Pages

Friday, January 25, 2013

ရခိုင်ပြည်နယ် မောင်တောနယ်စပ် န.စ.က အဖွဲ့ပိုင် ကားတစ်စီး မီးရှို့ခံရ


ရခိုင်ပြည်နယ် မောင်တောနယ်စပ် ဗန္ဓုလ န.စ.က နယ်မြေအပိုင် နယ်ခြားမှတ်တိုင်အမှတ် ၄၉ နဲ့ ၅၀ ကြား မှာ မနေ့ ဇန်နဝါရီလ ၂၄ ရက်က ညနေ ၅ နာရီလောက်အချိန်မှာ လုပ်ငန်းခွင်ထဲမှာ ရှိနေတဲ့ အစိုးရ GE ဆောက်လုပ်ရေးတပ်ဖွဲ့ပိုင် ကားတစ်စီးကို RSO မူဆလင် လက်နက်ကိုင်အကြမ်းဖက် သမား တွေ လို့ ဒေ သခံအာဏာပိုင်တွေက ယူဆထားသူတစ်စုက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီး သွားခဲ့ပါတယ်။

ကချင်အရေး ဘာမှ မလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီတွင် ရိုတေရီ ငြိမ်းချမ်းရေးဆု သွားရောက် ရယူ



 မြန်မာပြည်အတွက် အလုပ်မလုပ်ဘဲ လင်းပိုင် နဲ့ အလုပ်ရှုပ်နေတဲ့ ဒေါ်စု
 
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ရန်ကုန်မှ ဟာဝိုင်ယီသို့ သွားရောက်ကာ ရိုတေရီ ငြိမ်းချမ်းရေးဆုကို သွားရောက်ရယူမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာ့ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ဟာဝိုင်ယီ တွင် ရိုတေရီ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းေ ရးဖိုရမ် ဆွေးနွေးပွဲ တက်ရောက် ပြီး နောက် လူ့အခွင့်အရေးနှင့် အကြမ်းမဖက် လှုပ်ရှားမှု တို့ အတွက် ရိုေ တ ရီ ငြိမ်းချမ်းရေးဆု လက်ခံရယူမည် ဖြစ်သည်။

တပ်မတော် စစ်ကြောင်းနှင့် နယ်မြေခံ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့မှ ကေ အိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ လက်နက်များ ရှာဖွေ တွေ့ရှိ


ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများ အနေဖြင့် စစ်ရေးနှင့် မသက် ဆိုင်သည့် နေရာများ၊အပြစ် မဲ့ ပြည်သူ များနှင့် ဒေသ တည်ငြိမ်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး အတွက် တာဝန် ထမ်းဆောင်လျက် ရှိေ သာ လုံခြုံရေး တပ်ဖွဲ့ဝင် များအား အဆက်မပြတ် တိုက်ခိုက်မှု များကို မလိုလားသော ၊လက် မခံ နိုင်သော ဒေ သခံ ပြည်သူ များ၏ သတင်းပေးမှု အရ နယ်မြေခံ တပ်မတော် လှုပ်ရှား စစ်ကြောင်းနှင့် နယ်မြေခံ ပြည် သူ့စစ် ပူးပေါင်း အဖွဲ့များသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့ ၂၁၂၅ နာရီခန့်တွင် မုံးယား/ မုံးေ ဟာင် နယ်မြေ အတွင်း ရှင်းလင်းခဲ့ရာ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ များ၏ လျှို့ဝှက် သိမ်း ဆည်း ထားသည့် လက်နက် မျိုးစုံ ၁၀ လက်အား ဖော်ထုတ် သိမ်းဆည်း ရရှိ ခဲ့ပါသည်။ 
 

ကေအိုင်အေကို အပြီးသတ် ချေမှုန်းသင်တယ်ဆိုတဲ့ ဦးလှဆွေ ဘာပြောသလဲ


ရွှေလက်နဲ့ ခေါ်လို့မလာတဲ့ ကေအိုင်အေကို Bullet (ကျည်ဆန်) ပဲ ပေးလိုက် ရင်ကောင်း မယ်လို့ ဇန်န၀ါရီ ၂၄ရက်က ကျင်းပခဲ့တဲ့ အမျိုးသား လွှတ်တော်မှာ အာဏာရ ကြံ့ခိုင်ရေး ပါတီ က ဆွေးနွေးသွားခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည် မှု ရရှိ မယ့် ခိုင်မာ တဲ့ အခြေခံမူများ ချမှတ်ပေးရေး အဆိုကို အမတ် ၁၆ ဦးက ၀ိုင်းဆွေးနွေးခဲ့ကြရာမှာ မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ က ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေ က ဆွေးေ နွး ခဲ့တာပါ။

စစ်သတင်း လိုချင်သူများ စစ်သတင်း ယူနိုင်ကြပါပြီ


တပ်မတော်မှ သတင်းထုတ်ပြန်မှု မရှိသည့် အတွက် ကေအိုင်အေမှ ပြောသမျှ သတင်းလုပ်၊ နောက်ဆုံး ရေး စရာ မရှိသည့်အခါ Jade Land မှ ပေါက်ကရ တင်သည့် သတင်းကို စာမျက်နှာထက် ဖော်ပြသည့် မီဒီ ယာ များ ယခုတော့ စစ်သတင်းများကို စစ်သုံးမြေပုံများ၊ အသေးစိတ် တပ်စခန်းများ၏ တည်နေရာ၊ တိုက်ပွဲ ဖြစ်စဉ် နေရာများအပါ သတင်းအတိအကျ ရရှိနိုင်ကြပြီ ဖြစ်သည်။
 

ရွှေလက်နဲ့ ခေါ်လို့ မလာတဲ့ ကေအိုင်အေကို Bullet ပဲ ပေးလိုက်ရင် ကောင်း မယ် ဆိုတဲ့ ပြည်သူ့ အကျိုးကြည့်တဲ့ အမတ် ဦးလှဆွေ အင်တာဗျူး အသံဖိုင်


"ရွှေလက်နဲ့ ခေါ်လို့မလာတဲ့ ကေအိုင်အေကို Bullet ပဲ ပေးလိုက်ရင်ကောင်း မယ်" လို့ ဇန်ဝါရီ ၂၄ရက်က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ အာဏာရ ကြံ့ခိုင်ရေးပါတီက ဆွေး နွေးသွားခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ရ ရှိ မယ့် ခိုင်မာတဲ့ အခြေခံမူများချမှတ်ပေးရေးအဆိုကို ကိုယ်စားလှယ် ၁၆ဦးက ၀ိုင်းဆွေးနွေးခဲ့ကြရာမှာ မ ကွေးတိုင်း အမှတ်၁၂ ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးခဲ့ တာပါ။

ယနေ့ဝမ်းမြောက်ဖွယ် သတင်းများ


၁။ တပ်မတော် စစ်ကြောင်းကို အငိုက်ဖမ်း လာရောက်တိုက်ခိုက်သည့် ကေအိုင်အေများ   ၂၅ ယောက် သေဆုံးပြီး၊ လက်နက် မျိုးစုံ ၂၂ လက် သိမ်းဆည်း ရမိ ခဲ့ပါသည်။

၂။ တပ်မတော်၊ ဒေသခံ၊ ပြည်သူ့စစ်တို့ ပူးပေါင်း၍  မုံးယား/ မုံးဟောင် နယ်မြေ အတွင်း ရှင်းလင်းခဲ့ရာ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ များ၏ လျှို့ဝှက် သိမ်းဆည်း ထားသည့် လက်နက် မျိုးစုံ ၁၀ လက်အား ဖော်ထုတ် သိမ်းဆည်း ရရှိ ခဲ့ပါသည်။
 

နေမျိုးဇင် သေနတ်ဖြင့် ချောင်းအပစ်ခံရမည့် ဘေးအား စစ်တပ်မှ ကယ်တင်



မနေ့က ၂၄ ရက်နေ့ ၁၁ နာရီ(မနက်) လောက်မှာ နေမျိုးဇင်ရဲ့ လိုက်ထရပ်( လူ၅ဦးပါ) က ဒေါ့ဖုန်းယန် နားရောက် တယ် ။ ဒါကို တာဝန်ရှိသူတွေ တားတယ် ။နေမျိုးဇင်က ဆက်သွားမယ်လုပ်တယ် ။ထုံးစံအတိုင်း ကြီးကြီးကျယ်ကျယ်ပြောတယ်  တော်တော် နားချယူရတယ် ။နောက်မှပဲ သူ့လူတွေကပဲ နည်းနည်း မျက်နှာ ပျက်လာလို့ လက်ခံပြီး ပြန်သွားတယ် ။တကယ်တော့ AB ကကောင်တွေနဲ့ ဖားကန့် ဘက်ကလွင့်လာ တဲ့ ကေအိုင်အေ တပ်မဟာ ၁ ကကောင်တွေက စစ်တပ်ယူနီဖောင်းနဲ့ နေမျိုးဇင် တို့ကို ချောင်းပစ်ဖို့ စီစဉ်ပြီးသား ။

NLD စည်းရုံးရေး ခရီးစဉ် သျှမ်းပါတီ၏ အားနည်းချက်ကို ထောက်ပြ စည်းရုံး


သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးဆင်းရာတွင် သျှမ်းပါတီ ၂ ခု၏အားနည်းချက်ကိုပါ ထည့်သွင်းထောက်ပြပြောဆိုနေကြောင်း ဒေသတွင်းသတင်း ရပ်ကွက်ကဆိုပါသည်။

KIA သောင်းကျန်းသူ အဖွဲ့က အပြစ်မဲ့ ပြည်သူ (၂၅) ဦးအား ဖမ်းဆီး ခေါ်ဆောင်


ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ အနီးသို့ KIA တပ်ရင်း (၃ဝ)မှ အင်အား ၁၅ ဦးခန့်သည် ဇန်နဝါရီ ၂၂ ရက် နံနက် ၂ နာရီ ခွဲခန့်က ရောက်ရှိ လာပြီး ရွှေတူး ဖော်နေသည့် အမျိုးသား ၁၆ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရသည်။အလားတူ ဇန်နဝါရီ ၂၃ ရက် ည ၈ နာရီခန့်က ဝိုင်းမော်မြို့နယ် လွယ်ေ ကျာ်ေ ကျး ရွာသို့ KIA အဖွဲ့မှ အင်အား ၁ဝ ဦးခန့် ရောက်ရှိလာပြီး အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ကိုးဦး အား  ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သတင်း ရရှိသည်။                                  

မြဝတီ

မောင်းတံနှင့် တရားဝင် ဆက်ကြေး ကောက်နေသော ကေအိုင်အေ


မိုးညှင်းမြို့နယ်၊ ဟဲပန့်-ဆယ်ဇင်း ကားလမ်းကြောင်း ပေါ်ရှိ မိုင်းပုတ်ကျေးရွာ အုပ်စု၊ တိန့်စန့်ကျေးရွာမှ ရာအိမ်မှူး ဦးဝင်းရွှေ၏ ဈေးဆိုင် ရှေ့၌ ၀င်/ထွက် ဖြတ်သန်း သွားလာလျက် ရှိသည့် ယာဉ်ကြီး/ယာဉ်ငယ် များအား မောင်းတံဖြင့် လမ်းဖြတ်သန်းခ အခွန်ငွေ အဖြစ် ယာဉ်ကြီး ၁၂ ဘီးယာဉ်တစ်စီးလျှင် ငွေကျပ် ၁၀ သိန်း၊ ကုန်တင်ယာဉ် ၁၀/၆ ဘီးယာဉ် တစ်စီးလျှင် ငွေကျပ် ၅ သိန်း၊ လူစီးယာဉ်ငယ် တစ်စီးလျှင် ငွေကျပ် ၂ သိန်းတို့အား ပွင့်လင်းရာသီ လမ်းအသုံးပြုခအဖြစ် အရစ်ကျစနစ်ဖြင့် ရပ်တန့်ပေး သွင်း နေရကြောင်း သိရှိရသည်။
      

လိုင်ဇာအနီး ခါယာဘွမ် တောင်ကုန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်


KIO ဌါနချုပ်ရှိတဲ့ လိုင်ဇာမြို့ အနောက်ဖက်က ခါယာဘွမ်တောင်ကို အစိုးရတပ်တွေက ဇန်န၀ါရီလ ၂၄ ရက်နေ့ ဒီနေ့ နေ့လည် ၁ နာရီ ကျော်ကနေစပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်နေတယ် လို့ ကေအိုင် အို က ပြောပါတယ်။

ဒီကနေ့ အစိုးရတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး အရေအတွက်ဟာ အခုရက်ပိုင်းအတွင်း အများဆုံး စံချိန်တင် ရမှာဖြစ်တယ်လို့ ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်း က ပြောပါတယ်။

ဆက်သွားချင်သေးတယ် ဆိုရင်