Pages

Showing posts with label ဒု သမ္မတ. Show all posts
Showing posts with label ဒု သမ္မတ. Show all posts

Sunday, January 19, 2014

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (၇) ကြိမ်မြောက် အာဆီယံမ သန်စွမ်း အားကစား ပြိုင်ပွဲ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစား နည်းများ ယှဉ်ပြိုင် နေမှုများ ကြည့်ရှု အားပေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဇန်န၀ါရီ ၁၈ ရက်နေ့ နံနက် (၁၁) နာရီခွဲ တွင် ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း၊ ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်၊ ဗိုလ်မှူး ချုပ် ကျော်ဇံမြင့် တို့နှင့် အတူ နေပြည်တော် ၌ ကျင်းပလျက် ရှိသည့် (၇) ကြိမ် မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ၏ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစား နည်းများ ယှဉ်ပြိုင် ကစား နေမှု ကို ကြည့်ရှု အားပေး သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (၇) ကြိမ်မြောက် အာဆီယံမ သန်စွမ်း အားကစား ပြိုင်ပွဲ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစား နည်းများ ယှဉ်ပြိုင် နေမှုများ ကြည့်ရှု အားပေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဇန်န၀ါရီ ၁၈ ရက်နေ့ နံနက် (၁၁) နာရီခွဲ တွင် ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း၊ ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်၊ ဗိုလ်မှူး ချုပ် ကျော်ဇံမြင့် တို့နှင့် အတူ နေပြည်တော် ၌ ကျင်းပလျက် ရှိသည့် (၇) ကြိမ် မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ၏ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစား နည်းများ ယှဉ်ပြိုင် ကစား နေမှု ကို ကြည့်ရှု အားပေး သည်။

Saturday, January 18, 2014

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများ ကြည့်ရှု အားပေး

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း သည် ဇန်နဝါရီ (၁၇) ရက်နေ့ နံနက် (၁ဝ) နာရီခွဲ တွင် နေပြည်တော် ၌ ကျင်းပ လျက် ရှိသည့် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ များကို ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်၊ ဦးတင့်ဆန်း၊ မြန်မာ နိုင်ငံ မသန်စွမ်း သူများ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်း၊ တာဝန်ရှိ ပုဂ္ဂိုလ် များနှင့် အတူ လိုက်လံ ကြည့်ရှု အားပေး သည်။

Wednesday, January 15, 2014

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင် ကြမည့် ပြိုင်ပွဲ ဝင် အားကစား သမား များ အား တွေ့ဆုံ နှုတ်ဆက်

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း သည် မြန်မာ နိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည့် (၇) ကြိမ် မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ တွင် ပါဝင် ယှဉ်ပြိုင် ရန် နေပြည်တော် တွင် ရောက်ရှိ နေသော အာဆီယံ နိုင်ငံ များမှ အသင်း အုပ်ချုပ် သူများ၊ နည်းပြ များနှင့် ပြိုင်ပွဲဝင် အားကစား သမားများ အား ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် (၁ဝ) နာရီ တွင် အားကစား လေ့ကျင့်ရေး စခန်း နေပြည်တော် ရှိ Social Zone ၌ တည်ခင်း ဧည့်ခံ သော လက်ဖက်ရည် ပွဲ သို့ တက်ရောက် ချီးမြှင့် သည်။

ပြည်ထောင်စု နေ့ ကျင်းပရေး ဗဟို ကော်မတီ အစည်း အဝေး ကျင်းပ

 
(၆၇) နှစ်မြောက် ပြည်ထောင်စု နေ့ ကျင်းပရေး ဗဟို ကော်မတီ အစည်း အဝေး ကို ဇန်န၀ါရီလ ၁၄ ရက်နေ့ မွန်းလွဲ (၂) နာရီ တွင် နိုင်ငံတော် သမ္မတ ရုံး အစည်း အဝေး ခန်းမ ၌ ကျင်းပရာ (၆၇) နှစ်မြောက် ပြည်ထောင်စု နေ့ ကျင်းပရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာ စကား ပြောကြား သည်။
 

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက္ကသိုလ် များ ဘောလုံး ပြိုင်ပွဲ ကျင်းပရေး အစည်းအဝေး သို့ တက်ရောက် အမှာ စကား ပြောကြား

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် (၉) နာရီ တွင် နေပြည် တော် ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ ၌ ကျင်းပ သည့် တက္ကသိုလ် များ ဘောလုံး ပြိုင်ပွဲ ကျင်းပရေး အစည်း အဝေး သို့ တက်ရောက် အမှာ စကား ပြောကြား သည်။ အဆိုပါ အစည်း အဝေး သို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး များ၊ ပြည်နယ် / တိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး များ၊ ဌာန ဆိုင်ရာ အကြီးအကဲ များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော် များ တက်ရောက် ကြ သည်။ ရှေးဦးစွာ ဒုတိယ သမ္မတ ဒေါက် တာ စိုင်းမောက်ခမ်း က အဖွင့်အမှာ စကား ပြောကြား သည်။ ယင်းနောက် ပညာရေး ဝန်ကြီး ဌာန ခေတ္တ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးမြင့် က တက္ကသိုလ် များ ဘောလုံး ပြိုင်ပွဲ ကျင်းပရေး ကိစ္စရပ် များနှင့် စပ်လျဉ်း ၍ ရှင်းလင်း တင်ပြ သည်။

Tuesday, January 14, 2014

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဂျပန် နိုင်ငံ အာဏာရ လစ်ဘရယ် ဒီမိုကရက် တစ် ပါတီ ဒုတိယ ဥက္ကဋ္ဌ နှင့် နိုင်ငံခြားရေး ၀န်ကြီး ဟောင်း ဦးဆောင် သည့် ကိုယ်စားလှယ် အဖွဲ့ အား လက်ခံ တွေ့ဆုံ



ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဂျပန် နိုင်ငံ အာဏာရ လစ်ဘရယ် ဒီမိုကရက် တစ် ပါတီ ဒုတိယ ဥက္ကဋ္ဌနှင့် နိုင်ငံခြား ရေး ၀န်ကြီး ဟောင်း H.E.Mr. Masahiko Komura ဦးဆောင် သည့် ကိုယ်စား လှယ် အဖွဲ့ အား ဇန်န၀ါရီလ ၁၃ ရက် နေ့ ညနေ ၃ နာရီ တွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ ၌ လက်ခံ တွေ့ဆုံ သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မြန်မာ နိုင်ငံ ကင်းထောက် ဗဟို ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်း အစည်း အဝေး သို့ တက်ရောက် အမှာ စကား ပြောကြား


မြန်မာ နိုင်ငံ ကင်းထောက် ဗဟို ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်း အစည်းအဝေး ကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် (၉) နာရီ တွင် နေပြည်တော် ရှိ ပညာရေး ဝန်ကြီး ဌာန အစည်း အဝေး ခန်းမ ၌ ကျင်းပ ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာ စကား ပြောကြား သည်။ အခမ်း အနား သို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး များ၊ တိုင်းဒေသ ကြီး နှင့် ပြည်နယ် များမှ လူမှုရေး ဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ဆက်သွားချင်သေးတယ် ဆိုရင်