Pages

Friday, January 17, 2014

တရုတ် ပြည်သူ့ လွတ်မြောက် ရေး တပ်ဖွဲ့ဝင် တစ်သိန်း ခန့် မြောက် ကိုရီးယား နယ်စပ် တွင် စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်

 
 
တရုတ် ပြည်သူ့ လွတ်မြောက် ရေး တပ်မတော် ( PLA ) ရှန်ယန်း စစ်ဒေသ ကြီး မှ တပ်ဖွဲ့ဝင် ၁ဝဝ,ဝဝဝ ခန့် နှင့် စစ်ယာဉ် ထောင်ပေါင်း များစွာ သည် ကိုရီးယား ကျွန်းဆွယ် တွင် ဖြစ်ပွား လာနိုင် ဖွယ် ရှိသော ပဋိပက္ခ တစ်ရပ် အတွက် ကြိုတင် ပြင်ဆင် သည့် အနေဖြင့် မြောက် ကိုရီးယား နယ်စပ် တွင် ဆောင်း ရာသီ စစ်ရေး လေ့ကျင့်ခန်း များ ပြုလုပ် လျက် ရှိကြောင်း တောင် ကိုရီးယား အခြေစိုက် Chosun Ilbo သတင်းစာ က ဖော်ပြ ခဲ့ သည် ဟု ဇန်နဝါရီ ၁၅ ရက် သတင်း တစ်ရပ် အရ သိရ သည်။

ဇန်နဝါရီ ၁ဝ ရက် နေ့မှ စတင် ကျင်း ပ ပြုလုပ် လျက် ရှိသည့် အဆိုပါ လေ့ကျင့်ခန်း ကို Changbai တောင်နှင့် ဟေလုံကျန်း မြစ် အကြား ရှိ နယ်မြေ ဒေသ တွင် ပြုလုပ် နေခြင်း ဖြစ်သည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်း သည်  တရုတ် တပ်ဖွဲ့ဝင် များ အား ဆောင်း ရာသီ တွင် တိုက်ပွဲ ဝင်နိုင် စေရေး နှင့် တာဝေး ချီတက် တိုက်ခိုက် နိုင် စေရေးတို့ အတွက် လေ့ကျင့် ပေးရန် ပုံမှန် ပြုလုပ် သည့် စစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ဖြစ်ကြောင်း CCTV သတင်း ဌာန က ထုတ်ပြန် ကြေညာ ခဲ့သည်။

တရုတ် အာဏာပိုင် များသည် အရပ်ဘက် သင်္ဘောများ အား ဇန်နဝါရီ ၁၀ ရက်မှ ၁၇ ရက် ကြား ကာလတွင် ပင်လယ်ဝါ မြောက် ဘက်ပိုင်း နှင့် Bohai ရေလက် ကြား တို့ အတွင်း သို့ ဝင်ရောက် ခြင်း မပြုရန် ထုတ်ပြန် ကြေညာ ထားသည်။ ထိုသို့ ထုတ်ပြန် ကြေညာ ထား ရခြင်း မှာ PLA အနေ ဖြင့် မြောက် ကိုရီးယား အမျိုးသား ကာကွယ်ရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဂျန်ဆောင်တက် ကွပ်မျက် ခံ ရပြီး နောက် စစ်ရေး လေ့ကျင့်ခန်း များ ကျင်းပ ပြုလုပ် ရန် အတွက် ဖြစ်ကြောင်း လေ့လာ စောင့်ကြည့် သူများ က ပြောကြား ခဲ့သည် ဟု သိရှိရသည်။

ဆင်ဟွာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်