Pages

Monday, April 8, 2013

လျော်ကြေးငွေပေးသော်လည်း လောဘကြီးသည့် မ၀င်းဝင်းဌေးမှ လက်ပံတောင်းအရေး ဆက်လက်ဆန္ဒ ထုတ်ဖော်မည်

လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းကိစ္စကို ခွင့်ပြု ချက် ယူပြီးဆန္ဒပြသော်လည်း မည်သို့မျှ ဆောင် ရွက်မပေးသေး သဖြင့် ဆက်လက် ဆန္ဒ ထုတ် ဖော် မည် ဖြစ်ကြောင်း ဆည်တည်းကျေး ရွာနေ မ၀င်းဝင်းဌေး က မဇ္ဈိမကိုပြောသည်။

မ၀င်းဝင်းဌေးက “ ကျွန်မတို့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုချက် ယူပြီးဆန္ဒပြခဲ့တာ အခုနဲ့ ဆိုရင် (၆)ကြိမ်ရှိပါပြီ။ ဆန္ဒပြတာကို ဘာမှဆောင်ရွက် မပေးတဲ့အတွက် ခုချိန်အထိ ဆန္ဒဖော်ထုတ် ရခြင်း ဖြစ်ပါ တယ် ” ဟုဆိုသည်။

သက်ဆိုင်ရာ အာဏာပိုင်တွေ ဘက်မှ ယခုချိန်ထိ လာရောက်ဖြေရှင်းပေးခြင်း မရှိသေးသည့်အတွက် ဥပဒေ ဘောင် အတွင်း၌ နေ၍ ဆန္ဒပြခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

ဧပြီလ ၅ရက်နေ့ နေ့လည် (၁)နာရီမှ စ၍ ညနေ(၄)နာရီအထိ လက်ပံတောင်းဒေသ၊ တုံရွာအရှေ့မှ စ၍ ညောင် ပင်ကြီး ဆိပ်ကမ်းအထိ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး အတွက် ဒေသခံ အင်အား (၅၀၀) ခန့်မှ “ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ ပုဒ်မ (၁၄၄) ရုတ်သိမ်းပေးရေး၊ မီးလောင် ဗုံး တရားခံများကို အရေးယူပေးရေး၊ တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားနေသော ဦးပိုင်ကု မ္ပဏီ အလိုမရှိ၊ မြန်မာလူမျိုးတွေကို ကျွန်ဇာတ်သွင်းနေတဲ့ မြန်မာ ၀မ်ပေါင် ကုမ္ပဏီ အလိုမရှိ ” စသည့် တောင်းဆို ချက်များ၊ ကြွေးကြော်သံများဖြင့် ဆန္ဒ ဖော်ထုတ် ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆန္ဒထုတ်ဖော်ခွင့်၊ ခွင့်ပြုချက်ကို စစ်ကိုင်းတိုင်း ဒေသကြီး ၊ ဆားလင်းကြီးမြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပေးခဲ့ကြောင်း တုံရွာဒေသခံ ကိုအောင်သန်းမျိုးက မဇ္ဈိမကို ပြောသည်။

တုံရွာဒေသခံ ကိုအောင်သန်းမျိုးက “ဆည်တည်း ကျေးရွာ၊ တုံရွာသစ်၊ အလယ်ရွာ၊ တောကျောင်း ၊မိုးကြိုးပြင် (တောင်၊မြောက်၊အလယ်)ရွာ တို့ပါဝင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။တုံရွာသစ်မှ ညောင်ပင်ကြီး ဆိပ် ကမ်း ကုန်းထိပ် အထိ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။တရားဝင် ဆန္ဒပြတာဆိုတော့ လူ(၅၀၀) ထက် မပိုရဘူး လို့ပြောပါတယ်။”ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒထုတ်ဖော်ခြင်းကို ဆည်တည်းကျေးရွာမှ ဦးဆောင် ခဲ့ခြင်း ဖြစ်ပြီး ရွာခုနှစ်ရွာ စုပေါင်း ဆန္ဒပြခဲ့ကြကြောင်းနှင့် လျော်ကြေးငွေ ကိစ္စမှာ လူကြားကောင်းရုံသာ ဖော်ပြနေကြကြောင်း ဆည်တည်းကျေးရွာ ဒေသခံမအေးက ဆိုသည်။

၎င်းက “အမေစုကလည်း ကျမတို့ကို တရားဝင် စာတင်ပြီးမှ ဆန္ဒပြတာလုပ်ဖို့ပြောထားတဲ့အတွက် ကော်မ ရှင် စည်းကမ်းချက် အတိုင်း ခွင့်ပြုချက် ယူပြီး ဆန္ဒပြတာပါ။” ဟုပြောသည်။

ဧပြီလ(၅)ရက် သောကြာနေ့မှစ၍ ၊ ဧပြီ(၆)ရက်စနေနေ့ထိ (၂)ရက်ဆက်တိုက် ဆန္ဒပြမည် ဖြစ်ကြောင်း တုံရွာ သစ် ဒေသခံ ကိုအောင်သန်းမျိုး ပြောဆိုချက်အရ သိရသည်။

ဧပြီလ(၅)ရက် မနက်(၁၀)နာရီ ခန့်က မိုးကြိုးပြင် အလယ်ရွာသို့ ဝမ်ပေါင် ကုမ္ပဏီမှ ကား(၂)စီး ရောက် လာပြီး မိုးကြိုးပြင် (တောင်၊မြောက်၊အလယ်)ရွာမှ ရွာသူရွာသားများ အား မြေယာ ဟောပြောပွဲ လုပ်မည်ဟု ဆိုကာ ကျေးရွာ ကျန်းမာရေးရုံး၌ လူစုခိုင်းကြောင်း သို့သော် ဝမ်ပေါင် ကုမ္ပဏီမှ ဝန်ထမ်းများက မြေယာ လျော် ကြေးငွေ လက်ခံရန်သာ ပြောဆိုခဲ့ပြီး သဘာဝပတ်ဝန်းကျင် ပြန်လည် ထိန်းသိမ်းရေး ဆောင်ရွက် မည်ဟု မပြောသဖြင့် ဒေသခံများက ကန့်ကွက်ခဲ့သည်ဟု ဒေသခံတဦး ဖြစ်သူ ကိုတင်မျိုးက ရှင်းပြသည်။

၎င်းက “သူတို့က လူစုခိုင်းပြီး ဟောပြောမယ် ဆိုပေမယ့် တကယ်တမ်း ဒီလိုမဟုတ်ဘူး။ တရုတ်ဘက်က လူတွေ က သူတို့ဘက်ပဲ ဆွဲပြောနေတော့ လူတွေက စိတ်မရှည် တော့ဘူး ဝိုင်းပြီး ကန့်ကွက်ကြတယ်။ ကျနော် တို့က ဘယ်နည်းနဲ့မှ တောင်ကြီး ပျက်စီးမှာကို မလိုချင်ပါဘူး ငွေက ရှာလို့ ရပေမယ့် ပျက်စီးသွား တဲ့ သဘာဝ သယံဇာတတွေက လိုက်ဝယ်လို့ မရဘူး”ဟု ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ မတ်လ(၁၁) ရက်တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့ပြီး ယင်းနေ့တွင်ပင် အစီရင်ခံစာကို အကောင် အထည်ဖော် ဆောင်ရွက်ရမည့် ကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်း ခဲ့သည်။ အဆိုပါ ကော်မတီသည် မတ်လ(၁၅) ရက်တွင်စတင် ကွင်းဆင်း စစ်ဆေးခဲ့ပြီး နောက် တစ်ရက်တွင် လျော်ကြေးငွေများကို စတင် ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများ၏ ကြေညာချက် အရ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသနှင့် မလွတ်သော ကျေးရွာပေါင်း(၂၀) ကျော်ရှိ စိုက်ပျိုး မြေဧက (၁၄၀၀)ကျော်မှ တောင်သူ( ၅၃၆) ဦးအားမြေလျော်ကြေး ငွေကျပ်သိန်းပေါင်း (၁၅၇၀၀) ခန့်ကို မတ်လ (၁၆) ရက်မှ မတ်လ( ၃၁) ရက်အတွင်း ပေးအပ်ခဲ့ပြီး၊ လျော်ကြေးငွေများကို တစ်ဧကလျှင် ကျပ်(၁၀) သိန်းမှ(၁၅) သိန်းအထိ အမျိုးအစား သုံးမျိုးခွဲ ၍ ပေးအပ် ခဲ့ကြောင်းနိုင်ငံ ပိုင်မီဒီယာများ၏ ကြေညာချက် အရ သိရသည်။

မဇ္ဈိမ

တပ်မတော်(ရေ)၏ ဓါး (၄)စင်း၊ ဒိုင်း (၂)ခု နှင့် ချပ်ဝတ်တန်ဆာ (၁)စုံ

မြန်မာ့တပ်မတော် (ရေ) နှင့် ပတ်သက်ပြီး သတင်းကောင်းတွေ ဆက်တိုက်ဆိုသလို ကြားနေ ကြရပါတယ်....။ ဒေသတွင်းနိုင်ငံများနည်းတူ ရေတပ်အင်အားကို တိုးချဲ့လျက်ရှိပြီး ကိုယ်ပျောက် နည်းပညာသုံး စစ်ရေယာဉ်များလည်း ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်...။ မကြာတော့သော ကာလတွင် လည်း ရေတပ်၏စစ်ရေယာဉ်အသစ်များ တပ်တော်ဝင် အခမ်းအနားကျင်းပဦး မည်ဖြစ် ပါသည်....။ ရေတပ်အတွက် သတင်းကောင်းတစ်ခုအနေဖြင့် Myanmar Navy စာမျက်နှာ တွင် ဖော်ပြထားသော အချက်လက်များအား ဖော်ပြပေးပါဦးမည်....။ ဖရီးဂိတ်များ၏ အဆင့်မြှင့်တင်ခဲ့မှုများ အား ဖော်ပြပေးပါဦးမည်...။


စစ်ရေယာဉ်- မဟာဗန္ဓုလ (F-21)
 

တပ်မတော်(ရေ)၏ ဓါး (၄)စင်း၊ ဒိုင်း (၂)ခု နှင့် ချပ်ဝတ်တန်ဆာ (၁)စုံ

မကြာမီရက်များအတွင်း မြန်မာ့တပ်မတော်(ရေ)အတွက် မြန်မာ့ရိုးရာ နှစ်သစ်အခါသမယနှင့်အတူ အားသစ်လောင်းရန် FAC စစ်ရေယာဉ် (၄)စီး၊ တင့်ကားတင် ကမ်းထိုးရေယာဉ် (၂)စီး နှင့် Floating Dock (၁)စီး စု စုပေါင်း (၇)စီးအား တပ်တော်ဝင်ပြုလုပ်မည်ဟု ကြားသိရပါသည်။ FAC နှင့် ကမ်းထိုးရေ ယာဉ် များမှာ မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ Floating Dock မှာ ပြည်ပမှ ဝယ် ယူခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်(ရေ)အတွက် ပထမဦးဆုံး... Floating Dock အဖြစ် မှတ်တမ်း ဝင်တော့မည်ဟု သိရှိရပါသည်။
 

တပ်မတော် (ရေ)၏ Floating Dock ရေယာဉ်ဖြစ်ပါသည်


 
တပ်မတော်(ရေ)တွင် ပြည်တွင်းထုတ် FAC စစ်ရေယာဉ်များစွာ ပိုင်ဆိုင်ထားပြီး မြန်မာ့ရေပြင်ပိုင် နက်အား နေ့/ညမရွေး ကာကွယ်စောင့်ရှောက်လျက်ရှိခြင်းကြောင့် နိုင်ငံနှင့် တပ်မတော်အတွက် “ အ သွား ထက်သောဓါးများ ” ဟူ၍ လည်းကောင်း ၊ တင့်ကားတင် ကမ်းထိုးရေယာဉ်များသည် ရာသီ ဥတု မရွေး၊အချိန်မရွေး၊နေရာမရွေး စစ်ဖက်/အရပ်ဖက် အထွေထွေ သယ်ယူပို့ဆောင်ရေး တာဝန်များ ကို မြန်မာ့ကမ်းရိုးတန်း တစ်နံတစ်လျားအထိ ထမ်းဆောင်လျက်ရှိခြင်းကြောင့် “ ဒိုင်း ” များအဖြစ် လည်းကောင်း၊ Floating Dock သည် စစ်ရေယာဉ်များ တိုက်ပွဲဝင်အသင့်ဖြစ်ရေးအတွက် Maintenance နှင့် Repair အခန်းကဏ္ဍတွင် ရှေ့တန်းကျကျ အသုံးတော်ခံ ပါဝင်နိုင်တော့မည် ဖြစ်၍ တပ်မတော်(ရေ)၏ ချပ်ဝတ် တန်ဆာ တစ်ခုအဖြစ် လည်းကောင်း တင်စားသမုတ်၍ ဂုဏ်ပြုဖော်ညွှန်းအပ်ပါသည်။

မောင်ဝါဆို
 
Myanmar Navy စာမျက်နှာ..." အထက်ပါဖော်ပြထားသော အချက်လက်များအား လေ့လာကြည့်ရုံနှင့် ပင် မြန်မာ့တပ်မတော် (ရေ) အတွက်အထူးဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ကြောင်း သိရပါသည်...။
 

Myanmar Defence Weapons

 
 

ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ( ၁၁၆ ) ( သူရတပ်ခွဲ ) သင်တန်း ဆင်းပွဲ မှတ်တမ်း ဓါတ်ပုံများ

ဧပြီလ (၅) ရက်နေ့၊ ၂၀၁၃ ခုနှစ်၊ ဗထူးတပ်မြို့



နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်


အစ္စရေးနှင့် ပါလက်စတိုင်း အပြန်အလှန်ပစ်ခတ်

ဂါဇာကမ်းမြောင်ဒေသတွင်းမှ ပါလက်စတိုင်း စစ်သွေးကြွများသည် နှစ်ရက်အတွင်း ဒုတိယ အကြိမ်မြောက်အဖြစ် နယ်စပ်ကို ဖြတ်ကျော်၍ အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့သည်ဟု ဘီဘီစီက ဖော်ပြသည်။ ထို့သို့ မပစ်မီ စောစောပိုင်းတွင် အစ္စရေးစစ်ဘက်က ဂါဇာကမ်းမြောင် ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ယမန်နှစ် နိုဝင်ဘာလအတွင်း၌ ဟားမားစ်နှင့် အစ္စရေးတို့အကြား အပစ်အခတ် ရပ်စဲရေး သေဘာတူညီချက် ရရှိခဲ့ပြီးသည့်နောက် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။ အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် လည်းကောင်း၊ ပါလက်စတိုင်းတို့က ဒုံးကျည်ပစ် ခတ်ခြင်းကြောင့် လည်းကောာင်း ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မျှမရှိဟု ဆိုသည်။ အင်္ဂါနေ့တွင် ပါလက် စတိုင်တို့က ဒုံးကျည်တစ်စင်း ပစ်ခတ်ပြီးနောက် အစ္စရေးစစ်လေယာဉ်များက ဂါဇာကို ဗုံးကြဲခဲ့သည်ဟု အစ္စရေးတို့က ပြောသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ပါလက်စတိုင်းတို့က ဒုတိယမြောက် ဒုံးကျည်ကို ပစ်ခတ်ခဲ့သည်။

ဘီဘီစီ

အမေရိကန်နှင့် လက်ဦးမှုရယူမည့် နျူကလီးယားစစ်ပွဲ အချိန်မရွေးစတင်လာနိုင်ဟု မြောက်ကိုရီးယားပြော

နှစ်နိုင်ငံအကြား တင်းမာမှုများ ဆက်လက် မြင့်မားလာမှုကြောင့် မြောက်ကိုရီးယားက အမေရိကန်နိုင်ငံကို လက်ဦးမှုရယူမည့် နျူကလီးယားစစ်ပွဲတစ်ခု မည်သည့် အချိန်မဆို စတင် လာနိုင်ကြောင်း မြောက် ကိုရီး ယားက ပြောကြားသည်။ အမေရိကန်နိုင်ငံသည် လတ်တလော အခြေအနေအရ မြောက်ကိုရီးနိုင်ငံအပေါ် အထူးအာရုံစိုက်နေပြီး နျူကလီးယားစစ်ပွဲ ဖြစ်ပွားရန် အလျင်အမြန် ချဉ်းကပ်လာပြီဖြ စ်ကြောင်း မြောက်ကိုရီးယား ပြည်သူ့တပ်မတော် (ကေပီအေ)မှ စစ်ဦးစီးအရာရှိက ဧပြီ ၄ ရက်တွင် ထုတ်ပြန်ချက် တစ်ရပ်၌ ပြောကြားသည်။ ယင်းစစ်ပွဲသည် ဒီနေ့ သို့မဟုတ် မနက်ဖန် ဖြစ် ပွားနိုင်သည်ဟုလည်း ၄င်းက ယင်းထုတ်ပြန်ချက်တွင် ထပ်လောင်း ပြောကြားသွားသည်။ ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ဂူအမ်ကျွန်းသို့ အဆင့်မြင့် ပဲ့ထိန်းဒုံးကျည်စနစ် ဖြန့်ကြက် ချထားမှုအစီအစဉ်နှင့် ဝါရှင်တန်၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် အမေရိကန်ကို နျူကလီးယား တိုက်ခိုက်မှုအ တွက် နောက် ဆုံးအဆင့်အထိ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ယင်းနေ့ အစောပိုင်းတွင် မြောက်ကိုရီးယား စစ်တပ်က ပြောကြားသည်။ ဝါရှင်တန်အနေဖြင့် လာမည့် သီတင်းပတ်များတွင် ဂူအမ်ကျွန်းသို့ အဆင့်မြင့် ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း ပင်တဂွန်က ဧပြီ ၃ ရက်တွင် ပြောကြားထားသည်။ ထိုအတောအတွင်း မြောက်ကိုရီးယားကလည်း ၄င်း၏ အရှေ့ဘက် ကမ်းခြေဒေသသို့ ဒုံးကျည်တစ်ခုကို ရွှေ့ပြောင်းထားခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။

ပရက်စ်တီဗွီ

မြောက်ကိုရီးယား တာလတ်ပစ်ဒုံးကျည်တစ်စင်း တောင်ကိုရီးယားနှင့် ဂျပန်ကို ချိန်ရွယ်ထား

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနှင့် ဂျပန်ကို ပစ်မှတ်ထားလျက် ၄င်း၏ တာလတ်ပစ် ဒုံးကျည်တစ်စင်းကို အရှေ့ဘက် ကမ်းရိုးတန်းသို့ ပြောင်းရွှေ့ ချထားပြီးဖြစ်ကြောင်း ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ပြုံယမ်း၏ လှုပ်ရှားမှုအပေါ် အမေရိကန်နှင့် တောင် ကိုရီး ယား ထောက်လှမ်းရေး အဖွဲ့က စုံစမ်း ထောက်လှမ်းခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟတ် သ တင်းအေဂျင်စီက ဧပြီ ၄ ရက်တွင် ပြောကြားသည်။ ယင်းဒုံးကျည်သည် အကွာအဝေး အတော်အတန်ကို ပစ်ခတ် ရောက်ရှိနိုင်ကြောင်း၊ သို့သော် အမေရိကန်ပြည်မအထိ မရောက်နိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ကွမ်းကျင်းက ပြောကြားသည်။ ယင်းဒုံးကျည်သည် မူဆူဒန်ဟုခေါ်ပြီး ကီလိုမီတာ ၃ဝဝဝ ခန့် ပစ်နိုင်သည်ဟု သတင်းများက ဆိုသည်။ ယင်းဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူ ကင်အီဆွန်၏ မွေးနေ့ကျရောက်ချိန် ဧပြီလလယ်တွင် စမ်းသပ် ပစ်ခတ်ဖွယ်ရှိကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက်များက ဆိုသည်။ မြောက်ကိုရီးယား၏ မည်သည့် တိုက်ခိုက်မှုကိုမဆို ချက်ချင်း လက်တုံ့ ပြန်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံက ပြောကြားသည်။ ထိုစဉ်အတွင်း ပြုံယမ်း၏ ဒုံးကျည်ခြိမ်းခြောက်မှုကို လက်တုံ့ပြန်ရန် လိုအပ်သည်များ ပြင်ဆင်ထားကြောင်း အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ဂျေးကာနေးက ဆိုသည်။

ပရက်စ်တီဗွီ

ပြည်သူအထောက်အကူပြု သတင်းများကို သတင်းစာများ၌ ဖော်ပြမှုကြောင့် ဈေးကွက်တွင် လူကြိုက်များ


မြန်မာနိုင်ငံ၌ ယခင်က သတင်းထုတ်ပြန်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသဖြင့် ပြည်တွင်းပြည်ပ သတင်း ဖွယ်ဖွယ်ရာရာများကို ပြည်ပသတင်းဌာနများမှ ထုတ်ပြန်သော သတင်းများကိုသာ အာရုံစူးစိုက်နေ ရသော ကြောင့် အားမလိုအားမရ ဖြစ်နေသော ပြည်သူအချို့မှာ ယခုအခါ နိုင်ငံပိုင် သတင်းစာများနှင့်အတူ ဧပြီလဆန်း၌ ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေဖြန့်ချိမည့်သတင်း ကြားသိရသဖြင့် ပြည်ပသတင်း ဌာနများကို အလေးထား နားထောင်စရာ မလိုတော့ကြောင်း သတင်းကြိုက်သူ ပြည်သူတစ်ဦး ၏ ပြောပြချက်အရ သိရသည်။

''အရင်တုန်းက ပြည်တွင်းမှာ သတင်းပွင့်လင်းမှု မရှိတော့ ပြည်ပက ထုတ်လွှင့်တဲ့ BBC, VOA, RFA တို့ကို နားထောင်တဲ့ သူတွေများတယ်။ အခုတော့ နိုင်ငံပိုင် သတင်းစာတွေက အရင်နဲ့ မတူတော့ဘူး။ သတင်း ပွင့်လင်းမှုတွေ ရှိလာပြီ။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေကို အလေးထား ဖော်ပြနေကြပြီ။ ပြည်သူတွေ နား၊ မျက်စိ ပွင့်ကုန်ကြပါပြီ'' ဟု သတင်းကြိုက်သူ ပြည်သူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ဖ.ဆ.ပ.လ ခေတ်နောက်ပိုင်း ဝါဒရေးရာ စည်းရုံးရေး သတင်းများကို တစိုက်မတ်မတ် ဖော်ပြခဲ့ကြသည်။

ယခုအခါ သတင်းများအစား ပြည်သူအထောက်အကူပြု သတင်းများကို သတင်းစာများက ဖော်ပြ လာကြသဖြင့် ဈေးကွက်တွင် လူကြိုက်များလာကြောင်း အရောင်းကိုယ်စားလှယ်တစ်ဦးထံမှ ကြားသိရသည်။ အစ ကနဦးက ဧပြီလဆန်းတွင် နိုင်ငံပိုင် သတင်းစာများနှင့်အပြိုင် ပုဂ္ဂလိကသတင်းစာ ၁၆ မျိုး ထုတ်ဝေဖြန့်ချိမည်ဟု ဆိုသော်လည်း စံတော်ချိန်၊ The Voice၊ ရွှေနိုင်ငံ သစ်၊ ပြည်ထောင် စုနေ့စဉ်သတင်းစာ လေးမျိုးသာ ထုတ်ဝေဖြန့်ချိမှု ကို မြင်တွေ့ရ သည်။ ဈေးကွက် တွင် ကြေး မုံ၊ မြန်မာ့အလင်း၊ မြို့တော်၊ မြဝတီ၊ The New Light of Myanmar သတင်းစာတို့ကို တစ်စောင်လျှင် ကျပ် ၁ဝဝ နှုန်း၊ စံတော်ချိန်၊ The Voice၊ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စု နေ့စဉ်သတင်းစာတို့မှာ တစ်စောင်လျှင် ကျပ် ၂ဝဝ နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

သင်္ကြန်အထူးရထားများ အစုန်/အဆန် ပြေးဆွဲမည့် အစီအစဉ် အသိပေးကြေညာ

မြန်မာ့မီးရထားမှ သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် နေပြည်တော်-ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး လမ်းပိုင်းတို့တွင် သင်္ကြန်အ ထူးရထားများ ပြေးဆွဲပေးမည်ဖြစ်ရာ နေပြည်တော်-ရန်ကုန် အမှတ်(၃၂)အစုန်၊ အမှတ်(၈)အစုန် အမြန်ရထားနှစ်စင်းအပြင် အထူးရထား နှစ်စင်းကို ဧပြီ ၁၁ ရက်တွင် နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး အစုန်အထူးရထား(၁)သည် နေပြည်တော်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ အစုန်အထူးရထား(၂) သည် နေပြ ည်ေ တာ် မှ ည ၈ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

သင်္ကြန်အကြိုကာလအတွက် ဧပြီ ၁၂ နှင့် ၁၃ ရက်တို့တွင် အထူးရထား တစ်စင်းစီကို ရန်ကုန်ဘူတာမှ မန္တလေးဘူတာသို့ ပြေးဆွဲမည်ဖြစ်သည်။ သင်္ကြန်အလွန် ကာလအတွက် ဧပြီ ၁၇ ရက်တွင် သင်္ကြန်အထူးရထား(၁)စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်းကောင်း၊ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်များတွင် အထူးရထားနှစ်စင်းသည် ရန်ကုန် ဘူတာနှင့် မန္တလေးဘူတာမှ လည်းကောင်း၊ ဧပြီ ၂ဝ ရက်တွင် အထူးရထားတစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်းကောင်း ပြေးဆွဲသွား မည် ဖြစ်သည်။ ရန်ကုန်-မန္တလေးအဆန် အထူးရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ မိနစ် ၄ဝ တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေး-ရန်ကုန် အစုန်အထူးရထားသည် မန္တလေးဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည်။

ရန်ကုန်မှ နေပြည်တော် ခရီးစဉ်အပြင် လက်ရှိ အမှတ်(၃၁)အဆန်၊ အမှတ်(၇)အဆန် အမြန်ရထား နှစ်စင်း အဖြစ် နောက်ထပ် အထူးရထား နှစ်စင်းကို ဧပြီ ၂၁ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ အဆန် အထူးရထား(၁) သည် ရန်ကုန်မှ ည ၇ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၄ နာရီခွဲတွင် လည်းကောင်း၊ အဆန်အထူးရထား(၂)သည် ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ နေပြည်ေ တာ် သို့ နောက်တစ်နေ့ နံနက် ၅ နာရီခွဲတွင် လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။ အထက်ပါ နေပြည်တော်-ရန်ကုန် အထူး(အစုန်/အဆန်) ရထားများကို ပျဉ်းမနား၊ တောင်ငူ၊ ပဲခူးနှင့် တိုးကြောင်ကလေး ဘူတာများ တွင် ရပ်တန့်သွားမည် ဖြစ်ပြီး ရန်ကုန်-မန္တလေး အထူး(အစုန်/အဆန်) ရထားများကို တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာများတွင် ရပ်တန့်သွားမည်ဖြစ်သည်။ သင်္ကြန်ကာလ အတွင်း ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ အဆိုပါ အထူးရထား ပြေးဆွဲခြင်းကို ရပ်နား ထားမည်ဖြစ်ရာ ခရီးသွားပြည်သူများ အချိန်မီသိရှိစေရန် မြန်မာ့မီးရထားမှ ကြိုတင်အသိေ ပး ကြေ ညာထားကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ တွင် ဖော်ပြထားပါသည်။

အင်ဒိုနီးရှားတွင် မြန်မာရှစ်ဦး အသတ်ခံရမှု ဖြေရှင်းရန် မြန်မာအစိုးရ တောင်းဆို

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းဆွယ်ရှိ ရွှေ့ပြောင်းနိုင်ငံခြားသားများ ထိန်းသိမ်းရေးစခန်း၌ မြန်မာနိုင်ငံမှ ခိုးဝင်လာသည်ဆိုသူ အချင်းချင်းသတ်ဖြတ်မှုကြောင့် လူရှစ်ဦး သေဆုံးမှု ကို ဖြေရှင်း ချက်ပေးရန် မြန်မာအစိုးရက အင်ဒိုနီးရှားအစိုးရကို တောင်းဆိုသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယင်းဖြစ် စဉ် အမှန်ကို မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊ အပြစ်ရှိသူ များ၊ ပြစ် မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူပေးရန်၊ မြန်မာနိုင်ငံသားများ၏ လုံခြုံရေး ကို အလေးထား ဆောင်ရွက်ပေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီလ ၅ ရက်နေ့ တွင် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းဆွယ် မယ်ဒန်မြို့နယ် ဘယ်လဝန်ဆိပ်ကမ်းတွင် ဖမ်းဆီးထိန်းသိမ်း ထားသော မြန်မာနိုင်ငံမှ ခိုးဝင်သူအချင်းချင်း ဧပြီလ ၄ ရက်နေ့ အင်ဒိုနီးရှား စံတော်ချိန်ည ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း အင်ဒိုနီးရှား သတင်းများတွင် ဖော်ပြသည်။ ဓား သို့မဟုတ် သေကျေစေသော ကိရိယာများ ထိန်းသိမ်းရေး စခန်းအတွင်း ရောက်ရှိနေသည့် အကြောင်းအရင်းနှင့် ယင်းစခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ စောင့်ကြပ်ထိန်းသိမ်းမှု အခြေအနေများကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။ ယင်းပဋိပက္ခများသည် ၂ နာရီကြာ ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်သူများတွင် သစ်သားနှင့် သံချောင်းများကို အသုံးပြုထားကြောင်း နိုင်ငံခြားသားများ ထိန်းသိမ်းထားရာ စင်တာမှ အမှုဆောင်အရာရှိက ပြောကြားချက်ကို ဂျာကာတာဂလို့ဘ် သတင်းဌာနတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းနိုင်ငံခြားသားများ ထိန်းသိမ်းရေးဌာနတွင် မြန်မာနိုင်ငံမှ ခိုးဝင်သူအကြား ကွဲပြားခြားနားသော ယုံကြည်မှု ကိုယ်စီဖြင့် နေထိုင်သော အဖွဲ့နှစ်ဖွဲ့ ကွဲပြားနေပြီး အကြမ်းဖက်မှုမှာ ယင်းအဖွဲ့ အစည်း နှစ်ခုကြား ဖြစ်ပွားခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းများအရ သိရှိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဘယ်လဝန်ဆိပ်ကမ်းရှိ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံမှ ခိုးဝင်လာသည် ဆိုသူ ၂၁ ဦးကို ဖမ်းဆီး ထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဧပြီ ၂၄ ရက် စရောင်းမည့် CDMA 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မည်

သည်လ ၂၄ ရက်မှစပြီး CDMA- 800 MHz ဖုန်းနဲ့ WCDMA ဆင်းကတ်တွေကို ငွေကျပ်တစ်ထောင့် ငါးရာနဲ့ ရောင်းချပေးမယ်လို့ ယနေ့ည မြန်မာ့ရုပ်သံမှာ စာတန်းထိုး ကြေညာပါ တယ်။ မြန် မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “CDMA- 800 MHz နဲ့ WCDMA ဆင်းကတ်တွေကို ငွေကျပ်တစ်ထောင့်ငါးရာနဲ့ သည်လ ၂၄ ရက်နေ့ကစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့ ရောင်းချပေးမှာ ဖြစ်တယ်၊ ရောင်းချပေးမယ့် နံပါတ်တွေကတော့ 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မှာ ဖြစ်ပါတယ်။

တယ်လီဖုန်း လျှောက်ထားဖို့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းနဲ့အတူ လစဉ် အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အင်တာနက်ကိုတော့ သီးသန့် လျှောက်ထားဖို့ လိုတယ်လို့ သိရပါတယ်။ ကိုယ်စားလှယ် ကုမ္ပဏီတွေနဲ့ မိုဘိုင်းအရောင်းဆိုင်တွေကိုတော့ ရောင်းချခွင့် မပြုသေးပါဘူး။ တစ်နိုင်ငံလုံးကို အလုံးရေခွဲတမ်းနဲ့ ရောင်းချပေးမှာလို့ ဆိုပါတယ်။ ခေါ် ဆို ခနှုန်းထား ပြောင်းလဲခြင်း မရှိဘူးလို့ သိရပါတယ်။ စတင်ရောင်းချတဲ့ ရက်ကစပြီး လစဉ်အလုံးရေ သုံးသိန်း ခွဲ ရောင်းချပေးသွားမှာဖြစ်ပြီး အော်ပရေတာတွေနဲ့ အကျိုးတူ ပူးပေါင်းတည်ဆောက်မယ့် တာဝါတိုင် တိုးချဲ့စီမံကိန်းတွေ ပြီးသွားခဲ့ရင်တော့ ဖုန်းတွေကို အကန့်အသတ်မရှိ ရောင်းချပေးမယ်လို့ ရုပ်မြင် သံကြား ပြည်တွင်းသတင်းမှာ ကြေညာပါတယ်။ ဘယ်နေရာ၊ ဘယ်ဌာနတွေမှာ ရောင်းချမယ် ဆိုတာကိုတော့ မတွေ့ရပါဘူးဟု ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် မော်ဒန် ဂျာနယ် တွင် ဖော်ပြထားပါသည်။

ဆက်သွားချင်သေးတယ် ဆိုရင်