Pages

Saturday, January 26, 2013

ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့၏ နောက်ဆုံး ခံတပ်ဟု ပြော၍ ရသော ခါယာဘွမ် တောင်ကုန်း ကျပြီ



ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့၏ နောက်ဆုံး ခံတပ်ဟု ပြော၍ ရသော ခါယာဘွမ် တောင်ကုန်းကို တပ်မတော်က ယနေ့ နံနက်၁၁နာရီ တွင်သိမ်းယူလိုက်ပြီ ဖြစ်ကြောင်း ကနဦး သတင်းရရှိပါတယ်။ ဇန်နဝါရီ လ ၂၃ ရက်နေ့ကတည်းက တပ်မတော်က ၈၁ မမ ၊ ၁၀၅ မမ၊ ၁၂၀မမ များ နှင့် အဆက်မပြတ် ပစ်ခတ် ခဲ့ပြီး တိုက်ပွဲများ ပြင်ထန်းခဲ့တယ်လို့လည်း သိရပါတယ်။ တပ်မတော်က တစ်နာရီအတွင်းမှာ လက်နက်ကြီး ကျည်း ၁၂၈၀ ပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အေဘက်က ပြောဆိုပါတယ်။

ခါယာဘွမ်ကုန်းကို ဆုံးရှုံးသကဲ့သို့ ထိခိုက်ဒဏ်ရာရသူများတယ်လို့ လည်း သိရပါတယ်။ ယနေ့ သတင်းစာ မှာတော့ ကေအိုင်အေ ရဲ့ သဘောဆန္ဒအရ တိုက်ပွဲမရပ်ဘဲ ဆွေးနွေးဖို့ကို လွှတ်တော်က အတည်ပြု တဲ့ အကြောင်း ဖော်ပြထားပါတယ်။

From: အဘ မင်းထက် စံ

www.mmdailystar.blogspot.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်