Pages

Monday, January 28, 2013

ကေအိုင်အေ တို့ ထောင်ထားသည့် မိုင်းနင်းမိ၍ တစ်ဦးသေဆုံး


၂၈ ၂၇-၁-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ရေမဆေးကျောက်ရှာဖွေသူများဖြစ်သည့် ဖားကန်မြို့နယ်၊ လုံးခင်းရွာ၊ ခွန်ဆာကုန်းရပ်ကွက်နေ စိုးနိုင်(ခ)ကံကြီးမောင်(၃၀)နှစ်နှင့် ဖားကန့်မြို့၊ မမုံကျေး ရွာနေ   မောင်ဝဏ္ဏ(၂၁)နှစ်တို့ ၂ ဦးသည် ဖားကန့်မြို့မှ ၅ မိုင်ခန့်အကွာရှိ ဆိုင်းဂျာ ဘွမ်ကျေးရွာ တွင် ရေ မဆေးကျောက် များရှာဖွေပြီး ဖားကန့်ဘက်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ဆိုင်းဂျာဘွမ်ကျေး ရွာအထွက် ၌ ကေအိုင်အေတို့ထောင်ထားသည့်မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။

မိုင်းနင်းမိပေါက်ကွဲမှုကြောင့် စိုးနိုင်(ခ) ကံကြီးမောင်တွင် ယာတင်ပါးဆုံအောက် မိုင်းစဖောက်ဝင်ဒဏ်ရာ၊ ယာတံတောင် မိုင်းစထိမှန်ဒဏ်ရာနှင့် မောင်ဝဏ္ဏတွင် ၀ဲခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ၊ ၀ဲလက်မောင်း မိုင်းစဖောက်ဝင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ဖားကန့်မြို့နယ်၊ ပြည်သူ့ဆေးရုံ၌ တက်ရောက်ကု သလျက် ရှိသည်။ ထို့ပြင် ၂၆-၁-၂၀၁၃ ရက်နေ့ ၁၁၃၅ အချိန် ကချင်ပြည် နယ်၊ မြစ်ကြီး နားမြို့ နယ်၊ အောင်မြင်သာ ကျေးရွာနေ ကျော်စိုးထွန်း(၂၅)နှစ်ပါ ၃ ဦးတို့သည် ကုန်ပစ္စည်း များတင်ဆောင် ထား သည့် ဆိုင်ကယ် ကိုယ်စီဖြင့် မြစ်ကြီးနားမှ ပူတာအိုသို့ထွက်ခွာလာစဉ် ဆွမ်ပရာဘွမ်မြို့နယ်၊ မိုင်တိုင် အမှတ် (၁၁၀) အရောက်၌ ကေအိုင်အေတို့ထောင်ထားသည့်မိုင်းအား ကျော်စိုးထွန်း စီးနင်းလာသည့် ဆိုင် က ယ်မှ နင်းမိ ပေါက်ကွဲခဲ့သည်။

 မိုင်းနင်း မိပေါက်ကွဲမှုကြောင့် ကျော်စိုးထွန်းတွင် ယာဒူးခေါင်းပြတ်ဒဏ်ရာ၊ ယာပေါင်နှင့် ယာတင်ပါး မိုင်း စဖောက် ၀င်ဒဏ်ရာများရရှိခဲ့ပြီး ကျန် ၂ ဦးမှာ ဒဏ်ရာရရှိမှုမရှိ ဘဲ ကျော်စိုး ထွန်း အား ဆေး ကုသရန် အ တွက် မိုင်တိုင်အမှတ်(၁၁၄)၊ ဆူယာန်ကျေးရွာရှိ တပ်မတော်ဆေး အဖွဲ့သို့ ပို့ဆောင် ဆေး ကုသမှု ခံ ယူနေစဉ် ၁၅၁၅ အချိန် ကျော်စိုးထွန်းမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်