ခေါ်တဲ့ နယ်စည်းမခြား ဆရာဝန်အဖွဲ့ကို ရခိုင်ပြည်နယ်မှာ အတွင်း ရခိုင်အမျိုးသားတွေက ဆန့်ကျင်နေတာဟာ တကယ် ဟုတ်ပါသလားလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေ မှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးကို မေးကြည့်တဲ့အခါ သူကအခုလို စပြောပါတယ်။

Friday, February 8, 2013

နိုင်ငံရေး လှည့်ကွက်များ နောက်ကွယ်၌ ဖုံးဖိထားသော အထုံးများ ရှိနေကြောင်း တပ်မတော် ခေါင်းဆောင်ဟောင်း တစ်ဦး သုံးသပ်



လက်ရှိဖြစ်ပေါ်ပြောင်းလဲလျက် ရှိသော မြန်မာနိုင်ငံ၏ နိုင်ငံရေး လှည့်ကွက်များ၏ နောက်ကွယ်၌ ဖုံးဖိထားသော အထုံးများရှိနေ ကြောင်းနှင့်ယင်းသို့သော အထုံး များပြေသွားပါက ထာဝရငြိမ်း ချမ်းရေး ရရှိတည်ဆောက် နိုင်မည်ဖြစ်ကြောင်း စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဒုတိယဗိုလ် ချုပ်ကြီးချစ်ဆွေ(ငြိမ်း)က Hot News သတင်းထောက်နှင့်တွေ့ဆုံ စဉ်သုံးသပ်ပြောကြားသွားခဲ့သည်။

Monday, February 4, 2013

'နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်း ကတော့ တည်ဆဲ နိုင်ငံသား ဥပဒေနဲ့ပဲ ဆိုင်တယ်' လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီနှင့် တွေ့ဆုံခြင်း


လတ်တလောတွင် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် မှုများ ဆောင် ရွက်နေဆဲ ကာလဖြစ်သည့်အတွက်၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းနှင့် ပတ် သက်ေ သာ အကြောင်း အရာများ၊ ၂၀၁၂ ခုနှစ် ရခိုင်အရေးအပြီး ပြင်ဆင်မှု၊ နယ်စပ်ဒေသများ၏ လုံခြုံမှု၊ နိုင်ငံသား မဟုတ်သူများအပေါ် ဧည့်နိုင်ငံသား သတ်မှတ်မှု၊ ခိုးဝင်ဘင်္ဂါလီများနှင့် ပတ်သက်သော မှတ်ချက်များ စသည်တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် တွေ့ ဆုံေ မးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

Friday, February 1, 2013

ကချင် တိုက်ပွဲတွင်း တိုက်လေယာဉ် အသုံးပြုခြင်းနှင့် ပတ်သက်၍ အမေရိကန် ၏ပြောဆိုမှုက အဓိပ္ပာယ် မရှိကြောင်း ဦးအောင်သိန်း လင်းပြော



မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ် များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းအား အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂ တို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ် လုံးဝမရှိကြောင်းနှင့်ပြည်တွင်းရေး ကို ၀င်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး
 ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သတင်း ထောက်နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့ သည်။

ဆက်သွားချင်သေးတယ် ဆိုရင်