ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကချင်ပြည်နယ်အထူးဒေသ(၁)ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊
ပန်ဝါဌာနချုပ်
ရက် စွဲ၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ(၃၀)ရက်
စာအမှတ်၊ / ၁၀၀၁ / ကင / ၂၀၁၃
အကြောင်းအရာ။ ကချင်တိုင်းရင်းသား လူမျိုးများအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင် သည့်
ကောင်း ကျိုးပြုခြင်း၊ ဂုဏ်သိက္ခာ ခံယူရရှိရေးအတွက် ကျွန်တော်တို့၏
ခံယူချက်တင်ပြခြင်း
၁။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးတစ်ရာေ ကျာ်
ရှေးပဝေသဏီ က တည်း က အတူတကွ ရေခံမြေခံမျိုးဆက်များ ဆင်းသက်ပြန့်ပွားခဲ့သည့်
သမိုင်း အထောက်အထားများ အခိုင်အမာတည်ရှိကြသူများဖြစ်ပါသည်။
တိုင်းရင်းသားလူမျိုးတို့သည် နိုင်ငံ၏နယ်စပ်ဒေသများကျရောက် သည့်
နယ်စွန်နယ်ဖျား တောင်တန်းဒေသများတွင် ဘာသာ စကား၊ ယဉ်ကျေးမှု၊
အမျိုးသားစိတ်ဓာတ်နှင့် ဓေ လ့ ထုံး စံခြား နားသည့် အစဉ်အလာသည် ရောနှော
ပျောက်ကွယ်ခြင်းမရှိသောကြောင့် နိုင်ငံ၏
အချုပ်အခြာနယ်နိမိတ်အတည်ပိုင်ဆိုင်မှု ခွဲခြား သတ်မှတ်လာကြသည့်အခါ
ပြည်ထောင် စုသမ္မ တမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားလူမျိုး နိုင်ငံသားများ
ဖြစ်လာကြပါသည်။ ဤသို့ဖြင့် တိုင်းရင်းသား လူမျိုးတို့သည် ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော်နယ်နိမိတ်ကို ပိုင်းခြားသူများ၊
ကာကွယ်ေ စာင့်ရှောက် သူများ၊ နယ်စည်းခြားသည့် လူသားခံတပ်များဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ပြည်ထောင် စုသမ္မတမြန်မာ နိုင်ငံတော်၏ နယ်စပ်များ
ထိစပ်သောနိုင်ငံများနှင့် ခွဲခြားသည့်နယ်နိမိတ်မျဉ်းတစ်လျှောက်
တိုင်းရင်းသားလူမျိုးစုများ ကွင်းကွင်းကွက်ကွက် အခိုင်အမာ နေထိုင်သည့်
မြေခံရေခံ ထင်ရှားမှုကို ယနေ့ထက်တိုင် ထင်ရှားဆဲဖြစ်ပါသည်။
ဤအကြောင်းတရားများက ပြည်ထောင်စု သမ္မတမြန်မာနိုင် ငံေ တ်ာကြီးသည်
တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ စုပေါင်းစည်းလုံးညီညွတ် သည့် လက္ခဏာကို
သတ်မှတ်ပြီး ဖြ စ်ပါသည်။ ခွဲခြားဆက်ဆံမှုမှ ပေါ်ပေါက်စေနိုင်သည့်
ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒ နှင့် လူမျိုးကြီးဝါဒ သည် မိသားစုစိတ်ဓာတ်၊
ပြည်ထောင်စု စိတ်ဓာတ်တိုးတက်ဖွံ့ဖြိုးရေး၊
စည်းလုံးညီ ညွတ်ခြင်းမှရယူနိုင်သော အကျိုးကျေးဇူးများစွာကို
ထိခိုက်ပျက်ပြားစေလိမ့်မည် သာ ဖြစ်ပါေ ကြာင်း
ဉာဏ်အမြော်အမြင်ကြီးမားသည့်အသိတရား လူမျိုးများအားလုံး ခံယူစိုက်ထူကြရန်
သတ်မှတ် ပေးထား ပါ သည်။