Pages
Monday, January 28, 2013
တရုတ် - အမေရိကန် နိုင်ငံခြားရေး ပေါ်လစီ ကစားပွဲ ကြားက မြန်မာ နိုင်ငံသစ်
ပြီးခဲ့တဲ့ ၂၀၁၁ မှာ အာဏာရရှိလာပြီးကတည်းက သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာအစိုးရဟာ ၎င်းရဲ့စွမ်းအား တွေကို ပြည်တွင်းရေး ကိစ္စတွေအပေါ်ကို အထူးအာရုံစိုက် လာခဲ့တာ   တွေ့ နေရ ပါ တယ်။ မြန်မာ အစိုးရဟာ စီးပွားရေးကို ပြန်လည်အသက်ဝင်အောင်လုပ်ဆောင်တာ ၊ နိုင်ငံရေး ကိုဖြေ   လျှော့ပေး တာ၊ တိုင်းပြည်ရဲ့ အစွန်အဖျားမှာ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ ဆယ်စုနှစ်များစွာ တည်ရှိ လာတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ပဋိပက္ခကို အဆုံးသတ်သွား ဖို့ ကြိုးစားလာ တာ တွေ ကို တွေ့  ရပါ တယ်။ ဒါက အစိုးရသစ်ရဲ့ လုပ်ဆောင်မှုစာရင်း အာဂျင်ဒါ agen da ပါ။ ဒါပေမယ့် ဒီလိုမျိုး ပြုပြင်ပြောင်း လဲ မှု တွေကို စီတန်းလုပ်ဆောင်ခဲ့ပေမယ့် နေပြည်တော်အစိုးရဟာ ၎င်းရဲ့နိုင်ငံခြား ဆက်ဆံရေးတွေ ကို လည်း ပြန်လည်ချိန်ညှိဖို့ နည်းလမ်းသစ်တွေ ရှာဖွေလာခဲ့တာလည်းတွေ့ ရပါတယ်။
မြန်မာဟာ အထူးသဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂတို့နဲ့ ဆက်ဆံရေးတွေ တိုးတက်ဖို့ ကြိုးစားလာခဲ့သလို၊ အရေးပါတဲ့ အာရှအိမ်နီးချင်းတွေဖြစ်တဲ့ ဂျပန်၊ အိန္ဒိယတို့ လို နိုင်ငံတွေနဲ့ လည်း ဆက်ဆံရေး တွေ ပိုကောင်းမွန်ဖို့ ကြိုးစားလာခဲ့တာ တွေ့ ရပါတယ်။ ဒီအတွင်း ၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်များအတွင်း စစ်အစိုးရရဲ့ အတိုက်အခံတွေပေါ် ဖိနှိပ်မှု ကြောင့် အနောက် နိုင်ငံတွေက ပိတ်ဆို့မှုတွေလုပ်ထားချိန်မှာ မြန်မာအတွက် အဓိကမဟာမိတ်ဖြစ်ခဲ့တဲ့ တရုတ်ပြည်ကတော့ အစိုးရသစ် လက်ထက် အမေရိကန်-မြန်မာ ဆက်ဆံရေး သစ် နီးကပ်စွာ ဖြစ်ထွန်းလာနေတာကို တရုတ်ဘက်က တုန်လှုပ်မှုတချို့နဲ့ စောင့်ကြည့်နေ မယ်ဆို တာ သံသယဖြစ်စရာ မလိုပါဘူး။
 ဒါပေမဲ့ တရုတ်ရဲ့  အခြေအနေက မြန်မာ့နိုင်ငံခြားဆက်ဆံ ရေးမှာ ကြီးစဉ်ငယ်လိုက် အရေးပေးမှုပုံစံ ရှိနေတယ် ဆိုရင် တောင်မှ သူ့ရဲ့အနေ အထားကို အဓိကအချက်ကြီး သုံးချက် ကြောင့် ပူပန်စရာ မရှိဘူးလို့ ပြောနိုင်ပါတယ်။ အဲဒီသုံးချက် ကတော့ ပထမ-တရုတ်ဟာ မြန်မာမှာ စီးပွားရေးအရ ယခင် ကတည်းက ဝင်လုပ်နေခဲ့တာမို့ ဆယ်စုနှစ်နှစ်ခုစာ အသာစီးရမှု ရှိနေတာ ဖြစ်ပါတယ် ။
ဒုတိယ- အချက်ကတော့ နေပြည်တော် အစိုးရဟာ နှစ်နိုင်ငံပထ၀ီရေးအရ ဆက်စပ်နေမှုကြောင့် တရုတ် နဲ့ ဆက်ဆံရေးမှာ ပေကျင်းကို အမြဲတမ်းဦးစားပေးအဖြစ် ထား ရှိထားတာပဲ ဖြစ်ပါတယ်။ တတိယ-အချက် ကတော့ အမေရိကန်နဲ့ မြန်မာကြား နီးကပ်တဲ့ ဆက်ဆံရေးအတွက် အဓိကအတားအဆီး တွေဟာ အခုချိန် ထိ အများကြီးမဟုတ်တောင်မှ ထင်ထင်ရှားရှား ရှိနေဆဲ ဖြစ်နေလို့ပါပဲ။ မြန်မာရဲ့ ပွင့်လင်းလာမှုဟာ အိုဘားမားအစိုးရရဲ့ အရှေ့တောင် အာရှနဲ့ ပြန်လည်ထိတွေ့ ရေးပေါ်လစီနဲ့ တိုက်ဆိုင်ခဲ့သလို တစ်စိတ် တစ်ပိုင်း အားဖြင့်လည်း ဒီပေါ်လစီကြောင့် ပြောင်းလဲလာခဲ့တာ သံသယရှိစရာ မလိုပါဘူး။
အမေရိကန်ရဲ့ ဒီပေါ်လစီကလည်း အာရှကိုဦးတည်ပြီး မဟာ ဗျူဟာရေးအရ ချိန်ညှိလာမှုရဲ့ တစ်စိတ် တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရလာဒ်အနေနဲ့ကြည့်ရင် အမေရိကန်-မြန်မာဆက်ဆံရေးဟာ ပိုကောင်းတဲ့ဘက် ကို ရွေ့လျား လာခဲ့တာ တွေ့ နိုင်ပါလိမ့်မယ်။ သမ္မတဦးသိန်းစိန် ရဲ့ ပြုပြင် ပြောင်း လဲမှုတွေကို တုံ့ပြန်တဲ့အနေနဲ့  ဝါရှင်တန်ဟာ စီးပွားရေး ပိတ်ဆို့မှု တချို့လျှော့ချပေးတာ၊ သံအမတ်ကြီးအ ဆင့် ဆက်ဆံရေးပြန်ထားရှိပြီး သံအမတ်သစ်တစ်ဦး ပြန်ခန့်ခဲ့တာ၊ လူသားချင်း စာနာထောက် ထားမှုဆိုင် ရာ ပူးပေါင်းဆောင်ရွက် မှုတွေ ပြန်လုပ်လာတာ ၊ နိုဝင်ဘာမှာ အိုဘားမားကိုယ်တိုင် အလည်အပတ် လာရောက်ခဲ့ သလို နှစ်နိုင်ငံကြား အဆင့်မြင့် အရာရှိတွေ အပြန်အလှန် သွားရောက်လည်ပတ် တာ မျိုးတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။
 အိုဘားမားအစိုးရကတော့ ၎င်းရဲ့ အထွေထွေအာရှပေါ်လစီ အရ မြန်မာနဲ့ ပြန်လည်ထိတွေ့ ခြင်းဟာ တစ်စိတ်တစ်ပိုင်း အားဖြင့် တရုတ်ကို တန် ပြန်ထိန်းညှိဖို့ မဟုတ်ဘူးလို့ ပြော ထားပါတယ်။ အဲဒီ့အစား အမေရိ ကန်ဟာ မြန်မာမှာ ဒီမိုကရေစီ အမြစ်တွယ်လာတာကို မြင်လိုလှပြီး၊ အရေး ပါတဲ့ အရှေ့ တောင် အာရှရဲ့ မိတ်ဖက်တစ်ဦးအဖြစ် မြင်လိုကြောင်း ဆိုထားပါတယ်။ ဒါ့အပြင် အမေရိကန်က မြန်မာ-တရုတ်ဆက် ဆံရေးဟာ အရေး ပါတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ၊ နေပြည်တော်နဲ့ ဝါရှင်တန်တို့ရဲ့ အကျိုး စီးပွားတွေ ကလည်း မြန်မာကို တရုတ်-အမေရိကန်ဆက်ဆံရေးမှာ ပြိုင်စရာအချက် တစ်ခုအဖြစ် မြင်မထား ပါဘူး လို့ ပြော ထားပါသေး တယ်။ တရုတ်ဟာလည်း ဒီလို အာမခံမှုတွေကို အပေါ်ယံသဘော အဖြစ်တော့ စဉ်းစား မှာ မဟုတ်ပါဘူး။
အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက် လို့ တရုတ်အစိုးရကိုယ်တိုင်က တိတ်ဆိတ်နေပေမယ့်၊ တရုတ်နိုင်ငံပိုင်မီဒီယာတွေမှာတော့ ဒါဟာ အာရှကို ဦးတည်လာတဲ့ အမေရိကန်ရဲ့ တရုတ်ပြည် ဝိုင်း ပတ်ရေး မဟာဗျူဟာအဖြစ်သာ သတ်မှတ်နေကြပါတယ်။ ဒါပေမယ့် တရုတ်ပညာရှင်ဆန်းစစ် သူတစ် ဦး ကတော့ ဒီအချက်ကို တွက်ချက်ရာမှာ တရုတ်-မြန်မာဆက်ဆံရေးရဲ့ အားကောင်း မှုတွေကို   လျှော့ ချ မတွက် သင့်ဘူးလို့ ထောက်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ မှာ မြစ်ဆုံဆည်ကို ရပ်ဆိုင်းဖို့  မြန်မာ သမ္မတရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပေမယ့် မြန်မာမှာ တရုတ်ရဲ့ စီးပွားရေး အကျိုးစီး ပွား တွေဟာ ကြီးမားစွာ ရှိနေဆဲ ဖြစ်ပါတယ်။
 ဒါတွေဟာ ဆက်လက်ပြီးလည်း ကြီးထွားနေဦးမှာပါပဲ ။တရုတ်ဟာ မြန်မာရဲ့ အကြီးဆုံး ကုန်သွယ် ဖက်နဲ့ ရင်းနှီးမြုပ်နှံသူအဖြစ် ကြွင်းကျန်ရစ် နေဆဲ ဖြစ်ပါတယ်။ ၂၀၁၂ အတွင်း အပြန်အလှန်ကုန်သွယ်မှုဟာ ၂၀၁၁ ထက် ၄၆ ရာခိုင်နှုန်း တိုး တက်ခဲ့ကာ ဒေါ်လာ ၆ ဒဿမ ၅ ဘီလီယံ ရှိခဲ့တယ်။ မြန်မာမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုကလည်း ဒေါ်လာ၁၄ ဘီလီယံအထိရောက်ခဲ့တယ်။ မြန်မာအစိုးရရဲ့ အဆို အရတော့ ၎င်းတို့ဟာ ဒီနှစ်အတွင်း တရုတ်မှ ဒေါ်လာသန်း ၉၀၀ ချေးယူဖို့ စီစဉ်ထားပြီး တရုတ်က ဒေါ်လာ ၅၂၇ သန်း ပေးသွားမယ် လို့ သိရပါတယ်။ တရုတ်ရဲ့ နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုကို အတိတ်တုန်းက ချဲ့ကားပြောကောင်းပြောပေမယ့်၊ လက်ရှိမှာလည်း ထူးထူးခြား ခြားရှိနေ ဆဲ ဖြစ် နေတာ ကို   တွေ့ နေရ ပါသေး တယ်။ ဒါကို မကြာမီက ကေအိုင်အိုနဲ့ မြန်မာစစ်တပ်တို့ကြားက ပဋိပက္ခ မှာ တွေ့နိုင်ပါတယ်။   ကေအိုင်အိုဟာ တရုတ်ပြည် ယူနန်နယ်နဲ့  ကပ်လျက် ကချင်ပြည်နယ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး ဒီနှစ်ဘက်ကြား တိုက် ခိုက်မှုတွေကြောင့် ဒီဇင်ဘာ ၃၀ နဲ့  ဇန်န၀ါရီ ၁၇ ရက်တွေတုန်းက ယူနန်ဘက်တရုတ် နယ်စပ်ကို မြန်မာစစ်တပ်ရဲ့ အမြောက်ဆံတွေ ကျခဲ့ပါတယ်။
တရုတ်ဟာ မြန်မာမှာ ၎င်းရဲ့ အကျိုးစီးပွားတွေ လုံခြုံစိတ်ချရေး အတွက်သာမက ယူနန်နယ်ထဲ   မြန်မာဒုက္ခသည်တွေ ထောင် ချီဝင်ရောက်လာ မှာကိုလည်း စိုးရိမ်နေခဲ့တာပါ။ (ပြီးခဲ့တဲ့ ၂၀၀၈ တုန်းက လည်း စစ်တပ်က အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ခုဖြစ်တဲ့ ကိုးကန့်အဖွဲ့ကို တိုက်ခိုက်ခဲ့ ရာမှာ ယူနန်နယ်ထဲကို လူပေါင်း သုံးသောင်းလောက် ဒုက္ခသည် အဖြစ် ဝင်ရောက် လာခဲ့ ပါသေးတယ်။) တရုတ်ရဲ့ စိုးရိမ်မှုက ဖြစ်သင့်တာမှန်ပါတယ်။ ယင်းပဋိပက္ခဖြစ် ပွားရာ ကချင်ဒေသ ဟာ မြန်မာ့ကမ်းခြေ ကနေ ယူနန်နယ်ကိုရေနံနဲ့  ဓါတ်ငွေ့ ပို့ မယ့် ပိုက်လိုင်းတွေ   ဖြတ်သန်း သွားရာဖြစ်နေပါတယ်။ ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံတန်ကြေးရှိတဲ့ တရုတ်ရဲ့ ယင်း ပရောဂျက်ဟာ လာမယ့်ဇွန်မှာ စတင်ဖို့ ရှိနေပြီး၊ မာလက္ကာ ရေလက်ကြားကို ဖြတ်ကာ ရေနံတင်ပို့နေရတဲ့ တရုတ်ရဲ့ စွမ်း အင်ရေးရာ လုံခြုံစိတ်ချရမှု မရှိခြင်းကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
 အမေရိကန်-မြန်မာဆက်ဆံရေး နောက်ထပ်အဆင့်မြင့်တက်ဖို့  အတွက်ကလည်း အချိန်တွေ ထပ်ယူရမှာ ရှိနေတာမို့ ဒီအချက် ကလည်း တရုတ်ကို စိတ်သက်သာရာရစေဦးမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့   မြန်မာအပေါ် ပိတ်ဆို့ထားမှုတွေဟာ များပြား ရှုတ်ထွေးပြီး ဒီပိတ်ဆို့တွေကို ပယ်ဖျက်ရေးဟာလည်း ပြည် တွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားတို့နဲ့ ပဋိပက္ခပြေလည်ရေး၊ ဒီမို ကရေစီ   ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နိုင်မှုအပေါ် မူတည်ပြီး ရှိနေတာပါ။ ဒီကိစ္စရပ်တွေ အားလုံးကလည်း ကာလရှည် ဖြစ်စဉ်တစ်ရပ် ဖြစ်နေတာပါ။ ဒီတော့ ပေကျင်းဟာ ဒီကာလအတွင်း သူ့ရဲ့အမျိုးသား အကျိုး စီးပွားတွေကို ဆက်လက်ကာကွယ်မြှင့်တင်နိုင်ခြေရှိနေပါတယ်။ ဒါပေ မယ့် ယခုအထိတော့ တရုတ်ဟာ   မြန်မာမှာ စိတ်သက်သာရာ မရနိုင်သေးပါဘူး။ နိုင်ငံတွင်းမှာ တရုတ် ဆန့် ကျင်ရေးစိတ်ဓါတ် ပြန့်နေသလို မီဒီယာကို ဖြေလျှော့ပေးထားမှုကြောင့်လည်း ရင်ဖွင့် သံတွေ ပေါ် လာနေပါတယ်။
ဒါ့ကြောင့် မြန်မာပြည်သစ်မှာ တရုတ်ကုမ္ပဏီတွေဟာ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ကိစ္စတွေ မှာ သေချာဂရုတစိုက်နဲ့ ပူးပေါင်းတာဝန်ယူမှုတွေ ပြုလုပ်သွားရပါတော့မယ်။ တရုတ်ဟာ    မြန်မာ နဲ့ ပွဲမှာ သူ့ကတ် တွေကို ဘယ်လိုပဲ ကျွမ်းကျင်စွာ ကစားသည်ဖြစ်စေ၊ သူ့ရဲ့ အနေ အထားဟာ မြန်မာက သူ့ရဲ့နိုင်ငြံ ခားးေ ရးပေါ် လစီကို ပြန်လည် ချိန်ညှိလာချိန်မှာ တခြားသော အဓိကအင် အားကြီးနိုင်ငံတွေ နဲ့ ပြောင်းလဲဆက်နွယ်ပြီး ချိတ်ဆက်လာနေပါတယ်။ ဒါပေမယ့် တရုတ်-မြန်မာ ဆက်ဆံရေး မှာ ပြဇာတ် ဆန်တဲ့ အသွင်ပြောင်းလဲ မှုတွေကတော့ အချိန်တိုအတွင်း ဖြစ်ပေါ်လာမယ့်ပုံတော့ မရှိသေးဘူး လို့ မြင်ရ ပါတယ် ။
KDN
No comments:
Post a Comment
Note: Only a member of this blog may post a comment.
ဆက်သွားချင်သေးတယ် ဆိုရင်