Pages

Showing posts with label တပ်မတော်. Show all posts
Showing posts with label တပ်မတော်. Show all posts

Wednesday, January 15, 2014

တပ်မတော် အနေဖြင့် ယခင် ဗိုလ်ချုပ် မှူးကြီး ဟောင်း ဦးသန်းရွှေ ချမှတ် ခဲ့သည့် တပ် တည်ဆောက်ရေး လုပ်ငန်း တာဝန်ကြီး ၄ ရပ် အား အစဉ် အမြဲတမ်း လိုက်နာ သွားရမည့် မူဝါဒ အဖြစ် လိုက်နာ ဆောင်ရွက် သွား မည် ဖြစ်



တပ် တည်ဆောက်ရေး လုပ်ငန်း တာဝန်ကြီး (၄) ရပ် နှင့် တပ်ကို ကောင်းအောင် လုပ်ပေး ရမယ်။

(၁) အချက် လေ့ကျင့်ရေး နှင့် တပ် တည်ဆောက်၊
(၂) အချက် အုပ်ချုပ်ရေး နှင့် တပ် တည်ဆောက်၊
(၃) အချက် သက်သာ ချောင်ချိရေး နှင့် တပ် တည်ဆောက်၊
(၄) အချက် စိတ်ဓါတ် နှင့် တပ် တည်ဆောက် ရမယ်။

ဒီ တပ် တည်ဆောက်ရေး တာဝန်ကြီး (၄) ရပ် ဆိုတာ အရင် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ချမှတ် ပေးထားတဲ့ မူဝါဒ ဖြစ်ပြီး တပ်မတော် အတွက် အမြဲတမ်း လိုက်နာ ရမယ့် မူဝါဒ ဖြစ် ပါတယ်"

Tuesday, January 14, 2014

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၅)

(၁၈)

၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက် ရဲ့ နံနက်ခင်း ဟာ ရန်ကုန် မြို့ ၉ မိုင်ခွဲ မှာ ရှိတဲ့ တပ်မေ တာ် ထော က် လှမ်းရေး တပ် က တပ်ရေး ဗိုလ်ကြီး အတွက် တော့  သာမန် ရက် တွေ အတိုင်းပဲ သိပ် ထူးခြား လှ တယ် မဟုတ် ပါဘူး …..။ နံနက် တန်းစီ အလေးပြု သစ္စာဆို ပြီးတာ နဲ့ ရှုပ်ထွေး များမြောင် လှတဲ့ တပ်ရေး ဗိုလ်ကြီး တစ်ဦး ရဲ့ တာဝန် ဝတ္တရား တွေက စတင်လို့ နေ ပါပြီ ….။
 


တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၄)

(၁၅)

၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် နေ့  ညနေ ၃နာရီ လောက် မှာ နမ့်စန် လေတပ် စခန်းရဲ့ ပြေးလမ်း ထိပ် မှာ အသင့် ဖြစ်နေ တဲ့ တပ်မတော် (လေ)ရဲ့ Super Galeb G4 အမျိုး အစား တိုက် လေယာဉ် အုပ်စု ဟာ လက်နက် အပြည့် အစုံ နဲ့  လေထဲ ကို တဟုန် ထိုး ပျံတက် သွားပါ တယ်။

 
ဒီ တိုက် လေယာဉ် အုပ်စု ဟာ လွန် ခဲ့တဲ့ မိနစ်ပိုင်း ကပဲ ကက (ကြည်း) ရဲ့ တိုက်ပွဲဝင် အသင့် အမိန့် ကို လက်ခံ ရရှိ ခဲ့ပြီး ထပ်ဆင့် ဆိုသလို ကက (လေ) ရဲ့ စစ်ဆင်ရေး အမိန့် ကိုပါ ရရှိ ခဲ့ပါ တယ်။ လေ သူရဲ အားလုံး ဟာ မြေပုံခန်း က အထွက် မှာတော့ သူ တို့ တိုက်ခိုက် ရမယ့် ပစ်မှတ် ကို ရှင်းရှင်း လင်းလင်း သိခဲ့ပြီး ပါပြီ။ သူတို့ ဟာ ယိုးဒယား မြန်မာ နယ်စပ် အို 7 တောင်ကုန်း တစ်ဝိုက် မှာ ရှေ့ တန်း အမှတ် ၃၅၉ ခြေလျင် တပ်ရင်း နဲ့  တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွား နေတဲ့  ယိုးဒယား တင့်ကား တွေ ကို လေကြောင်း ပစ်ကူ နဲ့ ၀င်ရောက် တိုက်ခိုက် ရတော့မှာ ပါ။

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၃)

(၁၁)

၁၉၉၁ ခုနှစ် အောက်တိုဘာ လ ၁၄ ရက် နေ့ မှာ နော်ဝေး နိုင်ငံ က ကော်မတီ တစ်ခု ဟာ သူတို့ ရဲ့ လုပ်မြဲ တာဝန် အတိုင်း ကြေငြာ ချက် တစ်ရပ် ကို ထုတ်ပြန် လိုက်ပါ တယ်။ အမှန် ကတော့ ဒီ ကြေငြာချက် ဟာ ၁၉၀၁ ခုနှစ် ထဲက နှစ်စဉ် ထုတ်ပြန် နေကျ ကြေငြာ ချက် ဖြစ် ပေမယ့် ဒီ တစ်ကြိမ် မှာတော့ အရှေ့ တောင် အာရှ က လူသိပ် မသိ လှတဲ့ နိုင်ငံ တစ်ခု ရဲ့ ရှေ့ ခရီး ကို အတော် ကို ဂယက် ရိုက်ခတ် သွားစေ ခဲ့ ပါတယ် ……။

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၂)

(၆)
 
 
၁၉၈၈ ခုနှစ် အောက်တိုဘာ လဆန်း ပိုင်း ရဲ့ သာမန်နေ့ တစ်နေ့ မှာ တပ်မတော် (လေ) တိုက် လေယာဉ် တစ်စီး ဟာ ထိုင်း မြန်မာ နယ်စပ် တောတွင်း စခန်း တစ်ခု ပေါ်ကို တစ်ပတ် ပျံဝဲရင်း စာရွက် အတော် များများ ကို ပလူပျံ အောင် ကျဲချ သွား ပါတယ်။ စာရွက် ထဲမှာ ဖော်ပြ ထားတာ ကတော့ ထွက်ပြေး သွားတဲ့ ကျောင်းသား တွေ အိမ်ပြန် လာဖို့ နဲ့  အရေးယူ ခြင်း တစ်စုံ တစ်ရာ ပြုလုပ် မှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ပါ။ ကြိုဆိုရေး စခန်း ဖွင့်ထား တဲ့ နယ်စပ် မြို့ ၂၇ မြို့ ရဲ့ အမည်တွေ ကိုပါ ဖော်ပြ ထားပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ ထိ ဖွင့်လှစ် ထားမယ် ဆိုတဲ့ အကြောင်း၊ ထိုင်း နိုင်ငံ တပ်ခ်မြို့ မှာ ဖွင့်ထား တဲ့ စခန်း ကို ၀င်လာ မယ် ဆိုရင် တော့ တပ် မတော် (လေ) အထူး လေယာဉ် နဲ့ လာရောက် ခေါ်ယူ ပေးမှာ ဖြစ်ကြောင်း ဖော်ပြ ထားခဲ့ ပါတယ် …။
 

တပ်မတော် ဘာလဲ …. ဘယ်လဲ အပိုင်း (၁)

ကျွန်တော် အခုရေး တဲ့ ဆောင်းပါး ဟာ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ကို ချီတက် တဲ့ လမ်းခရီး မှာ စစ်တပ် ရဲ့ သဘောထား အမြင် ကို စစ်သားဟောင်း တစ်ယောက် အနေနဲ့ သုံးသပ် ကြည့်တာ ဖြစ်ပါတယ် …။ တပ်မတော် ရဲ့  မူဝါဒ လို့ အတိ အကျ မဆိုနိုင် ပေမယ့် အပြင် အရပ်သား တစ်ယောက် ထက်တော့ တပ်ရဲ့  အနေ အထား နဲ့ စဉ်းစားပုံ ကို နီးစပ် အောင် ချဉ်းကပ် နိုင်မယ် လို့  ယူဆ ပြီး ရေးမိ တာ ဖြစ် ပါတယ် ....။

အပိုင်း သုံးလေး ပိုင်း ခွဲရေးရမယ် ထင်ပြီး ဖက်ဒရယ် စနစ်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ နဲ့  တပ်မတော် ရဲ့ ရပ်တည် မှု အနေ အထား အထိ ရေးမယ် လို့ ရည်ရွယ် ပါတယ်။ စစ်သား ဟောင်း လို့ စကားခံ ခဲ့ တဲ့ အတိုင်း ပညာရှင် မဟုတ် တဲ့ အတွက် လိုအပ် ချက် တွေ အများကြီး ရှိနေမှာ ပါ ..။ ဒါပေမယ့် စစ်တပ် နဲ့ ပြည်သူ ကြား နားလည် မူ တည်ဆောက် တဲ့ နေရာ မှာ အုတ် တစ်ချပ် သဲတစ်ပွင့် ဖြစ်မလား လို့ ဒီစာ ကို ကျွန်တော် ရေး ပါ တယ် ...။

Wednesday, April 10, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ) ၏ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား တက်ရောက်

 
  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ
ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ က 
တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြု လက်ဆောင် အဖြစ်
စစ်ရေယာဉ် ပုံစံငယ် ကို ဂါရ၀ပြု ပေးအပ်စဉ်
တပ်မတော်(ရေ) ၏ စစ်ရေယာဉ် များ တပ်တော်ဝင်ခြင်း အခမ်းအနား ကို ယနေ့ မွန်းလွဲပိုင်းတွင် သံလျင် တပ်နယ် ၊ အမှတ်(၃) ရေတပ် ဆိပ်ခံ တံတား၌ ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အားပေး ချီးမြှင့်သည်။
အဆိုပါ အခမ်းအနား သို့ ညှိနှိုင်း ကွပ်ကဲရေးမှူး ( ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုက်ကြီး လှဌေးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ် ခင်အောင်မြင့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီး များ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး ၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ၊ သံလျင် တပ်နယ်မှူး နှင့် သံလျင် တပ်နယ်မှ အရာရှိ ၊ စစ်သည် မိသားစု များ တက်ရောက် ကြသည်။
 
တပ်မတော်(ရေ)၏ စစ်ရေယာဉ်များ
တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်တော်ဝင် စစ်ရေယာဉ်မျာအား
တွေ့ရစဉ်
 
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် အခမ်းအနား ကျင်းပ ပြုလုပ်သည့် အမှတ်(၃) ရေတပ် ဆိပ်ခံ တံတား နေရာသို့ ရောက်ရှိ လာပြီးနောက် စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် တင်အောင်စန်း က ယနေ့သည် တပ်မတော်(ရေ) ၏ မျိုးဆက်သစ် အင်အားများ ဖြစ်သော အမြန်သွား တိုက်ခိုက်ရေး စစ်ရေယာဉ် ၄ စီး ၊ ယာဉ်တင် ကမ်းထိုး ရေယာဉ် ၂ စီး ၊ ရေပေါ် လွန်းကျင်း (ဆရာရှမ်း) ၁ စီး ၊ စုစုပေါင်း စစ်ရေယာဉ် ၇ စီး တို့ကို တပ်တော်ဝင် ပြုလုပ်ပြီး တပ်မတော်(ရေ) ၏ အဓိက တိုက်စွမ်းအား ဖြစ်သော စစ်ရေယာဉ်စု များတွင် အင်အား ဖြည့်တင်းသော အခမ်းအနား ဖြစ်ကြောင်း ၊ ယခု တပ်တော်ဝင် သည့် အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် ၄ စီး နှင့် ယာဉ်တင် ကမ်းထိုး ရေယာဉ် တို့အား တပ်မတော် (ရေ)မှ တာဝန်ယူ တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု တပ်တော်ဝင် သည့် ရေပေါ် လွန်းကျင်းသည် မြန်မာ နိုင်ငံတွင် ပထမဦးဆုံး ရေပေါ် လွန်းကျင်း တစ်စီး ဖြစ်ကြောင်း ၊ ရေပေါ် လွန်းကျင်းအား ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက်က ရေနွေးငွေ့ စက်တပ် ထားသော ပထမဦးဆုံး တိုက်သင်္ဘော အား တည်ဆောက် ပေးနိုင်ခဲ့သည့် မြန်မာ လက်သမား ဆရာ ဆရာရှမ်း ကို ဂုဏ်ပြုသော အားဖြင့် ရေပေါ်လွန်းကျင်း (ဆရာရှမ်း) ဟု အမည်ပေး ထားကြောင်း ၊ စစ်ရေယာဉ် များကို တပ်တော်ဝင် ပြုလုပ် နိုင်ခဲ့သည့် အတွက် ပင်လယ်ပြင် ကာကွယ်ရေး တာဝန် ထမ်းဆောင် နိုင်မှု စွမ်းရည် ပိုမို မြင့်မား လာစေ သကဲ့သို့ စစ်ရေယာဉ် များကိုလည်း ပင်လယ်ပြင် တွင် လွန်းတင် ပြင်ဆင်မှု များ ပြုလုပ် နိုင်မည် ဖြစ်ကြောင်း ဖြင့် စစ်ရေယာဉ်များ တပ်တော်ဝင် အခမ်းအနား နှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်း တင်ပြသည်။
တပ်မတော်(ရေ)၏ စစ်ရေယာဉ်များ
တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်တော်ဝင် စစ်ရေယာဉ်မျာအား 
တွေ့ရစဉ်
 
 တပ်မတော် (ရေ)၏ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း
အခမ်းအနား ကျင်းပစဉ်

ထို့နောက် ရေတပ် သင်္ဘောကျင်း ဌာနချုပ် ၊ ခေတ္တ ဌာနချုပ်မှူး က တပ်တော်ဝင် စစ်ရေယာဉ် များနှင့် ပတ်သက်သော စာရွက်စာတမ်း များအား တာဝန်ရှိသူ တစ်ဦးထံ သို့ လွှဲပြောင်း ပေးအပ် ခဲ့သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ က တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြု လက်ဆောင် အဖြစ် စစ်ရေယာဉ် ပုံစံငယ် များကို ဂါရ၀ ပြု ပေးအပ်သည်။
ထို့နောက် စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် တင်အောင်စန်း က စစ်ရေယာဉ် များအား တပ်တော်ဝင် စစ်ရေယာဉ် များအဖြစ် ကြေညာ လိုက်သည် နှင့် စစ်တီးဝိုင်း တပ်ဖွဲ့မှ နိုင်ငံတော် သီချင်းအား တီးမှုတ်ပြီး တပ်တော်ဝင် အလံလွှင့် တင်ခြင်း ၊ ခေါင်းလောင်း ရှစ်ချက်တီး ခြင်း ၊ နိုင်ငံတော် အလံလွှင့်တင် ခြင်း ၊ တပ်မတော် (ရေ) အလံလွှင့် တင်ခြင်း ၊ နိုင်ငံတော် အလံ အလေးပြုခြင်း နှင့် တာဝန်ကျ တပ်ဖွဲ့များ ဖွဲ့စည်းခြင်း စသည့် တပ်တော်ဝင် လုပ်ငန်းစဉ် များကို အစီအစဉ် များအတိုင်း ဆောင်ရွက် ကြသည်။
၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် တပ်တော်ဝင် စစ်ရေယာဉ် များအား လှည့်လည် ကြည့်ရှုကြရာ တာဝန်ကျ တပ်ဖွဲ့များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား လိုက်လံ ရှင်းလင်း ပြသ ကြသည်။
ထို့နောက် တပ်တော်ဝင် စစ်ရေယာဉ် များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား သရုပ်ပြ စမ်းသပ် မောင်းနှင် ပြသကြပြီး တပ်တော်ဝင် အခမ်းအနား ကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။
 
Pyi Chit Thar

မြန်မာစစ်သား ၁၃ ဦး ပစ်ခတ်မှုကြောင့် သေဆုံးသည့်သတင်း နားလည်မှုလွဲစွာ မှားယွင်းရေးသားကြခြင်းဖြစ်

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းခရိုင်တွင် လက်နက်ကိုင် အချို့နှင့် မြန်မာအစိုးရ တပ်မတော်သားများ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မြန်မာ တပ်မတော်သား ၁၃ ဦး သေဆုံးခဲ့သည်ဟူသော သတင်းမှာ မှားယွင်းနေပြီး မြန်မာ တပ်မတော်သား ၁၃ ဦးမှာ ကင်းလှည့်နေစဉ် တောတွင်း၌ လမ်းပျောက် သွား ချိန်နှင့် တောမီးလောင်ကျွမ်းစဉ် ကာလ တိုက်ဆိုင်ခဲ့၍ ဝါးလုံးများ ပေါက်ကွဲသံကို သေနတ် ပစ်ခတ်သံကဲ့သို့ ဆက်သွယ်ရေးစက်၌ ကြားခဲ့ကြရပြီး သေဆုံးသကဲ့သို့ ထင်ရောင်ထင်မှား ဖြစ် ခဲ့ ရခြင်း ဖြစ် သည်ဟု နှစ်နိုင်ငံမှ အစိုးရ အာဏာပိုင်များက တရားဝင် ပြောကြား လိုက်ကြောင်း ၈-၄-၂၀၁၃ ရက်က သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Surapong Tovichakchaikul ကလည်း နှစ် ဖက်ပစ်ခတ်မှု ဖြစ်ပွားခြင်း မဟုတ်ကြောင်း ဧပြီလ ၆ ရက်က ထုတ်ဖော်ပြော ကြား လိုက်ပြီး မြန် မာအာဏာပိုင်များ ဘက်က လည်း ၄-၄-၂၀၁၃ ရက်က ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့သည်ဟု သတင်းရထားပြီး မိမိတို့ တပ်မတော်သားများ ထိခိုက်မှု မရှိကြောင်း ၇-၄-၂၀၁၃ ရက်က နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည်။

“ကော့သောင်းဒေသ ထိုင်းနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် တပ်မတော်သားများ ကျဆုံးသော သတင်းမှာ မှန်ကန်မှု မရှိပါ” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘွတ်မှာ တစ်ဆင့် မေးမြန်းထားမှုများကို ဖြေကြားသည်။ ထိုင်းနိုင်ငံမှ အင်အားကြီး မီဒီယာ နှစ်ခုဖြစ်သော The Nation, Bangkok Post တို့ကလည်း မှားယွင်းသော သတင်းထုတ်ပြန် မှု ဖြစ်ကြောင်း ၎င်းတို့၏ ဧပြီ ၄ ရက်က ထုတ်ပြန်သော သတင်းအပေါ် ပြန်လည်ရေး သား ဖော်ပြထားပြီး ပြည်တွင်းမီဒီယာ အချို့ကလည်း ဖော်ပြခဲ့ကြမှုကြောင့် ပြည်တွင်း၌ လှုပ်ခတ်သွားသော သတင်းတစ်ပုဒ် ဖြစ်ခဲ့ရသည်။ “အခု ထိုင်း၊ မြန်မာနယ်စပ် အခြေအနေက ပုံမှန်အခြေအနေကို ရောက်ပြီးလို့ တည်ငြိမ်နေပါပြီ” ဟု ထိုင်းတပ်မတော်မှ ဒုတိယအဆင့် ပြောရေးဆိုခွင့်ရှိသူ Winthai Suwaree က ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်တွင်း မီဒီယာများ တွေ့ဆုံစဉ် ဧပြီ ၆ ရက်ကလည်း ယင်းသတင်းများ မဟုတ်မှန်ကြောင်း သတင်းမှားသာ ဖြစ်ကြောင်း၊ နားလည်မှု လွဲမှားစွာ ဖော်ပြ ခဲ့ကြခြင်း ဖြ စ်ေ ကြာင်း ထုတ်ဖော် ပြောကြားထားသည်ဟု သိရကာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင်လည်း အလားတူ ဖော်ပြထားသည်ကို တွေ့ရကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Monday, April 8, 2013

တပ်မတော်(ရေ)၏ ဓါး (၄)စင်း၊ ဒိုင်း (၂)ခု နှင့် ချပ်ဝတ်တန်ဆာ (၁)စုံ

မြန်မာ့တပ်မတော် (ရေ) နှင့် ပတ်သက်ပြီး သတင်းကောင်းတွေ ဆက်တိုက်ဆိုသလို ကြားနေ ကြရပါတယ်....။ ဒေသတွင်းနိုင်ငံများနည်းတူ ရေတပ်အင်အားကို တိုးချဲ့လျက်ရှိပြီး ကိုယ်ပျောက် နည်းပညာသုံး စစ်ရေယာဉ်များလည်း ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်...။ မကြာတော့သော ကာလတွင် လည်း ရေတပ်၏စစ်ရေယာဉ်အသစ်များ တပ်တော်ဝင် အခမ်းအနားကျင်းပဦး မည်ဖြစ် ပါသည်....။ ရေတပ်အတွက် သတင်းကောင်းတစ်ခုအနေဖြင့် Myanmar Navy စာမျက်နှာ တွင် ဖော်ပြထားသော အချက်လက်များအား ဖော်ပြပေးပါဦးမည်....။ ဖရီးဂိတ်များ၏ အဆင့်မြှင့်တင်ခဲ့မှုများ အား ဖော်ပြပေးပါဦးမည်...။


စစ်ရေယာဉ်- မဟာဗန္ဓုလ (F-21)
 

တပ်မတော်(ရေ)၏ ဓါး (၄)စင်း၊ ဒိုင်း (၂)ခု နှင့် ချပ်ဝတ်တန်ဆာ (၁)စုံ

မကြာမီရက်များအတွင်း မြန်မာ့တပ်မတော်(ရေ)အတွက် မြန်မာ့ရိုးရာ နှစ်သစ်အခါသမယနှင့်အတူ အားသစ်လောင်းရန် FAC စစ်ရေယာဉ် (၄)စီး၊ တင့်ကားတင် ကမ်းထိုးရေယာဉ် (၂)စီး နှင့် Floating Dock (၁)စီး စု စုပေါင်း (၇)စီးအား တပ်တော်ဝင်ပြုလုပ်မည်ဟု ကြားသိရပါသည်။ FAC နှင့် ကမ်းထိုးရေ ယာဉ် များမှာ မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ Floating Dock မှာ ပြည်ပမှ ဝယ် ယူခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်(ရေ)အတွက် ပထမဦးဆုံး... Floating Dock အဖြစ် မှတ်တမ်း ဝင်တော့မည်ဟု သိရှိရပါသည်။
 

တပ်မတော် (ရေ)၏ Floating Dock ရေယာဉ်ဖြစ်ပါသည်


 
တပ်မတော်(ရေ)တွင် ပြည်တွင်းထုတ် FAC စစ်ရေယာဉ်များစွာ ပိုင်ဆိုင်ထားပြီး မြန်မာ့ရေပြင်ပိုင် နက်အား နေ့/ညမရွေး ကာကွယ်စောင့်ရှောက်လျက်ရှိခြင်းကြောင့် နိုင်ငံနှင့် တပ်မတော်အတွက် “ အ သွား ထက်သောဓါးများ ” ဟူ၍ လည်းကောင်း ၊ တင့်ကားတင် ကမ်းထိုးရေယာဉ်များသည် ရာသီ ဥတု မရွေး၊အချိန်မရွေး၊နေရာမရွေး စစ်ဖက်/အရပ်ဖက် အထွေထွေ သယ်ယူပို့ဆောင်ရေး တာဝန်များ ကို မြန်မာ့ကမ်းရိုးတန်း တစ်နံတစ်လျားအထိ ထမ်းဆောင်လျက်ရှိခြင်းကြောင့် “ ဒိုင်း ” များအဖြစ် လည်းကောင်း၊ Floating Dock သည် စစ်ရေယာဉ်များ တိုက်ပွဲဝင်အသင့်ဖြစ်ရေးအတွက် Maintenance နှင့် Repair အခန်းကဏ္ဍတွင် ရှေ့တန်းကျကျ အသုံးတော်ခံ ပါဝင်နိုင်တော့မည် ဖြစ်၍ တပ်မတော်(ရေ)၏ ချပ်ဝတ် တန်ဆာ တစ်ခုအဖြစ် လည်းကောင်း တင်စားသမုတ်၍ ဂုဏ်ပြုဖော်ညွှန်းအပ်ပါသည်။

မောင်ဝါဆို
 
Myanmar Navy စာမျက်နှာ..." အထက်ပါဖော်ပြထားသော အချက်လက်များအား လေ့လာကြည့်ရုံနှင့် ပင် မြန်မာ့တပ်မတော် (ရေ) အတွက်အထူးဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ကြောင်း သိရပါသည်...။
 

Myanmar Defence Weapons

 
 

Thursday, April 4, 2013

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ဟိုပုံးမြို့၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေး





ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ဟိုပုံးမြို့၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေး

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့် တပ်မတော် အရာရှိကြီးများ လိုက်ပါလျက် ဧပြီ ၃ တွင် နေပြည်တော်မှ ထွက်ခွာ လာခဲ့ရာ တောင်ကြီးမြို့သို့ နံနက်ပိုင်းတွင် ရောက်ရှိကြပြီး  အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် တာဝန် ရှိသူများမှ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့မှ မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာပြီး ဟိုပုံးမြို့ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေးရာ ရှင်းလင်းဆောင် ခန်းမ၌ ကျောင်းအုပ်ကြီးမှ သင်ကြား လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် တပ် တည်ဆောက်ရေး လုပ်ငန်းကြီး (၄) ရပ် ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တင်ပြချက်များ အပေါ် လိုအပ်သည် များကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းသား စားရိပ်သာ (၂)၌ သင်တန်းသား များနှင့် အတူ တကွ နေ့လယ်စာ စားသုံးကြသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စားချက်ဆောင်အတွင်း ချက်ပြုတ်နေမှု အခြေအနေများ၊ ရိက္ခာအမယ်စုံ ထားရှိမှု အခြေအနေများ လှည့်လည်ကြည့်ရှု စစ်ဆေး ကြသည်။

၎င်းနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံရှိ ဆံသဆိုင်၊ အင်တာနက် café ဆိုင်နှင့် ရာသီ သီးနှံ စိုက်ခင်းတို့အား ကြည့်ရှု စစ်ဆေးပြီး အိမ်ထောင်သည် လိုင်းခန်းအတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းသား စားရိပ်သာ (၁)၌  တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံမှ အရာရှိ၊ စစ်သည် မိသားစုများနှင့် သင်တန်းသား များကို တွေ့ဆုံ အမှာစကား ပြောကြားသည်။

ရှေးဦးစွာ အဖွဲ့ဝင်အဖြစ် လိုက်ပါလာ ကြသော အရာရှိကြီး များမှ တပ်စစ်ဆေး ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ထောက်ဆိုင်ရာ ကိစ္စရပ် များနှင့် စစ်ဦးစီး ဆိုင်ရာ ကိစ္စရပ် များကို အသီးသီး ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ချိန် တပ်မတော်၏ လုပ်ငန်း တာဝန်များ၊ တပ်ရင်း/ တပ်ဖွဲ့အလိုက် တပ်တွင်း/ တပ်ပြင် စည်းရုံးရေး လုပ်ငန်းများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ် ဆိုင်ရာများအား အသေးစိတ် ရှင်းလင်း မှာကြားခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များက ဟိုပုံးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအတွက် စားသောက် ဖွယ်ရာများ ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံရှိ သုတေသနနှင့် နည်းပညာ ပြခန်း၊ စာပေ ဌာနနှင့် လက်တွေ့သင်ကြားရေး ဆိုင်ရာ အလုပ်ရုံတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းေ ဆာင် ရွက် ပေး ခဲ့ကြောင်း သတင်း ရရှိသည်။

Monday, March 11, 2013

ဘင်္ဂလား ပင်လယ်အော် အတွင်း အိန္ဒိယ - မြန်မာ ရေတပ်များ ပူးတွဲ စစ်ရေး လေ့ကျင့်မည်


မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံသည် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် ဘင်္ဂလားပင် လယ်အော် အတွင်း ပူးတွဲ ကင်းလှည့်ရေးနှင့် စစ်ရေးလေ့ကျင့် ခန်းများပြုလုပ်ရေး ကိုဆောင်ရွက် သွားတော့ မည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ မြန်မာ့ရေတပ်မှ ဖရီးဂိတ်စစ်သင်္ဘောတစ်စီးနှင့် အငယ်စား စစ်သင်္ဘောတစ်စီးတို့သည် အိန္ဒိယမှ ဗီဆက်ခါ ပတ်ထနမ်ဆိပ်ကမ်းသို့ မနက်ဖြန်တွင် ဆိုက်ရောက် မည်ဖြစ်ကာ ထိုနောက်ရက်အနည်းငယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်မည်ဟု ဆိုသည်။

မြန်မာနှင့် အိန္ဒိယတို့ သည် မကြာမီကပင် စစ်ရေး၊ စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်လာခဲ့ပြီး ၂၀၁၂  နိုဝင်ဘာနှင့်   ဒီဇင်ဘာလ အတွင်း နိုင်ငံခြား ရေးဝန်ကြီး ဆယ်လ်မန် ခါရှစ်၊လေတပ်ဦးစီးချုပ် အန်၊ အေ၊ကေ ဘရောင်း တို့ လည်းလာရောက်လည်ပတ်ခဲ့ကြသည်။ ယင်းနောက် အိန္ဒိယ သည် မြန်မာတပ်မတော် စွမ်းရည်မြှင့်တင်ရေး အတွက် မြန်မာလေတပ်ပိုင်းလော့ များ အား အိန္ဒိယသို့ခေါ်ယူကာ ရုရှားလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယဉ်များနှ င့် လေ့ကျင့်ပေးေ ရးကို လည်း သဘောတူခဲ့သည်။

အိန္ဒိယသည် မြန်မာသို့ စစ်သုံးလက်နက်များကိုလည်းရောင်းချပေးနေပြီး ယင်းတွင် ကုန်းတွင်းပိုင်း သုံး ရေ တပ် ကင်းလှည့်လေယဉ်များ၊ ရေ တပ်သုံး စက်သေနတ်တင်မော်တော်ဘုတ်များ၊ ၁၀၅ မီလီမီတာ အပေါ့စားသေနတ် များ၊ မော်တာစိန်ပြောင်းများ၊ လောင်ချာများနှင့် ရိုင်ဖယ်သေနတ်များလည်းပါဝင်သည်။ ထို့ပြ င် မြန်မာသည် ၎င်း၏ရေတပ်သင်္ဘောများအတွက် Bharat Electronics Ltd ကထုတ်လုပ်သော ရေဒါ
စနစ် များလည်း ဝယ်ယူရရှိ ထားကြောင်း သိရသည်။

Myanma Age

ကချင်ပြည်နယ် လဂျားယန် ဒေသအနီး ဒေါ့ဖုန်းယန်တွင် ပညာသင် ထောက်ပံ့ ကြေးများ ပေးအပ်



Friday, March 8, 2013

၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ စတုတ္ထ အကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ

၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်း အစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပ ပြုလု ပ်ရာ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ် ချုပ်ကြီး ရာပြည့်၊ စစ်ဦးစီး အရာရှိချုပ် (ရေ)ဗိုလ်မှူးချုပ် တင်အောင်စန်း၊ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်မှူး ချုပ် လွင်ဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးနှင့် တပ်မတော် အရာရှိ ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ် ဦးစီးဌာနတို့မှ တာဝန်ရှိ သူများ တက်ရောက် ကြသည်။
 

Saturday, February 23, 2013

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း ကလော တပ်နယ်အား ကြည့်ရှုစစ်ဆေး

 
နေပြည်တော် ဖေဖော်ဝါရီ ၂၂
 
ကလော တပ်နယ်သို့ ရောက်ရှိနေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် တို့လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ကလောမြို့ နယ်မြေခံ တပ်ရင်းသို့ သွားရောက် စစ်ဆေးရာ နယ်မြေခံ တပ်ရင်းရုံး၌ တာဝန်ရှိသူ တစ်ဦးက တပ် တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီး (၄) ရပ်ဆိုင်ရာ ဆောင်ရွက် မှု အခြေနေများကို ရှင်းလင်း တင်ပြပြီး ဗိုလ်ချုပ်ကြီး စိုးဝင်းက လိုအပ်သည် များကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။
 

မြန်မာ့ရေတပ်အကြောင်း ပြောချင်တာလေးတွေ

အခုတလော ဒေသတွင်းသတင်းတွေမှာ နာမည်ကြီးနေတဲ့ တပ်မတော် (ရေ) ရဲ့ ယိုးဒယားနိုင်ငံ၊ ဖူးကပ်ကို သွားရောက်ခဲ့တာနှင့် ပတ်သက်ပြီး ကျွှန်တော်တို့အတော်များများ အားရနေကြမယ်လို့ ယူဆပါတယ်....။ အ မှန်ပြောရရင် တပ်မတော် (ရေ) စာမျက်နှာမှာ တွေ့ရသလို ဒုံးမပါ၊ရေဒါတပ်ဆင်မှုအားနည်းနှင့် ဆိုရင်တော့ အားမရတာ အမှန်ဘဲဖြစ်ပါတယ်...။ ဒါပင်မဲ့ ယိုးဒယားကို တကယ်ရောက်သွားတဲ့ အချိန်မှာတော့ အမြန် တိုက်ခိုက်ရေးယာဉ်တစ်စင်းရဲ့ ရှိသင့်တဲ့ စွမ်းဆောင်ရည်များကို အပြည့်အစုံတပ်ဆင် ထား တာ တွေ့ရပါတယ်....။

တပ်မတော် (ရေ) ၏ အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ



တပ်မတော် (ရေ) ရေတပ်သဘောင်္ကျင်းမှာ ထုတ်လုပ်ခဲ့သည့် အဆိုပါ ရေယာဉ်တွေအနေဖြင့် နိုင်ငံ တ ကာ ကိုပင် သွားရောက်လည်ပတ်နိုင်တဲ့ အထိရှိနေပြီဆိုတာ သိရတဲ့ အတွက် မြန်မာနိုင်ငံ သား တစ်ေ ယာက် အနေဖြင့်လည်း ဂုဏ်ယူမိပါတယ်....။ တပ်မတော် (ရေ)ရဲ့ စွမ်းဆောင်ရည်များ ကို ပြသ ခွင့်ရခဲ့ တယ်လို့လည်း မြင်မိပါတယ်....။ မြန်မာ့တပ်မတော် (ရေ)တွင် အဆိုပါ စစ်ရေယာဉ်များ (၅ စီးရီး ရေ ယာဉ် များ) အစီးရေ ၂၀ အထိပင် ပိုင်ဆိုင်ထားပြီး ဖြစ်ရာ တပ်မတော် (ရေ)၏ စွမ်းရည်များ ကို လေ့ လာသိ ရှိနိုင် မည်ဖြစ်သည်....။

Tuesday, February 19, 2013

မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို

 
 မြန်မာစစ်တပ်က ကလေးစစ်သားတွေ ကို မိဘထံ ပြန်လည်အပ်နှံမှု အခမ်းအနား (၃၊ ၉၊ ၂၀၁၂)
 
မြန်မာစစ်တပ်ထဲက ကလေးစစ်သား ၂၄ ဦးကို ပြန်လွှတ်ပေးလိုက် တဲ့အပေါ် ကုလသမဂ္ဂ က ချီးမွမ်း ကြိုဆိုလိုက်ပါတယ်။စစ်တပ်တွင်းက ကလေးစစ်သား ၂၄ ဦးကို စိစစ်ပြီး ပြန်လွှတ်ပေးတဲ့ အခမ်းအနားတရပ်ကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး၊ အစိုးရ တာဝန်ရှိသူတွေ၊ စစ်တပ် အရာရှိတွေအပြင် UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံ ကိုယ်စားလှယ်လည်း တတ်ရောက်ခဲ့ပါတယ်။

အဲ့ဒီပွဲကို တတ်ရောက်တဲ့ UNICEF မြန်မာနိုင်ငံ ကိုယ်စားလှယ် ဘတ်ထရန်း ဘိန်းဗဲလ် (Bertrand Bainvel) ကလည်း အဲ့ဒီလွတ်မြောက်လာတဲ့ ကလေးတွေကို စကားပြောပါတယ်။ ဒီကလေးတွေ အနေနဲ့ အမှားအယွင်း မလုပ်ခဲ့ကြကြောင်းနဲ့ မှားယွင်းပြီးတော့ အလုပ်ခံရတာ ဖြစ်ကြောင်း၊ ဒီ့အတွက် သူတို့ အသက်မပြည့်ခင်မှာ မှားယွင်းအသုံးပြုမိတဲ့ စစ်တပ်ကနေ သူတို့ကို အခု ပြန်လွှတ်ပေးရတာ ဖြစ်ကြောင်း မစ္စတာ ဘိန်းဗဲလ် က ပြောသွားပါ တယ်။
 

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေး လျက်ရှိ


တပ်မတော်နယ် လှည့် အထူးကု ဆေးအဖွဲ့များ အနေဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးလျက် ရှိရာ ကချင်ပြည် နယ် အတွင်း ယမန်နေ့က နယ်လှည့်ဆေး ကုသရေး အဖွဲ့(၁) နှင့်(၂)သည် ပူတာအိုနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသ ခံပြည်သူ ၉၃ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၃)သည် မူလာရှီဒီနှင့် ပတ်ဝန်း ကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၈၆ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၄)သည် မချမ်းေ ဘာ ကျေး ရွာ မှ ဒေသခံ ပြည်သူ ၄၂ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၅) သည် ကောင်းမှုလုံ ကျေးရွာနှင့် ပတ်ဝန်း ကျင် ကျေးရွာမှ ဒေသခံ ပြည်သူ ၃၅ ဦး၊ စုစုပေါင်း ဒေသခံ ပြည်သူ ၂၅၆ ဦးတို့အား လိုအပ်သည့် ကျန်း မာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက် ပေးသည်။

Thursday, February 14, 2013

အစိုးရတပ် နောက်ဆုတ် လိုက်သော ရှေ့တန်း စခန်းတခုကို KIA ပြန်လည် ရယူ


မြန်မာအစိုးရတပ်မှ တိုက်ခိုက်သိမ်းပိုက်ထားသော ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)၏ ရှေ့တန်း တပ်စခန်း တစ်ခုဖြစ်သော ဂျော်မော် (Jaw Maw) စခန်းကို အစိုးရ တပ်ဖက်မှ ဆုတ်ခွာ သွားသောေ ကြာင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က KIA တပ်ရင်း (၂၅)မှ  ပြန်လည် နေရာ ယူလိုက်ကြောင်း သိရသည်။

KIA ၏ ဂျော်မော် (Jaw Maw) ရှေ့တန်း စခန်းအား အစိုးရ၏ ခြေမြန် တပ်ရင်း ခမရ (၄၃၈၊ ၃၂၀) မှ စုပေါင်း အင်အား ၂၀၀ ခန့်ဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ KIA တပ်မှ ၁ ဦးကျကာ ၃ ဦး ဒဏ်ရာရှိပြီးနောက် ဆုတ်လိုက် သည့် စခန်းဖြစ်သည်။

၎င်းစခန်းသည် မဟာဗျူဟာ ကျသည့် စခန်း မဟုတ်သော်လည်း KIA အတွက်မူ အချက်အချာ ကျသည့် နေရာတခု ဖြစ်ကြောင်း သိရသည်။

အစိုးရ တပ်ဖွဲ့များနှင့် KIA တပ်များ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ရာ ပစ်ခတ်မှု မဖြစ်စေရန် ညှိနှိုင်းနိုင်ခဲ့

 
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၆ )နယ်မြေ ဂျာရာယန် (Ja Ra Yang)သို့ လှုပ်ရှားလာသော အစိုးရတပ်ဖွဲ့နှင့် KIA တပ်များ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ရာ  ပစ်ခတ် တိုက် ခိုက်မှု မဖြစ်ပွားစေရန် နှစ်ဖက် ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

ဗိုလ်ကြီး လဒွဲ ဦးဆောင်သော KIA တပ်ခွဲ (၅) တပ်ဖွဲ့များနှင့် အင်အား ၁၀ ဦးခန့်ရှိသော အစိုးရတပ်ဖွဲ့ တို့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ဖားကန့်မှ မိုင်(၂၀) အကွာတွင် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း (၆) မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောသည်။

မြန်မာ စစ်သင်္ဘော နှစ်စင်း ထိုင်းနိုင်ငံ၊ ဖူးခက်သို့ ချစ်ကြည်ရေး ဆိုက်မည်

 
မြန်မာနိုင်ငံမှ UMS 561 နှင့် UMS 562 စစ်သင်္ဘော နှစ်စင်း ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖူးခက် ကမ်းခြေသို့ ဖေဖေါ်ဝါရီလ အတွင်း ဆိုက်ကပ်လာမည် ဖြစ်ကြောင်း ရေတပ်အရာရှိများအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ရေးသား ထားသည်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ လာရောက်ဆိုက်ကပ်မည့် အဆိုပါ မြန်မာစစ်သင်္ဘောများကို ထိုင်းရေတပ် တတိယ ဧရိယာတပ်ရင်းမှ လက်ခံ ကြိုဆိုမည်ဟု ဆိုသည်။

မြန်မာစစ်သင်္ဘောများ ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ဆိုက်ရောက်လာမှုလည်း ဖြစ်သ လို နှ စ်နိုင် ငံ ရေ တပ် ဆက်ဆံရေး ကောင်းမွန်သည့်လက္ခဏာကို ပြသခြင်းဖြစ်ကာ စစ်ရေး ပူးပေါင်းဆောင် ရွက် မှု များနှ င့် ပူးပေါင်း ရေကင်း လှည့်မှုများ အတွက်လည်း ဆွေးနွေးဖွယ်ရှိသည်။

ဆက်သွားချင်သေးတယ် ဆိုရင်