Pages

Saturday, March 30, 2013

ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိ

 
 
ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြမြေပုံ(၇)ရပ်ကို ချမှတ်ခဲ့ခြင်းမှာ ဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းစေ လိုခြင်းကြောင့်ဖြစ်သည် ဟုပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ဆို သည်။

“စစ်သားတွေက ရိုးရိုးသာမာန်အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလားပါတယ်။ကျွန်တော်တို့ ဗိုလ်ချုပ် မှူးကြီးသန်းရွှေလက်ထက်ကတည်းက Road Map(၇)ချက် အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပြီး ဒီမိုကရေစီ စည်းဝိုင်း ထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီလမ်းဟောင်းကို ကျင့်သုံးတာ ၂နှစ်ကျော် ပဲရှိသေးတယ်။ မရင့်ကျက်သေးတော့ နောက်ပြန်လှည့် သွားနိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်းက သုံးသပ်ပြော ဆိုသည်။

ပြည်နယ်အချို့တွင် အကြမ်းဖတ်မှုနှင့် ပဋိပက္ခများ မကြာခဏဆိုသလိုဖြစ်ပေါ်နေခြင်းမှာ တပ်မတော် မှ နောက်ကွယ်က ကြံစည်နေခြင်းဖြစ်သည်ဟုအင်တာနက် လူမှုရေးဝက်ဆိုက်ဒ်အချို့၌ ပျံနှံ့ပြောဆိုနေ မှုမှာ မှန်ကန်ခြင်းမရှိဟု ၄င်းက ဆိုသည်။

မိုဘိုင်းဖုန်းဆင်းမ်ကတ်ဈေး ကျပ်နှစ်သောင်းသတင်း မဟုတ်မှန်

တန်ဖိုးနည်းဖုန်းဆင်းမ်ကတ်ရောင်းချမည့်နှုန်းထားအတိအကျ မသတ်မှတ်ရသေးကြောင်းယင်းဆင်းမ် ကတ် များ ကိုသင်္ကြန်ကာလ အပြီး တွင် စတင်ရောင်းချမည်ဟုမိုဘိုင်းဆက် သွယ်ရေးဌာနမှဒုတိယ မိုဘိုင်းအင်ဂျင် နီယာချုပ်ဦးစိုးအောင် ကအတည်ပြု ပြောကြား လိုက် သည်။

လက်ရှိထွက်ပေါ်နေ သည့် ကျပ်နှစ်သောင်းဖြင့်ရောင်ချ မည်ဆိုခြင်းမှာမှန်ကန်မှုမရှိကြောင်း မိမိတို့ဌာန အနေဖြင့် ဈေးနှုန်း နှင့် ရက် အတိအကျတစ်စုံတစ်ရာမသတ်မှတ်ရ သေးကြောင်းသိရသည်။

''ရောင်းမယ့်ရက်က တော့ အခုပုံနဲ့ဆိုရင်သင်္ကြန် အပြီးလောက်ဖြစ် သွားမှာပဲ၊ကျွန်တော်တို့ တ ကယ် ရောင်းရင် မီဒီယာကနေ  တရား ဝင်ထုတ်ပြန် ကြေငြာမှာပါ၊ အခုထိတော့ ဘာမှ ညွှန် ကြား ချက်မလာ သေးတော့ ပြောလို့မရသေးပါဘူး'' ဟုပြောသည်။ ယခင်က တန်ဖိုး နည်း ဖုန်းဆင်းမ် ကတ်များ ကိုဧပြီ၁ရက်နေ့ မှစတင်၍ထောင်ဂဏန်းမျှဈေးနှုန်း ဖြင့်သာ ရောင်းချပေးမည် ဟု နိုင်ငံတော် သမ္မတ ရုံးမှ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိမ်း က ပြောကြားခဲ့သည်။

YMG

အမွှေဆရာ မစ္စတာကင်တန်းနား မွှေပြန်ပြီ



အမွှေဆရာ မစ္စတာကမ်းနာသစ်ပင် ပြောတာက လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရ ရှိကြောင်းနှင့်

စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက် အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေ တယ်ဆိုတဲ့ သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။

ကဲဒီလူ ပြောတဲ့အတိုင်း အစိုးရကလုပ်ပေးရမှာလား ဦးရဲထွဋ်ကတော့ ပြန်ပြီးချေပထားတယ်ဦးရဲထွဋ်ပြော တာကမစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေတွေကို မှန်မှန်ကန်ကန်လေ့လာမှုမရှိပဲ တဆင့်ကြား သတင်းများကိုသာ အခြေပြုပြောကြားနေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင် များ၊ လူမှုအဖွဲ့ အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက် တဲ့အတွက် ဝမ်းနည်းစရာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောထားပါတယ်။

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့်  တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card  များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထားသည့် ငွေကျပ်နှစ်သိန်းတန်ဖုန်းများအား ထပ်မံသွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့အနေနှင့် တစ်လတစ်သောင်းနှုန်းဖြင့် ခြောက် လ သွင်းထားကြောင်း၊ ယခုအခါ ယင်းငွေကို ဆက်လက်ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက  “ဝမ်းသာလိုက်တာ၊ ခြောက်လပဲ သွင်းရသေးတယ်။ အခု ထပ်မသွင်းရတော့ ဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ဆိုသည် ယင်း ညှိနှိုင်း အစည်းအဝေး ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများ မရှိစေရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန် ရှိကြောင်း သိရသည်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ လာမည်


အမေရိကန် ပြည်ထောင်စု၏ ၃၉ ဦးမြောက် သမ္မတဖြစ်သည့် သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံသို့ ဧပြီလဆန်းပိုင်းတွင် ပထမဆုံးအကြိမ် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သမ္မတဟောင်း၏ မတ်လ ၂၉ ရက်မှ ဧပြီလ ၅ ရက်နေ့အထိ အာရှ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ဧပြီလ ၅ ရက်နေ့တွင် ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အတည်ပြု ပြောကြားခြင်းမရှိပေ။ ဂျင်မီကာတာသည် ၎င်း၏ ကာတာစင်တာ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့များ ပေးအပ်ရန် လေ့လာသွားမည် ဖြစ်ကြောင်းနှင့် အစိုးရအရာရှိများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကာတာစင်တာ၏ တရားဝင် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အာရှနှစ်ပတ်လည် ညီလာခံ သမ္မတ ဦးသိန်းစိန် တက်ရောက်မည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်မြို့တော်တွင် ဧပြီ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှနှစ်ပတ်လည် ညီလာခံသို့ သမ္မတဦးသိန်းစိန် တက်ရောက်မည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei က သတင်း ထုတ်ပြန်ထား သည်။

ယင်းခရီးစဉ်နှင့် ပတ်သက်၍ သမ္မတရုံးထံ ဆက်သွယ်မေးမြန်းရာ မကြာမီ သတင်းထုတ်ပြန်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့သော် သမ္မတဦးသိန်းစိန်သည် အသစ်တက်လာသော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ခေါ်ချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ နှစ်ပတ်လည် အလည်အပတ် ခရီးစဉ်အဖြစ် ညီလာခံမတိုင်ခင် သို့မဟုတ် ညီလာခံအပြီးတွင် လာရောက်လည်ပတ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်း ထုတ်ပြန်သည်။

သဲကုန်းမြို့နယ်၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွား၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရ


ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် ပုတီးကုန်းကျေးရွာအုပ်စု ပုတီးကုန်းဘူတာ ရထားသံလမ်းဘေးရှိ ဆိုင်အချို့အား မတ် ၂၈ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် လူအုပ်စုများက ဝင်ရောက်ဖျက်ဆီးခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း၊ အလားတူ ပုတီးကုန်းကျေးရွာအုပ်စု ရွှေပြည်အေး ရပ်ကွက်၌လည်း နေအိမ်နှစ်လုံးအား ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် လူအုပ်စုများက ဝိုင်းဝန်း ဖျက်ဆီးခဲ့ကြသဖြင့် လုံခြုံရေးအဖွဲ့က သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း သိရသည်။

ထို့ပြင် မြို့မ(၁)လမ်းရှိ ဘာသာရေးအဆောက်အအုံ တစ်လုံးအနီးသို့ ည ၁၁ နာရီခွဲခန့်တွင် လူအုပ်စုများ စုဝေးရောက်ရှိလာသဖြင့် လုံခြုံရေးအဖွဲ့က တားဆီးပြီး သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် လူစုကွဲသွားကြောင်း၊ ထို့အတူ သဲကုန်းမြို့ အမှတ်(၁) ရပ်ကွက်ရှိ ဘာသာရေး အဆောက်အအုံ တစ်လုံးအနီးသို့ ည ၁၀ နာရီခွဲခန့်တွင် လူအုပ်စုများ စုဝေးရောက်ရှိလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ သံဃာတော်များ၊ ရပ်ကွက်ရှိ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က လူစုခွဲခဲ့ရာ ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လူစုကွဲသွားကြောင်း သိရှိရသည်။ အလားတူ အင်းမကျေးရွာအုပ်စု ဈေးလမ်း၌ လူစုလူဝေးများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့က သွားရောက်တားမြစ် လူစုခွဲခဲ့ရာ မတ် ၂၉ ရက် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် လူစုကွဲသွားကြောင်း၊ အဆိုပါ ဖြစ်စဉ်တွင် ဈေးဆိုင်ခန်း လေးခန်း၊ နေအိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဟန်းဆက်ဈေး မကစားရေး ဆောင်ရွက်မည်ဟု သမ္မတပြောကြား

တန်ဖိုးနည်း ဖုန်းကတ်များ မကြာမီ ရောင်းချချိန်တွင် ဟန်းဆက်ဈေးနှုန်းများကိုလည်း ပုဂ္ဂလိကမှ ဈေးကစား မြှင့်တင်ခြင်းများ မပြုလုပ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က မတ်လ ၂၈ ရက်နေ့တွင် ပြောကြားသည်။ နေပြည်တော်တွင် မတ်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် မိုဘိုင်းလ်ဖုန်း ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က ပြောကြားခြင်းဖြစ်ပြီး တစ်နှစ်အတွင်း မိုဘိုင်းလ်ဖုန်း ရှစ်သန်း ရောင်းချမည်ဖြစ်ကြောင်း ၄င်းက ပြောဆိုခဲ့သည်။

ယခင်က မိုဘိုင်းလ်ဖုန်း ဆင်းကတ်များ ဈေးနှုန်း မြင့်မားနေခြင်းမှာ နိုင်ငံအတွင်း အခြေခံအဆောက်အဦများ မလုံလောက်ခြင်းကြောင့်ဖြစ်ပြီး ယခုအချိန်တွင် လိုအပ်သော အခြေခံအဆောက်အဦ တိုးချဲ့တပ်ဆင်ထားပြီးဖြစ်၍ မိုဘိုင်းလ်ဆင်းကတ်များကို ဈေးသက်သာစွာ ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။ သို့သော် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချတော့မည်ဆိုသည့် ဆင်းကတ်ဈေးနှုန်းနှင့် ပတ်သက်၍ တိတိကျကျ ပြောဆိုခြင်းမရှိဘဲ အသေးစိတ်ကို မြန်မာ့ဆက်သွယ်ရေးက ကြေညာပေးမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

ဆူပူမှုတရားခံ ၆၈ ဦး ဖမ်းမိထားဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်

 
 
မြန်မာနိုင်ငံရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများနှင့်ပတ်သက်၍ ပြစ်မှုnကျူးလွန်သူ တရားခံ ၆၈ ဦးအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၃)ဖြင့် ကြေညာချက် တစ်ရပ်အား ယနေ့ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် မြို့နယ် ၁၅ မြို့နယ်၌ ပြစ်မှုဆိုင်ရာ ကျင့် ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဆိုပါ မြို့နယ်များတွင် အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ် ပွားခဲ့ကာ သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၈၆ ဦးရှိ၍ လူဦးရေ ၁၁,၃၇၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီးယား ကြေညာ


တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြောက် ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာလိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲလေ ယာဉ် များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။ ငြိမ်းချမ်းရေးစာချုပ်နှင့် စစ်ပွဲဖြစ်နိုင်ခြေအကြား ကာလရှည်ကြာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့သော ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ နောက်ဆုံးတွင် အပြီးသတ်သွားပြီဖြစ်ကြောင်း၊ ရန်စမှုတစ်စုံတစ်ရာမှာ အလုံးစုံ ပဋိပက္ခနှင့် နျူကလီးယားစစ်ပွဲဆီသို့ ဦးတည်သွားစေနိုင်ကြောင်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း Channel NewsAsia က ဖော်ပြသည်။

Channel NewsAsia

http://www.planet.com.mm/news/read.cfm/id/21305

လက်ရှိ အစိုးရနဲ့ တပ်မတော် ကို အပုပ်ချချင်နေသော မင်းကိုနိုင်



နိုင်ငံတကာ အမြင်နဲ့ မတွေးဘဲ လက်ရှိ အစိုးရနဲ့ တပ်မတော် ကို သာ အပုပ်ချ ရလျှင်ပြီးရော ဆိုသည့် မင်းကိုနိုင်

“ကျနော်တို့က ဘယ်သူဘယ်ဝါဆိုတာ မခိုင်မာဘဲနဲ့ ဘယ်တော့မှ စွပ်စွဲဖို့ မရှိဘူး။ စိုးရိမ်ပူပန်မှုကိုတော့ ပြောရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ စနစ်တကျလေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေးသမားပုံစံမျိုး အပြည့်အဝ ပေါက်နေတယ်။ အရင့်ရင်ကလည်း ဒီလို ဖြစ်ခဲ့ပြီးပြီ။ ဝီစီမှုတ်ပြီးတော့ တပ်တွေ ဖြန့်တာ၊ ခရာမှုတ်ပြီးတော့ ခိုင်းတာ၊ ဝီစီမှုတ်ပြီးတော့ လူပြန်စုပြီးတော့ ထွက်ခွာတာမျိုးတွေကအစ အကုန်တတယ့်အချက်ပဲ ဟု ဦးမင်းကိုနိုင် က ပြောသည် ဆိုတော့ မောင် မင်း ကိုနိုင် က ဘယ်လို ဆိုလိုချင်တာလဲ ။ဒီကိစ္စနဲ့ပတ်သတ်လို့ ဆရာတော် ဦးဝီရသူနဲ့ ဧရာဝတီ အင်တာဗျူးထဲ က စာသားလေးတွေ ကူးယူဖော်ပြလိုက်ပါတယ်။ လက်ရှိ အစိုးရနဲ့ တပ်မတော် ကို အပုပ်ချ ချင်နေတိုင်း မဟုတ်ကဟုတ်က တွေ မပြောစေချင်ပါ မင်းကိုနိုင်။ 

မေး။   ။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ နိုင်ငံတကာ သတင်း ဌာနတွေက မိတ္ထီလာ အဓိကရုဏ်းက စနစ်တကျ စီစဉ်ထားတဲ့ ရက်စက်တဲ့ လူသတ် အကြမ်းဖက်မှုကြီးလို့ ရေးသားနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ရဲ့ အမြင်လေးသိချင်ပါတယ်။

ဖြေ။    ။ ပထမနေ့နဲ့ ဒုတိယနေ့မှာ ဘယ်သူမှ စနစ်တကျမရှိပါဘူးဗျာ။ တကယ်တန်းစနစ်တကျရှိတာက ပထ မနေ့မှာ ကုလားရပ်ကွက်ထဲမှာရှိတဲ့ မွတ်စလင်တွေကမှ စနစ်တကျရှိတာ။ သူတို့က တုတ်တွေ၊ ဒုတ်တွေ၊  ဓါးတွေလက်နက်တွေ အကုန်ကိုင်ဆောင်ပြီးတော့ ဗမာမှန်သမျှကို အကုန်ခုတ်တာ။ သံဃာတပါး အသတ်ခံရတယ် ကြားတဲ့အခါမှာ ဗမာလူအုပ်ကြီးက ကုလားရပ်ကွက်ထဲကို တိုးဝင်သွားတာ။ တကယ် တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ   တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ၂ ယောက်သေပြီးတော့ ၁၆ ယောက်လောက် ဒဏ်ရာရတယ်။ ဓားခုတ်ဒဏ်ရာနဲ့ တကယ့်ပြင်း ထန်တဲ့ဒဏ်ရာပေါ့။ အဲဒီလိုစီစဉ်ထားတာက မွတ်စလင်ရပ်ကွက်ထဲကဖြစ်တယ်။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။
ဆရာတော် ဦးဝီရသူနှင့် အင်တာဗျူး ကိုဖတ်ချင်ရင်

http://golden-land-myanmar-mm.blogspot.com/2013/03/blog-post_30.html

အကြမ်းဖက်မှုများတွင် စနစ်တကျလေ့ကျင့်ထားသည့် ပုံစံ မြင်တွေ့နေရဟု မင်းကိုနိုင်ပြော ဆိုသည့် KIC မှ သတင်းအား ဖော်ပြပေးလိုက်ပါတယ်


ဘကြီးမောင် ပြောတဲ. မင်းကိုနိုင် အတွက် လက်ခုပ်သံ


ခုတလော ထီလာ ဘက်မှာ ကုလားတွေ ဘက်က မားမား မတ်မတ် နဲ. ရပ်တည် ပီး ကိုယ်.နိုင်ငံကို ကုလားအောက် ရောက်ရင် ရောက်ပစေ စစ်တပ်ပြန်မလာရင် ပီးရော ဆိုပီး ဟောပြောသွား တဲ.   ထောင်ထွက် မင်းကိုနိုင် သတင်းကို ကြည်.ပီး အွန်လိုင်းပေါ်က မြန်မာ ပညာတတ် ကျောင်သားလူငယ် လူရွယ်တွေ ဒေါသတကြီး နဲ. မင်းကိုနိုင်က ဘာကောင်လဲ ဘယ်ကျောင်းမှာ ခေါင်းဆောင်. မိလို.   ခေါင်းဆောင်ဖြစ်တာလဲ ဘာလဲ ညာလဲ နဲ. တုံ ပြန်သံတွေ ကြားမိတော. ကျွှန်တော် လဲ ကိုယ်တွေ. မင်းကိုနိုင် အကြောင်းလေး ကို ပြောပြချင် လာတယ်ဗျ။

လွန်ခဲ.တဲ. လ အနည်းငယ်ကပေါ.ဗျာ။ ကျုပ်လဲ အလုပ်လေး အားတာနေတော. ဘကြီးမောင် တို. အိမ်ဘက် မရောက်တာလဲ ကြာတာနဲ. အလည်အပတ် ထွက်ခဲ. ရာကနေ ဒီဇတ်လေး ကို စသိရတော.တာဘဲ ဗျို.။

ဘကြီးမောင် အိမ် ရောက်တော. စားပီ သောက်ပီး ပီ ဆိုတာ နဲ. ဘကြီးနဲ. စကား ၀ိုင်း စတော.တာဘဲဗျို.။ ဘကြီးမောင် က ငါ.တူ ဒီည တို.ရပ်ကွက်ထဲ စာပေ ဟောပြောပွဲ ရှိတယ်ကွ၊ အဲတာ ငါတူ နားထောင် သွားဦးလေကွာ ဆိုတာနဲ. ကျွှန်တော် လဲ နဲနဲ စိတ်ဝင်စားသွားတာပေါ.။
 

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်

 
မိတ္ထီလာဈေးအား မတ်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်က တွေ့ရစဉ်

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင် သာယာ ဈေး ကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင် ဈေး တို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ် ခဲ့ကြောင်း သိရ သည်။“ဈေးက အခုဖွင့်ထားပြီ ဆိုပေမယ့် ဆိုင်ခန်းအများစုကတော့ မထွက် ကြသေးဘူး၊ ညနေ ဘယ်နှစ်နာရီပိတ်မယ်ဆိုတဲ့ ညွှန်ကြား ချက်တော့ မရှိသေးဘူး၊ မိတ္ထီလာတစ်မြို့လုံး အကောင်း ကျန်တာဆိုလို့ ဒီဈေး တစ်ခုပဲ ရှိတယ်။

အရင်တုန်းကတော့ ဒီဈေးက စည်းကမ်းထိန်းသိမ်းမှု အရမ်းအားနည်းတယ်၊ အခုတော့ ဘယ်လိုလာမယ် မသိသေးဘူး။ မီးသတ်ကားနဲ့ မီးသတ်အင်အားကို နေ့ညမပြတ် အဆင်သင့်ထားပေးစေချင် တယ်၊ နောက်ပြီး တကယ်လို့ အရေးကြုံလာရင် တာဝန်ရှိသူတွေ အနေနဲ့ ပြတ်ပြတ်သားသား လျှင်လျှင် မြန်မြန် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု မိတ္ထီလာမြို့ စည်ပင်သာယာဈေး အတွင်းရှိ သဇင် ပလတ်စတစ် ရောင်းဝယ်ရေးမှ ကိုမင်းအောင်နိုင်ကပြောသည်။

ဈေးပြန်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ မိတ္ထီလာမြို့ စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကလည်း “ဒီနေ့မနက် ကိုးနာရီမှာ ဈေးကိုပုံမှန်အတိုင်း ပြန်ဖွင့်ထားပါတယ်။ ညနေငါး နာရီလောက်မှ ဈေးပြန်ပိတ်ပါမယ်။မနက်ဖြန်လည်း ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ဖို့ ရှိပါတယ်၊ လုံခြုံရေး အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင် ရာ တာဝန်ရှိသူတွေ၊ နောက် ဈေးအကျိုးတော်ဆောင်အဖွဲ့၊ ဈေးမိဈေးဖတွေ အားလုံးရှိပါတယ်” ဟု ပြော သည်။

မိတ္ထီလာဈေးကြီးမှာ အနီးအနားရှိ မြို့နယ်များဖြစ်သော ရမည်းသင်း၊ပျော်ဘွယ်၊ သာစည်အစ ရှိသော မြို့ များမှပင်လာရောက် ဈေးဝယ်လေ့ရှိသော ဈေးကြီးတစ်ခုဖြစ်ပြီး မှတ်ပုံတင်ထားသောဆိုင် ခန်းပေါင်း လေးထောင်ကျော်နှင့် ယာယီပျံကျ ဆိုင်ခန်းပေါင်း သုံးထောင်ကျော် ရှိကြောင်း သိရ သည်။

Eleven Media Group

ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်း ခေါင်းဆောင်များနှင့် အမေရိကန် သံအမတ်ကြီးတို့ တွေ့ဆုံ



အကြမ်းဖက် ဆူပူမှုများ အမြန်ဆုံး တည်ငြိမ်အေးချမ်းစေရန်နှင့် မြန်မာ့ ဒီမိုကရေစီ အနာဂတ်လမ်းကြောင်း ပိုမိုတိုးတက်ကောင်းမွန် ခိုင်မာစေရေး အတွက်  မတ် (၂၉) ရက် ညနေ ၃ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းပုဂ္ဂိုလ်တို့နှင့် အမေရိကန် သံအမတ်ကြီးတို့ ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီ ရုံး၌ တွေ့ ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့သည်။အဆိုပါ တွေ့ဆုံပွဲ၌ အထက်ပါကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် ပထမဦးဆုံအကြိမ် ဖြစ်သည်ဟု ပါတီဒုတိယ ဥက္ကဌဖြစ်သူ ဦးဌေးဦးက ပြောသည်။အမေရိကန် သံအ မတ်ကြီးနှင့် ဆွေးနွေးမှုပြုလုပ်ရာတွင် ပါတီဒုတိယ ဥက္ကဌဖြစ်သူ ဦးဌေးဦး၊ ပါတီအတိုင်ပင်ခံ ဦးအောင်သောင်းတို့ တက်ရောက် ခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၅၀၀၀ ကျပ်တန်ငွေ စက္ကူ အတုနှင့်အစစ် ခွဲခြားနိုင်ရန် အချက်အလက်များ ထုတ်ပြန်


မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများအပေါ် ပူးပေါင်းလက်တွဲဖြေရှင်းရန် ကိစ္စများ ဆွေးနွေး

 
 

မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများ စိုးရိမ် ကြောင့်ကြမှု မရှိစေရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် မြိတ်မြို့ရှိ ဘာသာပေါင်းစုံ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားအား မတ်လ (၃၀) ရက် နံနက် (၈) နာရီအချိန် မြိတ်မြို့ ကန်ခေါင်းရပ် ထုံးဖို ဗလီရှိ စန္ဒာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ဦးမိုးမြင့် ၊မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့ မြို့မိမြို့ဖများ၊ရပ်ကွက် များမှ အရပ်လူကြီးများ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ၊ ပြည်ခိုင်ဖြိုး ပါတီ၊ NLD ပါတီ၊တစညပါတီ ၊ (၈၈) မျိုးဆက် စသည့် နိုင်ငံရေး ပါတီများမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြသလို မြိတ်မြို့နယ် နာရေး ကူညီမှုအသင်း၊ ၀ဋံသက နာရေးကူညီမှု အသင်းတို့မှ အမှုဆောင်များ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း အင်အား (၁၀၀) ကျော်ခန့် တက်ရောက် ကြကြောင်းသိရသည်။ အခမ်းအနားတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်နှင့် အစည်းအဝေး တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးမှခေါင်းဆောင်များက မြိတ်မြို့ တည်ငြိမ်ရေး၊ အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်ရေး၊ ကောလာဟလ များနှင့် ပတ်သက်ပြီး မယုံကြည်ရေးနှင့် ပွင်းလင်းစွာ ပေါင်းစပ် ညှိနှိုင်း ဆက်ဆံရေး၊ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ငြိမ်းချမ်းစွာဖြင့် အတူ ပူးပေါင်းပြီး လက်တွဲဖြေရှင်း သွားမည့် ကိစ္စများ ကို ဆွေးနွေး တိုင်ပင်ခဲ့ကြောင်းသိရသည်။

မြိတ်ပုလဲမြေ 

အလိုလိုက်အမိုက်မဆော်ကားကြဖို့






၂၀၁၃ခုနှစ် မတ်လ ၁၇ရက်ထုတ်    မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၈  ၌ ပြည်သူလွှတ်ေ တာ် ဥက္ကဋ္ဌ သူရဦးရွှေမန်း    က ဒလမြိုနယ်မှဒေသခံများနှင့်တွေ့ဆုံ    စဉ် ““ဥပဒေနှင့်မညီညွတ်””သည့်မင်းမဲ့စ ရိုက်များ၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ဒီမိုက ရေစီအနိုင်ကျင့်မှုများကို လစ်လျူရ့လျှက် တိုင်းပြည်နစ်နာ မည်ဖြစ်ကြောင်းပြော ကြားခဲ့သည့် စကားမှာဒီကနေ့အချိန်အခါ   မှာ ““ပြည်သူများအားလုံးအနေနဲ့အထူး (အထူး)ဂရိုက်စိုက်အလေးအနက်ထားရ မည့်စကားဖြစ်ပါသည်။


မြန်မာမှုနယ်ပယ်တွင်ရှေးလူကြီးများ    က လူတွေကိုစကားပုံ များနဲ့ဆိုဆုံးမလမ်း  ညွှန်လမ်းခင်းပေခဲ့ ပါ သည်။““အလိုလိုက် အမိုက်စော်ကား””မျက်နှာသာပေးရွှေရေး  ပန်ကန်တက်သောစကားအတွက် ဆေး တစ်ပါးသဖွယ်ဖြစ်မည်ထင်ပါသည်။

အားလုံးသိကြပါသည်။ ယခင်ကနဲ့ စာလျှင် ယနေ့များစွာ(များစွာ)မှ လွတ်  လပ် စွာပြောရေး ဆိုခွင့်တွေ ရလာပါပြီ၊ လူ့ အခွင့်အရေးနှင့်ပတ်သက်လျှင်လည်း အတန်အသင့်ရလာနေပါပြီ။ဒီနေရာမှာ   လူ့ အခွင့်ရေး ဆိုသည်မှာလူသားတိုင်း၏     မွေးရာပါအခွင့်အရေးဆိုသည်ကို လူတိုင်း    မပြောဘဲသိပါသည်။ လူများစု အတွက် လူ့အခွင့်အရေးကသီးခြားအခွင့်ထူးခံဖို့ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် မဟုတ် တာ   တော့ သေ ချာပါသည်။

အချိန်မှီထိန်းသိမ်းပြုပြင်သင့်ပြီဖြစ်သောမြန်မာ့ယဉ်ကျေးမှု



နံနက် စောစော(၄)နာရီခန့်တွင်   လမ်းလျှောက်ထွက်ရန်အိပ်ယာမှနိုးခဲ့ သည်။ ရောက်မိေ ရာက် ရာ တွေးတော နေစဉ် ဟိုးအတော်ဝေးဝေးမြို့ဆင်ခြေ ဖုန်း သစ်ကြီးဝါးကြီးများရှိရာအရပ်ဆီမှ   ဥသြ ငှက်လေးတစ်ကောင်၏ ချွဲချွဲနွဲ့နွဲ့ တွန်ကြူးလိုက်သော တိုးတိုးသဲ့သဲအသံ  လေးကို ကြားခဲ့ ရာ သြော်နွေ ရာသီ သို့   တခေါက်ရောက်ခဲ့ပြန်ပါပြီကောဟု ရေ   ရွတ်မိသည်။

ရောက်ရှိလာသော နွေဦးနှင့်အတူ    မြန်မာတို့၏ ယဉ်ကျေးမှုနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကြီးလည်းဆင်နွှဲရန် နီးခဲ့  ပါပြီကော။ဒီအတွေးနှင့်အတူ ငယ်စဉ်က    ပျော်မြူးဆင်နွှဲခဲ့ရသော သင်္ကြန်ပွဲများကို     စိတ်အတွေးတွင် အိပ်မက်ပမာအစီအရီ    ပေါ်ခဲ့ရပေသည်။

ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ( ၁/ ၂၀၁၃ )


မွတ်ဒေါင်း တရားဖြင့် နာမည်ကြီးလာသော ဆရာတော် ဦးဝီရသူနှင့် အင်တာဗျူး




မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် မန္တလေး၊ မစိုးရိမ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး မတ်လတွင် အကျဉ်းကျနိုင်ငံရေး ဘုန်းတော်ကြီးများ လွတ်မြောက်ရေး ဆန္ဒပြပွဲ၊ အောက်တိုဘာလတွင် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်မှုအသင်း ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများနှင့် စပ်လျဉ်းပြီး ဧရာဝတီ အထူး အကြီးတန်း သတင်းထောက် သာလွန်ဇောင်းထက် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။   ။ မိတ္ထီလာပဋိပက္ခမှာ သေဆုံးမှုက ၄၂ ဦးထိရှိလာပြီလို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်တယ်။ အရှင်ဘုရားကလည်း မိတ္ထီလာကို သွားရောက်ပြီး တားမြစ်ခဲ့တာတွေလုပ်ခဲ့တော့ ဘာကြောင့် ဒီလောက်အထိ အသေအပျောက်တွေ များလာရတယ်လို့ ထင်ပါသလဲ။

ဖြေ။   ။အသေအဆုံးများတာက ဒုတိယနေ့(မတ် ၂၁) ပိတ်မိနေတဲ့ မွတ်စလင်တွေ၊ အဲဒီအကြောင်းပြောရရင်တော့ ဖြစ်ပြီးလို့ မီးတွေဘာတွေရှို့ကြတဲ့အခါမှာ ရှောင်တိမ်းနေတဲ့ မွတ်စလင်တွေ၊ အဲဒီမွတ်စလင်တွေက ကျောင်းသားတွေများတယ်။ အာရဗီစာသင်ကျောင်းက ကျောင်းသားတွေများတယ်။ အရပ်သားတွေလည်း ပါတယ်။ သူတို့တတွေကို ရယက ဖွက်ပေးထားတယ်။ လုံခြုံရေးလည်း ချပေးထားတယ်။ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။ ၀ိုင်းတဲ့အချိန်မှာ သူတို့က ဘေးပတ်လည်လည်မှာဆိုရင် ဒီဘက်ဘေးမှာဆိုရင် ဗလီရှိတယ်။ ညာဘက်မှာဆိုရင် မီးလောင်ပြင်ရှိတယ်။ သူတို့ရဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာဆိုရင် ကုန်းမြင့်ကြီးရှိတယ်။ သူတို့က မပြေးသာတော့ဘူး။ အဲဒီမှာ ၀ိုင်းတဲ့အချိန်မှာ မွတ်စလင်ထဲက တယောက်က လေးခွနဲ့ သံဃာတပါးကို ပစ်တယ်။ အဲဒီမှာ ဗမာလူအုပ်က သွေးကြွလာတယ်။ ဗမာလူအုပ် နီးသထက်နီးလာတဲ့အချိန်မှာ အက်ဆစ်ထုပ်တွေ ဘာတွေပစ်တယ်။ အဲဒီအချိန်အထိ တိုက်ခိုက်မရှိတာဘူး။ ဗမာလူအုပ်ကလည်း ရပ်ကြည့်နေတယ်။ သူတို့တွေကလည်း ထွက်မလာဘဲ ဟိုဟာနဲ့ ဒီဟာနဲ့ ပစ်တယ် ဒါပါပဲ။ အဲဒီနေ့ မိတ္ထီလာကို ဦးဇင်းရောက်နေတာ။ ဦးဇင်းက ၂၀ ရက်နေ့ ညကတည်းက ရောက်နေတာ။ အဲဒီအချိန်မှာ ဦးဇင်းရော၊ ရွှေည၀ါရော၊ မင်းကိုနိုင်တို့တောင်ရောက်နေပြီ။ အဲလိုဖြစ်နေတဲ့ အချိန်မှာ အယောက် ၂၀ လောက်က ဗမာလူအုပ်ကြီးကို အသေခံပြီးထွက်တိုက်တယ်။ အဲဒီမှာ ကျဆုံးကြတယ်။ တနေရာတည်းကို ၉ လောင်း၊ ၁၀ လောင်း၊ ၁၁ လောင်းလောက်ကျတယ်။ အဲဒီလို တိုက်ခိုက်နေတဲ့အချိန်မှာ လုံခြုံရေးတွေက ကျန်တဲ့သူတွေကို ဖော်ထုတ်ကယ်တင်သွားတယ်။ အဲဒါ အကျအဆုံး အများဆုံးပဲ။ တနေရာတည်းမှာ။ ကျန်တာတွေကတော့ အပြန်အလှန်မီးရှို့ကျတယ်။ ဟိုနေရာ တယောက်ကျ၊ ဒီနေရာ တယောက်ကျ။ အစုလိုက်အပြုံလိုက်ကတော့ အဲဒီနေရာမှာပဲကျတာ။

ဆက်သွားချင်သေးတယ် ဆိုရင်