Pages

Showing posts with label ငြိမ်းချမ်းရေး ကိစ္စရပ်များ. Show all posts
Showing posts with label ငြိမ်းချမ်းရေး ကိစ္စရပ်များ. Show all posts

Saturday, April 20, 2013

အိုင်ယာလန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အတုယူဖို့ ဝန်ကြီးဦးဝင်းထွန်းပြော



ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဘယ်လ်ဖတ်စ်မြို့မှာ အိုင်ယာလန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကြာသပတေးနေ့ မနေ့ညက လန်ဒန်မြို့ကို ပြန်လည်ထွက်ခွာသွားပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းက အိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူတွေအားလုံး ရိုးသားမှုကိုအခြေ ခံပြီး တွေ့ဆုံဆွေးနွေး လို့ အောင်မြင်ခဲ့ကြတာဟာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အတုယူစရာဖြစ် တယ်လို့ ဘဲလ်ဖတ်စ်မြို့လေဆိပ်ကနေ RFA ကို ပြောဆိုခဲ့ပါတယ်။

"နိုင်ငံရေးခံယူချက်တွေကို အသီးသီးရှိကြပေမယ့် တစ်ယောက်ကိုတစ်ယောက် ဖြူဖြူစင်စင်၊ တစ်ယောက်ကိုတစ်ယောက် မလှည့်ပတ်ကြစတမ်းပေါ့လေ၊ တစ်ယောက်ကိုတစ်ယောက် ရိုးရိုးသားသား ဖြူဖြူစင်စင်နဲ့ တိုင်းပြည်ကောင်းဖို့ကို ရိုးရိုးသားသား လုပ်ကြမယ်ဆိုရင် မအောင်မြင်စရာ မရှိဘူးဆိုတဲ့အချက်ကို တွေ့ရှိရပါတယ်" တဆက်တည်းမှာ ဝန်ကြီးဦးဝင်းထွန်းက ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အနောက်နိုင်ငံတွေ ပါဝင်တက်ရောက်ရေးကို မိမိတို့ကငြင်းပယ်ခဲ့တာမဟုတ်ပဲ တရုတ်အစိုးရဖက်က ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

"တရုတ်ဘက်ကတော့ ကုလသမဂ္ဂရယ်၊ အမေရိကားရယ်၊ ဗြိတိန်က ကိုယ်စားလှယ်တွေကို ဖိတ်တာတော့ သူတို့လိုလားဟန်မပြဘူး၊ မပြဘူးဆိုတာက ကျွန်တော်တို့ကို မပြတာမဟုတ်ဘူး၊ ကချင်ဘက်ကိုမပြတာ၊ ဖိတ်တာ က ကချင်ဘက်ကဆိုတော့ ကချင်ဘက်ကို ကန့်ကွက်တယ်၊ ကျွန်တော်တို့ဘက်ကတော့ အေ နာ က်နိုင် ငံ ကို ကိုယ်စားပြုတဲ့ နိုင်ငံကြီးတွေကိုလည်း လက်ခံတယ်၊ ပြည်တွင်းမှာရှိတဲ့ သတင်းအဖွဲ့ အစည်းေ တွကော၊ လူမှုရေးအဖွဲ့အစည်းတွေကိုပါ၊ ကျွန်တော်တို့ဘက်က ပွင့်ပွင့်လင်းလင်း လက်ခံတယ်" ဒါ့အပြင် မြန်မာပြည်နဲ့ တရုတ်နယ်ခြားကနေ သစ်တောနဲ့ သယံဇာတတွေ ခိုးထုတ်နေတာကို လုံခြုံေ ရးကြောင့် ထိရောက်စွာ တားဆီးနိုင်စွမ်း မရှိသေးဖူးလို့လည်း သူကပြောပါတယ်။

"လုံခြုံရေး အပြည့်အဝမရှိသေးဘူး၊ အစိုးရရဲ့ သြဇာအာဏာ သက်ရောက်မှုနည်းနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တစ်လျှောက်ကတော့ အင်မတန်မှ စိတ်မကောင်းစရာ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်တွေကို ခိုးယူခံနေရပါတယ်၊ သိသိကြီးနဲ့ခံနေရတာပါ၊ ကျွန်တော်တို့ဘာမှ အရေးယူဆောင်ရွက်နိုင်တဲ့ အနေအထားမရှိပါဘူး" ဒါပေမယ့် အခြေအနေအားလုံးကို ခြုံငုံကြည့်မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ မကြာခင်အလျင်အမြန် တိုးတက်လာမှာ ဧကန်ဖြစ်ပါတယ်လို့ ဝန်ကြီး ဦးဝင်းထွန်းက ပြောပါတယ်။

RFA

Wednesday, March 20, 2013

တိုင်းရင်းသား နိုင်ငံရေး ပါတီ ၁၂ ဖွဲ့ နှင့် လက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့ ညီလာခံ ကျင်းပ

ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ် ထဲမှာ ရှိတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီ ၁၂ ဖွဲ့ နဲ့ လက်နက်ကိုင် ၁၃ ဖွဲ့ တို့ ပူးပေါင်းပြီး ၂၅ ဖွဲ့ ညီလာခံ တရပ်ကို လားရှိုးမြို့ မှာ မတ်လ ၂၀ ရက်ကနေ ၂၂ ရက်နေ့ အထိ ကျင်းပ ပါတယ်။
ဒီညီလာခံ ရဲ့ အဓိက ရည်ရွယ်ချက် က ပြည်တွင်းငြိမ်းချမ်းရေး၊ ယုံကြည်မှု တည်ဆောက်ရေး နဲ့ ပြည်ေ ထာင်စု အတွင်းမှာ ဘယ်လို ကူညီ ဆောင်ရွက်မှု တွေ ပြုသင့် ကြောင်း စတာ တွေ ဆွေးနွေးဖို့ ရှိပုံ ကို ရှမ်း တိုင်းရင်သားများ ဒီမိုကရက်တစ် ပါတီ က စိုင်းညွန့်လွင် က ဘီဘီစီ ကို ပြောပါတယ်။
ပထမ အဆင့် အနေနဲ့ တိုင်းရင်းသား အစု အဖွဲ့ တွေ အကြား မှာ ယုံကြည်မှု တည်ဆောက် ပြီး ဒုတိယ အ ဆင့် အနေနဲ့ အစိုးရ နဲ့ ယုံကြည်မှု တည်ဆောက် မှာ ဖြစ်ပုံ လည်း စိုင်းညွန့်လွင် က ရှင်းပြပါတယ်။
 

PNLO နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ပြည်ထောင်စု အဆင့် တွေ့ဆုံရန်ရှိ

 
 
ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့တို့ လာမည့် မတ်လ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း PNLO အဖွဲ့ ဥက္ကဌဖြစ်သူ ခွန်ဥက္ကာက ဆိုသည်။

“မနေ့က ဦးအောင်မင်း ဖိတ်စာ ပို့လာတယ်။ လာမယ့် မတ်လ (၂၂/၂၃) ရက်နေ့မှာ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ(MPC) မှာ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ ပြောလာတယ်။ ကျနော်တို့ ဘက်ကလည်း သွားတွေ့မယ်လို့ အကြောင်းပြန် ထားတာ ရှိပါတယ်။” ဟု ဆိုသည်။

တင်ပြ ဆွေးနွေးကြမည့် အချက်များကို ထုတ်ဖော် ပြောကြား၍ မရသေးကြောင်းနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြည်နယ် အဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ခဲ့စဉ်က တင်ပြချက် (၆) ချက်အပေါ် ဆက်လက် ဆွေးနွေး သွားဖွယ် ရှိကြောင်း PNLO ဖက်က ဆိုသည်။
 

Monday, March 11, 2013

အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးမှု ဓာတ်ပုံများ

 

အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့သည်တရုတ်နိုင်ငံရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင် ယနေ့ နံနက် ၉နာရီ မိနစ်၂၀မှ စတင်ကာတွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။ 

အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သောအဖွဲ့တွင် ကချင်ပြည်နယ်စစ်ဆင်ရေးဆိုင်ရာစစ်ဆင်ရေးအထူးအဖွဲ့ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးအပါအ၀င် စစ်ဘက်ဆိုင်ရာအကြီးအကဲများ ပါဝင်လာပြီး ကေအိုင်အိုဘက်မှ တပ်ပိုင်းဆိုင်ရာ ထိပ်တန်းတာဝန်ရှိသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တပ်ပိုင်းဆိုင်ရာ အကြီးအကဲများလည်းတက်ရောက်သဖြင့် ယခုဆွေးနွေးပွဲတွင် တပ်နှင့်ပတ်သက်သည့် ကိစ္စများ ဆွေးနွေးသွားနိုင်လိမ့်မည်ဟု နှစ်ဘက်လုံးက သုံးသပ်ပြောကြားသည်။

Thursday, March 7, 2013

မတ်လ ၁၁ ရက်နေ့ အစိုးရနှင့် KIA ဆွေးနွေးမည်


လာမယ့် မတ်လ ၁၁ ရက်နေ့ကျရင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေနဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံကြမယ်လို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

ကေအိုင်အိုနဲ့အစိုးရဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ၄ ရက်နေ့ကလည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ စစ်ရေးအရှိန်တွေ လျှော့ချမယ်လို့ ပြောခဲ့ပေမယ့်လည်း တိုက်ပွဲငယ်တွေ ပြန်ဖြစ်နေတာ ၊ အစိုးရတပ်ဘက်က တပ်တွေ နောက်ဆုတ် သွားတာမ၇ှိဘဲ တပ်အလဲအလှယ်လုပ်တာ ၊ စစ်စခန်းတွေ ပြင်ဆင်ဆောက်လုပ်နေတာတွေ တွေ့နေရတဲ့အတွက် စစ်ရေးကိစ္စလည်း ထပ်ဆွေးနွေးဖွယ်ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ ကချင်ပြည်နယ် ဆားမှော်နှင့် မိုးမောက်မြို့သို့ ရောက်ရှိနေပြီ

ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ ကိုရန်နိုင်ထွန်း ဦးဆောင်သော ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့သည် ယနေ့ မိုးကောင်းမြို့နယ် ဆားမှော်မြို့တွင် ရောက်ရှိနေပြီး တခြားအဖွဲ့သည် ဗန်းမော်မြို့နယ် မိုးမောက်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း နှစ်ဖွဲ့လုံးမှ အဖွဲ့ဝင်များက ပြောသည်။

ဧရာဝတီမြစ် အနောက်ဘက်မှ လမ်းလျှောက်အဖွဲ့သည် ယနေ့နံနက်မိုးကောင်း မြို့နယ် သောင်နီကျေးရွာမှ ထွက်ခွာလာပြီး ဆားမှော်မြို့တွင် တည ရပ်နားမည် ဖြစ်သည်ဟု အဆိုပါအဖွဲ့မှ ကိုဝင်းချိုက မဇ္ဈိမသို့ပြောသည်။၎င်းက “ခြေထောက်နာနေတဲ့ သူတွေကို ကျနော်တို့ မြစ်ကြီးနားရောက်တဲ့ထိ သူတို့ကို ဆရာဝန်က အနားယူဖို ပြောပါတယ်။ ကျနော်တို့ မြစ်ကြီးနားရောက်တဲ့ထိ သူတို့ အနားယူပါစေဆိုတဲ့ ဆန္ဒနဲ့ အခု သူတို့ကို ပို့ပါမယ်”ဟု မဇ္စျိမကို ပြောသည်။

Monday, February 25, 2013

တပ်မတော်နှင့် SSPP / SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပျက်နိုင်ကြောင်း ဦးအောင်မင်း ပြောကြား

မြန်မာ့တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းသည် အောက်ခြေအဆင့်ရှိ တပ်များအကြား အမြင်လွဲမှား မှုကြောင့်သာ ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပျက်နိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီလ ၂၃ ရက်က ရန်ကုန်မြို့ရှိMyanmar Peace Center တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

ရှမ်းပြည်မြောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂ဝ ရက်နေ့များတွင် တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''အောက်ခြေအဆင့်တွေက အထင်အမြင် လွဲမှားတာပါ။ မနေ့ကလည်း တိုက်ပွဲတွေ မဖြစ်ပါဘူး။ ဒီနေ့လည်း မရှိတော့ဘူး။ အောက်မှာရှိတဲ့ တပ်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပါ။ တခြားနိုင်ငံတွေမှာလည်း အောက်ခြေမှာ ဖြစ်နေကြတာပဲ။ ဒါကိုတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမ ပျက်နိုင်ပါဘူး''ဟု ပြောကြားသည်။

Saturday, February 23, 2013

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် အကြိုတွေ့ဆုံပွဲ အပေါ် UNFC ကျေနပ်အားရ

မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ Holiday Inn ၌ ယနေ့ အကြိုတွေ့ ဆုံဆွေးနွေးရာတွင် အားရကျေနပ်မှုရှိကြောင်း ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC က ပြောသည်။

နံနက် ၉နာရီမှ ညနေ ၅ နာရီအထိ တွေ့ဆုံခဲ့သည့် ယင်းဆွေးနွေးပွဲတွင် UNFC မှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက “အခု UNFC အဖွဲ့တွေနဲ့ အစိုးရအကြား တွေ့ဆုံတာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီတွေ့ ဆုံပွဲမှာ နှစ်ဦးနှစ်ဖက်သူ့အမြင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့ အခါ က်ေ တာ့ ေ တ်ာတော်လေး အားရကျေနပ်မိ ပါတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

Thursday, February 21, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) တို့ ၏ ပူးတွဲ ကြေငြာချက်


အပစ်ရပ်တပ်ဖွဲ့နှင့် အစိုးရတပ်ကြား တိုက်ပွဲ ဖြစ်ဖို့မရှိတော့ကြောင်း ဦးအောင်မင်းပြော

ယမန်နေ့ ဖေဖော်ဝါရီ ၁၉ မွန်းလွဲ ၁ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sheik Istana Hotel ဟိုတယ်တွင် သျှမ်းပြည်တပ် မတော် RCSS/SSA နှင့် ဦးအောင်မင်းတို့ တွေ့ဆုံရာ၌ စစ်ဘက်နှင့်အစိုး ရဘက် ဆွေးနွေးဖြေရှင်းခဲ့ကြပြီးဖြစ်သဖြင့် အပစ်ရပ်တပ်ဖွဲ့နှင့်အစိုးရတပ်မေ တာ် ကြား ရှေ့ဆက် တိုက် ပွဲ ဖြစ်ဖို့အလားအလာမရှိတော့ကြောင်း ဦးအောင်မင်းက ပြောသည်ဟု RCSS/SSA သတင်း ရပ်ကွက်က ဆိုပါသည်။

“အပစ်ရပ် သဘောတူညီခဲ့ပြီဆိုပေမယ့် ခုချိန်ထိ အစိုးရစစ်တပ်နဲ့ ကျနော်တို့ ပစ်ခတ်မှုရှိနေတုန်းဘဲ ။ အရင်တုန်းက ကျနော်တို့ထင်တာက အစိုးရစစ်တပ်ရဲ့ အောက်ခြေတပ်သားတွေ အရာရှိတွေဟာ အထက်ရဲ့ အ မိန့်ကို မနာခံဘဲ မိမိဆန္ဒ အလျောက် ကျနော်တို့ကို ပစ်ခတ်တိုက်ခိုက်နေတာလို့ ထင်မိတယ်။ ကျနော်တို့ လေ့လာကြည့်တော့ အထက်ရဲ့ ညွှန်ကြား ချက်ကြောင့် ပစ်ခတ်ရတာလို့ သိရတယ်။ ဒီကိစ္စတွ မေးဖြစ်စေ ချင်တော့ဘူးလို့ စဝ်ယွက်စစ်က ပြောတော့ ဦးအောင်မင်းက စစ်ဘက်နဲ့အစိုးရ တို့ ဆွေးနွေးပြီးပြီ။ ရှေ့ဆက်မဖြစ်တော့ပါဘူးလို့ ပြောသွားတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် RCSS / SSA အရာရှိတဦးက ပြောသည်။

rcss-govt-cm1

ရှေ့ဆက်တိုက်ပွဲများဆက်မဖြစ်အောင် အစိုးရအပေါ် အပစ်ရပ်တပ်ဖွဲ့များမှ ယုံကြည်မှုရှိသင့်သည်ဟု ဦးအောင်မင်းက ပြောဆိုရာ ၊ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က အစိုးရအပေါ်တွင်သာ မူတည်ကြောင်းပြောခဲ့ သည် ဟုဆိုပါသည်။

KNU ဥက္ကဌ နှင့် ဒုသမ္မတ စိုင်းမောက်ခမ်း တွေ့ဆုံ

ကရင်အမျိုးသားအစည်းအရုံး-KNUမှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပါဝင်သည့် အဖွဲ့ဝင်လေး ဦးနှင့် မြန်မာ အစိုးရ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့သည် ကရင်ပြည်နယ် မြ၀တီမြို့၊ အေး ချမ်းဖြိုး ရိပ်သာတွင် ယနေ့ နေ့လည် ၁၂နာရီမှစ၍ တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မြ၀တီမြို့ရှိ ကုန်သွယ်ဇုံကို ကြည့်ရှုစစ်ဆေးရန်လာရောက်ခဲ့ခြင်း ဖြစ် ပြီး ထိုသို့ ရောက်ရှိလာစဉ် KNU ဘက်မှ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံမှုတွင် ပါဝင်သည့် KNU တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ စောဂျွန်(စောတာမူလာ)က ကေအိုင်စီသို့ ပြောသည်။

UNFC နှင့် အစိုးရ တို့ နိုင်ငံရေး စဆွေးနွေးပြီ


စီစဉ် ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် မြန်မာ အစိုးရ တို့အကြား နို င်ငံေ ရး တွေ့ ဆုံ ဆွေးနွေး နိုင်ရေး အတွက် ပထမဆုံး တရားဝင် အကြို ညှိနှိုင်း ဆွေးနွေး ပွဲ တစ်ရပ်ကို ယနေ့ (ဖော်ေ ဖာ် ဝါရီ ၂၀) ရက်နေ့ နံနက် (၉) နာရီ၌ ထိုင်းနိုင်ငံ ချင်းမိုင် မြို့ရှိ Holiday Inn ဟိုတယ် ၌ ပြုလုပ်လျက် ရှိ သည်။ ယခု ဆွေးနွေး ပွဲသည် ကချင် စစ်ပွဲ၏ အဆုံးအဖြတ် တစ်ရပ် အဖြစ် ၄င်းနှင့် တိုင်းရင်းသား တန်း တူရေး နိုင်ငံရေး အခန်းကဏ္ဍ အတွက် တစ်စုံ တစ်ရာ လမ်းစ ဖော်ဆောင် ပေးနိုင်မည့် အခြေ အနေ၌ ရှိ သဖြင့် ပြည်တွင်း ပြည်ပမှ နိုင်ငံရေး တက်ကြွှ သူများနှင့် သတင်း မီဒီယာ များမှလည်း စိတ်ဝင် တ စား စောင့်ကြည့် နေလျက် ရှိကြသည်။

Wednesday, February 20, 2013

ဦးအောင်မင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ နှင့် UNFC ပထမဆုံး အကြိမ် တွေ့ဆုံ့မည်

 

ပြည်ထောင်စု မြန်မာနိုင်ငံ ငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဦးေ အာင် မင်း ဦးဆောင် သောအဖွဲ့နှင့် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့သည် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်း မိုင်မြို့တွင် ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြမည်ဖြစ် ကြောင်း သိရသည်။

Sunday, February 17, 2013

ကချင် တိုင်းရင်းသား လူမျိုးများ အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်သည့် ကောင်းကျိုးပြုခြင်း၊ ဂုဏ်သိက္ခာ ခံယူ ရရှိရေး အတွက် ကျွန်တော်တို့၏ ခံယူချက် တင်ပြခြင်း ~ ဦးဇခုန်တိန့်ယိန်း

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 
ကချင်ပြည်နယ်အထူးဒေသ(၁)ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊
 
ပန်ဝါဌာနချုပ် 
 
ရက်     စွဲ၊  ၂၀၁၃ ခုနှစ် ဇန်နဝါရီလ(၃၀)ရက် 
 
စာအမှတ်၊ / ၁၀၀၁ / ကင /  ၂၀၁၃

အကြောင်းအရာ။   ကချင်တိုင်းရင်းသား လူမျိုးများအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင် သည့် ကောင်း ကျိုးပြုခြင်း၊ ဂုဏ်သိက္ခာ ခံယူရရှိရေးအတွက် ကျွန်တော်တို့၏ ခံယူချက်တင်ပြခြင်း

၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးတစ်ရာေ ကျာ် ရှေးပဝေသဏီ က တည်း က အတူတကွ ရေခံမြေခံမျိုးဆက်များ ဆင်းသက်ပြန့်ပွားခဲ့သည့် သမိုင်း အထောက်အထားများ အခိုင်အမာတည်ရှိကြသူများဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးတို့သည် နိုင်ငံ၏နယ်စပ်ဒေသများကျရောက် သည့် နယ်စွန်နယ်ဖျား တောင်တန်းဒေသများတွင် ဘာသာ စကား၊ ယဉ်ကျေးမှု၊ အမျိုးသားစိတ်ဓာတ်နှင့် ဓေ လ့ ထုံး စံခြား နားသည့် အစဉ်အလာသည် ရောနှော ပျောက်ကွယ်ခြင်းမရှိသောကြောင့် နိုင်ငံ၏ အချုပ်အခြာနယ်နိမိတ်အတည်ပိုင်ဆိုင်မှု ခွဲခြား သတ်မှတ်လာကြသည့်အခါ ပြည်ထောင် စုသမ္မ တမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားလူမျိုး နိုင်ငံသားများ ဖြစ်လာကြပါသည်။ ဤသို့ဖြင့် တိုင်းရင်းသား လူမျိုးတို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နယ်နိမိတ်ကို ပိုင်းခြားသူများ၊ ကာကွယ်ေ စာင့်ရှောက် သူများ၊ နယ်စည်းခြားသည့် လူသားခံတပ်များဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြည်ထောင် စုသမ္မတမြန်မာ နိုင်ငံတော်၏ နယ်စပ်များ ထိစပ်သောနိုင်ငံများနှင့် ခွဲခြားသည့်နယ်နိမိတ်မျဉ်းတစ်လျှောက် တိုင်းရင်းသားလူမျိုးစုများ ကွင်းကွင်းကွက်ကွက် အခိုင်အမာ နေထိုင်သည့် မြေခံရေခံ ထင်ရှားမှုကို ယနေ့ထက်တိုင် ထင်ရှားဆဲဖြစ်ပါသည်။ ဤအကြောင်းတရားများက ပြည်ထောင်စု သမ္မတမြန်မာနိုင် ငံေ တ်ာကြီးသည် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ စုပေါင်းစည်းလုံးညီညွတ် သည့် လက္ခဏာကို သတ်မှတ်ပြီး ဖြ စ်ပါသည်။ ခွဲခြားဆက်ဆံမှုမှ ပေါ်ပေါက်စေနိုင်သည့် ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒ နှင့် လူမျိုးကြီးဝါဒ သည် မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တိုးတက်ဖွံ့ဖြိုးရေး၊ စည်းလုံးညီ ညွတ်ခြင်းမှရယူနိုင်သော အကျိုးကျေးဇူးများစွာကို ထိခိုက်ပျက်ပြားစေလိမ့်မည် သာ ဖြစ်ပါေ ကြာင်း ဉာဏ်အမြော်အမြင်ကြီးမားသည့်အသိတရား လူမျိုးများအားလုံး ခံယူစိုက်ထူကြရန် သတ်မှတ် ပေးထား ပါ သည်။
 

Friday, February 15, 2013

အစိုးရနှင့် UNFC အဖွဲ့ လာမည့် တစ်ပတ်အတွင်း တွေ့ဆုံမည်

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC တို့ နိုင်ငံရေးအရ ဆွေးနွေးနိုင်ရန် ရှေ့အပတ်ထဲတွင် တွေ့ဆုံကြဖို့ သဘောတူလိုက်ကြောင်း UNFC ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နှစ်ဖက် ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံရန် အစိုးရဘက်က ကမ်းလှမ်းလာသည့်အပေါ် UNFC က အရေးပေါ် အစည်းအဝေးတရပ် ကျင်းပ၍ ဆုံးဖြတ်ခဲ့ကြောင်း “အစိုးရ အဖွဲ့ဘက်က ကမ်းလှမ်းချက်ကို အကြောင်းပြန်နိုင်ဖို့ ကျနော်တို့ဘက်က အရေးပေါ် အစည်းအဝေး ခေါ်ခဲ့တယ်။ အစိုးရဘက်ကတော့ ဒီလ ၂၀ ရက်နေ့မှာတွေ့ကြဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီအပေါ် ဆွေးနွေးကြတာပါ။ တတိယနိုင်ငံ တခုမှာ တွေ့ကြမယ်ဆိုတော့ အဖွဲ့ဝင်အားလုံးက သဘောတူလိုက်ကြပါတယ်။” ဟုဆိုသည်။
 

နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပါအ၀င် အစိုးရ အဖွဲ့ ခေါင်းဆောင် များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံပြီး ငြိမ်းချမ်းရေးစာချုပ်တွင် လုပ်ဆောင် ရန် ကျန်ရှိသည့် အချက်များအား ပူးပေါင်းဆောင်ရွက် ရန် ဆွေးနွေးခဲ့ေ ကြာင်း မြန်မာ့ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောကြားခဲ့သည်။

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တက်ရောက်လာစဉ် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ''အဓိကကတော့ ငြိမ်းချမ်းရေး စာချုပ်ထဲမှာ အကောင်အထည်ဖော်ရမယ့် အချက်တွေရှိတယ်။ အဲဒါတွေကို ပိုပြီးတော့ ရုပ်လုံးပေါ်လာအောင် နီးနီးကပ်ကပ် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်အောင်လို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ခေါင်းဆောင်တွေ သက်ဆိုင်ရာ ၀န်ကြီးဌာနက ၀န်ကြီးတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဆွေးနွေးခဲ့ကြပါတယ်။ သမိုင်းမှာ ပြန်ကြည့်ရင် ဒီလိုမျိုး မရှိခဲ့ဘူး။ အစိုးရက တိုင်းရင်းသား အဖွဲ့တွေနဲ့ လက်တွဲပြီး ငြိမ်းချမ်းရေးကို ရအောင် လုပ်သွားမယ်ဆိုတဲ့ Message ကို ပေးတာပါ'' ဟု ဒေါက်တာမင်းဇော်ဦးက ပြောကြားခဲ့သည်။

Thursday, February 14, 2013

စားပွဲဝိုင်းပေါ် တွေ့ဆုံမည်ဟု သမ္မတ၏ ပြောဆိုမှု အပေါ် KIO ကြိုဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် KIO အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင်တွေ့ဆုံစဉ် “ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အ ထည်ေ ဖ်ာနိုင်ရန် ပဋိပက္ခဖြစ်ပွားနေသော နေရာများတွင် လေ့လာစောင့်ကြည့် စီစစ်ရေးစံနစ်ေ ပ်ါပေါက် လာေ ရး” သဘောတူညီမှုရရှိကာ ပူးတွဲထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ KIO ဖက်မှ သမ္မတ၏ စာကို ကြိုဆိုကြောင်း လူ ထု ကို အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြေငြာချက်၌ KIO ခေါင်းဆောင်များသို့ လိပ်မူသော သမ္မတ၏ လက်မှတ်ထိုးပေးပို့သည့် စာတွင် “ကျနော်တို့အားလုံး တနိုင်ငံတည်းမှာ တရေထဲသောက် တမြေထဲနေကြသူ တိုင်းရင်းသားများဖြစ်ကြပြီး အယူအဆ ကွဲလွဲနိုင်တာကို ကျနော့်အနေနဲ့ နားလည်စာနာပါတယ်။  ပြည်ထောင်စုကြီးတခုလုံး ဒီမိုကရေ စီနိုင်ငံ ဖော်ဆောင်ရေး၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန် တဲ့ငြိမ်း ချမ်းရေး၊ တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်း မှာတွေ့ဆုံဆွေးနွေးခြင်းသည်သာ တခုတည်းသောနည်းလမ်းဖြစ်ကြောင်း ကျနော့်အနေနဲ့ ရိုးသား စွာ ယုံကြည်ပါတယ်။” ဟု ရေးသားထားသည်။

ထို့အပြင် “ယခုစတင်ပြုလုပ်မယ့် ဆွေးနွေးပွဲများ အောင်မြင်ပါစေကြောင်း၊ ဆန္ဒပြုပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူလူထုသို့ အကြိမ်ကြိမ် အသိပေး တင်ပြထားပြီးဖြစ်ပါတယ်။” ဟု ဖော်ပြထားသည့်အပေါ်KIO ဘက်မှ ဝမ်းမြောက် စွာ ဖြင့် ကြိုဆို ကြောင်း ရေးသားထားသည်။

ယင်းအပေါ် KIO ဗဟိုကော်မတီမှလည်း စစ်မှန်သောငြိမ်းချမ်းရေး ရရှိနိုင်ရန်နှင့် တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင်တွေ့ဆုံဆွေးနွေးကာ အဖြေရှာမည်ဖြစ်ကြောင်း မိဘပြည်သူ ရဟန်းရှင်လူအများ သိရှိနိုင်ရန် ကြေငြာလိုက်ခြင်းဖြစ် သည် ဟု ကြေညာချက်က ဆိုသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ဝင် ၆ ဦး နှင့် KIO မှ အမြဲတန်း ဗဟိုကော်မတီဝင် ၅ ဦးအပါဝင် ကရင်၊ ရှမ်း၊ ချင်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များဖက်မှ ၇ ယောက်နှင့် တရုတ်သမ္မတနိုင်ငံမှ သံအမတ်ကြီးနှင့် သံမှူးတို့ပါဝင်တက်ရောက်ကာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။

Tuesday, February 12, 2013

ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား မန္တလေးမှ ကချင် လူငယ်များ ကြိုဆို

ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေသော လူငယ်များအဖွဲ့အား မန္တလေးမြို့မှ ကချင်လူမှု အဖွဲ့အစည်းများနှင့် ကချင်ငြိမ်းချမ်းရေး ကွန်ယက်တို့မှ ကချင်တိုင်းရင်းသား ၅၀ ဦးတို့က ကချင် ရိုးရာ ဓလေ့ထုံးတန်းအရ ကြိုဆိုပွဲကို ယနေ့တွင် ပြုလုပ်ခဲ့သည်။ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက် ချီတက် လာသူ များအား ယနေ့ နံနက် ၁၁ နာရီကျော်တွင် သံဃာ ၁၇ ပါးနှင့် လူ ၄၂ ဦးတို့က မန္တလေး ဘုရားကြီး အရှေ့ မုတ်တွင် ကြိုဆိုခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ တာဝန်ခံ ကိုဂျော်ဂွန်းက ပြောသည်။

“ကျနော်တို့ ကချင်ရိုးရားယဉ်ကျေးမှု ပလိုင်း၊ ပန်းစည်းတွေနဲ့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ငြိမ်း ချမ်းရေး ရချင်တဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကပါ ဒီလို အသိ စိတ်ဓါတ်ရှိရှိ၊ နိုင်ငံသား တယောက် တာ ဝန် အရ လုပ်ဆောင်တဲ့အပေါ်မှာ ကျနော်တို့ ကချင်လူမျိုးတွေက ဝမ်းပန်းတသာ ကြိုဆိုတဲ့အနေနဲ့ ကြို ဆိုခြင်း ဖြစ်ပါတယ်”ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ကိုဂျော်ဂွန်းက ပြောသည်။

Tuesday, February 5, 2013

နိုင်ငံတော်သမ္မတဦး သိန်းစိန်မှ KIO အဖွဲ့ ခေါင်းဆောင် များအား ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက် ရန်ဖိတ်ခေါ်


နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ KIO အဖွဲ့ ခေါင်းဆောင်များအား ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက် ရန် ဖိ တ်ခေါ်ခဲ့ကြောင်း ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ တရုတ်နိုင် ငံ ရွှေလီမြို့ တွင်ပြုလုပ် သည့့်  မြန် မာအစိုးရကိုယ်စားလှယ်များနှင့် KIO အဖွဲ့တို့ တွေ့ဆုံပွဲ တွင်တက်ေ ရာက် ခဲ့သည့် KIO ကိုယ် စား လှယ် တစ်ဦးမှပြောကြားခဲ့သည်။နိုင်ငံတော်သမ္မတဦးသိန်းစိန်က KIO အဖွဲ့ ခေါင်းေ ဆာင်ေ တွကိုေ နပြ ည်ေ တ်ာမှာကျင်းပမဲ့ ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက် ဖို့ တရားဝင် ဖိတ်ခေါ်ခဲ့ ပါတယ် ဒါပေ မဲ့ တက်ေ ရာက်ဖို့မတက်ရောက်ဖို့ကတော့ KIO အနေနဲ့မဆုံးဖြတ်ရသေးပါဘူးဟု ၄င်းမှပြောကြားခဲ့သည်။

Monday, February 4, 2013

ကေအိုင်အေမှ ဗိုလ်ချုပ်ဂွမ်မော်ပါဝင်သော တရုတ်နိုင်ငံတွင် ကျင်းပသည့် ဆွေးနွေးပွဲ


ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်း ချမ်းရေးေ ဆွးနွေးရေးေ ဖ်ာဆောင်ရေး အဖွဲ့နှ င့် ကေအိုင် အို ၊ကေအိုင်အေဘက်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည်တရုတ်နိုင်ငံရွှေလီမြို့တွင်ယနေ့နံနက် ၉နာရီမှစတင် ကာ Jing Cheng ဟိုတယ်တွင် ငြိမ်း ချမ်းရေး အတွက်တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။ ကြားနေသက်သေအဖြစ် တရုတ်နိုင်ငံ မှဆောင်ရွက်ေ ပးပြီး တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန၊ကာကွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်သည်။ ထိုဆွေးနွေးပွဲ ရှိသည့်အတွက် ရွှေလီမြို့တွင် လုံခြုံရေး ကို အထူးတင်းကြပ်ထားကြောင်းသတင်းရရှိသည်။

 

ဆက်သွားချင်သေးတယ် ဆိုရင်