Pages

Tuesday, January 29, 2013

ငြိမ်းချမ်းရေး အတွက် လိုင်ဇာမြေ ပေါ်တွင် အသက်ပေး၍ လမ်းလျှောက်ကြသူများ


သူတို့တွေ လမ်းလျှောက်နေကြပါတယ်။ ကျောတစ်ပိုးစာ ရိက္ခာ၊ ကျောတစ်ခင်းစာ အိပ်ယာနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ရဖို့ သေနတ်ကို လွယ်ပြီး လမ်းလျှောက်နေ ကြတဲ့ မြန်မာ့ တပ်မတော်ရဲ့ စစ်သားတွေပါ။ ဒီအပင်ပန်းဆင်းရဲ ခံမှုတွေ အဆုံး မှာတော့ သူတို့ဟာ သူတို့ တပ်ရင်းတွေဆီပြန် သွားကြမှာ ဖြစ်ပြီး သူတို့လျှောက်ခဲ့တဲ့ လမ်းပေါ်က ကချင် ပညာ တတ် ကလေးတွေ ၊ ကချင်စီးပွားရေး သမားတွေ၊ ကချင်ပြည်သူလူထုတွေ ဖြတ်သန်းသွားလာ နေတာကို အဝေးကနေ ကျေနပ် ပေးနေကြမှာပါ။

သူတို့ ဒီလမ်းကို ဘယ်နေ့မှာ စလျှောက်မယ် ဆိုပြီး မကြေငြာခဲ့ပါဘူး။ သူတို့ ဒီနေရာကို ရောက်နေမှန်း လူတွေ သိကြပေမယ့် သူတို့ကို မြင်တောင် မမြင်ဖူးကြပါဘူး။ ဒါပေမယ့် သူတို့ ဒီနေရာထိ ရောက်လာတဲ့ လမ်းမှာ သူတို့နဲ့အတူ ပါလာတဲ့ ရဲဘော်ရဲဘက်တွေရဲ့ အသက်ခနာတွေ အများကြီး ပေးဆပ်ခဲ့ရပြီးပါပြီ။ သူတို့ကို ရေသန့် တစ်ဗူး ကမ်းမယ့်သူ၊ ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး အင်တာနက်ပေါ် တင်ပေးမယ့်သူလည်း မရှိပါဘူး။

သူတို့ သိတာက ဒီနယ်မြေ ငြိမ်းချမ်းရမယ်။ ဒီနယ်မြေ အတွင်းမှာ ရှိတဲ့ ပြည်သူတွေ လွတ်လပ်စွာနဲ့ လုပ်ချင် တာကို တရားဥပဒေစိုးမိုးမှု အောက်မှာ လုပ်နိုင်ရမယ်။ ဒါကြောင့် လိုင်ဇာဆောင်းမှာလဲ ဒီဝတ်စုံနဲ့ပါပဲ။ သူတို့ရဲ့ ကျော်တစ်ပိုးစာဟာ သူတို့ရဲ့ ဘ၀ပါပဲ။ သူတို့တွေ နောက်ထပ် ဘယ်လောက်ကြာကြာ ချမ်းအေးနေရမယ်၊ အစားအသောက်တွေ ငတ်ပြတ်နေရမယ် ဆိုတာ မသေချာပါဘူး။ ဒါပေမယ့် သူတို့ လျှောက်နေကြပါတယ်။

ခင်ဗျားတို့က ပြောမှာပေါ့။ တပ်မတော်သားတွေ လိုင်ဇာမြို့လယ်ထိ လမ်းလျှောက်ပြီးသွားရင်လဲ အမှန်တကယ် ငြိမ်းချမ်းရေး မရနိုင်ဘူး ဆိုပြီးတော့ ပြောချင်ပြောကြမှာပေါ့။ ငြိမ်းချမ်းရေး ရတာ၊ မရတာထက် သူတို့ ခြေ လက် ကိုယ်ခနာတွေ ပေးဆပ်ပြီး လျှောက်ခဲ့တဲ့လမ်းမှာ ခင်ဗျားတို့ လျှောက်ရတာ ဘယ်သူက မငြိမ်းချမ်းသလဲ တွေးကြည့်ပေါ့ဗျာ။

သူတို့တွေ လမ်းလျှောက်နေပါတယ်။ ABSDF တွေ၊ ကေအိုင်အေတွေ ဟန်ရေးပြခဲ့တဲ့ တံတားပေါ်ကေ န ဖြ တ်ပြီး သူ တို့ လမ်းလျှောက် နေပါတယ်။ ဒီတံတား ပေါ်က ဖြတ်ပြီးတဲ့အခါ လိုင်ဇာ အပေါက်ဝ၊ လဂျားယန် စခန်း နဲ့ တစ်နေ့မှာတော့ ထာဝရ ငြိမ်းချမ်းစေရမယ့် အတွေးတွေနဲ့ပါ။

Opposite Eye


အေးချမ်းဒဏ်ချမ်းအေးမှုကို အံတုပြီး တပ်မ - ၈၈ က တပ်မတော်သား တဦးပါ သူ့ ကိုယ်ပေါ်မှာ တင်ထားသမျှ သူ့ တွက် လေး လံမှုတွေကို သယ်ဆောင်ပြီး ငြိမ်းချမ်းရေးအတွက် လမ်းလျောက်နေတဲ့ သူတယောက်ပါ ဘယ်သူ့ အတွက်လဲ ပြည်သူ  အတွက် ဆိုတဲ့ အတိုင်း သူ တို့ ရဲ့ ရင်းနှီးမှုတွေကို လေးစား မိတယ် တရားသော် စစ်ရဲ့ အောင်မြင်မှုတွေ စစ်မြေပြင် အဆင့်တိုးတွေလည်း အများကြီး ရရှိကြကြောင်း သိရှိရပါတယ်....

လေးစားစွာဖြင့်

ဖိုးသားလေး

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်