Pages

Friday, February 1, 2013

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် သုံးဦး ရွေးချယ်


ပြည်သူ့လွှတ်တော် က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင် သုံးဦးကို ရွေးချယ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁ရက်နေ့ တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် ဆဌမပုံမှန် အစည်းအဝေး ၏ ထုတ်ပြန်ချက် များကို ကိုးကား၍ The Voice Weekly သတင်းထောက် က သတင်း ပေးပို့သည်။

အဆိုပါ ခုံရုံးအဖွဲ့ဝင် ရွေးချယ်ခြင်း နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဌ က နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ထံ သဝန်လွှာ ပေးပို့ ထားပြီး ရွေးချယ်ထား ခံရသော ခုံရုံးအဖွဲ့ဝင်များမှာ ဦးမြသိန်း (ညွှန်ကြားရေးမှူးချုပ် - ငြိမ်း) (တရားလွှတ်တော်ချုပ်)၊ ဦးမြသိန်း (တရားလွှတ်တော် ရှေ့နေ) နှင့် ဦးမြင့်လွင် (တရားလွှတ်တော် ရှေ့နေ) တို့ဖြစ်ကြောင်း ယင်း လွှတ်တော် ထုတ်ပြန်ချက်များ အရ သိရှိရသည်။
The Voice Weekly

ကေအိုင်အေ စတင် မတိုက်ဘဲ စစ်တပ်က ပြန်တိုက်ရန် မရှိဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား



မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်တွင် အပြန်အလှန် ပစ်ခတ်နေကြသော KIA နှင့် အစိုးရစစ်တပ်တို့ အကြား ယခုရက်ပိုင်းတွင် လိုင်ဇာဒေသဝန်းကျင်၌ ငြိမ်သက်နေကြောင်း၊ KIA ဘက်မှ စတင်တိုက်ခိုက်မှု မပြုပါက အစိုးရစစ်တပ်ဘက်မှလည်း တိုက်ခိုက်ရန် မရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောကြားသည်။ “ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ တပ်ဖွဲ့တွေဟာ ကျွန်တော်တို့ကို စပြီးတော့ လာမတိုက်ရင်တော့ ကျွန်တော်တို့ဘက်က ပြန်လည်တိုက်ခိုက်ဖို့ မရှိပါဘူး။ သူတို့ဘက်က လက် နက်ကြီး ပစ်တာတွေ လျော့သွားတဲ့အတွက် အခုဆိုရင် တော်တော်ကြီးကို အဲဒီဒေသမှာ ငြိမ် သက်နေတာ တွေ့ရပါတယ်ခင်ဗျ” ဟု ယင်းက ဆိုသည်။ 

ဖုန်းထဲက ဘာညာတွေပြပြီး သာကေတမှာ ၁၃ နှစ်ကလေးကို မုဒိန်းကျင့်တဲ့ မူဆလင်ဆရာ



30.1.2013-ည-(၈း၀၀)-ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မှာ၊ မုဒိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါ တယ်။ ကျင့်သူက ထုံစံအတိုင်း မူဆလင် ကုလားပဲပေါ့။ ခံရသူကလည်း သိတဲ့အတိုင်း မြန်မာမိန်းကလေး တစ်ေ ယာက် ပါပဲ ။မူဆလင် ကုလားကတော့ အသက် ၁၇-နှစ်၊ ၁၈-နှစ်ခန့် ရှိပြီး မှော်ဘီ အာရဗီကျောင်း မှာ အထက် တန်း ဘာသာရပ် ကိုသင်ယူရင်း သာကေတမှာ ကလေးသူ ငယ်လေးတွေကို တစ်ဆင့်ပြန် လည် သင်ကြားေ ပးနေတဲ့ ဘာ သာရေးကျောင်း ဆရာလေးပါ။
 

ကျည်ကာ ဦးထုပ်၊ ချပ်ဝတ်များဖြင့် လိုင်ဇာတောင်ကုန်းထိပ်များမှ အောင်ပွဲရ စစ်သည်များ



တပ်ချုပ်ကြီးမှ ကချင်ပြည်နယ်မှာတာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေကို ကျဉ်ကာအင်္ကျီနဲ့ကျဉ်ကာ ဦး ထုတ်တွေ ထု တ်ပေးထားပါတယ်။ လိုင်ဇာမြို့နားအမြင့်ဆုံး တောင်ကုန်းပေါ်မှ အောင်ပွဲ ရမြန်မာ့ တပ်မတော် သားများ။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင် မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရ


ပြည်သူ့လွှတ်တော်၊တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်၏ ကိုယ်ပိုင်မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြ ည် သူ့လွှတ်တော် ကိုယ်စားလှယ်များထံ မှ သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့၊နံနက် ၉နာရီဝန်းကျင် အချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမ ၁၁၅မိုင် စားသောက်ဆိုင်များအနီး၊ဖြူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးတော့မည့်သတင်းကြောင့် ဒေသခံတို့ဝမ်းသာ

အစိုးရတပ်တွေနဲ့ KIA တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ချင်ပြည်နယ်အတွင်းမှ အိုးမဲ့ အိမ်မဲ့ဒုက္ခသည် ပေါင်းများစွာဟာ ချင်ပြည်နယ်ရဲ့နေရာအနှံ့အပြားမှာ နေထိုင်ကြပါတယ်။ အစိုးရ အာဏာစက်နဲ့နီးနီးကပ်ကပ် ရှိတဲ့ဒုက္ခသည်မိသားစုတွေအတွက် ထောက်ပံ့ပေးကမ်းမှုကြောင့် အဆင်ပြေ သလိုရှိပေမယ့် ဝေးလံခေါင်ဖျားပြီး KIA အုပ်ချုပ်တဲ့နယ်မြေအတွင်းရှိ ဒုက္ခသည်တွေကတော့
ဒုက္ခပြီးရင်းဒုက္ခနဲ့ နပမ်းလုံးနေကြရပါတယ်။ အငတ် ငတ်အပြတ်ပြတ်ဖြစ်နေကြတဲ့ ဒုက္ခသည်ဆီကို KIA တပ် က လာရောက်ကြည့်ရှုခြင်းမရှိသလို ယူနန်ပြည်နယ်ထဲ ရောက်နေတဲ့ ကချင်တွေက ထောက်ပံ့တဲ့ေ ငွကြေး နဲ့ စားစရာတွေကိုလဲ KIAမပေးဘူးလို့သိရှိရပါတယ်။

လိုင်ဇာရောက် ပြည်တွင်းပြည်ပ Media များ၏ တင်ပြချက်များ သည် တိုက်ပွဲများ အတွက် အထောက်အကူ များစွာ ရရှိခဲ့ကြောင်း မြန်မာ့ တပ်မတော် အရာရှိတစ်ဦး မှ ပြောဆို

လိုင်ဇာသို့ရောက်ရှိလာသည့် ပြည်တွင်းပြည်ပသတင်းထောက်များ၏ သတင်းတင်ပြချက်များ၊ သတင်း ဓာတ် ပုံများ နှင့် Video File များသည် လိုင်ဇာဒေသတစ်ဝိုက်ရှိ တောင်ကုန်းများအား တိုက်ခိုက်ရာတွင် မိမိတို့အ တွက်အလွန် အသုံးဝင်ကြောင်း ကချင်ပြည်နယ်၊ ရှေ့တန်း စစ်မျ က်နှာ တွင် တာဝန်ထမ်းေ ဆာင်ေ နသောအရာရှိတစ်ဦးမှပြောကြားခဲ့သည်။

လဂျားယန်တို့၊ လိုင်ဇာအ၀င်ဝမုဒ်ဦးတို့ မိုးလဲချောင်းတံတားတို့ဆိုတာ အရင်က ကျွန်တော်တို့ မရောက်ဖူးပါဘူး။ ဒါပေမယ့် Internet မှာ  ABSDF က မင်းဌေးတို့ကလည်း အဲဒီဒေသတစ်ဝိုက်က ဓာတ်ပုံတွေ ဗီဒီယိုတွေတင်ထားတော့ အဲဒီအချက် အလက်တွေကြည့်ပြီး ကြိုတင်စစ်ရေးသုံး သပ်ပြင် ဆင်နိုင်ခဲ့ပါတယ်။ ဒါအပြင် ပြည်တွင်းပြည်ပ သတင်းေ ထာက်တွေတင်တဲ့ ဓာတ်ပုံတွေကြည့်ပြီး KIA အဖွဲ့က ကတုတ်ကျင်းတွေဘယ်လိုအနေ အထားရှိတယ်၊ ဘာလက်နက်တွေသုံးတယ်၊ ဘယ်လိုစစ် အသုံးအဆောင်ပစ္စည်းတွေရှိတယ်ဆိုတာ ခန့်မှန်းလို့ရပါ တယ်လို့ ပြောဆိုခဲ့သည်။ ထို့ပြင်၎င်းက လဂျားယန်တိုက်ပွဲမှာ ကျွန်တော်တို့ကိုအများဆုံးကူညီသွားတာကတော့ ABSDF မြောက်ပိုင်းက ကိုမင်းဌေးကြီးပါဘဲ။ သူက တိုက်ပွဲဖြစ်နေချိန် မှာ နောက်ဆုံးအခြေ အနေတွေကို သူရဲ့ face book ကနေ update လုပ်နေတော့ ကျွန်တော်တို့ သူတို့ခေါင်းဆောင်ပြီး အုပ်စုတွေရှိနိုင်တဲ့နေရာ၊ သူတို့အဖွဲ့တွေ နေရာ ချထားနိုင်တဲ့နေရာကို ခန့်မှန်းရလွယ်သွားပါတယ်ဟု ပြောဆိုသွားသည်။


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းရှိ မိဘ ပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း


နှစ်သစ်ကူး မိန့်ခွန်းမှာ ရေဒီယိုကနေ တစ်ဆင့် ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင် ချက်များကို အခါအခွင့် သင့်တိုင်း ဆက်သွယ်ပြောကြား သွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက်သွယ် ပြောကြားခြင်း ဖြစ် ပါတယ်။
 
ကျွန်တော်တို့ အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့် ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရ သက်တမ်း နှစ်နှစ် အတွင်းမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ များစွာ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ပြုပြင် ပြောင်း လဲမှု တွေကတစ်ဆင့် အောက်ခြေအဆင့် ပြည်သူလူထု အားလုံးအထိ သက်ရောက်မှု ရှိစေမယ့် ပြည်သူ ဗဟိုပြု စီးပွားရေး ပြုပြင် ပြောင်းလဲမှု များကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။
၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့အတွက် အရေးကြီး တဲ့ အောင်ဆန်း- အက်တလီ စာချုပ်ကို ချုပ်ဆို နိုင်ခဲ့ပြီး သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့ ဟာလည်း နိုင်ငံတကာ ချေးငွေများ လျှော့ချ နိုင်မှုနှင့် တိုက်တိုက် ဆိုင်ဆိုင် မြန်မာနိုင်ငံ စီးပွားရေး သမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့ အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာ နိုင်ငံ အနေနဲ့ နိုင်ငံ တကာ ငွေကြေး ဈေးကွက်များနှင့် စီးပွားရေး အသိုက်အဝန်း ထဲကို ပြန်လည် ဝင်ရောက် နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ် တစ်ခုကို စတင်နိုင် ခဲ့လို့ပဲ ဖြစ်ပါတယ်။
 

ကေအိုင်အိုမှ 1.2.2013 ရက်စွဲဖြင့် ကြေငြာ ချက် တစ်ခုထုတ်ပြန်



တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ အစိုးရမှ ၄င်းတို့အား တစ်ဖက်သတ် အပြစ်ပုံချထားကြောင်း၊ ဂွမ်မော် မလာသဖြင့် စစ်ရေးအရ တိုက်ပွဲများ ရပ်ဆိုင်းရန် ဆွေးနွေးမှု မဖြစ်ခဲ့သည်ကို ယခင်ဆွေးနွေးပွဲများ တက် ထားကြောင်း၊ ကေအိုင်အိုမှ နိုင်ငံတကာသို့ အကူအညီ တောင်းခံသွားမည် ဖြစ်ကြောင်း စသည့် အ ချက် များကို ဖော်ပြပြီး ကေအိုင်အိုမှ 1.2.2013 ရက်စွဲဖြင့် ကြေငြာ ချက် တစ်ခု ထုတ်ခဲ့သည်။

ကချင် ပြည်နယ်အတွက် ဖိတ်စာ တစ်စောင် (သို့မဟုတ်) KIA ထိမ်းချုပ် နယ်မြေ အတွင်းမှ ကချင် တိုင်းရင်းသား သွေးချင်း ညီနောင် များအား လက်ကမ်း ကြိုဆိုခြင်း

ကချင်အမျိုးသားများ ကောင်းစားရေး အတွက်လို့ ကြွေးကြော်နေတဲ့ KIA ဟာ ကချင် တိုင်းရင်းသား တွေရဲ့ ထောက်ခံမှုကို ဘယ် အတိုင်းအတာ ထိ ရရှိနေ သလဲတော့ ကျွန်တော် မသိပါဘူး။ အငတ်ငတ် အပြတ်ပြတ် နဲ့ ကချင် စစ်ဘေး ဒုက္ခသည် အရေအတွက် တွေ တိုးသည်ထက် တိုးလာနေတာ ကိုတော့ တွေ့နေရ ပါတယ်။

UNFC ကိုမဏ္ဍိုင်ထားပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး အမြန်ဖြစ်ပေါ်ရန် မွန်ပြည်သစ် ပါတီ တိုက်တွန်း


ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲအပါအဝင် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး အမြန်ဖေါ်ဆော င် ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ရေး ဦးတည်ကြိုးပမ်းကြရန် သက်ဆိုင်သူအားလုံးသို့ မွန်ပြည်သစ် ပါတီက အလေးအနက် တိုက်တွန်းလိုက်သည်။



မွန်ပြည်သစ်ပါတီ၏ သဘောထားထုတ်ပြန်ချက်(NMSP)
 
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းအပေါ် ၂၀၁၃ -ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က မွန်ပြည်သစ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ သဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “ကချင်ဒေသမှာ ဘယ်သူက ကျူးကျော်စစ်၊ ခုခံ စစ် ဆိုတာ ခွဲခြားတတ်ဖို့လိုတယ်၊ ကချင်ကို အစိုးရတပ်က ထိုးစစ်ဆင်နေတဲ့ ကိစ္စရပ်တန့်ဖို့ ကျနော်တို့ အဖွဲ့ ပေါင်းစုံကနေပြီးတော့ ထင်ထင်ပေါ်ပေါ်နဲ့တောင်းဆိုနေကြပါတယ်” ဟု ပြောသည်။

ထို့အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးတည်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေး အရ ဖြေရှင်းနိုင်ရေး အတွက် အစိုးရ၏ ဗမာ့တပ်မတော်ဘက်မှ သဘောထားကြီ်းစွာနှင့် KIO အားဝိုင်း ပတ် ပိတ်ဆို့ ထားခြင်းကိုဖွင့်ပေးပြီး နှစ်ဖက်တပ်ကိုခွာ၍ တိုက်ပွဲရပ်စဲသွားစေရန် လုပ်ဆောင်သင့်သည်ဟုလည်း ဆိုသည်။

တိုးတက်သော မွန်လူငယ်အစည်းအရုံး Mon Youth Progressive Organization ဥက္ကဌ မင်း ဉာဏ်စိုက်ရာမာဉ်က တစ်ဖက်တွင် လူမျိုးရေး မုန်းတီးနာကျည်းမှုအထိ ဖြစ်စေနိုင်သည့် စစ်ရေးကျူးေ ကျာ်မှု ပြဿနာမှအစပြု၍ ကချင်ဒေသအား ခုခံကာကွယ်ကြမည့် လူငယ်အများအပြား ပေါ်ထွန်းလာနိုင်ပြီး စစ်မီးများပို၍ တောက်လောင်လာမည့်အရေးကို စိုးရိမ်မိကြောင်း ပြောသည်။

သူက “နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ကြဘူးဆိုရင် လူငယ်တွေဘက်က ခုခံကာကွယ်မယ့် စိတ်ဓါတ်တွေနဲ့ လူမျိုးရေးအရ အမုန်းပွားလာပြီး စစ်မီးတွေ ပိုပြီးတောက်လောင်လာမယ်၊ အခုစစ်ဘေးဒဏ်ကြောင့် ကချင်ဒေသမှာရှိတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ ဒုက္ခပိုခံစားနေကြရတယ်၊ ဒီလိုအခြေအနေမှာ ကချင်လူငယ်တွေအနေနဲ့ ဘယ်လောက်ခံစားနေရမယ်ဆိုတာ ကျနော်တို့မွန်လူငယ်တွေကလည်း စာနာ မိ ပါတယ်” ဟု ပြောသည်။

ကချင်ဒေသ စစ်ပွဲရပ်တန့်ရန် ၂၀၁၁-ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်က တပ်မတော် စစ်ဦးစီးချုပ်ထံ စာရေးသားပေးပို့ခဲ့သော်လည်း ထိုးစစ်ရပ်စဲခြင်းမရှိခဲ့သလို၂၀၁၃-ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်၍ အစိုးရဖက်မှ ထိုးစစ်ကိုရပ်နားလိုက်ပြီဟု ကြေငြာခဲ့သည့်နောက်ပိုင်း KIO ဌာနချုပ်အနီးရှိ ဗျူဟာမြောက်တောင်ကုန်းများကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ယင်းစစ်ပွဲကြောင့် သက်ဆိုင်ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များအပါအ၀င် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့ရပြီး သိန်းနဲ့ချီသော ဒေသခံပြည်သူများ အိုအိမ်နှင့်လုပ်ငန်းခွင်ကို စွန့်ခွာကြရကာ ဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင် နေကြရဆဲ ဖြစ်သည်။

၁၉၉၄ ခုနှစ်က အပစ်ရပ်စဲမှု သဘောတူညီခဲ့သော ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ တပ်မတော်တို့အကြား လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်အကြာ ပြန်လည်ဖြစ်ပွားနေသော စစ်ပွဲသည် ၂၀၁၂ - ခုနှ စ် အကူး ၂၀၁၃ ခုတွင် အစိုးရစစ်တပ်ဘက်က ဂျက်တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ် များဖြင့် ပြ င်းပြ င်း ထန်ထန်တိုက်ခိုက်လာခဲ့သည်။

နိုင်ငံရေးပြဿနာကို တဖွဲ့တည်းသီးခြားဆွေးနွေးရန်မဟုတ်၊ UNFC ကိုမဏ္ဍိုင်ထားပြီး စုစည်းနိုင်သမျှအဖွဲ့ အစည်းများနှင့်စုပေါင်း၍ ဆွေးနွေးခြင်းကိုသာ လိုလားလက်ခံသည်ဟု မွန်ပြည်သစ်ပါတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


 burmese.bnionline.net

ဆက်သွားချင်သေးတယ် ဆိုရင်