Pages

Saturday, March 9, 2013

ကမ္ဘာ့ညို့ အားအပြင်းဆုံး အမျိုးသမီး ဟက်ကာ

ကမ္ဘာ့ညို့ အားအပြင်းဆုံး အမျိုးသမီး ဟက်ကာ 

အသက်က ၂၄ နှစ်ပါ။ ခုတောင် ထောင်နန်းဆံနေပြီထင် ပါတယ်။ ထောင် ဒဏ် နှစ် ၄၀ တောင် အချခံရတယ်လို့ သိရပါတယ်။ 

ရုရှားဖွား အမေရိကန်ရောက် ဟက်ကာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖွားဖြစ်ပြီး ယနေ့မှာဆိုရင် အသက် ၂၄ နှစ်ပဲ ရှိပါအုံးမယ်။ သူက အွန်လိုင်းကနေ တရားမဝင် ငွေလွဲပေးတဲ့ Money Mule အလုပ်လုပ်ခဲ့တာပါ။ ကိုယ်တိုင်ကလည်း အမေရိကန်နိုင်ငံက ဘဏ်တွေကို ဖောက်ခဲ့ပါတယ်။ 

Password အမှားတွေရိုက်၊ Zeus (Trojan horse) တွေသွင်းပြီး ငွေတွေ ယူလို့ ကြိုးစားတာ အမေရိဒေါ်လာ ၃ သန်းတန်ဖိုးရှိပါတယ်။ သို့ပေမယ့် သူတကယ် အလကားရသွားတာက အမေရိကန်ဒေါ်လာ ၃သောင်းခွဲ ပါ။ ဘဝ တစ်လျှောက်ကလည်း Money Mule အလုပ်မှာ Percentage နဲ့ ရပါတယ်။ 

မိသားစု ဆင်းရဲပြီး မိခင်တစ်ဦးတည်းရှိပါတယ်။ နယူးယောက်တက္ကသိုလ် တက်ပြီး Programming ကိုတော့ အပြင်မှာ သင်တာ ဖြစ်ပါတယ်။ ငွေ အလကားရတဲ့ နည်းလမ်းဆိုတော့ လုပ်ရင်းနဲ့ တစ်နေ့တော့ မိပါလေရော၊ မိတဲ့ အချိန်မှာ Money Mule လုပ်ငန်းနဲ့ တရားမဝင်ငွေ အလွဲအပို့လုပ်ထား တာ အတော်လေးများနေပါပြီ။ ဒါကြောင့် အမှုကြီးသွားခြင်း ဖြစ်ပါတယ်။ 

ထောင်ဒဏ်လည်းများ ဒဏ်ငွေလည်း များပါတယ်။ http://vk.com/svechinskaya_k ဒါကတော့ သူ့ရဲ့  Social account စာမျက်နှာလေးပါ။ သူမဟာ ယနေ့တိုင် ကမ္ဘာ့စွဲဆောင်မှုအရှိဆုံး (The World Sexiest Model) အဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။ 
---
Ref: wiki
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/03/blog-post_9.html

--

အသက်က ၂၄ နှစ်ပါ။ ခုတောင် ထောင်နန်းဆံနေပြီထင် ပါတယ်။ ထောင် ဒဏ် နှစ် ၄၀ တောင် အချခံရတယ်လို့ သိရပါတယ်။

ရုရှားဖွား အမေရိကန်ရောက် ဟက်ကာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖွားဖြစ်ပြီး ယနေ့မှာဆိုရင် အသက် ၂၄ နှစ်ပဲ ရှိပါအုံးမယ်။ သူက အွန်လိုင်းကနေ တရားမဝင် ငွေလွဲပေးတဲ့ Money Mule အလုပ်လုပ်ခဲ့တာပါ။ ကိုယ်တိုင်ကလည်း အမေရိကန်နိုင်ငံက ဘဏ်တွေ ကို ဖောက်ခဲ့ပါတယ်။
 

ထူးဆန်းသော တိုင်းပြည်

သောက်ရေသန့် ဘူးထိုင်ရှိခိုးတဲ့ တိုင်းပြည်မှာ
သမ္မတရားစွဲမယ်ဆိုပြီး ထလုပ်တဲ့ လူရှိတာ ဆန်းတော့မဆန်းဘူး။

ဆန်းတာက ဘာအလုပ်ဘာအကိုင်မှမရှိပဲ လက်ပန်းတောင်းတောင်ကကောင်မလေး လည်ပင်း ဆွဲကြီး ဟီးထ လာတာဆန်းတယ်...။




ကိုယ့်လူမျိုးကိုယ့်ဘာသာချစ်တာမဆန်းဘူး
ရှိတာပေါင်ပြီး ကုလားတိုင်းပြည်သွားအလုပ်လုပ်နေကြတဲ့ လူအများစုရှိတဲ့တိုင်းပြည်က ၉၆၉ ဆိုပြီး ကုလားဆိုင်း မ၀ယ်ရေးဆိုပြီး ကရောင်ကတန်း ထလုပ်နေတာဆန်းတယ်..။

လူတွေ NLD ကိုကြိုက်တာ မဆန်းဘူး.


အဖွဲ့ချုပ်အတွင်း ကုလားထိုင်လု အာဏာလု မှုတွေရှိဟု ညီလာခံ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ပွင့်လင်း မြင်သာလာသော မယ်ရွေးပွဲများ

မကြာခင် ရက်ပိုင်းက မယ်ရွေးပွဲတခု Miss International 2013 ကျင်းပခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ကြီးမှူး ကျင်းပတာပါ။ ဒိုင်တွေက မင်းသား၊ ဒါရိုက်တာ၊ မော်ဒယ်၊ အယ်ဒီ တာချုပ်၊ ဟိုတယ် လုပ်ငန်းရှင် အသင်း ငွေဆောင်ဇုန် ဥက္ကဋ္ဌ၊ မြန်မာဈေးကွက်ကော်မတီ ဥက္ကဋ္ဌ၊ ဒိုင်ချုပ်က မြန် မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ တဲ့။ သူတို့က အကဲဖြတ်ရွေးချယ်တာ တဲ့။ ဘာဆိုင် သလဲ။ ကျနော်လည်း မသိဘူးလေ။
 
(သိန်း၃၀) ဆုရသွားတာက မန္တလေးက ဂုဏ်ရည်အေးကျော် ဆိုတဲ့ ကလေးမ။ သူက ဘီအေဘွဲ့ကို အင်္ဂ လိပ် စာ နဲ့ ရထား တာ။ အင်္ဂလန်မှာလည်း ကွန်ပျူတာ သင်တန်းတက်ထားတာ ဒီပလိုမာဘွဲ့ ရခဲ့သေး တယ်။ ဒီရွေးချယ်ပွဲမှာ အင်္ဂလိပ် စကား ပိုင်နိုင်စွာ ပြောဆိုနိုင်မှုက အတော်လေး အရေးပါပုံ ရပါတယ်။ မကြာ ခင်က ဂျပန်မှာ သွားပြိုင်ခဲ့တဲ့ နန်းခင်ဇေယျာ ဆိုတဲ့ ကောင်မလေးဆို အင်္ဂလိပ်လိုအပြင် ဂျာမန် လိုေ တာင် ပြောတတ်တယ်တဲ့။ သူက နိုင်ငံခြား ဧည့်လမ်းညွှန်ကိုး။ 
 

ကျွန်တော် ပြောပြချင်ပါသည် ( ၃ )

( ၁ ) အာဏာရှင်မလိုလား ဆိုသူတို့က အာဏာရှင်ဆန်နေပါလား

အာဏာ ရှင်ဆိုတာ ဘာလဲ ။ အလွယ်ပြောရ ရင်တော့ ငါပြောသလိုလုပ် ငါပြောတာနားထောင် ငါခိုင်းတာလုပ် ပြန်မပြောနဲ့ ခိုင်းတာလုပ် ပေးရင်ယူ ကျွေးရင်စားပေါ့ ( ငါ ) တလုံး ပေါ့ဗျာ။ ဒီမိုကရေစီ ဆိုတာမှာလဲ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့် ၊ လွတ်လပ်စွာ ဆွေးနွေးခွင့် ဆိုတာတွေ ပါနေတယ် ဆိုတာလဲ သိရှိပြီး ဖြစ်မှာပါ။

ကြားဖူးပါလိမ့်မည်။ တွေ့ဘူးပါလိမ့်မည်။ ဘယ် ဂျာနယ်ရဲ့ Page မှာတော့ ကွန့်မန့် ပိတ် ခံ တယ်။ဘယ် ဂျာနယ်ရဲ့ ဆိုဒ် / Page မှာတော့ ဘန်းခံရတယ် ဆိုတာမျိုးလေးတွေ ပေါ့။ အဲ့လို လုပ်တဲ့ ဂျာနယ်တွေ ကိုကြည့်လိုက်ပါ ။ ဘယ်သူက တော့ အာဏာရှင်စနစ်ကို ပြန်အသက်သွင်း ချင်နေတယ်။ ဘယ်သူကတော့ ယခင် စနစ်ဟောင်း ကို လိုလားတယ်နဲ့ ဘာမဟုတ်တဲ့ အွန်လိုင်းအကာင့် လေးတွေ ကို အပုပ်ချ တိုက်ခိုက်နေတဲ့ ဂျာနယ် တွေ ဖြစ်နေတာ ကိုတွေ့ ရမှာ ဖြစ်ပါတယ်။ 
 
အချို့ ဂျာနယ်တွေ ၊ အချို့ စတုတ္တ မဏ္ဍိုင် တွေ လုပ်နေတာက ဒီမိုကရေစီလား အာဏာ ရှင်လား။ ငါရေးတာ ဖတ်။ ငါပြောတာပဲ နားထောင်။ ငါတင်တဲ့ သတင်းသာ အမှန်။ ကျန်တာက လိမ် နေတာ။ ခေတ်နောက်ပြန် ဆွဲနေတာ ဆိုတာမျိုး က အာဏာ ရှင် မဆန်ဘူးလား။
 

တအာင်းပလောင်ဒေသ ရက်ပိုင်းအတွင်း တိုက်ပွဲ ပိုစိပ်လာ

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ ယနေ့နံက် (၉) နာရီ အချိန်က ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင်း၌ ရင်ဆိုင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား ခဲ့သည်ဟု အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှုး တာဘုန်း ကျော်က ဆိုသည်။

“နမ့်ဆန်မြို့နယ်မှာရှိတဲ့ အနောက်ကင်းနဲ့ ဆာမ်ငါမ်ကျေးရွာ နှစ်နေရာမှာ နေရာ ယူထားတဲ့ ကျနော်တို့ အမှတ်၂၅၆ တပ် ရင်း လက်အောက်ခံ တပ်ခွဲတွေကို အစိုးရ တပ်ဖွဲ့တွေက စစ်ကြောင်း (၄) ကြောင်းနဲ့ စစ်ဆင်လာလို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ရတာပါ။” ဟု ဆိုသည်။

ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို KIO မှ ကြိုဆိုမည်

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူများအား ကြိုဆိုရန် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO က ကော်မတီအဖွဲ့တခုကို ယနေ့ သောကြာနေ့တွင် ဖွဲ့စည်းလိုက်သည်ဟု ကော်မတီခေါင်းဆောင် တဦးဖြစ်သူ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

၎င်းကော်မတီအဖွဲ့ကို KIO စစ်ပြေးဒုက္ခသည်များ အကူအညီပေးရေး တာဝန်ခံ ဦးဒွဲပီဆားနှင့် ဗိုလ်မှူးကြီး အင်ဘန်ဘွမ်ဆင်ဝါးတို့ နှစ်ဦးအား ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင်ပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မြို့အလှကို ဖျက်ဆီးနေသူများ ရှာဖွေဖော်ထုတ်သင့်


ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့သည် ကချင်ပြည်နယ်၏ မြို့တော် ဖြစ်ပြီး မြို့အင်္ဂါရပ်နှင့် ညီညွတ်စရေန် ပြည်နယ် အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများက ဒေသခံ ပြည်သူနှင့် ပူးပေါင်းကာ မြို့ပြ သာယာ လှပရေးကို ဆောင်ရွက်လျက် ရှိသကဲ့သို့ ထိုလှပမှုကို အကျည်းတန် စေသော ဖျက်ဆီးမှု ပြုမူနေသူ များလည်း ရှိသဖြင့် နီးစပ်ရာ ဒေသခံ ပြည်သူများ နှင့် တာဝန်ရှိ သူများ က ရှာဖွေ ဖော်ထုတ် သင့်သည်။

ယခုကဲ့သို့ မြို့အလှကို ဖျက်ဆီးခံ ရမှုမှာ မြို့သစ် ရပ်ကွက် ၊ ပြည်ထောင်စု လမ်းမကြီး နှင့် ဆွမ်ဘရာဘွမ် လမ်းဆုံထောင့်ရှိ အများပြည်သူ ထင်သာမြင်သာ ရှိသည့် အမြင့် ၅ ပေခန့် အုတ်တံတိုင်း အဖြူရောင် တွင် အနက်ရောင် စပရေး မှုတ်ဆေးဘူး ဖြင့် ကြောင်တောင်တောင် နိုင်လှသည့် အင်္ဂလိပ် စာလုံးများကို ပန်းမှုတ် ထားပြီး နိုင်ငံတကာ မှ ကမ္ဘာလှည့် ခရီးသွားများ မြင်လျှင် ထိုမြင်ကွင်း အတွက် ရှက်ဖွယ် အလွန် ကောင်းလှ သည်။

လူ့ အခွင့်အရေး အပြည့် အ၀ ရရှိနေသည့် မြန်မာ့ အသိုင်းအဝိုင်းတွင် ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုအရ အမျိုးသမီးများအား လည်း ခွဲခြား ဆက်ဆံမှုမရှိ

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို မတ် ၆ ရက်တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်း အသီးသီးတွင် အမျိုးသမီးများ ပါဝင်မှု ၃ဝ ရာခိုင်နှုန်းထိ ပါဝင်လာရေးအတွက် မူဝါဒချမှတ် ဆောင်ရွက်ရန်နှင့် စပ်လျဉ်း၍ မေးမြန်းရာ သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ရှင်းလင်း ဖြေကြားရာတွင် ယနေ့ ၂၁ရာစုတွင် အမျိုးသမီး များသည် အမျိုးသားများနှင့် ဒိုးတူပေါင်ဖက် နယ်ပယ်အသီးသီးတွင် ဝင်ရောက် လုပ်ကိုင်နေ ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အခြား ကမ္ဘာ့နိုင်ငံများနည်းတူ အမျိုးသမီးများ ပါဝင်ဆောင် ရွက် နေ ကြပါကြောင်း၊ မြန်မာ့အသိုင်းအဝိုင်းတွင် ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုအရ အမျိုးသမီးများအား ခွဲခြား ဆက်ဆံနေမှု များသည် မရှိသလောက်ဖြစ်ပြီး အခြားအာရှနိုင်ငံ များနှင့် နှိုင်း ယှဉ်ပါက သာလွန်ကောင်းမွန် သည်ကို အမှန်တွေ့မြင်နေရ ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားပြည်တွင်း ဥပဒေများတွင်ပါ ကျား၊မ ခွဲခြားခြင်းမရှိဘဲ တန်းတူရည်တူ နေရာပေးဆောင်ရွက်နိုင် ရန် ပြဋ္ဌာန်းထား ပါကြောင်း။ 
 

ပြည်သူများမစိုးရိမ်ရန် ငွေစက္ကူတုကိစ္စ ဗဟိုဘဏ် ပညာပေးမည်

ငါးထောင်ကျပ်တန် ငွေစက္ကူအတုများ ပေါ်ထွက်နေသည့် သတင်းများကြောင့် အများပြည်သူ ပူပန်မှု မရှိစေရန် ငွေစက္ကူအတုများနှင့် စပ်လျဉ်း၍ အသိပညာပေးမှုများကို လိုအပ်သည့်အချိန်တွင် သတင်းစာ၊ ဂျာနယ် များမှ တစ်ဆင့် ထုတ်ပြန်သွားမည်စြဖ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် ၅၀၀၀ ကျပ်တန် ငွေစက္ကူအတုများ မလည်ပတ်နိုင်ရန် ငွေကြေးဆိုင်ရာ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ငွေစက္ကူအတု အစစ်ခွဲခြားသည့် စက်များဖြင့် ကြပ်မတ်နေသော်လည်း ဘဏ်များတွင် ငွေကြေးလည်ပတ်မှု ပမာဏအရ ငွေစက္ကူအတုတွေ လက်ခံရရှိနိုင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင် က ပြည်သူ့လွှတ်တော်တွင် မတ်လ ၇ ရက်နေ့က ရှင်းလင်းပြောဆိုခဲ့ သည်။

ဖြေလျော့မှု တခု အနေဖြင့် တံခါးနှစ်ပေါက်ပါ ပစ်ကပ်ယာဉ်များ အားလုံး စလစ်မလိုဘဲ တင်သွင်းခွင့်ပြု

၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တံခါးနှစ်ပေါက်ပါ ပစ်ကပ်ယာဉ်များ အားလုံးကို လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ကာ တင်သွင်းခွင့်ပြုသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။ ယင်းသို့ ၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တံခါးနှစ်ပေါက်ပါ ပစ်ကပ်ယာဉ်များ အားလုံးကို လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်လိုက်သဖြင့် Hilux, Extra Cab စသည့် တံခါးနှစ်ပေါက် ပစ်ကပ်ယာဉ်များကို လုပ်ငန်းသုံးယာဉ်များ အခွန်ဆောင်ရသည့် နှုန်းအတိုင်း ကုန်သွယ်ခွန်နှင့် က.ည.န အခွန် စုစုပေါင်း တင်သွင်းလာသောကား CIF တန်ဖိုး၏ ၈ ရာခိုင်နှုန်းသာ အခွန်ဆောင်ရမည်ဖြစ်သည်။ ယခင်က Light Truck ယာဉ်များနှင့် အခြားလုပ်ငန်းသုံး ယာဉ်များကိုသာ လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ကာ Hilux ကားများကိုမူ ယာဉ်အိုဟောင်း အပ်နှံစနစ်ဖြင့် တင်သွင်းခဲ့ရခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် မေလတွင် ၂၀၀၇ ခုနှစ်အထက် အိမ်စီးယာဉ်များကိုသာ နိုင်ငံခြားငွေ စာရင်းဖွင့်လှစ်၍ ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် စလစ်မလိုဘဲ တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

နိုင်ငံတော်သမ္မတကိုယ်တိုင် ချီးမြှင့်မည့် ပညာရပ်ဆိုင်ရာ ထူးချွန်ဆု ယခုနှစ် စတင်မည်

အဆင့်မြင့်ပညာရေး ကဏ္ဍအတွက် နိုင်ငံတော်သမ္မတကိုယ်တိုင် သီးသန့်ချီးမြှင့်သော ပညာရပ်ဆိုင်ရာ ထူးချွန်ဆုကို ယခုနှစ်တွင် ပထမအကြိမ် စတင်မည်ဖြစ်ကြောင်း ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။ 

 “အများပြည်သူကို အကျိုးပြုတဲ့၊ လူမှုစီးပွားရေး နယ်ပယ် တိုးတက်ဖို့အတွက် အကျိုးပြု အသုံးချနိုင်တဲ့ တီထွင်ကြံဆတဲ့ ပညာရပ်ဆိုင်ရာ ဆုပေးဖို့ ရည်ရွယ်ပြီး ပေးတာပါ” ဟု ၎င်းကဆက်လက် ပြောကြားသည်။ အဆိုပါဆုကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ချီးမြှင့်မည်ဖြစ်ကြောင်း မတ်လ ၈ ရက်နေ့က ပြုလုပ်သော အဆိုပါဆုအတွက် ပဏာမ ရွေးချယ်ထားသူများကို အကဲဖြတ်သည့် ရွေးချယ်ပွဲတွင် ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။ 

အတိုက်အခံသာ လုပ်တတ်သော လွှတ်တော် အမတ် နိုင်ငံခြား ခရီးစဉ်များ နှင့် ကွာခြားချက် အနေဖြင့် အမှန်တကယ် တိုင်းပြည် အတွက် အလုပ် လုပ်သော သမ္မတ ၏ ဥရောပခရီးစဉ် ကြောင့် မြန်မာ့ ပို့ကုန်များ ဈေးကွက်ပိုမို ရရှိလာမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး ဥရောပငါးနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဆွေးနွေးမှုရလဒ် အချို့အရ စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ခြင်းနှင့်အတူ အခွန်သက်သာခွင့်များ ရရှိလာသောကြောင့် အထည်ချုပ်၊ ရေထွက်ပစ္စည်းနှင့် စိုက်ပျိုးရေးပို့ကုန်များ ဈေးကွက်ပိုမိုရရှိလာ မည်ဖြစ်ေ ကြာင်း မြန်မာ့ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမိုးမြင့်ကျော် က ပြောကြားခဲ့သည်။ 

ဥရောပနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများကို အထူးအခွန်ကင်းလွတ်ခွင့် ဖြစ်သည့် (Generalized System of Preference-GSP) ကို မြန်မာနိုင်ငံက ယခင်နှစ်ကတည်းက ခံစားခွင့်ရရှိထားပြီး ဖြစ်သော်လည်း လက်တွေ့မခံစားရသေးဘဲ သမ္မတခရီးစဉ်တွင် အဆိုပါ GSP ကို လက်တွေ့ရရှိရန် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းကဆက်လက် ပြောကြားသည်။ 

ဆက်သွားချင်သေးတယ် ဆိုရင်