Pages

Monday, January 28, 2013

အတိုက်အခံများ အမြင်မှန်ရဖို့ အချိန်ရောက်ပြီ


၁။ လက်ရှိအစိုးရ စတက်လာကတည်းက ပြည်တွင်းပြည်ပ အ မနာပ မျိုးစုံကြားမှ ကြိုးစားပမ်းစား ယနေ့ တိုင် အားထုတ် နေဆဲဆိုတာ အသိအမှတ်ပြုရပါမည်။

၂။ သူတို့ဖြတ်သန်းနေရသည်မှာ အသစ်အသစ်တွေနဲ့ရှေ့တက်ဖို့ အဟောင်းမကောင်း တွေကို သူတို့ ကိုယ်တိုင်ရော ယန္တယား တစ်ခုလုံးကိုပြုပြင်နေကြတာလည်း အမှန် မြင်တွေ့နေရတာလည်းမငြင်းနိုင်ပါ။

၃။ အပြုသဘောဆန်စွာမြင်ပြီးဝိုင်းဝန်းကြသူတွေရှိသလို ပုထုဇဉ်သဘောအရ လောဘ မသတ်နိုင်သူ တွေ က လည်း အပြု သဘော မဆန်ဘဲ လုစားရန်ကြံစည်နေကြ တာလည်း ပြောင်ပြောင်တင်းတင်းဖြစ်လာတာ တ ကယ့်လက်တွေ့ဖြစ်ပါတယ်။

၎။ ကျနော်တို့နိုင်ငံ ဒီမိုကရေစီဆန်ဆန် သွားချင်ကြတာအမှန်ဆိုရင် နတ်ရေကန်ထဲ ပစ်ချသလို လိုချင်နေ ကြရင် ရှေ့မရောက်ဘဲ မှောက်ယက်လဲသွားနိုင်တာမြင်နေရ ပါတယ်။

၅။ လွတ်လပ်မှုသိပ်ပြီးအလွန်အကျွံ ရယူနေကြရင် လွတ်လပ်ရေးကိုပါ ထိပါးလာနိုင် တဲ့ အရိပ်အရောင်ေ တွ မြင်နေရသလိုပါပဲ။

၆။ ဥပမာအားဖြင့် တရုတ်ရဲ့နာကျည်းမှုဟာလည်း မျက်ကွယ်ပြုထားလို့မဖြစ်တော့တဲ့ အနေအထား လို့မြင် ရပါ တယ်။ အနောက်နား က တံခါးခေါက်နေတာဟာလည်း သတိမမူရင် ဂူမမြင်သလိုဖြစ်သွားနိုင်ပါတယ်။

၇။ အမေရိကန် ဥရောပ သဘောကျစရာလို့ထင်လောက်အောင် ပြောင်းလဲလာတဲ့ ဆက်ဆံရေးဟာ ကမ္ဘာကိုကိုင်လှုပ်နေ ကြသူတွေ ဖြစ်တာမို့ မြန်မာတို့ ထင်ထား တာထက် လျှင်ကြမယ် ဆိုတာ လည်း ထည့်တွက်သင့်ပါတယ်။

၈။ တရုတ်ကြီးက အဟောင်းတွေနဲ့ပဲ ချွေးသိပ်လေ့ရှိလို့ မကောင်းဘူးဆိုနိုင် သလို အမေရိကန် အစစ်ကလည်း အသစ်တွေ ပေးမယ်လို့ ထင်နေရင်လည်း မဖြစ်နိုင်တာ ခုချိန်ထိ လက်တွေ့မပါသေးပါ ၊အာ သာပြေဆက်ဆံခံနေရတာကို ကျေနပ် နေကြရင် တဖြည်းဖြည်းနဲ့ အနေကြပ်ပြီး လင်းယုန် နဂါး ဆင် တို့ ကြား ပြားသွားနိုင်တာလည်း သတိမူသင့်ပါတယ်။

၉။ တကယ်တော့ဒီအချိန်ဟာ ဟိုလူမကောင်း ဟိုဟာမကောင်း တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယိုးမယ်ဖွဲ့ အပြစ် ရှာ အပြစ်ဖို့ အာဏာရဖို့ပဲ အားပြိုင်နေကြမယ် ဆိုရင် ရင်လေးစရာ အခြေအနေ ဖြစ်နေသလို အ ထ င်သေးစရာတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

၁၀။ အစိုးရပိုင်း ကလည်း ပြုပြင်ပြောင်းလဲဖို့ အတော်ကြိုးစားနေပေမဲ့ ခေါက်ရိုးကျိုး နေတဲ့ ယန္တယားကြီးက တင်းခံနေတာ တွေ့နေရပါတယ်။

၁၁။ ဒါကို ၀ိုင်းအော်နေရုံနဲ့ဖြုံမယ်တော့မထင်ဘူး ။ ပြင်ချင်ရင် အစိုးရ ၊လွှတ်တော်၊ ပြည်သူ၊ တာဝန်ရှိသူ ဟာ အားလုံပါ။ ကျနော်လည်း ပါတယ်။ဝိုင်းပြင်မှရမှာပါ။

၁၂။ ဒီကြားထဲ မြွေပူရာကင်းမှောင့်ဆိုသလို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး အသက်သွေး မကအရေးနေ ပါတယ်ဆိုတာကို အခွ့င်ကောင်းယူနေတာက ကေအိုင်အေ. ပါ မရိုးသား တာကြောင့် ဆိုတာ လည်း မြင်ေ န ရပေမဲ့ အထင်ကရ ၀င်မွှနေတဲ့ ၈၈ အဖွဲ့ တို့ မမြင်ကြသလိုဖင်ခွထိုင်နေသူတွေ စစ်တပ် ကို အပစ် ရပ် ခိုင်းပြီး ကိုင်းကောင်း ကောင်းတက် ထိုင်ဖို့ ဖန်တီး နေကြသူတွေတို့ မီဒီယာ လွတ်လပ်ခွင့် ဆိုတာကိုအသုံး ချပြီး ပွဲဆူအောင် ဒွဲဘူတို့အုပ်စုနဲ့ပေါင်း တိုင်းပြည်ကို ရောင်းစားဖို့ ၀ န်မလေး သရဲမရဲ အငမ်းမရ eleven မက မိုက်လှတဲ့ voice ကလည်း အတို့အထောင် ခွေးတောင် ထမင်းကျွေးတဲ့ လက်ကို မကိုက်ပေမဲ့ အခုတော့ ပြန်ကိုက်နေလေရဲ့။ ဒါကြောင့်လည်း စတုတ္ထမဏ္ဍိုင် ဆိုတာကြီးကို ဒုက္ခမဏ္ဍိုင် လို့. ကင်ပွန်းတပ်ပေး ခဲ့သူဟာ မှန်လိုက်တာဗျာ လို့ထောက်ခံ ရမလို စတုတ် လို့ သမုတ်ပေးခဲ့သူလည်း ရင်ထဲ မှာ မှားပြီလို့ ထင်နေမလားလို့? ။

၁၃။ တပိုင်းဖြတ်ပြီးသုံးသပ်ရရင် ကျနော်တို့မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက. ဒေါ် စု ၀င်ကလည်း ခဏပဲရမယ် ညစ်တစ်တစ်နဲ့ ၈၈ အဖွဲ့ ဆိုလည်း မဖြစ်ညစ် ကျယ်လောက်ပဲဖြစ်မှာပဲ တခြားသော တအားရော လုပ်ချင်နေသူတွေဆိုလည်း
အပိုပဲဖြစ်မှာ ဖြစ်သင့်တာပြောရရင်

- အစိုးရ၊ လွှတ်တော်၊ ပါတီ၊ အဖွဲ့အစည်းများ (တွင်း/ပ)၊အဓိကပြည်သူ ညီတူစွာ လက်မတွဲရင် ၀က်ဝက်ကွဲသွားနိုင်ပါတယ်။

-ငြိမ်းချမ်းရေးဆိုတာဖြစ်မလာသေးရင် ၂၀၁၄ မှာအထင်သေးစရာ နိုင်ငံဖြစ်သွားနိုင်တာမို တပ်မတော်ကိုချည်းပဲ အပြစ်ဖို့ အပစ်ရပ်စို့ဆိုတာလည်း အမှန်ပဲလို့မှတ်ထားရင် မြန်မာပြည်မြေပုံ အထက်ပိုင်း ပြတ်သွားနိုင်တဲ့ အရေးမို့ ပြတ်ပြတ်သားသား တာဝန်ပေးရင် လည်းပေးလိုက် ကဲ ဒွဲဘူ အလိုလိုက် တစ်ဖက်သတ် အပစ်ရပ် လိုက်တော့လည်း ဟိုငမိုက်တွေ လိုက်မလာတော့ သုံးသပ်ဖို့ အလေး အ နက် တွေးသင့်သလို အပျက်အပျက်နဲ့ နှာခေါင်းသွေးမထွက် ရအောင် အချိန်ဇယား နဲ့ စကားပြောေ ရာရောနှောနှော တွေပြောပြီး ဖောရှော ဆက်လုပ်နေ ရင် နိုင်ငံ တကာ ကို ကြေငြာ သေ ချာအုပ်ဖို့ လုပ် သင့်ပြီ ဒါဟာပြည်သူ့ဆန္ဒ အမှန်တစ်ထပ်တည်း ကျမှာမို့ ဖောက်ပြန်သူတွေ မထောက်ခံ လည်း နော က်ပြန်မလှည့်ဖို့ အရေး ပြတ်ပြတ်သားသား တွေးသင့် ပါသည်။

၁၄။ နိုင်ငံရဲ့ အနာဂတ်အရေး နှောင့်နှေးစေမယ်ဆိုရင် ဆူးညှောင့်ခလုပ် အသေး ဆွဲနှုတ်ဖို့ အတ္တတွေအဝေးမှာထား ညီညာတဲ့အားနဲ့ ဆက်သွားကြပါစို့လို့ တိုက်တွန်းအပ်ပါကြောင်း။

မောင်ပြည့်စုံ


www.mmdailystar.blogspot.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်