Pages

Wednesday, April 10, 2013

လျော်ကြေး များအား ကျေနပ်စွာ ရယူပြီးသော်လည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး ဒေသခံ ၁၀၉ - ၁၁၀ တို့က ထပ်မံ ဆန္ဒဖော်ထုတ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးဆန္ဒပြပွဲကို  ဧပြီ ၉ မွန်းလွဲ ၂ နာရီမှ ညနေ၄ နာရီ ထိ မုံရွာ ဒေသခံ ၁၀၉ - ၁၁၀ များက ကျင်းပခဲ့ကြောင်းသိရသည်။ ဒေသခံ ၁၀၉ - ၁၁၀ များသည် တုံရွာရှေ့မှ ညောင်ပင်ကြီးဆိပ်ကမ်းထိ ချီတက်ခဲ့ကြကာ ကြေးနီ စီမံကိန်း လုံးဝ ဖျက်သိမ်းေ ရး ကြွေး ကြော်သံများ ကြွေးကြော်ခဲ့ကြောင်း ၊ ၁၀၉ - ၁၁၀ တို့သည် တိုင်းပြည်ကို လက်ညိုး ထိုး ရောင်း စားနေသော ဦးပိုင် ကုမ္ပဏီ အလိုမရှိ၊ ကျွန် ဇာတ်သွင်းနေသော မြန်မာ ဝမ်ဘောင် ကုမ္ပဏီ ချက်ချင်း ထွက်စသည့် ပိုစတာများ ကိုကိုင်ဆောင်ခဲ့ကြကြောင်း သိရ သည်။


လှည်းတန်းခုံးကျော်တံတား ယနေ့ စတင်အသုံးပြု

၂၀၁၂ ခုနှစ် မတ်လ ၁၁ ရက်နေ့က ပန္တွတ်ရိုက် စတင် တည်ဆောက်ခဲ့သော ၂၅၀၇ ပေရှည်လျားသည့် လှည်းတန်းခုံးကျော်တံတားကို ယနေ့ ဧပြီ ၁၀ ရက် နံနက် ၆ နာရီတိတိက ယာဉ်ဖြတ်သန်းသွားလာ ခွင့် ပြုခဲ့ပြီဖြစ်သည်။ အဆိုပါတံတား၏ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်မှာ ၆၀ တန်ဖြစ်သည်။





နိုင်ငံတော် သမ္မတဦးသိန်းစိန် စက်စက်ယို ဆည်ရေသောက်စနစ်၊ စက်မှုလယ်ယာမြေစနစ် ဧက(၉၀၀) ဖော်ထုတ်ရေးလုပ်ငန်းခွင်နှင့် ရေလွှဲဆည် တည်ဆောက်မှုအား စစ်ဆေးကြည့်ရှု အားပေး



ဧပြီ ၉ နံနက် (၇)နာရီက နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်  ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ စက်စက်ယိုချောင်း၏ ဆည်ရေသောက်စနစ် စက်မှုလယ်ယာမြေစနစ် ဧက(၉၀၀) ဖော်ထုတ်ရေးနှ င့် ရေ လွှဲဆည် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိ စစ်ဆေးအားပေးကာ လာမည့် မိုးစပါးရာသီ အချိန်မီ အပြည့်အဝ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရန်အတွက် အကောင်အထည်ဖော် သွားရန်နှင့် ဖောက် လုပ်ထားသည့် ကုန်ထုတ်လမ်းများ၊ ရေမြောင်း စနစ်များကို ရေရှည်ခိုင်ခံ့ကောင်းမွန်ရေး အတွက် ပိုမို တိုး တက် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ထိုမှတဆင့် စက်စက်ယိုရေလွှဲဆည် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး စက်ယန္တရားကြီးများဖြင့် လုပ်ငန်းခွင် တည်ဆောက် အကောင် အထည်ဖော် မှုကို စစ်ဆေးကြည့်ရှု အားပေးရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ရုပ်ပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြသည်။

ဤရေလွှဲဆည် တည်ဆောက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးကို ကြီးမားစွာ အထောက်အကူရမည့်အပြင် ယခင်က မိုးစပါးတစ်သီးပင် အောင်မြင်စွာ စိုက်ပျိုးနိုင်ခြင်း မရှိဘဲ မိုးတွင်းကာလ နှစ်စဉ်ရေကြီးနစ်မြုပ်သော လယ်ယာမြေဧက (၉၀၀)ကျော်အတွက် ရေနုတ်မြောင်း စနစ် များ ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ မိုးသီးနှံစပါး များအား အောင်မြင်စွာ စိုက်ပျိုးနိုင်မည် ဖြစ်သည့်အပြင် ဤရေလွှဲဆည်၏ ရေကူစနစ်ဖြင့် ကြားသီးနှံ၊ သီးထပ်သီးညှပ်များကိုလည်း အောင်မြင်စွာ စိုက်ပျိုးနိုင်ေ တာ့မည် ဖြစ်၍ တောင်သူ လယ်သမားများအတွက် များစွာအကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတက လုပ်ငန်းတာဝန် ထမ်းဆောင်နေသော ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ် ယာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ နိုင်ငံ့ဝန်ထမ်းများအား အချိုရည်နှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုေ ပးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက လုပ်ငန်းခွင်သို့ ပါဝင်တက်ရောက် လေ့လာကြသည့် Japan International Cooperation Agency (JICA) မှ တာဝန်ရှိသူများအား မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ပူးပေါင်း ဆောင် ရွက်နိုင်ရေးအတွက် ဆွေးနွေးမှာကြားရာ၌ မြန်မာနိုင်ငံ၏ မြေသယံ ဇာတ၊ ရေသ ယံဇာတ ပေါကြွယ်ဝမှုနှင့် အလွန်ဝီရိယကောင်းစွာဖြင့် အလုပ်ကြိုးစား လုပ်ကိုင်ကြေ သာ တောင် သူလယ်သမားများ၏ စိုက်ပျိုးရေး ထုတ်ကုန်သီးနှံများကို ဂျပန်နိုင်ငံကဲ့သို့ ခိုင်မာသော ဈေးကွက်နေရာ ရရှိရေး Japan International Cooperation Agency(JICA) အနေဖြင့် ကူညီပေးစေလိုကြောင်း။

ယခုစိုက်ပျိုးရာသီ ထွက်ရှိလာသည့် စိန်တလုံးသရက်သီးနှင့် နဂါးမောက်သီးနှံများကို နိုင်ငံတကာစံချိန်၊ စံညွှန်းပြည့်မီစွာဖြင့် ဂျပန်နိုင်ငံဈေးကွက်သို့ နမူနာအဖြစ် မိတ်ဆက်တင်ပို့နိုင်ရေး အတွက် ဂျပန်အစိုးရ အဖွဲ့ဝင်များထံသို့ လက်ဆောင်အဖြစ် ပေးအပ်မည်ကို JICA မှ စနစ်တကျ ပို့ဆောင်ပေးစေလိုကြောင်း။

အထူးသဖြင့် မြန်မာနိုင်ငံ၏ အရည်အသွေးကောင်းသော လယ်ယာကဏ္ဍ ထွက်ကုန်များကို ဂျပန်နိုင် ငံ ဈေးကွက်သို့  မိတ်ဆက်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ စက်မှုလယ်ယာ ကူးပြောင်းနိုင်ရေး အတွက် ဆောင် ရွက်နေမှုအပေါ်တွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ တောင်သူလယ်သမားများ အတွက် လတ်တလော လိုအပ်ချက်ဖြစ်နေသော အသေးစားငွေချေး လုပ်ငန်းများကိုလည်းကောင်း ထိထိရောက်ေ ရာက် ပါဝင်ကူညီ ဆောင်ရွက်ပေးစေ လိုကြောင်း။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို အစိုးရအချင်းချင်းရင်းနှီးမှု အဆင့်မှ ပြည်သူလူထုအချင်းချင်း ရေရှည် ချစ်ကြည်ရင်းနှီးမှု အဆင့်အထိ ခိုင်မာအောင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် JICA အကြား နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ အနေဖြင့် ထောက်ခံအကူအညီ ပေးသွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် စက်စက်ယို ဆည်ရေသောက်စနစ်၊ စက်မှု လယ်ယာမြေစနစ် စိုက်ကွင်းများ ဖော်ထုတ်နေမှုနှင့် ငလိုက်ဆည် ရေသောက်စနစ် စိုက်ကွင်းများအ တွင်းရှိ အောင်မြင် ဖြစ်ထွန်းနေသော ဟင်းသီးဟင်းရွက် သစ်သီးဝလံစိုက်ခင်းများ၊ စိမ်းစိုဖြစ်ထွန်းနေသော လယ်ယာမြေများကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန် စက်စက်ယို ဆည်ရေသောက်စနစ်၊ စက်မှုလယ်ယာမြေစနစ် ဧက(၉၀၀) ဖော်ထုတ်ရေးလုပ်ငန်းခွင်နှင့် ရေလွှဲဆည် တည်ဆောက်မှုအား စစ်ဆေးကြည့်ရှု အားပေး



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧပြီ  ၉ နံနက် (၉) နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုအကောင်အထည် ဖော်ဆောင်ရေးကော်မတီ အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ဆောင်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူများအား မိုးမကျမီ နေရာချထားနိုင်ရေးအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အခြားစေတနာရှင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ လုပ်ငန်းပမာဏများပြားသဖြင့် ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းများကို အမြန်လုပ်ဆောင်ရန် လိုအပ်မှု၊ ဒုက္ခသည်တစ်သိန်းကျော်၏ စားသောက်ရေးအတွက် စားရေရိက္ခာများ မပြတ်လပ်အောင် ဆောင်ရွက်ရန် လိုအပ်မှု၊ မိုးမကျမီ အဆောက်အအုံများ အချိန်မီဆောက်လုပ်ပြီးစီးရန် လိုအပ်မှု၊ အဆောက်အအုံ ဆောက်လုပ်မည့် နေရာများအား ဒေသခံများ၊ နှစ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့် ညှိနှိုင်း ရွေးချယ် နေရာချထားရန် လိုအပ်မှု၊ နှစ်ပေါင်းကြာရှည်စွာ အတူတကွ နေထိုင် လာခဲ့ကြသူများ ဖြစ်သည့်အတွက် ဆက်လက်၍ သူ့အကျိုး၊ ကိုယ့်အကျိုး ကြည့်ရှုပြီး အေးချမ်းတည်ငြိမ် စွာ နေထိုင် သွားကြရန် လိုအပ်မှုတို့ကို ရှင်းလင်းပြောကြားပြီး ဒုက္ခသည် များ၏ စားရေး၊ နေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရုံမျှမက ၎င်းတို့၏ မူလ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စီးပွားရေးလုပ် ငန်းများ ပြန်လည် လုပ်ကိုင် နိုင်အောင် ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တွင် နေထိုင်ကြသူများသည် လယ်ယာ လုပ်ငန်းနှင့် ငါးဖမ်း လုပ်ငန်းတို့ကိုသာ အဓိက လုပ်ကိုင်ကြရာ မိုးရာသီတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ အချိန်မီ ပြန်လည် လုပ်ကိုင်ရန်အတွက် လယ်ယာသုံး စက်ကိရိယာများ၊ စက်သုံးဆီများ၊ မျိုးစပါးများနှင့် ဓာတ်မြေသြဇာစသည်တို့ကို အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း၊ ထို့အတူ ငါးဖမ်းလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့်လှေ၊ ငါးဖမ်းပိုက် စသည်တို့ကိုလည်း ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် နာလန်ထူလာနိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။

ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရကြောင်း၊ သို့သော် မဖြေရှင်းမဆောင်ရွက်နိုင်လျှင် ပြဿနာပိုမို ကြီးထွားလာနိုင်သည့် အတွက် မဖြစ်မေ န ဖြေရှင်းဆောင်ရွက်ရမည်သာ ဖြစ်ကြောင်း၊ လတ်တလော ဖြေရှင်းဆောင်ရွက်နိုင်သည်များကို ချက်ချင်းေ ဆာင် ရွက်ပြီး ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း စနစ်တကျစီမံ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ မိမိတို့၏ ပြည်တွင်းရေးကို မိမိတို့ဘာသာ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း ၊ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးကို အပြည့်အဝ ဆောင်ရွက်ပေးရန်ဖြစ်ပြီး တည်ငြိမ်အေး ချမ်းမှု ရရှိလာသည်နှင့်အမျှ နောင်တွင် လုံခြုံရေးတပ်ဖွဲ့ အင်အားကို လျှော့ချသွားရမည် ဖြစ်ကြောင်း။

ရခိုင်ပြည်နယ် ပဋိပက္ခ စတင်ဖြစ်ပွားကတည်းက ကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်၍ အကူအညီ များ ပေးအပ်ခဲ့သည့် ကုသမဂ္ဂအဖွဲ့အစည်းများ၊ စေတနာရှင်နိုင်ငံများမှ သံအမတ်ကြီးများအား ပြည်ထောင် စုအစိုးရအဖွဲ့နှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊

ဒုက္ခသည်များအား ကူညီစောင့်ရှောက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိရာတွင် လုပ်ငန်းများ ပိုမို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ လုပ်ငန်းများ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ယင်းအဖွဲ့အနေဖြင့် ဒုက္ခသည်များ အတွက် လူနေအိမ်များကို (၃) လအတွင်း အပြီး ဆောက်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်ရေးတို့အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များကို ရှင်း လင်း တင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ဒုက္ခသည်များအား နေရာချထားပေးမှု၊ အဆောက်အအုံများ ဆောက်လုပ်နေရာ ချထားပေးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက လုပ်ငန်း ကော်မတီအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသော ပြည်ထောင်စုဝန်ကြီးဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်း မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ မလွဲမသွေ လုပ်ဆောင်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ဆောင်ဖွယ်ရာ ရှိသည်များကို အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန် စုစုစည်းစည်း ညီညီညွတ် ညွတ်ဖြင့် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ စားရေးနှင့် နေရေးကဏ္ဍများ ဆောင်ရွက်ပေး သည့်နည်း တူ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင် ဆောင် ရွက်ပေး သွားကြရန် ဖြစ်ကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို မွန်းလွဲ (၁) နာရီ (၁၅) မိနစ်တွင် ရပ်နား လိုက်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ) ၏ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား တက်ရောက်

 
  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ
ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ က 
တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြု လက်ဆောင် အဖြစ်
စစ်ရေယာဉ် ပုံစံငယ် ကို ဂါရ၀ပြု ပေးအပ်စဉ်
တပ်မတော်(ရေ) ၏ စစ်ရေယာဉ် များ တပ်တော်ဝင်ခြင်း အခမ်းအနား ကို ယနေ့ မွန်းလွဲပိုင်းတွင် သံလျင် တပ်နယ် ၊ အမှတ်(၃) ရေတပ် ဆိပ်ခံ တံတား၌ ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အားပေး ချီးမြှင့်သည်။
အဆိုပါ အခမ်းအနား သို့ ညှိနှိုင်း ကွပ်ကဲရေးမှူး ( ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုက်ကြီး လှဌေးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ် ခင်အောင်မြင့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီး များ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး ၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ၊ သံလျင် တပ်နယ်မှူး နှင့် သံလျင် တပ်နယ်မှ အရာရှိ ၊ စစ်သည် မိသားစု များ တက်ရောက် ကြသည်။
 
တပ်မတော်(ရေ)၏ စစ်ရေယာဉ်များ
တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်တော်ဝင် စစ်ရေယာဉ်မျာအား
တွေ့ရစဉ်
 
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် အခမ်းအနား ကျင်းပ ပြုလုပ်သည့် အမှတ်(၃) ရေတပ် ဆိပ်ခံ တံတား နေရာသို့ ရောက်ရှိ လာပြီးနောက် စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် တင်အောင်စန်း က ယနေ့သည် တပ်မတော်(ရေ) ၏ မျိုးဆက်သစ် အင်အားများ ဖြစ်သော အမြန်သွား တိုက်ခိုက်ရေး စစ်ရေယာဉ် ၄ စီး ၊ ယာဉ်တင် ကမ်းထိုး ရေယာဉ် ၂ စီး ၊ ရေပေါ် လွန်းကျင်း (ဆရာရှမ်း) ၁ စီး ၊ စုစုပေါင်း စစ်ရေယာဉ် ၇ စီး တို့ကို တပ်တော်ဝင် ပြုလုပ်ပြီး တပ်မတော်(ရေ) ၏ အဓိက တိုက်စွမ်းအား ဖြစ်သော စစ်ရေယာဉ်စု များတွင် အင်အား ဖြည့်တင်းသော အခမ်းအနား ဖြစ်ကြောင်း ၊ ယခု တပ်တော်ဝင် သည့် အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် ၄ စီး နှင့် ယာဉ်တင် ကမ်းထိုး ရေယာဉ် တို့အား တပ်မတော် (ရေ)မှ တာဝန်ယူ တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု တပ်တော်ဝင် သည့် ရေပေါ် လွန်းကျင်းသည် မြန်မာ နိုင်ငံတွင် ပထမဦးဆုံး ရေပေါ် လွန်းကျင်း တစ်စီး ဖြစ်ကြောင်း ၊ ရေပေါ် လွန်းကျင်းအား ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက်က ရေနွေးငွေ့ စက်တပ် ထားသော ပထမဦးဆုံး တိုက်သင်္ဘော အား တည်ဆောက် ပေးနိုင်ခဲ့သည့် မြန်မာ လက်သမား ဆရာ ဆရာရှမ်း ကို ဂုဏ်ပြုသော အားဖြင့် ရေပေါ်လွန်းကျင်း (ဆရာရှမ်း) ဟု အမည်ပေး ထားကြောင်း ၊ စစ်ရေယာဉ် များကို တပ်တော်ဝင် ပြုလုပ် နိုင်ခဲ့သည့် အတွက် ပင်လယ်ပြင် ကာကွယ်ရေး တာဝန် ထမ်းဆောင် နိုင်မှု စွမ်းရည် ပိုမို မြင့်မား လာစေ သကဲ့သို့ စစ်ရေယာဉ် များကိုလည်း ပင်လယ်ပြင် တွင် လွန်းတင် ပြင်ဆင်မှု များ ပြုလုပ် နိုင်မည် ဖြစ်ကြောင်း ဖြင့် စစ်ရေယာဉ်များ တပ်တော်ဝင် အခမ်းအနား နှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်း တင်ပြသည်။
တပ်မတော်(ရေ)၏ စစ်ရေယာဉ်များ
တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်တော်ဝင် စစ်ရေယာဉ်မျာအား 
တွေ့ရစဉ်
 
 တပ်မတော် (ရေ)၏ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း
အခမ်းအနား ကျင်းပစဉ်

ထို့နောက် ရေတပ် သင်္ဘောကျင်း ဌာနချုပ် ၊ ခေတ္တ ဌာနချုပ်မှူး က တပ်တော်ဝင် စစ်ရေယာဉ် များနှင့် ပတ်သက်သော စာရွက်စာတမ်း များအား တာဝန်ရှိသူ တစ်ဦးထံ သို့ လွှဲပြောင်း ပေးအပ် ခဲ့သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ က တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြု လက်ဆောင် အဖြစ် စစ်ရေယာဉ် ပုံစံငယ် များကို ဂါရ၀ ပြု ပေးအပ်သည်။
ထို့နောက် စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် တင်အောင်စန်း က စစ်ရေယာဉ် များအား တပ်တော်ဝင် စစ်ရေယာဉ် များအဖြစ် ကြေညာ လိုက်သည် နှင့် စစ်တီးဝိုင်း တပ်ဖွဲ့မှ နိုင်ငံတော် သီချင်းအား တီးမှုတ်ပြီး တပ်တော်ဝင် အလံလွှင့် တင်ခြင်း ၊ ခေါင်းလောင်း ရှစ်ချက်တီး ခြင်း ၊ နိုင်ငံတော် အလံလွှင့်တင် ခြင်း ၊ တပ်မတော် (ရေ) အလံလွှင့် တင်ခြင်း ၊ နိုင်ငံတော် အလံ အလေးပြုခြင်း နှင့် တာဝန်ကျ တပ်ဖွဲ့များ ဖွဲ့စည်းခြင်း စသည့် တပ်တော်ဝင် လုပ်ငန်းစဉ် များကို အစီအစဉ် များအတိုင်း ဆောင်ရွက် ကြသည်။
၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် တပ်တော်ဝင် စစ်ရေယာဉ် များအား လှည့်လည် ကြည့်ရှုကြရာ တာဝန်ကျ တပ်ဖွဲ့များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား လိုက်လံ ရှင်းလင်း ပြသ ကြသည်။
ထို့နောက် တပ်တော်ဝင် စစ်ရေယာဉ် များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား သရုပ်ပြ စမ်းသပ် မောင်းနှင် ပြသကြပြီး တပ်တော်ဝင် အခမ်းအနား ကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။
 
Pyi Chit Thar

နှစ်သစ်၊ ပြည်သူ့အစိုးရသစ် ( ဧပြီလ ၁၀ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ ပါ Editorial )

 
နိုင်ငံတော်တစ်ရပ် တည်ရှိနေခြင်းမှာ ထိုနိုင်ငံတွင် မှီတင်းနေထိုင်သော နိုင်ငံသူနိုင်ငံသား ပြည်သူလူထု တည်ရှိနေသောကြောင့် ဖြစ်သည်။ ပြည်သူလူထုမရှိပါက နိုင်ငံတော် တစ်ရပ် ပေါ်လာစရာအကြောင်း မရှိပေ။ ထို့အတူ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်သည် လည်း ပြည်သူလူထုမရှိဘဲ ၊ လက်မခံဘဲ အသက်ဝင်စရာ မရှိနိုင်ပေ။ ဤအချက်သည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတို့တွင် မဖြစ်မနေ ရှိနေသည့် ရေခံမြေခံ သဘောတရားဖြစ်သည်။

ဒီမိုကရေစီ အသွင်ပြောင်းလုပ်ငန်းများ အကောင်အထည် ဖော်နေသော မြန်မာနိုင်ငံ တွင်လည်း အာဏာသုံးရပ်ရှိသည့် အနက် ဥပဒေပြုအာဏာနှင့် အုပ်ချုပ်မှုအာဏာ နှစ်ရပ်သည် ပြည်သူလူထု၏ အရေးပါ အရာရောက်မှုကို ကောင်းစွာနားလည် သဘောပေါက်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်သူလူထု အခြေပြု အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တသီးတသန့်တွေ့ဆုံကာ လူထုအကြား ကူညီဆောင်ရွက်နေမှုများ၊ လူထု၏ လိုအပ်ချက်၊ လိုလားချက်များ၊ အခက်အခဲများကို လက်တွေ့ နားထောင် မှတ်သားကာ အစိုးရအနေနှင့် ကူညီဆောင်ရွက် ပေးနိုင်သည် များကို ပြန်လည်ဆွေးနွေးသွားခဲ့သည်။ ထို့နောက် ယခုထက် ကျယ်ပြန့်သော နယ်ပယ်အသီးသီးမှ လူထုကိုယ်စားပြု အဖွဲ့အစည်းများနှင့် ထပ်မံ တွေ့ဆုံဦးမည်ဟု ဆိုခဲ့သည်။

လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး မကြာခင် ပြည်ထောင်စုလွှတ်တော် နာယကတာဝန်ကို ထမ်းေ ဆာင်ေ တာ့မည့် သူရဦးရွှေမန်း သည်လည်း ရန်ကုန်လူထုနှင့် ယနေ့တွင် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ ဆုံရာတွင် မည်သူမဆို၊ မည်သည့် အကြောင်းအရာကိုမဆို တင်ပြဆွေးနွေးနိုင်ကြောင်း တံခါးဖွင့် ပေးခဲ့သည်။ သူရဦးရွှေမန်း၏ ပြည်တွင်းခရီးစဉ် များတွင်လည်း ဒေသခံ အုပ်ချုပ်ရေး၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ပြည်သူ့ အခြေပြုအဖွဲ့အစည်းများနှင့် အခါအားလျော်စွာ တွေ့ဆုံလေ့ ရှိသည်။

အဆိုပါတွေ့ဆုံမှုတို့သည် နှစ်ပေါင်းများစွာ လျစ်လျူရှု ခံထားခဲ့ရသည့် မြန်မာပြည်သူလူထု အတွက် များစွာ အားတက်ဖွယ်ရာ အခြေအနေကောင်းများဖြစ်သည်။ ယခင်ကမူ လာဘ်စားခြင်း၊ ပြည်သူ့ရေးရာ ဝန်ဆောင် မှုများ နားမလည်ခြင်း၊ အာဏာရှင်စရိုက် ကဲလွန်းခြင်း၊ လစာရိက္ခာ နည်းပါးခြင်း၊ ပြည်သူလူထုနှင့် နိုင်ငံတော် အညမညသဘောကို မသိခြင်း၊ စီမံခန့်ခွဲမှု လွဲမှားခြင်းတို့ကြောင့် အာဏာသုံးရပ်ကို တစ်စု တစ်စည်းတည်း ကိုင်စွဲသူတို့ ပြည်သူလူထုကို အလေးထားရ ကောင်းမှန်း မသိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ နှစ်ပေါင်းများစွာ အမေ့လျော့ခံ၊ အဖိနှိပ်ခံ၊ အောက်ခြေအ ဆင့် ပြည်သူလူထုနှင့် နိုင် ငံတော်အဆင့် တာဝန်ရှိသူများ ယခုကဲ့သို့ တွေ့ဆုံစကားပြောခြင်း၊ ခံစားချက် များ၊ လိုလားချက်များ နားထောင်ပေးခြင်းမှာ မကြာမီ ကူးပြောင်းတော့မည့် မြန်မာနှစ်သစ်အတွက် မင်္ဂလာရှိသော သတင်း များဖြစ်ပါ သည်။ ဤအခြေအနေအတိုင်း ပြည်သူလူထု ကို အလေးထား၊ လေးစား၊ တန်ဖိုးထားလာပါ က ပြည်သူလူထုက လည်း ထိုအရာများနှင့် ညီမျှသည့် တုံ့ပြန်လေးစားမှု ပြန် လည် ပေးအပ်မည် မှာ သေချာလှပေသည်။ ထို့ထက်အလေးအနက် ပြောရပါ က ပြည်သူလူထု က ရွေးချယ်တင်မြှောက်ေ သာ ပြည် သူ့ ကိုယ်စားလှယ်များက ပြည်သူလူထုနှင့် နိုင်ငံတော်ကို စီမံခန့်ခွဲ အုပ်ချုပ်သည့် ပြည် သူ့ အစိုးရအဖြစ် မင်္ဂလာရှိသောနှစ်သစ်ကို ကြိုဆိုခြင်း ဖြစ်ပါကြောင်း။

အယ်ဒီတာ ( ၉-၄-၂၀၁၃ )

ရွေးကောက်ပွဲ မဲအချိုးကျစနစ် ပါတီများ သဘောထားကွဲ

 
 
၂၀၁၀ ရွေးကောက်ပွဲကာလ ရန်ကုန်မြို့ရှိ မဲရုံတရုံ၌ မဲရေတွက်နေစဉ် (ဓာတ်ပုံ – Reuters)

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွှေးကောက်ပွဲ တွင်  ပြည်သူလူထု၏ ထောက်ခံမဲ ရရှိမှုပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် အချိုးကျ ရရှိသည့်စနစ်(Propotional Representative) ကျင့်သုံးရေး ကြိုးပမ်းမှုအပေါ် နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲနေကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရရှိသူက အနိုင်ရသည့်စနစ်အ စား ပြည်သူလူထု၏ ထောက်ခံသော မဲအရေအတွက် အပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် အချိုးကျရရှိသည့်စနစ် (Proportional Representative) ပြောင်းလဲ ကျင့်သုံးရန် ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင် ထံ တင်ပြချက်အပေါ် နိုင်ငံရေး ပါတီအချို့ကန့်ကွက်လျက်ရှိပြီး အချို့နိုင်ငံရေးပါတီ များ ထောက် ခံ ကြခြင်းဖြင့် သဘောထားကွဲလွဲမှုများ သိသိသာသာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

မဲအချိုးကျ ကိုယ်စားပြု (Proportional Representative) စနစ်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံးရရှိသူက အနိုင်ရရှိသည့်ပုံစံမဟုတ်ဘဲ ထောက်ခံမဲ မဲအချိုးကျပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် ရရှိသည့် ပုံစံဖြစ် သည်။

နေပြည်တော်တွင် မတ်လ ၈ ရက်နေ့က ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပရေး ကိစ္စ တွေ့ဆုံခဲ့ကြရာ  နိုင်ငံရေးပါတီ ၅၃ ခု တက်ရောက်ခဲ့ပြီး  မဲအချိုးကျ ကိုယ်စားပြုစနစ် (Propotional Representative) ကျင့်သုံးရန် တင်ပြထောက်ခံသောနိုင်ငံရေးပါတီ ၇ ခု၊  ကန့်ကွက်သောနိုင်ငံရေးပါတီ ၅ ခုရှိခဲ့ပြီးအချိန်ယူ၍ ဆောင်ရွက်သင့်သည်ဟု စဉ်စားပါတီ ၄ ခုရှိခဲ့ကြောင်း၊ နိုင်ငံရေးပါတီအများစုမှာ ၀င်ရောက်ဆွေးနွေးခြင်း မရှိခဲ့ကြောင်းသိရှိရသည်။

PR စနစ်ကျင့်သုံးရန်တင်ပြထောက်ခံသည် နိုင်ငံရေးပါတီ ၇ ခုတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၊အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ တို့ ပါဝင်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီအချို့အပါအ၀င် နိုင်ငံရေးပါတီ ၅ ခုကမူ PR စနစ်ကြောင့် ဆိုးကျိုးများရှိလိမ့်မည်ဟု ဆိုကာ ကန့်ကွက်ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

PR စနစ်ကို ထောက်ခံသော အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အတွင်းရေးမှူး ၁ ဦးကြည်သန်းက “အခု လုပ်နေတဲ့ နိုင်သူ အကုန်ယူ စနစ်အရ ဆိုရင် မဲဆန္ဒရှင် အားလုံးရဲ့ဆန္ဒကို လွှတ်တော်မှာ ကိုယ်စားပြုပြီး ပြောမယ့် ဆိုမယ့် သူ မရဘူးပေါ့ဗျာ။ ပြည်သူ့ဆန္ဒမဲရာခိုင်နှုန်းမှာ နိုင်ငံရေးပါတီတခုက ၅၁ ရာခိုင်နှုန်းရပြီး အခြားနိုင်ငံရေးပါတီတခုက ၄၉ ရာခိုင်နှုန်းရလို့ ၅၁ ရာခိုင်နှုန်း ရတဲ့သူက နိုင်သွားလို့ ရှိရင် ၄၉ ရာခိုင်နှုန်းမဲတွေရထားသူက  ဘာမှလုပ်လို့ မရတော့ဘူးလေ။ အဲဒါကြောင့် ပြောရေးဆိုခွင့် ရအောင် ရတဲ့ မဲအချိုးပေါ်မှာ မူတည်ပြီးတော့ ရတဲ့ မဲနဲ့ လွှတ်တော်ထဲရောက်သွားရင်ပြောရေး ဆိုခွင့်ရှိ အောင် တင်ပြတာပါ”ဟု ရှင်းပြသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံးနီးပါး အနိုင်ရခဲ့သော် လည်း စစ်အာဏာရှင်စနစ်၏ အသိအမှတ်မပြုခဲ့သောကြောင့် အနိုင်ရရှိမှု အလကားဖြစ်ခဲ့ရကြောင်း၊ PR စနစ် ကျင့်သုံးမည်ဆိုပါက ပါတီတခုတည်းက ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုမျိုးရှိတော့မည်မဟုတ်ဟု ဦးကြည်သန်းက ဆက်လက်ပြောသည်။

”၁၉၉၀ ရွှေးကောက်ပွဲမှာ ဆိုရင် ပါတီတစ်ခုကအကုန်နိုင်တယ်ဗျာ။ အဲဒီရွေးကောက်ပွဲ ရလဒ် အဟောသိ ကံ ဖြစ်သွားရတယ်။ အဲဒါမျိုး နောင်မဖြစ်ရအောင် ရည်ရွယ်တာပါ”ဟု ဦးကြည်သန်းက ဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း PR စနစ်ကို ကျင့်သုံးရန် ကြိုးပမ်းရခြင်းမှာ ပြည်သူများ ၏ ထောက်ခံဆန္ဒမဲအားလုံး အကျိုးရှိ စေရန် ရည်ရွယ်တင်ပြထားခြင်း ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၏ ရန်ကုန်တိုင်း ဒေသကြီးအနောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်စိုးက ဧရာဝတီသို့ ပြောသည်။

PR စနစ်ကို ကန့်ကွက်သော  အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ”ဒီ PR စနစ်ကို ကျင့်သုံးမယ် ဆိုရင် လူမျိုးစွဲ၊ ၀ါဒစွဲ၊ အစွန်းရောက် ပါတီတွေက အချိုးကျစနစ်နဲ့ မဲရလာနိုင်တယ်။ အဲဒီလိုဖြစ် လာရင် တိုင်းပြည်ရဲ့ကံကြမ္မာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။ ဂျာမနီနိုင်ငံမှာ PR စနစ်ကျင့်သုံးခဲ့လို့ နာဇီတွေ နေရာရလာပြီး အာဏာရှင် ဟစ်တလာ တက်လာတာကို ကျနော် ဥပမာပေး ထောက်ပြခဲ့တယ်။ ဂျာမန် ဒီမိုကရေစီ ပျက်စီးရခြင်းဟာ PR စနစ်ကြောင့်လို့ ပြောစမှတ် တွင်သွားတယ်။အခုဒီက ဒီမိုကရေစီစနစ်က အပင်ပေါက်လေး ပဲရှိသေးတယ်။ သင်းသတ်တဲ့ ပုံစံမျိုး တော့ အဖြစ်မခံနိုင်ဘူး”ဟု ပြောသည်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌလည်းဖြစ်  ဟင်္သတမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် လည်းဖြစ်သူ ဦးဌေးဦးကမူ ရွေးကောက်ပွဲတွင် မည်သို့သော မဲပေးစနစ် အသုံးပြုစေ ကာမူ  ပြည်သူလူထု နားလည်လွယ်သော စနစ်ဖြစ်ရေးသည်သာ အဓိကဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက် ပွဲတွင် PR စနစ် အသုံးပြုရေး မဖြစ်နိုင်သေးကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

”အဓိက က မဲထည့်မယ့် ပြည်သူတွေ အဆင်ပြေဖို့လိုတယ်။ မဲပေးသူတွေ ရှင်းရှင်းလင်းလင်း သဘောမပေါက်ဘူးဆိုရင် သူတို့ပေးချင်တဲ့သူကို ပေးနိုင်မှာ မဟုတ်ဘူး။ အခု အမှား အမှန်ခြစ်တဲ့ ကိစ္စမှာတောင် လူတွေ ဒီလောက် ဇဝေဇ၀ါ ဖြစ်နေတာ။ PR စနစ် ဆိုရင် လည်း ပြည်သူတွေ လိုက်ပါလာနိုင်ဖို့ လိုတာပေါ့။ ပြည်သူတွေ နားလည်မှ ဒီစနစ် အောင်မြင် လိမ့်မယ်”ဟု ဦးဌေးဦးက သုံးသပ်သည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများကမူ ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး စောလွန်းနေသေးပြီး အခက်အခဲများစွာ ရှိလိမ့်မည်ဟု ဆိုကြသည်။

”တိုင်းရင်းသား ဒေသမှာဆိုရင် စာတတ်မှုနှုန်းက တော်တော်နည်းတယ်။ Voter Education တွေအများကြီး လုပ်ရဦးမယ်။ PR စနစ် ကောင်းတာ မကောင်းတာထက် လူထုရဲ့ ပညာရေး ရေချိန်ပေါ်မှာ မူတည်ပြီးတော့ အချိန်ယူ တည်ဆောက်ရမယ်လို့မြင်တယ်”ဟု ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးဆလိုင်းဒေး ဗစ်ထွန်းက ပြောသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက PR စနစ်ထက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို အလေးပေးပြောလိုကြောင်း ပြောဆိုသည်။

”အခြေခံ ဥပဒေပြင်ပေးပါ။ တိုင်းရင်းသားပြသနာ အရင်ရှင်းပါ။ ပြီးမှရွေးကောက်ပွဲကို တရားမျှတအောင် လုပ်ပါ။ ကျနော်ကတော့ နိုင်ငံရေးနည်းကိုပဲ ပြောချင်တယ်”ဟု ဦးခွန်ထွန်းဦးက သုံးသပ်သည်။

PR စနစ်ကြောင့် အစွန်းရောက်လူနည်းစုများ ပါတီထောင်ပြီး နိုင်ငံရေးတွင် ပါဝင်ခြေရှုပ်လာမည်ကို စိုးရိမ်သည့် အတွက် ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဥက္ကဋ္ဌလည်းဖြစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါက်တာအေးမောင်က ပြောသည်။

”ကျနော်တို့က PR စနစ်ကို လက်မခံဘူး။ ဒုတိယအင်အားကြီး ပါတီဝင်မှာကြောက်လို့။ ပြီးတော့ အစွန်းရောက်တွေလည်း ပါတီထောင်လာနိုင်တယ်။ ရွေးကောက်ပွဲမှာ ရှုံးပေမယ့် လည်း အချောင်ရတဲ့ ပါတီခေါင်းဆောင်တွေ ပါလာနိုင်တယ်။သူတို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရှုံး ခဲ့ပြီး၂၀၁၅ မှာ ရှုံး နိုင်တဲ့ အတွေးလေး ၀င်တာနဲ့ အခုလို ပုံစံပြောင်းချင်တာ”ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကမူ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး လာမည့်  ဇွန်လတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြကာ အဆုံး အဖြတ် ရယူမည်ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲကို သန့်ရှင်းမျှတသော ရွေးကောက်ပွဲဖြစ်ေ စရေး ဆော င် ရွက်ပေး သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

ဧရာဝတီ



မြန်မာ အိမ်အကူ အမျိုးသမီးများကို နှိပ်စက်သည့် ထိုင်းမိသားစု ဖမ်းဆီးခံရ

 
 
မြန်မာ အိမ်အကူများကို နှိပ်စက်သည့် စစ်ဗိုလ် အယောင်ဆောင် အိမ်ရှင် (ခေါင်းတုံးနှင့်လူ) ကို ဖမ်းဆီးလာစဉ် ( ဓာတ်ပုံ – ဘစောတင် / ဧရာဝတီ )

မြန်မာ အိမ်အကူ အမျိုးသမီးငယ် ၃ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လခမပေးဘဲ ခိုင်းစေသည့် ထိုင်းမိသားစုအား လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲများက ဧပြီလ ၅ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန့်ဘွန်ရပ်၊ ဧကချိုင် လမ်းကြီး၊ လမ်းသွယ် ၆၉/၂ တွင် နေထိုင်သော အသက် ၅၀ ခန့်ရှိ နိုင်ဒေပါနုနှင့် ၎င်း၏ မိသားစုအား စစ်အရာရှိ အယောင်ဆောင်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မုဒိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှု စသည့် အမှုများဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မြန်မာ မိန်းကလေးများ လွတ်မြောက်ရေးအတွက် အကူအညီပေးပြီး စကားပြန်လည်း လုပ်ပေးသူ ဒေါ်မာလီက ဧရာဝတီသို့ ပြောသည်။

“ဒီလူက လမ်းထဲမှာ သူ့ကိုယ်သူ စစ်အရာရှိကြီးဆိုပြီး ခပ်တည်တည် နေနေတယ်။ တကယ်တော့ သူက ဘာအရာရှိမှ မဟုတ်ဘူးလေ။ ဗိုလ်တုပဲ။ စာရွက်စာတမ်း အတုတွေရယ်၊ တပ်မတော်က အထူးအရာရှိဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း ခပ်တည်တည် သူ့အိမ်မှာ ထားထားတယ်” ဟု ဒေါ်မာလီက ပြောသည်။

၎င်းက ဆက်လက်၍ “ဒီလူက ကျမတို့ မြန်မာ မိန်းကလေးတွေကို လုပ်ခမပေးဘဲ အလုပ်ခိုင်းတဲ့ အပြင် မုဒိမ်းလည်းကျင့်တယ်။ မုဒိမ်းကျင့်ရာမှာ ကိုယ်တင် ကျင့်တာမဟုတ်ဘူး။ သူ့သားကိုလည်း ကျင့်ခိုင်းတယ်။ ပြီးတော့ သူ့အိမ်မှာ အလုပ်လာတဲ့ လာအိုလူမျိုးကို ထပ်ကျင့်ခိုင်းတယ်။ သူ့ဆီက လက်နက်လည်း ဖမ်းမိတယ်။ ကလေးမလေးတွေကို သော့ခတ်ပြီးချည်တဲ့ သံကြိုးတွေရော၊ လက်ထိပ်တွေ ဘာတွေရော သူ့အိမ်ထဲမှာ မိတယ်။ ဒီအမှုတွေနဲ့ ပတ်သက်သို့ စစ်ဗိုလ်တု နိုင်ဒေပါနုနဲ့ ဇနီးရယ်၊ သားနဲ့ သမီးရယ်၊ မုဒိန်းကျင့်တဲ့ လာအိုနိုင်ငံသား အလုပ်သမားတယောက် စုစုပေါင်း ၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်” ဟု ပြောသည်။

နိုင်ဒေပါနု၏ အိမ်တွင် အလုပ်လုပ်ကြသည့် မြန်မာ အမျိုးသမီးငယ်များမှာ တနင်္သာရီတိုင်း သရက်ချောင်း မြို့နယ်မှ ဖြစ်ကြပြီး တဦးက အသက် ၁၈ နှစ်နှင့် ကျန် နှစ်ဦးမှာ အသက် ၁၅ နှစ်စီ ရှိကြကြောင်း၊ အလုပ်လုပ်နေကြသည်မှာ ၃ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ထို ၃ လအတွက် လုပ်ခလစာလည်းမရ၊ ညှဉ်းပန်းနှိပ်စက်မှုလည်း ခံနေရသောကြောင့် ဧပြီလ ၂ ရက်နေ့ က နိုင်ဒေပါနု၏ အိမ်မှ ထွက်ပြေးကြရာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို အိမ်ရှင်က ပြန် ဖမ်းမိ သွားပြီး ကျန် နှစ်ယောက် လွတ်မြောက်ခဲ့ကြောင်း ဒေါ်မာလီက ပြောသည်။

“ထွက်ပြေးလာတဲ့အထဲက ကောင်မလေးက ကျမဆီကို အကြောင်းကြားလာတယ်။ အဒေါ်ရယ် ကျန်ခဲ့တဲ့ ကောင်မလေးတော့ သေလား ရှင်လား မသိဘူး၊ ကယ်ပါဦးဆိုပြီး အကြောင်းကြားလာတယ်။ ဒါကြောင့် ကျမလည်း သတင်းဌာနတွေရယ်နဲ့ အခြား အကြောင်းကြားသင့်တဲ့ နေရာတွေကို အကြောင်းကြားပြီး အထောက်အထား ခိုင်လုံတာနဲ့ ဒီ ပေါ်ခေါ်မော် (လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲ) အဖွဲ့ရဲ့ အကူအညီနဲ့ အခုလို လိုက်ပါကူညီ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါ်မာလီက ဆိုသည်။

ဧပြီလ ၂ ရက်နေ့တွင် အယောင်ဆောင် စစ်ဗိုလ် နိုင်ဒေပါနုက မိန်းကလေးတဦးအား ပြန်လည် ဖမ်း ဆီး ခေါ်ေ ဆာင်သွားပုံနှင့် ပတ်သက်၍ အဆိုပါလမ်းထဲတွင် နေထိုင်သူ ဒေါ်အေးအေးငယ်က ယခုကဲ့ သို့ ပြောပြသည်။

“အဲဒီနေ့က ဒီလူဟာ ကလေးမလေးကို လည်ပင်းညှစ်ပြီး ဒရွတ်တိုက် ဆွဲခေါ်လာတာ။ ကလေးရဲ့ အဖြစ်ကို မြင်ရတာ သိပ်သနားစရာ ကောင်းတယ်။ ဒီလူက တော်တော် အာဏာရှိ တယ် လို့ ပြော ကြတယ်။ တော်ရုံပုလိပ်က မဖမ်းနိုင်ဘူးတဲ့။ ဒီလူ လုပ်ပုံက တော်တော် လူမဆန်တာပဲ။ ကလေးမလေး တယောက်ကို ကျွဲနွားဆက်ဆံသလို အနိုင်ကျင့်တာကို မြင်ရတော့ မခံနိုင်ဘူး။ စိတ်ထဲမှာ တော်ေ တ်ာလေး လည်း ခံပြင်းတယ်။ အနားက ထိုင်းတွေလည်း တော်တော် ဒေါ သ ထွက်ကြတယ်” ဟု ဒေါ်အေးအေး ငယ်က ပြောသည်။

ယင်းစစ်ဗိုလ်အတုသည် ယခင်ကလည်း မြန်မာ အိမ်အကူ မိန်းကလေးများအား ညှဉ်းပန်း နှိပ်စက် ခဲ့ဖူးကြောင်း အဆိုပါလမ်းထဲရှိ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ကိုမိုးက ဆိုသည်။

“အရင်ကလည်း ဒီလူဟာ အိမ်မှာ အလုပ်လာလုပ်တဲ့ ကရင်မလေးတွေကို ခုလိုပဲ မတရား ညှဉ်းပန်းတယ်။ မုဒိမ်းကျင့်တယ်။ လစာလည်း မမေးဘူး။ ကလေးမလေးတွေကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဒါကြောင့် သူ့အိမ်က မိန်းကလေးတွေ ထွက်ပြေးဖို့ ကျနော် ကူညီ ခိုးထုတ်ပေးဖူးတယ်” ဟု ကိုမိုးက ပြောသည်။

ယခုအခါ မြန်မာ အလုပ်သများအတွက် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေပြီး တရားဝင် အလုပ်လုပ်ခွင့် ရနေပြီ ဖြစ်သဖြင့် ပွဲစားများနှင့် ဆက်သွယ်ကာ တရားမဝင် အလုပ်လုပ်ခြင်းကို ဆင်ခြင် သင့်ကြောင်း ထိုင်း-မြန်မာ မဟာမိတ် ဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဆိုသည်။

“ဒီလိုမျိုး အိမ်ရှင်တယောက်က အနိုင်ကျင့်ခွင့်ရအောင် အလုပ်သွင်းပေးတဲ့ တရားမ၀င် မြန်မာပြည်သား ပွဲစားတွေပေါ့ဗျာ။ အလုပ်သွင်းပေးနေကြတဲ့ သူတွေပေါ့ဗျာ။ လူလိုလို့ အလုပ်သမား ရှာခိုင်းတယ်ဆိုရင် အဲဒီလူတွေက ဘယ်လိုလူမျိုးတွေလဲ ဆိုတာကို နောက်ကြောင်း ဘာရှိတယ်ဆိုတာကိုလဲ ထည့်စဉ်းစား သင့်တာပေါ့ဗျာ။ အားလုံးက ပတ်စ်ပို့နဲ့ ၀ါ့ခ်ပါမစ်နဲ့ တရားဝင်ဖြစ်နေတဲ့ အခုလို ကာလမှာတောင်မှ ဘာလို့ ဒီအဖြစ်မျိုး ကြုံတွေ့နေကြရသလဲ ဆိုတာကို ထောက်ပြချင်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်နေသူ မြန်မာ အလုပ်သမား ၁ သန်းခန့် ရှိပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူများမှာ နောက်ထပ် ၁ သန်းခန့် ရှိနိုင်ကြောင်း ထိုင်းနှင့် မြန်မာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ-ရုရှား သံတမန် ဆက်ဆံရေး (၆၅) နှစ်မြောက် အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာ-ရုရှား သံတမန် ဆက်ဆံရေး (၆၅) နှစ်မြောက် အထိမ်းအမှတ် (၅၀၀) ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ်ကို ဧပြီ ၁၀ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဆက်သွယ်ရေးစခန်း (စာတိုက်)များ၌ ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဧပြီ ၁၀ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်၌ နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေး မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၉ ရက်နေ့ထုတ် မြန်မာအလင်း သတင်းစာတွင် ဖော်ပြ ထားပါသည်။

နေတိုးလေကြောင်းမှတိုက် အာဖဂန်ကလေးငယ်များသေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး)၏ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ကလေး ၁ဝ ဦးနှင့် အမျိုးသမီးနှစ်ဦး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့ ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ကူနာပြည်နယ် ရှိဂေါခရိုင်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နောက်ထပ် အမျိုးသမီးခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယုံကြည်ရသည်။ အဆိုပါ သေဆုံးသူများသည် ၄င်းတို့၏ နေအိမ်အတွင်းမှာပင် ပစ်ခတ်မှုခံရပြီး သေဆုံးကြရခြင်း ဖြစ်သည်ဟု ရွာသားများနှင့် တာဝန်ရှိသူများက ဘီဘီစီသို့ ပြောခဲ့သည်။ ရှိဂေါခရိုင်၌ တိုက်ပွဲများ ဖြစ်ပွားစဉ်လေကြောင်းမှ ကူညီပစ်ခတ်ပေးမှု ရှိခဲ့ကြောင်း နေတိုးက အတည်ပြု ပြောကြားသည်။

ဘီဘီစီ

သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါ ပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိ









သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါ ပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့ အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။ ဘုန်းကြီးအား စစ်ဆေးရာတွင် လွန်ခဲ့သော တစ်နှစ်ခန့်ကလည်း ဘင်္ဂလီ ၁၀ ဦးကို ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ယခုအခါလည်း တစ်ဦးလျင် ဆယ်သိန်းကျပ်ဖြင့် ပို့ဆောင်ပေးသည်ဟု သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၉/၃၆၇ /၂၉၅/၁၁၄ အရ ညနေ ၄း၃၀ တွင် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။ ကားနံပါတ်မှာ ၅ဃ/၆၃၈၈ ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူ ထားပြီဖြစ်သည်။

အဆိုပါ ဘင်္ဂလီ ၈ ဦးမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများမှ ဘင်္ဂလီများဖြစ်ကြောင်းနှင့် ၄င်းတို့အား ကားဖြင့် ပို့ဆောင်ပေးသည့် ဘုန်းကြီးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ) 002736 ဖြစ်ပြီး ဒရိုက် ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်) 018822 ဖြစ်ကြောင်းသိရသည်။

၎င်းတို့အား ၉၆၉ စကေကာကပ်ထားသည့် CRW ကားအမျိုးအစား ၅ဃ/6388 ဖြင့် ဧပြီလ ၄ ရက်နေ့ တွင် ကျောက်တော်မြို့မှ စတင်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ ဘင်္ဂလီ များ ပြည် မ ထဲသို့ မည်မျှထိခိုးဝင်နေခဲ့ကြသည်ကို မသိနိုင် ကြောင်းလည်း ရခိုင်ပြည်သူများက သုံးသပ်ပြောဆို ကြပါသည်။

မြန်မာစစ်သား ၁၃ ဦး ပစ်ခတ်မှုကြောင့် သေဆုံးသည့်သတင်း နားလည်မှုလွဲစွာ မှားယွင်းရေးသားကြခြင်းဖြစ်

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းခရိုင်တွင် လက်နက်ကိုင် အချို့နှင့် မြန်မာအစိုးရ တပ်မတော်သားများ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မြန်မာ တပ်မတော်သား ၁၃ ဦး သေဆုံးခဲ့သည်ဟူသော သတင်းမှာ မှားယွင်းနေပြီး မြန်မာ တပ်မတော်သား ၁၃ ဦးမှာ ကင်းလှည့်နေစဉ် တောတွင်း၌ လမ်းပျောက် သွား ချိန်နှင့် တောမီးလောင်ကျွမ်းစဉ် ကာလ တိုက်ဆိုင်ခဲ့၍ ဝါးလုံးများ ပေါက်ကွဲသံကို သေနတ် ပစ်ခတ်သံကဲ့သို့ ဆက်သွယ်ရေးစက်၌ ကြားခဲ့ကြရပြီး သေဆုံးသကဲ့သို့ ထင်ရောင်ထင်မှား ဖြစ် ခဲ့ ရခြင်း ဖြစ် သည်ဟု နှစ်နိုင်ငံမှ အစိုးရ အာဏာပိုင်များက တရားဝင် ပြောကြား လိုက်ကြောင်း ၈-၄-၂၀၁၃ ရက်က သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Surapong Tovichakchaikul ကလည်း နှစ် ဖက်ပစ်ခတ်မှု ဖြစ်ပွားခြင်း မဟုတ်ကြောင်း ဧပြီလ ၆ ရက်က ထုတ်ဖော်ပြော ကြား လိုက်ပြီး မြန် မာအာဏာပိုင်များ ဘက်က လည်း ၄-၄-၂၀၁၃ ရက်က ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့သည်ဟု သတင်းရထားပြီး မိမိတို့ တပ်မတော်သားများ ထိခိုက်မှု မရှိကြောင်း ၇-၄-၂၀၁၃ ရက်က နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည်။

“ကော့သောင်းဒေသ ထိုင်းနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် တပ်မတော်သားများ ကျဆုံးသော သတင်းမှာ မှန်ကန်မှု မရှိပါ” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘွတ်မှာ တစ်ဆင့် မေးမြန်းထားမှုများကို ဖြေကြားသည်။ ထိုင်းနိုင်ငံမှ အင်အားကြီး မီဒီယာ နှစ်ခုဖြစ်သော The Nation, Bangkok Post တို့ကလည်း မှားယွင်းသော သတင်းထုတ်ပြန် မှု ဖြစ်ကြောင်း ၎င်းတို့၏ ဧပြီ ၄ ရက်က ထုတ်ပြန်သော သတင်းအပေါ် ပြန်လည်ရေး သား ဖော်ပြထားပြီး ပြည်တွင်းမီဒီယာ အချို့ကလည်း ဖော်ပြခဲ့ကြမှုကြောင့် ပြည်တွင်း၌ လှုပ်ခတ်သွားသော သတင်းတစ်ပုဒ် ဖြစ်ခဲ့ရသည်။ “အခု ထိုင်း၊ မြန်မာနယ်စပ် အခြေအနေက ပုံမှန်အခြေအနေကို ရောက်ပြီးလို့ တည်ငြိမ်နေပါပြီ” ဟု ထိုင်းတပ်မတော်မှ ဒုတိယအဆင့် ပြောရေးဆိုခွင့်ရှိသူ Winthai Suwaree က ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်တွင်း မီဒီယာများ တွေ့ဆုံစဉ် ဧပြီ ၆ ရက်ကလည်း ယင်းသတင်းများ မဟုတ်မှန်ကြောင်း သတင်းမှားသာ ဖြစ်ကြောင်း၊ နားလည်မှု လွဲမှားစွာ ဖော်ပြ ခဲ့ကြခြင်း ဖြ စ်ေ ကြာင်း ထုတ်ဖော် ပြောကြားထားသည်ဟု သိရကာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင်လည်း အလားတူ ဖော်ပြထားသည်ကို တွေ့ရကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

အာဆီယံမှာ ဆင်းကတ်ဈေး အသင့်တော်ဆုံး ဖြစ်လာတဲ့ မြန်မာနိုင်ငံ

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ဆင်းကတ်ဈေးနှုန်း အသင့်တော်ဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာတယ်လို့ သိရပါတယ်။ Yangon Heartz Media မှ ကိုဇော်ဇော်မျိုးလွင်က “ငွေဖြည့်ကတ်ရဲ့ ကန့်သတ်ချက်က အာဆီယံမှာ ဈေးအချိုဆုံးပဲ၊ ဆင်းကတ်ဈေးနှုန်းကလဲ အာဆီယံမှာ ဈေးအသက်သာ ဆုံး ပြောလို့ရတယ်” လို့ ပြောပါတယ်။

“အာဆီယံမှာ အလကားပေးတယ် ဆိုတာက permanent ပေးထားတာ မဟုတ်ဘူး။ တစ်လ နှစ်လပဲ ပေးတာ၊ ဆိုလိုတာက နံပါတ်က ပုံသေမရဘူး။ ပြီးတော့ ကန့်သတ်ချက်တွေလဲ ရှိသေးတယ်” လို့ ကိုဇော်ဇော်မျိုးလွင်က ဆိုပါတယ်။ T-Bit Solution မှ ကိုသက်အောင်မင်းလတ်က “ငွေဖြည့်ကတ် ကန့်သတ်မှုကတော့ ဂျပန်တွေ၊ ကိုရီးယားတွေထက်တောင် သက်သာတယ်။ အာဆီယံမှာလဲ သက်သာတယ်။ အခုတောင် ဒီလောက်အထိ ဈေးသတ်မှတ်ထားနိုင်ပြီဆိုရင် နောက် ပိုင်း အော်ပရေ တာတွေ ပေါ်လာပြီး တိုင်တွေလဲ တစ်ဆင့်ပြီးတစ်ဆင့် အပြည့်အဝ ဖြစ်လာရင်တော့ ဒီထက်ပို အဆင်ပြေလာဖို့ပဲ ရှိပါတယ်” လို့ ပြောပါတယ်။ နောက်လာမယ့် အော်ပရေတာတွေက အခုလက်ရှိ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ထိန်းပြီး ဆက်လုပ်သွားနိုင်ဖို့ကတော့ ဆက်သွယ်ရေးရဲ့ frame work ထိန်းချုပ်မှုနဲ့ပဲ ဆိုင်တယ်။ ပြိုင်ဆိုင်တယ်ဆိုတဲ့ နေရာမှာ ဈေးနှုန်းရော၊ ဝန်ဆောင်မှုပိုင်းပါ ပါတယ်လို့ ကိုသက်အောင်မင်း လတ်က ဆိုပါတယ်။

နိုင်ငံတကာမှာတော့ ဝန်ဆောင်မှုပိုင်းကို အဓိက ပြိုင်ဆိုင်ကြပြီး ပြည်တွင်းမှာ အော်ပရေ တာတွေ ပေါ် လာရင်တော့ MMS နဲ့ Video Call စနစ်တွေ ရရှိလာနိုင်မယ်လို့ အိုင်တီပညာရှင်တွေက ခန့်မှန်းကြပါတယ်။ Yangon Heratz Media မှ ကိုဇော်ဇော်မျိုးလွင်က “အမေရိကဘက်က ကုမ္ပဏီတွေ ရမယ်လို့လဲ ကြားတယ်၊ အဓိကက အော်ပရေတာကို ပြည်တွင်းပဲ ပေးပေး၊ ပြည်ပပေးပေး လူထုအတွက် ထိရောက်တဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့ပဲ လိုတယ်။ ပြောခတွေကို အချိန်ပိုင်းနဲ့ လျှော့တာ၊ family tree ပုံစံ ဆွေမျိုးချင်းပြောရင် လျှော့ပေးတာ၊ ပလန်တွေကတော့ မျိုးစုံပဲ” လို့ ပြောပါတယ်။ အခုလက်ရှိ နိုင်ငံတော်ရဲ့ ဆင်းကတ်ချပေးမယ့် ပလန်က ကောင်းပါတယ်။ ဆိုင်တွေက ဝယ်မအောင်း ရဲတော့ဘူးပေါ့။ သူတို့ ငွေဖြည့်ထားလည်း သုံးနေရမှာလေ။ ကတ်တွေ ပိတ်ခံရမယ်ဆိုတာက ရှိသေးတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အခုတော့ မြို့နယ်ရုံးတို့ ဘာတို့မှာ ရောင်းမယ်ထင်တယ်လို့ ကိုဇော်ဇော်မျိုးလွင် က ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၉ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

ဟန်ဆက်ဈေးနှုန်း မြင့်တက်မှု မရှိစေရန် အခွန် လျှော့ချပေးမည်ဟု သမ္မတကြီး ပြောကြား

မြန်မာနိုင်ငံအတွင်း၌ ရောင်းချလျက်ရှိသော နည်းပညာပစ္စည်းများ အပါအဝင် မိုဘိုင်းဟန်းဆက် ပစ္စည်းများကို ဈေးနှုန်းမြင့်တက်မှု မရှိစေရန်အတွက် အခွန်လျှော့ချပေးမှုများ ပြုလုပ်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ်များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တွင် နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ သိရသည်။ “ဆင်းကတ်တွေကို ပြင်ပဈေးကွက် မှာ ဈေးမ ကစားနိုင်ဖို့အတွက် တူညီတဲ့ ဈေးနှုန်းနဲ့ လစဉ်ရောင်းချပေးသွားဖို့ စီစဉ်ထားပါတယ်။

ဆင်းကတ်များ ရောင်းချပေးတဲ့နည်းတူ ဟန်းဆက်များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာ တွင် ဈေးမက စားနိုင်အောင် အခွန်လျှော့ချပေးတဲ့နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေတဲ့ နည်းလမ်းများ အပါအဝင် သက်ဆိုင်ရာ ဌာနများဖြင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးသွားမှာပါ” ဟု သမ္မတ က ပြော ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြည်ပမှ တင်သွင်းလာသော နည်းပညာပစ္စည်းများ အခွန်လျှော့ ချနိုင်ရေးအတွက်လည်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းမှာလည်း ပြည်တွင်း အိုင်စီတီ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နည်းပညာ ပစ္စည်းများကို ဈေးပေါပေါဖြင့် လူအများစု အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ “နိုင်ငံတော်ကနေ အခွန်လျှော့ပေးရင်တော့ နည်းပညာပစ္စည်းတွေ ဈေးကျသွားမှာတော့ အမှန်ပါပဲ။ လက်ရှိက အိုင်တီပစ္စည်းတိုင်းကို ငါးရာခိုင်နှုန်း အခွန်ပေးရတာကြောင့် နောက်ပိုင်း သုညထိ လျှော့ ချပေးနိုင်ရင် ဈေးသက်သာမှု ရှိလာမှာပါ။ ပြည်တွင်း နည်းပညာ တိုးတက်ဖို့အတွက် နည်းပညာ ပစ္စည်းတွေ ကို ဈေးနည်းနည်းနဲ့ များများအသုံးပြုနိုင်ရမှာပါ။

ဒီအတွက် အခွန်လျှော့ပေးဖို့ကို နိုင်ငံတော် အကြီးအကဲနဲ့ တွေ့တိုင်းလည်း ပြောနေပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဆက်သွားချင်သေးတယ် ဆိုရင်