Pages

Showing posts with label KNU. Show all posts
Showing posts with label KNU. Show all posts

Friday, March 1, 2013

ခွဲထွက်အဖွဲ့များနှင့် နားလည်မှု ရရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန် KNU ချမှတ်

ခွဲထွက်သွားသည့် ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နားလည်မှုရယူသွားရန် လုပ်ငန်းကော်မတီ တရပ် ဖွဲ့စည်းသွားမည် ဟု ဖားအံခရိုင်၊ လေးဝါးနေရာ၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအ ဝေးတွင် ကရင်အမျိုးသားအစည်းအရုံး-KNU က ချမှတ်ခဲ့သည်။

KNU ၏ ၁၅ ကြိမ်မြောက်ညီလာခံအပြီး ပြုလုပ်သော ၎င်းပထမအကြိမ် ဗဟိုအမြဲတမ်း ကော်မတီအစည်း အဝေး၌ ရှေ့ဆက်လုပ် ဆောင်မည့် လုပ်ငန်းစဉ်များထဲတွင် ကရင်တမျိုးသား လုံးစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေရေးအတွက် ရည်ရွယ်၍ ထိုသို့ ကော်မတီတရပ် ဖွဲ့သွားရန် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းက ကေအိုင်စီသို့ ပြောသည်။
 

Saturday, February 9, 2013

ဆက်ဆံရေးရုံးမြေနေရာ တိုးချဲ့ပေးရန် ဘုရားသုံးဆူမြို့ အခြေစိုက် KNU တောင်းဆို

ကရင်ပြည်နယ်၊ ဘုရားသုံးမြို့အခြေစိုက် ကရင်အမျိုးသား အစည်းအရုံး-KNU ၏ လက်ရှိ ဆက် ဆံရေး ရုံးနေရာကို တစ်ဆထပ်မံ တိုးချဲ့ပေးရန် ကရင်ပြည်နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူး ကြီး အောင်လွင်အား ဖေဖော်ဝါရီလ ၇ ရက်နေ့၌ တောင်းဆိုခဲ့သည်။ အပစ်အခတ်ရပ်စဲထားသော လက်နက် ကိုင်အဖွဲ့များ၊ မြို့နယ်ရှိ အစိုးရဌာနဆိုင် ရာများ၊ လူမှုအဖွဲ့အစည်း အသီးသီးမှ တာဝန် ရှိသူ များနှင့် ဗိုလ်မှူးကြီး အောင်လွင်တို့ ဘုရားသုံးဆူမြို့နယ်ရုံး၌ ယမန်နေ့က တွေ့ဆုံခဲ့ရာ KNU ဆက်ဆံရေး ရုံးတာ ၀န် ခံ စောဆာမူထောက ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Saturday, February 2, 2013

KNU ဖားအံ ခရိုင်မ ၆၄ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ အခန်းအနား အား BGF တက်ရောက်

ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇) ဌာန ချုပ်နယ်မြေ၌ ယနေ့ကျင်းပသည့် ၆၄ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် နယ်ခြားေ စာင့် တပ်-BGF တပ်ဖွဲ့ဝင် ၅၀ ခန့် တက်ရောက်ဆင်နွှဲခဲ့သည်။

Saturday, January 26, 2013

UNFC ၏ကြေငြာချက်များအား KNU သဘောမတူ



UNFC နှစ်ပတ်လည်ညီလာခံတွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်ခဲ့သောကြေငြာချက်အပါအ၀င် UNFC ၏ကြေငြာချက်များအား KNU အဖွဲ့မှ လက်မခံ၊ သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။

၎င်း UNFC ကြေငြာချက်တွင် အခုအချိန်မှစပြီး လာမယ့် အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး ရန်နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိစ္စများအား UNFC တစ်ဖွဲ့ထဲကနေ ဦးဆောင် သွားမည်ဆိုသော အ ချက် ကို သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။ KNU အဖွဲ့မှ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ဆက်လက်လုပ်ဆောင်ရန် တစ်ဖွဲ့ခြင်းအနေဖြင့် အစိုးရ အား ဆက်လက်တွေ့ဆုံရန် သဘောထားရှိပြီး ၎င်းအတိုင်းပင် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း ၎င်းမှ ပြောကြားသွားသည်။

Tuesday, January 22, 2013

သိမ်းထားသည့် BGF လက်နက်များ ပြန်လည် ပေးအပ်ရန် DKBA နှင့် အစိုးရ တွေ့ဆုံ ဆွေးနွေး



ကရင်ပြည်နယ် လှိုင်ဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတလျှောက် လှုပ်ရှားနေသည့် ဒီမိုကရေစီ ကရင် အ ကျိုြး ပု တပ်မတော်-DKBA တပ်ဖွဲ့ဝင်များမှ ယခုလ ၅ရက်နေ့တွင် သိမ်းဆည်းထားသည့် နယ်ခြားစောင့် တပ် ဖွဲ့ -BGF ၏ လက်နက် ၄၀ ကျော်ကို ပြန်လည်ပေး အပ်ရန် မြန်မာအစိုးရနှင့် DKBA တို့ ယနေ့ တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။

Saturday, January 19, 2013

KNU ခေါင်းဆောင် အပြောင်းအလဲကြောင့် မြေမြုပ်မိုင်း ရှင်းလင်းရေး နှောင့်နှေး

 
ကေအဲန်ယူ ခေါင်းဆောင် အပြောင်းအလဲများကြောင့် ပဲခူးတိုင်းအတွင်း မြေမြှုပ် မိုင်းများ ပြန်လည် တူးဖော် ရှင်းလင်းေ ရးအတွက် နှောင့်နှေး ခဲ့ရကြောင်း NPA မိုင်း ရှင်းလင်းရေး လုပ်ငန်းများ တာဝန်ခံ မန်နေဂျာ မစ္စတာ Aksel Steen-Nilsen မှ ပြောသည်။
 

ဆက်သွားချင်သေးတယ် ဆိုရင်