Pages

Monday, February 4, 2013

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မှော်များ တွင် ဆက်ကြေးငွေ များကောက်ခံ


ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် မိုးညှင်းမြို့နယ်၊ နမ့်မချီ ကျောက်မှော်အတွင်း ရှိ ကျောက်စိမ်းကုမ္ပဏီ၊ ဒီပါ ကုမ္ပဏီ၊ ဆဲဗင်းစတားကုမ္ပဏီ၊ ဒိုင်းပင်ကြီးမှော်နှင့် စကောမှော် အတွင်း ပြောင်းရွှေ့ နေထိုင်လျက်ရှိပြီး ၄င်းနေရာမှ ထုတ်နှုတ်အင်အား ၅ ဦးခန့်ဖြင့်ေ မှာ် သွားရာလမ်းကြောင်း တွင်း ဂိတ်စခန်းများအဖြစ် ထားရှိပြီး မှော် အတွင်းလုပ် ကိုင် သွားလာ သူများအား စစ်ဆေး လျက်ရှိကြောင်းသိရှိရသည်။ ထိုသို့စစ်ဆေးရာတွင် ကချင် လူမျိုးများ အား ကချင် ဘာသာဖြင့် လည်းကောင်း၊ ရှမ်းလူမျိုးများအား ရှမ်းဘာသာဖြင့်လည်းကောင်း စစ်ဆေးချက် ရှိ ပြီး ကေအိုင်အေ လက်အောက်ငယ်သားများက ၄င်းတို့ လိုအပ် သော ရိက္ခာ၊ ဆက်ေ ကြးေ ငွနှင့် ဆေးဝါးများအား မှာယူ လျက် ရှိကြောင်း သိရှိရသည်။
       ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူများသည်တပ်မတော်စစ်ကြောင်း များ နမ့်မချီကျောက် မှော် ဘက်မှ လည်းကောင်း၊ ၀လာဆားကျင်းဘက်မှလည်းကောင်း ဝင်ရောက် လာပါက၄င်း တို့ အားေ တွ့မြင်နိုင်သောကြောင့်ကုမ္ပဏီပိုင် ဘတ်ဖိုးယာဉ်များပေါ်တွင် နေ့/ည ကင်းထုတ်ခြင်း၊ စိုးမိုးကုန်းများတွင် ကင်းရှာများ ထုတ်ထားခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
     
သောင်းကျန်းသူအဖွဲ့ အခြေပြုသည့် နမ့်မချီဒေသသည် ယခင်နှစ်က တပ်ရင်း ၂၆ နယ်မြေအဖြစ် သတ်မှတ်ထားပြီး ဆက်ကြေးငွေအဖြစ် ဘတ်ဖိုးယာဉ်တစ်စီးလျှင် သိန်း ၂၀ ကျပ်၊ မြေသယ်ယာဉ် တစ်စီးလျှင် ၁၀ သိန်းကျပ်၊ ကုမ္ပဏီကြီးတစ်ခုလျှင် သိန်း ၅၀၀ ကျပ်၊ ကုမ္ပဏီလတ်တစ်ခုလျှင် သိန်း ၃၀၀ ကျပ်နှင့် ကုမ္ပဏီသေးတစ်ခု လျှင် သိန်း ၂၀၀ ကျပ်တို့အား အခွန်သတ်မှတ်ပြီး ယာဉ်ယန္တရား အရေအတွက် ကုမ္ပဏီများမှ တပ်ရင်း ၂၆ တွင် ဆက်ကြေးငွေပေးရကြောင်း၊ တပ်ရင်း ၂၆ နှင့် အလှမ်းဝေးသည့် တပ်ရင်း ၅ မှ သောင်းကျန်းသူ အဖွဲ့တို့သည် မကြာခဏ ကျောက်မှော်သို့ ၀င်ရောက်လှုပ်ရှားခဲ့ကြောင်း၊ ယခုအခါ ၄င်း နမ့်မချီဒေသအား ဆက်ကြေးငွေ ကောက်ခံရေးနှင့် ပတ်သက်ပြီး တပ်ရင်း ၂၆ နှင့် တပ်ရင်း ၅ နယ်မြေ  သတ်မှတ်ခြင်း၊ နယ်မြေလုစကားများခြင်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ကုမ္ပဏီလုပ်ကွက်ဧရိယာ များခွဲဝေသတ်မှတ်ခဲ့ကြောင်းတို့ကြောင့် ၄င်းတပ်ရင်း ၂ ရင်းမှ ကုမ္ပဏီ လုပ်ကွက်များ ထားရှိပြီး ကုမ္ပဏီရုံးစောင့် ကိုယ်စားလှယ်များ မတွေ့ရှိသော/ မလာရောက်သော ကုမ္ပဏီနေရာများအား ၁၅ ပေ ပတ်လည်အကွက်များရိုက်ထားကြောင်း၊ သောင်းကျန်းသူအဖွဲ့သည် နယ်မြေသတ်မှတ်ပိုင်းခြားရန် ၂၀၁၃ခုနှစ်တွင် ဆက်ကြေး ငွေကောက်ခံရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

Singapore Feel

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်