Pages

Monday, January 28, 2013

အစိုးရ နှင့် KIO အပစ်ခတ် ရပ်စဲရေး ဆွေးနွေးပွဲကို ၀ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA က ကြားဝင် ဆောင်ရွက် ပေးမည်ဟု ဖိတ်ခေါ်



အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ၀ပြည်သွေးစည်း ညီ ညွတ်ေ ရး အဖွဲ့ UWSA က ကြားဝင်ဆောင်ရွက်ပေးမယ် လို့ ဖိတ်ခေါ်ထားကြောင်း ၀ပြည်သွေးစည်း ညီ ညွှတ်ေ ရး အဖွဲ့ UWSA က ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။

နှစ်ဖက် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး အပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် UWSA ဌာနချုပ် ပန်ဆန်းမှာ ဆွေးနွေး ဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
 
UWSA အဖွဲ့က ပေးပို့တဲ့အဆိုပြုလွှာကို ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ နဲ့ KIO အဖွဲ့တွေ ထံ ဇန်န၀ါရီလ ၂၄ရက်နေ့က ပေးပို့လိုက်တာဖြစ်တယ်လို့ UWSA အဖွဲ့က ပြောခွင့်ရ ဦးအောင်မြင့် ကပြော ပါတယ်။

KIO အဖွဲ့ကတော့ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုကို တဖွဲ့ချင်းမဆွေးနွေးပဲ ညီညွတ်သော တိုင်းရင်း သား များ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ ဆွေးနွေးဖို့ အစိုးရဖက်ကို အကြောင်းပြန်ထားပါတယ်။ အဲဒီအချက် အပေါ် UWSA အနေနဲ့မူအားဖြင့် သဘောတူပေမဲ့ UNFC ဟာ ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်နေ တာကြောင့် နိုင်ငံခြားမှာ ဆွေးနွေးမဲ့ကိစ္စကို မလိုလားကြောင်း မိမိပြည်တွင်းရေးကိစ္စကို ပြည်တွင်း မှာသာ ဆွေးနွေးဖို့ UWSA က အကြံပြုထားတယ်လို့ ဆိုပါတယ်။

RFA Burmese

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်