Pages

Wednesday, January 30, 2013

မီဒီယာ သမားတွေ ကြောင့် KIA စစ်ရှုံး ခဲ့သလော


ပြည်ထောင်စု တပ်မတော် နဲ့  ကေအိုင်အေ တို့  တိုက်ပွဲတွေ ဖြစ်ပွားနေစဉ် မှာ ကေအိုင်အေ အဖွဲ့တွေက မီဒီယာ သမားတွေ ကို လိုင်ဇာ နဲ့ ရှေ့တန်း စစ်ပြေပြင် ကို  ခေါ်ယူပြီး သူတို့ စစ်တိုက်တာ မှန်သယောင် ခေါ်ပြခဲ့ကြပါတယ်။  အထူးသဖြင့် ယခင် အစိုးရ လက်ထက်က တပ်မတော် ကို အစဉ်အမြဲ ဆန့်ကျင်ဘက် အမြင်နဲ့ ရေးခဲ့တဲ့ ဧရာဝတီ သတင်းထောက်တွေ ကိုပါ။  (အခုလဲ  သတင်းထောက် ကျင့်ဝတ်နဲ့ မညီ နိုင်ငံတော် နဲ့ တပ်မတော် ရဲ့ နိုင်ငံတော် လုံခြုံရေး  စီမံကိန်း အချို့ကို  ထုတ်လွှင့် ရေးသားနေတုန်းပါ။)

ကေအိုင်အေ ခေါင်းဆောင်တွေက  အရပ်ကူပါ၊ လူဝိုင်းပါ အနေနဲ့  သတင်းထောက် တွေ ကို ခေါ်ပြခဲ့တယ်။ အဲဒီမှာ ကေအိုင်အေ တပ်ဖွဲ့တွေ ရဲ့ နေထိုင်လှုပ်ရှားမှု့တွေ၊  စခန်းနေရာယူပုံတွေ၊ ကေအိုင်အေတပ်ဖွဲ့ဝင် တွေ ကိုင်ဆောင်တဲ့ လက်နက်တွေ အင်တာနက်ပေါ်မှာ မမြင်ချင် မတွေ့ချင် အဆုံး ပလူကို ပျံနေခဲ့ပါတယ်။ ဒီပုံတွေ ဟာ သာမန် အရပ်သူ အရပ်သားတွေအတွက် ဘာမှ မဟုတ်ပေမဲ့ စစ်ပညာကို စနစ်တကျ လေ့လာထားတဲ့ အစိုးရ စစ်သားတစ်ယောက်အနေနဲ့   စခန်းကုန်း ဓါတ်ပုံ၊ စစ်သည်တစ်ယောက် ၀တ်ဆင်ထားတဲ့ ချပ်ဝတ်တန်ဆာကို ကြည့်လိုက်တာနဲ့  ကေအိုင်အေ ရဲ့ အားနည်းချက်၊ အားသာချက်ကို ရှင်းကနဲ သိနိုင်ပါတယ်။ စစ်တိုက်ရင် ကိုယ် အင်အား နည်းနေရင်  ရန်သူ့အမြင်မှာ များသယောင်၊ များရင် နည်းသယောင်၊ ငြိမ်နေရင် လှုပ်ရှားနေတယ် ထင်အောင်၊ လှုပ်ရှားနေရင် ရန်သူက ငြိမ်နေတယ်လို့ ယူဆအောင် လှည့်စားရတာပါ။

ကေအိုင်အေ ကတော့  အဲဒီ စစ်သဘောတရားကို မလိုက်နာပဲ သူတို့ အကြောင်း  အလုံးစုံသိအောင်  မီဒီယာသမားတွေကို စခန်းကုန်းတွေ လိုက်ပြနေပါတော့တယ်။ မီဒီယာမှာ ပဲ ၀ါဒဖြန့်ဖို့ အားသန်နေခဲ့ပါတယ်။ နောက်တစ်ခါ သံသယဖြစ်စရာ အချက်ကတော့ ကေအိုင်အေ သူတို့ စခန်းတွေ နဲ့ လိုင်ဇာကို ခေါ်ပြတဲ့ သတင်းထောက်တွေထဲမှာ  သာမန် သတင်းထောက် တွေ ပါနိုင်သလို အစိုးရ သတင်းထောက်တွေလဲ ပါနိုင်ပါတာကိုပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ကေအိုင်အေ ဟာ  စိတ်ဓါတ်နဲ့ လက်နက် အခြေပြု ထားတဲ့  တိုက်စွမ်းရည် မှာ အမြဲတမ်းလေ့ကျင့်ထားသော စစ်တပ် ကို မမှီခဲ့တာကြောင့်ရော သူတို့လုပ်ရပ်တွေ မှန်ကန်ကြောင်း ၀ါဒ ဖြန့်ချင်ဇော နဲ့  သတင်းထောက်တွေ ကို သူ့တို့ စခန်းတွေ မြို့တွေကို ၀င်ခိုင်းပြီး ရိုက်ခိုင်း ခဲ့တဲ့ ဓါတ်ပုံတွေ ကြောင့် ကေအိုင်အေ တို့ စစ်ရှုံးခဲ့ရပေပြီ။

မြန်မာ့ သားကောင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်