Pages

Sunday, January 27, 2013

ပိဋိကတ်သုံးပုံ အတွက် ကြေး ပိဋိကတ် တစ်ချပ်လျှင် ၃၀၀၀၀ိ/- ဖြင့် လှူဒါန်းနိုင်


ဘုရားရှင် ဟောကြား ခဲ့သည့် ပိဋိကတ်သုံးပုံ တို့ကို မပျောက်ပျက် အောင် ဘုရားသားတော် ရဟန်း သံဃာများ သည် အာဂုဏ်ဆောင်ခြင်း ၊ ပေရွက်ဖြင့် မှတ်တမ်းတင်ခြင်း ၊ စာရွက်ဖြင့် မှတ်တမ်း တင် ခြင်းများကို ဆောင်ရွက်၍ ဗုဒ္ဓဆုံးမ သြ၀ါဒများနှင့် ၀ိနည်းတို့ကို မပျောက် ပျက်အောင် နှစ်ပေါင်း ထောင်ချီ၍ လက်ဆင့်ကမ်း ကာကွယ်ခဲ့ ပါသည်။
 
မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာကို ရခိုင်ဘုရင် စန္ဒသူရိယမင်း သည် သက္ကရာဇ် ၁၂၃ ခုနှစ် ဘုရားရှင် သက်ရှိ ထင်ရှား ရှိစဉ်တွင် ကိုးကွယ် ဆည်းကပ်ရာမှ မြန်မာနိုင်ငံ တစ်ဝန်းသို့ ဗုဒ္ဓသာသနာ ပြန့်ပွား လာခြင်း ဖြစ်ပါ သည်။ ယခုလည်း ဗုဒ္ဓသာသနာ မပျောက်ပျက် ရန်အတွက် သာသနာ၏ အသက်တမျှ အရေးကြီးသော ပိဋိကတ်သုံးပုံ တို့အား ရေကြောင့် သော်လည်းကောင်း ၊ လေကြောင့် သော်လည်းကောင်း ၊ သဘာဝ ဘေး ဒဏ်ကြောင့် သော်လည်းကောင်း ၊ အင်းဆက် ပိုးမွှားများ ကြောင့်သော် လည်းကောင်း အလွယ်တကူ မပျက်စီးစေရန် အတွက် သာသနာကို အမှန် တန်ဖိုးထားပြီး နှစ်ပေါင်း ထောင်သောင်းချီ တည်တံ့ စေလိုသော အတွေးဖြင့် ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ ၊ ကံဖေတိုက်နယ် ၊ နဒင်ကျေး ရွာမှ ဇာတိ ၊  ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ၊ ကျောင်းတော်ရာ ရွှေကျင်တိုက် ၊ မင်္ဂလာ တိုက်ကျောင်း ရခိုင် ဆရာတော် ဘဒ္ဒန္တဥာဏ အဂ္ဂမဟာဂန္ထ၀ါစက ပဏ္ဍိတ ၀ါတော်(၅၀) ၊ သက်တော် (၇၀) ရှိ သည့် ဆရာတော်မှ အတွေးမှန် ၊ အလုပ်မှန် ၊ ဇွဲသန်စွာဖြင့် ကြေးပိဋိကတ် သုံးပုံ အုပ်ရေ ၄၀ ကို ၂၀၀၃ ခုနှစ်တွင် ကြေးပြား တွင် ရေးထွင်း၍ အရှည် တည်တံ့အောင် ရန်ကုန်မြို့တွင် ဆောင်ရွက်ထား ပါသည်။

၂၀၀၅ ခုနှစ် တွင် ထပ်မံ၍ ကြေးပိဋိကတ် များအား ရေးသား ပြုစုရာ ၂၀၁၂ ခုနှစ် ၊ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ တွင် (၆) အုပ်ပြီးစီးခဲ့ပြီး ၄င်းကြေး ပိဋိကတ် များအား ဆရာတော် ဘုရား၏ ဇာတိကျေးရွာရှိ သီရိစကြာ ရွှေနားဒင် စေတီတော်တွင် ဆက်ကပ် လှူဒါန်းခဲ့ ပါသည်။ ထပ်မံ၍ ပြုလုပ် ရန်ကျန် ကြေး ပိဋိကတ် (၃၆)အုပ် ကိုလည်း အလှူရှင်များ လက်ခံ၍ ဆောင်ရွက်ဆဲ ဖြစ်ပါသည်။ ပိဋိကတ် သုံးပုံတစ်ခု လုံး ပြုလုပ်ရန် အတွက် ကြေးတန်ချိန် (၄၀)ခန့် လိုအပ်ပါသည်။ ကြေးပိဋိကတ် တစ်ချပ်လျှင် ၃၀၀၀၀ိ/-ဖြင့် လှူဒါန်းနိုင် ပါသည်။ လှူဒါန်း ရမည့်လိပ်စာ မှာ ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ၊ ကျောင်းတော် ရာ ရွှေကျင်တိုက် ၊ မင်္ဂလာ တိုက်ကျောင်း ဘဒ္ဒန္တဥာဏ အဂ္ဂမဟာဂန္ထ၀ါစက ပဏ္ဍိတ ဆရာတော် ၊ ဖုန်း ၀၁-  ၅၄၈၈၀၅ ၊ ၀၉- ၅၁၉၅ ၂၀၆ ၊ ၀၉- ၄၉၃ ၁၆၂၁၃ သို့ ဆက်သွယ် လှူဒါန်း နိုင်ပါသည်။ ပိဋိကတ် သုံးပုံရှိမှ သံဃာ ရှိမည်ဆိုသည့် အတိုင်း ပိဋိကတ် သုံးပုံများ အမြဲရှင်သန်ရေး မိမိတို့ အလှူလည်း နှစ်ပေါင်းထောင် ၊ သောင်း ချီတည်တံ့ရေး တို့အတွက် လွန်စွာ ထူးမြတ်လှ သည့် ကြေးပိဋိ ကတ် များ လှူဒါန်းနိုင်ရေး နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော် လိုက်ရပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့ မနှေးအမြန် ၊ အတွေးမှန် စွာဖြင့်ဘာသာ ၊ သာသနာ တည်တံ့ရေး အတွက် လှူဒါန်းနိုင်ကြပါစေ။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်