Pages

Sunday, January 27, 2013

နိုင်ငံရေး သမားများနှင့် စာနယ်ဇင်း သမားများ အနေဖြင့် တည်ဆဲ ဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်း ရှိခြင်းနှင့် တိုင်ကြားခြင်း များကြောင့် စောင့်ကြည့် စစ်ဆေး ထောက်လှမ်းမှုများ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြောကြား


နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့် တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ်လျှင် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Eleven Media ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအား စောင့်ကြည့်ထောက်လှမ်းနေသည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ၌ ၎င်းက ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မောင်တောဒေသမှာ လုံခြုံရေးတပ်တွေ တိုးမြှင့်ချထား


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က အစိုးရ GE စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ပိုင် ကားတစ်စီးကို ဘင်္ဂလားဒေရှ့် အခြေစိုက် လက်နက်ကိုင် တစ်ချို့က မီးရှို့ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအစိုး ရဖက်က ဘင်္ဂလားဒေ ရှ့်-မြန်မာ နယ်စပ် တစ်လျှောက် မှာ လုံခြုံရေးတပ်တွေကို တိုးမြှင့်ချထားလိုက်တယ်လို့ RFA က စုံစမ်းသိရ ပါတယ်။ နယ်စပ်ဒေသမှာ တရား ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်အတိုင်း လုံခြုံရေး တပ်တွေ ကို တိုးမြှင့်ချထား ရတာလို့ မောင်တောအခြေစိုက် နယ်စပ်ဒေသလူဝင်မှု စစ်ဆေးကွပ်ကဲရေးဌာနချုပ် ဒုတိယကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးထူးလှိုင်က RFA ကို ပြောပါတယ်။

ခိုးမှုဖြင့် ပြစ်ဒဏ် ချမှတ်ခြင်း ခံရသူ တစ်ဦးအား လက်ဖြတ်စက် အသုံးပြု၍ အပြစ်ပေး နေပုံကို အီရန် သတင်းဌာန တစ်ခုမှ ဖော်ပြခဲ့ (ဓါတ်ပုံ)


ဒုံး လက်နက်များက စကားပြော လာမည်

မြန်မာ့တပ်မတော် (ရေ)၏ ရေယာဉ်များဖြည့်တင်းမှု၊တပ်ဆင်လာနိုင်မှုနှင့် စွမ်းရည်ထက်မြက်လြာ ခင်း စ သ ည့် အကြောင်းများကြောင့် မိမိတို့ အိမ်နီးချင်းနိုင်ငံများ အနေဖြင့် လည်း ရေယာဉ် များ အပြိုင် အ ဆိုင် တပ်ဆင်လာကြသည်ကို လေ့လာသိရှိ ရပါသည်..။

ထို့အပြင် အခုတလောတွေ့ရသည့် ဘင်္ဂလားဆိုက်မှ လုပ်ယူထားသည့် ဗီဒီယိုဖိုင်ထဲတွင် တပ်မတော် (ရေ)အား နှိမ်ကာ တင်ပြထားသည်ကိုတွေ့ရပြီး သူတို့ရေတပ်၏ မရှိ သည့် ရေ ငုပ်သင်္ဘောများ၊ ဖရီးဂိတ် များအား ဖော်ပြကာနှိုင်းယှဉ်ခြင်းများပြုလုပ်ကာ မီဒီယာဘက်မှ ယှဉ်ပြို င် လာသည်ကိုတွေ့ရပါသည်....။

ကေအိုင်အေ တပ်ဖွဲ့ဝင်များ နေထိုင်သည့် ၀န်းကျင်တွင် ရွာသားများ သွား လာခြင်း မပြုရန် အမိန့်ထုတ်



KIAတပ်ဖွဲ့ဝင်များနေထိုင်သည့်ဝန်းကျင်တွင် ရွာသားများသွားလာခြင်းမပြုရန် အမိန့်ထုတ် KIA တပ်ဖွဲ့ ၀င်များ အနေနဲ့ အစိုးရတပ်တွေရဲ့တိုက်ခိုက်မှုတွေ ကြောင့် ကျေးရွာတွေမှာရွာသားတွေလို သွားရောက်နေ ထိုင်နေကြရပါတယ်။ ရွာသားတွေလို ပုံစံမျိုးရုပ်ဖျက် နေထိုင်ကြပေမယ့် သူတို့တွေမှာ ကိုယ်ပိုင် လက် နက်တွေ ရှိနေတာကြောင့် ရွာသားတွေအပေါ်မှာ နိုင့်ထက်စီးနင်းဆက်ဆံနေကြပါတယ်။

အကောက်ခွန် ဦးစီး ဌာနမှ ဝန်ထမ်း ၃၃ ဦးအား အရေးယူ မှုပြုလုပ်ခဲ့



အကောက်ခွန်ဦးစီး ဌာနက ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် လာဘ်ပေးလာဘ်ယူမှု အပါအဝင် မသမာ မှု ပြုလုပ်ခဲ့သော ဝန်ထမ်း ၃၃ ဦးအား ရာထူးမှ ရပ်နားခြင်း နှင့် ရာထူးလျော့ချခြင်းများကို ပြုလုပ်ခဲ့ကြောင်း ထုတ် ကုန်သွင်းကုန် ကြီးကြပ်ရေး ဌာနမှ ညွန်ကြားရေးမှုး ဦးသိန်းဆွေက ပြောသည်။ အရေးယူခံခဲ့ရသော ၃၃ ဦးထဲမှ ညွန်ကြားရေးမှုး နှစ်ဦးကို ရာထူးမှ ရပ်နားစေပြီး ကျန်ဝန်ထမ်း ၃၁ ဦးကို ရာထူးတစ်ဆင့်ချကာ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းက ပြောသည်။

7Day 

ဟင်းသီး ဟင်းရွက်များ၌ အဆိပ်ပါ သည်ဟု ရခိုင်၌ သတင်းများ ပြန်လည် ထွက်ပေါ်



စစ်တွေမြို့နယ်အတွင်းမှ ဟင်းသီးဟင်းရွက်များတွင် အဆိပ်များပါဝင်နေသည်ဟု ထွက်ပေါ်ခဲ့သည့် သတင်းများမှာ ကောလဟာလ သာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သော်လည်း အဆိုပါ အဆိပ်သတင်းမှာ ထပ်မံထွက်ပေါ်နေကြောင်း သိရသည်။

ဒေါ်စု လုပ်နေတာနဲ့ မြန်မာ နှင့် ဗမာ အခေါ်အဝေါ် အရေး လွှတ်တော်မှာ အဖြေရှာ သင့်နေပြီလား

၁၉၄၇ဖွဲ့စည်းပုံမှာ ကစပြီး မြန်မာနိုင်ငံလို့ သတ်မှတ် ခဲ့ပါတယ်။ ဆူးလေ ဘုရားနားက လွတ်လပ်ရေးေ ကျာက်တိုင် ကမ္ပည်းမှာ သွားကြည့်လို့ ရပါတယ်။(ဗမာ နိုင်ငံတော်) ဆိုတဲ့ အသုံးက ဂျပန်ခေတ်မှာ ဗိုလ်ချုပ် တို့ ကိုယ်တိုင် သုံးခဲ့တယ်လို့ မှတ်မိ နေပါတယ်။ ဒါပေမယ့် လွတ်လပ်ရေး ရကထဲက မြန်မာနိုင်ငံလို့ပဲ သတ်မှတ်ခဲ့ ပါတယ်။၁၉၇၄ ဥပဒေရော ၂၀၀၈ ဥပဒေ မှာပါ (မြန်မာ နိုင်ငံ)လို့ပဲ သတ်မှတ် ခဲ့ပါတယ်။
နဝတ လက်ထက်မှာ သတ်မှတ်ခဲ့တာက (မြန်မာ) ကို အင်္ဂလိပ်လို အသံလှယ်တဲ့အခါ Burma အစား Myanmar ဆိုတာပါပဲ။ ဒီတော့  (နိုင်ငံ) အမည်ကို (မြန်မာ)- (လူမျိုး) အ မည်ကို (ဗမာ) ဆိုတာဟာ မှားေ န တယ်ဆိုရင် လွှတ်တော်မှာ (နောင်အရှည်ကို မျှော်ကိုးပြီး) အဆိုတင်သွင်းလို့ စာပေပညာရှင်များ သမိုင်း ပညာရှင်များနဲ့ ဆွေးနွေးညှိနှိုင်း သတ်မှတ်သင့်ပါတယ်။ ဒါက (မြန်မာ )/ (ဗမာ) ပြဿနာ ပါ။ နော က် ထပ်ပြီး (Burma/Myanmar) ပြဿနာ ရှိပါသေးတယ်။

ပိဋိကတ်သုံးပုံ အတွက် ကြေး ပိဋိကတ် တစ်ချပ်လျှင် ၃၀၀၀၀ိ/- ဖြင့် လှူဒါန်းနိုင်


ဘုရားရှင် ဟောကြား ခဲ့သည့် ပိဋိကတ်သုံးပုံ တို့ကို မပျောက်ပျက် အောင် ဘုရားသားတော် ရဟန်း သံဃာများ သည် အာဂုဏ်ဆောင်ခြင်း ၊ ပေရွက်ဖြင့် မှတ်တမ်းတင်ခြင်း ၊ စာရွက်ဖြင့် မှတ်တမ်း တင် ခြင်းများကို ဆောင်ရွက်၍ ဗုဒ္ဓဆုံးမ သြ၀ါဒများနှင့် ၀ိနည်းတို့ကို မပျောက် ပျက်အောင် နှစ်ပေါင်း ထောင်ချီ၍ လက်ဆင့်ကမ်း ကာကွယ်ခဲ့ ပါသည်။
 

မြန်မာအမျိုး သမီးများ ဘာသာခြားကို ဘာကြောင့် မယူသင့်သလဲ




စစ်မြေပြင်မှာ မြန်မာ-ဗုဒ္ဓဘာသာ သားကောင်း (၅၀၀) ကျဆုံးခဲ့ပါလျှင် ၀မ်းနည်းဖို့ ကောင်းပေမယ့် မြန်မာ မိခင်(၅၀၀) ကထပ်ပြီး သားကောင်း (၅၀၀) ကိုပြန်လည်မွေးနိုင်ပါသေးသည်။ ဒါပေမယ့် မြန်မာအမျိုးသမီး (၅၀၀) လင် ယူမှားလျှင်တော့ နောင်လာမည့် မဝေးတဲ့ အနာဂတ်မှာ တိုင်းပြည်အတွက် ရင်မောစရာဖြစ်မှာ အမှန်ပါ။ ယနေ့ မျိုးချစ်စိတ်ရှိသူတိုင်းဟာ မည်သည့် ဆုလာဘ်ကိုမှ မမျှော်ကိုးဘဲ မိမိတို့ ရင်သွေး များဖြစ်ကြ တဲ့ သားစဉ်မြေးဆက်အတွက်လက်လှမ်းမီသမျှ ကာကွယ်ထိန်းသိမ်းကြရမှာဖြစ်ပါသည်။ ကျွန်တော်    တို့  အကျိုးကို တစ်ခုပဲ မျှော်ပါသည်။ အဲဒါကတော့ မြန်မာပြည်ကြီး မွတ်ဆ လင် နိုင်ငံမဖြစ် ဖို့ ဆို တဲ့ အကျိုးကိုပဲ မျှော်ပါသည်။ ဒီလို ကိုယ့်အမျိုး အချင်းချင်း အသိပေး စည်းရုံးတာကို အတွေးချော်ပြီးတော့    ဘာသာခြားအပေါ် ကျယ်ရာ ကျမလားလို့ မတွေးစေလိုပါဘူး။

မကွေး ပရိယတ္တိ စာသင်တိုက် ကျောင်းထိုင် ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ မှ လူဝတ် လဲခိုင်း



မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာ နာယက အဖွဲ့မှ လူဝတ်လဲခိုင်းလိုက်ပြီဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ ၂၇ ရက်၊ တနဂ်နွေနေ့လည် ၂ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မကွေးပရိယတ္တိစာသင်တိုက်တွင်ဆရာတော်မှ ပြုလုပ် မည်ဖြစ်ကြောင်း အင်တာနတ်သတင်းစဉ်မှ သတင်းရရှိသည်။

လိုင်ဇာကို ပိတ်ဆို့ ထားခြင်း သေနင်္ဂကို တစ်ကယ် စဉ်းစားကြည့် စေချင်ပါသည်


(၁)မြန်မာစစ်တပ်အင်အားနှင့် ကချင်စစ်တပ်အင်အားကို လက်တွေ့ကျကျ နှိုင်းယှဉ်ကြည့်စေချင်သည်။

(၂)မြန်မာစစ်တပ် ကေအိုင်အေ စခန်းကို တစ်ကယ်တက်သိမ်းလို့မရတာလား၊ တက်မသိမ်းသေးတာ လား ကို လဲ ဆင်ခြင်ကြည့်စေချင်သည်။

ရခိုင်ပြည်နယ်မှ နာဖျားနေတဲ့ လမ်းမကြီးများ


တောင်ကုတ်မှာ ကားမှောက်လို့တဲ့ ခရီးသည် ၁၄ဦး သေဆုံးပြီး အများအပြား ဒါဏ်ရာရရှိသွားတယ်တဲ့။ မိသားစုများနဲ့ထပ်တူ ၀မ်းနည်းမိပါတယ်။ အန္တရယ်ရှိမှန်းသိသိကြီးနဲ့ကို ခရီးသည်တွေဟာ တခြားရွေးချယ်စရာမရှိ ဒီတော၊ ဒီတောင်၊ ဒီကားတွေနဲ့ ဒီလမ်းမ၊ ဒီယာဉ်မောင်းတွေနဲ့ပဲ နေ့ညမဟူ သွားလာနေကြရပါတယ်။ ဒီသတင်းဖတ်ရတဲ့ အသိမိတ်ဆွေတယောက်က ရခိုင်ပြည်နယ်ကို တခါမှမရောက်ဖူးကြောင်းနဲ့ ဒေသရဲ့ လက်ရှိလမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကို မေးလာ တဲ့အတွက် ကိုယ် သိသလောက်ပြောပြဖြစ်ခဲ့ပါတယ်။ တလက်စတည်း မရောက်ဖူး မကြုံဖူးတဲ့သူတွေ သိရှိနိုင်စေရန်အတွက် ဒီစာကိုရေးလိုက်ရပါတယ်။

ခေတ်ပြိုင် နိုင်ငံရေး မြင်ကွင်းထဲက ဒုတိယ ပင်လုံ


ကလေးမြို့ကြေညာစာတမ်းအရ ဒုတိယပင်လုံညီလာခံကြီးကို ကျင်းပဖို့ စိုင်းပြင်းနေကြသည်။ တိုင်းရင်းသားလူမူမျိုးစုများနှင့် ညီညွတ်ရေးအတွက် ဆွေးနွေးရမည့် အခင်းအကျင်းကို ပြင်ဆင်ြခင်း တစ်ရပ်ဟု အဆိုပြုသူတွေက တင်သည်။ သို့သော်လည်း မြန်မာ့နိုင်ငံရေးတွင် ပင်လုံပုံရိပ်သည် အကောင်းထက် အဆိုး၊ ယုံကြည်မှုထက် သံသယကိုသာ ပွားစေနိုင်သည်ကို တွေ့ရသည်။ ပင်လုံကို စတင်ခ်ခဲ့သ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် ပင်လုံနှင့်ပတ်သက်သည့် အငြင်းပွားစရာများကို ချန်ထားရစ်ခဲ့သည်။ ပင်လ်လုံကြောင့် ၁၉၄၇ ဖွဲ့ စည်းပုံ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာသောအခါ ပြည်ထောင်စြုကီး ခွဲထွက်လိုလျှင် ခွဲထွက်ပိုင်ခွင့်ကို ပေးအပ်လိုက်ရသည်။ ယခု ဒုတိယပင်လုံကိုနားလည်ဖို့ ပထမပင်လုံကို အရင်စောကြောကြည့်ရန်လိုသည်။

ငြိမ်းချမ်းရေး အတွက် အရပ်ဖက် အဖွဲ့အစည်းများနှင့် သီးသန့် ထပ်မံ တွေ့ဆုံ ဆွေးနွေးမည်





ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းအပါအ၀င် ကော် မတီဝင် ပြည်ထောင်စုဝန်ကြီး အချို့နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်နေသော အရပ်ဖက်အဖွဲ့အစည်းများ ဇန်န၀ါရီ ၂၇ ရက်တွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ စားပွဲဝိုင်းထိုင် တွေ့ ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးလှမောင်ရွှေ က ပြော သည်။

ခါယာတောင်ကုန်း ကျဆုံးခြင်းနဲ့ ကေအိုင်အေ တို့၏ အနာဂတ်




၂၀၁၃ ခုနှစ်ရဲ့ ပထမလ အဆုံးမှာ မြန်မာနိုင်ငံအစိုးရကို လက်နက်ကိုင် တော်လှန်တဲ့ ကေအိုင်အေတို့၏ ကချင်ပြည်နယ်အတွင်း နောက်ဆုံးခံစစ်ကုန်း ဖြစ်တဲ့ ခါယာတောင်ကုန်း ကျဆုံးခဲ့ပါပြီ။ တရားသော စစ် ဆင်နွှဲ ခဲ့ခြင်းရဲ့ နောက်ကွယ်မှာ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အသက်တွေ၊ကိုယ်လက် အင်္ဂါတွေ ပေး ဆပ်ခဲ့ရ တာတွေလည်း ရှိခဲ့ပါတယ်။ လူသားတစ်ဦးရဲ့ ခံစားချက်နဲ့ စဉ်းစားမယ် ဆိုရင်တော့ ဒါဟာ မတန် ဘူးလို့ ပြောနိုင်ပေမယ့် တိုင်းပြည်နဲ့လူမျိုးအတွက် ကာကွယ်တဲ့ တပ်မတော်ရဲ့ တာဝန်ဝတ္တရား လို့ ခေါင်း စဉ် တပ် မယ်ဆိုရင်တော့ ဒါဟာ အမြင့်မြတ်ဆုံးသော အလုပ်ပဲ ဖြစ်ပါတယ်။
 

ဆက်သွားချင်သေးတယ် ဆိုရင်