Pages

Thursday, January 31, 2013

ဖေဖော်ဝါရီ ၁ ရက်နေ့တွင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုလိုင်းများမှ မိန့်ခွန်းပြောကြားမည်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရပုဂိုလ် ဦးရဲထွဋ်၏ ကိုယ်ပိုင် facebook စာမျက်နှာ တွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်ငံတော်သမ္မတ၏ပြောရေး ဆိုခွင့်ရပုဂိုလ် ဦးရဲထွဋ် ၏ facebook စာမျက်နှာတွင် " ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ နိုင်ငံတော်သမ္မတက မိဘပြည်သူများကို ပြောကြား တဲ့ရေဒီယိုမိန့်ခွန်းအား မြန်မာ့အသံနဲ့ အက်ဖ်အမ်အသံလွှင့်ဌာန များက ထုတ်လွှင့်ပေးပါ့မယ်။ ထုတ်လွှင့်ချိန်များက မနက် ၀၇၀၀ နာရီ၊ ၁၁၀၀ နာရီသတင်းအပြီး၊ ညနေ ၆ နာရီသတင်းအပြီးနဲ့ ၈ နာရီသတင်း အပြီးချိန်များဖြစ်ပါတယ်။" ဟုရေးသားဖော်ပြထားသည်။
Yangon Media Group
 

တနိုင်းဒေသမှ ကေအိုင်အေ နှင့် ABSDF တို့ ကြီးကြီးကျယ်ကျယ် ပြောသည့် ၃၀.၁.၂၀၁၃ တိုက်ပွဲ



သတင်းအစတွင်တော့ စခန်းများ ကျဆုံးသော်လည်း အောင်ပွဲတွေ ရသည်ဟု ကိုယ့်ကိုကိုယ် ချီးမွမ်းတတ် သည့် ကေအိုင်အေ တို့ ထုံးစံအတိုင်း တပ်မတော်က နောက် ဆုတ်ပေးခဲ့ရ သည် ဟု ဖော်ပြ ထား သည် ကို တွေ့ ရပြီး သတင်း အဆုံးမှာတော့ ၀ တပ်ဖွဲ့နှင့် တပ်မတော် တို့အကြား တိုက်ပွဲ များ ဖြစ် ပွားစေ ရန်၊ ကေအိုင်အေ တို့အား ၀ တပ်ဖွဲ့မှ ကူညီရန်အတွက်  သွေးထိုးလှုံ့ဆော်မှု ကို တွေ့ ရမှာ ဖြစ်ပါသည်။

ကေအိုင်အေကို ကချင်ပြည်နယ်သားတို့ ရွံ့မုန်းနေကြလေပြီ


မြစ်ကြီးနား  ဇန်န၀ါရီ  ၃၁
 
 ကချင်ပြည်နယ်မိုးညှင်းမြို့နယ်အတွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံကတော့ တပ်မတော်နဲ့ KIA လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးလုပ်ဆောင်စေချင်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏အမိန့်အတိုင်းထိုးစစ်များရပ်ဆိုင်းစေချင်သည်။ တပ်မတော်၏ ထိုးစစ်များကြောင့်ဟူသော အကြောင်းပြချက်များဖြင့် ကချင်လက်နက်ကိုင်များ မိုးညှင်းမြို့နယ်အတွင်း သွားလာလှုပ်ရှားလျက်ရှိနေသည်။ မိုးညှင်းမြို့နယ်အတွင်းKIA တပ်ဖွဲ့များ သွားလာရာ တွင်  အရပ်သား အသွင်မျိုးဖြင့်သွားလာနေသည့်အတွက် အရပ် သားနှင့်ကေအိုင်အေခွဲခြားမရဖြစ်နေသည်။ 
 

သန်းထွဋ်အောင် နှင့် ကျော်မင်းဆွေ တို့အနေဖြင့် ဦးရဲထွဋ် ကို စံနမူနာထား အတုယူသင့် ဟု ဆို

သန်းထွဋ်အောင် နှင့် ကျော်မင်းဆွေ တို့အနေဖြင့် ဦးရဲထွဋ် ကို စံနမူနာထား အတုယူသင့် ကြောင်း နည်စည်းမခြား မြန်မာသတင်းထောက်များ အဖွဲ့မှ ဝါရင့်သတင်းစာ ဆရာ တစ်ဦးမှ ပြောဆိုလိုက်သည်။

ဇန်န၀ါရီလ ၂၈ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် သတင်းမှန်ကို ဓာတ်ပုံမှားယွင်းဖော်ပြခဲ့ဖြင်း အ တွက် ဇန်န၀ါရီလ ၃၀ ရက်နေ့ ညပိုင်းတွင် ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်မှ facebook စာမျက်နှာ တွင် ချက်ချင်း သိက္ခာရှိရှိတောင်းပန်ခဲ့ ပြီး ယနေ့ထုတ်သတင်းစာများတွင်လည်း အကျယ်တဝင့် ရှင်းလင်းေ ဖ်ာပြ ခဲ့သည်။

ABSDF ဘာကြောင့် သောင်းကျန်းသူ ကေအိုင်အေ နဲ့ပေါင်းသလဲ


၁။ တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့ နာမည်သေကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်း လူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးသွန်သံများဆိုတဲ့ ဖွင့်ဖောက်ချမှု ကနေ ပြည်သူတွေသိခွင့်ရခဲ့ကြတယ်။

Eleven ဂျာနယ်က တိုက်ခိုက်လိုက်ပြီ ဖြစ်တဲ့ မေဇင်အေး (ခေါ်) ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်


Eleven ဂျာနယ်တွင်ရေးသားထားသည့်အကြောင်းကို ဖော်ပြရမည်ဆိုလျှင်-

ဒီမိုဖက်တီးရဲ့ အကောင့်ခွဲေ တွကိုလည်း သိရှိထားပါကြောင်း၊ မိမိတို့ ဂျာနယ်နှင့်လည်း ကြော်ငြာေ ငွပေး သွ င်းသည့် ကိစ္စနှင့်ပတ်သက်၍ ခွန်းကြီးခွန်းငယ် စကားများကာ တရားရုံးအထိ ရောက်ခဲ့ ဖူးကြောင်း၊ ထို့ေ ကြာင့် မေဇင်အေးသည် ဒီမိုဖက်တီး၊ ခွန်ဒီးယမ် နှင့်အခြား အကောင့်ခွဲများမှ မိမိတို့ မီဒီယာကို တိုက်ခိုက်မှု များ ပြု လုပ်ခဲ့ကြောင်း၊ ဤ သည်မှာ လက်ရှိအခြေအနေတွင် မလုပ်သင့်ကြောင်း၊

သမ္မတဦးသိန်းစိန်သည် လည်း လက်ရှိအပြောင်းအလဲများကို အဓိက ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ဒီမို ဖက် တီးအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တည်ဆဲအစိုးရကို တိုက်ခိုက်စော်ကားမှုများ အပြင်း အ ထန် ပြု လုပ် လာခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ခိုက်မှုများ ထွက်ပေါ်လာသည် ကို လေ့ လာေ တွ့ ရှိရကြောင်း၊

ဒေသခံများကို ကာကွယ်ရန် ဆောလော်တွင် ပြည်သူ့စစ်များအား လက်နက်များ ပေးအပ်


ပန်ဝါ၊ ဇန်န၀ါရီလ(၃၁)
   ပန်ဝါမြို့ ဆော့လော်ရွာတွင် ယမန်နေ့ ညနေ(၂)နာရီခွဲခန့်တွင် ကချင်လူမျိုးများကို ကာကွယ်နိုင်ရန် အတွက် ဒေသခံပြည်သူ့စစ်များအား လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။ KIA အဖွဲ့မှ ဒေသခံ များအား လူသစ်စုဆောင်းခြင်း၊ အခွန်ငွေများ မကြာခဏကောက်ခံခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများကို ကာကွယ်ပေး နိုင်ရန် ပြည်သူ့စစ်အဖွဲ့များအား လေ့ကျင့်ပေးကာ လက်နက်များ တပ်ဆင်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတကာနှင့် ယှဉ်၍ မြန်မာမီဒီယာတို့ သိက္ခာရှိဖို့သာ လိုပါသည်


ပြည်တွင်း မီဒီယာများအနေဖြင့် ကေအိုင်အေနှင့် တိုက်ပွဲများ စတင်သည့်အခါ တပ်မတော်ထံမှ သတင်း မ ရရှိ ဟု အကြောင်းပြကာ ကေအိုင်အေတို့နှင့် ဆက်သွယ်၍ သတင်းများ ဝေေ၀ဆာဆာ ဖော်ပြခဲ့ကြသည်။ တိုက် ပွဲများ ဖြစ်ပွားစဉ်အတွင်း ကေအိုင်အေတို့၏ ခံစစ်စခန်းများ အပေါ်သို့ အထိ သွားရောက်ကာ သ တင်း ယူ ခဲ့ကြသည်။ ထိုသို့ သတင်းယူခဲ့စဉ်တစ်လျှောက် မြန်မာ့တပ်မတော်၏ အပင်ပန်းခံ စွန့်လွှတ်ပေး ဆပ်မှု များကိုမူ ဖော်ပြရန် ပျက်ကွက်ခဲ့ကြသည်။
 

လိုင်ဇာ FM နဲ့ သဇင် FM တို့ရဲ့ လေလှိုင်းကြားက တိုက်ပွဲများ



သဇင်FM ရဲ့ ထုတ်လွှင့်ချိန်တွေ တိုးမယ့် အကြောင်း တီဗွီမှာ ကြည့်လိုက်တော့ ဒီလောက် အောင်မြင်လိမ့် မယ်လို့ မထင်ခဲ့မိပါဘူး။ အခုတော့ အွန်လိုင်း ကေအိုင်အေများမှ ဒီအကြောင်း ရေးသားလာပြီ ဖြစ်တဲ့ အတွက် ဒါဟာလည်း အောင်မြင်မှု တစ်မျိုး ဖြစ်ကြောင်း သိသာလာပါပြီ။ ပြည်တွင်း အစိုးရ FM လိုင်းများ အနေဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ အစီအစဉ်များကိုသာ ထုတ်လွှင့်တာ ရှိပါတယ်။ ကျွန်တော် နားထောင် ခဲ့သမျှ မှာလည်း စော်ကားတဲ့ အသုံးများထက် ညီနောင်အရင်းလို ဖိတ်ခေါ်တာတွေပဲ ရှိပါတယ်။ 

KIA စစ်ရှုံးခဲ့တာ ဘာကြောင့်လဲ


စစ်တို့ရဲ့သဘောမှာ သတင်းလုံခြုံမှု၊ သတင်းလက်ဦးမှု အရေးကြီးပါတယ်။

(၁) ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ဂွမ်မော်-ဂွမ်ရှောင်တို့ဟာ တိုက်ပွဲသတင်းတွေ ဟုတ်တာရော မဟုတ် တာရော ရောကြိတ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ သတင်းတွေမှာ မြန်မာစစ်တပ် က သေ တာတွေရော KIA ဘက်က သေတာတွေရော ပါပါတယ်။ စစ်တပ်ကို ပုံကြီးချဲ့လိုဇောနဲ့ အမောင်း သင်လေ ယာ ဉ် ကို တစ် ကယ့် အမေရိကန်လေတပ်က မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးတွေလို အမွှမ်း တ င် ချဲ့ ကား ခဲ့ပါတယ်။ ဓါတုလက်နက်တွေ ဘာတွေ ဆိုပြီး နာမည်ပျက် အောက် ဖျက်ခဲ့ပါတယ်။

KIA နဲ့ ပူးပေါင်းထားတဲ့ ABFDF အဖွဲ့ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ဖားကန့် ရှိ ကေအိုင်အေ အရာရှိအချို့ သံသယရှိနေ


လိုင်ဇာမှာ ရောက်ရှိနေတဲ့ ABFDF တပ်ဖွဲ့ဝင်တွေနှင့် သတင်းထောက်တွေ ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ကေအိုင်အေ အရာရှိ အချို့ကသံသယရှိနေကြပါတယ်။ ဖားကန့်ဒေသရှိ KIA တပ်ရင်း(၆) က အရာရှိတစ်ဦးမှ "စစ်တပ်က ကျွန်တော်တို့ နေရာယူထားပုံ ၊ လူအရေအတွက် နှင့် လက်နက်အမျိုးအစားတွေ ကို ကြိုသိထားသလိုပဲဗျာ၊ သူတို့ ကျွန်တော်တို့ စခန်းကို လာတိုက်တဲ့ စစ်ဗျူဟာ ကို သုံးသပ်ကြည့်ရင် ကျွန်တော်တို့ရဲ့ လူတွေ မရှိတဲ့ ဘက်ကနေ ၀င် ၀င် တိုက်တာ တွေ့ရတယ်၊ အဲဒီ စခန်းတွေကို ABFDF က ကောင်တွေ ၀င်လိုက် ထွက်လိုက် လုပ်နေတာလေ" ဟု ကချင် ဘာသာ စကားဖြင့် ရှင်းပြသည်။ '"ကျွန်တော် ကတော့သတင်းထောက်တိုင်းကို မယုံဘူးဗျ၊ အစိုးရ သတင်းပေးတွေ ဖြစ်နိုငတယ်လေ။ သူတို့က ရန်ကုန်မှာေ နလာကြတာလေ။ကျွန်တော် တို့ ခေါင်းဆောင်တွေ ကတော့ ဘယ်လို စိတ်ကူးနေလဲ မသိပါဘူ" ဟု တရုတ်ခေါက်ဆွဲခြောက်စားရင်း ထပ်မံ ရှင်းပြသည်။

နတ်တလင်းမြို့ တွင် လေပြင်း တိုက်ခတ် မိုးသည်းထန်စွာ ရွာသွန်း သဖြင့် ပျက်ဆီးမှုများ ဖြစ်ပေါ်


နတ်တလင်းမြို့တွင် ဇန် 30 ရက်နေ့ 1430 မှ 1715 အချိတ်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နတ်တလင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ တာပွန်အုပ်စု ၊ ချောင်း သုံးခွအုပ်စု၊ သခွတ်တန်းအုပ်စု၊ ကျွဲသေအုပ်စုရှိ မူလတန်းလွန်ကျောင်းတစ်ကျောင်းနဲ့ အိမ်ခြေ(၆၄)လုံး ပြိုလဲခြင်း၊ အမိုးလန်ခြင်း၊ ယိုင်နဲ့ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရပြီး ဒေ သ အာ ဏာပိုင်များမှ ကူညီထောက် ပံ့ကယ် ဆယ်နိုင်ရေး စီစဉ်ဆောင် ရွက် လျှက်ရှိကြောင်း သိရပါတယ် ...

မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား၊ မောင်ဝံသ


သည်ဆောင်းပါးရဲ့ အရင်းခံ
 
သမ္မတကြီးဦးသိန်းစိန်နဲ့ အင်တာဗျူးလုပ်ခွင့်ရခဲ့တဲ့ ဘေဂျင်းအခြေစိုက်  အရှေတောင်အာရှသတင်းထောက် Hannah Beech ကို Times မဂ္ဂဇင်းက ပြန်လည်အင်တာဗျူး လုပ်ထားတဲ့ဆောင်းပါး ဇန်န၀ါရီလထဲမှာ ဖတ်လိုက်ရပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ သုံးသပ်ချက်တွေ အများကြီးပါဝင်တဲ့ အင်တာဗျူးမို့လို့ နိုင်ငံရေး စိတ်ဝင်စားသူတွေ မလွတ်တမ်း ရှာဖွေဖတ်ရှုသင့်ပါတယ်။ ဂျာနယ်တချို့မှာလဲ မြန်မာပြန် ဖော်ပြခဲ့ကြပြီးပါပြီ။
ယခု ကျွန်တော့်ဆောင်းပါးဟာ ဟန်နားဘိခ်ျရဲ့ အဖြေထဲက တစ်ပိုဒ်ကို ဖတ်မိရာက အတွေးနယ်ချဲ့မိတာ ဖြစ်ပါတယ်။ သူက ဘယ်လိုပြောထားလဲဆိုရင် “တကယ်လို့  NLD သာ  အစိုးရအဖွဲ့ထဲ ရောက်သွားပြီဆိုရင် သူတို့မှာ အဲဒီအစိုးရအလုပ်ကို လုပ်နိုင်မယ့် လူအင်အားရှိမှာလား၊ ကျွန်မတော့ သိပ်မထင်မိပါဘူး” တဲ့ဗျာ။ အသေးစိတ်ကိုတော့ ရှာဖွေဖတ်ကြည့်ကြပါတော့။
 

ဆက်သွားချင်သေးတယ် ဆိုရင်