Pages

Monday, January 28, 2013

ကျောင်းသားဘ၀မှ မတက်သည့် ကျောင်းသားအိုများသို့



ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ မြန်မာနိုင်ငံလုံး ဆိုင် ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး၊ အထက် ဗမာပြည် ကျောင်းသား၊ အောက် ဗမာပြ ည် ကျောင်း သား၊ မြောက်ပိုင်း ကျောင်းသား၊ တောင်ပိုင်းကျောင်းသား များပြားလိုက် တဲ့ မြန် မာ ကျောင်း သား အ ဖွဲ့များ ပါပေ။ သို့ သော် ထိုကျောင်းသား အားလုံးသည် စာအုပ်နှင့် ဘောပင်ကို ကိုင်ပြီး စာ ကြည့် တိုက် တွင် ကိုယ့် ဘ ၀ တိုးတက် ရေး ကြိုးစားကြသည့် ကျောင်းသားများတော့ မဟုတ် ကြ။
 
၂၀၁၂ခုနှစ် ဇွန်လ ၁၇ ရက်နေ့ တော်ဝင်နှင်းဆီတွင် ကျင်းပခဲ့သည့် ဆူပူကျောင်းသားများ အမှတ်တရပွဲ တွင်ေ တာ့ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် အသီးသီးသော ကျောင်း သားအဖွဲ့  များ ဟု ခေါင်း စဉ် တပ်ရသည်အထိ အဖွဲ့စုံ သက်ကြားအို ကျောင်းသားများ ပါဝင်ခဲ့ကြသည်။ 

အဆိုပါ ကျောင်းသားများသည်ကား လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ကျောင်းသားများ မည်သို့ ပါဝင်ခဲ့ သည် ကို မစားရ၀မခန်း ပြောကြ၏။ ၈ လေးလုံးကြောင့် မြို့လယ်ခေါင် ခေါင်းဖြတ်၊ အဆောက်အအုံတွေ လု ယက်၊ သောင်းကျန်းသူများ ထကြွ၊ ပြည်ထောင်စု ပျက်မယောင် ဖြစ်ခဲ့သည်ကို တစ်ခွန်းမှ မဟကြ။ လမ်းထိပ် ကိုထွက်၊ သူများယောင်သည်ကို လိုက်ယောင်၊ စာမသင် ကျောင်းမတက်၊ ထောက်ထွက်ဖြစ်၍ အသက် ရှည်သည်ကို ဂုဏ်ယူဝံ့ကြွားမဆုံး ရှိကြလေ၏။

လွတ်လပ်ရေး သမိုင်းကို ကြီးကြီးကျယ်ကျယ် ပြောကြသော်လည်း ထိုကျောင်းသားဆိုသူများ လွတ်လပ်ရေး ကြိုးပမ်း မှုတွင် လူမဖြစ်သေး။ ကျောင်းသား ဘ၀မှ ဘီအိုင်အေ၊ ဘီအိုင်အေမှ တပ်မတော်ကြီး ဖြစ်လာ သည့် စွမ်းရည်မြင့်မားခဲ့သော ကျောင်းသားများ၏ ဘ၀ကို ကျောင်းသား ဘ၀မှာတင် ပြည်ဖုံးကားချကာ စည်း ရုံးကြ လေ သည်။ ထိုအတွက်ကြောင့် ထိုကျောင်းသားများ သည် နိုင်ငံ၏ အရေးပါသော တာဝန်ကြီး များကို ပေးအပ် ထမ်းဆောင်ခြင်းလည်း မခံရ။ ပညာတတ်များနှင့် ယှဉ်ပြိုင် အရွေးခံမှုများလည်း မရှိ။ ဘေး ထိုင် ဘုပြောကာ ကန့်လန့်တိုက် ဆူပူဖို့သာ ဖန်တီးကြလေ၏။

ထို့ကြောင့် အမောင်ကျောင်းသားအိုများအား သတိပေးလိုသည်မှာ ကျောင်မှန်မှန်တက် စာမခက် ဆိုသည့် အတိုင်း ကျောင်းသားများ ကျောင်းတက်မှန်ပါစေ။ ပညာပြည့်ဝ နှလုံးလှသည် ဆိုသည့်အတိုင်း ပညာပြည့်ဝ မည့် ကျောင်းသားများ စာကြိုးစားကြပါစေ။ အမေကမွေး ထောင်ကကျွေးဆိုသည့် အတိုင်း အမောင်ေ ကျာင်း သားအိုများ ထောင်ထဲတွင်သာ ပြန်ဝင်ဖို့ သီးခြားကြိုးစားကြပါဟု မှာလိုပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်