Pages

Tuesday, January 29, 2013

မိုဘိုင်းဖုန်းဈေး အဆများစွာ လျော့ချပေးမည်


မိုဘိုင်းဖုန်းများကို လက်ရှိ ဈေးနှုန်းထက် များစွာ သက်သာသာ ဈေးနှုန်း များဖြင့် ရောင်း ချ ပေးသွား မ ည် ဖြ စ်ကြောင်း ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ယနေ့ ကျင်းပသော အမျိုး သား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေး (န၀မနေ့)တွင် ဖြေကြားခဲ့သည်။ 

"အခု ချပေးထားတဲ့ ဈေးနူန်းတွေထက် သက်သာအောင် ဆောင်ရွက် ပေးသွားဖို့ လုပ်နေပါတယ်၊ အစီ စဉ်တွေ ပြီးသွားမှပဲ အများပြည်သူ ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်တဲ့ ဈေးနူန်းမျိုးနဲ့ ထုတ်ပြ န် ကြေ ညာေ ပး သွား မှာ ဖြစ်ပါတယ်" ဟု ၀န်ကြီးက ပြောကြားခဲ့ကြောင်း လွှတ်တော်ရှိ သတင်းေ ထာက် မှ သ တင်း ပေး ပို့ သည်။

ယင်းကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်းကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက "မိုဘိုင်း ဖုန်းများကို ဈေး လျော့ချရန် အစီအစဉ် ရှိသည့် အတွက် ကျေးလက်နေ ပြည်သူများအား အရစ်ကျ ရောင်းချမည့် အစီအစဉ်ကို ဈေးလျော့ပြီးမှသာ ဆက်လက် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ သိလိုပါကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ရိုးရာလေး

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်