Pages

Wednesday, March 20, 2013

မိထ္ထီလာတွင် ဖြစ်ပွားသည့် နောက်ဆုံးအခြေအနေ

ဘီဘီစီ၏ ဖွချက်တွင်တော့ မိတ္ထီလာမြို့က ရွှေဆိုင်တဆိုင်မှာ အရောင်းအ၀ယ် ပြဿနာက အစပြုလို့ တိုက် ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ရွှေဆိုင် သုံးဆိုင် ဖျက်စီးခံလိုက်ရပါတယ်။ 
အဲဒီနောက်ပိုင်းမှာတော့ ဗလီတလုံး မီးတင်ရှို့ခံလိုက်ရပြီး၊ မြို့နယ် ပညာရေးမှူးလည်း မီးလောင် သွား တယ် လို့ မိတ္ထီလာ အမှတ် ၂ ရဲစခန်းက ဘီဘီစီကို ပြောပါတယ်။ 
မီးက ဆက်လက် လောင်ကျွမ်းဆဲဖြစ်ပြီး တခြားအိမ်တွေကို ကူးစက် လောင်ကျွမ်းခြင်း မရှိဘူးလို့ သိရပါ တယ်။ 
မိတ္ထီလာမြို့မှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
 

ဘင်္ဂလာဒေခ်ျ့ ရဲ (၃) ဦးကို မြန်မာက ပြန်မလွှတ်သဖြင် နယ်စပ် အခြေအနေတင်းမာ


မြန်မာဘက်မှ ဖမ်းဆီး ခေါ်ဆောင်သွားသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ရဲသား (၃) ဦးနှင့် အရပ်သား တစ်ဦးကို ဖမ်းဆီးပြီး ၄၈ နာရီ အချိန်ကြာမြှင့်လာသော်လည်း ပြန်လည် လွှတ်မပေးသဖြင့် နယ်စပ် အခြေအနေမှာ တင်းမာနေသည်ဟု သတင်း ရရှိသည်။

ဘင်္ဂလာဒေခ်ျ့ ရဲသား သုံးဦးနှင့် အရပ်သား တစ်ဦးတို့သည် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မြန်မာ နယ်စပ် အနီး ခေါင်းတုံး နယ်မြေတွင် မြန်မာ နစက တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် သူတို့အား ပြန်လည် လွှတ်မပေးသဖြင် ဘင်္ဂလာဒေခ်ျ့ဘက်ကမှ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များကို နယ်စပ်တွင် တိုးချကာ ကင်းလှည့်နေပြီး အခြေအနေကို စောင့်ကြည့်လျှက် ရှိကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။

မိထ္တီလာမြို့တွင် ( 20.3.2013 ) နေ့ခင်း (11) နာရီ အချိန်ခန့်မှ စတင်ကာ ကုလား - ဗမာ အဓိကရုန်း ဖြစ်ပွားနေ

ဖြစ်ပွားပုံမှာ-မိတ်ထီလာဈေး အတွင်းရှိ ကုလားပိုင်သော (တော်ဝင်)ရွှေဆိုင်တွင် ရွှေလာရောင်းသော အဖွားအို (မြေးအဖွား)နှစ်ဦးအား ယင်းဆိုင်ပိုင်ရှင်မှ အတု-အစစ် စစ်ဆေးရင်း လက်ကောက်မှာ ကျိုး သွားသဖြင် မြေးအဖွားနှစ်ဦးနှင့်ရန်ဖြစ်ရာမှ-ဆိုင်ပိုင်ရှင် ညီအကိုများမှ ၀ိုင်းဝန်း ရိုက်နှက်ကြသဖြင့် အဖွားအိုမှာ သေဆုံးသွားခဲ့ပြီး၊ မြေးမလေးမှာ ဆေးရုံတွင်ပို့ ထားရကြောင်း သိရပါသည်။
လူထု မောင်ကာဠု


နှစ်ပေါင်းများစွာ ခွင့်ပြုချက်မဲ့ခဲ့သော ရခိုင်စာပေ တရားဝင် သင်ခွင့်ရတော့မည်

သမိုင်းစဉ်တစ်လျှောက် ခွင့်ပြုချက်မရခဲ့သော ရခိုင်စာပေကို လာမည့် ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းအောက် အဆင့်၌ တရားဝင် သင်ကြားခွင့်ပေးလိုက်ပြီ ဖြစ်သည်။ ရခိုင်ပြည်နယ်မှ ဥပဒေချုပ် ဦးလှသိန်း၊ စက်မှုဝန်ကြီး ဦးသာလူချေနှင့် စစ်တွေတက္ကသိုလ်မှ ပညာရှင်များ၊ အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်သည့် ၂၇ ဦးအဖွဲ့ကို ပြည်နယ်အစိုးရက မတ်လ ၅ ရက်နေ့တွင် ရခိုင်စာပေကို သင်ရိုးညွှန်းတမ်း ရေးဆွဲရန် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပြီး မတ်လ ၉ ရက်နေ့ ညနေတွင် ရခိုင်သင်ပုန်းကြီး ဖတ်စာကို ပထမအဆင့် အနေဖြင့် ရေးဆွဲမှု ပြီးစီးသွားခဲ့ကြောင်း အဖွဲ့ဝင်အဖြစ် ပါဝင်သူ ဦးကျော်ရွှေမောင်က ပြောသည်။ 

“အပြောကို အခြေခံပြီး ရေးဆွဲထားပါတယ်။ အက္ခရာနဲ့ စာကို မသိတဲ့သူတွေ ရှိတယ်။ အခု ရေးဆွဲထားတဲ့ အက္ခရာက မြောက်ဦးခေတ် အဝိုင်းအက္ခရာကို ရခိုင်အက္ခရာအဖြစ် အခြေခံပြီး အသုံးပြုထားတယ်” ဟု ၎င်းက ဆိုသည်။ မတ်လ ၁၆ ရက်နေ့တွင် ပထမတန်း၊ ဒုတိယတန်း အဆင့်များ၌ သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်းများ ဆက်လက်ရေးဆွဲခြင်း၊ နွေရာသီ ကျောင်းပိတ်ရက်တွင် ရခိုင်စာပေကို သင်ကြားပေးမည့် ဆရာ၊ ဆရာမများအား သင်တန်းပေးခြင်းတို့ကိုလည်း ကော်မတီ က ဆောင်ရွက် သွားမည်ဟု သိရသည်။ 

မိုဘိုင်းဖုန်းနှင့် တက်ဘလက်ရှိ အန်းဒရွိုက်စနစ်အား Ubuntu စနစ် ထည့်သွင်းအသုံးပြုရန် ပြည်တွင်းကွန်ပျူတာ ပညာရှင်များ စမ်းသပ်နေ

မိုဘိုင်းဖုန်းနှင့် တက်ဘလက်များကို အန်းဒရွိုက်စနစ်သုံး မောင်းနှင်ရာမှ Ubuntu စနစ်အား ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် ပြည်တွင်းရှိ ကွန်ပျူတာနည်းပညာရှင်များမှ စတင်စမ်းသပ်မှုများ ပြုလုပ်နေ ကြပြီ ဖြ စ်ကြောင်း Ubuntu Myanmmar Loco Team မှ သိရသည်။ 

“အခုတော့ ASUS တက်ဘလက်မှာ စမ်းသပ်ကြည့်နေပါတယ်။ နောက်ပြီးရင်တော့ ပြည်တွင်းမှာ အသုံးများတဲ့ အမှတ်တံဆိပ်တွေကို စမ်းသပ်ထည့်သွင်း ကြည့်မှာပါ” ဟု နည်းပညာကျွမ်းကျင်သူ လူငယ်တစ်ဦးမှ Ubuntu မောင်းနှင်စနစ် ထည့်သွင်း စမ်းသပ်နေမှုအား ပြောကြားသည်။ 

မိုဘိုင်းဖုန်းတွင် ထည့်သွင်းသုံးနိုင်မည့် Ubuntu စနစ်မှာ အန်းဒရွိုက်ဖုန်းများ၌ ပါဝင်သည့် ပုံရိပ်ယောင်ခလုတ် ပုံစံမျိုး ပါဝင်လာတော့မည်မဟုတ်ဘဲ သုံးစွဲသူမှ လိုအပ်သည့်စနစ်သို့ လက်လှုပ်ရှားမှုဖြင့် ရယူနိုင်မည် ဖြစ်သည်။ ထို့ပြင် မော်ဒယ်မြင့် စမတ်ဖုန်းများတွင် ထည့်သွင်း အသုံးပြုပါက မော်နီတာဖြင့် ချိတ်ဆက်၍ ကွန်ပျူတာတစ်လုံးကဲ့သို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ငွေစက္ကူအတုကို အများသိနိုင်ရန် ထုတ်ပြန်ကြေညာသင့်ကြောင်း ပညာရှင်များပြောကြား

ငွေစက္ကူအတုများနှင့် ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ်က အများပြည်သူ လွယ်ကူစွာ သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပေးသင့်ကြောင်း စီးပွားရေးပညာရှင်များက ပြောကြားသည်။

 ပြည်တွင်း လှည့်လည် သုံးစွဲနေသည့် ငွေကြေးများတွင် ကျပ်တစ်ထောင်နှင့် ကျပ်ငါးထောင်တန် ငွေစက္ကူအတုများ ရောနှော ပါဝင်နေသည့်အတွက် အတုအစစ် ခွဲခြားသည့်ပုံစံကို အစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ ဂျာနယ်၊ သတင်းစာများ၊ တီဗီ၊ ရေဒီယိုတို့မှ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာပေးသင့်ကြောင်း ပညာရှင်များက ရှင်းပြသည်။ “ဘဏ်တွေမှာ ငွေစက္ကူအစစ်ရဲ့ စက္ကူသားအခြေအနေ၊ အရောင်၊ လျှို့ဝှက်ပါဝင်မှုကို ငွေစက္ကူ အတုနဲ့ ဘယ်လိုကွာတယ်ဆိုတာ စာတွေကပ်ပြီး သတိပေးမှုတွေ လုပ်သင့်တယ်” ဟု စီးပွားရေး ပညာရှင် ဦးလှမောင်က ဆိုသည်။ 

ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ကျပ် ၂,၈၀၀ ဘီလီယံကျော် ထုတ်လုပ်ထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင်က ပြည်သူ့လွှတ်တော် တွင် ပြောကြားခဲ့သည်။ 

FEC ရုပ်လျှင် အချိန်အကန့်အသတ်ဖြင့် ကန်ဒေါ်လာတန်ဖိုးအတိုင်း ငွေပြန်လဲပေးမည်

ကြားခံငွေအဖြစ် သုံးစွဲလျက်ရှိသော FEC အား ရုပ်သိမ်းပါက သုံးစွဲသူများ နစ်နာမှုမရှိစေရန် အချိန်အကန့်အသတ်ဖြင့် ကန်ဒေါ်လာ တန်ဖိုးအတိုင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။ 

ကြားခံငွေအဖြစ် သုံးစွဲလျက်ရှိသော FEC အား ပြန်လည်ရွေးနုတ်ယူမည့် ကြေညာချက် ထုတ်ပြန်ပေးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီမှု ရယူပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားပြီး သဝဏ်လွှာနှင့် စပ်လျဉ်း၍ မတ်လ ၂၀ ရက်တွင် ပြည်ထောင်စုအဆင့် ရာထူးဝန်အဖွဲ့မှ ဖတ်ကြားရှင်းလင်းကာ လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် စီစဉ်ထားကြောင်း သိရသည်။ 

ပုံနှိပ်ဥပဒေကြမ်းအတွက် အကြံပြုချက်များ ဆွေးနွေးရန် စာနယ်ဇင်း ကောင်စီနှင့် ပြန်ကြားရေးဝန်ကြီး တွေ့မည်

အငြင်းပွားမှု၊ ဝေဖန်မှုများ ထွက်ပေါ်နေသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတွင် ပြင်ဆင် ဖြည့်စွက်လိုသည့် အကြံပြုချက်များ ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

စာနယ်ဇင်းကောင်စီ (ယာယီ)မှ ဆွေးနွေးသည့် အချက်များကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတွင် အကြံပြုနိုင်ရန် ဝန်ကြီး ဦးဆောင်သည့် အဖွဲ့နှင့် စာနယ်ဇင်းကောင်စီ (ယာယီ) မှ ကိုယ်စားလှယ်များ ဦးဆောင်သည့် အဖွဲ့တို့သည် မတ်လ ၂၃ ရက်တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်တိုက်ရုံး၌ တွေ့ဆုံမည်ဖြစ်သည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး (သို့မဟုတ်) ကောင်စီဝင်တစ်ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

စိတ်ချရသည့် အနေအထားရောက်လျှင် မတရားသင်း သတ်မှတ်ထားမှုများ ပယ်ဖျက်ပေးမည်ဟု ဦးအောင်မင်း ပြောကြား

မတရားအသင်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ထွက်ပေါ်လာခဲ့ပြီး ၅ ရက်အကြာ ပြီးခဲ့သော တနင်္ဂနွေက စိတ်ချရသည့် အနေအထားရောက်လျှင် မတရားသင်း သတ်မှတ်ထားမှုများကို ပယ်ဖျက်ပေးသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။ 

ယင်းသို့ ပြောဆိုမှုသည် ကြိုဆိုလက်ခံရမည့် ကိစ္စဖြစ်သလို၊ တိကျသော သတ်မှတ်ချက် မပါဝင်ဘဲ ပြေရာပြေကြောင်း လက်လွတ်စပယ် ပြောကြားချက် စကားရပ်အချို့အဖြစ် တိုင်းရင်းသား အဖွဲ့အစည်းအချို့နှင့် ယခင်က မတရားသင်းအဖြစ် သတ်မှတ်ခံထားရသော အဖွဲ့အစည်းအချို့တို့ကြားတွင် သဘောထားနှစ်ရပ် ကွဲလွဲလျက်ရှိသည်။ 

အထူးသဖြင့် မတရားသင်းဥပဒေ၊ နိုင်ငံရေးအကျဉ်းသား စသည်တို့ကို လက်နက်တစ်ခုသဖွယ် အသုံးချခြင်းမဟုတ်ဘဲ တိုင်းပြည်ပြုပြင် ပြောင်းလဲရေးနှင့် ပဋိပက္ခများ အဆုံးသတ်ရန် ကြိုးစားသည့်နေရာ၌ အရေးကြီးလုပ်ငန်းစဉ်ကို ဆောင်ရွက် အကောင်အထည်ဖော်ခြင်းအဖြစ် နားလည်ရန် လိုအပ်ကြောင်း လက်ရှိအချိန်အထိ မတရားသင်းအဖြစ် သတ်မှတ်ခံထားရသော ABSDF အဖွဲ့ ဗဟိုဦးဆောင် ကော်မတီဝင် ကိုကျော်ကိုက ပြောသည်။ 

ဘင်္ဂါလီလူမျိုး (၈၀) နီးပါးခန့်အား မြိတ်မြို့တွင် ဒုတိယ အကြိမ် ထပ်မံ ဖမ်းဆီးရမိ

ဘင်္ဂါလီလူမျိုး (၈၀) နီးပါးခန့်အား မြိတ်မြို့တွင် ဒုတိယ အကြိမ် ထပ်မံ ဖမ်းဆီးရမိ
Wednesday, March 20, 2013

ဘင်္ဂလာဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ပြည်သူများ၏ သတင်းပေးမှု၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) ၊ တပ်မတော် (ကြည်း) တို့၏ ပူးပေါင်း ရှာဖွေ ဖမ်းဆီး မှုကြောင့် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နေ့ (၁၉) ရက်နေ့များတွင် မြိတ်မြို့နယ် အတွင်း ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ စန္ဒ၀တ်ကျေးရွာ အုပ်စု ကွမ်းသီးချောင်းကျေးရွာ အနီး ချောင်းအတွင်း ဘင်္ဂါလီများ အများ အပြား ရောက်ရှိနေကြောင်း သတင်းအရ ရှာဖွေ ဖမ်းဆီးရာတွင် ဘင်္ဂါလီ (၅၃) ဦးအား လည်းကောင်း၊ နေ့လည်ပိုင်းတွင် စန္ဒ၀တ်ကျေးရွာအုပ်စု ကျွဲကူးရွာ မြေပေါ် လွန်းကျင်းတွင် ဘင်္ဂါလီ (၁၀) ဦးခန့်အား လည်းကောင်း၊ အခြား နေရာများမှ (၈) ဦး စုစုပေါင်း (၇၁) ဦးအား ဖမ်းဆီး ရမိကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသော ဘင်္ဂါလီများအား စစ်ဆေးချက်အရ ဘင်္ဂါလီများ ကျန်ရှိနေသေးကြောင်း သိရှိရသဖြင့် ခရိုင် မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ၊ တပ်မတော် (ကြည်း)၊ တပ်မတော် (ရေ ) ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြိတ်မြို့နယ်အတွင်း လိုက်လုံ ရှာဖွေ ခဲ့ကြရာ မတ်လ (၁၉) ရက်နေ့ ည (၇) နာရီ အချိန်ခန့်တွင် မြိတ်မြို့ မဇော ကျေးရွာအုပ်စု ရှမ်းထိန်ကျေးရွာ အနီး ချောင်းကမ်းစပ် ဓနိတောများ အတွင်းမှ ဘင်္ဂါလီ အမျိုးသမီး (၈) ဦးအား လည်းကောင်း၊ ၄င်းတို့ စီးနင်း အသုံးပြုခဲ့သည့် အလျား (၅၀) ပေ ၊ အနံ (၁၂) ပေ အရွယ်ရှိ သစ်သားလှေ တစ်စီးအား မြင်းကောင်ရေ (၂၅) ကောင် တရုတ်အင်ဂျင်စက် (၂) လုံး တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ထိုသို့ ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ဖမ်းဆီးရမိပြီးနောက် စစ်ဆေးချက်များ အရ ထပ်မံ ကျန်ရှိသေးကြောင်း သတင်းရသဖြင့် တာဝန်ရှိသူများက ရှာဖွေ ဖမ်းဆီး လျက် ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့်လ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ကလည်း မြိတ်မြို့သို့ ခိုးဝင် လာသည့် ဘင်္ဂါလီ လူမျိုး (၆၅) ဦးခန့်အား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တဆင့် စစ်တွေမြို့ သက်ကယ်ပြင်
ကျေးရွာနေ ဦးရှော်ဘီထံ အခကြေးငွေ ပေးပြီး ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်အတွက် သွားရောက်ရန် စက်လှေဖြင့် ထွက်ခွာလာစဉ် မြိတ်မြို့သို့ ရောက်ရှိ လာခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ - zaw zaw myeik
ယခင် ပထမအကြိမ် ခိုးဝင်လာသည့် ဘင်္ဂါလီများအား တွေ့ရစဉ်

မြိတ်ပုလဲမြေ 
http://myeiknews.blogspot.com
ယခင် ပထမအကြိမ် ခိုးဝင်လာသည့် ဘင်္ဂါလီများအား တွေ့ရစဉ်
ဘင်္ဂလာဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ပြည်သူများ၏ သတင်းပေးမှု၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) ၊ တပ်မတော် (ကြည်း) တို့၏ ပူးပေါင်းရှာဖွေဖမ်းဆီးမှုကြောင့် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နေ့ (၁၉) ရက်နေ့များတွင် မြိတ်မြို့နယ် အတွင်း ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ စန္ဒ၀တ်ကျေးရွာ အုပ်စု ကွမ်းသီးချောင်းကျေးရွာ အနီး ချောင်းအတွင်း ဘင်္ဂါလီများ အများ အပြား ရောက်ရှိနေကြောင်း သတင်းအရ ရှာဖွေ ဖမ်းဆီးရာတွင် ဘင်္ဂါလီ (၅၃) ဦးအား လည်းကောင်း၊ နေ့လည်ပိုင်းတွင် စန္ဒ၀တ်ကျေးရွာအုပ်စု ကျွဲကူးရွာ မြေပေါ် လွန်းကျင်းတွင် ဘင်္ဂါလီ (၁၀) ဦးခန့်အား လည်းကောင်း၊ အခြား နေရာများမှ (၈) ဦး စုစုပေါင်း (၇၁) ဦးအား ဖမ်းဆီး ရမိကြောင်း သိရှိရသည်။

ကချင်တွင် ကလေးစစ်သားများ သုံးနေကြောင်း ABSDF မှ ဗီဒီယို ဖြင့် ထုတ်ဖော် ပြသ

မြန်မာ မီဒီယာနှင့် ငြိမ်းချမ်းရေး ဆိုသည့် လမ်းလျှောက်အဖွဲ့များ ပါးစပ် ပိတ်နေသောကြောင့် မလွတ် လပ် နိုင်သော ကလေးစစ်သားများ
ကလေးစစ်သားများ မြန်မာနိုင်ငံတွင် အသုံးပြုနေကြောင်း နိုင်ငံတကာ အဖွဲ့ အစည်းများ၊ ကလေးငယ် အခွင့်အရေးကာကွယ်သူများ၊ လူ့အခွင့်အရေးလှုပ် ရှားသူများက မကြာခဏ ပြစ်တင်ဝေဖန်မှုများ ရှိခဲ့ သည်...ယခုအခါ အဆိုပါစွပ်စွဲချက်များ မှန်ကန်ကြောင်း ABSDF မြောက်ပိုင်းမှ ဗိုလ်မှူးမင်းဌေးက သက်သေ အထောက် အထားများဖြင့် အခိုင်အမာ ထုတ်ဖော်ဝန်ခံလိုက်သည်...
ကလေးစစ်သားများမှာ မြန်မာအစိုးရစစ်တပ်တွင် အသုံးပြုနေခြင်းမဟုတ်ဘဲ အစိုးရအား လက်နက်ကိုင် ဆန့်ကျင်နေသည့် အဖွဲ့အစည်းများတွင် အသုံး ပြုနေခြင်းသာ ဖြစ်သည်...လတ်တလော ထွက်ပေါ် လာသော ဗီဒီယိုမှတ်တမ်းတွင် မင်းဌေးက အဆိုပါ သက်သေ အထောက်အထား များ ကို ဖော်ပြ ခဲ့ခြင်း ဖြစ်သည်... 
 

လူနှင့်မဟုတ်၊ မူဖြင့် အုပ်ချုပ်နေသည်ဟု သူရ ဦးရွှေမန်း ဆို



မြန်မာနိုင်ငံမှာ လူနဲ့ အုပ်ချုပ်တာ မဟုတ်ပါကြောင်း၊ ယခုအခါ မူနဲ့ အုပ်ချုပ်နေတာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ 
ယနေ့ ကာလသည် “ လူနှင့် အုပ်ချုပ်ခြင်းမဟုတ်ဘဲ မူဖြင့် အုပ်ချုပ်နေခြင်းဖြစ်ကြောင်း’’ အဆိုပါမူများက လွှတ် တော်က ဆောင်ရွက်နေခြင်ြး ဖစ်ကြောင်း၊ ဥပဒေကြမ်းများကို လွှတ်တော်နှစ်ခုက သဘောတူလျှ င်ပြည်ေ ထာင်စု လွှတ်တော်က ဥပဒေအဖြစ် အတည်ပြုပေးရကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေ မန်း က ရန်ကုန် တိုင်း၊ ဒလမြို့နယ်ဒေသ ခံတွေနဲ့ မတ်လ ၁၆ ရက်နေ့ က တွေ့ဆုံစဉ် ပြောသွား တာပါ။ 
 

လိုင်ဇာမြို့ ပုံမှန်ပြန်ဖြစ်နေပြီဟုဆို

 
 
ကချင်လွတ်မြောက်ရေးအဖွဲ့မှ ထိန်းချုပ်ထားသော နယ်စပ်မြို့ဖြစ်သည့် လိုင်ဇာမြို့မှာ ပုံမှန်အနေအ ထား ပြန်ရောက်နေပြီဖြစ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ရွှေလီမြို့ တွင် ပြောကြားခဲ့သည်။“လိုင်ဇာကတော့ ပုံမှန်ပြန်ဖြစ်ပြီလို့ ပြောလို့ရပါပြီ”ဟု ဗိုလ်ချုပ်ဂွန်မော်က မတ်လ ၁၁ ရက်တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်ခဲ့သောဆွေးနွေးပွဲခေတ္တနားစဉ် သတင်းထောက်များ အား ပြော ကြားခဲ့သည်။

မြန်မာနှင့် တရုတ်နိုင်ငံနယ်စပ်တွင် တည်ရှိသော လိုင်ဇာမြို့သည် နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသော မြို့တစ်မြို့ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် ကုန်သွယ်ရေးလုပ်ငန်းများ အားလုံးနီးပါး ရပ်တန့်သွားခဲ့သည်။
 

မြန်မာ၊ သြစတြေးလျ စစ်ရေး ပူးပေါင်းဆောင်ရွက်မည်





သြစတြေးလျ အနေဖြင့် ကာကွယ်ရေး ကဏ္ဍတွင် မြန်မာနိုင်ငံ အပေါ် ကန့်သတ်ထားမှု တချို့ကို ရုပ်သိမ်းပေးတော့မည် ဖြစ်ကာ မြန်မာနိုင်ငံတွင် စစ်သံမှူးတဦး ခန့်အပ်မည်။ ကာကွယ်ရေးဆိုင်ရာ ကန့်သတ်မှုများ ရုတ်သိမ်းမည့်အထဲတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အပါအဝင် လူသားချင်းစာနာမှုနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စများတွင် အပြန်အလှန် တုန့်လှယ်ဆောင်ရွက်မှုများ ပါဝင်သည်။
ထိုအထဲတွင် စစ်ရေး ပူးတွဲလေ့ကျင့်မှုများ ပါဝင်မည် ဖြစ်သည်။
 
 

Myanmar Navy and LIMA 2013


မြန်မာ့တပ်မတော်(ရေ)မှ Frigate အမျိုးအစား စစ်ရေယာဉ် UMS- Mahar Bandoola( F-21) သည် ပထမဆုံးအကြိမ်အဖြစ် မလေးရှားနိုင်ငံ ၊ Langkawi တွင် မတ်လ (၂၆) ရက်နေ့မှ မတ်လ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Langkawi International Maritime & Aerospace Exhibition ( LIMA 2013 ) အစီအစဉ်များတွင် ပါဝင်ရန်အတွက် ရန်ကုန်ဆိပ်ကမ်းမှ Langkawi သို့ မကြာမီရက်ပိုင်းအတွင်း ထွက်ခွာမည်ဟု သိရှိရပါသည်။ ထို့ပြင် မြန်မာ့တပ်မတော်(ရေ)မှ Delegation အဖွဲ့ကိုလည်း လေကြောင်းဖြင့် သီးခြားစေလွှတ်သွားမည် ဖြစ်သည်။အလားတူ ကြည်းတပ်/ လေတပ် နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လည်း Delegation အဖွဲ့များ စေလွှတ်မည်ဟု ကြားသိရသည်။

မြန်မာ့တပ်မတော်(ရေ)သည် အိန္ဒိယနိုင်ငံ၊ Port Blair တွင် ပြုလုပ်သော MILAN သို့သာ စစ်ရေယာဉ် များ စေလွှတ်ခဲ့ပြီး ယခုအကြိမ် LIMA သို့ စေလွှတ်ခြင်းသည် ပထမဆုံးဖြစ်၍ တပ်မတော်(ရေ)၏ နိုင်ငံတကာသို့ ခြေဆန့်ဝင်ရောက်မှုအား ကြိုဆိုရမည် ဖြစ်ပါသည်။
 

ထားဝယ် ခရိုင် လောင်းလုံး မြို့နယ် မျှော်ရစ် ကမ်းခြေတွင် ဝေလငါး အသေ တစ်ကောင် သောင်တင်



ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊မျှော်ရစ်ကမ်းခြေ(ကမ်းပနီ)တွင်မတ်၁၆ရက်နေ့က ဝေလငါးအမျိုးအစား ငါး အသေကောင်တစ်ကောင်လာရောက်သောင်တင်နေကြောင်းသိရသည်။ အဆိုပါ ဝေလငါး သည် ခေါင်း ဖျားမှ အမြီးဖျားအထိ (၄၂)ပေခန့် ရှည်ပြီး အချို့ အသားများပဲ့ကြွေနေပြီဖြစ်ရာ လွန်ခဲ့သော တစ်လနီးပါးခန့်ကပင် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်းဒေသခံရေလုပ်သား ကဆိုသည်။ ၂၀၀၅ ခုနှစ်အတွင်း ကလည်း (၃၆) ပေရှည် ဝေလငါးတစ်ကောင်သည် မောင်းမကန်အနီးရှိ သဘော့ဆိပ်ကမ်းခြေ တွင် လာရောက်သောင်တင်ခဲ့ပြီး၊ ၄င်းငါး၏ အရိုးစုကို ထားဝယ်တက္ကသိုလ်တွင်ပြသ ထားကြောင်းသိရသည်။ အခြားဝေလငါး တစ်ကောင်မှာလည်း ၂၀၀၇ ခုနှစ်ခန့်က တီစစ်၊စမ်းလှမ်းကမ်းခြေတွင် လာတင်ခဲ့ဖူးရာ အရိုးရရန်အတွက် မြေမြှုပ်ထားရှိကြောင်း သိရသည်။ 


မြန်မာ့ အမြင့်ဆုံး ခါကာဘိုရာဇီတောင် အနီးရှိ ဂမ်လန်ရာဇီ တောင်ထိပ်သို့ တက်ရောက်လိုသူများး Htooဖောင်ဒေးရှင်းသို့ဆက်သွယ်နိင်

 

မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင် ခါကာဘိုရာဇီတောင် အနီးရှိ ဂမ်လန်ရာဇီ တောင်ထိပ်သို့ တက်ရောက်လိုသူများး Htooဖောင်ဒေးရှင်း သို့ဆက်သွယ်ကြောင်းသိရသည်။ ဂမ်လန်ရာဇီတောင်သို့ လိုက်ပါ တောင်တက်လိုသူများ Htoo Foundation Facebook စာမျက်နှာသို့ လာမည့် ဧပြီလ (၅) ရက်နေ့မှ စ၍ Message ပို့ စာရင်းပေးပို့နိင်ပြီး နိုင်ငံခြားသား တောင်တက် ဆရာနှင့် လေ့ကျင့်ပေး မည် ဖြစ်ကြောင်း သိရသည်။

ဂမ်လန်ရာဇီတောင်တက်ရင်း လမ်းတလျှောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ ပူးတွဲ ဆောင် ရွက်နိုင်ရန်အတွက် လိုအပ်သည် များကို စီစဉ်ပေးမည် ဖြစ်ကြောင်းသိရသည်။

အလားတူ Mount Everest ဧဝရက်တောင် သို့ တက်ရောက်ရန် တောင်တက် ဝါသနာပါသူများကို မိမိတို့၏ Htoo Foundation မှ နိုင်ငံတကာတောင်တက်အားကစားနှင့် ထိမ်းသိန်းကာကွယ် စောင့်ရှောက်ရမည့် Ethic များ၊ Teamwork များ လေ့လာသိရှိနိုင်စေရန် စီစဉ်ပေးမည်ဖြစ်ပြီးတက်ရောက်ရန် ရွေးချယ်ခံရမည့်သူ များအားလည်း နိုင်ငံခြားတွင် သင်တန်းပေးသွားရန် စီစဉ်ထားကြောင်းသိရသည်။



ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရိုလာကိုစတာ

 
 
တစ်နာရီ ၉၃ မိုင်နှုန်းအထိ အမြန်ပြေးပါတယ်။ ပေ ၃၁၀ အထိ အပေါ် တက်ပြီး ပေ ၃၀၀ ပြန်ကျပါတယ်။ အရှည်ပေ ၆၅၉၅ ပေရှိပြီး တစ်ခါစီးရင် ကြာချိန်က ၂ မိနစ်နဲ့ စက္ကန့် ၂၀ပါ။

အမေရိကန်ပြည်ထောင်စု အိုဟီးအိုးပြည်နယ် Sandusky မြို့ မှာ ရှိတဲ့ Cedar Point အမည်ရ အပန်းဖြေကစားကွင်းမှာ တည်ရှိပြီး Millennium Force လို့ အမည်ရပါတယ်။ ကမ္ဘာ့အကောင်းဆုံး စတီးရိုလာကိုစတာ အဖြစ် ဆုများ ၇ ကြိမ်တိုင်တိုင် ရရှိထားပြီး ၂၀၀၀ ခုနှစ် မေလ ၁၁ ရက်နေ့က စတင်ဖွင့်လှစ် ပါတယ်။

စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂၅ သန်းတောင်ရှိပါတယ်။ ကမ္ဘာ့ လူစီးအများဆုံး ရိုလာကိုစတာ စာရင်းထဲမှာ ပါဝင်ပါတယ်။ ၈၀ ဒီဂရီ အထိတောင် စောင်းပြီး သွားလာတဲ့ ယင်း ရိုလာကိုစတာဟာ ကမ္ဘာ့ ကြောက်မက်ဖွယ် အကောင်းဆုံး ရိုလာကိုစတာ အဖြစ်လည်း လူသိ များကြောင်း သိရပါတယ်။
--

TechSpace Journal

သင်္ကြန်အမှီ ရေစိုခံ Sony ရဲ့ No.1 ဖြစ်သော Smart Phone Xperia Z ရန်ကုန်ရောက်ပြီ

 သင်္ကြန်အမှီ ရေစိုခံ Sony ရဲ့ No.1 ဖြစ်သော Smart Phone Xperia Z ရန်ကုန်ရောက်ပြီ

CES 2013 မှာ နာမည်ကြီးခဲ့တဲ့ Xperia Z ရန်ကုန်မှာ ရောင်းချနေပြီ ဖြစ်ပါတယ်။

TMW ကနေ ယမန်နေ့က ကြေငြာခဲ့ပြီး တရားဝင် တင်သွင်းဖြန့်ချိထားတာ ဖြစ်ပါတယ်။

TMW Show Room ရောင်းဈေးကတော့ ၅၉ ၉ ၀၀၀ ကျပ်ဖြစ်ပါတယ်။

ယနေ့ ၁၉ ရက်နေ့မှာတော့ Outlet (Technoloand) ဆိုင်များမှာ ၅၇၉ ၀၀၀ကျပ်နဲ့ ရောင်းချပေးနေတာ တွေ့ရပါတယ်။

အနက်ရောင်နဲ့ ငွေရောင် နှစ်မျိုး ရရှိနိုင်မှာဖြစ်ပြီး Accessories များကတော့ လက်တလော မရောက်ရှိသေးပါဘူး။

THA: TSJ Tech Team
Re-Post By ACM 20-3-2013
အေးချမ်းမွန် Credit & Copy From >> TechSpace Journal << Thank
 
CES 2013 မှာ နာမည်ကြီးခဲ့တဲ့ Xperia Z ရန်ကုန်မှာ ရောင်းချနေပြီ ဖြစ်ပါတယ်။ TMW ကနေ ယမန်နေ့က ကြေငြာခဲ့ပြီး တရားဝင် တင်သွင်းဖြန့် ချိထား တာဖြစ်ပါတယ်။ TMW Show Room ရောင်းဈေးကတော့ ၅၉ ၉ ၀၀၀ ကျပ်ဖြစ်ပါတယ်။ယနေ့ ၁၉ ရက်နေ့မှာတော့ Outlet (Technoloand) ဆိုင်များမှာ၅၇၉ ၀၀၀ ကျပ်နဲ့ ရောင်းချပေးနေ တာ တွေ့ရပါတယ်။အနက်ရောင်နဲ့ အဖြူ( ငွေရောင်) နှစ်မျိုး ရရှိနိုင်မှာဖြစ်ပြီး Accessories များကတော့ လက်တလော မရောက်ရှိသေးပါဘူး။

TechSpace Journal

တိုင်းရင်းသား နိုင်ငံရေး ပါတီ ၁၂ ဖွဲ့ နှင့် လက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့ ညီလာခံ ကျင်းပ

ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ် ထဲမှာ ရှိတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီ ၁၂ ဖွဲ့ နဲ့ လက်နက်ကိုင် ၁၃ ဖွဲ့ တို့ ပူးပေါင်းပြီး ၂၅ ဖွဲ့ ညီလာခံ တရပ်ကို လားရှိုးမြို့ မှာ မတ်လ ၂၀ ရက်ကနေ ၂၂ ရက်နေ့ အထိ ကျင်းပ ပါတယ်။
ဒီညီလာခံ ရဲ့ အဓိက ရည်ရွယ်ချက် က ပြည်တွင်းငြိမ်းချမ်းရေး၊ ယုံကြည်မှု တည်ဆောက်ရေး နဲ့ ပြည်ေ ထာင်စု အတွင်းမှာ ဘယ်လို ကူညီ ဆောင်ရွက်မှု တွေ ပြုသင့် ကြောင်း စတာ တွေ ဆွေးနွေးဖို့ ရှိပုံ ကို ရှမ်း တိုင်းရင်သားများ ဒီမိုကရက်တစ် ပါတီ က စိုင်းညွန့်လွင် က ဘီဘီစီ ကို ပြောပါတယ်။
ပထမ အဆင့် အနေနဲ့ တိုင်းရင်းသား အစု အဖွဲ့ တွေ အကြား မှာ ယုံကြည်မှု တည်ဆောက် ပြီး ဒုတိယ အ ဆင့် အနေနဲ့ အစိုးရ နဲ့ ယုံကြည်မှု တည်ဆောက် မှာ ဖြစ်ပုံ လည်း စိုင်းညွန့်လွင် က ရှင်းပြပါတယ်။
 

၇ ရက် သားသမီးကို လိမ်လည် သော ၇ ရက် ဂျာနယ်ဟု ဝေဖန် ခံရသည့် 7Day မှ ပြိုင်ကား သတင်း

 
ပြိုင်ကား ပိုင်ရှင်ကို သတ်ပြီး ကားလုပြေးသည့် အမှုအား ပြိုင်ကား မုန်းသည့် ဂျာနယ်တို့ လက်သို့ ရောက် သည့်အခါ ပြိုင်ကား တစ်စီးက ဓားဒဏ်ရာနှင့် အမျိုးသား တစ်ဦးအား ပစ်ချခဲ့ဟု ဖြစ်သွားတော့သည်။
 
====================================
 
မူရင်းဖြစ်စဉ်က ......  ပြိုင်ကားပိုင်ရှင် အား ၊ သတ်ဖြတ်ပြီး ကားလုပြေးတာပါ ။ 
သောက်တလွဲ ဂျာနယ်မှ တင်လိုက်သည်ကား ........ ။ ဤကဲ့သို့ ဖြစ်လေရောဗျာ ...........  ပြိုင်ကားတစ်စီးက ဓားဒဏ်ရာနှင့် အမျိုးသားတစ်ဦးအား ပစ်ချခဲ့မှုဖြစ်ပွားခဲ့သည်။ ယနေ့ မတ်လ ၁၉ ရက် တွင် တရားခံဟု ယူဆသူအား ဖမ်းမိခဲ့ပြီး စစ်ဆေးလျက်ရှိရာ ဖြစ်စဉ်အသေးစိတ်အား ထုတ်ပြန်ခြင်း မပြုေ သးကြောင်း။ 
 
မီဒီယာ ဆိုသည်မှာ အဘယ်နည်း ?
 
တိကျသော သတင်းအား ပြည်သူများ သိရှိစေရန် တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သည် ။ ထို ကဲ့သို့ တရား ခံ နှင့် အသတ်ခံရသူအား ထင်ယောင်ထင်မှား ဖြစ်စေမည့် သတင်းမျိုး ၊ အရေးအသား မျိုး တင်သော ဂျာနယ်မှာ မီဒီယာ ဆောင်ပုဒ်ဖြင့် ကိုက်ညီမူ့ လုံးဝ မရှိပေ ။မီဒီ ယာ လောကအား သိက္ခာ ကျဆင်းစေ သကဲ့ သို့ ၊ စာဖတ်သူ ပြည်သူ လူထုအား စော်ကားရာလည်း ရောက် ပါတယ် ။ 
 

PNLO နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ပြည်ထောင်စု အဆင့် တွေ့ဆုံရန်ရှိ

 
 
ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့တို့ လာမည့် မတ်လ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း PNLO အဖွဲ့ ဥက္ကဌဖြစ်သူ ခွန်ဥက္ကာက ဆိုသည်။

“မနေ့က ဦးအောင်မင်း ဖိတ်စာ ပို့လာတယ်။ လာမယ့် မတ်လ (၂၂/၂၃) ရက်နေ့မှာ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ(MPC) မှာ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ ပြောလာတယ်။ ကျနော်တို့ ဘက်ကလည်း သွားတွေ့မယ်လို့ အကြောင်းပြန် ထားတာ ရှိပါတယ်။” ဟု ဆိုသည်။

တင်ပြ ဆွေးနွေးကြမည့် အချက်များကို ထုတ်ဖော် ပြောကြား၍ မရသေးကြောင်းနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြည်နယ် အဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ခဲ့စဉ်က တင်ပြချက် (၆) ချက်အပေါ် ဆက်လက် ဆွေးနွေး သွားဖွယ် ရှိကြောင်း PNLO ဖက်က ဆိုသည်။
 

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး ဥပဒေ၊ အမိန့်/ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ရန် လိုအပ်

 
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး (၂၁) ရက်မြောက်နေ့ကို ယနေ့ နံနက်ပိုင်းတွင် အစီအစဉ် (၁၁) ခုဖြင့် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များနှင့် အတူ ပြန်လည် ပေးပို့လာသော ၂ဝ၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ သဘောထား မှတ်ချက်များ အပေါ် ထောက်ခံ ဆန္ဒမဲ များသည့်အတွက် နိုင်ငံတော် သမ္မတ သဘောထား မှတ်ချက်ပြုထားသည့် အတိုင်း ပြင်ဆင် သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
 
ထို့ပြင် လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု နည်းဥပဒေ နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးက ပြင်ဆင်ချက် အဆို တင်သွင်း ဆွေးနွေး ကြပြီး သက်ဆိုင်ရာ အပိုဒ်အလိုက် လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည်။
 

အမေရိကန်ကို တိုက်ခိုက်မယ့် မြောက်ကိုရီးယားရဲ့ သရုပ်ပြဗွီဒီယို


အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ လွှတ်တော်အဆောက်အဦးကို တိုက်ခိုက်တာ ပါဝင်တဲ့ သရုပ်ပြဗွီဒီယို ကို မြောက်ကိုရီးယားက အင်္ဂါနေ့က ထုတ်လွှင့်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အမေရိကန်လွှတ်တော်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖျက်ဆီးတာကို ပြသသလို၊ သမ္မတ အိမ်ဖြူတော်ကို ပစ်ခတ်ဖို့ ကွန်ပြူတာစနစ်သုံးပြီး ချိန်ရွယ် ထားပုံကိုလည်း ပြသထား ပါတယ်။

ကုလသမဂ္ဂ က မြောက်ကိုရီးယားကို သူ့ရဲ့ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုတွေကြောင့် အရေးယူ ဒဏ်ခတ်မှုအသစ် ချမှတ်တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နျူကလီးယားစစ် ဆင်နွှဲမယ်လို့ မြောက်ကိုရီးယား ဘက်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ လက်တွဲပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေ တဲ့ တောင်ကိုရီး ယားနိုင်ငံကိုလည်း တိုက်ခိုက်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါ တယ်။ တောင်ကိုရီးယားနဲ့ အမေ ရိကန် တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာ လို့ မြင်ကြောင်း လည်း ပြော ဆိုခဲ့ပါတယ်။

၁၃၇၄ ခုနှစ် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဆောက်လုပ်

၁၃၇၄ ခုနှစ် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကို ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့၌ စတင် ဆောက်လုပ်လျက် ရှိသည်။ ဖျော်ဖြေမှု အပိုင်းတွင်လည်း အဆိုတော်ကြီးများ ဖြစ်သော မြန်မာပြည်သိန်းတန်၊ မန္တလေးသိန်းဇော်၊ ခင်မောင်ထူး၊ ဂျက်မြသောင်း၊ ဘိုဘိုဟန်၊ သန်းမြတ်စိုး၊ ကြည်သာ(ပွဲကြိုက်ခင်)၊ ဖြိုးကြီး၊ ဟဲလေး၊ သားစိုး၊ ညီနန္ဒ၊ ဒီယံ၊ ဝေလျှံ၊ မေခလာ၊ ကော်နီ၊ မေကဗျာ၊ အိမ့်ချစ်၊ အယ်လ်ဆိုင်းဇီ၊ မှူးရတနာ အပါအဝင် အနုပညာရှင်များက မန္တလေးမြို့တော် စည်ပင် ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့်အတူ ဖျော်ဖြေမည်ဖြစ်ပြီး သင်္ကြန်မဏ္ဍပ် အလှပြိုင်ပွဲ၊ အလှပြယာဉ်ပြိုင်ပွဲ၊ ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲ၊ ဓာတ်ပုံပြိုင်ပွဲ၊ မြို့တော်ဝန်မဏ္ဍပ် ဒီဇိုင်းပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည် ဖြစ်ပြီး ဆုများ ချီးမြှင့်သွားမည် ဖြစ်သည်။ 

နိုင်ငံတော် သမ္မတကြီး ယနေ့ နေ့လည်တွင် ဆစ်ဒနီမြို့ မှ မြန်မာနိုင်ငံ သို့ ပြန်လည် ထွက်ခွာ လာမည်

နိုင်ငံတော် သမ္မတကြီးဟာ ဒီနေ့ နေ့လည်မှာ ဆစ်ဒနီမြို့ ကနေ မြန်မာနိုင်ငံ ကို ပြန်လည်ထွက်ခွာပါ့မယ်။ယ ခုခရီးစဉ်အတွင်းမှာ သြစတြေးလျအစိုးရထံကနေ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး ကဏ္ဍများမှာ အကူအညီပေးဖို့ ခိုင်မာတဲ့ကတိက၀တ်များရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့ တပ်မတော်ချင်းဆက်ဆံရေးတွေတိုးမြှင့် လုပ်ဆောင်သွားဖို့ သဘောတူညီမှု ရရှိခဲ့တဲ့အတွက် တပ်မတော်အရာရှိများ အနေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ သမားရိုးကျမဟုတ်သော လုံခြုံရေး ခြိမ်းခြောက်မှု၊ လူ့အခွင့်အရေး စတဲ့ကဏ္ဍများစွာမှာ နိုင်ငံတကာတပ်မတော်များရဲ့ အတွေ့အကြုံ များ ကို လေ့လာဆည်းပူးခွင့်ရရှိတော့မှာဖြစ်ပါတယ်။

သြစတြေးလျလုပ်ငန်းရှင်များအနေနဲ့လည်း ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး မွေးမြူရေး၊ သတ္တု၊ ခရီးသွားလုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာကဏ္ဍများမှာ လာရောက်ရင်းနှီးမြှတ်နှံဖို့ စိတ်ဝင် စားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံခရီးစဉ်မှာလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ အကူ အညီပေးရေးတို့ နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ကတိက၀တ်များရရှိခဲ့ပါတယ်။ဒါ့ကြောင့်နိုင်ငံတော်သမ္မတကြီးရဲ့ နယူးဇီလန်၊ သြစတြေးလျ ခရီးစဉ် ဟာ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်နဲ့ ဆက်လက် ဆောင်ရွက် နိုင်စေရန်အထောက်အကူပြုမယ့် အောင်မြင်တဲ့ ခရီးစဉ်ဖြစ်ေ ကြာင်း တင်ပြလိုပါတယ်။

Ye Htut

ဆက်သွားချင်သေးတယ် ဆိုရင်