Pages

Friday, February 15, 2013

ရုပ်ရှင်ထုပ်လုပ်သူ တစ်ဦးက ရုပ်ရှင်အစည်းအရုံး ဥက္ကဌနှင့် အဖွဲ့ဝင် အချို့ နှုတ်ထွက်ပေးရန် လွှတ်တော်သို့တိုင်ကြားထား

ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးက ရုပ်ရှင်အစည်းအရုံးဥက္ကဌအပါအ၀င် အဖွဲ့ဝင်အချို့အား နှုတ်ထွက်ပေးရန် လွှတ်တော် သို့တိုင်ကြားထားကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက ယနေ့ပြု လုပ်သော သ တင်း စာ ရှင်းလင်းပွဲ တွင်ပြောကြားခဲ့သည်။"သူတို့က မြန်မာနိုင်ငံဗီဒီယိုအခြေခံအစည်းအရုံး ဆိုပြီးခွဲ ထွက် မယ် လို့ခြိမ်းခြောက်လာပါတယ် စည်းလုံးညီ ညွတ်ေ န တဲ့ အစည်းအရုံး တစ်ခုပြိုကွဲမှာေ ကြာက် လို့ အတွင်းစည်းအနေ နဲ့ဒီပြဿနာကို ညှိနှိုင်းခဲ့ ပါ တယ် မရ တဲ့ အတွက် ဒီလိုသတင်းစာ ရှင်း လင်း ပွဲ လုပ်ရတာပါ ကျွန်တော်အပါအ၀င် ရုပ်ရှင်အစည်း အရုံး က အတွင်းရေးမှုးကိုပါ နှုတ်ထွက်ဖို့ တိုင် ကြား စာ မှာထည့် သွင်း တိုင်ကြား ထားတယ် " ဟု ဦးဇင်ဝိုင်း ကပြောသည်။

မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေး ပိုင်ရှင် ဖြစ်သူ ဦးဝင်းကိုက ရုပ်ရှင်အစည်းအရုံးဥက္ကဌနှင့် အဖွဲ့ဝင် တစ် ချို့ အား တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အပတ်စဉ်ထုတ်ဂျာနယ် တစ်စောင်တွင် လည်း ဖော်ပြ ထားေ သာေ ၾကာ င့် ရုပ်ရှင်အစည်းအရုံးမှ ပြန်လည်ဖြေရှင်းခြင်းဖြစ်သည်။

Messanger News Journal

လွိုင်ကော်မြို့တွင် သတ္တမတန်း ကျောင်းသူတဦး ကြိုးဆွဲချ သေဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် ကျောင်းသူတဦး ကျောင်းစာ မလိုက်နိုင်၍ ကြိုးဆွဲချကာ သေဆုံးသော ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၆ ရက်နံနက်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ မိုင်းလုံးရပ်ကွက်နေ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ သတ္တမတန်းတွင် ပညာသင်ကြားနေသူ မစော(ခ)မသဲ အသက် (၁၈)နှစ် ဖြစ်သည်။

အဆိုပါနေ့နံနက် ၇ နာရီအချိန်ခန့်က သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်နန်းစံသည် နေအိမ်အောက်ရှိ မီးဖိုချောင်၌ ထမင်း၊ ဟင်းချက်ပြုတ်ပြီးနောက် နေအိမ်အပေါ်ထပ်သို့ ဆွမ်းတော်တင်ရန် တက်ရောက် သွားစဉ် သမီးဖြစ်သူ၏ စာကျက်သံမကြားရ၍ အိပ်ခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုရာ သမီးဖြစ်သူမှာ နေအိမ် အိပ်ခန်းအတွင်း စာကြည့်စားပွဲဘေး ထုပ်တန်း၌ အဖြူရောင်ချည်ကြိုးဖြင့် ကြိုးဆွဲချလျက်သေဆုံး နေသည်ကို တွေ့ရသည်ဟုဆိုသည်။

လောပိတ ရေအားလျှပ်စစ်စက်ရုံနှင့် အနီးဆုံး နေထိုင်ကြသည့် ဒေသခံများ အိမ်တိုင်း မီးရဖို့ တောင်းဆို

မြန်မာတနိုင်ငံလုံးသို့ လျှပ်စစ်မီးဖြန့်ဖြူးနေတဲ့ ကယား(ကရင်နီ)ပြည်နယ်မှ လောပိတရေအားလျှပ်စစ်နှင့် အနီးဆုံးနေထိုင် ကြတဲ့ ဒေသခံပြည်သူတွေက အိမ်တိုင်းတွင် လျှပ်စစ်မီးရရှိဖို့အရေး တောင်းဆိုေ နကြ တယ်လို့ လောပိတကျေးရွာ အုပ်စု ကန်နီကျေးရွာမှ ဦးငေါဆန်းက ပြောပါတယ်။ ကျေးရွာတွေမှာ ထရန်စဖော် မာ မရှိကြတဲ့အတွက် ကျေးရွာတိုင်းမှာ ရွာရဲ့ထက်ဝက်ခန့်မျှသာမီတာ ဘောက်များ တပ်ဆင်ေ ပးနိုင်ပြီး မီတာဘောက်အားလုံး တပ်ဆင်ပေးနိုင်အောင် ထရန်စဖော်မာ တပ်ဆင်ပေးနို င်ရန် ပြည်နယ်အစိုးရထံ တင်ပြတောင်းဆို သွားမယ်လို့ ပြောပါတယ်။

မောင်နဲ့နှမ၊ သားနဲ့အမိ အမြင်တင့်တယ်စေဖို့

(၆၆)နှစ်ပြည်ထောင်စုနေ့  အထိမ်းအမှတ်အဖြစ် မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့နယ်   အ မျိုးသ မီးေ ရးရာအဖွဲ့ကကြီးမှူး ကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေး  မှုဝတ်စားဆင်ယင်မှု သရုပ်ပြပြိုင် ပွဲကို (၁၂.၂.၂ဝ၁၃)ရက် ည(၇)  အချိန်တွင် တောင်တွင်းကြီးမြို့   ရွှေလမင်းရုပ်ရှင်ရုံကြီးတွင်စည်ကား  သိုက်မြိုက် စွာ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။ အဆိုပါ  ပြိုင်ပွဲတွင် တောင်တွင်းကြီးမြို့နယ်  ရပ်ကွက် ၊ကျေးရွာများနှင့်မြို့နယ်   အဆင့်ဌာနဆိုင်ရာ များကိုယ် စား ပြု၍တောင်တွင်းကြီးမြို့ ရဲ့မေမြန် မာ    လေး ၂၂ဦးက ဆံစကနေခြေဖျား  အထိ ပြင်ဆင်ဖီးလိမ်းမှု မြန်မာ ဆန်ဆန်ဂုဏ်သိက္ခာရှိရှိ။တင့်တင့် တယ်တယ် ဝတ်ဆင်မှုများနှင့် မြန်မာ့ယဉ်ကျေးမှုဂုဏ်ကိုထိန်း သိမ်းစောင့်ရှောက်ဖော်ညွှန်း၍ ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရ သည်။

ရွှေလက်နဲ့ ခေါ်တုန်းလာပါ ဆိုတဲ့ ဦးလှဆွေ နှင့် Bullet ကို ကန့်ကွက်တဲ့ ဒေါ်ဒွဲဘူ

ရွှေလက်နဲ့ ခေါ်တုန်းလာပါ ဆိုတဲ့ ဦးလှဆွေ နှင့် Bullet ကို ကန့်ကွက်တဲ့ ဒေါ်ဒွဲဘူ တို့ နှစ်ဦးအား ယခုကဲ့ သို့ တွေ့ရသည် မှာလည်း ကချင်ငြိမ်းချမ်းရေး အလှမ်းမဝေးတာ့သည့်နှယ်...

Jumping Juliet

တောင် အာဖရိ ကရွှေရောင်စုံ တွဲ၏ ကြေကွဲဖွယ် Valentine’s Day ဖြစ်ရပ်

Photo: တောင်အာဖရိကရွှေရောင်စုံတွဲ၏ ကြေကွဲဖွယ် Valentine’s Day ဖြစ်ရပ်

Friday, February 15, 2013

နာမည်ကျော် မသန်စွမ်း အားကစား အကျော်အမော် တစ်ဦးဖြစ်သော

အော်စကာ ပစ္စတိုးရီးရပ်စ်သည် ယခုအခါ ချစ်သူ အမျိုးသမီးအား သတ်ဖြတ်မှုအတွက် တရားစွဲဆိုခြင်း ခံခဲ့ရပြီ ဖြစ်သည်။

Blade Runnerဟု နာမည်ကြီးပြီး ခြေနှစ်ချောင်းလုံး မရှိသော်လည်း သတ္တုခြေထောက်များဖြင့် လျင်မြန်စွာ ပြေးလွှားနိုင်သည့် အားကစားသမားသည် ၎င်း၏ ချစ်သူဟောင်းဖြစ်သည့် FHM

မော်ဒယ်လ်ဟောင်း ရီဗာ စတင်းကမ့်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

Valentine's Dayက ဖြစ်ရပ်အတွင်း ဂျိုဟန်နက်စဘက်မြို့

မြောက်ပိုင်းရှိ အော်စကာ၏ စံအိမ်တွင် ရီဗာမှာ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

အိမ်နီးချင်းများက အော်သံများနှင့်အတူ သေနတ်သံလေးချက် ကြားလိုက်ရကြောင်း နောက်ပိုင်းတွင် ရဲများထံ ထွက်ဆိုခဲ့သည်။

အသက်(၃၀)အရွယ် ရီဗာသည် ခေါင်းနှင့် လက်တို့တွင် သေနတ်

ကျည်ဆန်များ ထိမှန်ကာ သေဆုံးခဲ့သည်။

Planet Myanmar Network

နာမည်ကျော် မသန်စွမ်း အားကစား အကျော်အမော် တစ်ဦးဖြစ်သော အော်စကာ ပစ္စတိုးရီးရပ်စ်သည် ယခုအခါ ချစ်သူ အမျိုးသမီးအား သတ်ဖြတ်မှုအတွက် တရားစွဲဆိုခြင်း ခံခဲ့ရပြီ ဖြစ်သည်။ Blade Runnerဟု နာမည်ကြီးပြီး ခြေနှစ်ချောင်းလုံး မရှိသော်လည်း သတ္တုခြေထောက်များဖြင့် လျင်မြန်စွာ ပြေးလွှားနိုင်သည့် အားကစားသမားသည် ၎င်း၏ ချစ်သူဟောင်းဖြစ်သည့် FHM မော်ဒယ်လ်ဟောင်း ရီဗာ စတင်းကမ့်ကို သတ်ဖြတ် ခဲ့ခြင်း ဖြစ်သည်။

အကြိမ်များစွာ ရယ်အောင် လုပ်ပေးခဲ့ပြီး နောက်ဆုံးမှ လူတွေ ငိုအောင် လုပ်သွားသော အကယ်ဒမီ မော့စ် ဈာပန

ပြည်ထောင်စု ရာထူးဝန် အဖွဲ့ အဖွဲ့ဝင်များ ခန့်အပ် တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊၈/၂၀၁၃)

၁၃၇၄ ခုနှစ် ၊ တပို့တွဲလဆန်း ၄ ရက်

(၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၄ ရက်)

ပြည်ထောင်စုရာထူးဝန် အဖွဲ့ အဖွဲ့ဝင်များ ခန့်အပ် တာဝန်ပေးခြင်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၄၆၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၂)တို့ပါ ပြဌာန်းချက်များအရ အောက်ဖော်ပြပါ ပုဂ္ဂိုလ် များအား ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ အဖြစ် ခန့်အပ် တာဝန်ပေး လိုက်သည် -

(က) ဦးမန်းမောင်မောင်ဉာဏ်

(ခ) ဦးငွန်မောင်း

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

အစိုးရနှင့် UNFC အဖွဲ့ လာမည့် တစ်ပတ်အတွင်း တွေ့ဆုံမည်

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC တို့ နိုင်ငံရေးအရ ဆွေးနွေးနိုင်ရန် ရှေ့အပတ်ထဲတွင် တွေ့ဆုံကြဖို့ သဘောတူလိုက်ကြောင်း UNFC ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နှစ်ဖက် ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံရန် အစိုးရဘက်က ကမ်းလှမ်းလာသည့်အပေါ် UNFC က အရေးပေါ် အစည်းအဝေးတရပ် ကျင်းပ၍ ဆုံးဖြတ်ခဲ့ကြောင်း “အစိုးရ အဖွဲ့ဘက်က ကမ်းလှမ်းချက်ကို အကြောင်းပြန်နိုင်ဖို့ ကျနော်တို့ဘက်က အရေးပေါ် အစည်းအဝေး ခေါ်ခဲ့တယ်။ အစိုးရဘက်ကတော့ ဒီလ ၂၀ ရက်နေ့မှာတွေ့ကြဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီအပေါ် ဆွေးနွေးကြတာပါ။ တတိယနိုင်ငံ တခုမှာ တွေ့ကြမယ်ဆိုတော့ အဖွဲ့ဝင်အားလုံးက သဘောတူလိုက်ကြပါတယ်။” ဟုဆိုသည်။

ကော့ကရိတ် မြို့နယ်၊ သိဝါးရွာမှ အရပ်သား တစ်ဦး မြေမြုပ်မိုင်း နင်းမိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ သိဝါးကျေးရွာမှ ရွာသားတစ်ဦးသည် ယခုလဆန်းပိုင်းက ထင်းရှာထွက်ရင်း မြေမြုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက် ပြတ်သွားသည်ဟု ဒေသခံများ ၏ ပြောပြချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က အသက် ၃၂ နှစ်အ ရွယ် စောဖါး ဒါးသော့ဆိုသူသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မ တော်-DKBA (၉၀၇) တပ်ရင်းမှ မသွား ရန် ကန့်သတ်ထားသည့် နယ်မြေသို့ ထင်းရှာထွက်ခဲ့သောကြောင့် ထိုသို့ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

မရေရာ မသေချာမှုများနှင့်အတူ ထားဝယ် အထူး စီးပွားရေးဇုန် လုပ်ငန်းများ ရပ်တန့်နေကြောင်း ထိုင်းအစိုးရ ဝန်ကြီး ပြောကြား

ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေးသည် ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသူများနှင့် ပဋိပက္ခများ၊ စီမံကိန်းမရေရာမှုများကြောင့် ရပ်တန့်နေကြောင်း ထိုင်းပို့ဆောင်ရေးဝန်ကြီး ချဒ်ချက်ဆစ်တီပွန်က ဖေေ ဖ်ာဝါရီ ၁၁ ရက်တွင် ဝန်ခံသည်။ ထားဝယ်အထူးစီးပွားရေးဇုန် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး ဆိုင်ရာ ဆပ်ကော်မတီတစ်ခု၏ ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ဆစ်တီပွန်က ပို့ဆောင်ရေး၊ ယာဉ်အသွားအလာ မူဝါဒရေးရာနှင့် စီမံကိန်းရုံးသည် စီမံကိန်း၏ အဓိကအလားအလာများကို မလေ့လာရသေးေ ကြာင်း ပြော ကြားသည်။

ပုဂ္ဂလိက သတင်းစာလျှောက်ထားမှု ခုနစ်စောင်ရှိပြီ

ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်အတွက် ယနေ့အထိ လျှောက်ထားမှုက ခုနစ်စောင် ရှိပြီလို့ ပြန်ကြားရေး ဝန်ကြီးဌာန စာပေစိစစ်နှင့် ဗဟိုမှတ်ပုံတင်ဌာနက စုံစမ်းသိရပါတယ်။ ပုဂ္ဂလိ က နေ့စဉ်ထုတ် လျှောက်ထားတဲ့ သတင်းစာတွေက အင်ပါယာနေ့စဉ် သတင်းစာ၊ ခေတ် မိုး နေ့စဉ် သတင်းစာ၊ ရွှေနိုင်ငံ နေ့စဉ် သတင်းစာ၊ နေရှင်နယ် တိုင်း(မ်) နေ့စဉ် သတင်း စာ၊ မြန်မာ နယူးဝိခ် နေ့စဉ်သတင်းစာ၊ မဇ္ဈိမ(မြန်မာ) နေ့စဉ်သတင်းစာနဲ့ ကမ္ဘာ နေ့စဉ် သတင်းစာ တို့ ဖြစ် ပါတယ်။

ဗုံးခွံစစ်ဆေးချက် အဖြေ ဝက်ဘ်ဆိုက် မှာ ကြည့်နိုင်ဟုဆို

လက်ပံတောင်းတောင်အရေး သပိတ်စခန်း ဖြိုခွင်းမှုနဲ့ ပက်သတ်တဲ့ စုံစမ်းလေ့လာ တွေ့ရှိချက် အပြည့်အစုံကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပေးပို့ထားတယ်လို့ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။ လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို ရှေ့နေများကွန်ရက်အဖွဲ့နဲ့ Justice Trust တို့က အရှေ့တောင်အာရှမှာ နာမည်ကြီးတဲ့ ဓါတ်ခွဲခန်း (ANS) ကို ပေးပို့ထားတာ ဖြစ်ပါတယ်။ အဲသည်က ထွက်လာတဲ့ အဖြေကို www.justice-trust.org ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ရင် အပြည့်အစုံ သိနိုင်တယ်လို့ ဆိုပါတယ်။

ကချင် ပြည်နယ် စစ်ရေးပဋိပက္ခများ နှစ်ဖက် ရပ်ဆိုင်းရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမားများ အစည်းအရုံး သဘောထား ထုတ်ပြန်

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးနှစ်ဖက်ရပ်ဆိုင်း၍ ငြိမ်းချမ်းေ ရး ဒီမိုကရေစီအရေး ကြိုးပမ်းကြရန် ရည်ရွယ်၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား များ အစည်းအရုံးဗဟ အလုပ်အမှုဆောင် ကော်မတီမှ သဘောထား တိုက်တွန်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ သည်။ “ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး အေးချမ်းမှ နိုင်ငံတော်ရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး ပန်းတိုင်ကို လျင်လျင်မြန်မြန်နဲ့ ရောက်နိုင်မှာဖြစ်သလို ပဋိပက္ခအသွင်ဆောင်နေတဲ့ ကြားထဲမှာ အပြစ်မဲ့ပြည်သူတွေ စစ်ဘေးကြောင့်ဒုက္ခ တွေခံစားနေရာတာ မဖြစ်သင့်တော့ပါဘူး” ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယအစည်းအဝေး ဒုတိယဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောကြားသည်။

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ဟန့်တားရန် ခရုဇ် ဒုံးကျည်များ တောင်ကိုရီးယား ဖြန့်ကြက်

တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံသို့ ပစ်ခတ် တိုက်ခိုက်နိုင်စွမ်း ရှိသော ခရုဇ်ဒုံးကျည် များကို ဖြန့်ကြက်လျက်ရှိကြောင်း တောင်ကိုရီးယား တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြော ကြားသည်။ မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့်ဒေသသို့မဆို ပစ်ခတ်နိုင်သော ခရုဇ်ဒုံး ကျည် များကို မိမိတို့ ဖြန့်ကြက်လျက်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာန ပြောရေး ဆိုခွင့်ရှိသူ ကင် မင်ဆွက် က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် သတင်းထောက် များအား ပြော ကြားသည်။

ကင်တားနား တချိန်တည်းတွင် ရခိုင်၊ ကုလား နှစ်မျိုးလုံးကို စစ်တွေ ဟိုတယ်တွင် တွေ့ဆုံ

ကင်တားနား ၊ Ashok Migan တို.နှင့် စစ်တွေမြို.မိမြို.ဖ (၁၆)ဦး ၊ ကုလားတစ်အုပ်စု တို. ယနေ. ၁၂-၂-၂၀၁၃ နေ.လည် ၁း၃၀ နာရီ မှ ၃း၀၀ နာရီထိ စစ်တွေဟိုတယ် ၌ တွေ.ဆုံ ။ ထိုတွေ.ဆုံမှု သည် ဒေ သ ခံရခိုင်များနှင့် ကင်တားနား တို.၏ ပထမဆုံး အကြိမ် တွေ.ဆုံမှုဖြစ်သည်။ ကင်တားနား သည် ထူးဆန်းစွာ ဘင်္ဂလီ ဟုသာ ဆက်တိုက် သုံးစွဲ ပြောဆိုသွား ။ သို.သော် ကုလား ဟုမသုံးစွဲ ကြရန် မေတ္တာရပ်ခံ။

ပဋိပက္ခအလွန် နှစ်ဘက်အုပ်စု ဆက်လက်မည်သို.မည်ပုံ နေထိုင်ရမည် ကို မိမိတို.အချင်းချင်းသာ ညှိနှိုင်း ဖြေရှင်းရမည့် ကိစ္စသာ ဖြစ်၍ ပြင်ပ ပုဂ္ဂိုလ် အဖွဲ.အစည်းများ ၀င်ရောက်ဖြေရှင်းပေး၍ မရနိုင်ကြော င်း ၊ မိမိသည် မည်သည့် လူ.အဖွဲ.အစည်း တွက်မဆို အခြေခံလူ.အခွင့်အရေး ကိုသာ လေ့လာ ဆန်းစစ်ပါကြောင်း ၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းမျာရှိ လူများ၏ အခြေအနေကို အလွန်အမင်းစိုးရိမ်မိ ဟုပြောကြားသည်။

ရွာသစ် ရေအားလျှပ်စစ်စီမံကိန်း လူထုဆန္ဒ အဓိက ရယူမည်

ကယား(ကရင်နီ)ပြည်နယ် သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် အကြီးစား ရေအားလျှပ်စစ် စီမံ ကိန်းဖြစ် တဲ့ ရွာသစ်စီမံကိန်းကိစ္စမှာ ပြည်သူလူထု၏ ဆန္ဒသဘောထားကို ဦးစွာရယူမည် ဟု ပြည် နယ်လျှပ် စစ်ဝန်ကြီး ဦးစောဟူးဟူးက ပြောပါတယ်။

ဝန်ကြီးဦးစောဟူးဟူးက “ရွာသစ်စီမံကိန်းနဲ့ပတ်သက်လို့ ကျနော်တို့အစိုးရအနေနဲ့ကတော့ အဓိကေ တာ့ ပြ ည် သူရဲ့ သဘောထားပေါ့ ဒါပေမဲ့ သူတို့က အရင်ကတင်ပြထားတာကတော့ တိုင်းတာဖို့ လုပ်ဖို့ ဆိုပြီး တင်ပြထားတာဆိုတော့ အဲဒီအထိတော့ ကျနော်တို့ ခွင့်ပြုထားတယ်” လို့ ပြောပါတယ်။

စိုင်းနော်ခမ်း သေဒဏ်မှ လွတ်မြောက်ရန် အလားအလာတချို့ရှိ

မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦးအား သတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ သေဒဏ် ချမှတ်ခံထား ရသည့် သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်းသည် သေဒဏ်မှ လွတ်မြောက်ရန် အလားအလာ အနည်းငယ်ရှိကြောင်း တရုတ်နယ်စပ်သတင်းများအရ သိရသည်။“တရုတ်သင်္ဘောမှာ တပ်ထားတဲ့ CCTV ကင်မရာမှာ ဆန်ခမ်းနဲ့ ယီလိုင်းတို့ရဲ့ပုံတွေ ပါလာတယ်။ ဒါပေမဲ့ စိုင်းနော်ခမ်းတော့ မတွေ့ ရဘူး။ စိုင်းနော်ခမ်း ပါတယ်ဆိုတာ အထောက်အထား မရှိတော့ သေဒဏ်က လွတ်နိုင်ဖို့ အလား အလာရှိတယ်” ဟု တရုတ်နယ်စပ်မှ ဒေသခံတစ်ဦးက ပြောသည်။ တဖက်၌လည်း ရုံးတင်စစ်ဆေးရာ၌ စိုင်းနော်ခမ်းက သတ်ဖြတ်ရန် အမိန့်မပေးရဟု ထွက်ဆိုထားခဲ့သည်။

သို့သော် တရုတ်အာဏာပိုင်များက စိုင်းနော်ခမ်း၏ ညွှန်ကြားချက်မပါဘဲ ၎င်း၏ လက်အောက်ငယ်သား များက တရုတ် ၁၃ ဦးအား သတ်ဖြတ်မည်မဟုတ်ဟု ယုံကြည်နေကြသည်။မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး သတ်ဖြတ်မှုဖြင့် စိုင်းနော်ခမ်းနှင့် ၎င်း၏ အပေါင်းအပါများဖြစ်ကြသော ဆန်ခမ်း၊ ယီလိုင်းနှင့် ဂျဆီးကား တို့အား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းတရားရုံး (Intermediate Court) က ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့က  သေဒဏ်ချမှတ်ပြီး လားဟူအမျိုးသား ၂ ယောက် အနက် ဂျပိုးမှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုး မှာ ထောင်ဒဏ် ၈ နှစ် စသဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ သေဒဏ်ချမှတ်ခံရပြီးနောက် ဒီဇင်ဘာ ၂၀ ရက် ၂၀၁၂ တွင် စိုင်းနော်ခမ်း က အယူခံဝင်ခဲ့သေးသည်။

စစ်တွေတွင် ရဟန်းတော်များ ၉၆၉ ဂဏန်းဖြင့် လူပ်ရှားမူ ပြုလုပ်

စစ်တွေမြို့ ရဟန်းတော်များ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှ ၉၆၉ ဂဏန်းနှင့် သာသနာ့ အမှတ် အသား တံဆိပ်ပါ စာရွက်များကို လူမြင်ကွင်းတွင် ကပ်ပြီး လူပ်ရှားမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။ ထို လူပ်ရှားမူကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက်က စတင်ခဲ့ကြောင်း၊ လူပ်ရှားရသည့် ရည်ရွယ်ချက်မှာ ရတနာသုံးပါးကို ဗုဒ္ဓဘာသာဝင်များ ပိုမိုဆည်းကပ် လာစေရန် ရည်ရွယ်ကြောင်း လူပ်ရှားမူကို ဦးဆောင်သူ အဆိုပါ ရဟန်းတော် အဖွဲ့ ဥက္ကဌ ဦးဥာဏက ပြောသည်။

“ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က အထွေအထူးတော့ မဟုတ်ပါဘူး။ လူတွေ ဘာသာ တရား အပေါ်မှာ ပိုပြီး အာရုံ စူးစိုက်လာစေရန်နဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ ဘုရား၊  တရား၊ သံဃာ ရတနာ သုံးပါးကို ပိုမိုပြီး ဆည်းကပ်လာစေဖို့ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဥပဒေနှင့် မညီသော လုပ်ဆောင်မှုများ ၊ အဂတိ လိုက်စားမှု များ တိုင်ကြားနိုင်

ပြည်ထောင်စု ၀န်ကြီးများ ခန့်အပ် တာဝန်ပေး

နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပါအ၀င် အစိုးရ အဖွဲ့ ခေါင်းဆောင် များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံပြီး ငြိမ်းချမ်းရေးစာချုပ်တွင် လုပ်ဆောင် ရန် ကျန်ရှိသည့် အချက်များအား ပူးပေါင်းဆောင်ရွက် ရန် ဆွေးနွေးခဲ့ေ ကြာင်း မြန်မာ့ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောကြားခဲ့သည်။

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တက်ရောက်လာစဉ် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ''အဓိကကတော့ ငြိမ်းချမ်းရေး စာချုပ်ထဲမှာ အကောင်အထည်ဖော်ရမယ့် အချက်တွေရှိတယ်။ အဲဒါတွေကို ပိုပြီးတော့ ရုပ်လုံးပေါ်လာအောင် နီးနီးကပ်ကပ် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်အောင်လို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ခေါင်းဆောင်တွေ သက်ဆိုင်ရာ ၀န်ကြီးဌာနက ၀န်ကြီးတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဆွေးနွေးခဲ့ကြပါတယ်။ သမိုင်းမှာ ပြန်ကြည့်ရင် ဒီလိုမျိုး မရှိခဲ့ဘူး။ အစိုးရက တိုင်းရင်းသား အဖွဲ့တွေနဲ့ လက်တွဲပြီး ငြိမ်းချမ်းရေးကို ရအောင် လုပ်သွားမယ်ဆိုတဲ့ Message ကို ပေးတာပါ'' ဟု ဒေါက်တာမင်းဇော်ဦးက ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုး ပါတီ နေ့စဉ် သတင်းစာ ထုတ်ရန် စီစဉ်

ပြည်ထောင်စု လွှတ်တော်တွင် အင်အားအကြီးမားဆုံး ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါ တီ က နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် စီစဉ်လျက်ရှိသည်ဟု အဆိုပါ ပါတီထိပ် တန်း ခေါင်းေ ဆာင် တစ်ဦးက ယခုလ ၅ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် တွင် ဖြေကြားသည်။

ယခုကဲ့သို့ ပါတီ၏ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေမည်ဟု ပြည်ခိုင်ဖြိုးပါတီက တရားဝင် ထုတ်ေ ဖာ် ပြော ကြားခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါ တီ ၏ အပတ်စဉ် ထုတ် ဒီလှိုင်းစာစောင်အား နေ့စဉ်ထုတ် အဖြစ် ထုတ်စေမည် ဟု ပြောကြား အပြီး နေ့ စဉ်ထုတ် သတင်းစာ ထုတ်ဝေမည့် ဒုတိယမြောက် နိုင်ငံရေး ပါတီ ဖြစ်လာ သည်။ နေ့စဉ်ထုတ် သတင်းစာ ထုတ်ရန်အတွက် များစွာပြင်ဆင်ရ မည် ဖြစ်သော်လည်း ဧပြီလ ၁ ရက်အမီ ထုတ်ဝေနိုင်ရန် ကြိုးစား သွားမည်ဟုလည်း ဦးဌေးဦးက ဖြည့်စွက်ပြောကြားသည်။

ဌာနဆိုင်ရာ များကို တိုင်ကြားမှု အပေါ် မူတည်၍ စုံစမ်းမည်

အကောက်ခွန် ဦးစီးဌာနကဲ့သို့ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို တိုင်ကြားမှုများအပေါ် မူတည်ကာ တရားဥပဒေ စိုးမိုးရေး ရှိ၊ မရှိ လေ့လာစုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ပြည်သူ့လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမြင့်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ေ အး ချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်အရ ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသီးသီးရှိ တရားရေး ဌာနများနှင့် ဥပဒေဌာနများသို့ သွားရောက်လေ့လာမှုများ၊ တရားရေးမဏ္ဍိုင် ယိမ်းယိုင်မှုများ တွေ့ရှိပါက ထိန်းညှိမှုများ ပြုလုပ်လျက်ရှိကြောင်း ဦးဝင်းမြင့် က ပြောကြားခဲ့သည်။

ထိုင်း တောင်ပိုင်းရှိ စစ်အခြေစိုက် စခန်းကို စစ်သွေးကြွများက စီးနင်းတိုက်ခိုက်

ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်ပြည်နယ်ရှိ စစ်အခြေစိုက် စခန်းတစ်ခုကို သောင်းကျန်းသူများဟု သင်္ကာ မကင်းဖွယ်ရှိသော သေနတ်သမားများက ဖေဖော်ဝါရီ ၁၃ ရက်တွင် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သွေးကြွ ၁၆ ဦး သေဆုံးကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်း ထုတ်ပြန်သည်။

အေကေ- ၄၇ မောင်းပြန်ရိုင်ဖယ် သေနတ်များနှင့် အမ်-၁၆ တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ကိုင်ေ ဆာင် ထားသော စစ်သွေးကြွ ၁ဝဝ ခန့်သည် ဖေဖော်ဝါရီ ၁၃ ရက် နံနက် အစောပိုင်းက နာရာသီ ဝပ်ပြည် နယ်ရှိ စစ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကြီး ဆွမ်ကီယက်ဖိုပရာယွန်က ပြော ကြား သည်။ ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်သွေးကြွ ၁၆ ဦး သေဆုံးသည်ဟု အတည်ပြုနိုင်ေ ကြာင်း၊ တိုက်ခိုက်အပြီး ထွက်ပြေးသွားခဲ့ကြသော စစ်သွေးကြွ ၆ဝ မှ ၇ဝ ကို မိမိတို့၏ တပ်ဖွဲ့ဝင်များက လိုက် လံချေ မှုန်းလျက်ရှိကြောင်း ၄င်းက ပြောကြားသည်။

KIO ၏ ပြည်သူလူထု ထံသို့ အသိပေး ထုတ်ပြန်ကြေငြာချက်

ဆက်သွားချင်သေးတယ် ဆိုရင်