Pages

Saturday, February 23, 2013

နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးအဆို ရှုံးနိမ့်

လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားနေသော မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ေ ဆာက်ပြီး လျှပ်စစ်ပြဿနာကို ဖြေရှင်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုကို အမျိုးသား လွှတ်ေ တ်ာတွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် များ က ပြောကြားသည်။ ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုး သား လွှတ်ေ တာ် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် အမျိုး သား လွှတ်ေ တာ် တွင် တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် မဲခွဲ ဆုံးဖြ တ်ရာ ထောက်ခံမဲ ၂၉ မဲ၊ ကန့်ကွက်မဲ ၁၁၀ ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြ စ်သည်။ 

နိုင်ငံရေး အကျဉ်းသား စာရင်းစိစစ်ရေး ဝန်ကြီးများနှင့် ဆွေးနွေးမည်


သမ္မတရုံး ဝန်ကြီးများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ (ထိုင်းနိုင်ငံ)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (နိုင်ကျဉ်း)၊ နိုင်ငံရေး အကျဉ်းသား များ အဖွဲ့ချုပ် (နိုင်ချုပ်)၊ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများ အဖွဲ့ တို့၏ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ၍ နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၃ ရက် စနေနေ့တွင် ငြိမ်းချမ်းရေး စင်တာ၌ ဆွေးနွေးမည်ဟု စုံစမ်း သိရသည်။

လေယာဉ်မှူး သင်တန်းကို ပထမဆုံး အနေဖြင့် မြန်မာလေကြောင်း အကယ်ဒမီမှ စတင်ဖွင့်လှစ်

Photo: လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်းအကယ်ဒမီမှ စတင်ဖွင့်လှစ်<br />
Saturday, 23 February 2013</p>
<p>အရပ်ဖက်ဆိုင်ရာ လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်းအကယ်ဒမီမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။</p>
<p>လေကြောင်းပို့ဆောင်ရေး ကဏ္ဍအတွက် လေယာဉ်မှူးများ ၊<br />
လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများ လိုအပ်နေသည်နှင့်အညီ အရည်အချင်းပြည့်မှီသော လေယာဉ်မှူးများ သို့မဟုတ် တွဲဖက်လေယာဉ်မှူးများအတွက် လိုင်စင် ရရှိစေရန် သင်တန်းကျောင်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း မြန်မာ့လေကြောင်း အကယ်ဒမီမှ ဥက္ကဌ ဦးကြည်ဝင်းက ပြောသည်။</p>
<p>သင်တန်းကြေးအနေဖြင့် အမေရိကန် ဒေါ်လာ ခြောက်သောင်းခွဲ ကုန်ကျမည်ဖြစ်ပြီး သင်တန်းကာလအနေဖြင့် တစ်နှစ် နှင့် ရှစ်လခန့် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါသင်တန်းကျော င်း စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် Park Hotel ၌ ကျင်းပခဲ့သည်။</p>
<p>ခိုင်နွယ်ဦး<br />
Popular Myanmar News Journal
 
အရပ်ဖက်ဆိုင်ရာ လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်း အကယ်ဒမီမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။လေကြောင်းပို့ဆောင်ရေး ကဏ္ဍအတွက် လေယာဉ်မှူးများ ၊ လေကြောင်း ဆိုင်ရာ ကျွမ်းကျင်သူများ လိုအပ်နေသည်နှင့်အညီ အရည်အချင်းပြည့်မှီသော လေယာဉ်မှူးများ သို့မဟုတ် တွဲဖက်လေယာဉ်မှူး များအတွက် လိုင်စင်ရရှိစေရန် သင်တန်းကျောင်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း မြန်မာ့လေကြောင်း အကယ်ဒမီမှ ဥက္ကဌ ဦးကြည်ဝင်းက ပြောသည်။
 

မြန်မာနိုင်ငံ၏ ပထမဆုံး အတွင်းခံဝတ် ပြပွဲကြီး



 
ဒီဝတ်စုံနဲ့ ပတ်သက်ပြီး ပရိသတ်တွေဘက်ကလည်း အမျိုးမျိုးသော ဝေဖန်မှုတွေတော့ ရှိမှာပဲလေ။ ဒါပေမဲ့ ဒါက မြန်မာပြည်မှာ ပထမဆုံးလုပ်တဲ့ အဆန်းအပြားပွဲ ဖြစ်နေတော့လေ။ ဒါကလည်း International နဲ့ မီအောင် လုပ်ဖြစ်နေတာ ဆိုတော့ ကောင်းပါတယ် ဟု ဆိုကြတဲ့ ပွဲလေးပါ။
 
ယခင်တုန်းကတော့ အတွင်းခံတွေ ကြော်ငြာရင်တောင်မှ ဒါမျိုး မလုပ်ကြပေမယ့် နန်းခင်ဇေယျာ နော က် ပိုင်း ယဉ်ကျေးမှုတိုက်ပွဲတွေတော့ စပြီ လို့ပဲ ဆိုရမှာပေါ့။နောက်ထပ် မစ်အင်တာနက်တွေ လည်း လေ့ ကျင့်ေ နကြပြီဆိုတော့ နောင်မှာ ဒီထက်ကောင်း တာတွေ   မြ င်ေ တွ့ ရအုံးမယ် ထင်ပါတယ်။ ဒူးမဲ ၊ေ ပါင်တုတ်၊ ဆင်ခြေထောက်ပြပွဲကြီးပေါ့။
 

ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို မြန်မာ ဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်


ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက် ၍ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် အပါအဝင် တာဝန်ရှိသူများနှင့် မြန်မာဘောလုံး ပရိသတ် ကြီးကို အနူးအညွတ် တောင်းပန်လိုကြောင်း မီဒီယာများ နှင့် တွေ့ဆုံသည့် အချိန်တွင် ပြောကြား သည်။

ကျော်ကိုကိုသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က ဖြစ်ခဲ့သည့် ကိစ္စကြောင့် မြန်မာ့ လက်ရွေး စင် ဘောလုံး အသင်းမှ ပြန်လည်စေလွှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

တောင်ကြီး NLD ညီလာခံမှာ စာအုပ်ရောင်းတဲ့ ဖြစ်စဉ် ရဲ့ တရားခံ ခင်ဥမ္မာဟု NLD ပါတီဝင်များပြော

တောင်ကြီးမြို့တွင် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရှမ်းပြည်နယ် ညီလာခံတွင် မိတ္တူ ကူး ထားသည့် စာပေခွင့်ပြုချက် မရှိသော ဆင်ဆာမဲ့ စာအုပ်များကို NLD ပါတီ ရုံးချုပ်ကို အသိပေးခြင်း မရှိဘဲ ရောင်းချသွားကြောင်း ဧရာဝတီ ဘလော့တွင် ဖေါ်ပြခဲ့ပါသည်။
အဆိုပါ စာအုပ်များသည် ပြုပြင်ပြောင်းလဲရေးကို အားကြိုးမာန်တက်လုပ်နေသော အစိုးရ တာဝန် ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သားများအပေါ် စာဖတ်သူများမှ အထင်အမြင် လွဲမှားစေရန် အ တွက် ပြည်ပနိုင်ငံများ၏ ထောက်ပံကြေးငွေနှင့် ရပ်တည်နေရသော NDD အဖွဲ့နှင့်တပ်မတော် မှ ရာ ဇ၀ တ်မှြု့ ဖင့် ထွက်ပြေး တိမ်းရှောင်နေသာ သူများ ပူးပေါင်း ရေးသားထားသော စာအုပ်များဖြစ်ကြောင်း သိ ရ သည်။
 

ကေအိုင်အေ ၏ အနိုင်ကျင့် ဖမ်းဆီးခံရခြင်းနှင့် ပက်သက်၍ နိုင်ငံတော် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ကုလ လူ့အခွင့်ရေး ကောင်စီ သို့ ဒေသခံများ မှ တိုင်ကြားစာ ပေးပို့



လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သတင်းထုတ်ပြန်

စွမ်းအင်ဝန်ကြီးဌာန ရတနာဓာတ်ငွေ့ ကမ်းလွန်တွင်းတူးစင်၏ ကမ်းလွန်ပလက်ဖောင်းတွင် အရေးေ ပါ် ပြုပြ င်ရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၄ ရက် ဝဝးဝ၁ နာရီမှ ဖေဖော်ဝါရီ ၂၅ ရက် ၂၃း၅၉ နာရီအထိ ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ညှိနှိုင်းလာခဲ့ရာ စွမ်းအင်ဝန်ကြီး ဌာနမှ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ဓါတ်ငွေ့၊ ရေနွေးငွေ့စက်ရုံများ ဌာနအောက်ရှိ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ လက်ရှိ ပေးပို့နေသော သ ဘာဝ ဓာတ်ငွေ့ ကုဗပေ ၁၄၅ သန်းအနက် ကုဗပေ ၁၃၄ သန်း လျော့ပြီး ကုဗပေ ၁၁ သန်းသာ ရရှိနိုင် မည်ဖြစ် သည်။ ထိုသို့ သဘာဝဓာတ်ငွေ့ လျော့နည်း ရရှိမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝ ဓာတ်ငွေ့သုံး စက်ရုံလေးရုံမှ ဓာတ်ငွေ့ တာဘိုင်စက် ခုနစ်လုံးနှင့် ရွှေတောင်၊ မော်လမြိုင်၊ သထုံတို့မှ ဓာတ်ငွေ့တာဘိုင်စက် ခြောက်လုံး စုစုပေါင်း ၁၃ လုံး ခေတ္တရပ်တန့်ထားရမည် ဖြစ်ပြီး လက်ရှိ ဓါတ်အားထုတ်လုပ်မှု ၃၁၀ မဂ္ဂါဝပ်မှ ၂၀၅ မဂ္ဂါဝပ်ခန့် လျော့နည်းပြီး ၁ဝ၅ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သည်။ ယင်းသို့ ဓါတ်အား ထုတ်လုပ်မှု လျော့နည်း သွားသည့် အတွက် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို တိုးမြှင့်ဖြည့် ဆည်း မောင်းနှင်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အချို့နေရာများတွင် အလှည့်ကျ ဝန်အား လျှော့ချ၍ ဓာတ်အား ပို့လွှတ်ခြင်းများကို ဝန်အားထိန်းညှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားပါသည်။

ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ တိုက်ရိုက် စီမံမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို သီးခြားလွတ်လပ်သော အဖွဲ့အစည်း ဖြစ်လာစေရန် နိုင်ငံတော်သမ္မတက တိုက်ရိုက် စီမံနိုင်သည့် အချက်များကို လက်ရှိ ဗဟိုဘဏ် ဥပဒေကြမ်းတွင် ဖြည့်စွက်ရေးဆွဲ ကာ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေေ ရးကြေးေ ရး ဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်စိုးက အတည်ပြု ပြောကြားသည်။ ဆဋ္ဌမအကြိမ် လွှတ်ေ တာ် ကာလ အတွင်း အတည်ပြုသွားမည့် လက်ရှိ ဥပဒေကြမ်းတွင် အထက်ပါ အချက်များ အပါအဝင် စုစုပေါင်း ၁၈၅ ချက် ပြင်ဆင်ထားပြီး ပြည်ထောင်စု လွှတ်တော်ကို ထပ်မံတင်ပြရမည် ဖြစ်သောကြောင့် အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောကြားသည်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး အသစ်ပြန်ဖွဲ့


လွှတ်တော်ရေးရာ ကော်မတီနှင့် ရေးရာကော်မရှင်များ ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ် အငြင်းပွားမှုေ ကြာင့် နှုတ်ထွက်ခဲ့ရသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ကိုးဦး နေရာတွင် ပြန်လည် ခန့်အပ် ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌနှင့် နိုင်ငံတော်သမ္မတတို့က အဖွဲ့ဝင် သုံးဦးစီ အသီးသီး ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သဝဏ်လွှာ ပေးပို့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ 

ယင်းခုံရုံးအဖွဲ့ဝင်များ အားလုံးသည် အရပ်သား ဥပဒေပညာရှင်များ ဖြစ်သဖြင့် ခုံရုံးသစ်၏ တာဝန်များကို မှန်ကန်မြန် ဆန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်သည်။ “လွှတ်တော် ကိုယ်စားလှယ်ထဲက မရွေးဘဲ အရပ်သား ကိုယ်စားလှယ်ထဲက ရွေးတော့ ခုံရုံးလုပ်ငန်း လည် ပတ် မှုေ တွ ပိုမိုမြန်ဆန်သွားမယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက သုံးသပ်သည်။ အဆိုပါ ခုံရုံး အဖွဲ့ဝင် ကိုးဦးအနက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးမြသိန်းကို ခုံရုံး ဥက္ကဌအဖြစ် တာဝန်ပေးရန် သင့်လျော်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက နိုင်ငံေ တာ် သမ္မတထံသို့ သဝဏ်လွှာ ပေးပို့ထားကြောင်း ဦးရွှေမန်းက ဖေဖော်ဝါရီ ၂၁ ရက်နေ့ ပြည်သူ့လွှတ်တော် တွင် ပြောကြားသည်။ 

နွေရာသီတွင် လျော့ကျမည့် လျှပ်စစ်မဂ္ဂါဝပ် ၂၀၀ အတွက် ဓါတ်အားပေး စက်ရုံ လေးရုံ ဆောက်မည်

နှစ်စဉ် နွေရာသီကာလတွင် လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်ခဲ့သော ရန်ကုန်မြို့တော်၏ နွေရာသီ လျှပ်စစ်ဓါတ်အား လိုအပ်ချက်သည် ယခုနှစ်တွင် မဂ္ဂါဝပ် ၂၀၀ အထိ လျော့ကျနိုင်သဖြင့် ဓါတ်အားေ ပး စက်ရုံ အသစ်လေးရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန် ကြီး ဌာန ပြည်ေ ထာင် စုဝန်ကြီး ဦးခင်မောင်စိုးက ရှင်းပြသည်။ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားသော စီး ပွားေ ရးမြို့ တော် ရန်ကုန်၌ နွေရာသီတွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရန် ဓာတ်အားပေးစက်ရုံ တစ်ရုံလျှင် မဂ္ဂါဝပ် ၅၀ ထုတ်လုပ်နိုင်သည့် ဓာတ်အားပေး စက်ရုံသစ် လေးရုံကို ခြောက်လအတွင်း အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ထုတ်ဖော် ပြောကြားသည်။ 

အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်မြို့၌ ဗုံးများပေါက်ကွဲ၊ လူ ၂၀ ထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ


အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်မြို့ရှိ လူနေသိပ်သည်းသော ဆင်ခြေဖုံး ဒေသတစ်နေရာတွင် ဗုံးပေါက်ကွဲခဲ့ရာ လူ ၂၀ ထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားသည်။ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်အတွက် တာဝန်ရှိသူများကို အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောကြားသည်။ မကြာသေးမီက ခွဲထွက်ရေး ၀ါဒီတစ်ဦးကို သေဒဏ်ပြစ်ဒဏ်  ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ကက်ရှ်မီးယားဒေသတွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း၌ လုံခြုံရေးအရ တပ်လှန့်ထားချိန်တွင် ဗုံးပေါက် ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဟိုက်ဒြာဘတ်မြို့ရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်ရာ ရပ်ကွက်တစ်ခုတွင် ဗုံး များ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ဟိုက်ခြာဘတ်မြို့သည် အိန္ဒိယနိုင်ငံ၏ သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ စက်မှုလုပ်ငန်းများ အခြေစိုက်ရာဒေသဖြစ်သည်။ 

ရိုက်တာ

ဆား(ရ်)ဗိုင်းရပ်စ်ကဲ့သို့ရောဂါ ဗြိတိန်တွင် ဖြစ်ပွား

ဗြိတိန်နိုင်ငံတွင် လူနယ်တစ်ဦး ဆား(ရ်) ဗိုင်းရပ်စ်ကဲ့သို့ သေစေနိုင်သော အသက်ရှူလမ်းေ ကြာင်း ဆိုင်ရာ ရောဂါသစ် ကူးစက်ခံရပြီး သေဆုံးသွားကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ဘီဘီစီ သတင်း တွင် ဖော်ပြသည်။ ၄င်းလူနာသည် ဘာမင်ဂမ်မြို့တွင်း အဲလိဇဘက်ဆေးရုံး၌ တက်ရောက် ဆေးကုသမှု ခံယူ စဉ် ဖေဖော်ဝါရီ ၁၇ ရက် နံနက်က သေဆုံးခဲ့ကြောင်း ယင်းဆေးရုံက အတည်ပြု ပြောကြားသည်။ ယင်းရောဂါသည် ကမ္ဘာတစ်ဝန်း အနည်းဆုံး လူ ၁၂ ဦး ကူးစက်ခံရပြီး ခြောက်ဦးသေဆုံးသွားပြီဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် မိသားစု တစ်စုအတွင်း သုံးဦး ယင်းရောဂါ ကူးစက်ခံခဲ့ရသည်။ အခြားတစ်ဦးမှာ ကာတာနိုင်ငံမှ ပြန်လာပြီး ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ၄င်းရောဂါ ကူးစက်ခံရသူသည် နာဖျားပြီးေ ကျာ က် ကပ် အလုပ်မလုပ်နိုင်ဘဲ ဖြစ်ရသည်ဟု ဆိုသည်။ 

ဘီဘီစီ

တောင်အာဖရိက နိုင်ငံသား နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu မြန်မာနိုင်ငံ လာမည်

              
 တောင်အာဖရိကနိုင်ငံသား နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး။
တောင်အာဖရိကနိုင်ငံက Nobel ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu ဟာ ဖေဖော် ဝါရီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ကျရင် ရန်ကုန်မြို့ အမေရိကန်Center မှာ စကားပြောဖို့ရှိပါတယ်။ အရပ် သား အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေအတွက် တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဘုန်းတော်ကြီး Desmond Tutu ဟာ Semester At Sea လို့ခေါ်တဲ့ ကမ္ဘာပတ်ပြီး ပညာသင်ယူတဲ့ သင်္ဘောကြီးနဲ့ ရန်ကုန်မြို့ ကို တနင်္လာနေ့မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ အမေရိ ကန်ပြည်ေ ထာင် စုတက္ကသိုလ်တွေ က ပါမောက္ခတွေနဲ့အတူ တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး Desmond Tutu ဟာ ကထိကတာဝန်နဲ့ ပါလာမှာဖြစ်ပါတယ်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း ကလော တပ်နယ်အား ကြည့်ရှုစစ်ဆေး

 
နေပြည်တော် ဖေဖော်ဝါရီ ၂၂
 
ကလော တပ်နယ်သို့ ရောက်ရှိနေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် တို့လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ကလောမြို့ နယ်မြေခံ တပ်ရင်းသို့ သွားရောက် စစ်ဆေးရာ နယ်မြေခံ တပ်ရင်းရုံး၌ တာဝန်ရှိသူ တစ်ဦးက တပ် တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီး (၄) ရပ်ဆိုင်ရာ ဆောင်ရွက် မှု အခြေနေများကို ရှင်းလင်း တင်ပြပြီး ဗိုလ်ချုပ်ကြီး စိုးဝင်းက လိုအပ်သည် များကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။
 

မြန်မာ့ရေတပ်အကြောင်း ပြောချင်တာလေးတွေ

အခုတလော ဒေသတွင်းသတင်းတွေမှာ နာမည်ကြီးနေတဲ့ တပ်မတော် (ရေ) ရဲ့ ယိုးဒယားနိုင်ငံ၊ ဖူးကပ်ကို သွားရောက်ခဲ့တာနှင့် ပတ်သက်ပြီး ကျွှန်တော်တို့အတော်များများ အားရနေကြမယ်လို့ ယူဆပါတယ်....။ အ မှန်ပြောရရင် တပ်မတော် (ရေ) စာမျက်နှာမှာ တွေ့ရသလို ဒုံးမပါ၊ရေဒါတပ်ဆင်မှုအားနည်းနှင့် ဆိုရင်တော့ အားမရတာ အမှန်ဘဲဖြစ်ပါတယ်...။ ဒါပင်မဲ့ ယိုးဒယားကို တကယ်ရောက်သွားတဲ့ အချိန်မှာတော့ အမြန် တိုက်ခိုက်ရေးယာဉ်တစ်စင်းရဲ့ ရှိသင့်တဲ့ စွမ်းဆောင်ရည်များကို အပြည့်အစုံတပ်ဆင် ထား တာ တွေ့ရပါတယ်....။

တပ်မတော် (ရေ) ၏ အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ



တပ်မတော် (ရေ) ရေတပ်သဘောင်္ကျင်းမှာ ထုတ်လုပ်ခဲ့သည့် အဆိုပါ ရေယာဉ်တွေအနေဖြင့် နိုင်ငံ တ ကာ ကိုပင် သွားရောက်လည်ပတ်နိုင်တဲ့ အထိရှိနေပြီဆိုတာ သိရတဲ့ အတွက် မြန်မာနိုင်ငံ သား တစ်ေ ယာက် အနေဖြင့်လည်း ဂုဏ်ယူမိပါတယ်....။ တပ်မတော် (ရေ)ရဲ့ စွမ်းဆောင်ရည်များ ကို ပြသ ခွင့်ရခဲ့ တယ်လို့လည်း မြင်မိပါတယ်....။ မြန်မာ့တပ်မတော် (ရေ)တွင် အဆိုပါ စစ်ရေယာဉ်များ (၅ စီးရီး ရေ ယာဉ် များ) အစီးရေ ၂၀ အထိပင် ပိုင်ဆိုင်ထားပြီး ဖြစ်ရာ တပ်မတော် (ရေ)၏ စွမ်းရည်များ ကို လေ့ လာသိ ရှိနိုင် မည်ဖြစ်သည်....။

NLD ပါတီ သည် မွတ်ပါတီ ဖြစ်နေပြီလို့ ဆရာတော် အရှင် ၀ီရသူ ပြောပြီ

 
ဒီကနေ့ အဲဒါပဲပေါ့ ဘာပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ကြပါ။ ဘာအမြင်နဲ့ အလုပ်လုပ်ရမလဲ? အမျိုးသားရေး အမြင်နဲ့ အလုပ်လုပ်ရပါမယ်ဘုရား။ ဘာနဲ့ အလုပ်လုပ် ရမလဲ? အမျိုးသားရေးအမြင်နဲ့ အလုပ် လုပ်ရမယ်။ မျက်စိနဲ့ ကြည့်ရင်လည်း အမျိုးသားရေး အမြင်နဲ့ ကြည့်ရမယ်။ နားနဲ့ကြားနာရင်လည်းပဲ အမျိုးသားရေး အမြင်နဲ့ နားထောင်ရမယ်။ အဲဒီလိုပဲ ဘယ်လိုအလုပ်ပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ပဲ အလုပ်လုပ်ရမယ်။ စားလည်း အမျိုးသားရေး အတွက်ပဲစား၊ သွားလည်း အမျိုးသားရေးအတွက်ပဲ သွား။ အေး အရောင်းအဝယ် လုပ်လည်း အမျိုးသားရေးအတွက်ပဲ အလုပ်လုပ်ပါ။

အဲဒါတွေကိုဦးဇင်းတို့ တိုင်းသူ ပြည်သားတွေမှာ အားနည်းနေလို့ ဒီကနေ့ လိုက်ဟောနေရတာ။
 

ပုဂံမှာ နိုင်ငံခြားဧည့်သည်တွေထံက လုယက်သူတွေ ရက်ပိုင်းအတွင်း ဖမ်းမိ

ညောင်ဦးမြို့ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ပစ္စည်းတွေကို လုယက်ပြီး ထွက်ပြေးေ နသူ တစ်စုအား ယခုလ ၁၈ ရက်နေ့မှာ ဖမ်းမိပြီး အရေးယူ အမှုဖွင့်ထားတယ်လို့ မန္တလေး တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံက သိရပါတယ်။ ညောင်ဦးမြို့တွင်း စက်ဘီးနဲ့ လည် ပတ်နေ တဲ့ နိုင်ငံခြားသား ဧည့်သည်တွေရဲ့ အိတ်တွေနဲ့ ပစ္စည်းတွေကို လုယက်တဲ့ အမှုသုံးခုက ယခုလ ၆ ရက်၊ ၁၄ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ဂျာမနီနိုင်ငံသူ၊ တရုတ်နိုင်ငံသူနဲ့ အင်္ဂလန်နိုင်ငံသူတွေထံက အသီးသီး လုယူခဲ့ တာ ဖြစ်တယ်။ အဲသည် လုယက်မှု သုံးခုလုံးကို ပြုလုပ်ခဲ့သူတွေက ၁၅ နှစ်အရွယ် နှစ်ဦးနဲ့ ၁၆ နှစ်အရွယ် တစ်ဦးဖြစ်ပြီး အထက်တန်း ကျောင်းသားတွေ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မှာ ညောင်ဦးမြို့ ရွာသစ်ရပ်နေ လူတစ်ဦးက ပန်းသီး အမှတ်တံဆိပ် လက်ကိုင်ဖုန်းကို သူ့ထံလာေ ရာက် ရောင်းချနေကြောင်း အသိပေးရာက လူငယ်သုံးဦးကို ခြေရာခံမိပြီး ညောင်ဦး ရဲစခန်း မှာ ခေါ်ယူစစ်ဆေးခဲ့တယ်။ နေအိမ်တွေကို ရှာဖွေခဲ့ရာမှာ ကင်မရာ၊ ဖုန်းနဲ့ ဒေါ်လာငွေစက္ကူ တချို့ကို သက်သေခံပစ္စည်းအဖြစ် တွေ့ရှိခဲ့တယ်။ အမေရိကန်ဒေါ်လာ ၄၉၆ ဒေါ်လာနဲ့ ဟောင်ကောင်ငွေ ၂၀၀ ကိုလည်း မြန်မာငွေနဲ့ လဲလှယ်ပြီး ခွဲဝေသုံးစွဲခဲ့ကြတယ်လို့ ဝန်ခံခဲ့ကြတယ်။ သုံးဦးစလုံးကို ညောင်ဦး ရဲစခန်းက (ပ) ၂၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ နဲ့ အမှုဖွင့်ပြီး ဆက်လက် စစ်ဆေးနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးညိမ်းထံက သိရပါတယ်။ ယခုလို လုယက်ခံရမှုနဲ့ ပတ်သက်ပြီး ရဲမှူးစိုးညိမ်းက ‘နိုင်ငံခြားသား မဟုတ်ဘူး၊ တခြားတိုင်းရင်းသားတွေ အနေနဲ့လဲ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသကို အလည်သွားရင် လူပြတ်တဲ့နေရာတွေကို သတိထားသင့်တယ်’ လို့ ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြ ထားပါသည်။ 

Khit Lu Nge

ဥပဒေမဲ့ သစ်ထုတ်လုပ်မှုနှင့် သစ်မှောင်ခိုမှု နိုင်ငံတကာ ရဲတပ်ဖွဲ့ စစ်ဆင်ရေးဆင်နွှဲ


နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)သည် ဥပဒေမဲ့ သစ်ထုတ်လုပ်မှုများနှင့် သစ်မှောင်ခို တင်ပို့မှု တိုက်ဖျက်ရေး နိုင်ငံတကာ စစ်ဆင်ရေး လုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်ခဲ့ရာတွင် လူ ၂၀၀ ခန့်ကို ဖမ်း ဆီးခဲ့ကြောင်း အင်တာပိုလ်က ထုတ်ပြန်သော သတင်းကြေညာချက် တစ်ရပ်တွင် ဖော်ပြသည်။ အမေရိကတိုက် အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသတို့ရှိ နိုင်ငံပေါင်း ၁၂ နိုင်ငံ၌ ဥပဒေမဲ့ သစ်ခုတ်လှဲ မှုများနှင့် သစ်မှောင်ခို တင်ပို့မှု တိုက်ဖျက်ရေး စစ်ဆင်ရေး လုပ်ငန်းကို သုံးလ ကြာ ဆောင်ရွက်ခဲ့ရာတွင် ဒေါ်လာရှစ်သန်းတန်ဖိုးရှိ သစ်များကို သိမ်းဆည်းရမိခဲ့သည်။ ဥပဒေမဲ့ သစ်ထုတ် လုပ်သည့် ကုန်သွယ်ရေး လုပ်ငန်းကြောင့် ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ဆုံးရှုံး နစ်နာခဲ့ရကြောင်း သိရသည်။ ဝေးလံခေါင်သီသော သစ်တော ဒေသများအတွင်း ဒုစရိုက်ဂိုဏ်များ လှုပ် ရှားနေကြောင်း၊ ယင်းဂိုဏ်းများသည် လူသတ်မှုများနှင့် အဂတိလိုက်စားမှုတို့နှင့် ဆက်နွှယ်မှုရှိကြောင်း အင်တာပိုလ်က ပြောကြားသည်။ 

ရိုက်တာ

သမ္မတထံ တိုက်ရိုက်တိုင်ကြားစာ ပေးပို့ပါက ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက ကူညီမည် မဟုတ်


ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက သမ္မတထံ တိုက်ရိုက်လိပ်မူ တိုင်ကြားခြင်းနှင့် အခြား အဖွဲ့အစည်းများထံ ပေးပို့တိုင်ကြားမှုများအား ကူညီပေးမည်မဟုတ်ဘဲ မှတ်တမ်းအဖြစ်သာ သိမ်း ဆည်း ထားမည် ဖြစ်ကြောင်း ယင်းကော်မတီ၏ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ဖေဖော်ဝါရီ ၂၁ ရက်က မီဒီယာ များသို့ ပြောကြားခဲ့သည်။ ၄င်းက “ကော်မတီကို လိပ်မူတိုင်ကြားစာများကိုသာ လိုက်ပါ စစ်ေ ဆး ဆောင်ရွက်ပေးမယ်။ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေကို လိပ်မူတိုင်ကြားတဲ့ စာတွေကို သိ သာ ရုံ သက်သက်ဖြင့်သာ မှတ်တမ်းတင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။ ယင်းကဆက်လက်၍ “တိုင် ကြား မယ်ဆိုရင် ကျွန်တော်တို့ဆီကို လိပ်မူတိုင်ကြားဖို့ လိုပါမယ်။ သမ္မတဆီတိုင်ရင် သမ္မတက အ ဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ လိုက်ပါဆောင်ရွက်လို့ မရဘူး။ မှတ်တမ်းမိတ္တူ အဖြစ် သာ ထားရပါမယ်” ဟု ပြောပြခဲ့သည်။ ကော်မတီသို့ လိပ်မူတိုင်ကြားလျှင် မှတ်ပုံတင်နံပါတ် အပြည့် အစုံ ဖြည့်သွင်းရမည်ဖြစ်ပြီး ကော်မတီအဖွဲ့ဝင်က ဦးစွာစစ်ဆေး သုံးသပ်မည်ဖြစ်ကာ နာယကထံ အတည်ပြု ပေးပို့မည်ဖြစ်သည်ဟု ဆိုသည်။ ဖြစ်ပေါ်သည့် ပြဿနာအပေါ် အခြေခံ ကာ ပြည်ေ ထာင် စု အ စိုး ရထံ ပေးပို့သွားမည် ဖြစ်ပြီး စုံစမ်းစစ်ဆေး၍ ထပ်မံတင်ပြ သွားမည် ဖြစ်သည်ဟု ဆို သည်။ ပြည် သူ တို့၏ တိုင်ကြားစာနှင့် ပတ်သက်၍ ကြန့်ကြာမှုများ ရှိနေခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်ေ ရးပိုင်း ၏ လုပ်ငန်းဆောင်တာ အားနည်းမှုကြောင့်ဟုလည်း ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

လက်နက်နှင့် မူးယစ်ဆေးဝါး ရှာဖွေရာတွင် ရုရှားစစ်ဘက်က ကြွက်များ အသုံးပြုမည်


ရုရှားစစ်ဘက်ဆိုင်ရာ သုတေသီများသည် လက်နက်များ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် မူးယစ်ဆေးဝါး များကို ရှာဖွေဖော်ထုတ်ရာတွင် ကြွက်များကို အသုံးပြုနိုင်ရန် လေ့လာလျက်ရှိကြောင်း အစ်ဇဘက်ရှား သ တင်း စာက ဖေဖော်ဝါရီ ၂၁ ရက်တွင် ရေးသားဖော်ပြ သည်။ ကြွက် များသည် ဖောက်ခွဲရေး ပစ္စည်းများနှင့် လက်နက်များ ရှာဖွေရာတွင် ခွေးများထက်ပင် အနံ့ခံနိုင်စွမ်း ပိုမိုကောင်းမွန်ကြောင်း ကျွမ်းကျင်သူ ပညာရှင်များက ပြောကြားကြသည်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်မှု တိုက် ဖျက်ရေးလုပ်ငန်းတွင် ကြွက်များကို အသုံးပြုလျက်ရှိပြီးဖြစ်ကြောင်း၊ ရုရှားစစ် ထောက်လှမ်းရေးနှင့် လျှို့ ၀ှက်ေ ထာက် လှမ်းရေး တပ်ဖွဲ့ဝင်များက ကြွက်များကို အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်နိုင်ရန် စမ်းသပ်လေ့ လာမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကျွမ်းကျင်သူ ပညာရှင် တစ်ဦးဖြစ်သူ ဗီနီဒီတော့ဗ် က ပြောကြားသည်။ 

ရိုက်တာ

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကျင်းပမည်

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန် ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်း ပမည် ဖြစ်ကြောင်း အဆိုပါ အသင်းချုပ် တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂ဝ ရက် တွင် ပြောကြားသည်။ အမေရိကန်နှင့် မြန်မာနိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှု တို့ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်လျက် အဆိုပါဆွေးနွေးပွဲကို ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။ ''အမေရိ ကန်-မြန်မာ စီးပွားရေး ဆက်ဆံမှုများအတွက် တိုးတက်မှုလမ်းကြောင်း'' ဟု အမည်ပေး ထားေ သာ ဆွေးနွေးပွဲကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ် ဝါရှင်တန်ဒီစီ အခြေစိုက် အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် ပူးပေါင်းကာ စီစဉ် ကျင်းပ မည်ဖြစ်သည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ တရားဝင် ခရီးသွားရောက်မည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖင်လန်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဆူလီနီနီစတို၊ သြစတြီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဟိန်းဇ်ဖစ်ရှာ၊ အီတလီ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျော်ဂျီယို နာပိုလီတာနို၊ နော်ဝေနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျန်း(စ်) စတိုလ်တန်ဘတ်ခ်နှင့် ဥေ ရာပကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ဟိုဆေး မန်နျူရယ် ဘာရိုဆိုတို့၏ ဖိတ်ကြားချက်အရ မကြာမီ ကာ လ အ တွင်း နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ တရားဝင် ခရီး သွားေ ရာက်မည် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ တွ င်ေ ဖ်ာပြ ထားပါသည်။

ပွင့်လင်းတဲ့ အစိုးရအဖွဲ့မှာ ပါဝင်နိုင်ဖို့ ဗြိတိန်အစိုးရ မိတ်ဘက်အဖြစ် လာဆွေးနွေး


ပွင့်လင်းတဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ရေး (Open Government  Partnership) အဖွဲ့ဝင်ထဲမှာ သမ္မတ ဦးသိန်းစိန်က ပါဝင်ချင်တဲ့ ဆန္ဒရှိတယ်လို့ ဗြိတိန်နိုင်ငံ ဝန်ကြီးများရုံး ဝန်ကြီး Francis Maude MP က သည်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ပွင့်လင်းတဲ့အစိုးရ ပူးပေါင်းဆောင်ရွက်ရေး (OGP) အဖွဲ့ မှာ ပြဋ္ဌန်းထားတဲ့ ဥပဒေရေးရာနဲ့ အခြေခံစည်းကမ်းကို လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။ အဲဒါေ တွ က နိုင်ငံတော် ဘဏ္ဍာငွေ ရသုံးငွေစာရင်း ရှင်းတမ်း၊ တိုင်းပြည်နဲ့ ငွေစာရင်းကို ပွင့်ပွင့်လင်းလင်း ချပြဖို့၊ အကြီး တန်း အရာရှိကြီးများရဲ့ ပိုင်ဆိုင်မှုစာရင်း ပြဖို့လိုတယ်။ ဒါတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်မှ အိုဂျီပီ အဖွဲ့ဝင်မှာ ပါဝင်ခွင့်ရှိမယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံ ဝန်ကြီးများရုံး ဝန်ကြီးက ‘တိုင်းရင်း သား ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံတဲ့အခါ သူတို့က သေသေချာချာ လိုလားကြတယ်၊ မြန်မာအစိုးရကလဲ ဆန္ဒရှိတယ်၊ ဗြိတိန်က ဘယ်လို ကူညီပါဝင်ဖို့ ဆွေးနွေးထားတယ်’ လို့ ပြောပါတယ်။ အိုဂျီပီ ဝင်ရောက်တဲ့ အကျိုးကျေးဇူးက တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းမှု အများကြီး ရှိလာမယ်။ သည်လို ပွင့်လင်းမြင်သာမှု ကြောင့် အကျင့်ပျက်ခြစားမှုကို အပြီးအပိုင် ချေမှုန်းနိုင် မယ်။ ငွေကြေးဘယ်မှာ သုံးလဲဆိုတာ ပွင့်လင်းစွာ သိလာနိုင်မယ်လို့ သိရတယ်။ မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာမှု ရှိလာတဲ့ အနေအထားမှာ ပွင့်လင်းတဲ့ မိတ်ဖက်အဖြစ် ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုတယ်။ ပွင့်လင်းမြင်သာမှုနဲ့ ပွင့်လင်းမှုရှိတဲ့ အစိုးရက အရေးကြီးလို့ ဗြိတိန်နိုင်ငံက အင်ဒိုနီးရှားနဲ့တွဲပြီး သဘာပတိအဖြစ် ဆောင်ရွက်နေပါတယ်။ အိုဂျီပီနှစ်ပတ်လည် ထိပ်သီး အစည်းအဝေးပွဲကို ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပဖို့ ရှိပါတယ်။ သည်ပွဲကို မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေကိုပါ ဖိတ်ကြားမယ်လို့ သိရကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge

လိုင်ဇာသွား ကုလအဖွဲ့များ လုံခြုံရေးကြောင့် ကြန့်ကြာနေ

ကချင်ပြည်နယ်၊ လိုင်ဇာရှိ စစ်ပြေးဒုက္ခသည်များအား ကူညီရန် လုံခြုံရေးအခက်အခဲကြောင့် ကမ္ဘာ့ကုလ သမဂ္ဂ အကူအညီပေးရေးအဖွဲ့များ ကြန့်ကြာနေကြောင်း ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်တို့အကြား စစ်ရေးတင်းမာ မှုများ ရှိနေသေး၍ ကုလ အဖွဲ့အစည်းများက မြစ်ကြီးနား-လိုင်ဇာ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းအတိုင်း လာရောက်ရန် လုံခြုံမှု မရှိသေးခြင်း ဖြစ်သည်။

“သူတို့ လမ်းကြောင်းနဲ့ ပတ်သက်လို့ ညှိနှိုင်းနေတယ် ထင်တယ်။ လာမယ်လို့တော့ သတင်းပေးလာတယ်။ ဘယ်တော့ လာမယ်ဆိုတာ မပြောလာသေးဘူး။ လိုင်ဇာနဲ့ ဗန်းမော် တိုက်ရိုက်သွားဖို့ လမ်းကြောင်း နည်းနည်းခက်ခဲနေတယ်။ ဒါကြောင့် မိုင်ဂျာယန်၊ လွယ်ဂျယ်ဘက်ကနေ လာမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဘယ်လို ဖြစ်လာမယ်ဆိုတာတော့ မသေချာသေးဘူး” ဟု KIO ၏ ဒုက္ခသည် ကူညီရေး တာဝန်ခံ  ဦးဒွဲပီဆား က မဇ္စျိမကို ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် အကြိုတွေ့ဆုံပွဲ အပေါ် UNFC ကျေနပ်အားရ

မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ Holiday Inn ၌ ယနေ့ အကြိုတွေ့ ဆုံဆွေးနွေးရာတွင် အားရကျေနပ်မှုရှိကြောင်း ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC က ပြောသည်။

နံနက် ၉နာရီမှ ညနေ ၅ နာရီအထိ တွေ့ဆုံခဲ့သည့် ယင်းဆွေးနွေးပွဲတွင် UNFC မှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက “အခု UNFC အဖွဲ့တွေနဲ့ အစိုးရအကြား တွေ့ဆုံတာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီတွေ့ ဆုံပွဲမှာ နှစ်ဦးနှစ်ဖက်သူ့အမြင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့ အခါ က်ေ တာ့ ေ တ်ာတော်လေး အားရကျေနပ်မိ ပါတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

ဆက်သွားချင်သေးတယ် ဆိုရင်