Pages

Tuesday, January 29, 2013

တာဝန်ကျေပွန်ပြီး စစ်ရေးစွမ်းရည် ထူးချွန်မှုများကြောင့် စစ်မြေပြင်တွင် အဆင့်တိုးမြှင့်ကြသူများ


ကချင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်သည့် အချိန်မှ စ၍ အကန့်အသတ်ဖြင့် ဆင်နွှဲခဲ့ရသော စစ်ပွဲ အတွင်း တာဝန်ကျေပွန်ပြီး စစ်ရေးစွမ်းရည် ထူးချွန်သည့် အရာရှိ၊ စစ်သည်များအား တစ်ဆင့်မြင့်ရာထူး (Jump promotion) စစ်မြေပြင် အဆင့်တိုးပေးခဲ့သည်ဟု သိရသည်။

စစ်မြေပြင် အဆင့်တိုးမြှင့်ခြင်း ခံရသည့် အရာရှိ၊ စစ်သည်မှာ ဆုံးဖြတ်ချက် မှန်ကန်ခြင်း၊ ရဲရင့်မှု ရှိခြင်း၊ ကာကွယ်မှုနှင့် လုံခြုံမှု ရှိခြင်း၊ တာဝန်ကျေ ပွန်ခြင်း ၊ စစ်ရေးစွမ်းရည် ထက်မြက်ခြင်း စသည့် အချက်များ အပေါ် မူတည်၍ အထူးကိစ္စ တစ်ရပ်အနေဖြင့် ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။


၂၈-၁-၂၀၁၃ ရက်နေ့တွင်

(၁) စစ်ဦးစီးမှူး(ပထမတန်း) (၁)ဦးအား ယာယီနည်းဗျူဟာ မှူး အဆင့်
(၂) တပ်ရင်း(၄)ရင်းမှ ဗိုလ်မှူး (၄)ဦးအား ဒုတိယ ဗိုလ်မှူးကြီး အဆင့်
(၃)ယာယီ တပ်ခွဲမှူး(ဗိုလ်မှူး) (၁)ဦးအား ဗိုလ်မှူး အဆင့်
(၄) တပ်ရင်း(၄)ရင်းမှ ဗိုလ်ကြီး(၈) ဦးအား ယာယီတပ်ခွဲမှူး(ဗိုလ်မှူး) အဆင့် (တပ်ပြောင်း)
(၅) တပ်ရင်း(၈)ရင်းမှ ဗိုလ်(၁၂) ဦးအား ဗိုလ်ကြီး အဆင့်
(၆) တပ်ကြပ်ကြီး အဆင့်(၂)ဦးအား ဒုအရာခံဗိုလ် အဆင့်
(၇) တပ်ကြပ် (၂)ဦးအား တပ်ကြပ်ကြီး အဆင့်
(၈) ဒုတက(၂) ဦးအား တပ်ကြပ် အဆင့်
(၉) တပ်သားအဆင့် စစ်သည် (၈) ဦးအား ဒုတိယ တပ်ကြပ် အဆင့်သို့ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

ထို့ပြင် စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ အား ချီးကျူးဂုဏ်ပြုကြောင်း သ၀ဏ် လွှာများ၊ အသိအမှတ်ပြု ဂုဏ်ပြု လက်မှတ်များနှင့် သက်ဆိုင်ရာ တပ်ရင်း၊ တပ်မ၊ တိုင်းအလိုက် ရာထူးပေး အပ်ချီးမြှင့်မှု များလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တရားသော စစ် ဆင်နွှဲခဲ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်သော တပ်မတော် သား အားလုံး အောင်ပွဲများ ဆွတ်ခူး နိုင်ပါစေ။“
Opposite Eye

1 comment:

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်