Pages

Sunday, February 24, 2013

မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တွင် တရားသူကြီးများ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲကျင်းပ



မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တရားသူကြီး များ ၊ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲ အခမ်းအနားကို ၂၂-၂-၂၀၁၃ ရက်နေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
 

တိုင်းရင်းသားလူငယ် ကျောင်းသားများအကြား ၈၈ တို့ ၀င်ရောက်မြှောက်ပင့်ပြီလား


မန္တလေးမြို့ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကို စစ်ကိုင်းတိုင်း  ဒေသကြီးရှိ ရွာသစ်ကြီး တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်သို့ နိုင်ငံတော်အစိုးရက ပြောင်းရွှေ့ခဲ့ မှုအပေါ် ၄င်းကျောင်း မှကျောင်းသားများနှင့် ၈၈မျိုးဆက်ကျောင်းသားများ ပူးတွဲ၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ နံနက် ၁၁း၀၀ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်၊ရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းရုံး၌ ကျင်းပခဲ့ကြောင်း ၈၈မျိုးဆက်ကျောင်းသားများကသတင်းထုတ်ပြန်သည်။ 
 

၂၀၁၆ ခုနှစ်အမီ ပွင့်လင်းမြင်သာသော အစိုးရများ မိတ်ဖက်အဖွဲ့သို့ ၀င်နိုင်ရန် မြန်မာအစိုးရ ကြိုးပမ်းမည် ဟုဆို

မြန်မာနိုင်ငံအနေနှင့် ၂၀၁၆ ခုနှစ်အမီ ပွင့်လင်းမြင်သာသော အစိုးရများ မိတ်ဖက်အဖွဲ့ (Open Govern ment Partnership) သို့ ၀င်ရောက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဆုံးဖြတ် လိုက်ကြောင်း ဗြိတိန်ကက်ဘိနက်ရုံးဝန် ကြီးမစ္စတာဖရန်စစ်မူဒီက ဖေဖော်ဝါ ရီလ ၂၁ ရက်က မီဒီယာ များနှ င့် တွေ့ဆုံစဉ် ပြောကြားသည်။
မစ္စတာမူဒီသည် OGP အတွက် ဗြိတိန်နိုင်ငံ၏ ပူးတွဲဥက္ကဋ္ဌ တာဝန်ယူ ထားမှုတွင် တာဝန်ရှိသူဖြစ်ပြီး ၎င်းက မြန်မာနို င်ငံ ကို OGP အဖွဲ့ဝင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံ သမ္မတကလည်း လက် ခံခဲ့ခြင်းဖြစ်သည်။
 

စစ်ဘေးသင့် ကချင်ဒေသအတွက် တောင်ကြီးရဲ့အလှူ


ကချင်စစ်ဘေးသင့် ဒေသခံတို့အား လိုအပ်သော အကူအညီပေးနိုင်ရန် ရည်ရွယ်ပြီး တောင်ကြီးမြို့တွင် လုပ်ငန်းကော်မတီတခု ဖွဲ့စည်းလိုက်သည်။ကချင်စစ်ဘေးသင့်ဒေသရှိ တိုင်းရင်းသား ပြည်သူများအား အကူအညီပေးရန် များစွာ လိုအပ်နေသေးကြောင်း၊  လူအား၊ ငွေအား သာမက စိတ်ဓာတ်ခွန်အားပါပေးရန် လိုနေသေးကြောင်း၊  ဆေးဝါး၊ အ၀တ်အထည်မှအစ အမျိုးသမီး လစဉ်သုံး ပစ္စည်းများအထိ ကချင်ဒေသ သို့စေတနာရှင်မြို့သူ၊ မြို့သားများနှင့်အတူ သွားရောက်လှူဒါန်းကြရန် ရည်ရွယ်ထားကြောင်း ရှမ်းပြည် မျိုး ဆက် အင်အားစု အဖွဲ့မှ ကိုမိုးက ရှင်းလင်းပြောဆိုသည်။
 

လုယက်မှု ကျုးလွန်ခံရသူ အင်္ဂလန် သူများအား ပစ္စည်းများ ပြန်လည်ပေးအပ်


 
ပုဂံ-ညောင်ဦးတွင် (၁၆)ရက်အတွင်း နိုင်ငံခြားသားများထံမှလုယက်မှု (၃) မှုဖြစ်ပွားခဲ့ရာ တစ်မှု အား နှစ်ရက်အတွင်းဖော် ထုတ်နိုင်ခဲ့ပြီး ကျန်နှစ်မှုအတွက် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသ ည်။ ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီလ (၆) ရက်နေ့(၁၄) ရက်နှင့် (၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး (၁၆) ရက်နေ့ နေ့လည်တွင် အင်္ဂလန်နိုင်ငံသူနှစ်ဦးထံမှ လုယက်သူများကိုသာ (၂) ရက်အတွင်း ဖော် ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“(၁၆) ရက်နေ့ နေ့လည်နှစ်နာရီခွဲလောက်မှာ ညောင်ဦးအမှတ် (၇) ရပ်ကွက် ၀က်ကြီးအင်း၊ ပုဂံညောင်ဦး လမ်း ဟောင်းမှာ အင်္ဂလန်နိုင်ငံသူနှစ်ဦးဆီကနေပြီးလုသွားတာပါ။ အခုနှစ်ရက်အတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်တဲ့နှစ်မှုကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။”ဟု ညောင်ဦး ရဲစခန်း စခန်းမှူးက ပြောသည်။ ပစ္စည်းအလုခံရသူ Mrs.Rahwinder Rettura နှင့် Mrs.Coytbsarah တို့နှစ်ဦး တို့မှာ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 

ရှမ်းပြည်နယ် ကွမ်လုံ စစ်ဆေးရေးဂိတ် တရားမ၀င် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

 

ရှမ်းပြည်နယ် တောင်ပိုင်းဖယ်ခုံ မြို့အထွက် ကွမ်လုံ စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ညနေ ပိုင်းတွင် တရားမ၀င်လက်နက်ခဲယမ်းများ သယ်ဆောင်လာသူနှစ်ဦးအား သက်သေခံပစ္စည်း များနှင့် အတူ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ညနေပိုင်းတွင် ဖယ်ခုံရဲစခန်းမှ စခန်းမှူးနှင့် သတင်းတပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သောအဖွဲ့မှ ကွမ်လုံစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်း မြင့်ဦး(တောင်ကြီးမြို့နေ သူ) မောင်းနှင်လာသော ယာဉ်အမှတ်၊ ၅ဂ/၅၂၀၁ HONDA.CR.Y ခဲရောင်အား စစ်ဆေးရှာဖွေရာတွင် ယာဉ်မောင်း မြင့်ဦး ခါးကြားမှ ထိုင်းနိုင်ငံထုတ် BROWING အမျိုးအစား ပစ္စတို(၁)လက်နှင့် ၎င်း ကျည်ဆံ(၇)တောင့်၊ အတူပါလာသော မျိုးသန့် (တောင်ကြီးမြို့နေသူ) ၏ ဘေးတံခါးလက်ကိုင်ခွက် အတွင်းမှ ဘီအေ-၁၀၉ လက်ပစ်ဗုံး (ဖြူးစ်တပ်လျက်) နှင့် ကားဂီယာထိုးတံရှေ့ခွက်အတွင်းမှ ဘီအေ-၁၀၉ လက်ပစ်ဗုံး(၁)လုံး တို့ကို သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

ရေနွေးပူလောင်းခံရသသည့် ကရင်မိန်းကလေးနဲ့ အင်တာဗျူး

ကရင်မိန်းကလေး တယောက် ထိုင်းနိုင်ငံ မြောက်ပိုင်း ကန်ဖယ်ဖက်မြို့နယ်မှာ သူ့အလုပ်ရှင် ထိုင်းလင်မ ယား ရဲ့ လူမဆန်တဲ့ နည်းတွေနဲ့ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပါတယ်။
 
(ဓာတ်ပုံများ - ဘန်ကောက်ပို့စ် သတင်းစာ - www.bangkokpost.com)
ထိုင်းအလုပ်ရှင်တွေဆီမှာ အသက် ၇ နှစ်အရွယ်ကနေ အလုပ်လုပ်ပေးခဲ့တာ အခု အသက် ၁၂ နှစ်အထိ ပါပဲ တဲ့။ 
ကတ်ကျေးနဲ့ကိုက်၊ ရေနွေးပူနဲ့လောင်းခံရတဲ့ ဒီကလေးကို ကန်ဖယ်ဖက်မြို့နယ်မှာရှိတဲ့ မိခင်နဲ့ ကလေး စောင့်ေ ရှာက်ရေး ဂေဟာမှာ ထိုင်းအာဏာပိုင်တွေ စောင့်ရှောက်ထားပါတယ်။ 
သူရဲ့ ဒဏ်ရာတွေကိုတော့ ထိုင်းအစိုးရက အကုန်ကျခံ ကုသပေးမှာပါ တဲ့။
သူ့ကို နှိပ်စက်တယ် ဆိုတဲ့ အလုပ်ရှင်လင်မယားကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ပြီး ဖမ်းခဲ့ ပါသေး တယ်၊ 
ကလေးငယ်ကို ညှဉ်းပန်း နှိပ်စက်မှုတွေ အပါအ၀င် အမှု ၇ မှုနဲ့ တရားစွဲထားပါတယ်။ 
သူတို့ က နှိပ်စက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ပါတယ်။
နောက် ပိုင်းမှာ သူတို့ကို ဘတ်ငွေ ၇ သိန်း အာမခံနဲ့ ထိုင်း အာဏာပိုင်တွေက လွှတ်ပေးခဲ့ပါတယ်။
 

၂၀၃၀ ခုနှစ် ပင်လယ် ရေအောက် ရောက်တော့မည့် ဘန်ကောက်မြို့

တစ်နေ့ထက် တစ်နေ့ ဘန်ကောက်မြို့ကြီး ရေအောက် ရောက်ဖို့ ရှိလာသည်။ အဆိုးမြင်ပညာရှင် အများ စုက ၂၀၃၀ ခုနှစ်တွင် ထိုင်းနိုင်ငံရဲ့ မြို့တော် အစိတ်အပိုင်းအချို့ 
ပင်လယ်ရေအောက် နစ်မြှုပ်သွားဖွယ် ရှိသည်ဟု အပြတ်ဟောကိန်းထုတ်နေကြသည်။ ကျွမ်းကျင်သူ များက ဖြစ် လာ မယ့် ဘေးအန္တရာယ်ဆိုးကို ကာကွယ်ဖို့ မည်သည့်ပေါ်လစီမှ ပြင်ဆင်မှု မရှိသေးသည့် အ တွက် အ စိုး ရ ကို အပြစ်တင်နေကြသည်။ 
ကျရောက်မည့် သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီးက၊ ပြည်ပြေး သက်ဆင်ရဲ့ နှမလေး၊ ဇူလိုင် ၃ ရက်နေ့ မှာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ ခွန်ယင်လပ် အစိုးရသစ်အတွက် စိန်ခေါ်မှုတွေ ဖြစ်လာမည်။ ကလေး တစ်ေ ယာက် လက်ပ်တော့ ကွန်ပျူတာတစ်လုံး ပေးမယ့် ခွန်ယင်လပ် အတွက်၊ ဘန်ကောက် ရေအောက် မရောက်ေ အာင် ကြိုတင်လုပ်ဖို့က အဓိက အရေးပေါ်တာဝန် ဖြစ်လာမည်။ 
 

မြန်မာနယ်စပ်အနီးတွင် ပြုလုပ်နေသော တရုတ်စစ်တပ်၏ စစ်ရေး လှုပ်ရှားမှုများ

မြန်မာနယ်စပ်အနီးတွင် တရုတ်စစ်တပ်များ လေ့ကျင့်နေကြောင်း တရုတ်အစိုးရသတင်းဌာန၏ သော ကြာနေ့ ထုတ် သတင်းကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းတစ်ပုဒ်တွင် ရေးထားသည်။ ယူနန်ပြည် နယ် တောင်တန်းဒေသတွင် လေ့ကျင့်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ သင်တန်းပေးလေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်တပ်များ “စစ်ပွဲတခုတွင် တိုက် ခိုက်နိုင်ေ ကြာင်း၊ စစ်ပွဲတွင် အောင်မြင်ရမည်ြ ဖစ်ကြောင်း” ပြသရန် ဖြစ်သည်ဟု ဆင်ဟွာသတင်းတွင် ရေးထား သည် ဟု ဆိုသည်။
ယခုလဆန်းပိုင်းတွင် စတင်ခဲ့သည်ဟု ဆိုသော စစ်ရေး သင်တန်းများတွင် တရုတ်တပ်မတော်သားတို့က ဆိုး ၀ါး သည့် ရာသီဥတုတွင် စစ်ချီခြင်း၊ ဆက်သွယ်ရေးပြတ်တောက်သည့် နေရာတွင် လှုပ်ရှားခြင်း စသည် တို့ ပါဝင်သည်ဟု ဆိုသည်။ မြန်မာနယ်စပ်အနီး ယင်းသို့ လေ့ကျင့်နေချိန်သည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း နိုင်ငံစုံတပ်များ စစ်ေ ရးေ လ့ကျင့်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်ကို တွေ့ရသည်။ 
 

Facebook အကောင့် လုံခြုံရေးအတွက် အရိုးရှင်းဆုံး အလွယ်ကူဆုံး နည်းလမ်းများ

(၁) သင့် Facebook အကောင့် လုံခြုံရေးအတွက် ပထမဆုံး လုပ်ဆောင်ရမည့် အချက်မှာ Security Question ပေးရန်ဖြစ်သည်။ Security Question ပေးရန်အတွက် https://www.facebook.com/settings?tab=security  သို့  သွားပါ။ Security Question ဆိုတဲ့ ဟာကို နှိပ်ပြီး ပေးပါ။သတိထားရမှာက အဲ့ဒီ Facebook Security Question ကို Update လုပ်လို့ မရလို့  မိမိ ပေးထားတဲ့ အဖြေကို သေချာမှတ်ထားပါ။
လွယ်လင့်တကူအဖြေမျိုးလည်း မဖြစ်ပါစေနှင့်။ 
ဥပမာ - သင့်မိခင်ဧ။် မွေးရပ်မြေ ဟုရွေးချယ်ထားလျှင် Yangon,Mandalay စသည်ဖြင့် မထည့်ပါနှင့်။
မှားယွင်းသောအဖြေ ဖြည့်စွတ်သောကြောင့်လည်း သင့်ကို Facebook မှ တရားမစွဲပါ။ (မေ့တော့ မမေ့သွားစေနဲ့ ပေါ့)
(၂) Facebook အတွက် အသုံးပြုသော Email ကို နှစ်ခုသုံးပါ။Email နှစ်ခု တစ်ပြိုင်နက်ထားခိုင်းခြင်းကို ဆို လိုပါသည်။ ထို သို့ မှမိမိအကောင့် Hack ခံရလျှင် နောက် Mail တစ်ခုဖြင့် Recover လုပ်နိုင်ပါမည်။ အ တ က်နို င် ဆုံး Facebook Acoount အတွက် Mail ကို မိမိ Personal Email ဖြင့် မပြုလုပ်သည်မှာ အ သင့်ေ တာ် ဆုံးဖြစ်သည်။ 
 

သစ္စာမရှိသော ချစ်သူကို Google Map မှ အမိဖမ်းခဲ့သည့် ရုရှားအမျိုးသမီး


Marina Voinova လို့ အမည်ရှိတဲ့ အမျိုးသမီးလေးဟာ ရုရှားနိုင်ငံအတွက် Google maps လို အသုံးပြုတဲ့ Yandex Maps မှ တစ်ဆင့် သူမရဲ့ ချစ်သူ အလဇန္ဒားကို အခြား မိန်းကလေးတစ်ဦးနဲ့ ခြေပုန်းခုတ်နေေ ကြာ င်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘယ်ခေတ်မှာမှ ဒါမျိုး ဖြစ်နိုင်မှာ မဟုတ်ပေမယ့် ယနေ့ခေတ်မှာတော့ ဒီလို မထင်မှတ်ထားတာမျိုးတွေ ဖြစ် လာ ပါပြီ။ ဘာလို့လည်း ဆိုတော့ Google Maps ကနေ တိုက်ရိုက် ကြည့်လို့ရတဲ့ နေရာတွေက တစ်ဖြည်းဖြ ည်း များ လာလို့ပါ။
ဖြစ်စဉ်မှာတော့ သူမဟာ အလက်ဇန္ဒား အိမ်ပြန်အလာမှာ ဘယ်ကို သွားခဲ့တယ်ဆိုတာကို Yandex Maps မှာ ၇ိုက် ထည့်ခိုင်းပါတယ်။ အဲဒီလိပ်စာကို ရှာခဲ့လိုက်ခြင်းဟာတော့ သူနဲ့ သူမတို့ ပြတ်စဲဖို့အတွက် နိဒါန်းလို့ပဲ ဆိုရမှာပါတယ်။သူမ က အင်တာနက်မှာ စရှာရှာချင်းကတော့ ကျွန်မအတွက် စိတ်မကောင်းဖြစ် စရာ ပါ။ နောက်ဆုံးတော့ ကျွန်မ ရဲ့ သစ္စာမရှိတဲ့ ချစ်သူအတွက် အပြစ်တင်စရာ ၀က်ဆိုဒ် လို့ပဲ ခံစားရ ပါတော့ တယ် လို့ ပြောခဲ့ ပါသ ည်။
တိုက်ရိုက်ကြည့်လို့ရတဲ့ Google map စနစ်ပေးထားတဲ့ နိုင်ငံများအဖို့တော့ သတိထားစရာပါ။

ဖရိုဖရဲ အနာဂတ် ရန်ကုန်မြို့တော်လား






ရန်ကုန်မြို့ကို စင်္ကာပူပုံစံအတိုင်း ပြန်ဆောက်လို ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုပြီး ဘန်ကောက်က မိုးပျံရထားတွေ၊ မိုးပျံလမ်းတွေပါ ထည့် စိတ်ကူးခဲ့သည်။ ဤသည်မှာ ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာပြီးနောက် ဦးသိန်းစိန် အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် ရည်မှန်းချက် တရပ်ဖြစ်သည်။ ယင်း ဆန္ဒမှာ လက်တွေ့နှင့် လုံးဝ ခြားနားနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သည် အစိုးရသစ် တာဝန်ယူပြီး ၂ နှစ်ခန့် ကြာသွားသော်လည်း သိသိသာသာ တိုးတက်လာခြင်း မရှိသေး။ မြို့တော်၏ အခြေခံ လိုအပ်ချက်များ ဖြစ်သည့်  ပို့ဆောင်ရေး၊ စွမ်းအင်၊ ၀န်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေ ရရှိရေး စသည့် ကဏ္ဍများသည် လည်း နောက်ကျနေဆဲ။ ဤသို့ အခက်အခဲ၊ အကြပ်အတည်း များစွာ ရှိနေသော်လည်း ပြန့်ကျဲ တည်ရှိနေသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် များ ချပေးရာ၌ အစိုးရသည် လက်သင့်ရာ စားတော်ခေါ် ဆိုသကဲ့သို့ လျှို့ဝှက်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုနေ၏။
 

မိုင်ဂျာယန်ဒေသရှိ နေရပ်ပြန် ကချင်ဒုက္ခသည်များ ဆေးဝါး ကုသမှုလိုအပ်

ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသ၌ စစ်ပြေးတိမ်းရှောင် ခဲ့ရာမှ နေရပ်ကျေးရွာများသို့ ပြန်လည်နေထိုင်သည့် ကချင် ဒုက္ခသည်များသည် ဆေးဝါးများလိုအပ်လျှက်ရှိ သည်ဟု ထိုဒေသတွင် သွားရောက်ဆေးဝါး ကုသပေးနေသည့် ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT) က ပြောသည်။

DSC02991

ကချင်ဒေသတွင် ယခင်လ ဇန်န၀ါရီလက စစ်ပွဲဖြစ်ပွားမှု ငြိမ်သက်လာသည့်နောက် ပိုင်း နေရပ်ပြန်ေ နသည့် ဒေသခံများသည် ဒုက္ခသည်စခန်းတွင် နေထိုင်တုန်းကကဲ့သို့ ဆေးဝါးလုံလောက်မှု မရရှိသည့်အပြင် သွား ရောက်ကူညီပေးမည့်သူလည်း မရှိကြောင်း ဆေးဝါးသွားရောက်ကုသနေသည့် KWAT မှ ဆေးဝန်ထမ်း အမျိုး သမီးတဦးဖြစ်သူ ဒွဲဇင်က ကေအိုင်စီသို့ ပြောသည်။

ဆိုက်ဘာ လုံခြုံရေး မဟာဗျူဟာသစ် အမေရိကန်ချပြ

အင်တာနက်ပေါ်မှာ ထိုးဖောက် ၀င်ရောက်သူတွေ၊ သူလျှို ထောက်လှမ်း သူတွေ သိသိသာသာ တိုးများလာတာကြောင့် တန်ပြန်ဖို့ မဟာဗျူဟာ သစ်တရပ်ကို အမေရိကန် ပြည်ထောင်စုက ချပြလိုက်ပါတယ်။ ဒီမဟာဗျူဟာသစ်ကို အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုဒါ (Eric Holder) မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ နည်းပညာ တိုးတက်လာမှုတွေကြောင့် အမေရိ ကန် ပြည်ေ ထာင် စု ကို တိုက်ခိုက်ဖို့ ပိုပြီး လွယ်ကူ လာစေတယ်လို့ ရှေ့နေချုပ် အဲရစ် ဟိုဒါ (Eric Holder) က သတိေ ပး ပြော သွားပါတယ်။

မဟာဗျူဟာ သစ်အရဆိုရင် အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ပစ်မှတ်ထား တိုက်ခိုက်သူတွေ ၊နိုင်ငံတွေ ကို ကုန်သွယ်ရေးအရ အရေးယူမှုတွေ ဒဏ်ခတ်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ လျှို့ ၀ှက် ချက်တွေ ခိုးယူ ခံရတာကြောင့် ပြီးခဲ့တဲ့ တနှစ်ထဲမှာတင် အမေရိကန် ကုမ္ပဏီတွေ ဒေါ်လာ သန်း ၃ သိန်းဖိုး ဆုံးရှုံး နစ်နာခဲ့တယ်လို့ အမေရိကန် လွှတ်တော်အမတ် တချို့ က ခန့်မှန်းထားပါတယ်။

အာဆီယံ ရဲအဖွဲ့ ရဲချုပ်များ ညီလာခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် တက်ရောက်

 
 
(၃၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များညီလာခံအား ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့(၁၅)ဦး တက်ရောက်ခဲ့ကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲ့မှသိရသည်။

(၃၃)ကြိမ်မြောက်အာဆီယံရဲအဖွဲ့ ရဲချုပ်များညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံများမှ ရဲချုပ် (၇) ဦးနှင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံတို့မှ ဒုတိယရဲချုပ်(၃)ဦး တက်ရောက်ခဲ့သည်။ ၎င်း အပြင် ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ နယူးဇီလန်၊ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့မှ ရဲချုပ် (၃)ဦးနှင့် ဒုတိယရဲချုပ်(၂)ဦး တက်ရောက်ခဲ့ပြီး အင်တာပိုလ်အထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Ronald K. Noble နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ရုံ မှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးဉာဏ်လင်းတို့အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင်နိုင်ငံဖြတ်ကျော်မှုခင်း များဖြစ်သည့် မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ ပင်လယ်ရေကြောင်း လိမ်လည်မှု၊ စီးပွားရေးပြစ်မှု၊ ဘဏ်နှင့်အကြွေး ကဒ်များ လိမ်လည်မှု၊ ကွန်ပျူတာ မှုခင်း၊ ခရီးသွားအထောက် အထားစာရွက်စာတမ်းအတုပြုလုပ်မှု၊ နိုင်ငံဖြတ်ကျော် လိမ်လည် မှုများ ကို ပူးပေါင်း တိုက်ဖျက်ရန် ဆွေးနွေး ခဲ့ကြောင်းသိရ သည်။
 

မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော် သက်တော် ရှစ်ဆယ်ပြည့် ဂုဏပူဇာ ကျင်းပ


မန်း မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်ဘုရားကြီး၏ သက်တော်ရှစ်ဆယ်ပြည့် ဂုဏ်ပြုပူဇော်ပွဲ စတင်ကျင်းပ မန္တလေး-ဖေဖော်ဝါရီ၂၄ ပြည်တွင်းပြည်ပ တပည့်သံဃာ ဒကာဒကာမများ စုပေါင်းညီ ညာ ပြုလုပ်သော မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်ဘုရားကြီး၏ သက်တော်ရှစ်ဆယ်ပြည့် ဂုဏ်ပြုပူဇော်ပွဲ ဂုဏပူဇာ မဟာမင်္ဂလာ အခမ်းအနားကြီးကို ဖေဖော်ဝါရီ၂၃ကစတင် ကျင်းပကြောင်း သိရသည်။ ဂုဏပူဇာ ပထမနေ့တွင် မစိုးရိမ်တိုက်သစ်ကြီးများ၏ အဓိပတိ မဟာနာယက ချုပ်ဆရာေ တာ် ကြီး မှ တပည့်သံဃာ တပည့်ဒကာ ဒကာမများအား သစေ ဘာယထ ဒုက္ခဿ၊ သစေ ဝေါ ဒုက္ခမပိယံ မာ ကတ္ထ ပါ ပကံ ကမ္မံ၊ အာဝိ၀ါ ယဒိဝါ ရဟော။ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် အကုသိုလ်ကို မလုပ်နဲ့။ ကိုယ့် ကိုယ် ကိုပင်၊ ချစ်ပါလျှင်၊ ရှောင်ကြဉ်အကုသိုလ် သြ၀ါဒကထာမိန့်ကြားခဲ့ကြောင်းသိရသည်။

ဆက်သွားချင်သေးတယ် ဆိုရင်