Pages

Saturday, January 26, 2013

လဂျားယန် တပ်စခန်းအား ကယ်တင်ခြင်း



မြို့တော် မြစ်ကြီးနားနှင့် တောင်ဘက်ရှိ ဗန်းမော်မြို့ကိုဆက်သွယ် ထားသော အရှည် ၁၁၄ မိုင် ရှိ ပြည်ထောင် စု လမ်းမကြီးသည် ကချင်ပြည်နယ်၏ အသက်သွေးကြော သဖွယ် အရေးပါ လှပါ သည်။ ဒေသနေ ပြည်သူ အများစုမှာ ဤလမ်းမကြီးကို အမှီသဟဲပြု နေ့ညဖြတ်သန်း သွားလာနိုင် ပြီး မြစ်ကြီးနားမှ ဗန်းမော်မြို့ထိခရီးသည် ၆ နာရီ ခရီးသာ ကွာဝေးပါသည်။ ယင်းခရီး တစ်ဝက်ခန့်တွင် လဂျားယန်ရွာရှိပြီး လဂျားယန်သည် လိုင်ဇာမြို့၏ ဝင်ထွက် ပေါက်လည်း ဖြစ်ပါသည်။
          ကချင်ပြည်နယ် သည် ၁၉၉၄ ခုနှစ်၊ KIA တို့ ငြိမ်းချမ်းရေး ယူစဉ် ကတည်းက တည်ငြိမ်အေးချမ်း နေခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် တာပိန် ရေအားလျှပ်စစ် စီမံကိန်း လုံခြုံရေး တာဝန် ထမ်းဆောင် နေသော တပ်မတော် အရာရှိနှစ်ဦးအား KIA တို့မှ ဖမ်းဆီးထိန်းသိမ်း ခဲ့သဖြင့် ၄င်းကိစ္စ အပေါ် အေးချမ်းစွာ ဖြေရှင်းရန် သွားရောက်ခဲ့သည့် အခြေချ စစ်ဗျူဟာမှူးဦးစီး စစ်ကြောင်း ကို ဆန်ခါစခန်း၊ ထုံးဘိုစခန်းများရှိ KIA တို့မှ စောင့်ကြိုပစ်ခတ် ခဲ့ရာမှ တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့ပါသည်။         

လဂျားယန် တပ်စခန်းသည် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးနှင့် နယ်မြေ အေးချမ်းရေး အတွက် အရေးပါသော တပ်စခန်း ဖြစ်ပါသည်။ ယင်းစခန်းသည် ၁၉၉၄ ခုနှစ်၊ KIA တို့ နှင့် ငြိမ်းချမ်းရေး မယူစဉ် ကတည်းက မိမိ တပ်မတော်မှ အခြေချခဲ့ပြီး နယ်မြေ လုံခြုံရေး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေး ဆောင်ရွက်ထားမှု ကိုအခွင့်ကောင်း ယူကာ KIA တို့က လဂျားယန် စခန်းအနီးသို့ တိုးချဲ့ လှုပ်ရှားအခြေပြု လာကြသဖြင့် ပုံတွင် ဖေါ်ပြထား သည့်အတိုင်း တပ်မတော် စခန်းငယ် တစ်ခုအား KIA အင်အား အများအပြား ဖြင့် ဝိုင်းပတ် ပိတ်ဆို့ထား သည့် အခြေအနေ သို့ရောက်ရှိခဲ့ရ ပါသည်။


လဂျားယန်တွင် တာဝန် ထမ်းဆောင် ရသည့် စစ်သည်များ အတွက် ရိက္ခာပို့ဆောင် သည့်လုပ်ငန်းသည် စစ်ဆင် တိုက်ခိုက်ရန် လှုပ်ရှား ဆောင်ရွက်သည့် ကိစ္စမျိုး မဟုတ်ဘဲ သာမန် လုပ်ရိုးလုပ်စဉ် အုပ်ချုပ်မှု ကိစ္စသာ ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင် သည့်အချိန်တိုင်း တပ်မတော် အနေဖြင့် အသိပေးရန် မလိုသော်လည်း KIA အဖွဲ့ထံ စာဖြင့် ကြိုတင်အသိပေး အကြောင်းကြား ပြီးမှသာ ဆောင်ရွက် ခဲ့ပါသည်။ သို့သော် ရိက္ခာ ပို့ဆောင်စဉ်တိုင်း KIA တို့မှ အင်အား စုစည်း၍ နေရာအနှံ့အပြားမှ စောင့်ကြို တိုက်ခိုက်ခဲ့ ပါသည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လဂျားယန်လုံခြုံရေး တပ်စခန်း သို့ ရိက္ခာပို့ဆောင် မည့်အကြောင်းကို ငြိမ်းချမ်းရေး အကျိုး တော်ဆောင်အဖွဲ့မှ တစ်ဆင့် KIA အဖွဲ့ထံ တရားဝင်စာဖြင့် အကြောင်းကြား ခဲ့ပါသည်။ KIA တို့က စောင့်ကြို တိုက်ခိုက်ခဲ့ ပြန်ပါသည်။ ရိက္ခာ ပို့ဆောင်ခဲ့ သည့်အကြိမ်တိုင်း KIA တို့၏ စောင့်ကြို တိုက်ခိုက်မှု ကြောင့် စုစုပေါင်း တပ်မတော်သား ၃၅ ဦးကျဆုံးကာ ၁၉၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ပါသည်။
 
လဂျားယန်သို့ ရိက္ခာပို့ဆောင်စဉ် KIA အဖွဲ့၏ တိုက်ခိုက်ခဲ့မှုကြောင့် ကျဆုံးဒဏ်ရာရခဲ့သည့် စာရင်း
စဉ်
ကာလ
တိုက်ပွဲကြီး
တိုက်ပွဲသေး
သေ
ဒဏ်ရာရ
မှတ်ချက်
ပထမအကြိမ်
၂၅
၁၃
၄၈

ဒုတိယအကြိမ်

တတိယအကြိမ်
၁၃
၂၁
၁၃၃


စုစုပေါင်း
၁၁
၄၅
၃၅
၁၉၀

လဂျားယန် စခန်းရှိ စစ်သည်များ အနေဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရိက္ခာကုန် မည်ဖြစ် သော်လည်း ကျန်ရှိသည့် ရိက္ခာ အနည်းငယ်အား ရိက္ခာ လာရောက် ပို့ဆောင်သူများ မရောက်မီ အချိန်အတွင်း နေ့စဉ် ချွေတာစားသုံး နေခဲ့ရပါသည်။ ဤသို့ စားသုံး နေရသည့်ရက်များ ရှည်ကြာလာ ခဲ့သည့်အတွက် ရိက္ခာလက်ကျန် မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရပြီး အချိန်မီ ရိက္ခာ မပို့ဆောင်နိုင်ပါက အစာရေစာ ပြတ်လပ်၍ သေဆုံးခြင်း၊ သို့မဟုတ် KIA မှ ဖမ်းဆီးမှု ခံရခြင်း၊ သို့မဟုတ် နှစ်မျိုး စလုံး ဖြစ်နိုင်ဖွယ် ရှိပါသည်။ ယင်း အခြေအနေတွင် KIA တို့က လဂျားယန် စခန်းအား အပြင်မှ သံဆူးကြိုး ကာရံ၍ အဆက်အသွယ် ဖြတ်တောက် ပိတ်ဆို့ ထားခဲ့ပါသည်။
လဂျားယန် တပ်စခန်းမှ စစ်သည်များ၏ ရိက္ခာ ပြတ်လတ်မှုနှင့် လုံခြုံရေး အန္တရာယ် များ တွေ့ ကြုံ နေ ရသည့် အခြေအနေတို့မှ ကယ်တင်နိုင်ရန် တပ်မတော် အနေဖြင့် လမ်းကြောင်း ရှင်းလင်းသည့် တိုက်ခိုက်မှု တစ်ခုကို ရည်မှန်းချက် ကန့်သတ်ချက်၊ နယ်မြေ ကန့်သတ်ချက်နှင့် အင်အား ကန့်သတ်ချက် တို့ထားရှိပြီး မလွှဲမရှောင်သာ ဆောင်ရွက် ခဲ့ရပါသည်။
ယင်းတိုက်ခိုက်မှုတွင် KIA တို့မှ ယခင် ထင်မှတ်ထား သည်ထက် အင်အား များပြား လွန်းနေခြင်း ၊ နေရာ အများ အပြားတို့မှ အခိုင်အမာ ခံစစ်ဆင် ပိတ်ဆို့ထားခြင်း ၊ မြေမြှုပ်မိုင်းများ၊ ချိန်ကိုက် မိုင်းများ ၊ ဆွဲမိုင်းများ အများအပြား အသုံးပြု တိုက်ခိုက်ခြင်း ၊ တပ်မတော် စစ်ကြောင်း များချီတက်ရာ လမ်းဝဲယာ တောင်ကုန်း များပေါ်မှ ပြင်းထန်စွာ ပိတ်ဆို့ခုခံခြင်း များကြောင့် တပ်မတော် အနေဖြင့် လဂျား ယန် စခန်းသို့ ရိက္ခာ အချိန်မီ ရောက်ရှိရေး အလို့ငှာ အရပ်သားပစ် မှတ်များကို မထိခိုက် စေဘဲ အကန့် အသတ်ဖြင့် ပစ်ကူရယူ တိုက်ခိုက် ဆောင်ရွက်ခဲ့ ရပါသည်။
နိုင်ငံတော် အစိုးရနှင့် တပ်မတော် တို့သည် ငြိမ်းချမ်းရေး ကိုအမှန်ပင် လိုလားကြောင်း ထပ်ခါ တလဲလဲ ပြောကြား ခဲ့ပြီးဖြစ် ပါသည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတက ထိုးစစ်ဆင် တိုက်ခိုက်မှုများ မပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး တပ်မတော် အနေဖြင့် တိကျစွာ လိုက်နာလျက် ရှိပါသည်။ KIA အဖွဲ့နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို အလွတ်သဘော ၄ ကြိမ် ၊ ပြည်နယ် အဆင့် ၃ ကြိမ် ၊ ပြည်ထောင်စု  အဆင့် ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း
KIA အဖွဲ့နှင့် ပြည်နယ်/ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း

          သို့သော် KIA အဖွဲ့အနေဖြင့် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ မှ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၅ ရက်နေ့ထိ  တပ်မတော် စစ်ကြောင်းများ သာမက စစ်ရေးအရ မဟုတ်သည့် လမ်းတံတားများ အားဖောက်ခွဲ ဖျက်ဆီးခြင်း ၁၉၈ ကြိမ်၊ အရပ်သား များအား မိုင်းဖြင့် တိုက်ခိုက်ခြင်း ၆၆ ကြိမ် ၊ လုယက် ဖျက်ဆီးခြင်း ၉၈ ကြိမ် ၊ လူသစ်များ အဓမ္မ ဖမ်းဆီးခြင်း ၃၅ ကြိမ် ပြုလုပ်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ရွှေလီမြို့တွင်ပြုလုပ် ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် နှစ်ဘက်ကြိုတင် ညှိနှိုင်းချက်အရ တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးရန် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးကို ပင်လျှင် အဖွဲ့ဝင်အဖြစ် စေလွှတ် ပေးခဲ့ပါသည်။ KIA ဘက်မှ အရေးပါသည့် ခေါင်းဆောင်ပိုင်း တက်ရောက်မှု မရှိခဲ့ခြင်းကြောင့် ထိရောက်သည့် ဆွေးနွေးမှုများ မပြုလုပ် နိုင်ခဲ့ခြင်းမှာ ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွား လာရခြင်း၏ အခြေခံ အကြောင်း တစ်ချက်ဖြစ်ပါသည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အထ မမြောက်ခဲ့ သော် လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ၁ ကြိမ်၊ ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ၁ ကြိမ် KIO အဖွဲ့ထံသို့ တရားဝင် ကမ်းလှမ်းမှုများ ဆက်လက်ပြု လုပ်ခဲ့ပါသည်။ 
 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ် ပြန်ရေးအဖွဲ့ ၏ သတင်း ထုတ်ပြန်ချက် ( ၃ / ၂၀၁၃ ) ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သော်လည်း ၎င်းနေ့တွင်ပင် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက် နေသော ကာမိုင်း ပြည်သူ့ရဲ စခန်းအား ၀င်ရောက် တိုက်ခိုက်ခြင်း ၊ ဗန်းမော် - လွယ်ဂျယ် လမ်းရှိ အရပ်သား ကားများ မိုင်းခွဲ တိုက်ခိုက်ခြင်း ၊ ဖားကန့်ဒေသရှိ ကျောက်မျက် ကုမ္ပဏီများအား ၀င်ရောက် မီးရှို့ ဖျက်ဆီးခြင်း စုစုပေါင်း ၁၁ ကြိမ် အကြမ်းဖက် တိုက်ခိုက်ခဲ့ ပါသည်။
 
အချုပ်အားဖြင့်   တပ်မတော် အနေဖြင့် တိုင်းရင်းသား များအား တိုက်ခိုက်ခြင်း မဟုတ်ဘဲ လမ်းပန်း ဆက်သွယ် မှု လုံခြုံ ချောမွေ့ စေရေးနှင့် ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်အား နှောင့်ယှက် ဖျက်ဆီးလျက် ရှိသော မည်သည့် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းကို မဆို တပ်မတော်၏ တာဝန်အရ ကာကွယ် တိုက်ခိုက်ရခြင်း ဖြစ်ပါကြောင်းဖော်ပြအပ်ပါသည်။

 
ပြည်ချစ်သား

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်