Pages

Showing posts with label နယ်စပ်သတင်း. Show all posts
Showing posts with label နယ်စပ်သတင်း. Show all posts

Wednesday, January 15, 2014

မလေးရှား ရှိ မြန်မာ အလုပ်သမား များ အား ကူညီ ဆောင်ရွက်



မလေးရှား နိုင်ငံ ဆာရာဝပ် ပြည်နယ်၊ မလေးရှား နှင့် ဘရူနိုင်း နယ်စပ် အနီး မီရီမြို့နယ် တွင် တည်ရှိ သည့် Shin Yang Shipyard သင်္ဘော ကျင်း ကုမ္ပဏီ ၌ အလုပ်လုပ် ကိုင်လျက် ရှိသော မြန်မာ ရွှေ့ပြောင်း အလုပ် သမားများ နှင့် အင်ဒိုနီးရှား ရွှေ့ပြောင်း အလုပ် သမားတို့ အကြား ၂၃-၁၂-၂ဝ၁၃ ရက် ဒေသ စံတော်ချိန် ည ၈ နာရီခွဲ ခန့်မှ စတင် ၍ ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ နှင့် စပ်လျဉ်း ၍ မြန်မာ အလုပ်သမား ၉၈ ဦး အား အဆိုပါ လုပ် ငန်းခွင် ရှိ ဂိုဒေါင် တွင် ထိန်းသိမ်း ထားသည် ဆိုသည့် သတင်း အရ ဖြစ်စဉ် အခြေ အနေ မှန် ရရှိရန် နှင့် မြန်မာ အလုပ် သမား အတွက် လိုအပ် သည် များ ကူညီ ဆောင်ရွက် ပေးရန် တို့အတွက် မြန်မာ သံရုံး၊ ကွာလာ လမ်ပူမှ အလုပ် သမား သံ အရာရှိနှင့် သံရုံး ဝန်ထမ်း တစ်ဦး တို့ ပါဝင် သည့် ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ အား အဆိုပါ လုပ်ငန်း ခွင်သို့ စေလွှတ် ၍ လိုအပ် သည်များ ကူညီ ညှိနှိုင်း ဆောင်ရွက် စေခဲ့ သည်။

Wednesday, April 10, 2013

မြန်မာ အိမ်အကူ အမျိုးသမီးများကို နှိပ်စက်သည့် ထိုင်းမိသားစု ဖမ်းဆီးခံရ

 
 
မြန်မာ အိမ်အကူများကို နှိပ်စက်သည့် စစ်ဗိုလ် အယောင်ဆောင် အိမ်ရှင် (ခေါင်းတုံးနှင့်လူ) ကို ဖမ်းဆီးလာစဉ် ( ဓာတ်ပုံ – ဘစောတင် / ဧရာဝတီ )

မြန်မာ အိမ်အကူ အမျိုးသမီးငယ် ၃ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လခမပေးဘဲ ခိုင်းစေသည့် ထိုင်းမိသားစုအား လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲများက ဧပြီလ ၅ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန့်ဘွန်ရပ်၊ ဧကချိုင် လမ်းကြီး၊ လမ်းသွယ် ၆၉/၂ တွင် နေထိုင်သော အသက် ၅၀ ခန့်ရှိ နိုင်ဒေပါနုနှင့် ၎င်း၏ မိသားစုအား စစ်အရာရှိ အယောင်ဆောင်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မုဒိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှု စသည့် အမှုများဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မြန်မာ မိန်းကလေးများ လွတ်မြောက်ရေးအတွက် အကူအညီပေးပြီး စကားပြန်လည်း လုပ်ပေးသူ ဒေါ်မာလီက ဧရာဝတီသို့ ပြောသည်။

“ဒီလူက လမ်းထဲမှာ သူ့ကိုယ်သူ စစ်အရာရှိကြီးဆိုပြီး ခပ်တည်တည် နေနေတယ်။ တကယ်တော့ သူက ဘာအရာရှိမှ မဟုတ်ဘူးလေ။ ဗိုလ်တုပဲ။ စာရွက်စာတမ်း အတုတွေရယ်၊ တပ်မတော်က အထူးအရာရှိဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း ခပ်တည်တည် သူ့အိမ်မှာ ထားထားတယ်” ဟု ဒေါ်မာလီက ပြောသည်။

၎င်းက ဆက်လက်၍ “ဒီလူက ကျမတို့ မြန်မာ မိန်းကလေးတွေကို လုပ်ခမပေးဘဲ အလုပ်ခိုင်းတဲ့ အပြင် မုဒိမ်းလည်းကျင့်တယ်။ မုဒိမ်းကျင့်ရာမှာ ကိုယ်တင် ကျင့်တာမဟုတ်ဘူး။ သူ့သားကိုလည်း ကျင့်ခိုင်းတယ်။ ပြီးတော့ သူ့အိမ်မှာ အလုပ်လာတဲ့ လာအိုလူမျိုးကို ထပ်ကျင့်ခိုင်းတယ်။ သူ့ဆီက လက်နက်လည်း ဖမ်းမိတယ်။ ကလေးမလေးတွေကို သော့ခတ်ပြီးချည်တဲ့ သံကြိုးတွေရော၊ လက်ထိပ်တွေ ဘာတွေရော သူ့အိမ်ထဲမှာ မိတယ်။ ဒီအမှုတွေနဲ့ ပတ်သက်သို့ စစ်ဗိုလ်တု နိုင်ဒေပါနုနဲ့ ဇနီးရယ်၊ သားနဲ့ သမီးရယ်၊ မုဒိန်းကျင့်တဲ့ လာအိုနိုင်ငံသား အလုပ်သမားတယောက် စုစုပေါင်း ၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်” ဟု ပြောသည်။

နိုင်ဒေပါနု၏ အိမ်တွင် အလုပ်လုပ်ကြသည့် မြန်မာ အမျိုးသမီးငယ်များမှာ တနင်္သာရီတိုင်း သရက်ချောင်း မြို့နယ်မှ ဖြစ်ကြပြီး တဦးက အသက် ၁၈ နှစ်နှင့် ကျန် နှစ်ဦးမှာ အသက် ၁၅ နှစ်စီ ရှိကြကြောင်း၊ အလုပ်လုပ်နေကြသည်မှာ ၃ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ထို ၃ လအတွက် လုပ်ခလစာလည်းမရ၊ ညှဉ်းပန်းနှိပ်စက်မှုလည်း ခံနေရသောကြောင့် ဧပြီလ ၂ ရက်နေ့ က နိုင်ဒေပါနု၏ အိမ်မှ ထွက်ပြေးကြရာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို အိမ်ရှင်က ပြန် ဖမ်းမိ သွားပြီး ကျန် နှစ်ယောက် လွတ်မြောက်ခဲ့ကြောင်း ဒေါ်မာလီက ပြောသည်။

“ထွက်ပြေးလာတဲ့အထဲက ကောင်မလေးက ကျမဆီကို အကြောင်းကြားလာတယ်။ အဒေါ်ရယ် ကျန်ခဲ့တဲ့ ကောင်မလေးတော့ သေလား ရှင်လား မသိဘူး၊ ကယ်ပါဦးဆိုပြီး အကြောင်းကြားလာတယ်။ ဒါကြောင့် ကျမလည်း သတင်းဌာနတွေရယ်နဲ့ အခြား အကြောင်းကြားသင့်တဲ့ နေရာတွေကို အကြောင်းကြားပြီး အထောက်အထား ခိုင်လုံတာနဲ့ ဒီ ပေါ်ခေါ်မော် (လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲ) အဖွဲ့ရဲ့ အကူအညီနဲ့ အခုလို လိုက်ပါကူညီ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါ်မာလီက ဆိုသည်။

ဧပြီလ ၂ ရက်နေ့တွင် အယောင်ဆောင် စစ်ဗိုလ် နိုင်ဒေပါနုက မိန်းကလေးတဦးအား ပြန်လည် ဖမ်း ဆီး ခေါ်ေ ဆာင်သွားပုံနှင့် ပတ်သက်၍ အဆိုပါလမ်းထဲတွင် နေထိုင်သူ ဒေါ်အေးအေးငယ်က ယခုကဲ့ သို့ ပြောပြသည်။

“အဲဒီနေ့က ဒီလူဟာ ကလေးမလေးကို လည်ပင်းညှစ်ပြီး ဒရွတ်တိုက် ဆွဲခေါ်လာတာ။ ကလေးရဲ့ အဖြစ်ကို မြင်ရတာ သိပ်သနားစရာ ကောင်းတယ်။ ဒီလူက တော်တော် အာဏာရှိ တယ် လို့ ပြော ကြတယ်။ တော်ရုံပုလိပ်က မဖမ်းနိုင်ဘူးတဲ့။ ဒီလူ လုပ်ပုံက တော်တော် လူမဆန်တာပဲ။ ကလေးမလေး တယောက်ကို ကျွဲနွားဆက်ဆံသလို အနိုင်ကျင့်တာကို မြင်ရတော့ မခံနိုင်ဘူး။ စိတ်ထဲမှာ တော်ေ တ်ာလေး လည်း ခံပြင်းတယ်။ အနားက ထိုင်းတွေလည်း တော်တော် ဒေါ သ ထွက်ကြတယ်” ဟု ဒေါ်အေးအေး ငယ်က ပြောသည်။

ယင်းစစ်ဗိုလ်အတုသည် ယခင်ကလည်း မြန်မာ အိမ်အကူ မိန်းကလေးများအား ညှဉ်းပန်း နှိပ်စက် ခဲ့ဖူးကြောင်း အဆိုပါလမ်းထဲရှိ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ကိုမိုးက ဆိုသည်။

“အရင်ကလည်း ဒီလူဟာ အိမ်မှာ အလုပ်လာလုပ်တဲ့ ကရင်မလေးတွေကို ခုလိုပဲ မတရား ညှဉ်းပန်းတယ်။ မုဒိမ်းကျင့်တယ်။ လစာလည်း မမေးဘူး။ ကလေးမလေးတွေကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဒါကြောင့် သူ့အိမ်က မိန်းကလေးတွေ ထွက်ပြေးဖို့ ကျနော် ကူညီ ခိုးထုတ်ပေးဖူးတယ်” ဟု ကိုမိုးက ပြောသည်။

ယခုအခါ မြန်မာ အလုပ်သများအတွက် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေပြီး တရားဝင် အလုပ်လုပ်ခွင့် ရနေပြီ ဖြစ်သဖြင့် ပွဲစားများနှင့် ဆက်သွယ်ကာ တရားမဝင် အလုပ်လုပ်ခြင်းကို ဆင်ခြင် သင့်ကြောင်း ထိုင်း-မြန်မာ မဟာမိတ် ဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဆိုသည်။

“ဒီလိုမျိုး အိမ်ရှင်တယောက်က အနိုင်ကျင့်ခွင့်ရအောင် အလုပ်သွင်းပေးတဲ့ တရားမ၀င် မြန်မာပြည်သား ပွဲစားတွေပေါ့ဗျာ။ အလုပ်သွင်းပေးနေကြတဲ့ သူတွေပေါ့ဗျာ။ လူလိုလို့ အလုပ်သမား ရှာခိုင်းတယ်ဆိုရင် အဲဒီလူတွေက ဘယ်လိုလူမျိုးတွေလဲ ဆိုတာကို နောက်ကြောင်း ဘာရှိတယ်ဆိုတာကိုလဲ ထည့်စဉ်းစား သင့်တာပေါ့ဗျာ။ အားလုံးက ပတ်စ်ပို့နဲ့ ၀ါ့ခ်ပါမစ်နဲ့ တရားဝင်ဖြစ်နေတဲ့ အခုလို ကာလမှာတောင်မှ ဘာလို့ ဒီအဖြစ်မျိုး ကြုံတွေ့နေကြရသလဲ ဆိုတာကို ထောက်ပြချင်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်နေသူ မြန်မာ အလုပ်သမား ၁ သန်းခန့် ရှိပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူများမှာ နောက်ထပ် ၁ သန်းခန့် ရှိနိုင်ကြောင်း ထိုင်းနှင့် မြန်မာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

Monday, March 11, 2013

ဘင်္ဂလား ပင်လယ်အော် အတွင်း အိန္ဒိယ - မြန်မာ ရေတပ်များ ပူးတွဲ စစ်ရေး လေ့ကျင့်မည်


မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံသည် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် ဘင်္ဂလားပင် လယ်အော် အတွင်း ပူးတွဲ ကင်းလှည့်ရေးနှင့် စစ်ရေးလေ့ကျင့် ခန်းများပြုလုပ်ရေး ကိုဆောင်ရွက် သွားတော့ မည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ မြန်မာ့ရေတပ်မှ ဖရီးဂိတ်စစ်သင်္ဘောတစ်စီးနှင့် အငယ်စား စစ်သင်္ဘောတစ်စီးတို့သည် အိန္ဒိယမှ ဗီဆက်ခါ ပတ်ထနမ်ဆိပ်ကမ်းသို့ မနက်ဖြန်တွင် ဆိုက်ရောက် မည်ဖြစ်ကာ ထိုနောက်ရက်အနည်းငယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်မည်ဟု ဆိုသည်။

မြန်မာနှင့် အိန္ဒိယတို့ သည် မကြာမီကပင် စစ်ရေး၊ စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်လာခဲ့ပြီး ၂၀၁၂  နိုဝင်ဘာနှင့်   ဒီဇင်ဘာလ အတွင်း နိုင်ငံခြား ရေးဝန်ကြီး ဆယ်လ်မန် ခါရှစ်၊လေတပ်ဦးစီးချုပ် အန်၊ အေ၊ကေ ဘရောင်း တို့ လည်းလာရောက်လည်ပတ်ခဲ့ကြသည်။ ယင်းနောက် အိန္ဒိယ သည် မြန်မာတပ်မတော် စွမ်းရည်မြှင့်တင်ရေး အတွက် မြန်မာလေတပ်ပိုင်းလော့ များ အား အိန္ဒိယသို့ခေါ်ယူကာ ရုရှားလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယဉ်များနှ င့် လေ့ကျင့်ပေးေ ရးကို လည်း သဘောတူခဲ့သည်။

အိန္ဒိယသည် မြန်မာသို့ စစ်သုံးလက်နက်များကိုလည်းရောင်းချပေးနေပြီး ယင်းတွင် ကုန်းတွင်းပိုင်း သုံး ရေ တပ် ကင်းလှည့်လေယဉ်များ၊ ရေ တပ်သုံး စက်သေနတ်တင်မော်တော်ဘုတ်များ၊ ၁၀၅ မီလီမီတာ အပေါ့စားသေနတ် များ၊ မော်တာစိန်ပြောင်းများ၊ လောင်ချာများနှင့် ရိုင်ဖယ်သေနတ်များလည်းပါဝင်သည်။ ထို့ပြ င် မြန်မာသည် ၎င်း၏ရေတပ်သင်္ဘောများအတွက် Bharat Electronics Ltd ကထုတ်လုပ်သော ရေဒါ
စနစ် များလည်း ဝယ်ယူရရှိ ထားကြောင်း သိရသည်။

Myanma Age

Sunday, March 10, 2013

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲ ပြုလုပ်

 
ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က   ပြုလုပ် ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီ များ သာ   ဖြစ်ကြောင်း    ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြော ကြားခဲ့ သည်။

ရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်းက “ရှင်းလင်းပွဲကို ဦးတည်ချက် သုံးချက်နဲ့ ကျင်းပတာပါ။
 

တရုတ်နယ်စပ် မူစယ်၊ နမ့်ခမ်းတွင် ကျပ်ငါးထောင်တန်ငွေစက္ကူအတုများပျံ့နှံ့နေ

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် ယခု တစ်ပတ်အတွင်း ကျပ်ငါးထောင်တန်ငွေစက္ကူ အတုများ နေရာတိုင်း ပျံ့နှံ့နေကြောင်း စုံစမ်းသိရှိရသည်။

“ကျနော့် ဆိုင်မှာ လွန်ခဲ့တဲ့ နှစ်ရက်က သစ်ခုတ်သမား ၂ ယောက်က ဆိုင်ကယ်လာဝယ်တာ။ ငါးထောင်တန် အတု ငါးရွက်ပါလာတာ။ ၀ယ်တဲ့သူပြန်သွားမှ တွေ့တယ်။ လာဝယ်တုန်းက ငွေရေစက်နဲ့ ပဲရေတွက်တာ ဆိုတော့လေ။ ရွက်ရေပြည့်၊ မပြည့်လောက်ဘဲ ဂရုစိုက်မိတာကိုး။ ခါတိုင်းဆို အတုမှမရှိတာ ။ အခု တစ်ရွက်ချင်း စီပြန်စစ် ကြည့်မှ အတုဖြစ်မှန်း သိတော့တယ်” ဟု နမ့်ခမ်းမြို့မှ ဆိုင်ကယ် အရောင်း ဆိုင် ပိုင်ရှင်တစ်ဦး က ပြောသည်။

တရုတ်နယ်စပ် မူစယ်၊ နမ့်ခမ်းတွင် ကျပ်ငါးထောင်တန်ငွေစက္ကူအတုများပျံ့နှံ့နေ

တရုတ်ဖြစ် ငွေစက္ကူ ရေတွက်သည့်စက်မှာ တရုတ်ငွေအတု ကိုသာ စစ်ဆေးသိရှိနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တရုတ်ငွေစက္ကူသည် အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားသောေ ကြာင့် ဖြစ်ကြောင်း၊ မြန်မာငွေစက္ကူများ ကိုမူ အဆိုပါတရုတ်စက်များမှ အတုအစစ် မစစ်ဆေးနိုင်ကြောင်း ၄င်းက ဆိုသည်။

Sunday, March 3, 2013

ဗီယက်နမ်တွင် ရှိနေသော ဗုဒ္ဓ ဆင်းတုတော်ကြောင့် ဗုဒ္ဓဘာသာဝင်များ ဒေါသပြင်းထန်စွာဖြစ်

ကြာကလပ်ပေါ်တွင် စံပယ်တော်မူနေသော ဗုဒဘုရားရှင်၏ ဆင်းတုတော်ပေါ်သို့ အ၀တ်မဲ့အမျိုးသမီး တစ် ဦး တင်ပြီး ဖက်ထားသည့် ဗီယက်နမ်နိုင်ငံတွင် ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကြောင့် အင်တာနက် ဗုဒ္ဒ ဘာသာ ၀င်များအကြားတွင် စိတ်တိုဒေါသထွက်စရာများ ဖြစ်နေကြောင်း ဘန်ကောက်ပို့စ် သတင်း တွင် ဖော်ပြ ထားပါ သည်။
အဆိုပါ ဓာတ်ပုံသည် Facebook ပေါ်တွင် အရင်ဆုံး တင်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသားများမှ အဆိုပါ ပုံနှင့် ပတ် သက်၍ အပြင်းအထန် ဆွေးနွေးကြကြောင်း ဖော်ပြထားသည်။
ပေးထားသည့် ကွန်မန့်များအရ ထိုင်းအာဏာပိုင်များအနေဖြင့် ထို ဆင်းတုတော်အား ရှာဖွေပြီး ဖျက်ဆီး သင့် ကြောင်း၊ ဗုဒဆင်းတုသည် ဗုဒဘာသာတို့၏ အလေးအမြတ်ထားရာ ဖြစ်သည့်အတွက် ဖြစ်ကြောင်း ရေး သား ထားသည်။
 

Saturday, March 2, 2013

သေဆုံးချိန်အထိ လူသတ်မှု၌ မပတ်သက်ရကြောင်း စိုင်းနော်ခမ်းငြင်းဆို

မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ တရုတ်နိုင်ငံကူမင်းမြို့၌ ရုံးတင်စစ်ဆေး၍ ယနေ့ ဆေးထိုးသတ်ခံရသော ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်းသည်  အဆိုပါအမှု၌ ပါဝင် ပတ်သက်ခြင်းမရှိကြောင်း မသေခင်တရက်အလိုတွင် စီစီတီဗီ သတင်းဌာနအား ဖြေကြားခဲ့သည်။

စိုင်းနော်ခမ်းအား ဆေးထိုးသတ်ရန်လ ၁ ရ မတ်က် ဒေသစံတော်ချိန် ၂ နာရီ ၁၉ မိနစ်က အာဏာပိုင်များ ခေါ်သွားကြစဉ် (ဓါတ်ပုံ-ရှင်းဟွာ)

စိုင်းနော်ခမ်းအား ဆေးထိုးသတ်ရန်လ ၁ ရ မတ်က် ဒေသစံတော်ချိန် ၂ နာရီ ၁၉ မိနစ်က အာဏာပိုင်များ ခေါ်သွားကြစဉ် (ဓါတ်ပုံ-ရှင်းဟွာ)

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်လွှင့်သော တရုတ်နိုင်ငံပိုင် စီစီတီဗီ၌  စိုင်းနော်ခမ်းက “သေဆုံးသူ ၁၃ ယောက်ရဲ့ မိသားစုဝင်တွေကို လျော်ကြေးငွေ ပေးပြီးပါပြီ။ ဒါပေမယ့် ကျနော် တရုတ်အာဏာပိုင်တွေကို တခုတောင်းဆိုချင်ပါတယ်။ ကျနော့်ကို လွှတ်ငြိမ်းခွင့် ပေးပါဗျာ။ ကျနော် ဒီလူသတ်မှုမှာ မပါဝင်ရတာ အမှန်တကယ်ပါ။ ကျနော့်မှာ သားသမီး ၁၀ ယောက်ရှိပါတယ်။ ကျနော်သေရင် ကျနော့်သားသမီးတွေကို ဘယ်သူက ရှာကျွေးမလဲ။ သူတို့အားလုံး ဒုက္ခရောက်ကြရမှာပါ။ ကျနော် သူတို့လေးတွေ ကိုပြန် သွားပြုစု စောင့်ရှောက်ပါရစေ။ ကျနော် လက်လွတ်စပယ် တခါမှ မလုပ်ဖူးပါဘူး။ တကယ်ပါ” ဟု သျှမ်း ဘာသာစကားဖြင့် ပြောသည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ ရောက်ရှိနေသော သျှမ်းပြည်သား စိုင်းနော်ခမ်း အသနားခံ အယူခံဝင်နေမှု မအော င်မြင်ဘဲ မတ်လ ၁ ရက်၌ ဆေးထိုးသတ်ရန် ပြစ်ဒဏ်ချမှတ်ခံရကြောင်း တရုတ်နိုင်ငံပိုင် သတင်း များ က ဖော်ပြသည်။

Sunday, February 24, 2013

မြန်မာနယ်စပ်အနီးတွင် ပြုလုပ်နေသော တရုတ်စစ်တပ်၏ စစ်ရေး လှုပ်ရှားမှုများ

မြန်မာနယ်စပ်အနီးတွင် တရုတ်စစ်တပ်များ လေ့ကျင့်နေကြောင်း တရုတ်အစိုးရသတင်းဌာန၏ သော ကြာနေ့ ထုတ် သတင်းကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းတစ်ပုဒ်တွင် ရေးထားသည်။ ယူနန်ပြည် နယ် တောင်တန်းဒေသတွင် လေ့ကျင့်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ သင်တန်းပေးလေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်တပ်များ “စစ်ပွဲတခုတွင် တိုက် ခိုက်နိုင်ေ ကြာင်း၊ စစ်ပွဲတွင် အောင်မြင်ရမည်ြ ဖစ်ကြောင်း” ပြသရန် ဖြစ်သည်ဟု ဆင်ဟွာသတင်းတွင် ရေးထား သည် ဟု ဆိုသည်။
ယခုလဆန်းပိုင်းတွင် စတင်ခဲ့သည်ဟု ဆိုသော စစ်ရေး သင်တန်းများတွင် တရုတ်တပ်မတော်သားတို့က ဆိုး ၀ါး သည့် ရာသီဥတုတွင် စစ်ချီခြင်း၊ ဆက်သွယ်ရေးပြတ်တောက်သည့် နေရာတွင် လှုပ်ရှားခြင်း စသည် တို့ ပါဝင်သည်ဟု ဆိုသည်။ မြန်မာနယ်စပ်အနီး ယင်းသို့ လေ့ကျင့်နေချိန်သည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း နိုင်ငံစုံတပ်များ စစ်ေ ရးေ လ့ကျင့်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်ကို တွေ့ရသည်။ 
 

အာဆီယံ ရဲအဖွဲ့ ရဲချုပ်များ ညီလာခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် တက်ရောက်

 
 
(၃၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များညီလာခံအား ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့(၁၅)ဦး တက်ရောက်ခဲ့ကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲ့မှသိရသည်။

(၃၃)ကြိမ်မြောက်အာဆီယံရဲအဖွဲ့ ရဲချုပ်များညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံများမှ ရဲချုပ် (၇) ဦးနှင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံတို့မှ ဒုတိယရဲချုပ်(၃)ဦး တက်ရောက်ခဲ့သည်။ ၎င်း အပြင် ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ နယူးဇီလန်၊ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့မှ ရဲချုပ် (၃)ဦးနှင့် ဒုတိယရဲချုပ်(၂)ဦး တက်ရောက်ခဲ့ပြီး အင်တာပိုလ်အထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Ronald K. Noble နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ရုံ မှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးဉာဏ်လင်းတို့အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင်နိုင်ငံဖြတ်ကျော်မှုခင်း များဖြစ်သည့် မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ ပင်လယ်ရေကြောင်း လိမ်လည်မှု၊ စီးပွားရေးပြစ်မှု၊ ဘဏ်နှင့်အကြွေး ကဒ်များ လိမ်လည်မှု၊ ကွန်ပျူတာ မှုခင်း၊ ခရီးသွားအထောက် အထားစာရွက်စာတမ်းအတုပြုလုပ်မှု၊ နိုင်ငံဖြတ်ကျော် လိမ်လည် မှုများ ကို ပူးပေါင်း တိုက်ဖျက်ရန် ဆွေးနွေး ခဲ့ကြောင်းသိရ သည်။
 

Tuesday, February 19, 2013

မြန်မာနိုင်ငံသား ကရင် တိုင်းရင်းသူ ကို နှိပ်စက်ခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ကို ထိုင်း အစိုးရက ဘတ်ငွေ ၁ သိန်းဖြင့် ဖမ်းဝရမ်း ထုတ်

မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ မအဲကို ၅ နှစ်ကြာ နှိပ်စက်ခိုင်းစေခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ကို ထိုင်း အစိုးရက ဘတ်ငွေ ၁ သိန်းဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း အလုပ်သမား အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနမှ စုံ စမ်း သိရသည်။ ''ဒီကိစ္စအတွက်ကို အရင်ကတည်း က ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ အခု ပြစ်မှုကျူးလွန်တဲ့သူတွေက ထွက် ပြေး သွားပြီ လို့ သိရတယ်။ တရားဝင်စာတော့ မဝင်သေးဘူး။ တရားဝင်စာ ဝင် လာပြီး ဘယ်လို ဆက်လက်ဆောင်ရွက် မယ်ဆိုတာ ဆုံးဖြတ်သွားမှာပါ''ဟု အဆို ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Messenger ဂျာနယ်သို့ ပြောကြား သည်။

အဆိုပါ ကရင်တိုင်းရင်းသူ မအဲအား နှိပ်စက်ညှင်းပန်းခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ၂ ဦးကို အမှု ၇ မှုဖြင့် တရား စွဲဆိုရန် စီစဉ်ထားသော်လည်း အဆိုပါ ဇနီးမောင်နှံမှာ ဝန်ခံခြင်း မရှိသောကြောင့် အာမခံဖြင့် လွှတ်ပေး ထားရာမှ ယခုအခါ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အစိုးရ မှ ယင်းကဲ့သို့ ဝရမ်းထုတ်ပြန်ထားရခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါကိစ္စအား ထိုင်း နိုင်ငံရှိ မြန်မာသံရုံးမှ ကိုင်တွယ်ဆောင် ရွက်လျက်ရှိပြီး ထိုင်းအစိုးရမှ ယင်းဖြစ်စဉ် ကို ကိုင်တွယ် ဖြေရှင်းရာ ၌ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိကိုလည်း စောင့် ကြည့်လေ့လာ သွားမည်ဖြစ် ကြောင်း သိရသည်။

www.MyanmarExpress.net

Saturday, February 16, 2013

ကရင် အမျိုးသမီး ငယ်လေးအား ညှဉ်းပန်း နှိပ်စက်ခဲ့သော ထိုင်းလူမျိုး ဇနီးမောင်းနှံ အား ပြင်းပြင်းထန်ထန် အရေးယူ ပေးရန် တောင်းဆို

ထိုင်းနိုင်ငံ ကမ်ဖယ်ဖစ်ခရိုင်ရှိ ထိုင်းလူမျိုးဇနီးမောင်နှံ၏ အိမ်တွင် ခိုင်းစေထားသော အသက်(၁၂)နှစ် အရွယ် ကရင်တိုင်းရင်းသူ အမျိုးသမီးငယ်လေး တစ်ဦးအား အိမ်ရှင်ဇနီးမောင်နှံသည် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် ခဲ့ကြောင်း၊ အိမ်ရှင်အလိုက်ကျ မဖြစ်ခဲ့လျှင် ခွေးလှောင်အိမ် တွင် လှောင် ထားပြီး ရေနွေးပူနှင့် လောင်းခြင်း၊ နားရွက်ဖြတ်ခြင်း စသော ပြစ်ဒဏ်များ ပေးလေ့ရှိကြောင်း ထိုင်း သတင်းစာများနှင့် ဒီမိုကရက်တစ် မြန်မာ့အသံတို့ တွင် ဖော်ပြပါရှိခဲ့သည်။

အဆိုပါ ကရင်တိုင်းရင်းသူလေး၏ အမည်မှာ မအဲဖြစ်ပြီး မိဘများမှာ လှိုင်းဘွဲ့၊ ကြက်တူရွေးရွာမှ ဦးတင်အောင်နှင့် ဒေါ်မူးအွာသိန်းတို့ဖြစ်ကာ ထိုင်းနိုင်ငံတွင်မွေးဖွား၍ မြန်မာစကား နားမလည်သူ တစ် ဦးဖြစ်သည်။ ယခုအခါ မိဘများနှင့်အတူ ထိုင်းနိုင်ငံ ကမ်ဖယ်ဖစ်ခရိုင်ရှိ မိခင်နှင့် ကလေးစောင့်ေ ရှာ က်ေ ရး ဂေဟာတွင် နေထိုင်လျက်ရှိသည်။

Friday, February 15, 2013

စိုင်းနော်ခမ်း သေဒဏ်မှ လွတ်မြောက်ရန် အလားအလာတချို့ရှိ

မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦးအား သတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ သေဒဏ် ချမှတ်ခံထား ရသည့် သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်းသည် သေဒဏ်မှ လွတ်မြောက်ရန် အလားအလာ အနည်းငယ်ရှိကြောင်း တရုတ်နယ်စပ်သတင်းများအရ သိရသည်။“တရုတ်သင်္ဘောမှာ တပ်ထားတဲ့ CCTV ကင်မရာမှာ ဆန်ခမ်းနဲ့ ယီလိုင်းတို့ရဲ့ပုံတွေ ပါလာတယ်။ ဒါပေမဲ့ စိုင်းနော်ခမ်းတော့ မတွေ့ ရဘူး။ စိုင်းနော်ခမ်း ပါတယ်ဆိုတာ အထောက်အထား မရှိတော့ သေဒဏ်က လွတ်နိုင်ဖို့ အလား အလာရှိတယ်” ဟု တရုတ်နယ်စပ်မှ ဒေသခံတစ်ဦးက ပြောသည်။ တဖက်၌လည်း ရုံးတင်စစ်ဆေးရာ၌ စိုင်းနော်ခမ်းက သတ်ဖြတ်ရန် အမိန့်မပေးရဟု ထွက်ဆိုထားခဲ့သည်။

သို့သော် တရုတ်အာဏာပိုင်များက စိုင်းနော်ခမ်း၏ ညွှန်ကြားချက်မပါဘဲ ၎င်း၏ လက်အောက်ငယ်သား များက တရုတ် ၁၃ ဦးအား သတ်ဖြတ်မည်မဟုတ်ဟု ယုံကြည်နေကြသည်။မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး သတ်ဖြတ်မှုဖြင့် စိုင်းနော်ခမ်းနှင့် ၎င်း၏ အပေါင်းအပါများဖြစ်ကြသော ဆန်ခမ်း၊ ယီလိုင်းနှင့် ဂျဆီးကား တို့အား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းတရားရုံး (Intermediate Court) က ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့က  သေဒဏ်ချမှတ်ပြီး လားဟူအမျိုးသား ၂ ယောက် အနက် ဂျပိုးမှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုး မှာ ထောင်ဒဏ် ၈ နှစ် စသဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ သေဒဏ်ချမှတ်ခံရပြီးနောက် ဒီဇင်ဘာ ၂၀ ရက် ၂၀၁၂ တွင် စိုင်းနော်ခမ်း က အယူခံဝင်ခဲ့သေးသည်။

ထိုင်း တောင်ပိုင်းရှိ စစ်အခြေစိုက် စခန်းကို စစ်သွေးကြွများက စီးနင်းတိုက်ခိုက်

ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်ပြည်နယ်ရှိ စစ်အခြေစိုက် စခန်းတစ်ခုကို သောင်းကျန်းသူများဟု သင်္ကာ မကင်းဖွယ်ရှိသော သေနတ်သမားများက ဖေဖော်ဝါရီ ၁၃ ရက်တွင် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သွေးကြွ ၁၆ ဦး သေဆုံးကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်း ထုတ်ပြန်သည်။

အေကေ- ၄၇ မောင်းပြန်ရိုင်ဖယ် သေနတ်များနှင့် အမ်-၁၆ တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ကိုင်ေ ဆာင် ထားသော စစ်သွေးကြွ ၁ဝဝ ခန့်သည် ဖေဖော်ဝါရီ ၁၃ ရက် နံနက် အစောပိုင်းက နာရာသီ ဝပ်ပြည် နယ်ရှိ စစ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကြီး ဆွမ်ကီယက်ဖိုပရာယွန်က ပြော ကြား သည်။ ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်သွေးကြွ ၁၆ ဦး သေဆုံးသည်ဟု အတည်ပြုနိုင်ေ ကြာင်း၊ တိုက်ခိုက်အပြီး ထွက်ပြေးသွားခဲ့ကြသော စစ်သွေးကြွ ၆ဝ မှ ၇ဝ ကို မိမိတို့၏ တပ်ဖွဲ့ဝင်များက လိုက် လံချေ မှုန်းလျက်ရှိကြောင်း ၄င်းက ပြောကြားသည်။

Thursday, February 14, 2013

မြန်မာ စစ်သင်္ဘော နှစ်စင်း ထိုင်းနိုင်ငံ၊ ဖူးခက်သို့ ချစ်ကြည်ရေး ဆိုက်မည်

 
မြန်မာနိုင်ငံမှ UMS 561 နှင့် UMS 562 စစ်သင်္ဘော နှစ်စင်း ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖူးခက် ကမ်းခြေသို့ ဖေဖေါ်ဝါရီလ အတွင်း ဆိုက်ကပ်လာမည် ဖြစ်ကြောင်း ရေတပ်အရာရှိများအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ရေးသား ထားသည်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ လာရောက်ဆိုက်ကပ်မည့် အဆိုပါ မြန်မာစစ်သင်္ဘောများကို ထိုင်းရေတပ် တတိယ ဧရိယာတပ်ရင်းမှ လက်ခံ ကြိုဆိုမည်ဟု ဆိုသည်။

မြန်မာစစ်သင်္ဘောများ ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ဆိုက်ရောက်လာမှုလည်း ဖြစ်သ လို နှ စ်နိုင် ငံ ရေ တပ် ဆက်ဆံရေး ကောင်းမွန်သည့်လက္ခဏာကို ပြသခြင်းဖြစ်ကာ စစ်ရေး ပူးပေါင်းဆောင် ရွက် မှု များနှ င့် ပူးပေါင်း ရေကင်း လှည့်မှုများ အတွက်လည်း ဆွေးနွေးဖွယ်ရှိသည်။

Tuesday, February 12, 2013

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မြန်မာ နိုင်ငံသားများမှ ပိုက်လိုင်း ဖျက်သိမ်းပေးဖို့ ဆန္ဒပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းမယ့် ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ရပ်ဆိုင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ တရုတ်သံရုံးရှေ့ မှာ မြန်မာနိုင်ငံသား ၃ဝ ခန့် က ဖေဖေါ်ဝါရီလ ၁၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ဒေသခံတွေရဲ့ တံငါလုပ်ငန်း ထိခိုက်ခံရမှု၊ လယ်မြေ သိမ်းခံရမှုတွေအပြင် ဒေသခံတွေရဲ့ ဆန္ဒမပါဘဲ တည်ဆောက်ခဲ့တာကြောင့် စီမံကိန်းကို ချက်ချင်း ရပ် တန့် ပေးဖို့အတွက် တောင်းဆိုတာဖြစ်တယ်လို့ ဒီကနေ့ ဆန္ဒပြပွဲကို ခေါင်းဆောင်သူတဦးဖြစ် တဲ့ ပြည် ပ ရောက် ရခိုင်အလုပ်သမားများအဖွဲ့ ဥက္ကဋ္ဌ ဦးဖိုးလှ က အခုလို ပြောပြပါတယ်။
 

Saturday, February 9, 2013

မြန်မာနိုင်ငံ၏ ပိုက်နက် အတွင်း အိန္ဒိယ လက်နက်ကိုင် သူပုန် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိ

မြန်မာနိုင်ငံပိုင်နက်အတွင်း အိန္ဒိယလက်နက်ကိုင် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိကြောင်း မြန်မာ ရဲတပ်ဖွဲ့ စာမျက်နှာ၏ ဖော်ပြချက်အရသိရသည်။

အဆိုပါ အိန္ဒိယသူပုန်အဖွဲ့များမှာ PLA၊ ULFA၊ PREPAK၊ KCP၊ KYKL၊ RPF၊ UNLF၊ Manipur Naga Revolutionary Front(MNRF)၊ The Katampur Liberation Organisation၊ KLO of Assam စသည်အဖွဲ့များဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တမူးမြို့၌ လက်နက်ငယ်မျိုးစုံ ၉၆ လက်၊ ဗုံးသီးမျိုးစုံအလုံး ၆၀၊ နင်းမိုင်း ၂၃ ခု၊ ကျည်မျိုးစုံ ၇၉၀၇ တောင့်၊ ယမ်းတောင့် ၂၅၁ တောင့်၊ ယမ်းကြိုးခွေ ၄ ခွေတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

Wednesday, January 23, 2013

ပေါက်ကွဲမှုကြောင့် ခေတ္တ ပိတ်ထားခဲ့သော မြန်မာ - အိန္ဒိယ နယ်စပ် နန်းဖာလုံဈေး ပြန်လည်ဖွင့်လှစ်



တစ်ဖက်နိုင်ငံ၏ လုံခြုံရေးအခြေအနေကြောင့် ခေတ္တပိတ်ထားခဲ့ ရသော မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံေ ဈး ပြန် လည် ဖွင့်လှစ်ပြီဖြစ်ပြီး ပုံမှန်အရောင်းအ၀ယ် ဖြစ်လာသည်ဟု နန်းဖာလုံဈေးသူေ ဈးသား များ ၏ ပြော ကြားချက်အရ သိရှိရပါသည်။ "ဟိုတလောက အိန္ဒိယနိုင်ငံ မိုးရေးမြို့ထဲမှာ ဗုံးပေါက်ခဲ့ လို့ ဈေးနှစ် ရက်ေ လာက်ပိတ်ခဲ့ရတယ်။ အခုတော့ ဈေးက ပြန်ဖွင့်ပါပြီ။ ဈေးဝယ်လာတဲ့ ကားတွေလည်း လာ ပါ ပြီ။ အရောင်းအ၀ယ်ကတော့ သိပ်အကောင်းကြီး မဟုတ်သေးဘူး။ ဒီနေ့ ငွေလဲနှုန်းက အိန္ဒိယငွေ တစ် ရူ ပီးကို မြန်မာငွေ (၁၅ ကျပ် ပြား ၄၀) ပါ" ဟု နန်းဖာလုံဈေးမှ ဦးဝင်းသန်းက ဇန်န၀ါရီလ ၂၂ ရက်နေ့ က ပြောကြားပါသည်။

ဆက်သွားချင်သေးတယ် ဆိုရင်