Pages

Showing posts with label သူ့အတွေး သူ့အမြင်. Show all posts
Showing posts with label သူ့အတွေး သူ့အမြင်. Show all posts

Friday, January 17, 2014

ဒေါ်စု အတွက် မမျှော်မှန်း နိုင်လောက်အောင် ကို ခက်ခဲ လာတော့မယ်

 
 
ဗုဒ္ဓဘာသာ နိုင်ငံမှာ သံဃာ နဲ့ ထိပ်တိုက် တွေ့ရင် ထိလိမ့်မယ်၊ သံဃာ အင်စတီးကျူးရှင်း ကို အထင် သေးရင် ကွဲပါမယ် ပြောတုန်း က ဒီလောက် တော့ မှုစရာ မလို ပါဘူး။ NLD အနေ အထိုင် ရွေ့သွား စရာ မရှိပါဘူး။ သက်သက် ချောက်ချ နေတာပါ လို့ အပြောခံ ခဲ့ရဖူး တယ်။ အခု သံဃာ့ ညီလာခံ က ကြေညာချက် ထုတ်လိုက်တယ်။ ကြေညာချက် ၂ မှာ တိုက်ရိုက် မဆို ထားပေမယ့် သုံးနှုန်း ထားတဲ့ စကားလုံး ဟာ ၅၉ (စ) ကို ပြင်ဖို့ သံဃာ ဘက်က လက်ခံ တော့မှာ မဟုတ်ဘူး လို့ ငြင်းပယ် လိုက်ပြီ။

Thursday, January 16, 2014

ထိပ်တိုက် ရင်ဆိုင်ရေး လမ်းစဉ် မှား နှင့် NLD

ကျွန်တော် တို့ မြန်မာ နိုင်ငံ မှာ ခိုင်မာ တဲ့  အဓိက အင်စတီ ကျူးရှင်း ကြီး နှစ်ခု အနေနဲ့ အမျိုး ဘာသာ သာသနာ ကို အဓိက ထား ကာကွယ် စောင့် ရှောက် နေ တဲ့ သံဃာ့ အဖွဲ့ အစည်း နဲ့ နိုင်ငံ တော် ၊ အခြေခံ ဥပဒေ နဲ့ အမျိုး ဘာသာ သာသနာ  ကို ကာကွယ် စောင့်ရှောက် နေတဲ့ တပ်မတော် ဆိုတာ ရှိတယ် .... အတိုက် အခံ တွေ အနေ နဲ့   ဒီ အဖွဲ့ အစည်းကြီး တွေ နဲ့ သင့်တင့် အောင် နေဖို့ လိုတယ် ... စည်းရုံး ရေး လုပ်ရ မယ့် နေရာ မှာ ယခင့် ယခင် က အငြိုး အတေး တွေ မုန်းတီး ချက် တွေ ကြောင့် ထိပ်တိုက် ရင်ဆိုင်ရေး လမ်းစဉ် ကို နေရာတကာ မှာ လုပ်နေ လို့ မရ ပါဘူး .... ဘာ ကြောင့် လဲ ဆိုတော့ တပ်မတော် အနေနဲ့ အင်အား ၅ သိန်း လောက် ရှိတယ် ... သူ့ မှာ လဲ သူနဲ့ ဆက်နွယ် ရာ ပတ်သက် ကြောင်း မိဘ ဆွေမျိုး အသိုင်း အ၀ိုင်း အထိုက် အလျှောက် ရှိနေ တယ် .... ဒီ နေရာ မှာ ဒီမဲ လောက် ကတော့ ဂရု စိုက် နေစရာ မလိုဘူး လို့ ပြော လိမ့်မယ် .... မှန် ပါတယ် .... ဒီ မဲ ကို ဂရု စိုက်ဖို့ မလို ပါဘူး ... ဂရု စိုက် ရမှာ က လွှတ်တော် ထဲ က ၂၅% ဖြစ် ပါတယ် .... သံဃာ အင်အား ၅ သိန်း လောက် ရှိတယ် .... ဒီမှာ ကတော့ မြန်မာ နိုင်ငံ ရဲ့ လူဦး ရေ ၇၀% လောက် ကို ဆရာ တော် တွေ ဟာ ထိမ်းချုပ် နိုင်တဲ့ အနေ အထား မှာ ရှိ ပါတယ် .... ဘာကြောင့် လဲ ဆိုတော့ မြို့ပြ ပဲ ဖြစ်ဖြစ် ကျေးလက် ပဲ ဖြစ်ဖြစ် ဆရာတော် သံဃာ တော် တွေ ဟာ ကျွန်တော် တို့ ဗုဒ္ဓ ဘာသာ ၀င်တွေ အပေါ်မှာ ဆရာ လို ၊ မိဘ လို ဆုံးမ ပဲ့ပြင် လမ်းညွှန် ပြသ နေတဲ့ ပုဂ္ဂိုလ် တွေ ဖြစ် နေလို့ ပါပဲ ..... ဒီ မဲ ကိုတော့ ဂရု စိုက် သင့် ပါတယ် ....

Wednesday, January 15, 2014

၅၉ (စ) ပြင်မှာလား ရွေးကောက်ပွဲ ၀င် မှာလား

၅၉ (စ) ပြင်မပြင် နဲ့ ရွေးကောက်ပွဲ ၀င်မ၀င် ဆိုတာ လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုး ပါတီ က NLD ကို ဒုတိယ အကြိမ် ဒိုင်အာခီ လုပ်လိုက် တာပါ ဘဲ။ ပထမ အကြိမ် ၂၀၁၀ ရွေးကောက် ပွဲ ၀င် မ ၀င် လုပ်ခဲ့တဲ့ ပုံစံ အတိုင်း ပါဘဲ။ ၂၀၁၀ ရွေးကောက်ပွဲ မ၀င် တော့ ပြည်ခိုင်ဖြိုး က ပိုအကြိုက် တွေ့သွား တယ်။NLD ထဲက အရည်အချင်း ရှိသူ တွေ လည်း ကွဲထွက် သွားကြ တယ်။တစ်ချက် ခုတ် နှစ် ချက်ပြတ် နဲ့ နှစ်ကောင် စား ကင်း ပေါက် သွားတယ်။

Saturday, April 20, 2013

ဒေါ်စုကြည် မြန်မာသမ္မတ အလွန်အမင်း ဖြစ်ချင်နေလျှင်

( ၁ ) ကိုယ်တိုင် မြန်မာစာ လှလှရေးတတ်အောင် အရင်လုပ်ပါ
   
( ၂ ) မြန်မာနိုင်ငံမြေပုံ ဆွဲတတ်အောင် အရင် သင်ပါ
   
( ၃ ) မြန်မာ့ရိုးရာ နဲ့ ယဉ်ကျေးမှုကို အရင်သိအောင်လုပ်ပါ
   
( ၄ ) အလက်စန္ဒားအဲရစ် နှင့် ကမ်င်အဲရစ်ကို မြန်မာစကား အရင်သင်ပေးပါ
   
( ၅ ) နှစ်ယောက်တည်းရှိတဲ့ မောင်နှမချင်း တည့်အောင် အရင်လုပ်ပါ
   
( ၆ )ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း ပြတ်ပြတ်သားသား အရင်ပြောပါ
   
( ၇ ) စကားကို ရှေ့နောက်ညီအောင် အရင်ပြင်ပါ
   
( ၈ ) အပြောတမျိုး အလုပ်တမျိုးလုပ်နေတာကို အရင် ရပ်တန့်ပါ
   
( ၉ ) မိမိအစိုးရဖြစ်ဖို့ နိုင်ငံခြားရောက်တိုင်း အစိုးရမကောင်းကြောင်း၊ မယုံသင့်ကြောင်း ပြေနေခြင်းကို ဆင်ခြင်ပါ
   
( ၁၀ )မိမိသမ္မတဖြစ်ချင်တိုင်း အခြေခံဥပဒေကို အပြစ်တင် ပြင်ခိုင်းနေတဲ့ လုပ်ရပ်ကို ရပ်တန့်ပါ
   
( ၁၁ ) သိက္ခာမရှိ စောင်းမြောင်း ထေ့ငေါ့ ပြောဆိုတတ်တဲ့ အကျင့်ကို အရင်ဖျောက်ပါ
   
( ၁၂ ) အမူယာ၊ပလီပလာဖြင့် ခေါင်းတွေ ခါးတွေလှုပ်ကာ စကားပြောတဲ့အကျင့်ကို အရင်ပြင်ပါ
   
( ၁၃ ) NLD ပါတီတွင်း ဒီမိုကရေစီ ရအောင် နဲ့ တရားဥပဒေ စိုးမိုးအောင် အရင်လုပ်ပါ
   
( ၁၄ ) ဘာသာရေးအရင်လိုက်စားပြီး အာဏာမက်မောနေတဲ့ စိတ်ကို အရင်ဖြေပါ
   
( ၁၅ ) အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားပြီး ကိုယ်ပိုင်ယဉ်ကျေးမှု ထွန်းကားသည့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံ၏ အမြင့်ဆုံးရာထူးဖြစ်သော သမ္မတ တာဝန် ခန့်အပ်ခံရမည့် ပုဂ္ဂိုလ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ အရည်အချင်းကန့်သတ်ချက် (၇)ချက် လောက်ကိုတော့ ပြည့်စုံ ကိုက်ညီသင့်သည်

www.MyanmarExpress.net

Tuesday, April 9, 2013

တို့မီး ရှို့မီး

"အစ်ကိုကြီးရေ၊ အခုတလော တို့မီး ရှို့မီးတွေက သိပ်များနေပါလားဗျာ" ဆိုသံနဲ့အတူ ပေါ်မလာ တာ အတော် ကြာပြီဖြစ်တဲ့ တပည့် မောင်ဆိတ်သိုး ရောက်လို့လာပါတယ်။

"ဟေ့ကောင်၊ သူ့ဟာသူ ဗလီမှာ ၀ိုင်ယာရှော့ဖြစ် လောင်တဲ့မီးပါလို့ တာဝန်ရှိသူတွေအားလုံးက ပြောနေ ရက်နဲ့ ဘာကိစ္စ တို့မီးရှို့မီးလို့ မင်းကပြောရတာလဲ။ မင်းလည်း ဒီလိုပြောဖို့ နိုင်ငံခြား က အထောက် အပံ့ တစ်ခုခု ရထားတယ် ထင်တယ်"လို့ ခွပ်လိုက်တော့ သူက စိတ်တွေဆိုးပြီး

"အစ်ကိုကြီး က ဘာစကားပြောတာလဲ။ ကျွန်တော်ပြောချင်တာက ပြဿနာ တစ်ခုခုမဖြစ်လိုက်နဲ့၊အဲ ဒီပြဿ နာကို ကြီးသထက်ကြီးအောင်၊ ရှုပ်သထက်ရှုပ်အောင် လုပ်ချင်သူတွေများတယ်။ ဘာဖြ စ်ဖြစ် ကော လဟာ လတွေနဲ့ ပြဿနာ ကိုဖန်တီးဖို့ ကြိုးစားနေကြတယ်လို့ ပြောတာ" ဆိုပြီးရှည်ရှည်ဝေးေ ၀း ရှင်းပြမှ မာဂျေ လည်း

"မသိဘူးလေကွာ။ မင်းက အရင်းမရှိ အဖျားမရှိ၊ တို့မီးရှို့မီးတွေများတယ်ပြောလို့။ အင်တာနက်ထဲက မ ဟုတ် တာတွေဖတ်ပြီး ကောလာဟလဖြန့်တဲ့အထဲ မင်းပါ ရောပါနေပြီထင်တာ"

"သွားစမ်းပါ၊ကျွန်တော်က ဒေါ်လာမရသေးလို့(အဲလေယောင်လို့)တိုင်းပြည်ကို မီးရှို့နေတဲ့အထဲ မှာ ကျွန်ေ တာ် မ ပါ ဘူး။ ကျွန်တော်သိချင်တာက သက်ဆိုင်ရာက အဖြစ်မှန်ရှင်းပြနေရက်နဲ့၊ အဖြစ်မှန်ကို လည်း သိရက်နဲ့ ဘာလို့ မျက်စိမှိတ်ပြီး ဇွတ်မဟုတ်တာအော်နေကြသလဲ ဆိုတာပါ"

"မင်း သတိထားကြည့်ရင် တွေ့လိမ့်မယ်။ ပြည်တွင်းမှာ ခေါင်းဆောင်တွေ စည်းလုံးနေတာ၊တိုင်းပြည် မှာ ပြဿနာ ခက်ခက်ခဲခဲတွေကို ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းနိုင်တာမျိုးဆိုရင် ကောင်းလိုက်တာ၊ ဒီလိုမှ တိုင်းပြည်တိုးတက်မှာပေါ့လို့ ပြောတဲ့အသံ အဲဒီလူတွေဆီက မင်းကြားဖူးသလား"

"အဲဒီလိုတော့ မကြားဖူးဘူးဗျ။ ဧကန္တ ဒီလူတွေက ကောင်းတာဆို မမြင်ရမကြားရတဲ့ ပြိတ္တာတွေများ ဖြစ်နေ သလား"

"ဟာ ဟာ ဟ ဒါတော့ ငါလည်း မလျှောက်တတ်ဘူး။ ဒါပေသိ ပြည်တွင်းမှာ နေရာပျောက်သွားတဲ့နိုင်ငံရေး သမားတချို့ရယ်၊ တကယ်အနစ်နာခံခဲ့ရတဲ့သူတွေ နာမည်ကြီးသလို ဖြတ်လမ်းက နာမည်ကြီးချင် သူ တချို့ရယ်၊ ငွေပေါပြီး ဘာမှသိပ်မစဉ်းစားဘဲ မျက်ရည်ထိုးခံလိုက်တာနဲ့ ဒေါ်လာလှူနေတဲ့သူတွေရယ်၊ ဒီ တိုင်းပြည်မှာ ရည်ရွယ်ချက်ရှိရှိ သူတို့ဖြစ်စေချင်တာ ဖြစ်အောင်လုပ်နေတဲ့သူတွေရယ်ပေါင်းမိပြီး ဒီ လိုဖြစ်လာတယ် ထင်တာပဲ။ အဓိကကတော့ကွာ ပလက်ဖောင်းပျောက်သွားတဲ့သူတွေမွှေးနေတဲ့ မီးတွေပေါ့"
 
"အစ်ကိုကြီး၊ တိုးတိုးဗျ၊ တော်ကြာ ခင်ဗျားကြီးကိုပါ တွယ်နေကြဦးမယ်"

"တွယ်ပါစေကွာ၊ သူတို့ကြည့်မရရင် ထောင်ခဏခဏကျတဲ့ ဘုန်းကြီးကိုတောင် စစ်ထောက်လှမ်ရေးကပါ လို့ ပြောနေ ကြတာပဲ"

"အဲဒီလို မဟုတ်တရုတ်ပြောတဲ့အထဲမှာ ပြည်တွင်းက တရားဝင်ထုတ်နေတဲ့ မီဒီယာတချို့လည်း ပါတယ် ဗျ။ တလောက ဆောင်းပါးတစ်ပုဒ်ဆိုရင် ရဲကို တစ်ချိန်လုံး ပုလိပ် ပုလိပ်နဲ့ ရေးထားတာတောင် ဖတ်မိေ သး တယ်"

"တချို့ကျတော့လည်း ပုဂ္ဂိုလ်ရေး အာဃာတတွေကို စာမျက်နှာပေါ်ကနေ အခုမှပြန်ပြီး လက်စားချေနေကြ တာပေါ့ကွာ။ စာစောင်တွေဖတ်လိုက်ရင် ဒီစာစောင်က ဘယ်သူ့အတွက်ရေးနေတာလဲ။ဘယ်သူ့ကို မသိမသာ တင်ပေးနေတာလဲ၊ ဘယ်သူ့ကို မသိမသာ ချောက်ချ နေတာလဲဆိုတာအသိသာကြီး"

"မြန်မာတိုင်းရင်းသား မည်သူမဆို သတင်းစာ လွတ်လွတ်လပ်လပ်ထုတ်လို့ ရတဲ့ခေတ်လည်းရောက် လာပြီ။ အဲဒီလို နောက်ကွယ်က ငွေကြေးအထောက် အပံ့တွေနဲ့ သတင်းစာတွေထုတ်ပြီးနိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးတွေ တို့မီး ရှို့မီးလုပ်မှာကိုတွေးပြီး ရင်လေးလိုက်တာဗျာ။ အခုလည်း သတင်းစာ ထုတ်ခွင့်တင် ထား တဲ့ တချို့လူတွေဆို ကြားတောင် မကြားဖူးဘူး"

"အဲဒီ တို့မီးရှို့မီးထက် လျှပ်စစ်မီးပျက်လို့ ဖယောင်းတိုင်ထွန်းရာက လောင်မယ့် မီးကို အရင်သတိထားဦး လို့ ပြောလိုက်မှ၊ အောင်မယ်လေး အိမ်မှာ ထမင်းအိုးတည်ရင်း မီးပျက်လို့ ဒီအတိုင်းထားခဲ့မိတယ်" ဆိုပြီး ထပြန်ပြေးသွားပါလေရော။

အော် မီးဆိုရင် ဘယ်မီးမှမကောင်းပါလားနော်။

မာဂျေ (Myanmar Times)

Tuesday, April 2, 2013

မီဒီယာများ သတင်းမှန်၊ ဖြစ်စဉ်အမှန်ကို ထုတ်ပြန်ပေးကြရန် အရေးကြီး

(၄၈)လမ်း မတော်တဆ မီးလောင်ကျွမ်းမှုနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီး ဌာနက သတင်းမှန်များ ထုတ်ပြန်ပေးနေသလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း ဖြစ်စဉ်ဖြစ်ရပ်အမှန်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတော်သမ္မတကြီးသည်လည်း မိတ္ထီလာပဋိပက္ခဆိုင်ရာ ရှင်းလင်းချက် မိန့်ခွန်းနှင့် နှစ်သစ်ကူးရေဒီ ယိုမိန့်ခွန်းတို့တွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ Responsible Media များ၏ တာဝန်သိ၊ တာဝန်ကျေပွန်မှုတို့ကို အလေးအနက်ထား ထည့်သွင်း ပြောကြားထားပြီး ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ လည်းကောင်း ပြည်တွင်း၌ နိုင်ငံသားအဖြစ် တရားဝင် နေထိုင်ကြသူများ အားလုံးတွင် နိုင်ငံသားစိတ်ဓါတ် Citizen Spirit ထားရှိရန် လိုအပ်မည် ဖြစ်ပါသည်။

မိမိတို့နိုင်ငံတွင် မမျှော်လင့်ဘဲ ကြုံတွေ့လာရသော စိန်ခေါ်မှုများအနက် လတ်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ထိခိုက်လွယ်၊ ကွဲရှလွယ်သော ဖြစ်ရပ်များ ဖြစ်သလို နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အထူး သတိထားဖွယ်ရာ ရယ်ဒီကယ်ထောင်ချောက်များကို ရှောင်ရှားရမည့် အခြေအနေ ဖြစ်ပါသည်။

Sunday, March 31, 2013

အဆဲခံပြီး ရေးလိုက်သည်၊ ကိုဉာဏ် (ပန်းလောင်မြေ)

(က)
 
အစိုးရကလည်း ပြောချင်တာလေးရှိရင် ထုတ်နုတ်ကိုးကားတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
မြန်မာ့တပ်မတော်ကလည်း လိုချင်တာလေးတွေကို ထုတ်နုတ်ကိုးကားတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
နိုင်ငံရေးသမားတွေကလည်း ကိုယ်ပြောချင်တာတွေကို ဟိုတစ်စဒီတစ်စ ထုတ်နုတ်ကိုးကားပြောကြတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
လမ်းဘေးကကောင်ကလည်း သူသောက်တလွဲလုပ်သမျှ အမှန်ဖြစ်ကြောင်း အကိုးအကားလေးနဲ့ ပြောရှာတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
အခုနောက်ဆုံး... စတုတ္ထမဏ္ဍိုင်ဆိုတာကြီးတွေကပါ ကျန်တဲ့မဏ္ဍိုင်တွေကို တစ်ခုခုဝေဖန်ချင်ရင် ထုတ်နုတ်ကိုးကားလေးနဲ့ သာသာနဲ့နာနာ နှက်ကြတယ်...
ဒါပေမယ့် အပြည့်အစုံတော့ မပြောကြဘူး။
ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေဖြစ်တော့လည်း အကိုးကားခံရပြန်တာပဲ...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
...............................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
.......................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
................................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။

...............................................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။ 

တောက်... တော်သေးတာပေါ့ကွာ...
 
ငါတို့ဗိုလ်ချုပ်၊ ငါတို့အောင်ဆန်း၊ ငါတို့တေဇ၊ ငါတို့ထိန်လင်း အသက် ၃၂ နှစ်မှာ သေသွားရှာလို့။ အခုခေတ်လူတွေ ကိုယ်လုပ်ချင်ရာလုပ်ဖို့အတွက် ဗိုလ်ချုပ် ပြောခဲ့တဲ့စကား ကိုးကားလိုက်ပုံများ ဘုရားရှင် ဟောပြောခဲ့တဲ့ တရားဓမ္မတွေကိုတောင် ဘေးဖယ်ထားတဲ့အထိ။ မသိရင် အောင်ဆန်းဆိုတဲ့ လူကပဲ ဟိုလိုတစ်မျိုး၊ ဒီလိုတစ်မျိုး အမျိုးမျိုး ပြောခဲ့သလို ဖြစ်ဦးမယ်။ ကျွန်တော်တို့ ငယ်ငယ်က သင်္ချာတွက်တာကို ပြန်သတိရမိတယ်။ မေးထားတဲ့သင်္ချာပုစ္ဆာက အဖြေဘယ်လောက်ဆိုတာ သိနေတဲ့ အချိန်မျိုးပေါ့။ လူတိုင်း မဟုတ်ပေမယ့် ကျွန်တော့်လိုမျိုး အချို့အချို့သော လူလည်ကျောင်းသားများက သင်္ချာကို ပြောင်းပြန်တွက်ကြတယ်။ သူ့အဆင့်နဲ့သူ အဆင့်ဆင့် တွက်လာလို့ရှိရင် သိနေတဲ့အဖြေ မရမှာစိုးတဲ့အတွက် သိထားတဲ့အဖြေကနေ နောက်ပြန် ပြန်တွက်တာမျိုးပါ။ အကြောင်းတိုက်ဆိုင်တဲ့လူတွေ ကျွန်တော်ပြောချင်တာကို နားလည်ပါလိမ့်မယ်။ အခုလည်း ကျွန်တော်ငယ်ငယ်ကလိုမျိုး လူစားတွေ အများကြီးပါလားဆိုတာ တစ်နေ့တစ်ခြား သိလာရတယ်။ သွယ်ဝိုက်မပြောတော့ဘူး.... တဲ့ထိုးပြောမယ်။ ဗိုလ်ချုပ်က ဒီလိုပြောခဲ့လို့၊ ဒီလိုလမ်းညွှန်ခဲ့လို့ လုပ်နေကြတဲ့လူတွေ ရှိကောင်းရှိနိုင်တယ်... ဒါပေမယ့် သိပ်ရှားတယ်။ အားလုံးနီးပါးဟာ ကိုယ်လုပ်ချင်ရာလုပ်ဖို့အတွက် ဗိုလ်ချုပ်ပြောတဲ့ဟာတွေကို ပြန်ကိုးကားပြီး တရားခံရှာနေကြတယ်။ ဗိုလ်ချုပ်ပြောတဲ့အတိုင်း လုပ်ကြတာမဟုတ်၊ ကိုယ်လုပ်ချင်တာကို ဗိုလ်ချုပ်စကားနဲ့ ကာဗာလုပ်ကြတာပါ။ မျက်နှာဘေးကဖြတ်သွားတဲ့ ခဲလုံးကိုမြင်ပြီး အား..... ဟု အော်မည့်သူများ၊ ဆွာရက်ဇ်ကဲ့သို့ အခြားကစားသမား၏ ခြေထောက်မြင်လိုက်ရုံနှင့် လဲကျမည့်သူများ၊ လက်နှင့်တောင် မတို့ရသေးဘဲ ဟီးခနဲ ငိုချင်နေသည့် ကလေးစိတ်မကုန်သေးသူများ အားလုံးအားလုံး ပေါက်ကွဲနိုင်ကြပါပြီ။ ကျွန်တော်ရေးခဲ့သည်များကြောင့် တည့်တည့်တကယ်ထိမှန်၍ နာသွားသောသူများကိုမူ အားနာပါကြောင်း ပြောပါရစေ။
 

Saturday, March 30, 2013

အမွှေဆရာ မစ္စတာကင်တန်းနား မွှေပြန်ပြီ



အမွှေဆရာ မစ္စတာကမ်းနာသစ်ပင် ပြောတာက လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရ ရှိကြောင်းနှင့်

စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက် အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေ တယ်ဆိုတဲ့ သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။

ကဲဒီလူ ပြောတဲ့အတိုင်း အစိုးရကလုပ်ပေးရမှာလား ဦးရဲထွဋ်ကတော့ ပြန်ပြီးချေပထားတယ်ဦးရဲထွဋ်ပြော တာကမစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေတွေကို မှန်မှန်ကန်ကန်လေ့လာမှုမရှိပဲ တဆင့်ကြား သတင်းများကိုသာ အခြေပြုပြောကြားနေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင် များ၊ လူမှုအဖွဲ့ အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက် တဲ့အတွက် ဝမ်းနည်းစရာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောထားပါတယ်။

Friday, March 29, 2013

ယခု ဖြစ်ပွားခဲ့သော အရေးအခင်းမှာ အစိုးရလက်ချက်ကြောင့် ဆိုတာ လက်မခံနိုင်ပါ

ကျွန်တော့်ကို ခေါင်းမာတယ် ပြောခြင်ပြော ဒီအရေးအခင်းမှာ အစိုးရလက်ချက်ကြောင့် ဆိုတာ ဒီအချက်တွေကြောင့် လက်မခံနိုင်ဘူး၊၊

(၁) အခုအစိုးရကို နိုင်ငံတကာကလည်း အသိအမှတ်ပြုနေပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အပေးအယူမျှမျှလုပ်နေပြီ၊ ဒီလိုအရေးအခင်းမျိုး အစိုးရဖန်တီးပြီး ဘာအကျိုးအမြတ်ရမှာလဲ၊၊

(၂) မင်းကိုနိုင်ကို တစ်ချိန်လုံး ထောက်ပြဝေဖန်နေရတာက၊ တကယ်ပါဝါဂိမ်း၊ Political Game တွေကစားမယ်ဆိုရင် အစိုးရ ဒီလိုအကွက်တွေနဲ့ မကစားဘူးဆိုတာလောက် မမြင်နိုင်တဲ့ လူတစ်ယောက်ဖြစ်နေလို့ ပဲ၊၊ မင်းကိုနိုင်ထက် မလျှော့တဲ့ စိုးရိမ်မူ့ မျိုးနဲ့  အစိုးရကလည်း စစ်တပ်အုပ်ချုပ်ရေး ပြန်သွားရမှာစိုးရိမ်တယ်၊၊ ပြန်မသွားခြင်းဘူး၊၊ ပြန်ပြီး သွားဖို့ အစီအစဉ်ရှိမယ်ဆိုရင် အစထဲက လူတွေဖြုတ်ထုတ်သတ်လုပ်၊ အလုပ်ရှုပ်ခံပြီး ဒီမိုကရေစီဆိုပြီး သွားနေဘူး၊၊ အစထဲက ပေခံနေရင်ပြီး၊ မင်းကိုနိုင်တို့ ထောင်ထဲထည့်ထားလည်း ရနေတာပဲ၊၊ အလုပ်ရှုပ်ခံ အပင်ပန်ခံပြီးကို သွားနေတာဟာ စစ်အုပ်ချုပ်ရေးကို မလုပ်ခြင်တော့လို့  ပြည်သူအတွက် ဒီစနစ်မကောင်းဘူးဆိုတာကို လက်ခံနားလည်လို့  အခက်အခဲ အမျိုးမျိုးကြားထဲက အပင်ပန်းခံပြီး လျှောက်နေတာ ဖြစ်တယ်၊၊

Monday, March 18, 2013

ကျွန်တော်ပြော ပြချင်ပါသည် ( ၄ )

 
လစာ ၂၀၀၀၀ တိုးတဲ့ကိစ္စ မှာ ကွန်မန့် တစ်ခုကြောင့် ဒါလေး ကို ရေး ဖြစ်တယ်ဗျာ ။ လူငယ် တွေကြားထဲမှာ မကောင်းမြင် စိတ်တွေ ကြီး စိုးနေကြတဲ့ အတွက် စိတ် မကောင်းလဲ  ဖြစ်မိတယ်။ လူတယောက် အတွက် တော့ ၂၀၀၀၀ ဘာလုပ်လို့ရမှာလဲ တဲ့ ။ ဟုတ်ကဲ့ပါ ။ကျွန်တော်တို့ နိုင်ငံမှာ စစ်ဘက် နယ်ဘက် ၀န်ထမ်းဦးရေ ၁.၃ သန်းခန့် ရှိပါတယ်။ တယောက် ၂၀၀၀၀ နှန်းနဲ့ မြောက်ကြည့်ပေါ့ဗျာ ။  လက် ရှိ သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက် မှာ လစာ တိုးတာ ၃ ကြိမ် ရှိပါပီ။ ပထမ တကြိမ် လစာ အနေနဲ့ ၂၀၀၀၀ တိုးပေးပါတယ်။ ဒုတိယ အကြိမ် ရှားပါးစရီတ် အနေနဲ့ ၃၀၀၀၀ ထပ်တိုး ပေးပါတယ်။ ယခု တတိယ အကြိမ် ၂၀၀၀၀ ထပ်တိုးပေးပါတယ်။ ပြောရရင်တော့ သမ္မတ သက်တမ်း တစ်ခု အတွင်းမှာ အစိုးရ သက်တမ်း တစ်ခု အတွင်းမှာ ဒီလောက်ထိ ၀န်ထမ်းတစ်ဦးကို အသားတင် တိုးပေးငွေ ( ၇၀၀၀၀ ) တိုးပေးထားတာ ဖြစ်ပါတယ်။ ခုနပြောတဲ့ စစ်ဘက်နယ် ဘက် ၀န်ထမ်းအင်အား ၁.၃ သန်း နဲ့ ၇၀၀၀၀ မြောက်ကြည့် လိုက်ပေါ့ဗျာ ။ အသားတင် တိုးပေးတာနဲ့ တင် တလကို လစာ ဘယ်လောက်တောင်မှ အစိုးရက တိုးပေးခဲ့ တဲ့ ငွေ အမောင့် လဲ ဆိုတာ။ လက်ရှိ အစိုးရနဲ့ သမ္မတကြီးရဲ့ စေတနာနဲ့ ပြုပြင်ပြောင်းလဲ ရေး လုပ်ဆောင်နေမှုတွေ ထဲ က တခု နေနဲ့ အနည်းဆုံးတော့ အကောင်းမြင်လေးနဲ့ ကြည့်စေချင်ပါတယ်။
 

Sunday, March 17, 2013

ဒို့တာဝန် အရေးသုံးပါး နှင့် နိုင်ငံသားတို့ တာဝန်


ကျွန်တော်တို့ နိုင်ငံ သည် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့် ကြငှန်းနှင့် နေထိုင်လာခဲ့ သည် မှာ ရှေးနှစ်ပေါင်း များစွာကတည်းက ဖြစ်သည်။စာပေနှင့် သမိုင်း မှတ်ပုံတင်ခဲ့ သော ခေတ်များ ကိုကြည့် လျှင် ပုဂံ ခေတ်မှ စတင်ရမည် ဖြစ်သည်။ " ပု ၊ ပင်း ၊ အင်း ၊ တောင် ၊ ညောင် ရမ်းနောင် ၊ ကုန်းဘောင် နှစ်ခေတ်ခွဲ " ဟု အဆို ရှိပေသည်။ သို့ရာတွင် မြန်မာနိုင်ငံကို အင်အား ကောင်းမွန် စည်းလုံး ညီညွတ်စွာ စုစည်း နိုင်ခဲ့သော ခေတ်များ ကိုပြန်ကြည့် လျှင် အနော်ရထာ ၏ ပုဂံခေတ် ၊ ဘုရင့်နောင်၏ တောင်ငူခေတ် ၊ အလောင်းမင်းတရားကြီး ၏ ကုန်းဘောင်ခေတ် နှင့် ယနေ့ခေတ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကို တွေ့ ရှိရမည် ဖြစ်ပေ သည်။

ကျွန်တော်တို့ နိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း စသော တိုင်းရင်းသား ၁၃၅ မျိုး အေးအတူ ပူအမျှ စုစည်း နေထိုင်ကြသော ပြည်ထောင်စု နိုင်ငံ ဖြစ်ကြောင်း အားလုံး သိရှိပြီး ဖြစ်သည်။ ထို တိုင်းရင်းသား အပေါင်းသည် ရှေးနှစ်ပေါင်း များစွာ ကပင် အေး အတူ ပူအမျှ ချစ်ခင် လေးစား စည်းလုံးညီညွတ် စွာဖြင့် ဤ နိုင်ငံတော်ကြီး တွင် မှီတင်းနေထိုင်ခဲ့ ကြသည်။ ခေတ် အဆက် ဆက် တိုင်းတပါး ကျူးကျော်မှုများ ကိုလည်း အတူတကွ လက်တွဲပါဝင် တိုက်ခိုက် ခဲ့ ကြသည်။ ထိုတိုင်းရင်းသား ၁၃၅ မျိုး စည်းလုံး ညီညွတ်စွာ ဖြင့် အတူတကွ လက်တွဲ နေထိုင်သော နိုင်ငံသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပင် ဖြစ်ပါသည်။
 

Sunday, March 10, 2013

ငြိမ်းချမ်းရေး အတွက် လိုင်ဇာအထိ လမ်းလျှောက်သူများကြောင့် တကယ်ငြိမ်းချမ်းမှာလား

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများ ရပ်တန့်စေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးကို လိုလားသည့် လူ ငယ်များ စုပေါင်းကာ မိုင် ၇၀၀ ကျော် ဝေးသည့် လိုင်ဇာသို့ လမ်းလျှောက်ချီတက်ခဲ့ကြသည်။  အဆိုပါ ခရီး စဉ် သည် ဇန်န၀ါရီလ ၂၁ ရက် နံနက် ၇ နာရီတွင် စတင်ခဲ့ပြီး ယနေ့တွင်တော့ ရက်ပေါင်း ၅၀ ခန့် ရှိပြီ ဖြစ် သည်။ မိုင်ပေါင်း ၇၀၀ ကို တစ်နေ့ ၇ မိုင် လမ်းလျှောက်ပါက ရက်ပေါင်း ၁၀၀ လျှောက် ရမည်ဖြစ်ပြီး တစ်ေ န့ ၁၀ မိုင် လမ်းလျှောက်ပါက ရက်ပေါင်း ၇၀ လျှောက်ရမည် ဖြစ်ကာ ယနေ့တွင် ရောက်မည် ဆိုပါ က တစ်နေ့လျှင် ၁၄ မိုင် လမ်းလျှောက်ရမည် ဖြစ်သည်။ ဒါတောင် ကြားတွင် ပျော်ပွဲရွှင်ပွဲ အနားယူပွဲများ မပါမှသာ တစ်နေ့ ၁၄ မိုင်ဖြင့် ရက်ပေါင်း ၅၀ အတွင်း လိုင်ဇာရောက်မည်မို့ ယခု လမ်းလျှောက်ခရီးသည် မည်သို့ ရောက်ရှိသွားသလဲ ဆိုတာ ကျွန်တော် မပြောလိုတော့ပေ။
လေးစား ချီးကျူးရမည်ကား တစ်လခွဲကျော် မိသားစု ထောက်ပံ့ရန်မလို၊ ကိုယ်တိုင် စားဝတ်နေရေး လုပ်ေ ဆာင် ရန် မလို ပင်ကိုယ်ကြွယ်ဝသည့် မြန်မာများ လမ်းလျှောက်နိုင်ကြခြင်းပင် ဖြစ်သည်။ ကတ္တီပါ ဖိနပ် စီးသော ဘုန်းကြီးများ၊ ခြေညှပ်ဖိနပ်၊ အားကစားဖိနပ် စီးသူများ၊ ဂျင်းဘောင်ဘီလေး များဖြင့် လမ်းေ လျှာက်ေ သာ မမ များ အားလုံး တစ်ပြိုင်ထဲ ရောက်နိုင်မှု သည်ကား ပို၍ ချီးကျူးဖွယ်ဖြစ်သည်။ တပ်မတော် ၏ ခံနိုင်ရည် စံနှုန်း ထက်ပင် ကျော်လွန်သော စွမ်းရည်များ ပိုင်ဆိုင်သည့် အဖွဲ့ဖြစ်သဖြင့် ချီးကျူးရမည်ကား အမှန်ပင်။
 

Saturday, March 9, 2013

ထူးဆန်းသော တိုင်းပြည်

သောက်ရေသန့် ဘူးထိုင်ရှိခိုးတဲ့ တိုင်းပြည်မှာ
သမ္မတရားစွဲမယ်ဆိုပြီး ထလုပ်တဲ့ လူရှိတာ ဆန်းတော့မဆန်းဘူး။

ဆန်းတာက ဘာအလုပ်ဘာအကိုင်မှမရှိပဲ လက်ပန်းတောင်းတောင်ကကောင်မလေး လည်ပင်း ဆွဲကြီး ဟီးထ လာတာဆန်းတယ်...။




ကိုယ့်လူမျိုးကိုယ့်ဘာသာချစ်တာမဆန်းဘူး
ရှိတာပေါင်ပြီး ကုလားတိုင်းပြည်သွားအလုပ်လုပ်နေကြတဲ့ လူအများစုရှိတဲ့တိုင်းပြည်က ၉၆၉ ဆိုပြီး ကုလားဆိုင်း မ၀ယ်ရေးဆိုပြီး ကရောင်ကတန်း ထလုပ်နေတာဆန်းတယ်..။

လူတွေ NLD ကိုကြိုက်တာ မဆန်းဘူး.


ကျွန်တော် ပြောပြချင်ပါသည် ( ၃ )

( ၁ ) အာဏာရှင်မလိုလား ဆိုသူတို့က အာဏာရှင်ဆန်နေပါလား

အာဏာ ရှင်ဆိုတာ ဘာလဲ ။ အလွယ်ပြောရ ရင်တော့ ငါပြောသလိုလုပ် ငါပြောတာနားထောင် ငါခိုင်းတာလုပ် ပြန်မပြောနဲ့ ခိုင်းတာလုပ် ပေးရင်ယူ ကျွေးရင်စားပေါ့ ( ငါ ) တလုံး ပေါ့ဗျာ။ ဒီမိုကရေစီ ဆိုတာမှာလဲ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့် ၊ လွတ်လပ်စွာ ဆွေးနွေးခွင့် ဆိုတာတွေ ပါနေတယ် ဆိုတာလဲ သိရှိပြီး ဖြစ်မှာပါ။

ကြားဖူးပါလိမ့်မည်။ တွေ့ဘူးပါလိမ့်မည်။ ဘယ် ဂျာနယ်ရဲ့ Page မှာတော့ ကွန့်မန့် ပိတ် ခံ တယ်။ဘယ် ဂျာနယ်ရဲ့ ဆိုဒ် / Page မှာတော့ ဘန်းခံရတယ် ဆိုတာမျိုးလေးတွေ ပေါ့။ အဲ့လို လုပ်တဲ့ ဂျာနယ်တွေ ကိုကြည့်လိုက်ပါ ။ ဘယ်သူက တော့ အာဏာရှင်စနစ်ကို ပြန်အသက်သွင်း ချင်နေတယ်။ ဘယ်သူကတော့ ယခင် စနစ်ဟောင်း ကို လိုလားတယ်နဲ့ ဘာမဟုတ်တဲ့ အွန်လိုင်းအကာင့် လေးတွေ ကို အပုပ်ချ တိုက်ခိုက်နေတဲ့ ဂျာနယ် တွေ ဖြစ်နေတာ ကိုတွေ့ ရမှာ ဖြစ်ပါတယ်။ 
 
အချို့ ဂျာနယ်တွေ ၊ အချို့ စတုတ္တ မဏ္ဍိုင် တွေ လုပ်နေတာက ဒီမိုကရေစီလား အာဏာ ရှင်လား။ ငါရေးတာ ဖတ်။ ငါပြောတာပဲ နားထောင်။ ငါတင်တဲ့ သတင်းသာ အမှန်။ ကျန်တာက လိမ် နေတာ။ ခေတ်နောက်ပြန် ဆွဲနေတာ ဆိုတာမျိုး က အာဏာ ရှင် မဆန်ဘူးလား။
 

Sunday, March 3, 2013

ကျွန်တော် ပြောပြ ချင်ပါသည် ( ၂ )


( ၁ ) လူ့အခွင့် အရေး ဆိုတဲ့ စကားလုံးဟာ အတိုက်အခံတို့အတွက် လက်နက်လား

လူ့ အခွင့်အရေး လူ့ အခွင့်အရေး နှင့် မကြာခန ကြားနေရသည် ။ ဆူဆူညံညံလဲ ကြား ရသည်။ ဒါဆိုတော့ လူ့ အခွင့် အရေး ဘာလဲ ၊ ကျွန်တော် တို့ နိုင်ငံမှာ လူ့ အခွင့် အရေး တွေ ဆုံး ရှုံးနေတာလား ၊ ဒါမှ မဟုတ် လူ့ အခွင့် အရေး ဆိုသော အဖိုး တန် အမျိုးမှန် တန်ဘိုးရှိသော အသုံး အနှုန်း တစ်ခု သည် အတိုက်အခံ တို့၏ စကား လက်နက် ၊ အပုပ်ချ လက်နက် ဖြစ်နေပြီလား  ကျွန်တော် လေ့လာ ကြည့်မိသည်။


ကျွန်တော် ပြောပြ ချင်ပါသည်

မနေ့ က တယောက်ရေးထားတာလေး ဖတ်လိုက်ရတော့ ရေး လက်စလေးတွေ ရပ်လို့ ဒါလေး ရေး လိုက်ရတာပါပဲ ဗျာ ....

( ၁ ) မြန်မာ နိုင်ငံက GDP နိမ့်ကျတယ် ဆိုပဲ

ကျွန်တော် တို့ နိုင်ငံ GDP နိမ့်တယ် လို့ ဖတ်လိုက်ရတယ် ဗျ .... ဟုတ်ကဲ့ GDP ဆိုတာဘာလဲ ... သိရော သိရဲ့လား ..... အလွယ်ပြောရရင်တော့ Gross Domestig Product ( စုစု ပေါင်း အသား တင် ထုတ်လုပ်မှု နှင့် ၀န်ဆောင်မှု တန်ဖိုး ) ပေါ့ဗျာ .... အဲ့ဒါနဲ့ ပတ်သတ် လို့ ကျွန်တော် ကိုယ်တိုင်လုပ်ခဲ့ ရတာလေးတွေ ပြောပြ ချင်တာပါ .... ကျွန်တော် တို့ နိုင်ငံ ဟာ အများပြောနေသလို တပ်မတော် အစိုးရ လက် ထက်မှာ GDP မနိမ့်ပါဘူး ခင်ဗျာ ... ကျွန်တော် ကိုယ်တိုင် ၂၀၀၈ ခုနှစ် တနှစ်လုံး မန္တလေး တယက ရုံး မှာ လစဉ် GDP အစည်းဝေး တက်ခဲ့ တာပါ .... သက်ဆိုင်ရာ ဌာနအလိုက် စက်ရုံ အလုပ်ရုံ တွေ အလိုက် ၀န်ကြီး ဌာန လက်အောက်ခံ အဖွဲ့ အစည်း အလိုက် အားလုံး တက်ရပါတယ် ... မှန်းချေ မန္တလေးတိုင်း တွင်းက ဌာနအသီးသီးက လူ ခုနှစ်ဆယ် ခန့်ပေါ့ဗျာ .... အဲ့မှာ ဘာတွေ လုပ်ရလဲ ဆိုတော့ တခု ကနေအရင် စပြောမယ် ဗျာ ....

GDP တွက်တဲ့ အခါမှာ ကဏ္ဍကြီး ( ၁၄ ) ခုနဲ့ တွက်ပါတယ် ... ပြောရရင်တော့ လယ်ယာ ၊ သားငါး ၊ သစ်တော ၊ သတ္တု ၊ စက်မှု ၊ လျပ်စစ် ၊ဆောက်လုပ်မှု ၊ စွမ်းအင် ၊ ဆက်သွယ်ရေး ၊ ကုန်သွယ်ရေး ၊ ငွေရေးကြေးရေး ၊ ပို့ဆောင်ရေး ၊လူမှု ရေးနှင့် စီမံ ခန့် ခွဲရေး ၊ ငှားရမ်းခနှင့် အခြားဝန်ဆောင်မှု လုပ်ငန်း ပေါ့ဗျာ ....  ကဏ္ဍ အလိုက် နှစ်စဉ် ကုန်ထုတ်လုပ်မှု တန်ဖိုး တိုးတက်အောင် ကြိုးစား ရပါတယ် ..... လျာထားချက်ကလဲ တနှစ်ထက် တနှစ် တိုးလာပါတယ် .... တိုးလာတာကို မှီအောင် လိုက်လုပ်ရပါတယ် ..... နားလည်အောင် ပြောမယ် ဆိုရင် လယ်ယာ  ကဏ္ဍ အနေနဲ့ ( ဥပမာ ) ဒီနှစ် မန္တလေးတိုင်းက စပါး တင်း တရာ ထွက်ရင် နောက် နှစ် ၁၁၀ ထွက်အောင် ကြီုး စားရပါတယ် .... ဘယ်လို ကြီုးစားလဲ မေးစရာရှိလာမယ် .... မြေလွတ်မြေရိုင်းတွေ ဖော်ပါတယ် ..... ရေ ရနိုင်ဖို့ ကြိုးစားရပါတယ် ..... နည်းပညာ ဖြန့်ဝေနိုင်ဖို့ ကြိုးစားရပါတယ် ..... နှစ်သီးစိုက်နိုင်တဲ့ နေရာမှာ သုံးသီး စိုက်နိုင်ဖို့ ကြိုး စားကြရပါတယ် ..... အစည်းဝေးမှာ ဒါတွေ ကို ပေါင်းစပ် ညှိ နိုင်း တိုင်ပင်ကြတာဖြစ်ပါတယ် ..... 
 

Saturday, March 2, 2013

မအူပင်ရိုက်ပွဲအပေါ် သတင်းထောက်များ၏ ပြောကြားချက်များနဲ့ မေးခွန်းနှစ်ခု


ရွှေည၀ါဆရာတော်ကြီးက ရဲတွေဖက်ကမမှားဘူးလို့ မိန့်ပြီးပြီ။ ဦးဝီရသူနဲ့ ရွှေည၀ါနဲ့ ဒဏ်ရာရရဲတွေအတွက် သိန်းနှစ်ဆယ်လှူခဲ့တယ်။

ဟိုနှစ်ပေါင်းများစွာက လာဝယ်တဲ့လူကို ကိုယ့်ဘာသာထိုးရောင်းပစ်ခဲ့တဲ့ လယ်မြေကို ပွင့်လင်းလာတဲ့ခေတ် မှာ ကြား ၀င်မြှောက်ပေးတဲ့ တက်ကြွသူတွေ ကြောင့် ပြန်တောင်းတဲ့အဆင့်ရောက်လာတယ်။ ကိုယ်ရောင်းလိုက်ပြီးမှ ပြန်လုတဲ့သဘောဖြစ်နေတယ်လို့ သွားခဲ့တဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ် အဲဒီ အရေးအခင်းမှာ ဦးဆောင်တဲ့လူက ဟိုတစ်လောတုန်းက လှိုင်သာယာကျုးကျော်တွေက တာဝန်ရှိ သူတွေ  ကို ၀ါးလုံးတွေနဲ့လိုက်ရိုက်တဲ့ကိစ္စမှာ ဦးဆောင်ခဲ့တဲ့လူပဲလို့ သိရပါတယ်။

ကျွန်တော် ဖတ်မိပြီးနောက် တွေးမိသည့် NLD ပါတီ အကြောင်း

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က စတင် ဖွဲ့စည်းပြီး န၀တမှ  ဥပဒေပြဌန်းချက်အရ ၁၉၈၈ ခုနှစ် စက်တင်ဘာလ(၂၇) ရက်နေ့တွင် နိုင်ငံရေး ပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ (ဥပဒေအမှတ်-၄/၈၈) အရ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ခေါင်းဆောင် တစ် ဦး စီ တွင် အဖွဲ့ဝင် ၄ ဦးစီဖြင့် ၁၂ ဦး ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ၄ ဦးမှာ သူမအပါ ဟံသာ ၀တီ ဦးဝင်း တင်၊ ဒေါ်မြင့်မြင့်ခင်နှင့် ရုပ်ရှင်မင်းသား ဦးအောင်လွင် တို့ဖြစ်ကြသည်။(Wiki)
ဤတွင် ယနေ့ဗိုလ်ချုပ်ဓာတ်ပုံများ ကိုယ်ပိုင်အဖြစ် အသုံးချနေခြင်းကို ဗိုလ်ချုပ်ကျဆုံးသည့် ၁၉-၇-၁၉၄၇ နှင့် ၂၄-၉-၈၈ တို့တွင် ဖွဲ့စည်းခဲ့သည့် ပါတီအနေအထားဖြင့် ခွဲခြားနိုင်သည်။ သို့သော် ဗိုလ်ချုပ်၏ သမီး တစ်ေ ယာက် အနေဖြင့် သုံးခြင်းကို သီးခြားဖော်ပြရန်မရှိ။ ပြည်သူ့ရဲဘော်တပ်ဖွဲ့မှ ဗိုလ်ချုပ်ရှိစဉ်တွင် Register လုပ် ကြေငြာချက် တစ်ခု ထုတ်ခဲ့သည်မှလွဲ၍ အခြား မူပိုင်ခွင့်များလည်း မရှိပေ။
 

Tuesday, February 19, 2013

သာကူး မဟုတ်ပါ ဆိုသည့် ကိုသားစိုး

အဆိုတော်ကိုသာစိုး သည် တပ်မတော် အစိုးရ အုပ် ချုပ် စဉ် အချိန်အခါကပင် နိုင်ငံတော်အတွက်ေ ကာင်းနိုးရာရာတို့ ကို ထောက်ပြပြော ဆိုတတ်သူဖြစ် ပါသည်။ ထို့ ကြောင့်ပြည် သူအများမှ ကိုသားစိုးအား အစိုးရ အတိုက်အခံဟုပင် ထင်မှတ် ခဲ့ကြပါသည် ။သို့ သော်ယခု ဒေါ်စုကြည်အားေ စ်ာကားလိုက်ေ သာ အခါတွင်မှု အတိုက်အခံတို့ မှာ မိမိဘက်ပါ လာမည်ဟု ထင်သော ကိုသားစိုးအား ပိုမို၍အပြစ် တင်ဝေဖန်ကြသည်။

ကိုသားစိုးပြောကြားလိုက်သည့် ”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။ ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့ အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့ကအစ မြန်မာ နိုင်ငံရေး အခြေအနေကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော် က ဖြစ် သင့် တာ၊ ကောင်း တာကို ပြောတဲ့အတွက် ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။ အခုမှ ဒီလိုမျိုးသွားတဲ့ အထဲ မှာ အရင် တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေ လည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။ ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်ေ တာ် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါ လိမ့်မယ်။

Wednesday, February 13, 2013

State Sponsored Attacked ဆိုတဲ့ Warning Message , Google က ပို့ပေးတာလား

မြန်မာပြည်က အထင်ကရ Journalist များရဲ့ Email အကောင့်များကို Google ကနေ “ ခင်ဗျာတို့ရဲ့ Account တွေကို နိုင်ငံတော်အဆင့်ကနေ ကျောထောင့်နောက်ခဲပေးထားတဲ့ Hacker Groups တစ်ခုက Attack လုပ်နေပြီ “ ဆိုတဲ့အဓိပ္ပါယ်ကို ဖော်ညွှန်းတဲ့ Warning Message ကို ပို့နေပါပြီ ဆိုပြီး ပြည်တွင်မှာရော ပြည်ပနိုင်ငံများရဲ့ English သတင်းဌာတွေမှာပါ ဒီကနေ့ သတင်းတွေပျံ့နှံ့ နေ ပါတယ်။

State Sponsored Attacker ဆိုတဲ့ Warning ကို လွန်ခဲ့တဲ့ ၄ လောက်ကတည်းက Email တစ်ခု မှာတွေ့ ဖူးပါတယ်။ တစ်ခြားသတိထားမိတဲ့လူတွေလဲရှိနိုင်ပါတယ်။ အခုတော့ ဒီMessage ကိစ္စဟာ popularဖြစ် လာတော့ဒိကိစ္စနဲ့ပတ်သတ်ပြီးအနည်းငယ်သုံးသပ်တင်ပြလိုပါတယ်။

ဆက်သွားချင်သေးတယ် ဆိုရင်