Pages

Sunday, March 17, 2013

ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်လူမှု အဖွဲ့အစည်းများ ရန်ကုန်မြို့၌ တွေ့ဆုံ၊ ရိုဟင်ဂျာသည် တိုင်းရင်းသား မဟုတ်သည်မှာ သမိုင်းအထောက်အထား ခိုင်လုံစွာရှိဟု ဒေါက်တာအေးချမ်း ပြောကြား

 
 
ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမော က္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ် ကိုယ် စားပြု ရခိုင်လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ MICT Park (လှိုင် တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်။ အဆို ပါ တွေ့ဆုံဆွေးနွေးပွဲတွင် သမိုင်းပါမော က္ခ ဒေါက် တာအေးချမ်းက ရခိုင်သမိုင်းကြောင်းများ၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိ သည် တို့ နှင့် စပ်လျဉ်းသော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။ ရိုဟင်ဂျာလူမျိုးဆိုသည်မှာ သမိုင်းတွင် မရှိကြောင်း၊ သမိုင်းဆရာဆိုသည်မှာ မျိုးချစ်စိတ်အစွဲဖြင့် မှတ်ယူ ၍ မရသလို မဟုတ်တာကို လည်း ပြောလို့မ ရကြောင်း၊အထောက်အထားမရှိဘဲ မည်သည့်အရာကိုမှ ပြောလို့ မရကြောင်း၊ ယခုသမိုင်းများ ကို ရေး သည့်အခါတွင် မျိုးချစ်စိတ်ကို ဖယ်ထားကာ အမှန်တရားကို တင်ပြနိုင်ရန် ကြိုးစားပါကြောင်း၊ လူမျိုးဖက်ကို လိုက်ပြီး ပြောခြင်းကို ဘယ်တော့မှ မလုပ်ကြောင်း စသည်ဖြင့်ဒေါက်တာအေးချမ်းက ပြောသည်။


ဒေါက်တာအေးချမ်းက "ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအတိုင်း ကျွန်တော်အမြဲကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လူ့အခွင့်အရေးကို မလေးစားတဲ့သူ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို မလေးစားတဲ့ စကားလည်း တစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော့်မှာ အထောက်အထား ခိုင်လုံစွာ ရှိပါတယ်" ဟု ပြောသည်။

ပုပ်ရဟန်းမင်းကြီး အသစ် အာဏာရှင် အားပေးခဲ့ဟု အပြစ်တင်ခံရ

 
 
ကမ္ဘာတဝန်း က ကက်သလစ် ဘာသာဝင် ပေါင်း သန်း ၁၂၀၀ ကို ဦးဆောင်ဖို့ ရွေးချယ် လိုက်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို သူရဲ့ မူရင်းနိုင်ငံ အာဂျင်တီးနား မှာ စစ်အာဏာရှင် အုပ်စိုးနေတဲ့ ကာလ အတွင်း က လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကို ကိုယ်တိုင် တွေ့ နေရဲ့သားနဲ့ မျက်ကွယ်ပြု ပြီး ဝေဘန်သမှု မပြု၊ ဟန့်တားတာတွေ မလုပ်ပဲ နှုတ်ဆိတ် နေခဲ့တယ် ဆိုတဲ့ စွပ်စွဲ မှုတွေ ထွက်ပေါ် နေပါတယ်။ အာဂျင်တီးနားမှာ ၁၉၇၆ ကနေ ၁၉၈၃ အထိ စစ်အာဏာရှင် စနစ်နဲ့ ကြုံခဲ့ ရပါတယ်။

အခု ပုပ်ရဟန်းမင်း က ၁၉၇၆ မှာ ပြည်နယ် တခုအတွင်း က ကက်သလစ် ဘုန်းတော်ကြီး တွေ ထဲမှာ အကြီးအကဲ ဖြစ်နေတုန်း စစ်အာဏာပိုင်တွေ က သူ့ လက်အောက် က ဘုန်းတော်ကြီး ၂ ပါး ကို ပြန်ပေးဆွဲသွား သလို ဖမ်းဆီး ထိန်းသိမ်း တာ ကို ကြုံခဲ့ ရပါတယ်။ အဲဒီ ဘုန်းတော်ကြီး ၂ ပါး လူဆင်းရဲ အလွှာတွေ နေတဲ့ ရပ်ကွက်တွေ အတွင်း ဆောင်ရွက်မှု တွေ ကို အကြောင်းပြပြီး စစ်တပ်က ဖမ်းဆီးတာ လို့လည်း သိရပါတယ်။
 

နိင်ငံကူးလက်မှတ် လျှောက်ထားရာ တွင် ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက် မလိုတော့

မူးယစ်ဆေး လုပ်သည် တရားခံများ ကို ဖမ်းသည့် ရဲတပ်ဖွဲ့ဝင် ( ၉ ) ဦးကို KIA မှ ဖမ်းဆီးသွား

 
မူးယစ်ဆေးဝါးတရာခံများကို လိုက်လံဖမ်းဆီးသောမိုးညှင်းမှ ရဲတပ်ဖွဲ့ဝင်များ ကို KIAမှ အင်းအားသုံး ပြီး မတ်လ ၁၂ရက်နေ့ ညနေ၄နာရီတွင် နမ့်မချီမှော် အနီးတွင် ပြန်ပေးဆွဲခဲ့ကြောင်းသိရှိရပါသည်။
မိုးညှင်းမြို့ ရဲစခန်းမှရဲ(၇)ဦးနှင့် မော်ဟန်ရွာရဲကင်းမှ ရဲ(၂)ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင် (၉)ဦးပါဝင်သည့် အဖွဲ့ဟာ မတ်လ၁၂ရက်နေ့က မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတဲ့တရားခံတွေကို ဖမ်းဆီးဖို့ နမ့်မချီမှော်ကို သွားရောက် ခဲ့ ပြီး အပြန်တွင် တရားခံများဖမ်းဆီးပြီးနောက် အပြန်လမ်းမှာ KIA တပ်ဖွဲ့ဝင် (၆၀)ကျော်က လမ်းမှာ ၀န်း ရံ ပိတ် ဆို့ပြီး ရဲတပ်ဖွဲ့ဝင်နဲ့ မူးယစ်ဆေးဝါး တရားခံများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
The Voice Weekly

ပုံနှိပ်၊ ထုတ်ဝေ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး မြန်မာနိင်ငံ စာနယ်ဇင်း ကောင်စီ ( ယာယီ ) ကို ဖိတ်ကြား

ရခိုင် ပုဏ္ဏားကျွန်းး အခြေခံပညာ အထက်တန်းကျောင်း မီးလောင်ကျွမ်းမှု မြို့နယ် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

 

မတ်လ ၁၆ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်ကပုဏ္ဏားကျွန်းးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း စာ သင် ခန်း (၄)ဆောင် မီးလောင်ကျွမ်းမှု အခြေအနေကို မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု များ ပြု လုပ်နေပြီဟု ယနေ့တွင် ပြည်နယ် ပညာရေးမှူးရုံး က အတည်ပြုပြောဆိုလိုက်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲခန်းအဖြစ် အသုံးပြုနေသည့် အဆိုပါ မီးလောင်ကျွမ်းခဲ့ရသည့် ကိစ္စရပ် အပေါ် ပြည်နယ် ပညာရေးမှူးရုံး ကလည်း သံသယဖြစ်ဖွယ်ကောင်းကြောင်း ပြောဆိုပြီး ၎င်းစာမေးပွဲခန်းကို အသုံးပြုနေသည့် ကျောင်းသားများ အဆင်ပြေစေရန် အစီအစဉ်ရေးဆွဲ ထားပြီးဖြစ်သည် ဟု ပေါ်ပြူ လာ နယူးစ်သို့ ဆိုသည်။

“ပုဏ္ဏားကျွန်း အထကကျောင်းနဲ့ တစ်ဖာလုံလောက်ပဲဝေးတဲ့ အမကမြို့သစ်ကျောင်းမှာ စာစစ်ဌာနတစ်ခု ဖွင့်ပါမယ်။ စုစုပေါင်း ကျောင်း သားကျောင်းသူ ၁၂၀ ဖြေဆိုကြပါလိမ့်မယ်”ဟု ပြည်နယ်ပညာရေးမှူးရုံး တာဝန် ရှိသူက ပြောသည်။
Popular Myanmar News Journal

ကျောက်ဖြူမြို့တွင် လျှပ်စစ် ဓာတ်အားလိုင်းများ တပ်ဆင်

 

ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကွန်ကရစ်ဓာတ်တိုင်များစိုက်ထူ ဓာတ်ကြိုးအသစ် များ တပ်ဆင် နေပြီး၊ကျောက်ဖြူမြို့ ၂၄နာရီ မီး ရရှိရန်တောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းကို ၀န် ကြီးဌာနမှ Company များကို ကန်ထရိုက်ပေးပြီး တာဝန်ယူေ စ ခြင်းဖြ စ်ပြီး ကျောက်ဖြူမြို့ရှိ ရပ် ကွက် ၁၀ခုနှင့်သောင်ရင်းကျေးရွာ အုပ်စု ၊ပြင်ဖြူမော်ကျေးရွာအုပ်စ  တို့ကို ဓာတ် အားလိုင်းသွယ်တန်း   မည်ဖြစ်ကြောင်း သိရသည်။  ယင်း Company များမှာ Tin Gyi Electrical Installation Co.Ltd,Invory Consturction    Co.Ltd တို့ဖြစ်ပြီး ဓာတ်တိုင်စိုက်  ထူခြင်းနှင့်ဓာတ်အားလိုင်းသွယ် တန်းခြင်း လုပ်ငန်းကို ရက်ပေါင်း   ၄၀အတွင်းပြီးစီးအောင်ဆောင်ရွက်  ရန် လျာထားကြောင်း သိရသည်။  ဓာ တ် အား လိုင်းသွယ်တန်းသည့် ကေဘယ်ကြိုးအမျိုးအစားမှာ ၉၅   mm2 ACSR အမျိုးအစားဖြစ်ပြီး၊  315KV ထရန် စဖော်မာ ၂၁လုံး   ကျောက်ဖြူမြို့ပေါ်သို့ရောက်ရှိနေ  ပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့မြေအတွင်း တရုတ် အတွက် လုပ်ကွက်နည်း သွားခြင်းက သတင်းဆိုး တစ်ခု မဟုတ်ကြောင်း ကွန်မြူနစ် ပါတီပိုင် သတင်းစာ မှဆို

 

မြန်မာနိုင်ငံအတွင်းယခင်က ထက်စာလျှင် တရုတ်နိုင်ငံအတွက်  နေရာမှာ နည်းသည်ထက်နည်း သွားခြင်း က တရုတ်နိုင်ငံအတွက်  သတင်းဆိုးတစ်ခုမဟုတ်ကြောင်း  တရုတ်ပြည်သူ့ ကွန်မြူနစ် ပါတီ ပိုင်  People’s Daily သတင်းစာက တာဝန်ရှိသူတစ်ဦးဖြစ်သူညွှန်ကြား  ရေးမှူးချုပ် Mr Cao  Huan Rong မှ ပြော ကြား သွားသည်။

“ကျွန်တော်တို့သတင်းစာဟာ  ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြောင်းလို ရေးရင်အပြုသဘောဆောင်ပြီး  အကော င်းမြ င် တဲ့ ဘက်ကပဲရေးပါ တယ်။ ဖွံ့ဖြိုးဆဲဆိုတာနဲ့ သူနိုင်ငံ ရဲ့ စစ်ပွဲတွေ၊ အခက်အခဲ၊ ဒုက္ခ တွေကို အမြန် ဆုံးပြေငြိမ်းဖို့ကို ရည်ရွယ်ပြီးတော့ကို ရေးသားပါ တယ်။ မြန်မာသမ္မတကြီး ဦးသိန်းစိန် ပြော ခဲ့တဲ့ နိုင်ငံတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆို တာနဲ့ ခြစားမှုတွေကို တိုက်ဖျက်  မယ် ဆို တာတွေကိုလည်း တရုတ် နိုင်ငံအနေနဲ့ ကြိုဆိုပါတယ်။ ဦးသိန်းစိန်ဦးဆောင်ပြီး သယံဇာတ ပေါကြွယ်ဝတဲ့ ဒီလိုနိုင်ငံကြီးမှာ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်  မှုတွေလုပ်နေတဲ့အတွက် တရုတ်   ဟာမြန်မာနိုင်ငံ ထဲမှာ နေရာနည်း  သထက်နည်းသွားပါပြီ။ ဒါဟာ တရုတ်နိုင်ငံအတွက် သတင်းဆိုး တစ်ခုမဟုတ်ပါဘူး။ တရုတ်နိုင်ငံ  အနေနဲ့လည်း မြန်မာနိုင်ငံအပေါ်  အတ္တမရှိ၊ ဖောက်ပြန်မယ့်စိတ်လုံး ၀မရှိပါဘူး”ဟု Mr. Cao Huan Rong မှ ပြောကြားသွားသည်။

ဒို့တာဝန် အရေးသုံးပါး နှင့် နိုင်ငံသားတို့ တာဝန်


ကျွန်တော်တို့ နိုင်ငံ သည် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့် ကြငှန်းနှင့် နေထိုင်လာခဲ့ သည် မှာ ရှေးနှစ်ပေါင်း များစွာကတည်းက ဖြစ်သည်။စာပေနှင့် သမိုင်း မှတ်ပုံတင်ခဲ့ သော ခေတ်များ ကိုကြည့် လျှင် ပုဂံ ခေတ်မှ စတင်ရမည် ဖြစ်သည်။ " ပု ၊ ပင်း ၊ အင်း ၊ တောင် ၊ ညောင် ရမ်းနောင် ၊ ကုန်းဘောင် နှစ်ခေတ်ခွဲ " ဟု အဆို ရှိပေသည်။ သို့ရာတွင် မြန်မာနိုင်ငံကို အင်အား ကောင်းမွန် စည်းလုံး ညီညွတ်စွာ စုစည်း နိုင်ခဲ့သော ခေတ်များ ကိုပြန်ကြည့် လျှင် အနော်ရထာ ၏ ပုဂံခေတ် ၊ ဘုရင့်နောင်၏ တောင်ငူခေတ် ၊ အလောင်းမင်းတရားကြီး ၏ ကုန်းဘောင်ခေတ် နှင့် ယနေ့ခေတ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကို တွေ့ ရှိရမည် ဖြစ်ပေ သည်။

ကျွန်တော်တို့ နိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း စသော တိုင်းရင်းသား ၁၃၅ မျိုး အေးအတူ ပူအမျှ စုစည်း နေထိုင်ကြသော ပြည်ထောင်စု နိုင်ငံ ဖြစ်ကြောင်း အားလုံး သိရှိပြီး ဖြစ်သည်။ ထို တိုင်းရင်းသား အပေါင်းသည် ရှေးနှစ်ပေါင်း များစွာ ကပင် အေး အတူ ပူအမျှ ချစ်ခင် လေးစား စည်းလုံးညီညွတ် စွာဖြင့် ဤ နိုင်ငံတော်ကြီး တွင် မှီတင်းနေထိုင်ခဲ့ ကြသည်။ ခေတ် အဆက် ဆက် တိုင်းတပါး ကျူးကျော်မှုများ ကိုလည်း အတူတကွ လက်တွဲပါဝင် တိုက်ခိုက် ခဲ့ ကြသည်။ ထိုတိုင်းရင်းသား ၁၃၅ မျိုး စည်းလုံး ညီညွတ်စွာ ဖြင့် အတူတကွ လက်တွဲ နေထိုင်သော နိုင်ငံသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပင် ဖြစ်ပါသည်။
 

စေတနာ့ မဏ္ဍိုင်များသာ ဖြစ်စေလို

နိုင်ငံတော်မှအရေးကြီးတဲ့ မဏ္ဍိုင်တွေ  ရဲ့ စတုထ္တနေရာကိုရယူထားကြတဲ့ မီဒီယာ  မဏ္ဍိုင်တွေအတွက် ရည်ရွယ်ချင်ပါတယ်။  အရင်ဆုံး ပြောလိုသည်မှာ ကျွန်တော်ဝန်ထမ်း မဟုတ်ပါ။ ဂျာနယ်လစ်လဲ မဟုတ်ပါ။ ပြည်သူတစ်ဦး သာ ဖြစ်ပါသည်ဟု ၀န်ခံ လိုပါတယ်။ ကျွန်တော့်တစ်သက်လုံးဈေး ရောင်းပါတယ်။ ကျွန်တော့်၏ နား၊ မျက်စိများအားလုံးကိုစွင့်၊ ဖွင့်စေရန်ကျွန်တော် ဂျာနယ် တော်တော်များများကို  အပတ်စဉ် မလွတ်တမ်း ဖတ်ပါတယ်။ ကျွန်တော် အဓိက ပြောလိုသည်မှာ ဂျာနယ်များ တွင် ဖော်ပြ ရေးသားသူ စာရေး  ဆရာ တို့အား ကျွန်တော့် မေတ္တာဖြင့် အကြံပြု တောင်းပန်လိုခြင်းဖြစ်ပါတယ်။

ကျွန်တော်စာမရေးတတ်ပါ။ စာရေးဆရာ  တစ်ယောက်လဲ မဟုတ်ပါချေ။ မည်သို့ပင်  ဆိုစေကာမူ ကျွန်တော်တို့ မြန်မာနိုင်ငံတော်  ကြီး အတွက် တစ်ထောင့် တစ်နေရာမှ ကျွန်တော် အင်အားဖြည့် လိုပါတယ်။ စကားကြီး စကားကျယ် ပြောသည်ဟု မထင် စေလိုပါ။ နိုင်ငံတော် အတွင်းမှီတင်း နေထိုင်ကြသူ အားလုံး တို့သည် ပြည်ထောင်စုသား နိုင်ငံသားများ ပင်ဖြစ်ပါတယ်။ ၀န်ထမ်းနှင့် ပြည်သူ အကြားတွင် ခလောက်ဆန် ပမာ သွေးခွဲနေမှုအား ကျွန်တော်မလိုလားပါ။
 

လက်ပံတောင်းတောင် ကြေနီ စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ထုတ်ပြန်ချက်အား အပြည့်အဝ ထောက်ခံကြောင်း မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူမှ ထုတ်ပြန်

ရက်စွဲ။ ။ ၁၃၇၄-ခု၊ တပေါင်းလ္ဆန်း(၅)ရက် (၁၆-၃-၂၀၁၂)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်၊ ကြေနီစီမံကိန်းနှင့် ပတ်သက် ၍၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏၊ (၁၂-၃-၂၀၁၃-)ရက်စွဲပါ အပြီးသတ်အစီရင်ခံစာကို အပြည့်အဝထောက်ခံကြောင်း သဘောထားကြေညာချက်ကို အတိအလင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ဦးပဉ္စင်းဝီရသူသည် ၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်နေ့၊ (မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့ အပါအဝင် ရွာသူ(၁၂)ယောက် အဖမ်းခံရသည့်နေ့) ဆည်တည်းကျေးရွာတွင် “ပြည်သူပျော်သော အသုဘ”တရား ကို ဟောကြားသည့် အချိန်မှ စ၍၊ ၂၀၁၂-ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ (သပိတ်စခန်း ဖြိုခွင်းခံရ၍ သံဃာတော်များနှင့် ရွာသူရွာသားများ ဒဏ်ရာရသည့်နေ့)အလည်၊ ယခု နောက်ဆုံးအချိန်ထိ လက် ပံတောင်းနေတောင်အရေးတွင် ကိုယ်အားဉာဏ်အား ငွေအားနှင့် သံဃာအင်အားပါမကျန် စိတ်အားထက် သန်စွာ ပါဝင်ကူညီဆောင်ရွက်နေသူ ဖြစ်ပါသည်။

ထိုသို့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရသည်မှာ ရွာသူရွာသားတို့ နစ်နာဆုံးရှုံးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ၊ သာသနိကအဆောက်အဦးတို့ ပျက် စီးပျောက် ကွယ်မှုများ၊ တိုင်းဒေသ ကြီးအစိုးရ၏ အကိုင်အတွယ်ညံ့ဖျင်းမှုများကို မခံမရပ်နိုင်ဖြစ်၍ ဆန္ဒပြပြည် သူများနှင့်အတူ ပါဝင်ကူညီဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။

၁၂-၃-၂၀၁၃-ရက်နေ့၌ ထုတ်ပြန်သော စစ်ကိုင်းတိုင်ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင် ကြေးနီစီမံကိန်း စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ရွာသူရွာသား တို့ နစ်နာဆုံးရှုံးမှုများကို ပြန်လည်ဖြည့်ဆည်းပေးထားသည်ကို လည်းကောင်း၊ သဘာဝပတ် ဝန်းကျင် မထိခိုက်စေရန် ကာကွယ်ပေးထားသည် ကိုလည်းကောင်း၊ နိုင်ငံတကာ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု ကို လမ်းဖွင့်ပေးထားသည်ကိုလည်ကောင်း၊ နိုင်ငံတော်ဘဏ္ဍာ တိုက်ထဲသို့ ငွေကြေး အမြောက် အများ ရောက်ရှိစေရန် စီမံပေးထားသည်ကိုလည်းကောင်း၊ သာသနိကအဆောက် အဦးများ၊ ပျက်စီးမှုမရှိစေရန် စောင့်ရှောက်ပေးထားသည်ကိုလည်းကောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကင်းဝေးစေရန် စီစဉ်ပေးထားသည်ကိုလည်းကောင်း၊ တောင်သူလယ်သမားများ၏ အခြားလိုအပ်ချက်ကို ကိုယ်အား ဉာဏ်အားရှိသမျှ ကူညီဖြည့်စွက်ထားသည်ကိုလည်းကောင်း၊ မီးခိုးဗုံး(သို့)မီးလောင်ဗုံး အသုံးပြုရာတွင် တာဝန်ရှိသူများကို ဖော်ထုတ်ပေးထား သည်ကိုလည်းကောင်း၊ တွေ့ရှိရသောကြောင့် ဤအပြီးသတ်အစီရင်ခံစာသည် အလုံးစုံပြည့်စုံသော အစီရင်ခံစာဖြစ်သည်ဟု ရှုမြင်ပါသည်။

(က) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းတွင် ပါဝင်သော ကျေးရွာပေါင်း(၂၆)ရွာရှိ ရွာသူရွာသားများအနေဖြင့် မိမိတို့နစ်နာဆုံးရှုံးခဲ့ရသည်များ အပြည့်အဝရရှိရေး၊ သဘာဝပတ်ဝန်းကျင် လုံးဝမထိခိုက်ရေး၊ သာသနိကအဆောက် အဦးများ အဓွန့်ရှည်တည်တံ့ရေး၊ အလုပ်အကိုင် အခွင့်လမ်း အပြည့်အဝ ရရှိရေး၊ ပြည်သူ့ဘဏ္ဍာတိုက်ထဲသို့ ငွေအလုံးအရင်း ရောက်ရှိစေရေး၊ လူ့အခွင့်ရေး ချိုးဖောက်သည့် တရားခံများ၊ မီးခိုးဗုံး(သို့)မီးလောင်ဗုံး အသုံးပြုရာတွင် တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူရေးတို့ကို ရဲဝံ့ပြတ်သားစွာ တောင်းဆိုရမည် ဖြစ်ပါသည်။ ထိုသို့ တောင်းဆိုရာတွင် အကောင်အထည် ဖော်ဆောင်ရေးကော်မတီက အပြည့်အဝ လိုက်လျောခြင်း၊ လိုက်နာဆောင်ရွက်ခြင်း မရှိမှသာလျှင် ဆန္ဒထုတ်ဖော်သင့် သည်ဟု ရှုမြင်ပါသည်။

(ခ) ၁၃-၃-၂၀၁၃-ရက်နေ့နှင့် ၁၄-၃-၂၀၁၃-နေ့များတွင် ကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ကန့်ကွက် သူများ ကြမ်းတမ်းရိုင်းပြစွာ ဆက်ဆံသူများကို ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။ ထိုသို့ ကိုယ့်အလိုဆန္ဒတစ်ခုတည်းဖြင့် လူထုခေါင်းဆောင်ကို ကန့်ကွက်ဆန့်ကျင် နေခြင်းသည် အနာဂတ် နိုင်ငံ့ရေးရာများတွင် ဦးဆောင်ဖြေရှင်းပေးမည့် လူထုကိုယ်စားပြု   နိုင်ငံ့ခေါင်းဆောင် များ ပေါ်ပေါက် မလာနိုင်အောင် ပိတ်ဆို့တားမြစ်ရာ ရောက်ပါသည်။

(ဂ) ထို့အပြင် ဝမ်ပေါင်ကုမ္ပဏီလုံးဝ ရပ်ဆိုင်းရေးကို တောင်းဆိုနေကြခြင်းဖြင့် အနာဂတ်ဒီမိုကရေ စီ နိုင်ငံတော်ကြီး တွင် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေသလို နိုင်ငံတကာ စီးပွားရေးကုမ္ပဏီများ လာရောက်ရင်းနှီး မြှုပ်နှံမှုများကို နှောက်ယှက်ဟန့်တားရာ ရောက်ပါသည်။ ထို့ကြောင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဆင်းရဲစေရန် တမင်ရည်ရွယ်ချက် ရှိရှိဖြင့် ပြုမူနေသည်များနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနှောက်ယှက် နေခြင်းများကို ယခု ချက်ချင်း ရပ်ဆိုင်းပေးပါရန် တိကျပြတ်သားစွာ တောင်းဆိုလိုက်သည်။

(ဃ) ရွာသူရွာသားများ အနေဖြင့် ကြိုးကိုင်သူလူတစ်စု၏ စကားကို နားယောင်ပြီး တိုင်းပြည်မျက်နှာကို မကြည့်ဘဲ အမျိုးသားအကျိုးစီးပွားကို ဖျက်လိုဖျက်ဆီးမှုများ ဆက်လက်လုပ်ကိုင်နေပါက မိမိတို့လိုအင် ဆန္ဒနှင့် ဆန့်ကျင်ဘက် အနိဋ္ဌာရုံကိုသာ ရရှိခံစားရမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(င) အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအနေဖြင့် စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အ စီရင်ခံစာပါ အကြံပြုချက်များကို တစ်ပြားသားမှ မလျော့စေဘဲ အပြည့်အဝလိုက်နာ ဖော်ဆောင်ပေးရန်နှင့် ရွာသူရွာသားများ အမြင်ရှင်းစေရေး အတွက် ပြန်ကြားရေးဌာန တစ်ခုဖွင့်ပြီး နေ့စဉ်ဆောင်ရွက်ချက်များ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တရားဝင်ချပြကာ ထင်သာမြင်သာရှိအောင် ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ထုတ်ပြန်ကြေညာအပ် ပါသည်။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
မစိုးရိမ်တိုက်သစ်
ဓမ္မသဟာယကျောင်းနာယက
မဟာအောင်မြေမြို့နယ်
မန္တလေး။
၁၆-၃-၂၀၁၃

ဆက်သွားချင်သေးတယ် ဆိုရင်