Pages

Sunday, February 17, 2013

တောင်အာရှ ဒေသတွင် စစ်ရေး တည်ဆောက် လာသည့် ဘင်္ဂလားဒေ့ရှ်

တောင်အာရှ နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်းတို့၏ ကာကွယ်ရေး စွမ်းရည်ကို တိုးမြှင့် ရေးနှင့် စစ်တပ် ခေတ်မီစေရေး အစီအစဉ် များကို အဓိက ဦးစားပေး အဖြစ် အကောင် အထည်ေ ဖာ် လျက် ရှိသည် ကို တွေ့ရသည်။
 
စစ်လက်နက် ပစ္စည်း အသစ်များ တပ်ဆင်ရေး၏ တစ်စိတ် တစ်ဒေသ အဖြစ် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာ ဆီနာသည် ယခု သီတင်းတစ်ပတ် အတွင်း ရုရှား နိုင်ငံသို့ သွားရောက်၍ ဒေါ်လာ တစ်ဘီလီယံ တန်ဖိုး ရှိ လက်နက် ဝယ်ယူရေး စာချုပ် တစ်ရပ်ကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် လက်မှတ် ရေးထိုး ခဲ့သ ည်။
 
အဆိုပါ သဘောတူ စာချုပ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပါကစ္စတန် နိုင်ငံမှ ၁၉၇၁ ခုနှစ်တွင် လွတ်လပ်ေ ရး ရပြီး ချိန်မှစ၍ ချုပ်ဆို ခဲ့သမျှ လက်နက် ရောင်းဝယ်ရေး စာချုပ်များ အနက် တန်ဖိုး အကြီးမားဆုံး ဖြစ် သည်။  ဘင်္ဂလားဒေ့ရှ် အစိုးရသည် ဖရီးဂိတ်စ် စစ်သင်္ဘောသစ် များကို ရေတပ်တွင် တိုးချဲ့ အသုံးပြုခြင်း၊ အိမ်နီး ချင်း နိုင်ငံ တစ်နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ အနီးရှိ ၎င်းတို့၏ ပိုင်နက် အတွင်း၌ လေတပ် အခြေစိုက် စခန်း သစ် တစ်ခု တည်ဆောက်ခြင်း အပါအဝင် စစ်အင်အားကို မကြာမီ ကပင် တိုးချဲ့ တည်ဆောက် လျက် ရှိသည်။
ဘင်္ဂလားဒေ့ရှ်နှင့် ရုရှား နှစ်နိုင်ငံ အစိုးရ များသည် စစ်ရေးနှင့် နည်းပညာ ဆိုင်ရာ ကဏ္ဍများတွင် ဆက် လက် ပူးပေါင်း လုပ်ဆောင်ရန် ရည်ရွယ် ထားသည်ဟု အဆိုပါ လက်မှတ် ရေးထိုးပွဲ အခမ်း အနားတွင် သမ္မတ ပူတင်က ဝန်ကြီးချုပ် ဟာဆီနာကို ပြောကြား ခဲ့သည်ဟု သတင်းဌာန များက ဖော်ပြ ထားသည်။
လက်နက် ပစ္စည်း ဝယ်ယူရေး သဘော တူညီချက် အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် သံချပ်ကာ ကား များ၊ ခြေလျင်တပ်သုံး လက်နက် ပစ္စည်းများ၊ လေကြောင်း ကာကွယ်ရေး စနစ်များ အပါအဝင် Mi-17 သယ် ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် များကို ဝယ်ယူ သွားမည်ဟု ရုရှား နိုင်ငံပိုင် လက်နက် ကုမ္ပဏီနှင့် နီးစပ်သူ တစ်ဦးက ပြောကြား ထားသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ် အစိုးရသည် အစောပိုင်း ကလည်း တရုတ် နိုင်ငံမှ တင့်ကားများကို ဝယ်ယူခဲ့ပြီး ရုရှား နိုင်ငံမှ စတုတ္ထ မျိုးဆက် တိုက်လေယာဉ် ဖြစ်သည့် MIG-29 လေယာဉ် များကို ဝယ်ယူရန် စီစဉ် ခဲ့သော်လည်း ဈေးနှုန်းမြင့် မား လွန်းသောကြောင့် လက်လျှော့ ခဲ့ရသည်ကို တွေ့ရသည်။
အလားတူပင် ရုရှား နိုင်ငံ၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်း၌ နိုင်ငံ၏ ပထမ ဆုံးသော နျူက လီး ယားဓာတ်အားပေး စက်ရုံ တစ်ရုံ တည်ဆောက်ရေး အတွက် နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား သဘော တူ လက်မှတ် ရေး ထိုး နိုင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် နိုင်ငံအတွင်း ကမ်းလွန် သဘာဝ ဓာတ်ငွေ့သိုက် များကို မကြာမီက ရှာဖွေ တွေ့ရှိခဲ့ပြီး ချိန်မှစ၍ ၎င်းတို့၏ ကာကွယ်ရေး စွမ်းရည် တိုးချဲ့ရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရသည်။ တစ်ချိန်တည်း မှာပင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင် များသည် အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေး တိုးတက် ခိုင်မြဲစေရန် ကြိုးပမ်းလျက် ရှိပြီး အမေရိကန် အစိုးရ၏ EDA အစီအစဉ် အရ အမေရိ ကန် ပြည်ထောင်စုမှ ပိုလျှံနေသည့် စစ်လက်နက် ပစ္စည်းများကို မဟာမိတ် နိုင်ငံ များသို့ ဈေးနှုန်း ချိုသာစွာ ဖြင့် ရောင်းချမည့် စီမံကိန်းတွင် ပါဝင် နိုင်ရန် မျှော်မှန်းလျက် ရှိသည်ဟု သုံးသပ် ရပါသည်။ 
 
မြ၀တီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်