Pages

Wednesday, January 30, 2013

မြန်မာ့မီဒီယာ လွတ်လပ်ခွင့် အဆင့် ၁၈ ဆင့် တိုးတက်


နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ၂၀၁၂ ခုနှစ်အတွက် သတ်မှတ်ထုတ်ပြန်လိုက်သော ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းတွင် မြန်မာနိုင်ငံက ယခင်ထက် အဆင့် ၁၈ ဆင့် တိုးတက်လာပြီး ၁၇၉ နိုင်ငံတွင် အဆင့် ၁၅၁ အဆင့် ချိတ်ခဲ့သည်။

၂၀၁၁ ခုနှစ်အတွက် အဆင့်ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ၁၇၉ နိုင်ငံတွင် အဆင့် ၁၆၉ ရှိခဲ့သောကြောင့် ၂၀၁၂ ခုနှစ်မှာ ယခင်နှစ်ကထက် ၁၈ ဆင့် တိုးလာခြင်းဖြစ်သည်။

ဦးဆန်းဆင့်၊ ဦးမြင့်လှိုင်၊ ဦးစိုးသိန်း၊ မောင်ဝံသ၊ ဒေါက်တာဆိတ်ဖွား


ဦးဆန်းဆင့်
 

လက်ရှိ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ သိပြီးတဲ့လူတွေများပေမယ့် မသိသေးတဲ့ သူတွေအတွက် အနည်းငယ် မိတ်ဆက်ပြီး စကားခင်းပါရစေ။ ဦးဆန်းဆင့်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ်နဲ့ လူသိများတဲ့နေရာမှာ ပုံစံ ၂ မျိုးနဲ့ ကျော်ကြားသူလို့ ကျွန်တော်က သတ်မှတ်ချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတာ ဆက်ရှင်းပြပါမယ့်မယ်။ ပထမတစ်မျိုးက လွှတ်တော်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျော်ကြားမှုပါ။ ဒုတိယတစ်မျိုးကတော့ အုပ်ချုပ်ရေးပိုင်းကို ထိန်းကျောင်းခြင်းနဲ့ ပတ်သက်တဲ့ ကျော်ကြားမှုပါ။ အဲဒီ ကဏ္ဍ ၂ ခုလုံးမှာ ဦးဆန်းဆင့်ဟာ ပြောစရာတွေ အတော်များများဖြစ်ပြီး ကျန်ရစ်ခဲ့အောင် စွမ်းဆောင်နိုင်သူပါ။

မီဒီယာ သမားတွေ ကြောင့် KIA စစ်ရှုံး ခဲ့သလော


ပြည်ထောင်စု တပ်မတော် နဲ့  ကေအိုင်အေ တို့  တိုက်ပွဲတွေ ဖြစ်ပွားနေစဉ် မှာ ကေအိုင်အေ အဖွဲ့တွေက မီဒီယာ သမားတွေ ကို လိုင်ဇာ နဲ့ ရှေ့တန်း စစ်ပြေပြင် ကို  ခေါ်ယူပြီး သူတို့ စစ်တိုက်တာ မှန်သယောင် ခေါ်ပြခဲ့ကြပါတယ်။  အထူးသဖြင့် ယခင် အစိုးရ လက်ထက်က တပ်မတော် ကို အစဉ်အမြဲ ဆန့်ကျင်ဘက် အမြင်နဲ့ ရေးခဲ့တဲ့ ဧရာဝတီ သတင်းထောက်တွေ ကိုပါ။  (အခုလဲ  သတင်းထောက် ကျင့်ဝတ်နဲ့ မညီ နိုင်ငံတော် နဲ့ တပ်မတော် ရဲ့ နိုင်ငံတော် လုံခြုံရေး  စီမံကိန်း အချို့ကို  ထုတ်လွှင့် ရေးသားနေတုန်းပါ။)

KIA မှ ဆက်လက် ရပ်တည်နိုင်ရေးအတွက် တရုတ်-မြန်မာနယ်စမပ်ကို ခွပြီးနေရာ တပ်စခန်းချနေ

KIA ရဲ့စခန်းဖြစ်တဲ့ Hka Ya Bum တိုက်ပွဲမှာ KIA ရဲ့ ထိခိုက် ကျဆုံးမှု အနေနဲ့ အရာရှိနှစ်ဦး အပါအဝင် စစ်သည် ၃၀ ကျော် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။ ကျန် KIA စစ်သည်များမှာလဲ ကစဉ်ကလျား ထွက်ပြေးခဲ့ရကြောင်း သိရှိခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ KIA ဘက်က စစ်သည်များဟာ အတင်းအဓမ္မစုဆောင်းထားသော စစ်သည်များဖြစ်သောကြောင့် တိုက်ရည်ခိုက်ရည် မရှိကြောင်း၊ စခန်းကို ဆုပ်ခွာပါက သေဒဏ်ပေးမည်ဟု အမိန်ပေးထားသော်လည်း မရကြောင်းသိရသည်။ သိုသော် KIA ခေါ်င်းဆောင်များက အခွင့်သာပါက လူအင်အားပြန်လည်စုစည်းကာ ၄င်းတို့၏ သိက္ခာပြန်ဆယ် ရန်အတွက် တန်ပြန် တိုက်စစ်နှင့် လည်ကောင်း၊ ပျောက်ကြား စစ်နည်းဗျူဟာကို အသုံးပြုပြီး အမှဲ့ချွှေစ နစ်ဖြင့် တိုက်ခိုက်မည် ဖြစ်ကြောင့် ကချင်ပြည်သူလူထုအားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

စက်ယန္တရား ယာဉ်များ ထုတ်လုပ်သည့် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံမှ Komatsu ကုမ္ပဏီ မြန်မာသို့ လာရောက်၊ အင်္ဂလန် အခြေစိုက် ယန္တရား ထုတ်လုပ်သည့် ကုမ္ပဏီမှ လည်း ရင်းနှီးမြှုပ်နှံမှု အတွက် ဆွေးနွေး

စက်ယန္တရားယာဉ်များ ထုတ်လုပ်သည့် ကမ္ဘာ့ဒုတိယ အကြီးဆုံး ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံမှ Komatsu ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးခဲ့ပြီး အင်္ဂလန် အခြေစိုက် ယန္တရားယာဉ်များ ထုတ်လုပ်သည့် ကုမ္ပဏီမှလည်း မြန်မာနိုင်ငံတွင် မြှုပ်နှံရန် အတွက် ဆွေးနွေး မှု ပြုလု ပ် ခဲ့ သည်ဟု သိရသည်။

ABSDF မြောက်ပိုင်းဌာနချုပ်အား မြန်မာစစ်တပ်သိမ်းပိုက်

From :Yan Naing Aung

 
 ABSDF မြောက်ပိုင်းကမင်းဌေးတို့ ဌာနချုပ်ဖွင့်ခဲ့တဲ့နေရာ။

KIA မှ မြို့ကြီးများတွင် အသေခံဗုံးခွဲရန် စေလွှတ်

ကချင်ဒေသအတွင်းသို့ ဆက်သွယ်ထားသော လမ်း/ တံတားများနှင့် ရထားလမ်းများကို KIAမှ အစိုးရ တပ်အသုံးပြုသည်ဟု အကြောင်းပြ ချက်ဖြင့် အကြိမ်ကြိမ်မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း များ ပြုလုပ်ခဲ့ သည်။ သို့သော် KIA သောင်းကျန်းသူ၏ အခြေအနေမှာ တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့သည်။ ကချင်ဒေသ ခံနှင့် နိုင်ငံ တစ်ဝှမ်းရှိ တိုင်းရင်းသားများကလည်း KIA အား ရွံ့ရှာစက်ဆုပ်လာကြသည်။

KIO/KIA တို့၏ အပစ်မရပ်ရေး လမ်းစဉ်နှင့် လုပ်ရပ်များ


ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြာရှည်လာတာနဲ့အမျှ ဒေသခံပြည်သူတွေ ဒုက္ခမျိုးစုံ   တွေ့ ကြုံ နေ လျက်ရှိပြီး ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ အဖွဲ့အစည်းပေါင်းစုံကနေ ကချင်ပြည်နယ်ကြီးမှာ စစ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ဆောင်ကြဖို့ တောင်းဆိုနေကြလျက်ရှိသည်။ ရန်ကုန်ကနေလိုင်ဇာ အထိ လမ်းလျှောက်ပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြသလို ဒေသခံပြည်သူတွေကိုယ်နှိုက်ကလဲ စာတမ်းတွေ ကိုင်ဆောင်ကာ ဆန္ဒပြပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြောင်းသိရှိရသည်။ အမျိုးသား လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကလဲ ငြိမ်းချမ်းရေး လုပ်ဆောင်ကြဖို့တောင်းဆိုနေ ဒါကြောင့် လဲ နိုင်ငံတော် သမ္မတက တပ်မတော်အနေနဲ့ ထိုးစစ်တွေ ရပ်ဆိုင်းထားဖို့အမိန့်ထုတ်ပြန်လိုက်ပါသည်။

သစ်လုံးတင် ယာဉ်များအား KIA တပ်ဖွဲ့ဝင်များ ပစ်ခတ်နှောင့်ယှက်


  ကချင်ပြည်နယ် မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာတစ်ဝိုက်မှာ တရုတ်နိုင်ငံမှ ကုန်သည်အချို့နဲ့ KIA အဖွဲ့ တို့ သဘောတူညီမှုဖြင့် သစ်ကွက်ထုတ်လုပ်ရောင်းချနေတဲ့ကုမ္ပဏီတွေ ဖွင့်လှစ်ထားလျက်ရှိပါသည်။ အဲဒီကုမ္ပဏီေ တွ အနေနဲ့ KIA အဖွဲ့နဲ့စာချုပ်ချုပ်ထားရာမှာ တရားဝင်သတ်မှတ်   ငွေကြေးပေးရတဲ့ အပြ င်ေ မ်ာတော်ယာဉ်မောင်းသူ တွေအနေနဲ့ KIA တပ်ဖွဲ့တွေကို သီးခြားငွေကြေးပေးပြီး   ဖြတ်သန်း သွား လာ နေ ကြရ ပါသည်။ တိုက်ပွဲတွေမရှိခင် တုန်းကတော့ ပိုက်ဆံပေးပြီးသွားလာလို့ လွယ်ကူပေမယ့် အခုခါ မှာေ တာ့ ကားတွေ သွားလာမှုကို KIA ဘက်က ပိတ်ထားလိုက်ကြောင်းသိရှိရသည်။
 



အိမ်ပြန်ချိန်


စစ်ပွဲကြီးပြီးရင် အိမ်ပြန်ချင်တယ်...။

ဦးခေါင်းထက်မှာ ကျည်ဆံတွေက နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း မြေလွှာအောက်ကမိုင်းဗုံး
ဝုန်း ကနဲ ပေါက်ကွဲတယ်…။

ငါ့အနာဂတ်မျှော်လင့်ချက်ဟာ ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။

သေမင်းဟာ..
လက်ပိုက်ကို ဖြုတ်ပြီး....
ငါ့ဆီကို တစ်လှမ်းချင်းလာနေတယ်...။

သေနတ်သံ၊ ဗုံးသံတွေ ပျောက်ဆုံးပြီးးးးးးးးးး
ငါ့အတွေးထဲမှာ ငါ့သား နဲ့ ငါမယားရဲ့ ငိုညီးသံတွေက ကြီးစိုးလို့နေတယ်...။

ငါသိလိုက်တယ် ငါ့မျက်ရည်တွေ နဲ့ ဒဏ်ရာဗရဘွ နဲ ငါ့အလောင်းပေါ်က အမှန်တရားကို ဘယ်သူမှ သိမှာမဟုတ်ဖူးးးးးးးးး ။ ဒါပေမယ့် ငါကြိုးစားပြီး ပြုံးနေတယ်...။

ငါ့ရဲ့ စစ်ယူနီဖောင်း နဲ့ ငါ့ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ စစ်မှုထမ်းသက်တံဆိပ် ကလေးက ငါ့ကို တာ့တာပြနေတယ်...။

ငါ့ရဲ့ အသက်ရှုသံတွေက အိမ်ကိုပြန်ဖို့အတွက် အမှတ်စဉ်ရေတွက် နေသယောင်ယောင်...။

ငါ့ရဲ့ ခန္တကိုယ် အစိတ်အပိုင်းတွေအားလုံး ကောက်ပဲသီးနှံတောင် မစိုက်တဲ့ အမြှောက်ဆံတွေပေါက်ကွဲ သေနတ်သံတွေ ဆူညံနေတဲ့ စစ်မြေပြင်မှာ ဖြစ်သလို မြေမြုတ်ခဲ့ရတော့မယ်...။

ငါ့သားလေးကို ကျောင်းစာလေးတွေ ငါတတ်သလောက် မှတ်သလောက်ကလေး ရှင်းပြရဦးမယ်..။ ကျောက်သင်ပုန်းမှာ ၀လုံးဝိုင်းဝိုင်းလေးတွေ ဆွဲပြရဦးမယ်..။

ဟင်းးးးးးးးးးးးးးးးးးး ခုတော့ စစ်ပွဲကြီး မပြီးသေးပဲ အိမ်ပြန်ရတော့မှာပါလား........။


မင်းခန့် ဦး

အမှားက အမှန်ဖြစ်ပြီး အမှန်ကအမှား ဖြစ်နေ ပါတယ် သမ္မတကြီး ခင်ဗျား


ဝန်ထမ်း မှာ မှ အစိုးရ ၀န်ထမ်း ၊အစိုးရ၀န်ထမ်းမှာမှ အောက်ခြေ၀န်ထမ်း များ ၏ ဒုက္ခ များ ဖြစ်ပါသည်။ ၀န်ထမ်းများလဘ် စားပါက လဘ်စား သဖြင့် အရေးယူ ပါသည်။ အမှန် မှာ ၀န်ထမ်းများလဘ်စားအောင် တိုက်တွန်း သူများမှာ မိမိ၏အထက်လူကြီးများသာလျှင် ဖြစ်သည်မှာ သွယ်ဝိုက်သောအားဖြင့် မှန်ကန် ပါသည်။

အဘယ့်ကြောင့်ဆိုသော် …

အငြိမ်းစားလစာများ တစ်လုံး တစ်ခဲတည်း တွက်ချက် ထုတ်ပေး ရန် အစီအစဉ်မရှိ

နိုင်ငံဝန်ထမ်း အငြိမ်းစားများအား အငြိမ်းစားလစာ တစ်လုံးတစ်ခဲတည်း တွက်ချက်ထုတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလင်းအောင်က ပြောသည်။
အသက်အရွယ်နှင့် ကျန်းမာရေးကြောင့် အိုမင်းမစွမ်း အငြိမ်းစားဝန်ထမ်းများအတွက် ကိုယ်တိုင်ထုတ်ယူရန် မလိုဘဲ ကိုယ်စားလှယ်ဖြင့် ပင်စင်လစာထုတ်ယူရရှိအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစားဝန် ထမ်းများ ၏ စားဝတ်နေရေးအတွက် အခက်အခဲမတွေ့စေရန် ပင်စင်လစာကို မြို့ပြ၀န်ထမ်းစည်းမျဉ်းဥပဒေ ၄၇၁ နှင့် အညီ လစဉ်တွက်ချက်ခံစားခွင့်များကို ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ဒုဝန်ကြီး က ပြောသည်။
 

ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်


ရခိုင်ကမ်းလွန်မှ ဂက်စ်နှင့် ရေနံစိမ်းများကို မေလ ၁ ရက်နေ့တွင် တရုတ်ပြည်သို့ စတင်လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေ သည့်အပေါ် မြန်မာ- တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ မှ ဂက်စ် ပိုက်လိုင်းဖြတ် သန်းသည့် မြို့ရွာမှ ဒေသခံများထံမှ စစ်တမ်းကောက်ယူကာ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင် ကန့်ကွက် မည်ဟု ဆိုသည်။
 

ဆိုးရွှား စုတ်ပြတ်စွာ အဆင့်အတန်း ကျဆင်းနေသော မြန်မာ့ မီဒီယာများ အတွက် ထိုင်းနိုင်ငံတွင် သတင်း ရေးသားနည်း သင်တန်း ပေးမည်


မြန်မာသတင်းစာဆရာများအတွက် “ မြန်မာနိုင်ငံနှင့်ဒေသ တွင်း ရေးရာ များ သတင်းရေးသားနည်း (Covering Myanmar and Regional Issues)” သတင်းစာပညာသင်တန်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၅ ဖေဖေါ်ဝါရီ ၂၀၁၃ မှ ၈ မတ် ၂၀၁၃ ထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။



ထိုးစစ်တွေ ရပ်စဲဖို့ ဆန္ဒရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန က ကြေညာ


ကချင်ပြည်နယ်မှာ တစ်နှစ်ခွဲကျော်ကြာ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ ကေအိုင်အေ တပ်တွေအကြား ထိုးစစ်တွေရပ်စဲဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်သွားဖို့အတွက် အထူးလိုလားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါဟာ ကချင်ပဋိပက္ခနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပထမဦးဆုံးအကြိမ် ထုတ်ပြန်လိုက် တာပါ။

ဦးဆန်းဆင့် သာသနာရေး ၀န်ကြီး ရာထူးလက်ခံရန် မသေချာ



သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ရာထူးအား လက်ခံရန်ကိစ္စကို ပြည်သူများ၏ ဆန္ဒသဘော ထားအ တိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၀န် ကြီးခန့်အပ်ရန် အဆိုတင်သွင်းခံ ရသူ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကပြောသည်။

ဆက်သွယ်ရေးနှင့် သက်ဆိုင်သော ကြားမိသမျှ



ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး Sim Card များကို ရောင်းချပေးသည့် မြန်မာနိုင်ငံတွင် နှစ်သိန်းတန် ဖုန်းကတ်များ ထွက်လာသည့် အခါ တန်ဖိုးနည်းဖုန်းများအား တောရောမြို့ပါ မကျန်သုံးနိုင်ကြပြီ ဆိုသည့် ကြော်ငြာ များ၊ ဂုဏ်ပြု ချီးမွမ်းခန်းများ မီဒီယာစာမျက်နှာများတွင် တွေ့ခဲ့ရသည်။ ထိုအချိန်တွင် ရွှေပြည် တံခွန်၏ ငါးထောင်တန် ဖုန်း စီမံကိန်းသည်လည်း ပြည်သူများအကြား စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သည်။
 

အခက်အခဲ အမျိုးမျိုးကြောင့် KIA ငယ်သားများ လက်နက်ကို စွန့်လွှတ် ထွက်ပြေးနေ


ဖားကန့်နယ်တစ်ဝိုက်မှာ KIA နဲ့စစ်တပ် တိုက်ပွဲဖြစ်နေပါပြီး တိုက်ပွဲတွေပြင်းထန်လာတာနဲ့ အမျှKIA ဘက်က သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေများပြားလျက်ရှိလာပါသည်။ KIA တပ်ဖွဲ့ဝင်အများစု ဟာ ရွာတွေကနေ အတင်းခေါ်ထားတဲ့သူများ ဖြစ်ပြီး   သေသေချာချာလေ့ကျင့် ပေးထားတာ မရှိသည့် သူများဖြစ်ပြီး တစ်ပွဲထိုး တိုက်ဖို့လောက်သာသင်ထားပြီး အဓိကမိုင်းထောင်တတ်အောင်သာ သင်ကြားပေး ထားသူများသာ ဖြစ်ပါသည်။ ဒီလို မျိုး အစိုးရတပ်နဲ့ အကြာကြီးတိုက်ပွဲဖြစ်လာသည့်အခါ ကျတော့ KIA တပ်သားများ အတုန်းအရုံးကျလျက် ရှိလာပါသည်။ 


ကေအိုင်အေ တို့၏ ခံစစ်စခန်းများကို မြန်မာ့တပ်မတော် ဘယ်လို တိုက်ခဲ့သလဲ



မြန်မာ့ တပ်မတော်သားများ အဖို့ စခန်းသိမ်းတိုက်ပွဲဆိုသည်နှင့် အရင်ဆုံး ပြန်လည် မြင်ယောင်ကြသည်မှာ ထိုင်း-မြန်မာ နယ်စပ်တွင် အိုမီဂါပုံ ၊ သို့မဟုတ် ပုလင်းခွံ တစ်လုံးပုံကဲ့သို့ အ၀င် တစ်ပေါက်သာ ရှိသည့် စခန်းများကို သိမ်းယူနိုင်ခဲ့သည့် တိုက်ပွဲများ ပင်ဖြစ်သည်။ အဆိုပါ စခန်းများသည် နိုင်ငံခြားသားများ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီးဘယ်တော့မှ မဆုံးရှုံးနိုင်ဟု ယုံကြည်ခဲ့သည့် ခံစစ် စခန်းများ ဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ပြင်းထန်စွာ ကန့်ကွက်မှုကြောင့် လက်နက်ကြီးကျည် တစ်ချက် ကျရောက်ခွင့် မရှိ။ ဘေးဘယ်ညာမှ ပစ်မည် ဆိုရင်လည်း ထိုင်းနယ်နိမိတ်ကို ကျော်ပြီး ပစ်ရမည် ဖြစ်သည့် အတွက် မဖြစ်နိုင်။ ထိုမျှ ခက်ခဲသော ခံစစ်စခန်းအား မြန်မာ့တပ်မတော်မှ သိမ်းယူကာ ကရင်ပြည်နယ် အတွင်း ငြိမ်းချမ်းမှုကို တည် ဆောက် နိုင်ခဲ့သည်။

'ဝ' တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား


 ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့ တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက် ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြောသည်။

ဆက်သွားချင်သေးတယ် ဆိုရင်