မြန်မာ နိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက် ချိန်တွင် အာဆီယံ နိုင်ငံ အားလုံး ၏ သဘော တူညီချက် ဖြင့် သဘော တူညီချက် ပေါင်း ခုနှစ်ခု ကို အပြီးသတ် စာချုပ် ချုပ်ဆို လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်း နှင့် ဖွံ့ဖြိုး တိုးတက် ရေး ဝန်ကြီး ဌာနမှ ညွှန်ကြား ရေးမှူး ချုပ် ဦးအောင်နိုင်ဦး က ပြောသည်။ အဆိုပါ သဘော တူညီချက် ခုနှစ်ခု မှာ အာဆီယံ နိုင်ငံ များတွင် ကျန်းမာ ရေး လုပ်ငန်း သုံး ပစ္စည်းများ ၏ စံချိန် စံညွှန်းများ နှင့် ပတ်သက် သည့် သဘော တူညီချက်၊ စာရင်းအင်း လုပ်ငန်းနှင့် ပတ်သက် ၍ စာရင်းစစ် ပညာရှင်များ ကို တစ် နိုင်ငံ နှင့် တစ် နိုင်ငံ အပြန် အလှန် အသိအမှတ် ပြုရမည့် သဘော တူညီချက်၊ အာဆီယံ နှင့် အိန္ဒိယ နိုင်ငံ ကြား ဝန်ဆောင်မှု နှင့် ရင်းနှီး မြှုပ်နှံမှု သဘော တူ ညီချက်၊ အာဆီယံ ဝန်ဆောင်မှု များနှင့် ပတ်သက် သည့် သဘော တူညီချက်၊ အာဆီယံ ရင်းနှီး မြှုပ်နှံမှု သဘော တူညီချက်၊ အာဆီယံ နှင့် သြစတြေးလျ နိုင်ငံ၊ နယူးဇီလန် နိုင်ငံတို့ အကြား နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံ မှု သဘော တူညီချက် အချို့ ကို ပြင်ဆင် သည့် သဘော တူညီချက်၊ အာဆီယံ နှင့် ဂျပန် နိုင်ငံ တို့ အကြား ဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှု သဘော တူညီချက် တို့ ဖြစ် သည်။
စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး
7 years ago

