Pages

Saturday, January 26, 2013

ညီနေမင်းအကြောင်း + အသံဖိုင် + ငွေလွဲစာ + ခြိမ်းခြောက်စာ


မသိတာတွေကိုမတင်ဘူး သိတာကိုပဲတင်တယ်။ မတိကျရင်မတင်ဘူး တိကျမှ အထောက်အထား အချက်အလက် ပြည့်စုံမှ တင်တယ်။ သက်သေတွေ မရှိရင်မတင်ဘူး သက်သေအနေနဲ့ blogger ၄ယောက် ရှိတယ်။အသံဖိုင်ရှိတယ်.. ခြိမ်းခြောက်စာ ရှိတယ်. ငွေလွှဲထားတဲ့ စာတွေ ရှိတယ် နောက် chat list တွေရှိတယ်..

အမေရိကန် သံရုံး၏ သတင်း ထုတ်ပြန်ချက် အပေါ် နိုင်ငံခြားရေး ၀န်ကြီးဌာန ၏ သဘောထား ထုတ်ပြန်ချက်



ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့၏ နောက်ဆုံး ခံတပ်ဟု ပြော၍ ရသော ခါယာဘွမ် တောင်ကုန်း ကျပြီ



ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့၏ နောက်ဆုံး ခံတပ်ဟု ပြော၍ ရသော ခါယာဘွမ် တောင်ကုန်းကို တပ်မတော်က ယနေ့ နံနက်၁၁နာရီ တွင်သိမ်းယူလိုက်ပြီ ဖြစ်ကြောင်း ကနဦး သတင်းရရှိပါတယ်။ ဇန်နဝါရီ လ ၂၃ ရက်နေ့ကတည်းက တပ်မတော်က ၈၁ မမ ၊ ၁၀၅ မမ၊ ၁၂၀မမ များ နှင့် အဆက်မပြတ် ပစ်ခတ် ခဲ့ပြီး တိုက်ပွဲများ ပြင်ထန်းခဲ့တယ်လို့လည်း သိရပါတယ်။ တပ်မတော်က တစ်နာရီအတွင်းမှာ လက်နက်ကြီး ကျည်း ၁၂၈၀ ပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အေဘက်က ပြောဆိုပါတယ်။

လဂျားယန် တပ်စခန်းအား ကယ်တင်ခြင်း



မြို့တော် မြစ်ကြီးနားနှင့် တောင်ဘက်ရှိ ဗန်းမော်မြို့ကိုဆက်သွယ် ထားသော အရှည် ၁၁၄ မိုင် ရှိ ပြည်ထောင် စု လမ်းမကြီးသည် ကချင်ပြည်နယ်၏ အသက်သွေးကြော သဖွယ် အရေးပါ လှပါ သည်။ ဒေသနေ ပြည်သူ အများစုမှာ ဤလမ်းမကြီးကို အမှီသဟဲပြု နေ့ညဖြတ်သန်း သွားလာနိုင် ပြီး မြစ်ကြီးနားမှ ဗန်းမော်မြို့ထိခရီးသည် ၆ နာရီ ခရီးသာ ကွာဝေးပါသည်။ ယင်းခရီး တစ်ဝက်ခန့်တွင် လဂျားယန်ရွာရှိပြီး လဂျားယန်သည် လိုင်ဇာမြို့၏ ဝင်ထွက် ပေါက်လည်း ဖြစ်ပါသည်။

ကျွန်မနှင့် ဒီမိုကရေစီ ဖြစ်စဉ်များ



ကျွန်မ ငါးနှစ်သမီး အရွယ်မှာ ၈၈ လူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီကတည်းက ဒီမိုကရေစီနှင့် ဒို့အရေး ဆိုတာတွေက မကြားချင်အဆုံး ကြားနေရတာတွေပါ။ ဒါပေမဲ့လည်း ဘာမှ မသိ နားမလည်ခဲ့ပါဘူး။ အဲဒီကတည်းက ကြားလိုက်ရတဲ့ ဒီမိုကရေစီဟာ တက္ကသိုလ်ကျောင်းသူ ဘဝမှာ ကျွက်ကျွက်ညံလာပါတယ်။ ဒီမိုကရေစီအတွက် လမ်းမပေါ်ထွက်ပြီး ဆန္ဒပြစေချင်ကြတယ်။ ၈၈ လို လူထုအုံကြွမှုကြီး ပြန်ဆင်နွှဲ လိုကြ တယ်။ ဒီလို သိမ်းသွင်းသူတွေရဲ့ အာဘော်မမိအောင် ကျွန်မ သူငယ်ချင်းတွေကို တားဆီးပေးနိုင်ခဲ့ပါတယ်။ ဘာဖြစ်လို့ လူအများ ယုံကြည်သလို ဒီမိုကရေစီသမားတွေရဲ့ အာဘော်ကို မယုံကြည် နိုင်ရတာလဲ ... ဆိုရင် အဖြေက သုံးချက်လောက် ရှိပါတယ်။
 

အမေရိကန် သံရုံး၏ သတင်း ထုတ်ပြန်ချက် အား နိုင်ငံတော် အစိုးရမှ ပြင်းထန်စွာ ကန့်ကွက် ပယ်ချပြီး အသုံး အနှုံးများ အတွက် သတိပေး


အမေရိကန် သံရုံးမှ ကေအိုင်အေ၏ အကြမ်းဖက် လုပ်ရပ်များကို ဖော်ပြခြင်း မရှိသည့် သတင်းဖော်ပြချက် များ အတွက် နိုင်ငံတကာမှ အထင်အမြင်လွဲမှားမှုများ ဖြစ်စေနိုင်သဖြင့် ထိုရေးသားဖော်ပြမှုများကို ပြင်း ထန် စွာ ကန့်ကွက် ပယ်ချလိုက်သည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

UNFC ၏ကြေငြာချက်များအား KNU သဘောမတူ



UNFC နှစ်ပတ်လည်ညီလာခံတွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်ခဲ့သောကြေငြာချက်အပါအ၀င် UNFC ၏ကြေငြာချက်များအား KNU အဖွဲ့မှ လက်မခံ၊ သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။

၎င်း UNFC ကြေငြာချက်တွင် အခုအချိန်မှစပြီး လာမယ့် အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး ရန်နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိစ္စများအား UNFC တစ်ဖွဲ့ထဲကနေ ဦးဆောင် သွားမည်ဆိုသော အ ချက် ကို သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။ KNU အဖွဲ့မှ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ဆက်လက်လုပ်ဆောင်ရန် တစ်ဖွဲ့ခြင်းအနေဖြင့် အစိုးရ အား ဆက်လက်တွေ့ဆုံရန် သဘောထားရှိပြီး ၎င်းအတိုင်းပင် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း ၎င်းမှ ပြောကြားသွားသည်။

မြစ်ကြီးနား- ဗန်းမော် လမ်းကြောင်း ပေါ်ရှိ တပ်စခန်း တစ်ခုအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ၀င်ရောက် တိုက်ခိုက်


 
နေပြည်တော်  ဇန်န၀ါရီ  ၂၅
 
          ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် ကချင် ပြည်နယ် အတွင်း လမ်းပန်း ဆက်သွယ်မှု ခက်ခဲ၍ တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် အတွက် အရှိန်ဖြင့် အကြမ်းဖက် တိုက်ခိုက်လျက် ရှိရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက် ၁၃၁၅ နာရီခန့်က မြစ်ကြီးနား- ဗန်းမော် ကားလမ်းပေါ်ရှိ ကန်တော်ယန် ကျေးရွာ အနီးတွင် လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသည့် တပ်မတော် စစ်ကြောင်း တစ်ခုအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅၀ ဦး ခန့်က လက်နက်ကြီး၊လက်နက်ငယ် များဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ တပ်မတော် စစ်ကြောင်းမှ ပြန်လည် ပစ်ခတ် ခဲ့ရာ ၁၃၄၅ နာရီတွင် အရှေ့ဘက်သို့ ဆုတ်ခွာ ထွက်ပြေး ခဲ့ပါသည်။
 

ဆက်သွားချင်သေးတယ် ဆိုရင်