Pages

Wednesday, January 30, 2013

အငြိမ်းစားလစာများ တစ်လုံး တစ်ခဲတည်း တွက်ချက် ထုတ်ပေး ရန် အစီအစဉ်မရှိ

နိုင်ငံဝန်ထမ်း အငြိမ်းစားများအား အငြိမ်းစားလစာ တစ်လုံးတစ်ခဲတည်း တွက်ချက်ထုတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလင်းအောင်က ပြောသည်။
အသက်အရွယ်နှင့် ကျန်းမာရေးကြောင့် အိုမင်းမစွမ်း အငြိမ်းစားဝန်ထမ်းများအတွက် ကိုယ်တိုင်ထုတ်ယူရန် မလိုဘဲ ကိုယ်စားလှယ်ဖြင့် ပင်စင်လစာထုတ်ယူရရှိအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစားဝန် ထမ်းများ ၏ စားဝတ်နေရေးအတွက် အခက်အခဲမတွေ့စေရန် ပင်စင်လစာကို မြို့ပြ၀န်ထမ်းစည်းမျဉ်းဥပဒေ ၄၇၁ နှင့် အညီ လစဉ်တွက်ချက်ခံစားခွင့်များကို ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ဒုဝန်ကြီး က ပြောသည်။
 
ဇန်န၀ါရီလ ၃၀ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် ဆဌမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနု က နိုင်ငံဝန်ထမ်း အငြိမ်းစားများအား အငြိမ်းစားလစာ တစ်လုံးတစ်ခဲတည်း တွက်ချက်ထုတ်ပေးရန် အစီ အစဉ် ရှိမရှိမေးမြန်းမှုကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြန်လည်ဖြေ ကြားခြ င်းဖြစ် သည်။

Yangon Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်