Pages

Friday, March 29, 2013

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများရှိ ဒေသခံ ပြည်သူများအား လှည့်လည် ကြည့်ရှုအားပေး

 
 
မန်ကျီးကုန်း ကျောင်းတိုက် ဆရာတော်အား လှူဖွယ် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း နေစဉ်
 
မိတ္ထီလာမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ  ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် နယ်မြေခံ တပ်များမှ တပ်မတော် အရာရှိကြီးများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ကယ် ဆယ်ရေး စခန်းများရှိ ဒေသခံ ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ကျန်းမာရေး စောင့်ရှောက် ပေးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
 
ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် တာဝန်ရှိ သူများသည် မန်ကျီးကုန်း ကျောင်းတိုက် ကယ်ဆယ် ရေးစခန်း၌ စေတနာရှင် အလှူရှင်များနှင့် အတူ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေး စကား ပြောကြားကာ ကျောင်းတိုက် ဆရာတော်ထံ လှူဖွယ် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများ အတွက် အလှူရှင်များ၏ ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ လှူဒါန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးသည်။
 
ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် ရှမ်းတဲ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ကယ်ဆယ်ရေး စခန်းရှိ ဒေသခံ ပြည်သူများအား တွေ့ဆုံ အမှာစကား ပြောကြားပြီး တပ်မတော် ဆေးကုသရေး အဖွဲ့မှ ကျန်းမာရေး အသိ ပညာပေး ဟောပြော နေမှုကို ကြည့်ရှု အားပေးကာ ကျန်းမာရေး ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေး သည်။
 

နိုင်ငံတော် အစိုးရ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ပြည်သူများ ၏ ပူးပေါင်း ဆောင်ရွက်မှုများ ကို သေးသိမ်စေသည့် " ပဋိပက္ခများတွင် အစိုးရ အဖွဲ့အစည်းများ ပါဝင် ပတ်သက်နေသည် ဟူသော ပြောကြားချက်များ" အား နိုင်ငံတော်မှ ပြင်းထန်စွာ ကန့်ကွက်



နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူများ၏ ပူးပေါင်းေ ဆာင်ရွက်မှုများကို သေးသိမ်စေသည့် "ပဋိပက္ခများတွင် အစိုးရအဖွဲ့အစည်းများပါဝင်ပတ်သက်နေ သည် ဟူသော ပြောကြားချက်များ"အား ပြင်းထန်စွာ ကန့်ကွက်ပါသည်

လက်ရှိအခြေအနေတွင် နိုင်ငံတော်သမ္မတကြီးသည် ပြုပြင်ပြောင်းလဲမှု(၃)ရပ်ကို အခြေပြု၍ဒီမို ကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နေသော ကာလဖြစ်ပါသည်။မြန်မာ့နိုင် ငံရေး တွင် အဓိကကျသော Stakeholder အားလုံးပါဝင်နိုင်စေရန်လည်း လမ်းဖွင့် ပေးထားပြီး All Inclusive Nation Building ကို အားတက်သရော ဖော်ဆောင်နေခြင်း ဖြစ်ပါ သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားေ ခါင်းဆောင်များ၊ ၈၈ မျိုးဆက်နှင့် OinionLeader များ စသည်တို့နှင့် ဘုံအကျိုးစီးပွားအတွက် စုေ ပါင်းဖြေရှင်းဆောင်ရွက်လျက်ရှိကာ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးခန္တီတရားဖြင့် ညှိနှိုင်းဆောင် ရွက်တတ်သော နိုင်ငံရေး ယဉ်ကျေးမှုအသစ် တစ်ရပ်ကို ဖော်ဆောင်နေချိန်လည်း ဖြစ်ပါသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (ACE)၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Evan Greenberg ဦးဆောင်သည့်အဖွဲ့ လာရောက်တွေ့ဆုံ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (ACE)၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Evan Greenberg ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် (၁၀း၀၀)နာရီတွင် နေပြည်တော် ရှိပြည်သူ့ လွှတ်ေ တာ် ကော် မ တီဆောင် အမှတ် (၁)၊ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (ACE) အနေဖြင့် အာမခံလုပ်ငန်းများတွင် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များအား နှစ်ဦးနှစ်ဖက် ချစ်ကြည် ရင်းနှီးစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ စီမံကိန်းများနှင့် ဘဏ္ဍရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်၊ ပြည်သူ့လွှတ်တော် ဒုတိယညွှန် ကြားရေး မှူးချုပ် ဦးတင်ဝင်းအောင်နှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

သတင်းစဉ်

မြန်မာနိုင်ငံ ဆိုင်ရာလူ့ အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာကင်တားနား အစိုးရ၊ လုံခြုံရေး ဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေး ခေါင်းဆောင်များ၊ လူမှု အဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြု ခြင်းမှာ စိတ်မကောင်းစရာဖြစ်

မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ မစ္စတာ ကင်တားနားက မတ်လ ၂၈ ရက်နေ့ မှာ လတ်တလောဖြစ်ပေါ် ခဲ့တဲ့ ပဋိပက္ခများနဲ့ပတ်သက်ပြီး ဝေဖန်ပြောကြားခဲ့တာကို ကုလသမဂ္ဂ သတင်းများအရ သိရှိရပါတယ်။

မစ္စတာကင်တားနားက နိုင်ငံတော်အဖွဲ့ အစည်းအချို့ ( some sections of the State) ဟာ အကြမ်း ဖက် မှုများမှာ တိုက်ရိုက်ပါဝင်နေတယ်၊ အကြမ်းဖက်သူတွေကို ကူညီအားပေးနေတယ်လို့ စွတ်စွဲပြောကြားခဲ့တာ ကိုတွေ့ရပါတယ်။

ကျွန်တော့်အနေနဲ့ ကွင်တားနားရဲ့ အကြမ်းဖက်ဆူပူမှုများ နိုင်ငံတော်အဖွဲ့အစည်းတွေပါဝင်နေတယ်၊ ကူညီအားပေးနေတယ်လို့ ပြောကြားချက်များကို လုံးဝငြင်းပယ်ပါတယ်။

မစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေများကို မှန်မှန်ကန်ကန်လေ့လာမှု မရှိဘဲ တစ်ဆင့် ကြားသတင်းများကိုသာ အခြေပြုပြောကြား နေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်ေ အာင် ဝိုင်း ၀န်း ကြိုးပမ်းဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက်တဲ့ အတွက် ၀မ်းနည်း စရာဖြစ် ပါတယ်။

Ye Htut

ငြိမ်းချမ်းရေး အလံ လိုင်ဇာတွင် မစိုက်နိုင်ခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ ဘာလုပ်နေလဲ

 
 
ကချင်ပြည်နယ်တွင် စစ်ပွဲများ ဖြစ်ပွားနေစဉ်တွင် ၄င်းတို့ အစီအစဉ် စတင်ခဲ့သည်။ စစ်ပွဲကာလ အပြီးေ လာက်ကို ခန့်မှန်းတွက်ဆကာ ရန်ကုန်မှ စလျှောက်သည့်။ အံ့သြ သင့်ဖွယ် အမြန်နှုန်းဖြင့် လိုင်ဇာသို့ ရောက်ခဲ့သည်။ သို့သော် ထိုအဖွဲ့များသည် လိုင်ဇာမြို့တွင် ငြိမ်းချမ်းရေး အလံ စိုက်ထူခွင့် မရခဲ့သလို ကချင်ပြည် နယ်ကြီး လည်း အဆိုပါ ငြိမ်းချမ်းရေး လမ်းလျှောက်သူများကြောင့် အလှူငွေများကို ကေ အိုင်အေ မိသားစုများ သုံးဖြုန်းရသည် ကလွဲ၍ ပိုမိုထူးခြားခြင်း မရှိခဲ့ပါ။
ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့သည် ရန်ကုန်မှ စတင်မထွက်ခွာခင်က လိုင်ဇာအထိ လမ်းလျှောက်ကာ ငြိမ်း ချမ်းရေး အလံ စိုက်ထူမည်ဟု ကြွေးကြော်ခဲ့ကြသည်။ ကားဖြင့် အပြေးသွားသော နေမျိုးဇင်မှ အရင် ရောက် သည်။ ဗုံးသံကြား၍ ကားဖြင့်သွားရာမှ ပြန်လှည့်သည်။ ဗုံးသံ မကြားရသည့် ကာလတွင် နောက် တစ် ကြိမ် ထပ်သွားကာ မိုင်းတောထဲတွင် ထမင်းမစားရသေး၍ ဗိုက်ဆာကြောင်း ပြောသည့် ဗီဒီယိုဖိုင် လွှင့် ခဲ့ သည်။ ၄င်းမှ စ၍ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ငြိမ်းချမ်းရေး အလံများ သယ်ဆောင်လိုက်သည်မှာ အလံပေါင်း များ စွာ ဖြစ်ခဲ့သည်။
 

KIO ခေါင်းဆောင်ပိုင်းများအား KIA စစ်ဦးစီးချုပ်မှ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းများ ထွက်ပေါ်


ဦးဇောင်းဟရာ၊ ဦးအင်ဘန်လနှင့် KIO ခေါင်းဆောင်များကို ဌာနချုပ်နှင့် လိုင်ဇာမြို့ထဲတို့တွင် မတွေ့ရ၍ KIA စစ်ဦးချုပ် အမိန့်နှင့်ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း လိုင်ဇာမြို့တွင် သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရပါသည်။ KIO ရုံးနှင့် ဌာနချုပ် တွင်လည်း KIA တပ်ဖွဲ့ဝင်လုံခြုံရေးများသာ တွေ့ရှိရပြီး KIO ခေါင်းဆောင်းပိုင်း များနှင့် အရေးပါသော ကော်မတီ ၀င်များလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြီးကတည်းက တွေ့ရှိမှုမရှိကြောင်း၊ ၎င်းတို့ နေအိမ်များကိုလည်း ကန့်သတ် နေရာများဖြင့် သတ်မှတ်ကာ KIA က လုံခြုံရေး ပေးထားသော တပ်ဖွဲ့ဝင် များမှအပ မည်သူမှမ၀င်ရဟုလည်းသိရှိရပါသည်။


တိုက်ပွဲများအတွင်း တပ်ဖွဲ့ဝင်များထိခိုက်ကျဆုံးမှုများခြင်းနှင့် စခန်းများကို ထွက်ပြေးမှုများခြင်း တို့ကြောင့် KIA စစ်ခေါင်း ဆောင်များနှင့် KIO ကော်မတီဝင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး ငြိမ်းချမ်းရေး ကိစ္စနှင့် ပတ်သတ်ပြီး KIO ဗဟိုကော်မတီဝင်များအကြား အမြင်ကြည်လင်မှု များ ဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။ KIO ဥက္ကဌ ဦးဇောင်းဟရားနှင့် ဗဟိုကော်မတီဝင် အများအပြားမှာ ငြိမ်းချမ်းရေးကို ရယူပြီးကချင်ပြည်နယ်ကို တိုးတက်အောင် လုပ်ဆောင်မည်ဟုပြောဆိုမှုများကို KIA စစ် ခေါင်းဆောင်များမှ အစိုးရနှင့် ပူးပေါင်းကာ ကချင်လူမျိုးများအပေါ် သစ္စာဖောက်သူများ၊ သူရဲဘောကြောင် သူများ အဖြစ် အမြဲလိုလိုပြောဆိုမှုများရှိကြောင်းသိရှိရသည်။

ရန်စမှုများကြောင့် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်ဟု ပြုံယမ်းသတိပေး

 
 
ဝါရှင်တန်နှင့် ဆိုးလ်တို့မှ ရန်စမှုများကြောင့် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ဖြစ်လုနီပါး နျူကလီးယား စစ်ပွဲတစ်ခုကို ၄င်းအနေဖြင့် ကုလသမဂ္ဂသို့ အကြောင်းကြားထားကြောင်း မြောက်ကိုရီးယား က ပြောကြားလိုက်သည်။ မိမိတို့၏ ပြည်သူများနှင့် တပ်မတော်သည် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် အမေရိကန်ကို ဆန့်ကျင်သည့် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ နောက်ဆုံးအဆင့်သို့ ချင်းနင်းရောက်ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီး ယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (ကေစီအင်န်အေ)၏ မတ် ၂၆ ရက်က ထုတ်ပြန်ချက်တွင် ပြောကြားသည်။

ထိုအတောအတွင်း မြောက်ကိုရီးယား ခေါင်းဆောင်များသည် အရေးပေါ် ကိစ္စတစ်ခုအပေါ် ဆုံးဖြတ်ချက်ချရန် လာမည့်ရက်များ အတွင်း တွေ့ဆုံရန် စီစဉ်ခဲ့ကြကြောင်း အဆိုပါ ကေစီအင်န်အေက မတ် ၂၇ ရက်တွင် ဆက်လက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် နိုင်ငံရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းနှင့် ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီသည် ကိုရီးယားတော်လှန်ရေးကို အောင်အောင်မြင်မြင်ဖြင့် ကြိုတင်ပြုလုပ်ရန်အတွက် အရေးပေါ် ကိစ္စတစ်ခုကို ဆွေးနွေးဆုံးဖြတ်ရန် လုပ်ဆောင်မှုတစ်ခုအတွက် မတ်လမကုန်မီ ယင်းတွေ့ဆုံမှုကို ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ ကေစီအင်န်အေ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရိုက်တာ

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေသစ် ယန်းငွေ ၅၁ ဒသမ ၀၅၂ ဘီလီယံပေးရန် ကတိပြု




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတ်ာနျူမာတာက လုပ်ငန်းစီမံကိန်း သုံးခုအတွက် တရားဝင် ဖွံ့ဖြိုးမှု အကူအညီချေးငွေ ဂျပန်ယန်းငွေ ၅၁ ဒသမ ၀၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၃၇ သန်းခန့်) အား မြန်မာနိုင်ငံသို့ ထောက်ပံ့ကူညီရန် ဂျပန်အစိုးရက ဆုံးဖြတ်ထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာကံဇော်ကို မတ်လ ၂၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ 

အဆိုပါ လုပ်ငန်းစီမံကိန်းသုံးခုမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရန် ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဂျပန်ယန်းငွေ ၁၇ ဒသမ သုည ဘီလီယံဖြစ်ပြီး ယင်းစီမံကိန်းတွင် ဒေသဆိုင်ရာ အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီးနှင့် ရေရှိရေး စီမံကိန်းများ ဆောင်ရွက်ရန်နှင့် ပြန်လည် ပြုပြင်ရန် ပါဝင်သည်။ ဒုတိယစီမံကိန်းမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်ရေးနှင့် အဆင့်မြှင့်တင်ရေး စီမံကိန်းဖြစ်ပြီး ယင်းစီမံကိန်းအတွက် ဂျပန်ယန်းငွေ ၁၄ ဒသမ ၀၅၂ ဘီလီယံဖြစ်သည်။ 

နိုင်ငံတော် တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရေစီ ကျင့်စဉ်များနှင့် အညီ ဆောင်ရွက်သွားမည်

နယ်ချဲ့ အင်္ဂလိပ်တို့ မြန်မာ့ မြေပေါ်မှ ဆုတ်ခွာ သွားပြီးနောက် ၁၉၄၂ ခုနှစ် ဇွန် ၁ ရက်တွင် မန္တလေး မြို့မှ ထုတ်ဝေသော တိုင်းချစ် သတင်းစာ၌ ဗမာ့ လွတ်လပ်ရေး တပ်မတော်၊ ဗဟို စစ်ရုံး အတွင်းရေးမှူး ဗိုလ်ဗတင် လက်မှတ် ရေးထိုးထားသည့် ကြေညာချက် တစ်ခု ဖော်ပြ ခဲ့သည်။ ကြေညာချက်မှာ ''ဗမာ့ လွတ်လပ်ရေး တပ်မတော် ဆိုတာဘာလဲ''        ဟု ခေါင်းစဉ် တပ်ထားပြီး ဗမာ့ လွတ်လပ်ရေး တပ်မတော် ဆိုသည်မှာ ''ဗမာ တစ်မျိုးသား လုံး၏ လွတ်လပ်ရာ လွတ်လပ်ကြောင်း အတွက် လူလားမြောက်သူ၊ ကျန်းမာသူ ဗမာတိုင်း ဗမာတိုင်း ပါဝင်သော တပ်ကြီးဖြစ်သည်။ ၎င်းတပ်ကို သခင်တပ်ဟု အချို့က ထင်မြင် ကြသော်လည်း သခင်များ၏ တပ်မဟုတ်၊ ဂိုဏ်းဂဏ ပါတီမရွေး ဗမာ့ လွတ်လပ်ရေးကို လိုလားသူတိုင်း ပါဝင် သော တပ်သာလျှင် ဖြစ်၏။ ဗမာ တစ်မျိုးသား လုံးနှင့် သက်ဆိုင်၏။ လွတ်လပ်ရေး ဆိုသည်မှာ အပြောနှင့် ပြီးနိုင်သော ကိစ္စမဟုတ် လုပ်ယူမှ ရ၏။ ဗမာ့ လွတ်လပ်ရေး တပ်မတော် ကြီးနှင့်သာလျှင် ဗမာ့ လွတ်လပ်ရေးကို ရအောင် ယူနိုင်မည်။ ရပြီးသော လွတ်လပ်ရေးကို မဆုံးရှုံး ရအောင် ကာကွယ် နိုင်ပေ မည်'' ဟူ၍ ဖြစ်သည်။
 
ဗမာ့ လွတ်လပ်ရေး တပ်မတော်၏ ရည်မှန်းချက် တာဝန်ကို ဖော်ပြရာ၌ ဗမာ့ လွတ်လပ်ရေး တပ်မတော်သည် ဗမာအားလုံး နိုင်ငံရေး ညီညွတ်မှု ရရှိအောင် လုပ်မည်ဖြစ်၏။ တကယ့် လွတ်လပ်ရေးကို လိုလားသူ တို့သည် တစည်း တရုံးတည်း ရှိအောင် လုပ်မည်ဖြစ်၏။ ဗမာ့ လွတ်လပ်ရေးကို အနှောင့်အယှက် ပြုသူ ဆူးငြောင့်ခလုတ် ဖြစ်သူတို့ကို ရှင်းလင်းပစ်မည် ဖြစ်၏။ ဗမာ့ လွတ်လပ်ရေး တပ်မတော်သည် ရှမ်း၊ ချင်း၊ ကချင် စသော တိုင်းရင်းသား တို့နှင့် တစ်သွေးတည်း တစ်စိတ်တည်း ရှိ၏။ ဗမာပြည် အတွင်းရှိ တိုင်းရင်းသား အားလုံးတို့၊ ဗမာ အပေါင်းတို့သည် အခွင့်အရေး တန်းတူ ရစေမည် ဖြစ်၏။ ထို့ကြောင့် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အလုံး အရင်းနှင့် ဝင်ကြလော့။ အချိန်ရှိခိုက် စစ်အတတ်နှင့် လက်နက်ကိုင် ပညာကို အကုန် သင်ပေးမည်။ တပ်ကြီး တည်တံ့ရေး အတွက် ရိက္ခာထောက်ပံ့ ကြကုန်လော့၊ သွားလာရေး လွယ်ကူမှု အတွက် ယာဉ်ရထားများ ထောက်ပံ့ကြလော့၊ နေရာ ထိုင်ခင်းများ စီစဉ်ပေးကြ ကုန်လော့ဟု တွေ့ရသည်။
 

နည်းပညာ ဖလှယ်ရေး အစီအစဉ် တရုတ်က ရှရှားထံမှ ဆူခွိုင်း တိုက်လေယာဉ်များ ၀ယ်



တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံ တို့အကြားချစ်ကြည်ရေး အရှည်   တည်တံ့ခိုင်မြဲရန်နှင့်၂နိုင်ငံတပ်မ တော်အကြား အကျိုးတူပူးပေါင်း  ဆောင်ရွက်ဆောင်ရွက်မှုများမြှင့်   တင်နိုင်ရန် အလိုငှာ စစ်ဘက် ဆိုင်ရာ နည်းပညာများဖလှယ် ရေး အစီအစဉ်အဖြစ် ရုရှားနိုင်ငံ ၏ခေတ်ရှေ့ပြေးမဟာ ဗျူဟာ မြောက် တိုက်လေ ယာဉ်များဖြစ် သည့်ဆူခွိုင်း (ှSU-35) လေယာဉ် ၂၄စီးနှင့် ရေငုတ် သင်္ဘော ၄စီး အတွက် အမေရိကန် ဒေါ်လာ ၃.၅ဘီလီယံတန်ဖိုးရှိအရောင်း  အ၀ယ်စာချုပ်တစ်ရပ်ကို မတ်လ  ၂၂ရက်က သမ္မတ ပူတင်နှင့်သမ္မတ    ရှီကျင်ဖျင်တို့သဘောတူလက်မှတ်  ရေးထိုးခဲ့ကြသည်။ ယခုသဘော  တူချက် မှာနှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ    ၁၀နှစ်တာကာလအတွင်း ပထမ  ဆုံးအကြိမ်ကြီးမားသည့်လက် နက် အေ ရာ င်း အ ၀ယ်စာချုပ်တစ်ရပ် ဖြစ်သည်။

ထို့အပြင်တရုတ်သည် ရုရှား    နိုင်ငံထံမှ စစ်ဘက်ဆိုင်ရာအဆင့် မြင့် စစ်လက်နက်ပစ္စည်း (Military Hardwarce) အမြောက် အမြားဝယ်ယူရန် အစီအစဉ်ရှိပြီး၊    ထိုစစ်လက်နက်ပစ္စည်းများ၏ နည်းပညာ (Soltwarce) များ ကိုလေ့လာပြီး ပြည်တွင်း၌ထုတ် လုပ်သွားရန် အစီအစဉ်ရှိကြောင်း  လည်း စစ်ရေးအကဲခတ် (Military anatysts)များကပြောကြား  သည်။

နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်

နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ
ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်
==================================

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခုအစည်းအဝေးမှာ ပြည်သူလူထုအား ကြိုတင် အသိပေးထားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စသည်ဖြင့် ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍ ဖြစ်ပါကြောင်း၊ 

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ (၇) ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ တယ်လီဖုန်းသုံးစွဲနိုင်မှု များပြားလာအောင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် စီမံချက်များ ရေးဆွဲပြီးစီမံဆောင်ရွက်လျက် ရှိကြောင်း၊ တယ်လီဖုန်းသုံးစွဲမှု တိုးတက်များပြားလာအောင် တိုးမြှင့်တပ်ဆင်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် လိုင်း (၈)သန်း ၊ ၂ဝ၁၄-၂ဝ၁၅ တွင် လိုင်း (၁၈) သန်း စုစုပေါင်း (၂၆) သန်း တိုးချဲ့တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂ဝ၁၂-၂ဝ၁၃ တွင် (၁ဝ) ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ တွင် (၂၇) ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၂ဝ၁၅ တွင် (၅ဝ) ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ 

ယင်းလျာထားချက်မှာ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တယ်လီဖုန်းသည် လက်တွေ့ နယ်ပယ်အသီးသီးတွင် ထိရောက်စွာ အသုံးပြုနေသည့် ပစ္စည်းတစ်ခု ဖြစ်ပါကြောင်း၊ တယ်လီဖုန်း သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍမှာ များပြားပါကြောင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်သည့် အပိုင်းနှင့် တယ်လီဖုန်းလိုင်းများ တည်ဆောက်သည့် အပိုင်းဟူ၍ ရှိပါကြောင်း၊ အခြေခံ အဆောက်အအုံနှင့် တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ပြည်တွင်း ကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်ထားပါကြောင်း။

မိုဘိုင်းလ် တယ်လီဖုန်း Sim Card များကို ယခင်က ပြည်သူများ ဝယ်ယူသုံးစွဲရသည်မှာ ဈေးနှုန်း များပြားခဲ့ပါကြောင်း၊ ဈေးများရသည့် အကြောင်းမှာ ပြည်သူများထံမှ ရောင်းချရသည့် ငွေများဖြင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် လိုင်းများ တပ်ဆင်ရခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် အခြေခံ အဆောက်အအုံနှင့် လိုင်းများမှာ တော်တော်များများ တပ်ဆင်ပြီးဖြစ်၍ လိုင်းများများ သုံးနိုင်ရန်အတွက်ဆိုလျှင် Sim Card များကိုလည်း ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအား Sim Card များ ရောင်းချပေးမည့် ရက်နှင့် ဈေးနှုန်းတို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အချိန်မီ သတင်း ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ခွဲဝေရရှိလာသော Sim Card များကို တယ်လီဖုန်း မရရှိသေးသည့် ပြည်သူများ မျှမျှတတ ရရှိနိုင်အောင် စနစ်တကျ ဖြန့််ခွဲ ရောင်းချပေးသွားရန် ဖြစ်ပါကြောင်း၊ ပြင်ပတွင် ဈေးမကစားနိုင်ရေးအတွက် Sim Card များကို တူညီသည့်ဈေးနှုန်းဖြင့် လစဉ် ရောင်းချပေးသွားရန် စီစဉ်ထားပါကြောင်း၊ Sim Card များရောင်းချပေးသည့်နည်းတူ Hand Set များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာတွင် ဈေးမကစားနိုင်အောင် အခွန်လျော့ပေးသည့်နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေသည့် နည်းစသည့် နည်းလမ်းများအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ် ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များကို လစဉ် ဈေးနှုန်းမပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလမရရှိပါက နောက်လတွင် ရရှိမည် ဖြစ်ကြောင်းကိုလည်း ပြည်သူများအား အသိပေးတင်ပြထားရန် ဖြစ်ပါကြောင်း၊ Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကြပ်တည်းမှု မရှိစေရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/03/29/id-3012
Credit: Hmuu Zaw

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု သည့်အတွက် ဆက်သွယ်ရေ ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး တွင် ပြောကြား ခဲ့သည်။

ယခုအစည်းအဝေးမှာ ပြည်သူလူထုအား ကြိုတင် အသိပေးထားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍ သည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စသည်ဖြင့် ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တွင် ဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍ ဖြစ်ပါကြောင်း၊ 

ယခု ဖြစ်ပွားခဲ့သော အရေးအခင်းမှာ အစိုးရလက်ချက်ကြောင့် ဆိုတာ လက်မခံနိုင်ပါ

ကျွန်တော့်ကို ခေါင်းမာတယ် ပြောခြင်ပြော ဒီအရေးအခင်းမှာ အစိုးရလက်ချက်ကြောင့် ဆိုတာ ဒီအချက်တွေကြောင့် လက်မခံနိုင်ဘူး၊၊

(၁) အခုအစိုးရကို နိုင်ငံတကာကလည်း အသိအမှတ်ပြုနေပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အပေးအယူမျှမျှလုပ်နေပြီ၊ ဒီလိုအရေးအခင်းမျိုး အစိုးရဖန်တီးပြီး ဘာအကျိုးအမြတ်ရမှာလဲ၊၊

(၂) မင်းကိုနိုင်ကို တစ်ချိန်လုံး ထောက်ပြဝေဖန်နေရတာက၊ တကယ်ပါဝါဂိမ်း၊ Political Game တွေကစားမယ်ဆိုရင် အစိုးရ ဒီလိုအကွက်တွေနဲ့ မကစားဘူးဆိုတာလောက် မမြင်နိုင်တဲ့ လူတစ်ယောက်ဖြစ်နေလို့ ပဲ၊၊ မင်းကိုနိုင်ထက် မလျှော့တဲ့ စိုးရိမ်မူ့ မျိုးနဲ့  အစိုးရကလည်း စစ်တပ်အုပ်ချုပ်ရေး ပြန်သွားရမှာစိုးရိမ်တယ်၊၊ ပြန်မသွားခြင်းဘူး၊၊ ပြန်ပြီး သွားဖို့ အစီအစဉ်ရှိမယ်ဆိုရင် အစထဲက လူတွေဖြုတ်ထုတ်သတ်လုပ်၊ အလုပ်ရှုပ်ခံပြီး ဒီမိုကရေစီဆိုပြီး သွားနေဘူး၊၊ အစထဲက ပေခံနေရင်ပြီး၊ မင်းကိုနိုင်တို့ ထောင်ထဲထည့်ထားလည်း ရနေတာပဲ၊၊ အလုပ်ရှုပ်ခံ အပင်ပန်ခံပြီးကို သွားနေတာဟာ စစ်အုပ်ချုပ်ရေးကို မလုပ်ခြင်တော့လို့  ပြည်သူအတွက် ဒီစနစ်မကောင်းဘူးဆိုတာကို လက်ခံနားလည်လို့  အခက်အခဲ အမျိုးမျိုးကြားထဲက အပင်ပန်းခံပြီး လျှောက်နေတာ ဖြစ်တယ်၊၊

တပ်မတော်နေ့မှ ဖြစ်ပေါ်လာသော အတွေးစများ

ဒီနေ့တော့ ကိုစစ်နိုင်အေးရေးထားတဲ့ သုံးသပ်ချက်ဆောင်းပါးလေးကို ဖော်ပြပေးပါ့မယ်ခင်ဗျာ...။

  • ဒီနေ့ဟာ (၆၈)နှစ်မြောက် တပ်မတော်နေ့ဖြစ်ပါတယ်။ နံနက်စောစော တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ရင် ဖြစ်ပေါ်လာတဲ့ ခံစားမှုလေးတချို့ ကို ရေး သားချင်လာပါတယ်။

ဒီနှစ်တပ်မတော်နေ့ဟာ ခါတိုင်းနဲ့မတူ ထူးခြားတာ အားလုံးအသိဘဲဖြစ်ပါတယ်။ အဲဒါကတော့ ယန္တရား တပ်ဖွဲ့ဟာ အောင်ဆန်းစစ်ကြောင်း အမည်ဖြင့် ပါဝင်လာခြင်းဘဲဖြစ်ပါတယ်။ ယန္တရား တပ်ဖွဲ့ ကို အောင်ဆန်းစစ်ကြောင်းလို့ အမည်ပေးတာ တမူထူးပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ ကျွန်တော် တို့ မျှော်လင့်စောင့်စားခဲ့ရပါတယ်။ ယန္တရားစစ်ကြောင်းမှာပါဝင်တဲ့ တပ်ဖွဲ့များကတော့ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး နဲ့ လေကြောင်း ရန်ကာကွယ်ရေး တပ်ဖွဲ့ အရာရှိချုပ်ရုံးတို့ဘဲဖြစ်ပါတယ်။ ထုတ်ဖော်ပြသတဲ့ ယာဉ်များနှင့် လက်နက် များဟာ တပ်မတော် အင်အားရဲ့ တစိတ်တဒေသသာလျှင်ဖြစ်တယ်ဆိုတာ စိတ်ဝင်စားသူ တိုင်း တွေ့နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ထုတ်ဖော်ပြသတဲ့ လက်နက်အချို့ဟာ တပ်မတော်မှာ သုံးနေ တဲ့ ခေတ်အမီဆုံး လက်နက်တွေ မဟုတ်ကြပါဘူး။
  • စပြီးပြောရရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တပ်ကို စစ်ဆေးတဲ့နေရာမှာ သုံးတဲ့ယာဉ်နဲ့ ယန္တရားတပ်ဖွဲ့က အရာရှိတွေစီးတဲ့ ကွပ်ကဲမှုယာဉ်ဟာ တောင်ကိုရီးယား နိုင်ငံ KIA Company ထုတ် Retona Cruiser Jeep ဖြစ်ပါတယ်။ တပ်မတော်မှာ သုံးတာကို ပထမဆုံးမြင်ဘူး တာပါ။ ခေတ်မီယာဉ်တစ်မျိုးလို့ ပြောနိုင်ပါမယ်။ နောက်ပြီး ပါနေကျ နောင်ရိုးဂျစ်တွေလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ယာဉ်တန်းမှာ ပါလာပါတယ်။ Humvee နဲ့ ပုံစံတူတဲ့ အဲဒီကားတွေဟာလည်း Retona Jeep ထက်တောင် ပိုမိုလှပနေပါသေးတယ်။ စစ်ရေးပြမှူးကြီးစီးတဲ့ ကားကတော့ အိန္ဒိယနိုင်ငံ TA TA Company ထုတ် ဂျစ်ဖြစ်နိုင်ပါတယ်။
 မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်



 
နောင်ရိုးဂျစ် စစ်သုံးယာဉ်


 
နောက်တမျိုးက ၁၀၅ မီလီမီတာ တင့်ဖျက် တိုက်ခိုက်ရေးယာဉ် (105mm Assaulter) ပါ။ တပ်ခွဲ (၂)ခွဲစာ (၂၄)စီးပါဝင်ချီတက်ပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှာလည်း လက်ရှိ အသုံးပြုနေတဲ့ ခေတ်မီလက်နက် တစ်မျိုးဖြစ်ပါတယ်။ NORINCO Company ထုတ်ပါ။ နောက် တစ်မျိုးကတော့ SH – 1 (155mm Self-propelled Gun) ပါ။ (၆)စီး ပါဝင်ပါတယ်။ ဒါကို လည်း ခေတ်မီတယ်လို့ပြောရမှာပါ။ ထုံးစံ အတိုင်း NORINCO Company ထုတ်ပါ။

ပဲခူးတိုင်းတွင်း ဆူပူ အကြမ်းဖက် အပေါ် ရဲ မှ ရာဘာကျည်ဖြင့် ပစ်ခတ်နှိမ်နှင်းမှုကြောင့် ၂၆ ဦး ဒဏ်ရာ ရရှိ

ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီးတွင်း ဆူပူ အကြမ်းဖက်ဖျက်ဆီးမှုများအပေါ် ရဲ၏ ပစ်ခတ်နှိမ်နှင်းမှုကြောင့် စုစုပေါင်း ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးက အတည်ပြုပြောကြားသည်။

အုပ်စုဖွဲ့ ၍ ဆူပူအကြမ်းဖက်မှုပြုလုပ်ခဲ့သည့် အတွက် ရဲက ရာဘာကျည်ဖြင့် ပစ်ခတ်နှိမ်နင်းခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိဟု တိုင်းဒေသကြီး ရဲမှူးကြီးက ပြောသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများမှာ မင်းလှမှ ၅ ဦး ၊ အုတ်ဖိုမှ ၆ ဦး ၊ နတ်တလင်းတွင် ၆ ဦး ၊ ဇီးကုန်းတွင် ၃ ဦး ၊ ပုတီးကုန်း တွင် ၆ ဦး ဖြစ်သည်ဟု ၄င်းကဆိုသည်။

လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး အခြေအနေမှာ တည်ငြိမ်အေး ချမ်းမှုရှိအောင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း ရဲမှူးကြီး ဦးမြ၀င်းက ထပ်လောင်းဆိုသည်။

မတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ပဲခူးဆူပူအကြမ်းဖက်မှုကြောင့် သာယာဝတီခရိုင်အတွင်းက မင်းလှ ၊အုတ်ဖို၊ ဇီးကုန်း ၊ကြို့ပင်ကောက် ၊နတ်တလင်းမြို့များအား ပုဒ်မ ၁၄၄ ၊ သာယာဝတီ ၊လက်ပံတန်းနှင့် မိုးညိုတို့ကို ပုဒ်မ ၁၈၈ အား အသီးသီး ထုတ်ပြန်ခဲ့သည်။
Popular Myanmar News Journal

နိုင်ငံတော် သမ္မတ၏ မိတ္ထီလာ အရေးနှင့် လတ်တလော ဆူပူမှုများနှင့် ပတ် သက်၍ ပြောကြားခဲ့သော မိန့်ခွန်းအား အမေရိကန် ပြည်ထောင်စု ထောက်ခံ



ယမန်နေ့ညနေမှ စ၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သော မိန့်ခွန်းအားအမေရိကန်ပြည်ထောင်စု မှ အမေရိ ကန် နိုင် ငံခြားရေးဝန်ကြီးဌာနမှပြောခွင့်ရ ပုဂ္ဂိုလ်ဗစ်တိုးရီးယားနူ လန် ပြောကြား လိုက်ကြောင်း သိရသည်။

“ဒီမေးခွန်းအတွက် ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို ဒီကနေ့ ရုပ်/သံကတစ်ဆင့် ထုတ်လွှင့်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းကို ကျွန်မတို့ ကြားသိပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက်၊ မတူကွဲပြားတဲ့ ဘာသာရေးအယူအဆအားလုံး အတူယှဉ်တွဲတည်ရှိမှုနဲ့ပွင့်လင်းမြင်သာမှုတွေအတွက် သီးခံကြဖို့၊ အပြန်အလှန်လေးစားကြဖို့ သမ္မတဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ထောက်ခံပါတယ်။"

ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ ကို တွေ့ဆုံ



ကလေးမြို့ မြို့နယ်အုပ်ချုပ် ရေးမှူးသည်ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာများမှ ဘာသာရေးခေါင်း ဆောင်များနှင့် မတ်လ (၂၃) ရက် နှင့် (၂၄) ရက်နေ့များတွင် တွေ့ဆုံ  ခဲ့သည်။ တောင်ဖီလာကျောင်း၌ ဗုဒ္ဓဘာသာသံဃာတော်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် အခြားအကြောင်းအရာကိစ္စတစ်ခု    ဖြင့် မတ်လ (၂၃) ရက်နေ့တွင် တွေ့ဆုံခဲ့တာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အထက်ချင်းတွင်းဒေသလူငယ်များ   ကွန်ရက်အဖွဲ့ဝင်လူငယ်တစ်ဦးမှ ပြောသည်။

အစ္စလာမ်ဘာသာဝင်  များကိုတော့ မတ်လ (၂၄) ရက်  နေ့ ညနေပိုင်းတွင် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးခန်းမှာပင်ခေါ်ယူတွေ့ ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ကလေး မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးမှ “မိတ်္ထီလာနဲ့ ပတ်သက်တဲ့ အရေး အခင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ မိမိဒေသမှာ မကူးဆက်ပဲ ငြိမ်းချမ်း   နေရေးအတွက် မြို့မိမြို့ဖများပါတီ  များနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ရှေ့ဆက်ပြီး ဗလီမှာဘာသာရေး နဲ့ ပတ်သက်ပြီး တရားစခန်းဝင်ဖို့ တို့ ဘာတို့ရောက်လာတဲ့ သူတွေ ရှိရင်လည်း သတင်းပို့ပေးပါ။ သာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်မှာစိုးလို့ပါ။ နောက်ပြီး ဗလီနဲ့ ပတ်သက်လို့အဆောက်အအုံ  တိုးချဲ့တာတွေဘာတွေရှိမယ်ဆိုရင်    လည်း သတင်းပေးပါ။ လိုအပ်တာ  ကိုလည်း ကူညီလို့ရတာပေါ့။ ကိုယ့်သဘောနဲ့ ကိုယ်မလုပ်စေချင်  ပါဘူး။ တစ်မျိုးထင်စရာတွေဖြစ် လာမှာ စိုးလို့ပါ”လို့ပြောသည်။  

ဆင်းကဒ်ဈေး ထောင်ဂဏန်းဖြင့် ချထားပေးပါက ဟန်းဆက်ဆိုင်များက အခမဲ့ပေးမည်

နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင်ဂဏန်းမျှဖြင့် အမှန်တကယ် ဈေးလျှော့ချပေးမည် ဆိုပါ က ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ် အခမဲ့ပေးကာ ဟန်းဆက်များကိုသာ ဦးစားပေး ရောင်းချသွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိရသည်။

နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင် တန်ဖိုးနည်းဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။ “တကယ်သာ ထောင်ဂဏန်းလောက်နဲ့ဆိုရင် ကျွန်တော်တို့လည်း ဟန်းဆက်ဝယ်တဲ့သူကို ဆင်းကဒ် အလကားပေးတဲ့ ဈေးကွက် ဖော်ဆောင်သွားဖို့ ရှိတယ်။ ဟန်းဆက်ဆိုင် တော်တော်များများကလည်း ဒီလိုဈေးကွက် Promotion လုပ်ကြမှာဆိုတော့ ကျွန်တော်တို့လည်း လုပ်ဖြစ်မှာပါ” ဟု ဗိုလ်အောင်ကျော်လမ်းရှိ Mobile Bank ဟန်းဆက်အရောင်းဆိုင်မှ တာဝန်ခံကိုသော်ဇင်က ဆိုသည်။

ကချင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက် အမှတ် (၂/၂၀၁၃) ကို မတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရပါသည်။ အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ- ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့၌ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ပူးတွဲကြေညာချက် တစ်ရပ် ထုတ်ပြန်နိုင်ခဲ့ပြီး အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများ ရရှိခဲ့သဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဝမ်းမြောက်မိပါသည်။

အဆိုပါ ပူးတွဲကြေညာချက်အရ အပစ်အခတ်ရပ်ဆိုင်းရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်သဖြင့် နိုင်ငံတော် အစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဟု ဖော်ပြခြင်းကိုလည်း လှိုက်လှဲစွာ ကြိုဆိုပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကချင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခနှင့် စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှုများကို အစဉ်တစိုက် စောင့်ကြည့်လေ့လာခဲ့ပါသည်။

ပြည်သူတွေကို ထိပါးရင် အင်အားသုံးပြီး ကာကွယ်မည်ဟု သမ္မတပြော


ပြည်သူနိုင်ငံသား တစ်ဦးချင်းစီရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးလာရင် အခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်၊ လုံခြုံရေး အဖွဲ့အစည်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီလို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

မိတ္ထီလာပဋိပက္ခ အပါအဝင် လတ်တလော ဆူပူမှုတွေနဲ့ စပ်လျဉ်းပြီး ယနေ့ညနေ ၆း၀၀ နာရီက ပြည်သူတွေကို တိုက်ရိုက်ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားတာပါ။ “ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမယ့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ်မှန်သမျှကိုတော့ လုံးဝလက်သင့်ခံမှာ မဟုတ်ပါဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမှာ ဖြစ်ပါတယ်” လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။


မိတ္ထီလာမှ စတင်ကာ နေရာအချို့ထိ ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းစေရေး ဘာသာပေါင်းစုံ ဆုတောင်း

မိတ္ထီလာမြို့မှ စတင်ကာ မြန်မာနိုင်ငံ နေရာအချို့ထိ ပျံ့နှံဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူနှင့် မွတ်ဆလင်ဘာသာတို့ စုပေါင်း၍ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ၂၈-၃-၂၀၁၃ ရက် ညနေက YMCA ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

“အချင်းချင်း မေတ္တာထားရင် ဒီလိုရန်တွေ ပွားပါ့မလား၊ ဒါကြောင့် မေတ္တာဆောင်၊ သစ္စာနှောင်ပြီး ဘယ်ဘာသာ၊ ညာဘာသာ မတွေးဘဲ မေတ္တာတရား လက်ကိုင်ထား၊ သစ္စာတရား လက်ကိုင်ထားရင် ရန်တွေမပွားဘူး” ဟု အဆိုပါ အခမ်းအနားကို ကြွရောက်ခဲ့သည့် မင်းကွန်းတိပိဋကဓရ ဆရာတော် ဦးကောဏ္ဍညက မိန့်ကြားခဲ့သည်။ အဆိုပါ အခမ်းအနားကို စီစဉ်ခဲ့သည့် လူငယ်ကိုသက်ဆွေဝင်းက လူငယ်များ၏ စိတ်တွင် ငြိမ်းချမ်းစွာ နေထိုင်လိုစိတ်ရဲ့ လက်ရှိ အနေအထားကို မနှစ်သက်ကြကြောင်း ပြောသည်။

သတင်းမှန်ရဖို့ သတင်းတွေကို အချိန်မီ ထုတ်ပြန်ပေးဖို့လို

မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်မှာ အချို့က အကြားသတင်းနဲ့ ရေးသားခဲ့တာကြောင့် သတင်းအချို့ မမှန်မကန် ဖြစ်ခဲ့ရတယ်လို့ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မန္တလေးမြို့မှာ မီဒီယာနဲ့ တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားပါတယ်။ “ကိုယ်တိုင်လိုက်ပါတဲ့ အခါကျ သတင်းမှန်ရတယ်၊ ကိုယ်တိုင်မလိုက်ပါရင် သတင်းက hear say တွေ ဖြစ်တယ်။

မိတ္ထီလာဖြစ်စဉ် အချို့ကို ကြည့်လိုက်ရင် တချို့သတင်းတွေက မမှန်ဘူးဗျ၊ ကျွန်တော်တို့ကိုယ်တိုင် တစ်မြို့လုံးနီးပါး ရောက်ပါတယ်၊ အခြေအနေမှန်ကို သိခဲ့ပါတယ်” လို့ ဝန်ကြီး ဦးဆန်းဆင့်က ပြောပါတယ်။ မိတ္ထီလာပဋိပက္ခဖြစ်စဉ် သတင်းအချို့ မမှန်ဘူးဆိုတဲ့ သာသနာရေး ဝန်ကြီးရဲ့ မှတ်ချက်ကို ပြည်တွင်းသတင်းသမား အချို့ကတော့ ငြင်းဆိုကြပါတယ်။

ဆက်သွားချင်သေးတယ် ဆိုရင်